ပဟေဠိဆန်ဆန် ဖင်လန်က စက်ရုပ် လေးများ


(The Smartest Kids in the World)

မတူညီတဲ့ နိုင်ငံတွေရဲ့ ပညာရေးကွာဟမှုကို ရှင်းပြနိုင်ဖို့ ပညာရေးဆိုင်ရာ သမားတော်ကြီးတွေ အသေအလဲ ကြိုးစားပြီး အဖြေရှာနေကြ၊ ရှင်းပြနေကြ တယ်။ ဟိုး … အဝေးကြီးမှာ ရှိနေတဲ့ ကလေးတွေဆီအထိ အရောက် သွားကြ တယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံ စကားပြောကြ တယ်။ ကျန်နေရစ်ခဲ့သူတွေကို ပြဖို့ ပါဝါပွိုင့်တွေ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ် အဖြေက ရူးချင်စရာ ကောင်းလောက်အောင် ကိုးယို့ကားယား ဖြစ်နေတော့တယ်။

ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ပါ။ အမေရိကန် ပညာရေနယ်ပယ်မှာ ရှိတဲ့ ဆရာကြီးတွေက ဖင်လန်နိုင်ငံဟာ ပညာရေး လိုတရ ရပ်ဝန်းတစ်ခု ဖြစ်တယ်။ ကလေးတွေက ဆရာတွေကိုေ လးစားအထင်ကြီး ချစ်ခင်ကြတယ်။
ဖင်လန်နိုင်ငံ ဒီအခြေအနေကို ရောက်ခဲ့ရ တာဟာ ကလေးဘဝ ဆင်ရဲမွဲတေမှု နည်းပါးခြင်းဟာ အဓိကအကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မတူညီတဲ့ လူတန်းစား ကွာဟမှုကြောင့် အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှုနှုန်း ဟာ ဖင်လန်ထက် အများကြီး မြင့်နေတယ်။
သူတို့အကြောင်းပြချက်အတိုင်းသာ ဆိုရင်တော့ ဆင်းရဲမွဲတေမှု မပပြောက်သေးသမျှ ပညာရေးလည်း တိုးတက်လာစရာ မရှိတော့ဘူး။ ပညာရေးကောင်းဖို့အတွက် ကလေးတွေကို ချမ်းသာအောင် အရင် လုပ်ပေးရမယ့် သဘောပဲ။

ဆင်းရဲမွဲတေမှု အကြောင်းပြချက်ဟာ အခြေခံကျသလို အဓိပ္ပါယ်လည်း ရှိပါ တယ်။ အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက (၂၀) ရှိပါ တယ်။ တစ်မျိုးသားလုံး အရုပ်ဆိုးစေတဲ့ အချက်ပါ။ ကလေးဘဝနဲ့ မတန်တဆ ဖိအားတွေအောက်မှာ နေကြရတဲ့ ကလေးတွေ ရှိတယ်။ အိမ်မှာ သင်ယူခွင့် လည်း သိပ် မရကြရှာဘူး။ သူတို့ကို ကျောင်းတွေက အကူအညီ ပိုပေးနိုင်အောင် ကြိုးစားကြရမယ်။

ဒါပေမဲ့ ဒီပြဿနာက ဒီလောက် ရိုးစင်းတာလည်း မဟုတ်ပြန်ဘူး။
ဆင်းရဲမှုသာ အဓိကပြဿနာဆိုရင် နော်ဝေကို ဘယ်လို ပြောကြမလဲ။ နော်ဝေ ဟာ အခွန် အမြင့်ဆုံး ပေးရပြီး အစိုးရရဲ့ စောင့်ရှောက်မှု အရဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး၊ သဘာဝ အရင်းအမြစ် အချမ်း သာဆုံး နိုင်ငံ အနည်းငယ်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံပါ။ ကလေးဘဝ ဆင်းရဲမွဲတေမှုမှာ နော်ဝေနဲ့ ဒိန်းမတ် တူပါတယ်။ (၆) ရာခိုင်နှုန်းတောင် မရှိဘဲ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု အနည်းဆုံး နိုင်ငံတွေပါ။ ပညာရေးနဲ့ ပတ်သက်လို့ သုံးစွဲရာမှာလည်း နော်ဝေဟာ အမေရိကလောက် ရှိပါတယ်။ ဒါပေမဲ့ နော်ဝေက ကလေးတွေဟာလည်း ၂၀၀၉ - ခု အပြည်ပြည်ဆိုင်ရာ စစ်တမ်းမှာ (နိုင်ငံတကာစစ်တမ်းမှာ) အမေရိကန် ကလေးတွေလိုပဲ သိပ် မစွံလှပါဘူး။ နော်ဝေမှာ တစ်ခုခု ချွတ်ယွင်းနေတယ်။ သေချာတယ်။ အဲဒါ ဆင်းရဲမွဲတေမှုတော့ မဟုတ်နိုင်ပါဘူး။

အလားတူပါပဲ။ ဖင်လန်နိုင်ငံသားတွေကလည်း သူတို့ပညာရေး အောင်မြင်မှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်း အဖြေတစ်ခုကို ပေးကြပါတယ်။ သူတို့က လွန်ခဲ့ တဲ့နှစ်ပေါင်း ရာချီကတည်းက ပညာရေးကို တန်ဖိုးထားကြလို့ပါတဲ့။
ကဲ … အဲဒီအဖြေအတိုင်းသာဆိုရင် (၁၉၅၀) ခုနှစ်တွေမှာ ဘာကြောင့် ဖင်လန်က ကလေး (၁၀) ရာခိုင်နှုန်းပဲ အထက်တန်းပညာရေး ပြီးဆုံးရတာလဲ။
(၁၉၆၀) ခုနှစ်တွေမှာ ကျေးလတ်နေ ကလေးတွေနဲ့ မြို့ပြနေ ကလေးတွေရဲ့ ပညာရေးက ဘာကြောင့် အများကြီး ကွာဟနေတာလဲ။ ဒီလိုအထိ ပြန်ကြည့်မိတော့ ဖင်လန်ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောတ ရားကလည်း မညီမမျှပဲပေါ့။
ဘယ်လို ဖြစ်တာပါလိမ့်။
တစ်ချိန်တည်းမှာပါပဲ၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ပညာရေးဝန်ကြီး က တောင်ကိုရီးယားရဲ့ ပညာရေးကို မနာလို ဝန်တိုတောင် ဖြစ်မိတယ်ဆိုပြီး ကလေးတွေရဲ့ လေးစားမှုကို ခံရတဲ့ ကိုရီးယားကျောင်းဆရာတွေ၊ နောက် ကနေ တွန်းအားပေးနေတဲ့ ကိုရီးယားမိဘတွေကို ချီးကျူးပြောဆို လာပြန်ပါ တယ်။
ဒီအချက်ကို ပြန်ကြည့်တော့ ကိုရီးယားနဲ့ ဖင်လန် တူညီတဲ့အချက်ရယ်လို့ လည်း ဘာမှ မရှိဘူးဆိုတာ တွေ့ရပြန်ပါတယ်။ ကိုရီးယားရဲ့ ပညာရေးစနစ်က စာမေးပွဲနဲ့ မောင်းနှင်နေတာ ဖြစ်ပြီး ကျောင်းသားတွေကလည်း အမေရိ ကန် ကျောင်းသားတွေထက် လေ့လာချိန် ပိုနေပါတယ်။

သဘောမတူစရာ အဲသလို ကျယ်ကျယ်လောင်လောင် အသံတွေကို ကြား လိုက်ရပြီး ပညာရေးအဆင့် မြင့်မား၊ အရွယ်မတိုင်မီ ကျောင်းထွက်မှု ရာခိုင်နှုန်းသုည၊ ကောလိပ်ဘွဲ့ရ အရေအတွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းနိုင်ငံပေါ်က ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများ နေမလဲ ဆိုတာ စဉ်းစားလို့မရ ဖြစ်နေခဲ့ရပါတော့တယ်။
ဖင်လန်က ကလေးတွေကရော ကျမဖတ်နေတဲ့ စာအုပ်ထဲကအတိုင်း နောဒစ် စက်ရုပ်ကလေးတွေ ဖြစ်နေလေမလား။ ကိုရီးယားကလေးတွေကရော ဒီအောင်မြင်မှုကို ချိုမြိန်တဲ့ အရသာလို့ ယူဆကြပါသလား။
သူတို့ မိဘတွေကရော ဘယ်လိုလဲ။ မိဘတွေအကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။

မိဘတွေရဲ့ အခန်းကဏ္ဍက ဆရာတွေလောက် အရေးမပါလို့လေလား။
ဒါနဲ့ပဲ အထက်မြတ်ဆုံး ကလေးတွေရှိရာ နိုင်ငံတွေဆီ တစ်နှစ်ကြာခရီး ထွက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတော့တယ်။ အဲဒီစက်ရုပ် သေးသေးလေးတွေကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ချင်တယ်။
အင်္ဂါနေ့မနက် ဆယ်နာရီမှာ သူတို့ ဘာတွေများ လုပ်နေကြပါလိမ့်၊ သူတို့ကျောင်းက ပြန်ရောက်ရင် မိဘတွေက သူတို့ကို ဘာတွေ ဘယ်လို ပြောကြပါလိမ့်။ သူတို့ တကယ်ရော ပျော်ပျော်ရွှင်ရွှင် ရှိကြရဲ့လား။

နော့ဒစ်စက်ရုပ်ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ဖို့အတွက် သူတို့အထဲ ရောက်နေပြီးသား (သူတို့နဲ့ အနီးဆုံးမှာ ရောက်နေတ)ဲ့ အတွင်းလူ တစ်ယောက်တော့ လိုနေတာပေါ့။ သူဟာ ကျမကိုယ်တိုင် မမြင်နိုင်၊ မသိနိုင် တာတွေကို မြင်နိုင်တွေ့နိုင်တယ်လေ။ ဒါနဲ့ ကျမလည်း အကူအညီ ပေးနိုင်တဲ့ ကျွမ်းကျင်လူငယ် အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့လိုက်မိတော့တယ်။

သက္ကရာဇ် (၂၀၁၀) နဲ့ (၂၀၁၁) ခုကြားမှာ အတော်ဆုံးဆိုတဲ့ နိုင်ငံ သုံးနိုင်ငံရဲ့ ဘဝထဲမှာ လက်တွေ့နေလာခဲ့ကြတဲ့ အမေရိကန်လူငယ် သုံးယောက်နောက် ကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။
သူတို့ကလည်း ဒီပရောဂျက်ရဲ့ တစ်နှစ်ကြာ ဖော်ရိန်းအိတ်ချိန်း စွန့်စားခန်းမှာ အဓိက ပါဝင်ကူညီကြဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ ရှိနေတဲ့ နိုင်ငံတွေဆီ ကျမက သွားရောက်ခဲ့သလို ပြန်ရောက်လာတဲ့ နောက်မှာလည်း အဆက် အသွယ် မပြတ်ခဲ့ကြပါဘူး။

သူတို့အမည်တွေက ကင်(မ်) (Kim) အဲရစ် (Eric) နဲ့ တွမ် (Tom) တို့ပါပဲ။ သူတို့ကပဲ သူတို့ရဲ့ ခဏ နားခိုရာအိမ်၊ ခဏ အပန်းဖြေရာ ကော်ဖီဆိုင်၊ ခဏခိုလှုံရာ နိုင်ငံခြား မြေပေါ်မှာ ကျမရဲ့ ကိုယ်ရံတော်လေးတွေအဖြစ် ပံ့ပိုးပေးကြခဲ့ကြပါတယ်။

ဇင်ဝေသော်

စာမကျက်ရဘဲ တော်နေတဲ့ ကလေးတွေက ဖင်လန်က ကျောင်း သားတွေ


အစိုးရလည်းပါတယ်၊ အစိုးရချည်းပဲလည်း မဟုတ်ဘူး။
အာရှက ကိုရီးယား၊ စင်္ကာပူ၊ မကာအိုက ကျောင်းသားတွေလို နေ့ညမနား ဖိအားတွေနဲ့ စာမကျက်ရဘဲ တော်နေတဲ့ ကလေးတွေက ဖင်လန်က ကျောင်း သားတွေပါ။
အဓိကအကြောင်းက လူထုကြီးတစ်ရပ်လုံးရဲ့ ပညာရေးအပေါ် သဘောထား။
အမှတ်အမြင့်ဆုံးနဲ့ ကျောင်းပြီးသူတွေရဲ့ တစ်ဝက်လောက်က ဆရာဝန်ဖြစ် ဖို့၊ ရှေ့နေဖြစ်ဖို့ထက် ကျောင်းဆရာဖြစ်ရတာကို ပိုပြီး ဂုဏ်ယူကြတယ်။

Ref: The Smartest Kids in the World

အခုဆိုအခုပညာရေး ( The Pressure Cooker)


ကမ္ဘာ့အတော်ဆုံးကလေးများ
အခန်း(၃) ကိုရီးယား

(အဆက်ပြတ်နေတဲ့ "Smartest Kids in the world" ပါ )

အဲရစ်ကတော့ မင်နီဆိုတာ ( Minnesota ) ပြည်နယ် မင်နီတွန်က
(Minetonka) ကျောင်းကနေ တောင်ကိုရီးယားနိုင်ငံ ပူဆန်မြို့ (Busan) ကို အိတ်(စ)ချိန်းကျောင်းသားအနေနဲ့ သွားရောက်ခဲ့သူပါ။ ကင်(မ်) နဲ့ သူ မတူညီတာ ကတော့ သူနေတဲ့ မင်နီဆိုတာပြည်နယ်ဟာ ဆယ်လီဆောမြို့ လိုမဟုတ်ပဲ ပညာရေးမှာ အကောင်းဆုံးစာရင်းဝင်တဲ့ နေရာတစ်နေရာပါ။ ရှေ့ ပိုင်းတွေကို ချန်လှပ်ထားခဲ့ပြီး သူပူဆန်ကိုရောက်တဲ့ နေရာကနေစပြီး ကိုရီးယားရဲ့ ပညာရေး တစ်ပိုင်းတစ်စကို လေ့လာကြည့်ကြရအောင်ပါ။ (မူရင်း စာရေးသူ)

တစ်ယောက်ယောက်ကို သေနတ်နဲ့ ပစ်ဖူးသလား?


