ပြန်ချင်တဲ့ ကွန်မင့်


ကိုအောင်သူ (Aung Thu)
မျိုးစောင့် ဥပဒေ ပြဌာန်းခြင်းဟာ မှားနေတာပါလား ဘုရား။ နောက်ထပ် နည်းဥပဒေဆိုတာတွေ ထပ်ပြဌာန်း ရအုံးမှာပါဘုရား တပည့်တော်တို့ လူ ဝတ်ကြောင်ယောက်ျားများ အတွက် မလွတ်လပ်ထိခိုက်နေပါသော်လည်း မျိုးစောင့် ဥပဒေကို ထောက်ခံပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အမြင်ကိုလဲ သိလိုပါတယ်ဘုရား။
*******************************************************************
၁။ ဘာသာရေးအရ ကြားနေဝါဒပါ (ဆိုလိုတာက အဆိုတင်သွင်းတဲ့ မဘသ နဲ့ပတ်သက်လို့ ကြားနေဝါဒပါ၊ အဖွဲ့အစည်းတိုင်း မိမိယုံကြည်ရာကို တင်သွင်းခွင့်ရှိပါတယ်)။

၂။ နိုင်ငံရေးအရ (အထူးသဖြင့် ဒီမိုကရေစီကို ကူးပြောင်းပြီး ဈေးကွက် စီးပွားရေးစနစ် စဖွင့်တဲ့နိုင်ငံအနေနဲ့) လက်ရှိအနေအထားက အာရပ်နွေဦး လှုပ်ရှားမှုနဲ့ ကွက်တိနည်းပါး တိုက်ဆိုင်နေတဲ့အတွက် စိုးရိမ်စိတ်နဲ့အတူ သဘောမကျမိပါ။
လူလတ်တန်းစား ဒီမိုကရေစီ လှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့အင်အား၊ ကျေး လက်က ဘာသာရေးအင်အားစုရဲ့အင်အားကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ကစ်ဆင်းဂျားရဲ့ World Order ထဲက စာပိုဒ်လေးကို ဖတ်ကြည့်ပါ။ မှတ်ချက်တော့ သူ ပေးမထားပါဘူး။
နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ဘာသာရေး ခေါင်းဆောင်များနည်းတူ မွတ်စလင်လူဦးရေကို စိုးရိမ်မှု ဖြစ်တယ်ဆိုစေ ဒီမိုကရေစီနဲ့ဈေးကွက် စီးပွားရေး အကူးအပြောင်းမှာ ကျရှုံးခဲ့ရတဲ့ မွတ်စလင်ကမ္ဘာရဲ့ သင်ခန်းစာကို လည်း အခြေအနေအရတော့ စောင်းငဲ့ကြည့်သင့်တယ်လို့ ယူဆပါတယ်။
ဒီ ဥပဒေရဲ့ နိုင်ငံရေးအပေါ် ရိုက်ခတ်မှုအားက မနည်းလှပါဘူး။

Post a Comment