သူမထမဆုံး အချိန်ပြည့်ကျောင်းစတက်ရမယ့် မနက်စောစောမှာပဲ နမ်ဆန် ( Nansan ) ကျောင်းရဲ့ ကျောင်းဝတ်စုံ အပြာရင့်ရောင်ဘောင်းဘီနဲ့ အဖြူရောင်ရှပ် အကျီ ကို ၀တ်လိုက်တယ်။ ဒီဝတ်စုံကိုရအောင် Rotary Club ကောင်ဆယ်လာ ကနေ စီစဉ်ပေးထားတာဖြစ်ပါတယ်။ ပြီးတော့အတန်းထဲမှာ သူ့ ထက်နှစ်နှစ်ငယ် တဲ့ ကျောင်းသားတွေနဲ့ အတူတက်ရမယ်။ဒီထက်အသက်ကြီးတဲ့ ကျောင်းသားတွေ ကတော့ သူတို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် သိပ်အလုပ်ရှုပ်နေကြ တယ်လို့ သူမကပဲဆက်ပြောပါတယ်။
ဒီစာမေးပွဲဟာ သူတို့ ဘ၀တွေအတွက်သိပ်အရေးကြီးပါတယ်။ သူက သူမရှင်းပြ တာကို နားလည်တဲ့အကြောင်း ခေါင်းညိတ်ပြတယ်။ ဒီစာမေးပွဲကလည်း မင်နီ တွန်ကာက SAT စာမေးပွဲလိုပဲနေမှာပေါ့ ။

သူ့ရဲ့ ပထမဆုံးကလပ်စ်ဖြစ်တဲ့ စိတ်ပညာအချိန်မှာ သူကိုယ်တိုင်ခန္ဓာကိုယ်ကို ကျုံ့ ကျုံ့ လေးထားပြီး အခြားကျောင်းသားတွေနဲ့ မိတ်ဖွဲ့ နေမိတယ်။ စာသင်ခန်း အပြင်မှာ ရှူးဖိနပ်ချွတ်၊ ဖိနပ်ခုံပေါ်တင်၊ အခြားကျောင်းသားတွေလို စာသင်ခန်း ထဲမှာ ညှပ်ဖိနပ်ပဲစီးထားလိုက်တယ်။ သူ သတိထားမိတာက ကျောင်းသားလေး တိုင်းမှာ အရောင်စုံခြေအိတ်တွေဝတ်ထားတယ်။ သူနားမလည်တဲ့စာတန်းတွေ နဲ့ ကာတွန်းရုပ်တွေ၊ ပင့်ကူလူသားအရုပ်တွေလည်း ခြေအိတ်တွေပေါ်မှာ တွေ့  ရတယ်။ ဒီကျောင်းမှာ မိတ်ကပ်၊ နားကွင်း၊ ဆံပင်ရှည်၊ ဆံပင်ဆေးဆိုး စတာတွေ ကိုခွင့် မပြုပါဘူး။ ဒီတော့သူတို့ စိတ်တိုင်းကျလုပ်ရတာက ခြေအိတ်ပဲကျန်တော့ပုံရပါတယ်။

စာသင်ခန်းရှေ့ပိုင်းခုံတွေမှာ ကျောင်းသားမရှိသလောက်နည်းပါးနေတယ်။ စောသေးလို့ ဖြစ်မှာဆိုပြီး သင်တန်းစချိန်ကိုစောင့်နေလိုက်တယ်။ စာသင်ခန်းကို မျက်စိဝေ့ပြီးလေ့လာမိတော့ ဒီစာသင်ခန်းဟာ မင်နီဆိုတာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကရှိခဲ့ တဲ့  စာသင်ခန်းနဲ့ ခပ်ဆင်ဆင်တူနေတယ်။ သစ်သားစားပွဲနဲ့ ထိုင်ခုံတွေက အတန်းလိုက်တွဲထားတယ်။ ရှေ့မှာရှိနေတဲ့ ဘလက်ဘုတ်ကလည်း အရောင်တွေပြယ်ပြီး မွဲခြောက်ခြောက်ဖြစ်နေတယ်။ မင်နီ တွန်ကာ( Minnetonka) က အခုစာသင်ခန်းတွေမှာဆိုရင် ဒေါ်လာ နှစ်ထောင် ၀န်းကျင်တန် အပြန်အလှန်ဆက်သွယ်ထားတဲ့  အီလက်ထရောနစ် ၀ှိုက် ဘုတ်တွေရှိတယ်။ ဆရာတွေဆီမှာလည်း ကျောင်းသားတွေရဲ့ ဟုတ်တယ် မဟုတ်ဘူး အဖြေကိုသိရဖို့ အတွက် ၀ိုင်ယာလက်ကလစ်ကာတွေ( Klicker ) ရှိတယ်။ ဒါပေမယ့် ဒီစာသင်ခန်းထဲမှာ ဘာမှမရှိဘူး။ ကိုရီးယားရဲ့ ဒစ်ဂျစ်တယ် ယဉ်ကျေးမှုဟာ စာသင်ခန်းထဲကိုဝင်လာခွင့်မရဘူးထင်ပါရဲ့ ။ ကျောင်းသား အားလုံးစုံလို့ စာသင်ခန်းကိုလှည့်ကြည့်မိတော့ ကျောင်းသားပေါင်း ၃၀ကျော် ကို တွေ့ ရတယ်။ အဲရစ်ရဲ့ အမြင်မှာတော့ စာသင်ခန်းတစ်ခန်းကျောင်းသား ၃၀ ကျော်ဆိုတာတော်တော်ကြီးတဲ့ ကလပ်စ်ပေါ့ ။ ဒါပေမယ့်ကိုရီးယားမှာတော့ ဒါကပုံမှန်ပမာဏပါပဲ။
“ မင်းမြင်းစီးဖူးသလား။”
“ဘရက်ပစ်နဲ့ တွေ့ ဖူးသလား။”
“မင်းမှာလယ်မြေ ကိုယ်ပိုင်ရှိသလား။”
“တစ်ယောက်ယောက်ကို သေနတ်နဲ့ ပစ်ဖူးသလား။”

ကိုရီးယားတွေဟာ အာရှတိုက်ရဲ့ အီတလီတွေလို ဖြစ်ပြီး ဂျပန်တွေ၊ တရုတ်တွေ ထက်ခံစားလွယ်တယ်၊ စကားလည်းပိုများတယ်ဆိုတာ သူကြားဖူးတယ်။ အခု ကလေးတွေအားလုံးဟာ ဖော်ဖောရွေရွေနဲ့ လျှောက်မေးနေတာကို သူကိုယ်တိုင် ကြုံတွေ့ နေရပြီ။ သူကိုယ်တိုင်ကလည်း ဒီလိုစကားပြောရတာကို သဘောကျပါ တယ်။
“အေး မြင်းတော့စီးဖူးပါတယ်။ နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ မင်းသမီး အများကြီးနဲ့ တော့ မတွေ့ ဖူးဘူး။ ငါ့မှာ ကိုယ်ပိုင်လယ်မြေ မရှိပါဘူး။ ဘယ်သူ့ ကိုမှ သေနတ်နဲ့ မပစ်ဘူးပါဘူး။” ကသူ့ အဖြေတွေပါ။

အဲဒီအချိန်မှာ ဆရာမ၀င်လာပြီး အတန်းရှေ့ မှာရပ်လိုက်တယ်။ မျက်မှန်နဲ့ သူမက ကိုရီးယားလူမျိုးထဲမှာတော့ အရပ်ရှည်တဲ့အထဲမှာပါတယ်။ လက်တစ်ဖက်က မိုက်ကရိုဖုန်းကိုကိုင်ထားပြီး အခြားတစ်ဖက်က ထိပ်မှာဖားရုပ်လေးပါတဲ့ ဒုတ် တစ်ချောင်းကိုကိုင်ထားတယ်။ အဲဒီဒုတ်ချောင်းကလေးက ဈေးဆိုင်တွေမှာရောင်းတတ်တဲ့  ကျောယားရင် ကုတ်လို့ ရတဲ့ ဒုတ်ချောင်းမျိုးလေးပါ။ အဲရစ်က စကားပြောတာကို ရပ်၊ ခါးကို မတ်မတ်ပြင်ပြီး ပြန်ထိုင်လိုက်တယ်။ အဲဒီဒုတ်ကလေးနဲ့  ဘာလုပ်မှာပါလိမ့် ဆိုတာကိုလည်း သူစိတ်ဝင်စားနေတယ်။
ထူးဆန်းတာက ဆရာမ၀င်လာတာကို ဘယ်သူမှ အရေးမစိုက်သလိုပဲ။ ဆရာမ အတန်းရှေ့ မှာ ရပ်နေတာတောင် ကျောင်းသားတွေက စကားပြော မရပ်ကြဘူး။ ဆရာမက စောင့်နေသေးတယ်။ ဒါမျိုးတွေ မြင်ရတာ အဲရစ် စိတ်မကောင်းဖြစ်မိ တယ်။ နောက်ဆုံးတော့ ဆရာမက ဖားဒုတ်ကလေးနဲ့ ခုံကိုရိုက်လိုက်တယ်။ ဒီတော့မှ ကျောင်းသားတွေက အာရုံစိုက်လာပြီး ကိုယ့်ခုံကိုယ် စနစ်တကျ လာ ထိုင်ကြတော့တယ်။
သူမစာသင်နေစဉ်မှာကိုပဲ အတန်းရဲ့ နောက်ပိုင်းမှာရှိတဲ့ ကျောင်းသားတွေက တစ်ယောက်နဲ့ တစ်ယောက်စကားပြောနေကြဆဲပဲ။ အဲရစ်တော်တော်အံ့သြသွား မိတယ်။အမေရိကားမှာ ဒီထက်ဆိုးတဲ့ ကျောင်းသားတွေ သူတွေ့ ခဲ့ဖူးပေမယ့် ကိုရီးယားက ကျောင်းသားတွေထက်တော့ သေသေ၀ပ်ဝပ်ရှိမှာပဲလို့  သူတွေး မိတယ်။

မိနစ်အနည်းငယ်ကြာတော့ အတန်းနောက်ပိုင်းဆီကို မျက်လုံးဝေ့ပြီး သူကြည့် လိုက်မိပြန်တယ်။ မယုံနိုင်အောင်ဖြစ်နေလို့  နောက်တစ်ခါထပ်ပြီး ကြည့်ယူရ တယ်။ အတန်းရဲ့ သုံးပုံတစ်ပုံက အိပ်ပျော်နေကြတယ်။ ငိုက်နေတာမျိုး မဟုတ် ဘူး။ တကယ်ကို လက်ပေါ်ခေါင်းတင်ပြီး ကျကျနနအိပ်နေကြတာပါ။ ကောင် မလေးတစ်ယောက်ဆိုရင် အသင့်ယူလာတဲ့ ခေါင်းအုံးပေါ် ခေါင်းချပြီးတော့ကို အိပ်နေတာ။ ဒါဆိုရင်တော့ ကြိုတင်ကြံစည်ပြီးတော့ကို အိပ်နေတာပဲ။


ဘယ်လိုဖြစ်ရတာလဲ???
သင်္ချာ ၊ စာဖတ်နဲ့ သိပ္ပံဘာသာရပ်တွေမှာ အမေရိကန်တွေကို နောက်ကောက် ချထားခဲတဲ့  ကိုရီးယားကျောင်းသားတွေရဲ့ စာကြိုးစားပုံအကြောင်းတွေ သူတော်တော်များများ ဖတ်ခဲ့ ရပါတယ်။ အရှက်မရှိ အခုလို စာသင်ခန်းထဲမှာ အိပ်နေကြတာကို မဖတ်ခဲ့ ရပါဘူး။ ဆရာမကို အားနာတာနဲ့  အားလုံးရဲ့ ကိုယ်စား သူ့ ခါးကိုတမင်မက်မက်ထားပြီး ထိုင်နေရင်း နောက်ထပ်ဘာတွေများ ဖြစ်လာေ လဦးမလဲလို့  စောင့်ကြည့်နေမိတော့တယ်။
ဆရာမကလည်း ဘာမှမဖြစ်သလိုပဲ စာသင်နေတယ်။ စာသင်ချိန်လည်း ပြီးရော ကျောင်းသားတွေအိပ်နေရာက နိုးလာကြတယ်။ ပြီးတော့ ဆယ်မိနစ် အနားပေးတယ်။ ကျောင်းသူတစ်ချို့ ကစာသင်ခုံတွေပေါ်တက်ထိုင်၊ တစ်ချို့ က စကားပြော၊ တစ်ချို့ ကဖုန်းမက်ဆေ့တွေပို့ လို့ပါပဲ။ တစ်ချို့ ကောင်လေးတွေ ကျပြန်တော့ သူတို့ ဘောပင်နဲ့ ခုံကိုတီးနေကြပြန်တယ်။ ထူးထူးဆန်းဆန်းပါပဲ။ စာသင်ခန်းဟာ သူတို့ အိပ်ခန်းထဲမှာလိုကို အားလုံးက လွတ်လွတ်လပ် လပ်နေနေကြတာပါ။

ပြီးတော့ သိပ္ပံဘာသာရပ်။ အရင်အတိုင်းပဲ၊ နောက်ပိုင်းက ကျောင်းသား သုံးပုံ တစ်ပုံက အိပ်မောကျလို့ ။ စာသင်ခန်းထဲမှာ ဒီလောက်အိပ်နေကြတဲ့  ကိုရီး ယားကျောင်းသားတွေက နိုင်ငံတကာစာမေးပွဲရလဒ်မှာ ဘာလို့ အမှတ်တွေ အများကြီးရနေရတာလဲ။
သိပ်မကြာခင်မှာပဲ ဆရာမကိုင်ထားတဲ့ကျောကုတ်ဖားဒုတ်တန်လေးရဲ့  အသုံး ကျပုံကို သူတွေ့ လိုက်ပါတော့တယ်။ အဲဒီဒုတ်ကလေးက ကျောင်းသားတွေကို နှိုးတဲ့ ဒုတ်ကလေးပါ။ တစ်ချို့ ဆရာတွေက စာသင်ခန်းထဲမှာ အိပ်ပျော်နေတဲ့  ဒါမှမဟုတ် စကားပြောနေတဲ့  ကျောင်းသားတွေရဲ့ ခေါင်းကို မနာအောင်ခေါက်ပြီး နှိုးတယ်။ ကျောင်းသားတွေက အဲဒီဒုတ်ကလေးကို “love stick” လို့ ခေါ်ကြတယ်။
နေ့ လည်စာစားချိန်ရောက်တော့ အဲရစ်လည်း အခြားကျောင်းသားတွေနောက် ကလိုက်ပြီး သူတို့ လုပ်သလိုအကုန်လိုက်လုပ်နေလိုက်တယ်။

ထမင်းပန်းကန်ပြားထဲကို မပါမဖြစ် ကင်မ်ချီ ၊ အမဲသား၊ အရွက်တွေနဲ့ ခေါက်ဆွဲပါ ထည့်လိုက်တယ်။ အဲဒီအချိန်မှာ ကနေဒါက ကျောင်းသူလေးကို တွေ့ လိုက်ရလို့  စိတ်သက်သာရာရပြီး သူမဘေးမှာ သွားစားနေလိုက်တော့တယ်။ ကျွေးတဲ့  အစားအစာတွေကတော့ မင်နီတွန်ကာမှာ ကျွေးတဲ့ အစားအစာတွေလို ပြန်နွေးထားတာတွေ မဟုတ်ပဲ လောလောလတ်လတ်ချက်ထားတဲ့ ပူပူနွေးနွေး အရသာရှိတဲ့ အစားအစာတွေ ဖြစ်နေတာကိုတွေ့ ရတယ်။
နွေးနွေးထွေးထွေးရှိတဲ့ ကော်ဖီဆိုင်ထဲမှာထိုင် ခေါက်ဆွဲကိုတူနဲ့ မွှေနေရင်း ကိုရီးယားကို လာဖို့ သူဆုံးဖြတ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် ဆို တာ တွေးနေမိတယ်။ သူနဲ့ အတူကျောင်းတက်နေခဲ့ရတဲ့ ကျောင်းသားတွေဟာ ကောလိပ်ကို ရောက်ကြရတော့မယ်။ အိပ်ယာခင်းရှည်ကြီးတွေ အပါအ၀င် အသုံးအဆောင်ပစ္စည်းတွေ အားလုံးသယ်ယူလာခဲ့ကြပြီး သူတို့ နဲ့ အတူနေရမယ့် အခန်းဖော်တွေနဲ့ တွေ့  ဆုံနေကြတယ်။ အဲဒီက ပြီးရင် မောင်မယ်သစ်လွင်ပွဲကို သူတို့ သွားကြမယ်။ အဲရစ်ကတော့ သူတို့ ကြားကနေ မသိမသာအပြင်ထွက်လာခဲ့တယ်။
အထက်တန်းပြီးလို့ ရှီကာဂိုမှာရှိတဲ့  Depaul တက္ကသိုလ်က သူ့ ကို လက်ခံ လိုက်ပြီးတဲ့ နောက် သူသွားနိုင်တဲ့ နိုင်ငံတွေကို စစ်ဆေးကြည့်မိတယ် ။ သူအာရှတိုက်ကို သွားချင်တယ်။ အာရှတိုက်အကြောင်း သူဘာမှမသိသလို သူ့ အတွက်လုံးဝ အသစ်အဆန်းတွေဖြစ်နေမယ်ဆိုတာ (ကာလအတန်ကြာ သည်အထိ) သူသိထားတယ်။ အာရှတိုက်ကနေ ပြန်ရောက်လာပြီးတော့မှ အမေရိကန်တက္ကသိုလ်ကို ပြန်လာပြီး ဘ၀အသစ်ပြန်စလိုက်တော့မယ်လို့  သူဆုံးဖြတ်ခဲ့တာပါ။

ကိုရီးယားကျောင်းသားတွေဟာ အစားအသောက်ကိုရေးကြီးသုတ်ပျာစားပြီး ကျန်နေတဲ့ မိနစ်အနည်းငယ်အချိန်လေးမှာ လွတ်လွတ်လပ်လပ်နေကြဖို့  စားသောက်ဆိုင်ထဲကနေထွက်ပြေးသွားကြတော့တယ်။ ကျောင်းသားအချို့ က ဖုံတွေထဲမှာဘောလုံးကန်နေကြသလို ကျောင်းသူတစ်ချို့ ကလည်း လှေကားထစ်တွေပေါ်မှာထိုင်ရင်း သူတို့ စမတ်ဖုန်းလေးတွေနဲ့ Cy World ထဲကို ၀င်သွားကြ တယ်။ Cy World ဆိုတာက ဖေ့စ်ဘုတ်လိုမျိုးဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကို ပိုပြီးထိန်းချုပ်ထားတဲ့ စနစ်နဲ့ ပါ။ အဲရစ်ကိုယ်တိုင်ကတော့ နောက်ဆုံးမှ စား လို့ သောက်လို့ ပြီးတဲ့ ကျောင်းသားဖြစ်သလို စားသောက်ဆိုင်ထဲက ထွက်လာရာ မှာလည်း သူနောက်ဆုံးပါပဲ။
နောက်ထပ်စာသင်ချိန် မစမီလေးမှာပဲ သူအမြဲတမ်းကြားနေရတဲ့ စာမေးပွဲ အကြောင်း ကျောင်းသားတစ်ယောက်ကို မေးကြည့်မိတော့
“ဒီစာမေးပွဲက မင်းတို့ အမေရိကားက SAT စာမေးပွဲလိုပါပဲ။ ထူးခြားတာက ဒီစာမေးပွဲ အဖြေက မင်းဘ၀တစ်ခုလုံးကို အဆုံးအဖြတ်ပေးတယ်ဆိုတာပါပဲ။
ကိုရီးယားမှာတော့ မင်းရဲ့ပညာရေးဆိုတာ မင်းစာမေးပွဲမှာရတဲ့ ရမှတ်ပဲ။ ရမှတ်ေ ကာင်းရင် အနာဂတ်လည်း အလားအလာရှိတယ်။” လို့ စီနီယာကျောင်းသားက သူ့ ကိုရှင်းပြတယ်။

အမှတ်အမြင့်ဆုံးရသူတွေဟာ ကိုရီးယားရဲ့ ထိပ်သီးတက္ကသိုလ်ကြီးသုံးခုကို တက်ရောက်ခွင့် ရမယ်။ အဲဒီတက္ကသိုလ် ကြီးတွေကိုရောက်သွားရင် အလုပ်ကောင်းကောင်း၊ အိမ်ကောင်းကောင်း သက်တောင့်သက်တာဘ၀ကို လည်းရနိုင်မယ်။ လူတိုင်းကမင်းကို တစ်လေးတစ်စားရှိမယ်လို့ ဆက်ရှင်းပြတယ်။
နောက်ထပ်ကျောင်းသားတစ်ယောက်က
“ဒါဆိုရင် မင်းဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းခံရသူဖြစ်သွားပြီ။” လို့ ရယ်စရာလိုလိုနဲ့ ဝင်ပြီးဖြည့်စွက်လိုက်တယ်။

ဆက်ရန်

ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ (၃) ( The Smartest Kids in the World)


ကမ္ဘာ့အတော်ဆုံး ကလေးများ
By Amanda Ripley

တောက်တောက်ပပအရာတွေကို ဂရုမစိုက်ပါနဲ့
         ကျောင်းဟောင်းကြီးကလည်း ကျောင်းကောင်းဖြစ်နေနိုင်ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ ပူဆန်က အဲရစ်ရဲ့ကျောင်းဆိုရင် အရေးပါတဲ့ ကွန်ပျူတာတွေကလွဲရင် စာသင်ခန်းတွေဟာ ရိုးရိုးရှင်းရှင်းလေးပါ။ ကလေး တွေဆိုရင် ကျောင်းရှေ့က ဖုန်တွေ၊ရွှံ့တွေနဲ့ ကွင်းထဲမှာ ဘောလုံးကစားနေကြတယ်။ ထောင့်တစ်နေရာရာက နေ အဲဒီကျောင်းကို ကြည့်လိုက်ရင် ဒီကျောင်းဟာ ၁၉၅၀ ခုနှစ်တွေဆီက အမေရိကန် စာသင်ကျောင်းတွေနဲ့ ဆင်ဆင်တူပါတယ်။

          ဖင်လန်နိုင်ငံမှာရှိတဲ့ ကင်(မ်) ရဲ့ကျောင်းက စာသင်ခန်းတွေဆိုရင်လည်း ဒီပုံစံအတိုင်းပါပဲ။ မြေဖြူနဲ့ရေး တဲ့ ဘလက်ဘုတ်(သို့) ခေတ်မမီတော့တဲ့ ၀ှိုက်ဘုတ်တွေနဲ့ သူတို့ရှေ့မှာ ကလေးတွေရဲ့ စာသင်ခုံ ခပ်ကြမ်း ကြမ်းကြီးတွေ ရှိပါတယ်။ စာသင်ဘုတ်တွေကလည်း နံရံနဲ့တွဲလျက်ပါ။

          ပိုလန်မှာရှိတဲ့ တွန် ရဲ့ ကျောင်းဆိုရင် သူ့မွေးရပ်မြေ Pennsyluonia မှာရှိတဲ့ အကောင်းစား ကဇာတ်ရုံ အသာထားလို့ ကော်ဖီဆိုင်တောင် မရှိပါဘူး။ အမေရိကမှာရှိတဲ့ ကျောင်းတွေရဲ့စာသင်ခန်းတိုင်းမှာ အပြန် အလှန်ဆက်သွယ်ထားတဲ့ ၀ှိုက်ဘုတ်တွေရှိပါတယ်။ (၂၀၁၂  ခုနှစ်က တွန် ရဲ့ကျောင်းကို ကျွန်မသွားလေ့လာ တော့ ၀ှိုက်ဘုတ်အသစ်တွေနဲ့လဲဖို့ အဟောင်းတွေကို ဖြုတ်ပစ်ပြီးနေပါပြီ) ပိုလန်မှာရှိတဲ့ ဘယ်ကျောင်းက စာသင်ခန်းမှာမဆို ဒီလို ၀ှိုက်ဘုတ်မျိုးတွေ မရှိပါဘူး။

          ကံမကောင်း အကြောင်းမလှစွာပါပဲ ခေတ်မှီနည်းပညာပစ္စည်းတွေနဲ့ ပညာရေး ဆက်စပ်ပြီး သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်က မရှိပါဘူး။ လူကြီးသူမတွေပြောဖူးတာကတော့ ပညာရေးအတွက် အထောက် အကူ တကယ်ဖြစ်ပါတယ်ဆိုတဲ့ လက်တွေ့သာဓက မရှိဘဲ(မပြနိုင်ဘဲ) အမေရိကန်တွေဟာ ကျောင်းဆရာတွေ၊ ကျောင်းသားတွေအတွက် ခေတ်မီနည်းပညာဆိုင်ရာ ပစ္စည်းပစ္စယတွေ ၀ယ်ယူရင်း အလကား ငွေတွေဖြုန်း တီးနေတာပါတဲ့။ အခြား နေရာတော်တော်များများမှာ ငွေကုန်၊အချိန်ကုန် သက်သာစေဖို့ ကွန်ပျူတာဟာ အလွန်အရေးကြီးလှပါတယ်။ ကလေးတွေ ဘာတွေကိုဘယ်လိုသိထားသလဲ၊ သူတို့လိုအပ်ချက်က ဘာလဲ ဆိုတာမျိုးတွေ အဖြေရှာနိုင်ဖို့ပေါ့။ ဒါပေမဲ့ ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတာကို ပြသဖို့ ကလေး တိုင်းကို ဈေးကြီးလှတဲ့ ၀ိုင်ယာလက် ခလစ်ကာ(wireless clickers)တွေ ပေးထားဖို့ဆိုတာကတော့ တစ်ကမ္ဘာ လုံးကိုခြုံကြည့်ရင် လုံးဝစဉ်းစားလို့ မရနိုင်စရာပါပဲ။ (တစ်ကမ္ဘာလုံးက ကလေးတွေကတော့ သဘောတူရင် လက်ညှိုးထောင်လိုက်တာပါပဲ။ ဒါက အလုပ်လည်း ဖြစ်တယ်လေ)

          “ပညာရေးမှာ လက်ရှိအတော်ဆုံး စာသင်ခန်းတွေကိုကြည့်ရင် သူတို့စာသင်ခန်းတွေထဲမှာ ထူးထူးခြား ခြား တက်ကနော်လော်ဂျီတွေ ရှိမနေတာကို တွေ့မြင်ရပါတယ်” လို့ အပြည်ပြည်ဆိုင်ရာ ပညာရေးဂုရုကြီး အွန်ဒရီ ရှလေချာက ကျွန်မကို ပြောပြပါတယ်။ “ဒါ ဘာကြောင့်လဲဆိုတာ ကျွန်တော့်ဆီမှာလည်း အဖြေမရှိဘူး။ ဖြစ်နိုင်တာကတော့ ဒီဂျစ်တယ်ပစ္စည်းတွေအစား မွေးရာပါ သူတို့ရဲ့အလေ့အကျင့်ကို (လက်ညှိုးထောင်ခြင်း စသည်) အသုံးပြုလိုက်လို့ ဖြစ်ဟန်တူပါတယ်”

          ဒီစာအုပ်အတွက်သီးသန့် ကျွန်မသုတေသနလုပ်တော့ အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေနဲ့ အမေရိကန် (exchange student) ကျောင်းသား(၁၀)ယောက်မှာ (၇)ယောက်က အမေရိကန်ကျောင်းတွေမှာ တက်ကနော်လော်ဂျီတွေ ပိုများတယ်လို့ ဆိုကြပါတယ်။ အမေရိကကျောင်းတွေမှာ တက်ကနော်လော်ဂျီ အားနည်းတယ်လို့ ပြောတဲ့ အမေရိကန်ကျောင်းသား တစ်ယောက်မှ မရှိခဲ့ပါဘူး။
          ကမ္ဘာ့ပညာရေးအကောင်းဆုံးနိုင်ငံတွေဟာ ကျောင်းဆရာတွေရဲ့လစာနဲ့ ကျောင်းသားတိုင်းအပေါ် မျှမျှတတဖြစ်ရေး (အကူအညီ အလိုအပ်ဆုံးကျောင်းသားကို အကူအညီပေးနိုင်ဖို့ စူးစမ်းလေ့လာခြင်း) တို့ကို အထူးအလေးထားပါတယ်။ ကမ္ဘာ့အဆင့် ပညာရေးအကြောင်းကို ရှာဖွေကြရာမှာ ပစ္စည်းကိရိယာတွေထက် လူတွေကပိုပြီး အရေးကြီးတယ်ဆိုတာကိုတော့ အမှတ်တရ ရှိကြပါ။

ကျောင်းအုပ်ကို မေးခွန်းခက်ခက်ခဲခဲတွေမေးပါ
          ကျောင်းအုပ်ကိုတွေ့ပြီဆိုရင်အလုပ်ရှင်တစ်ယောက်က မေးခွန်းတွေကိုမေးသလိုမျိုးမေးပါ။ ကျောင်းရဲ့ အဓိကအရေးထားတဲ့အချက်တွေ၊ ကျောင်းရဲ့အစဉ်အလာတွေကိုမေးပါ။ မကြောက်ပါနဲ့။  ကားတစ်စီး မ၀ယ်မီ၊ အလုပ်တစ်ခုလက်မခံမီ   မေးတတ်တဲ့ မေးခွန်းမျိုးတွေကို မေးပါ။

ကျောင်းကောင်းတစ်ကျောင်းကိုရှာဖွေရာမှာအခြားအချက်တွေအားလုံးထက်ဒီကျောင်းရဲ့ခေါင်းဆောင်ဟာအရေးကြီးပါတယ်။ ဆရာတွေဟာအရေးကြီးတယ် ဆိုတာလည်းမှန်ပါတယ်။ ဒါပေမယ့် ရှင်တို့ကလေးကိုသင်မယ့်ဆရာကို ရှင်တို့ရွေးချယ်ခွင့်မရှိပါဘူး။ ဒီတော့ရှင်တို့အတွက် ဒီတာဝန်ကိုကျောင်းအုပ်ကယူဖို့သူ့ကို လွှဲပြောင်း   ပေးရပါတော့မယ်။

ဆရာတွေကို ဘယ်လိုရွေးချယ်ပါသလဲ
          ဖင်လန်၊ တောင်ကိုရီးယားနဲ့ပညာရေးစူပါနိုင်ငံတွေအားလုံးမှာဆရာတစ်ယောက်ကို  စစ်စစ်ပေါက်ပေါက် ရွေးချယ်လေ့ရှိကြပါတယ်။ ကျောင်းသားထုရဲ့လက်ခံမှုရာခိုင်နှုန်း၊သူတို့အထက်တန်းရမှတ်တွေကလည်း ထိပ်  တန်း(၃၀)ရာခိုင်နှုန်းထဲမှာပါ ၀င်နေရတယ်။ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်တယ်ဆိုရုံနဲ့လည်း ပညာရေးကောင်းမွန်နေပြီလို့အာမ မခံနိုင်ဘူး။ အခြားကောင်းမွန်တဲ့ပေါ်လစီတွေရှိနေဖို့လည်း လိုအပ်ပါတယ်။

          နိုင်ငံတော်တော်များများမှာ ဆရာတစ်ယောက်ကိုဒီလိုစနစ်တကျ ရွေးချယ်မှုမျိုးမရှိဘူးဆိုတော့ကျောင်း အုပ်ဟာပိုလို့တောင်အရေးကြီးနေပါသေးတယ်။ကျောင်းရဲ့ခေါင်းဆောင်ဟာသူ့ကျောင်းမှာခန့်အပ်မယ့်
 ကျောင်းဆရာတွေကိုရေစစ်နဲ့စစ်ယူသလိုစစ်ရမယ်။ဒါကလည်းကမ္ဘာ့နိုင်ငံတော်တော်များများမှာမကျင့်သုံးကြသေးပါဘူး။ ဘယ်ဆရာကိုတော့ခန့်မယ်၊ဆရာတွေကိုဘယ်လိုဆက်လက်လေ့ကျင့်ပေးမယ်၊ ဘယ်ဆရာ ကိုတော့ဆက်ထား လို့မရတော့ဘူးစတဲ့ ကျောင်းအုပ်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ထက်ဘယ်အရာမှ ပိုအရေးမကြီးပါဘူး။    ဂျင်ကောလင်း (Jim Collings)ကသူ့ရဲ့ဂန္တ၀င်“Good to Great”စာအုပ်ထဲမှာ“Great vision without great people is irrelevant”လို့ ရေးထားခဲ့ပါတယ်။ (လူတော်တွေမရှိဘဲနဲ့ ကြီးကျယ်တဲ့အမြင်ဟာ အလုပ်မဖြစ်ဘူး)။

          ကျောင်းအုပ်တစ်ယောက်ဟာဘယ်သူ့ကို အင်တာဗျူးပြီးဘယ်သူ့ကိုဆရာအဖြစ် ခန့်အပ်ခွင့်ရှိသလား ဆိုတာကိုလည်း လေ့လာပါ။ ကျောင်းတော်တော်များများမှာ ဒီလိုလက်တွေ့ကျကျ သာမန်အမြင်တွေ မဲ့နေတတ်ပါတယ်။ ပြီးရင်ကျောင်းဆရာတစ်ယောက် စာသင်တာကိုကျောင်းအုပ်က စောင့်ကြည့်လေ့လာ ဖူးပါသလားလို့မေးကြည့်ပါ။ ဒီလိုလုပ်ရိုးလုပ်စဉ်ကလည်းအမေရိကအပါအ၀င် နိုင်ငံတော်တော်များများမှာမရှိဘူး။ ခေတ်သစ်ကမ္ဘာမှာ စိန်ခေါ်မှုအကြီးဆုံးဖြစ်နေတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ခေါင်းဆောင်မှုစွမ်းရည် ဘယ်လောက်ရှိ သလဲဆိုတာကို ဒီလိုစောင့်ကြည့် မှသိနိုင်ပါလိမ့်မယ်။ သူ့ကိုတကယ်မခန့်ခင်မှာ (ကလေးတစ်ယောက်ကိုသင်ပြခိုင်းတာမျိုးမဟုတ်စေဦး) လူကြီးတစ်ယောက်ကို ဘယ်လိုသင်မလဲ ဆိုတာ လောက်တော့အစမ်းအသင်ခိုင်းကြည့်ရပါမယ်။ဒီလိုစမ်းသပ်မှုဟာလုံးဝမစမ်းသပ်တာထက်တော့ အများကြီးသာ ပါတယ်။

ဆရာတွေပိုတော်လာအောင် ဘယ်လိုသင်ပါသလဲ
          ဒီမေးခွန်းအတွက်ကတော့ပိုပြီးတိကျတဲ့အဖြေရလေလေပိုကောင်းလေလေပါပဲ။ဆရာတော်တော်များ များဟာကျောင်းသားမိဘတွေဆီကအသံကိုလုံးဝနားမထောင်ဘဲခရီးဆက်နေကြတာများပါတယ်။
ဒီနေ့ခေတ် မှာဆင်ခြေပေးလို့လုံးဝမရတဲ့ အားနည်းချက်ပါ။“Professional development”ဆိုတာ ဒီနေ့ပညာရေးမှာ ခေတ်စားနေတဲ့ မရှိမဖြစ်စကားလုံးပါ။ဆရာတစ်ဦးချင်းစီရဲ့အားနည်းချက် အားသာချက်တွေကို သိအောင်ကို လုပ်ထားရမယ်။ ဒါကို ဆရာပေါင်းထောင်ချီရှိနေတဲ့ အော်ဒီတိုရီယမ်ထဲက လက်ချာခန်းမှာတော့ ချမပြရဘူးပေါ့။

          ဒါကိုဘယ်နိုင်ငံကမှတိတိကျကျလိုက်နာတာမတွေ့ရပါဘူး။ ဒါပေမဲ့တစ်ချို့နိုင်ငံတွေက တစ်ချို့နိုင်ငံ တွေထက် သာတယ်။ ဒါလောက်ပါပဲ။ ဖင်လန်မှာဆိုရင် သူတို့ဆရာဖြစ်သင်တန်းတွေမှာ ဆရာတစ်ယောက်က အခြားဆရာတစ်ယောက်သင်ကြားနေပုံကို စောင့်ကြည့်ရတယ်။ ဆရာတွေအချင်းချင်း နှီးနှောဖလှယ်နိုင်ဖို့ နိုင်ငံ တော်တော်များများကဆောင်ရွက်ပေးကြပါတယ်။ ဒီအချက်မှာအမေရိက ကတော်တော်အားနည်းတာတွေ့ ရပါတယ်။ အမေရိကန်ကျောင်းဆရာတွေရဲ့ ဆရာသက်တမ်းဟာ အခြားဆရာတွေထက် ပိုတိုပြီး သူတို့ အကြံဥာဏ်နဲ့ အတွေ့အကြုံကို သူများကိုဖြန့်ဝေဖို့နဲ့ သူများဆီကအသံကို နားထောင်ဖို့ အချိန်သိပ်မရကြဘူး။

ဒီတော့ ဆရာတွေအချင်းချင်း နှီးနှောနိုင်ဖို့နဲ့ သူရဲ့ထိပ်တန်းဆရာတွေကို ဘယ်လိုခေါင်းဆောင်မှုအခန်းတွေ ပေးသလဲဆိုတာ ကျောင်းအုပ်ဆရာတိုင်းကိုမေးပါ။

အောင်မြင်မှုကို ဘယ်လိုတိုင်းတာသလဲ
ဒီလိုအမြင်ကိုခေါင်းဆောင်ကောင်းတိုင်းရှင်းရှင်းလင်းလင်းဖြေကြားနိုင်ပါတယ်။
ဒီလိုမေးခွန်းနဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမရှိတဲ့လေကြောရှည်ရှည်ဖွင့်ပြနေတာမျိုးကို ကြားရပြီဆိုရင်တော့ ဒီကျောင်းဟာသိပ်မစွံတဲ့ သာမန်ကျောင်းတစ်ကျောင်း၊ စမစ်ရှင်မရှိတဲ့ကျောင်းတစ်ကျောင်းလို့ မှတ်ယူထားနိုင်ပါတယ်။ အမေရိကမှာရှိတဲ့ ကျောင်းအုပ်တော်တော်များများကတော့ အောင်မြင်မှုတိုင်းတာတာနဲ့ပတ်သက်လို့စာမေးပွဲအမှတ်စာရင်း အချက် အလက်တွေကိုထုတ်ပြတတ်ကြပါတယ်။ ဒါဟာ ဖြစ်သင့်ပါတယ်၊ ဒါပေမဲ့ ဒါနဲ့တင် မလုံလောက်ဘူး။ ဘွဲ့ရသွားတဲ့ အရေအတွက်နဲ့ မိဘတွေရဲ့ကျေနပ်အားရမှုရှိမရှိ ဆိုတာတွေလည်း ပါဝင်နေသင့်တယ်။ ကောင်းပါပြီ၊ ဒါဆို ထိတွေ့လို့မရတဲ့ အောင်မြင်မှုတွေကို ဘယ်လိုတိုင်းတာပြကြမလဲ။

          ကျောင်းသားတွေကို ဘယ်လိုပိုပြီးတွေးခေါ်တတ်အောင်၊ ပြဿနာရဲ့အဖြေကိုရှာဖွေတတ်အောင် သင်ကြားပေးနေပါတယ်ဆိုတာ သူတို့ကိုယ်သူတို့ ဘယ်လိုသိနိုင်မလဲ။

          ပုံစံကျစာမေးပွဲတော်တော်များများက ဒါတွေကို မခြုံငုံမိဘူး။

          ကမ္ဘာမှာအကြီးမားဆုံးအောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာမရှိမဖြစ်လိုအပ်နေတဲ့ ဇွဲမလျှော့မှုတွေ၊ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ အတူတကွလိုက်လျောညီထွေနေနိုင်မှုတွေကို ကလေးတွေကို သူတို့သင်ကြားပေးနေပါတယ်ဆိုတာ ဘယ်အချက်နဲ့သက်သေပြမှာလဲ။

          သူတို့တိုးတက်လာဖို့ဘာတွေ လိုအပ်သလဲဆိုတာဆရာတွေက ကျောင်းသားတွေကို မေးဖူးကြ သလား။ ကလေးတွေဆီက အသံတွေကို နားထောင်ပြီး ဆီမီးစတားတိုင်းမှာ ကျောင်းရဲ့လိုအပ်နေတဲ့ အခြေခံမူတွေကိုပြင်ဆင်ဖူးကြသလား။ ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေဟာ သူတို့ဘယ်ကိုဦးတည်နေ တယ် ဆိုတဲ့အမြင် ရှင်းရှင်းလင်းလင်းရှိကြတယ်။ သူတို့လမ်းကြောင်းများလွဲသွားသလားဆိုတာကို အချက်အလက် တွေက အဆုံးအဖြတ်ပေးကြပါတယ်။ ပိုကောင်းတဲ့အနေအထားဆီရောက်အောင် လူတွေရဲ့ဓလေ့စရိုက်ကို ပြောင်းပေးရတယ်။

" လက်ရှိနည်းစနစ်ဟာ တကယ်ပဲ မှန်ကန်တဲ့နည်းစနစ်ဆိုတာ ဘယ်လိုသေချာအောင်လုပ်သလဲ။ကလေးတစ်ယောက်ရဲ့ အမြင့်ဆုံးစွမ်းရည်ထွက်လာအောင် ဘယ်လိုတွန်းအားပေးကြမလဲ။ "

          နယူးယောက်စီးတီးမှာရှိတဲ့ Success Academy ချာတာကျောင်းက ကျောင်းသားတွေဟာ နေ့တိုင်းတစ်နာရီခွဲကြာအောင် စာဖတ်ရတယ်။ ပြီးတော့ ဖတ်ပြီးသားစာတွေကို ဆွေးနွေးရတယ်။ ပြီးရင် နောက်ထပ်နာရီဝက် အရေးလေ့ကျင့်ရတယ်။ မူလတန်းကစလို့ ကလေးတိုင်းဟာ နေ့တိုင်းသိပ္ပံဘာသာရပ်ကို သင်ယူရတယ်။ နယူးယောက်က တော်တော်များများ ပတ်ဘလစ်ကျောင်းတွေက ကလေးတွေဟာ အလယ်တန်းရောက်မှ သိပ္ပံကိုသင်ရတယ်။

          ဒါတင်မကသေးဘူး။ Success Academy က ကျောင်းသားတွေဟာ ဂီတ၊ အနုပညာ(art)နဲ့ အကကို လည်းသင်ရတယ်။ နောက်ချက်စ်ကစားရတယ်။ရာသီဥတုဆိုးရွားတဲ့နေ့တွေမှာတောင်ဒီသင်တန်းတွေက ပျက်ခဲ တယ်။ ဒီပေါ်လစီကဖင်လန်နဲ့တူတဲ့ပေါ်လစီပဲ။ ဒီနည်းဗျူဟာကို သူတို့က“ပျော်ရွှင်စွာစည်းကမ်းသေ၀ပ်ခြင်း” (Joyful rigor)လို့ခေါ်ကြပါတယ်။

          ဒီစနစ်က တကယ်အလုပ်ဖြစ်သလား။

          Success Academy က လေးတန်းကျောင်းသားအားလုံးဟာ သိပ္ပံဘာသာရပ်မှာတော်တယ်။ ၉.၅ ရာခိုင်နှုန်းကဆိုရင် အထက်ကအတန်းတွေရဲ့အဆင့်ကိုတောင်မှီတယ်လို့ နယူးယောက်စီးတီး စစ်တမ်းအရ သိရပါတယ်။ ၀င်ငွေနည်းပါးတဲ့ မိဘတွေရဲ့သားသမီးတွေကို မဲဖောက်ပြီး လက်ခံတဲ့ Success Academy Harlem-1ကကျောင်းသားလေးတွေဆိုရင်လည်း နယူးယောက်မှာအတော်ဆုံးအကောင်းဆုံးဆိုတဲ့ ကျောင်း တွေနဲ့တန်းတူအရည်အချင်းရှိပါတယ်။

          အဲဒီကျောင်းတွေက ဆရာတွေဆိုရင်ထူးချွန်ဖော်ရွေပြီး သင်ခန်းစာအတွက် အကောင်းဆုံးပြင်ဆင်ထား ကြမယ်လို့မျှော်လင့်ထားကြပါတယ်။ ပြီးတော့ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပိုပြီး မျှော် လင့်ထားကြဖို့နဲ့ ကလေးတွေစိတ်ဓာတ်တွေများ ကျကုန်မလားဆိုတဲ့ စိုးရိမ်စိတ်တွေမ၀င်ဖို့ ဆရာ တွေ ကိုကောင်းကောင်း လေ့ကျင့်ပေးထားတာပါ။ အဲဒီကျောင်းတွေမှာ မူလတန်းပြဆရာတစ်ယောက်ဟာ ကလေး နဲ့စကားပြောတဲ့အခါ သီချင်းဆိုသံလိုလို ဘာလိုလိုနဲ့ညုတုတုစကားမပြော ဖို့လည်းတားမြစ်ထားပါတယ်။ အဲသလိုပြောဆိုရင် ကလေးတွေကဆရာ့ကိုလေးစားရတာခက်သွားမှာကြောင့်ပါ။

“ဒါကတော့ပညာရှင်ရဲ့ လုပ်ဆောင်မှုစွမ်းရည်ကို စော်ကားမှုပါပဲ”လို့ Success Academy ကျောင်း တွေရဲ့စီအီးအို(CEO)Eva Moskowitz နဲ့သူမရဲ့ပူးတွဲစာရေးသူArin Laviniaက၂၀၁၂ခုထုတ်“Mission Impossible” စာအုပ်ထဲမှာရေးသားထားပါတယ်။

“ဆရာတစ်ယောက်ရဲ့သင်ကြားမှုဟာ ကလေးတွေထိုင်ခုံပေါ်မှာ အငြိမ်နေလို့မရလောက်အောင် စိတ် ၀င်စားစရာကောင်းပြီးဆွဲဆောင်မှု ရှိနေရပါမယ်။ ကလေးတွေရဲ့အာရုံကို ဖမ်းစားထားနိုင်တာဟာ ဆရာ ရဲ့ အတတ်ပညာဖြစ်ပြီး သူတို့ကလေးလိုဟန်လုပ်ပြီး ပြောနေစရာမလိုပါဘူး။”

Success Academyကျောင်းတွေမှာ မိဘရဲ့ပူးပေါင်းမှုကလည်း တမူထူးခြားနေပါတယ်။ ကျောင်းသား မိဘတွေကို မုန့်လုပ်ရောင်းဖို့ ၊လက်ဆောင်ပစ္စည်းတွေစက္ကူနဲ့ထုတ်ရောင်းဖို့ မခိုင်းပါဘူး။ သူတို့ကိုခိုင်းတာက တစ်ပတ်မှာခြောက်ည ကလေးတွေရဲ့ပညာရေးကို စောင့်ကြည့်ပေးဖို့ပါ။ သူတို့ကလေးတွေကောလိပ်အတွက်အဆင်သင့်ဖြစ်နေအောင် ကျောင်းကသင်တဲ့ပညာရေးကိုအိမ်မှာဆက်ပြီး လေ့လာဖို့တွန်းအားပေးခိုင်းခြင်းမျိုးပါ။ဒါကကိုရီးယားတွေရဲ့အလေ့အကျင့်ဖြစ်ပါတယ်။ ကျောင်းသားမိဘတိုင်းဟာ ကလေးရဲ့ဆရာနဲ့ ကျောင်းအုပ် ကြီးတို့ရဲ့ဖုန်းနံပါတ်တွေရှိနေပါတယ်။

၂၀၁၁ ခုမှာ မန်ဟတ္တန်က Upper West Side မှာ Success Academy ကျောင်းအသစ်ဖွင့်ပါတယ်။ ဒီနေရာက အရင်ကျောင်းတွေထက် ပိုချမ်းသာတဲ့ရပ်ကွက်ပါ။ ဒီကျောင်းဟာ အခြာကျောင်းတွေနဲ့လုံးဝမတူဘဲ တမူထူးခြားနေပါတယ်။ Moskowitz က ဒီကျောင်းမှာ မိဘ၀င်ငွေတူညီတဲ့လူဖြူ၊ အာရှတိုက်သား၊ အာဖရိကန်-အမေရိကန်၊ စပိန်စတဲ့လူမျိုးပေါင်းစုံရောစပ်နေတာမျိုး ဖြစ်စေချင်ခဲ့ပါတယ်။ သူမဖြစ်စေချင်သလိုလည်း ဖြစ်လာခဲ့တယ်။ ဒီစနစ်ဟာ ကလေးပညာရေးအတွက် အကောင်းဆုံးပါပဲ။ မတူညီတဲ့မျှော်လင့်မှုတွေ ရောနှောသွားတယ်။ တစ်ဦးချင်းစီရဲ့အားသာမှုတွေ၊ လက်တွေ့ကျင့်သုံးနေထိုင်ပုံတွေအားလုံး  ရောနှောမိ သွား   တယ်။

တစ်နိုင်ငံလုံးမှာပဲဒီလိုပုံစံနဲ့ ကျောင်းတွေအမျာကြီးရှိပါတယ်။ နယူးယောက်မြို့တော်က Success Academyကျောင်းတွေဆိုရင် အမေရိကထဲက ဖင်လန်ပညာရေးလို့ဆိုနိုင်ပါတယ်။ ဖင်လန်နဲ့အနီးစပ်ဆုံး တူနေပါတယ်။ ၀ါရှင်တန်ဒီစီက ကျောင်းဆရာ ၀ီလီယံတေလာဆိုရင် သူ့ရဲ့ဆင်းရဲသားကျောင်းသားတွေဆီက မျှော်လင့်ချက်မြင့်မြင့်ထားရှိမှုဟာ ကိုရီးယားတွေနဲ့တူပါတယ်။ Rhole Island က Deborah Gist ဆိုရင် ကျောင်းသားတွေဆီက အမြင့်ဆုံးစွမ်းရည်ကို ရအောင်ထုတ်ယူနိုင်တဲ့ ဖင်လန်နဲ့ ကိုရီးယား ပေါင်းစပ် ပုံသဏ္ဍန်မျိုးပါ။

ကမ္ဘာ့အဆင့်မီကျောင်းဆရာတွေက ရှိနေပါတယ်။ ဒါပေမယ့်သူတိုလည်း ရှေးရိုးစွဲယဉ်ကျေးမှုတွေ ဥပဒေတွေနဲ့ တိုက်ပွဲဝင်နေကြပါတယ်။ အဲသလိုတိုက်ပွဲဝင်နေရတာနဲ့ သူတို့စွမ်းရည်နဲ့ အချိန်တွေလည်းကုန်သွားပါတော့တယ်။

တကယ်လို့ သူတို့သာ ဒီတိုက်ပွဲအောင်နိုင်ဖို့သာဆိုရင် မိဘနဲ့ကျောင်းသားတွေကိုယ်တိုင် သူတို့ကိုဝိုင်းဝန်းထောက်ခံပြီး-ကျွန်မတို့ကလေးတွေဟာစည်းစနစ်ကျတဲ့ပညာရေးကို လေ့လာနိုင်ရုံမက ဒီလိုပညာရေးစနစ်ကို ဘယ်တုံးကမှနဲ့မတူ အသည်းအသန်ကို အလိုရှိနေကြပါပြီလို့ တညီတညွတ်တည်း ထောက်ခံပေးလိုက်ဖို့ပဲ ရှိပါတော့တယ်။

-ပြီး-

The End of “How to sport a world- class education.”

ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ (၂) ( The Smartest Kids in the World)


ကျောင်းသားတွေနဲ့ စကားပြောပါ

          သတင်းထောက်တွေအပါအ၀င် လူတွေက ကလေးတွေကို အသိဉာဏ်နဲ့ဆိုင်တဲ့မေးခွန်းမျိုး မမေး တတ်ကြဘူး။ လူတိုင်းလိုလို အာရုံစိုက်ထားတာက ကျောင်းဆရာတွေ၊ ကျောင်းအုပ်နဲ့ ကျောင်းအဆောက်အဦ တွေကိုပါ။ ငယ်တဲ့ကျောင်းသားလေးတွေကိုကျတော့ ငယ်လွန်းလို့ နားမလည်နိုင်သေးဘူး။ နည်းနည်းကြီးလာ တဲ့ ကျောင်းသားတွေကိုတော့ ဖြေချင်စိတ်ရှိကြမှာမဟုတ်ဘူးဆိုပြီး မမေးတတ်ကြပါဘူး။ ကျွန်မအတွေ့အကြုံ အရ ပြောရရင်တော့ နှစ်ခုစလုံး တစ်ခုမှမမှန်ဘူး။ အဓိပ္ပာယ်ရှိတဲ့ မေးခွန်းကိုသာ ကိုယ်ကမေးနိုင်ရင် ကလေး တွေဟာ သူတို့ကျောင်းနဲ့ ပတ်သက်လို့ အရိုးသားဆုံး၊ အကျိုးသက်ရောက်မှုအရှိဆုံး အဖြေတွေကို ပေးနိုင် ပါတယ်။

          “ဒီဆရာကို ကြိုက်သလား”

          “ဒီကျောင်းကို ကြိုက်သလား” ဆိုတဲ့ မေးခွန်းမျိုးတော့ မမေးနဲ့ပေါ့။

ကျွန်မတို့ရုံးခန်းထဲကို အရပ်ရှည်ရှည်နဲ့ လူစိမ်းတစ်ယောက်က အပြုံးနဲ့ဝင်လာပြီး “မင်း ဘော့စ်ကို ကြိုက်သလား” လို့ မေးသလိုမျိုးပါပဲ။ ဒီလူက ငါ့ကို အလုပ်ဖြုတ်ဖို့ရောက်လာတဲ့ လူများလားလို့တောင် ကျွန်မတို့ စဉ်စားမိနေတတ်ပါသေးတယ်။ ကလေးတွေလည်း ကျွန်မတို့လိုပါပဲ။ နောက်ပြီး ဆရာတစ်ယောက်ကို သဘောကျတိုင်း သူ့ဆီကသင်ယူစရာ ရှိချင်မှရှိတတ်တာပါ။ ဒီတော့ ဒီလိုမေးခွန်းမျိုးတွေမေးခြင်းထက် တိလည်းတိကျ၊ လေးစားမှုလည်းရှိ၊ အဓိပ္ပာယ်လည်း ပိုရှိတဲ့ မေးခွန်းမျိုးမေးနိုင်ပါတယ်။

စစချင်း ကျွန်မမေးတတ်တဲ့မေးခွန်းက မင်းတို့ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဘာအတွက်လဲ ဆိုတာပဲ ဖြစ်ပါတယ်။

ပထမမေးခွန်းကိုသာဖြေပြီး ဒုတိယမေးခွန်းကိုမဖြေတဲ့ ကျောင်းသားဘယ်နှယောက်ရှိတယ်ဆိုတာ သိရင် ရှင်တို့ အံ့သြသွားပါလိမ့်မယ်။ ဒုတိယမေးခွန်းက နှိုင်းယှဉ်ပြီး အကျိုးအကြောင်းနဲ့ ဖြေရမှာမျိုးပါ။ ကလေး တစ်ယောက် ကျောင်းအပ်လိုက်ပြီဆိုရင် ဘာအတွက် နေ့တိုင်းကျောင်းတက်ရသလဲဆိုတဲ့ အဓိပ္ပာယ် သူတို့ သိကိုသိထားစေရပါမယ်။

၂၀၁၁ ခုမှာ epic ဂိတ် ဖောင်ဒေးရှင်းက သုတေသနလုပ်တော့ တိကျတဲ့မေးခွန်းတွေကို ကလေးတွေ ဖြေတဲ့အဖြေဟာ စာမေးပွဲမှာ အမှတ်ကောင်းရဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ပညာရှင်တွေသုံးသပ်တာထက် ပိုပြီးတိကျမှန်ကန်တယ်၊ ပိုပြီးခိုင်လုံမှုရှိတယ်ဆိုတာ အံ့သြဖွယ် တွေ့ရှိခဲ့ရပါတယ်။ သောင်းချီတဲ့ကျောင်းသား တွေကို သဘောတူ၊ မတူ မေးတဲ့ မေးခွန်းမျိုး (၃၆) မျိုးနဲ့ စမ်းသပ်မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ကိုယ် တိုင် ကျောင်းတွေကိုသွားတဲ့အခါမှာ အဲသလို သိပ္ပံဆန်ဆန်မေးခွန်းတွေကို မေးလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းမှာ ဘယ်လောက်လေ့လာမိသလဲဆိုတာနဲ့ပတ်သက်လို့ ဒီလိုမေးခွန်းမျိုးလေးတွေ တော့ မေးနိုင်ပါတယ်။

      ၁။           ဒီအတန်းထဲမှာ အများကြီးလေ့လာခွင့် ရခဲ့သလား။

      ၂။           ဒီအတန်းထဲက ကျောင်းသားတွေဟာ ဆရာတွေပြောဆိုဆုံးမသလို လိုက်နာကြသလား။

      ၃။           ဒီကလပ်ထဲမှာ အမြဲကြိုးစားနေရပြီး အချိန်ဖြုန်းနေတာတွေ မရှိဘူး မဟုတ်လား။

ဒီမေးခွန်းမျိုးတွေဟာ ကျောင်းသားတွေသာ ဖြေဆိုနိုင်တဲ့ မေးခွန်းတွေပါ။

တစ်ချို့ကျောင်းတွေကတော့ ဒီလိုခပ်ဆင်ဆင် သုတေသနတွေပြုလုပ်ပြီး ဆရာတွေရဲ့ အရည်အသွေး ကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြတယ်။ ဒါဟာ ပညာသားပါပြီး ငွေကုန်ကြေးကျ သိပ်မရှိလှတဲ့ ချဉ်းကပ်မှု တစ်မျိုးပါ။ တကယ်လို့ ကျောင်းအုပ်(သို့မဟုတ်)ကျောင်းဆရာက ဒီနည်းကို အချိန်ပေးလေ့လာပြီး ကြိုးစား ကြည့်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့အလားအလာလို့ ဆိုရမှာပါ။

          နောက်ပြီး ကျောင်းသားတွေကို မေးဖို့ သင့်တင့် မေးခွန်းတစ်ခု ကျန်ပါသေးတယ်။ ဒီမေးခွန်းကိုတော့ ၀ါရှင်တန်ဒီစီက ကျောင်းအုပ် ဒွမ်းဂျော်ဒန် (Dwan Jordon) ဆီက ရခဲ့တာပါ။

          “တကယ်လို့ သင်ခန်းစာကို ကောင်းကောင်းနားမလည်ဘူးဆိုရင် သင် ဘာလုပ်မလဲ” စနစ်တကျ စာသင်ခန်းထဲက ကျောင်းသားတွေဆိုရင် ဒီအဖြေကို သိကြပါတယ်။




မိဘများစကားကို နားထောင်ကြည့်ပါ

         ၂၀၁၁ ခုနှစ်တုန်းက တစ်နှစ်ကို ဒေါ်လာသုံးသောင်းလောက် ပေးနိုင်မှ ကျောင်းတက်နိုင်တဲ့ ၀ါရှင်တန် က ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို ကျွန်မ ရောက်သွားခဲ့ပါတယ်။ ဒီကျောင်းမှာ ကျွန်မကလေးကိုထားဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်း၊ ချာတာကျောင်းအများကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မကလေးတွေ ဘာတွေဆုံးရှုံးလိုက်ရသလဲ (ဒီကျောင်းတွေမှာ မတက်ခဲ့ရလို့) ဆိုတာ သိချင်နေလို့ပါ။

          နေရောင်ခြည်က ဖြာကျနေတယ်၊ ခန်းမကြီးကို ကျွန်မဖြတ်လျှောက်စဉ် ဘာသာစကားမျိုးစုံနဲ့ သင်ကြား နေကြတဲ့ ကျောင်းသားလေးတွေရဲ့အသံဟာ ကျွန်မဆီကို ဖြတ်ပြေးလာကြတယ်။ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်း စားပွဲပေါ်မှာ ကော်ဖီနဲ့ပေါင်မုန့်တွေ။ ကျွန်မတို့ မိဘတွေအတွက် ကလေးကျောင်းထားဖို့ စိတ်ကူးယဉ်အိပ်မက် ထဲက ကျောင်းမျိုးပေါ့။

          ဒါပေမဲ့ ဒီကျောင်းရောက်စဉ်မှာပဲ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရပါတယ်။ ကျောင်းအုပ်ပြောသမျှ စကား တွေဟာ ကျွန်မအတွက် ဘာအဓိပ္ပာယ်မှ ရှာလို့မရဘူး ဖြစ်နေတယ်။ သင်ရိုးညွှန်းတန်းတွေအကြောင်း ချီးမွမ်း ခန်းတွေဖွင့်၊ ဘယ်လိုလေ့လာရေးခရီးတွေ ထွက်ရမယ်ဆိုတဲ့ ကတိစကား စသည် စုံလို့ပါပဲ။ ကျောင်းသားမိဘ တိုင်းကလည်း ခေါင်းကလေးတွေငြိမ့်လို့ ကျွန်မထင်တာကတော့ တစ်ခုခုများ ဖွင့်ပြောလိုက်မိရင် ကလေး ကျောင်းဝင်ခွင့်ကိုများ ထိခိုက်လေမလားဆိုပြီး ဘာမှမပြောဘဲ ငြိမ်နေကြတယ်လို့ ခံစားလိုက်ရမိပါ တယ်။

          အဲဒီနောက် သူ့ကလေးသုံးယောက်စလုံး ဒီကျောင်းမှာထား ထားတဲ့ မိဘတစ်ယောက်က ကျွန်မတို့ ကျောင်းလေ့လာရေး ခရီးစဉ်ကို ဦးဆောင်ပါတယ်။ သန့်ရှင်းတောက်ပနေတဲ့ ကြမ်းခင်းတွေ၊ အရောင်အသွေးစုံ ကျောင်းနံရံတွေ၊ ရွှေဘောင်တွေကွပ်ထားတဲ့ အနုပညာလက်ရာတွေ၊ ဆွဲဆောင်မှုရှိလှတဲ့ လက်ဆောင်ပစ္စည်း တွေ စတာတွေကို ကျွန်မတို့ တွေ့မြင်ကြရတယ်။ နောက်ဆုံး ကျောင်းသားမိဘတစ်ယောက်က မေးခွန်းတစ်ခု ကောက်မေးတယ်။

          “ကျောင်းတိုင်းမှာ အားနည်းချက် တစ်ခုခုတော့ ရှိကြတာချည်းပဲ၊ ဒါဆိုရင် ဒီကျောင်းရဲ့ အားနည်းချက် က ဘာလဲ”

          ကျွန်မတို့ရဲ့ ကျောင်းလမ်းညွှန် ဘာများဖြေလိုက်မလဲဆိုပြီး ကျွန်မလည်း ခေါင်းမော့ကြည့်လိုက်မိတယ်။

          “သင်္ချာကတော့ သိပ်မစွံလှဘူးလို့ ပြောရမယ်ထင်တယ်”

          ကျွန်မတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဆိုကြပါစို့ ပိုက်ဆံချမ်းသာတဲ့ လူတွေသာတက်နိုင် တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု၊ အဲဒီဆေးရုံရဲ့ အဓိကအားနည်းချက်က ခွဲစိတ်ကုသရာမှာ။

          အဲသလိုပါပဲ ကလေးတစ်ယောက်ကို ကျောင်းလက်မခံခင် အိုင်ကျူစစ်တမ်းကို အရင်ယူပြီးမှ ကျောင်း လက်ခံတဲ့ ဈေးကြီးကြီးကျောင်းတစ်ကျောင်းရဲ့ အားနည်းချက်က သင်္ချာ တဲ့။ ဘာများ အဓိပ္ပာယ်ရှိပါသေးသလဲ။ ကျွန်မတို့ကို လိုက်ပို့တဲ့မိဘဆိုရင် သူ့ကလေးသုံးယောက် ပညာသင်စရိတ်အတွက် တစ်နှစ်ကို ဒေါ်လာကိုး သောင်း ပေးနေရတယ်။ ဒါဆိုရင် သူမအနေနဲ့ သင်္ချာဘာသာရပ်ကို တိုးတက်ကောင်းမွန်လာစေဖို့ မတောင်း ဆိုသင့်ဘူးလား။

          ဒီနောက် ဘယ်သူကမှ ဘာမှမပြောကြတော့ဘူး။ ကျွန်မလိုပဲ အားလုံး အံ့အားသင့်သွားကြတာ ဖြစ်မှာ ပေါ့။ အဲဒီတော့မှ ကျောင်းလမ်းညွှန်က စကားဆက်တယ်။

          “ကျွန်မတော့ ဘောလုံးအသင်း ဒီထက် ပိုကောင်းလာစေချင်တာပဲ” ဒီစကားကိုကြားပြီး ကလေးမိဘ တွေ လှုပ်လှုပ်ရွရွ ပြန်ဖြစ်သွားကြပြန်တယ်။

          “တကယ်လား ရှင်ဆိုလိုတဲ့အဓိပ္ပာယ်က ဘာလဲ၊ ဒီကျောင်းမှာ ဘောလုံးအသင်း မရှိဘူးလား၊ ဘယ် အရွယ်မှာစပြီး ဘောလုံးအသင်းထဲ ၀င်ခွင့်ရတာလဲ”

စိတ်ရှုပ်တာနဲ့ ကျွန်မလည်း ကားပါကင်ဘက် ထွက်လာလိုက်မိပါတော့တယ်။ ဒါကသည်ပင် ကမ္ဘာ့လူချမ်းသာသားသမီး ကျောင်းသားလေးတွေရဲ့ သင်္ချာရမှတ်နဲ့ အမေရိကန်ကလေးတွေရဲ့ သင်္ချာရမှတ်ကို နှိုင်းယှဉ်လိုက်တော့ ကျွန်မတို့ကလေးတွေ အဆင့် (၁၈) ကို ရောက်သွားရခြင်းရဲ့အကြောင်းရင်း ဖြစ်မှာပါပဲ။ ပိုက်ဆံချမ်းသာတဲ့ မိဘတွေကိုယ်တိုင်ကတောင် ကလေးရဲ့ သင်္ချာအရည်အချင်းကို ဘောလုံးလောက် စိတ်ဝင် စားမှုမရှိကြတော့ဘူး။

          ဒီအချက်ဟာ အမေရိကနဲ့ ဖင်လန်၊ ကိုရီးယား၊ ပိုလန်နိုင်ငံတို့အကြား အဓိကခြားနားချက်ပါ။ ပညာရေး မှာ စူပါ ပါဝါဖြစ်နေတဲ့နိုင်ငံတိုင်းက မိဘတွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် စနစ်ကျတဲ့ ပညာရေး ဟာ အရေးအကြီးဆုံးဆိုတာ လက်ခံသသဘောပေါက်ထားကြပါတယ်။

          ရှင်တို့ကလေးအတွက် ပထမတန်းစား ကျောင်းတစ်ကျောင်းကို ရှာဖွေနေတယ်ဆိုရင် တွေ့မိတဲ့ ကျောင်းသားမိဘတိုင်းကို ကျောင်းတွေရဲ့အားနည်းချက်က ဘာလဲဆိုတာ မေးကြည့်ကြပါ။ ဂရုတစိုက်လည်း နားထောင်ပါ။ မိဘတွေက ကျောင်းရဲ့အစီအစဉ်တွေမှာ သူတို့ တက်တက်ကြွကြွ ပါဝင်ကြတယ်ဆိုရင် ဘယ်လို ပါဝင်မှုမျိုးလဲလို့ ဆက်မေးပါ။ တကယ်တော့ အမေရိကန် မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေမှာ တခြားပညာရေး စူပါ ပါဝါနိုင်ငံတွေက မိဘတွေထက်ပိုပြီး ပါဝင်ပတ်သက်ကြပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ကလေးရဲ့ ပညာရေးကို အထောက်အကူ မပြုလှပါဘူး။

          ရန်ပုံငွေရှာမယ်၊ ဘောလုံးပွဲတွေသွားမယ်၊ ဆရာကန်တော့ပွဲတွေ ခမ်းခမ်းနားနားလုပ်မယ် ဒါမျိုးတွေပါ။ ဒါတွေဟာ လုပ်သင့်တဲ့ ကိစ္စတွေဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒါတွေနဲ့ ကလေးတွေရဲ့ ပညာရေးအဆင့်အတန်းကို မြှင့်တင်မပေးနိုင်ပါဘူး။

          တစ်ကမ္ဘာလုံးမှာပဲ ကလေးတွေရဲ့ပညာရေးအပေါ် မိဘတွေအပိုင်းက လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ မိဘဆရာ အစည်းအဝေးလိုဟာမျိုးတွေဟာ ပညာရေးကို အထောက်အကူ မဖြစ်လှပါဘူး။ သုတေသနအရ ကလေးရဲ့ကျောင်းမှာ ပြုလုပ်တဲ့ကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်တဲ့ မိဘတွေဟာ ပညာတော် တဲ့ကလေးကို မွေးထုတ်ပေးနိုင်ဖွယ် သိပ်မရှိဘူးလို့ သိရပါတယ်။ ကလေးရဲ့ ပညာရေးကို တကယ်ထိရောက် စေတဲ့ မိဘရဲ့ ပါဝင်ပူးပေါင်းမှုဟာ အိမ်မှာပါ။

          လက်ဦးဆရာလို့ သူတို့ကိုယ်သူတို့ ယုံကြည်တဲ့မိဘတွေဟာ ကလေးငယ်စဉ်ကစလို့ ကြီးလာတဲ့အထိ ကလေးရဲ့ပညာရေးကို အရိပ်တကြည့်ကြည့် ရှိနေတတ်ကြပါတယ်။ ကလေးတွေနဲ့ သူတို့ကျောင်းရဲ့ တစ်နေ့တာကိစ္စတွေ၊ အရေးကြီးတဲ့ ကမ္ဘာ့သတင်းအကြောင်းတွေ ပြောကြတယ်။ ကလေးကို အမှားတွေ့စေပြီး မှ အမှန်ရောက်အောင် လမ်းညွှန်ပေးတတ်ကြတယ်။ အလေ့အကျင့်ကောင်းတွေ ရလာအောင် ပြုစုပျိုးထောင် ပေးပြီး ကလေးတွေကိုယ်တိုင် ဆုံးဖြတ်ချက်နဲ့ လုပ်သွားနိုင်ဖို့ အားပေးကြတယ်။ တကယ်ဆိုရင် မိဘတွေ ကိုယ်တိုင်ကပင် ဆရာတစ်ပိုင်းပါ၊ စနစ်ကျတဲ့ပညာရေးကို လိုလားကြတယ်။ ကလေးသိပ်ငယ်စဉ်မှာ သူတို့က လေး ကျရှုံးတာကိုတောင် ဆန္ဒရှိတတ်ကြပါတယ်။ လက်ရှိ အလုပ်ကြိုးစားခြင်း၊ စိတ်မပျက်တတ်ခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း စတာတွေဟာ ကလေးရဲ့ အနာဂတ်မှာ အကျိုးရှိစေမယ့် သင်ခန်းစာ တွေဆိုတာ မိဘတွေ သဘောပေါက်ကြတယ်။

          ပညာရေးနဲ့ပတ်သက်လို့ ကမ္ဘာမှာ အတော်ဆုံးနိုင်ငံတွေက မိဘတွေအများစုက ပညာရေးမှာ စည်းစ နစ်ကြီးမှုဟာ အရေးကြီးတယ်လို့ မတူညီတဲ့ယဉ်ကျေးမှု၊ သမိုင်းတွေကြားကနေ နားလည်ထားကြပါတယ်။ ဥပမာ- ကလေးကို ဆရာက စည်းကမ်းပျက်မှုကြောင့် ခုံပေါ်တက်အရပ်ခိုင်းတာကို အမေရိကန်မိဘတွေက သဘောပေါက် နားလည်ထားသလိုမျိုးပါပဲ။

(ဆက်ရန်)

ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ ( The Smartest Kids in the World)


ကမ္ဘာ့အတော်ဆုံး ကလေးများ
By Amanda Ripley

အခန်း (၃)
How to spot a world-class education
ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်လိုရှာဖွေကြည့်မလဲ


သတင်းသမားအများစုလိုပါပဲ၊ ကျွန်မကလည်း ဇာတ်လမ်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကို ဆက်စပ်ပေးပြီး စာဖတ် သူကိုယ်တိုင် ကောက်ချက်ချတာကို ပိုသဘောကျပါတယ်။ ဒီနည်းက နှစ်ဦးနှစ်ဖက်စလုံးအတွက် ပိုကောင်းပါ တယ်။

          ဒါပေမဲ့လို့ ကျွန်မရောက်ခဲ့တဲ့ နေရာတိုင်းမှာ တွေ့ခဲ့တဲ့ မိဘတိုင်းကတော့ သူတို့ဘ၀အတွက် တကယ် အရေးပါမယ့် ကျွန်မဆီက တိကျတဲ့အဖြေကို တောင်းတတ်ကြတယ်။ စူပါမားကတ်မှာတွေ့လည်း မေးကြတယ်။ အားကစားကွင်းတွေမှာတွေ့လည်း မေးကြတယ်။

          နိုင်ငံတော်တော်များများက မိဘတိုင်းမှာပဲ ကိုယ့်ကလေးကို ဘယ်ကျောင်းမှာ ထားမယ်ဆိုတဲ့ ရွေးချယ် ခွင့် ရှိတတ်ကြပါတယ်။ ဒီဆုံးဖြတ်ချက်က သိပ်ပြီးခက်ခဲတာ မဟုတ်သလို သိပ်လည်း မလွယ် ကူလှပါဘူး။ အခု ပြောပြမှာတွေက လူတော်တော်များများ သိချင်နေတဲ့ကိစ္စအတွက် ကျွန်မ အကောင်းဆုံး ကြိုးစားဖြေဆိုလိုက် တဲ့ အဖြေတွေပါပဲ။

          ကျောင်းသားတစ်ဦးချင်းစီတိုင်းဟာ မတူကွဲပြားပါတယ်။ ဒီကျောင်းမှာ အတော်ဆုံးကျောင်းသား တစ်ယောက်ဟာ အခြားကျောင်းတစ်ကျောင်းမှာ အချာ်ဆုံးလည်း ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကလေးအတွက် စည်းကမ်းလည်း သေ၀ပ်၊ သက်ဝင်လှုပ်ရှားမှုလည်းရှိ၊ စိတ်ဓာတ်နဲ့ပညာရေး အပြည့်အ၀ ရရှိနိုင်မယ့် ကျောင်း တစ်ကျောင်းကို ရွေးချယ်ကြရာမှာတော့ မေးစရာမေးခွန်းတွေလည်း ရှိနေပါ တယ်။

          အခု ကျွန်မပြောပြမှာတွေကတော့ ကမ္ဘာ့တိုက်ကြီးလေးတိုက်လုံးက ကျောင်းတွေကို ခြေဆန့်ပြီး ကျောင်းသားတွေ၊ ဆရာတွေ၊ မိဘတွေနဲ့ ပြောရင်း၊ နားထောင်ရင်း ကျွန်မ ရှာဖွေယူခဲ့တဲ့ ဗဟုသုတတွေကနေ ဖြန့်ဝေပေးချင်တဲ့ အခြေခံအရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။ ကျွန်မနဲ့စကားပြောခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ ကျွန်မထက်တော်သူတွေချည်းပါပဲ။ ဒါတွေဟာ အပြည့်အစုံမဟုတ်ပေမဲ့ ဒါတွေကနေ အစပျိုးယူလို့တော့ ရပါလိမ့်မယ်။


ကျောင်းသားတွေကိုလေ့လာပါ

ကျောင်းတစ်ကျောင်းရဲ့ အခြေအနေကို သိချင်ရင် သူများဆီကရထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကို မေ့ထားလိုက်ပါ။ ကျောင်းသား၊ ဆရာမိဘ မိတ်ဆုံစားပွဲတွေလား။ ကျောင်းရဲ့ပညာရေးနဲ့ မဆိုင် လှပါဘူး။ ကျောင်းသားတစ်ဦးချင်းစီရဲ့ အသုံးစားရိတ်တွေလား။ ဒါလည်း သိပ်မဆိုင်လှပါဘူး။ တစ်ကမ္ဘာလုံးက ကျောင်းတွေကိုကြည့်ရင် ငွေကြေးသုံးစွဲမှုဟာ ပညာရေးကောင်းမွန်လာစေရမယ်လို့ အာမခံချက် မပေးနိုင်ပါ ဘူး။ ကမ္ဘာ့အတော်ဆုံး ကျောင်းသားတွေ မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံတိုင်းဟာ အမေရိကန်လောက် ပညာရေး စရိတ် မသုံးစွဲတဲ့ နိုင်ငံတွေချည်းပါပဲ။

ဒါဖြင့် စာသင်ခန်းရဲ့ ကျောင်းသားဦးရေ ပမာဏလား။ အလွန်ငယ်သေးတဲ့ ကလေးတွေရဲ့ စာသင်ခန်း ကလွဲရင် လူတွေထင်ထားသလောက် ဒါလည်း အရေးမပါလှပါဘူး။ အမှတ်အများဆုံးရတဲ့ နိုင်ငံတွေက စာသင် ခန်းတွေဟာ အမေရိကန်က စာသင်ခန်းတွေထက် ကြီးနေ၊ ပိုများနေတာချည်းပါပဲ။ သင်ကြားပြသမှု အရည် အသွေးဟာ စာသင်ခန်းပမာဏထက် ပိုပြီးအရေးကြီးတယ်ဆိုတာ သုတေသနတွေက ပြောပြနေပါတယ်။

စာမေးပွဲဆိုင်ရာ အချက်အလက်ကတော့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း နိုင်ငံတိုင်းရဲ့ အခြေအနေကို သုံးသပ်ဖို့ တော်တော်ခက်ခဲပါတယ်။ စာမေးပွဲစစ်ဆေးပုံ ဘယ်လောက် ကောင်းမွန် သလဲ။ ကျောင်းသားတွေ အိမ်မှာ ကိုယ်ပိုင်လေ့လာခဲ့တာအပြင် ကျောင်းရောက်ရင် ဘယ်လို အရည်သွေးတွေ ထပ်ဆောင်းပေးနိုင်မလဲ။ စသဖြင့် စသဖြင့်ပေါ့။ အမေရိကန်ရဲ့ကျောင်းတိုင်းမှာ ဒီလိုအချက်အလက်တွေ အားလုံးရှိပါတယ်။ လူသိရှင်ကြား ထုတ်ဖော်မပြတာပဲ ရှိပါတယ်။

ဒါတွေအစား ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးကိုသိချင်ရင် စာသင်နေချိန်မှာ မိနစ်နှစ်ဆယ် လောက် အချိန်ယူပြီး စာသင်ခန်းတွေကို လေ့လာပါ။

စာသင်ကျောင်းထဲကို ရောက်မိပြီဆိုရင် ဘယ်နေရာမှာ လေ့လာကြည့်ရမယ်ဆိုတာ အရေးကြီးပါတယ်။ ကျောင်းသားမိဘတိုင်းဟာ စာသင်ခန်းဘေးမှာရှိတတ်တဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို ကြည့်ပြီး လေ့လာမိ တတ်ကြပါတယ်။ ဒီထက်ကောင်းတဲ့ အကြံဉာဏ်က ကျောင်းသားတွေကို ကြည့်ရှုလေ့လာပါ။

ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ဆိုင်းဘုတ်တွေကို ဂရုစိုက်ပါ။ သူတို့ ဘာတွေလုပ်နေတတ်သလဲ။ ကြိုးစားပန်းစား ရှိရဲ့လားဆိုတာ လေ့လာပါ။ ကျောင်းစည်းကမ်းတွေဘာတွေကို ဖတ်ကြည့်မနေပါနဲ့။ ကလေး တွေ အမှန်တကယ် သင်ကြားနေချိန်ဟာ ဆရာတွေရဲ့ အခန်းကသိပ်မပါဝင်ဘဲ သူတို့အုပ်စုအချင်းချင်း ဆူညံနေတဲ့ အခိုက်အတန့်မျိုး ဖြစ်နေတတ်ပါတယ်။ အညံ့ဖျင်းဆုံး စာသင်ခန်းတချို့ဟာ လူကြီးတွေ အပန်းဖြေ တဲ့အခန်းလို တိတ်ဆိတ်ပြီး သန့်ရှင်းသပ်ရပ်နေတတ်ပါတယ်။

          စနစ်တကျရှိတဲ့စာသင်ခန်းဟာ စနစ်တကျ ရှိပုံပေါ်တယ်ဆိုတာကိုလည်း သတိရပေးပါ။ တကယ်လို့ ကျောင်းသားလေးတွေဟာ သူတို့ဖတ်စာအုပ်တွေနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် ဒါဟာ ကွက်လပ်ဖြည့်တာသာ ဖြစ်ပြီး လေ့လာနေကြတာ မဟုတ်ပါဘူး။ တခါတခါ ကျောင်းသားတွေ မသက်မသာ ခံစားနေရတာမျိုးလည်း ရှိသင့်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ သူတို့ကို စိတ်သာမပျက်စေပါနဲ့။ သူတို့စိတ်ပျက်ရင် သူတို့အချင်း ချင်း အကူအညီပေးနိုင်အောင် စီစဉ်ပေးတာက ပိုပြီးအလုပ်ဖြစ်ပါတယ်။ သူတို့ကို ကစားချိန်၊ ထမင်းစားချိန် တွေ အကြာကြီး ပေးမထားသင့်ပါဘူး။ သူတို့စိတ်ထဲမှာ အရေးကြီးတယ်၊ အမြန်လုပ်ရမယ်ဆိုတဲ့ အသိစိတ်ရှိ နေသင့်ပါတယ်။

          ဆရာ့အပေါ်မှာ အာရုံစိုက်နေဖို့ ကြိုးစားရမယ်။ ကမ္ဘာ့အကောင်းဆုံး စာသင်ခန်းတွေက ဆရာတချို့ဟာ နှုတ်နည်းတတ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ဖော်ဖော်ရွေရွေလည်း ရှိနေနိုင်ပါတယ်။ ပြီးတော့ ဆရာတစ်ယောက်ဟာ ပေါကြောင်ကြောင် တောင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ရှင်တို့ ခဏရောက်ပြီး ဆရာ့အပေါ် မှာ ထားရှိတဲ့အမြင်ဟာ တစ်နှစ်လုံး ဆရာနဲ့အတူနေရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ သူ့ဆရာအပေါ်ထားရှိ တဲ့ အမြင်လောက် အရေးမကြီးဘူးဆိုတာ သတိရပါ။

          ကျွန်မရောက်ခဲ့တဲ့ နိုင်ငံတိုင်းမှာ လေ့လာကြည့်ခဲ့ပါတယ်။ ကျွန်မ စာသင်ခန်းထဲဝင်အသွားမှာ ကျွန်မ ကို ကျောင်းသားတွေက ဘယ်လောက်အာရုံစိုက်သလဲ။ စာထဲမှာဝင်စားနေတဲ့ ကျောင်းသားတွေဟာ ကျွန်မကို သိပ်အာရုံမစိုက်နိုင်ပါဘူး။ သူတို့မှာ ပိုပြီး အာရုံစိုက်စရာတွေ ရှိနေပါတယ်။ ပျင်းရိငြီးငွေ့နေတဲ့ ကျောင်းသား လေးတွေကတော့ နောက်လှည့်ကြည့်ပြီး ပြုံးပြတာမျိုး၊ လက်ပြတာမျိုး၊ ကျွန်မနှာချေရင် တစ်ရှူးထုတ်ပေးတာ မျိုးအထိ လုပ်တတ်ကြပါတယ်။ သူတို့စိတ်ဟာ သင်ခန်းစာထဲကထွက်ပြေးဖို့ အကွက်ချောင်းနေကြတာမျိုးပါ။

          စာသင်ခန်းထဲမှာ ပျင်းရိနေတဲ့ကျောင်းသားတွေ နိုင်ငံတိုင်းမှာ တွေ့ရပါတယ်။ သင်ခန်းစာအပေါ် ပျင်းရိ ငြီးငွေ့ခြင်းဟာ မူလတန်းကနေ တက္ကသိုလ်အဆင့်ထိ ရှိနေပါတယ်။ အမေရိကန်က စာသင်ခန်းထဲမှာဆိုရင် ဘောလ်ပင်နဲ့ သူမလက်မောင်းပေါ်မှာ နှင်းဆီပွင့်တစ်ပွင့်ပုံ ကျကျနနရေးဆွဲနေတာကို တွေ့ခဲ့ရတယ်။ သူမလုပ် နေပုံဟာ အေးအေးဆေးဆေးနဲ့ စိတ်ရှည်လက်ရှည် ရှိလွန်းလှပါတယ်။ နောက်တစ်ယောက်ကတော့ သူ့စာသင်ခုံအောက်မှာချထားတဲ့ ခြေထောက်နှစ်ဖက်နဲ့ စိတ်ပါလက်ပါကနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာ ကိုယ်အထက်ပိုင်းကတော့ နည်းနည်းလေးမှ လှုပ်မနေပါဘူး။

          ကျွန်မ ဖင်လန်နိုင်ငံမှာ တွေ့ခဲ့ရတဲ့ ကျောင်းသားတစ်ယောက်ကတော့ သူ့နောက်မှာရှိတဲ့ ပြူတင်း ပေါက်လိုက်ကာကို စိုက်ကြည့်နေလိုက်တာ သူ့ကို တစ်နေရာရာကို သယ်ဆောင်သွားမယ့် လေထီးတစ်ခုကို ကြည့်နေသလိုမျိုးပါ။ ကိုရီးယားမှာတော့ စာသင်ခန်းထဲမှာ စိန်ပြေနပြေ အိပ်နေတတ်ကြတဲ့ ကျောင်းသားတွေ ကို တွေ့ရတယ်။ တချို့က ခုံပေါ်ခေါင်းတင်ပြီး အိပ်တယ်။ တချို့ဆိုရင် ခေါင်းအုံးတောင်ပါသေးတယ်။ ကိုရီး ယားဆိုတဲ့ နိုင်ငံက ပျင်းရင် အိပ်၊ အိပ်ပြီးရင် တစ်ညလုံး ပြန်ပြီးလေ့လာဆိုတဲ့ နိုင်ငံမျိုးပါ။

          ကျောင်းသားတွေ ပျင်းရိတယ်ဆိုရာမှာ အကြောင်းတရားတွေက မတူတတ်ကြပါဘူး။ တစ်ကျောင်းထဲ မှာရှိတဲ့ စာသင်ခန်းချင်းတောင် မတူကြပါဘူး။ အကောင်းဆုံးကျောင်းတွေမှာတော့ ပျင်းရိတယ်ဆိုတာဟာ ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ချွင်းချက်လို့ပဲ မှတ်ယူရမှာပါ။ စာသင်ခန်း ငါးခန်းလောက်ကို လျှောက်ကြည့်လို့ ကျောင်းသားကိုးယောက် ဆယ်ယောက်လောက်က စာကို စိတ်မ၀င်စားတာမျိုးမဟုတ်ဘဲ တစ်ယောက်စနှစ် ယောက်စကသာ စာကို စိတ်မ၀င်စားတာဆိုရင် အဲဒီကျောင်းဟာ ရှင်တို့ကလေးကို ကျောင်းအပ်သင့်တဲ့ ကျောင်းတစ်ကျောင်းပါပဲ။

(ဆက်ရန်)
ဇင်ဝေသော်

ရတနာမြေပုံ (၄) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

"စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် ၀င်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကလေးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် အမေရိကရဲ့ တစ်နှစ် ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာရှိပါတယ်"

(အရင်ပို့စ်မှ အဆက်)
(ဒီမေးခွန်းရဲ့ အဖြေမှန်ကို ဖင်လန်၊ တောင်ကိုရီးယားနဲ့ အမေရိကား ကေ ကျာင်းသားတွေရဲ့ သုံးပုံတစ်ပုံကပဲ မှန်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်)

လက်ကမ်းစာစောင်နဲ့ပတ်သက်လို့တော့ အဖြေမှန်ရယ်လို့မရှိပါဘူး။ ကိုယ့် အမြင်ကို ကျကျနန ဖွင့်ဆိုရှင်းပြပေးနိုင်ရင် အမှတ်ပြည့်ရတာပါပဲ။ ဒါပေ မဲ့ ရှေ့မှာသုံးခဲ့ပြီးတဲ့ စကားလုံးတွေကို ထပ်တလဲသုံးပြီး ဖြေရုံနဲ့တော့ အမှတ်မရနိုင်ပါဘူး ဥပမာ မေးခွန်းထဲမှာပါပြီးသားဖြစ်တဲ့ “ friendly “ လို “ encouraging “ လိုစကားလုံးတွေပေါ့။ အလားတူပါပဲ “ Interesting “ တို့ “ easy to read “ တို့ “ clear “ တို့ဟာလည်း သိပ်မစွံလှပါဘူးလို့ သတ်မှတ် ထားပါတယ်။ ကိုယ်သုံးစွဲမယ့် စကားလုံးဟာ ကိုယ့်မူပိုင်ဖြစ်နေရမယ်။ သူတို့ (စာစစ်သူတွေ) မျှော်လင့်ချက်က တော်တော်ကြီးမြင့်နေပါတယ်။ တစ်ကမ္ဘာလုံးကကျောင်းသားတွေထဲ ဆယ်ရောက်မှာ လေးယောက်ပဲ ဒီမေး ခွန်းရဲ့အဖြေမှန်ကို ရခဲ့ကြပါတယ်။

မေးခွန်းပုံစံတွေကိုကြည့်ရင် တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူဘူးဆိုတာ တွေ့ရ ပါတယ်။ ဥပမာ မက္ကဆီကိုက ကျောင်းသားတွေကို အီရီရေကန် ( Lake Erie ) ရဲ့ ဒိုင်ယာမီတာကို တိုင်းထွာပြဖို့ မမေးပါဘူး။ ဒီလိုအသေးစိတ်တွက်ချက်မှုတွေဟာလည်း ပီစာ စာမေးပွဲမှာ အရေးမပါလှ ပါဘူး ပီစာ စာမေးပွဲဆိုတာကကို အချက်အလက်တွေကို သိပ်ပြီးအလေး ထားနေတာမျိုးမဟုတ်ဘဲ အရေးပါတဲ့ အချက်တွေကို အခြေခံပြီး တစ်ခုခု ဖန်တီးပေးနိုင်တဲ့ စွမ်းရည်ကိုပဲ အဓိကထားပြီး စစ်ဆေးတာပါ။
နောက်ဆုံးတော့ ကျွန်မရဲ့စာမေးပွဲရလာဒ်ကို စာမေးပွဲကြီးကြပ်ပေးသူကိုပဲ ကျွန်မဖတ်ပြလိုက်တယ်၊ သူကလွဲလို့လည်း ဘယ်သူမှအနားမှာ မရှိဘူးလေ။ သိပ္ပံနဲ့ပတ်သက်တဲ့အဖြေတစ်ခုပဲ ကျွန်မလွဲသွားတယ်၊ Good Job လို့သူမက အားရ၀မ်းသာပြောပါတယ်။ ကျွန်မအသက်ဟာ ပီစာ စာမေးပွဲဝင်ရောက်ဖြေ ဆိုကြတဲ့ ကလေးတွေထက် (၂၄) နှစ်ပိုကြီးတယ်ဆိုတာကိုတော့ ကျွန်မ တို့နှစ်ယောက်စလုံး သိကြတာပေါ့။

အဲ့ဒီအဆောက်အဦးထဲကနေ ထွက်လာခဲ့တဲ့နောက်မှာတော့ ကျွန်မစိတ် ထဲ လေးလံလို့နေတယ်။ ကျွန်မရမှတ်ဟာ ကျွန်မနိုင်ငံက ကလေးတွေကို ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ ကျွန်မသဘောပေါက်လိုက်မိတယ်။ ဒီစာမေး ပွဲက လွယ်တာလည်းမဟုတ် ခက်တာလည်းမဟုတ်ဘူး။ ကျွန်မ မှန်အောင်ဖြေနိုင်ခဲ့တဲ့ မေးခွန်းတစ်ခုဆိုရင် ကျွန်မတို့နိုင်ငံက (၁၅) နှစ် သားကျောင်းသား (၁၈) ရာခိုင်နှုံးပဲ အဖြေမှန်ရခဲ့ကြတယ် အခြားမေးခွန်းတွေလည်း အဲ့သလိုပါပဲ။ ကျွန်မ ဖြေနိုင်ခဲ့တဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ဖင်လန်နဲ့တောင်ကိုရီးယား ကျောင်းသားတွေအများစုက မှန်ေ အာင်ဖြေနိုင်ခဲ့ကြတယ်။ ကျွန်မတို့ အမေရိကန်ကျောင်းသား အများစုကေ တာ့ အဖြေမှန်နဲ့ ဝေးနေကြရှာတယ်။
ပီစာ စာမေးပွဲမှာ လိုအပ်တဲ့အရည်အချင်းက ပြဿနာရဲ့အဖြေကိုရှာဖွေခြင်း နဲ့ လူအချင်းချင်း ဆက်ဆံရေး အတတ်ပညာပါ၊ တနည်းအားဖြင့်ပြောရရင် သတင်းအချက်အလက်တွေနဲ့ အသက်ရှုကြပ်ပြီး စီးပွားရေးအပြောင်း အ လဲတွေ ရုတ်တရက် ကြုံတွေ့ရနိုင်တဲ့ ဒီခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျွန်မတို့ မိသားစုကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတဲ့ အခြေခံအရည် အချင်းတွေပါပဲ။

ဒီလိုမေးခွန်းတွေကို ကောင်းကောင်းမဖြေဆိုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ။ ကျွန်မတို့ ကျောင်းသားတိုင်း ဆရာဝန်တွေ၊ ရှေ့နေေ တွ ဖြစ်နေစရာမလိုပါဘူး။ ဒါပေမဲ့ သူတို့အားလုံး ဘယ်လိုစဉ်းစား တွေးခေါ် ရမယ် ဆိုတာတော့ သိဖို့မလိုအပ်ပေဘူးလား။
ပီစာ စာမေးပွဲဟာ အရည်အချင်းအားလုံးကို တိုင်းတာပြနိုင်တယ်လို့တော့ ကျွန်မ မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီစာမေးပွဲဟာ ကလေးတစ်ယောက်ရဲ့ စဉ်း စာတွေးခေါ်နိုင်မှုကိုတော့ တိုင်းတာပြနိုင်တယ်။ အမေရိကန် ပါမောက္ခများ အဖွဲ့ချုပ်ကတော့ “ အမေရိကရဲ့ ပညာရေးဟာ လွတ်လပ်တဲ့ လူ့အဖွဲ့ အ စည်းမှာ တည်ထွင်ဆန်းသစ်တဲ့ လူငယ်တွေ မွေးဖွားပေးနိုင်ဖို့ စီစဉ် ဖန်တီး ထားတဲ့ ပညာရေး “ လို့ ကြွေးကြော်ခဲ့ကြတယ်။
တကယ်လို့ တည်ထွင်ဆန်းသစ်တဲ့ အတွေးဟာ အမေရိကပညာရေးရဲ့ အ မှတ်အသားတစ်ခုဆိုရင် ဒီပညာရေးဟာ ဘာဖြစ်လို့ ကျွန်မတို့ရဲ့ ၁၅ နှစ် သားကျောင်းသားလေးတွေအပေါ်မှာ ထင်ဟပ်မှုမရှိခဲ့တာပါလဲ။

ဒီအတိုင်းဆိုရင် အမေရိကန်ကျောင်းသားလေးတွေနဲ့ ပညာသင်စာရိတ်တွေ ထုတ်ပေးနေရတဲ့ မိဘ၊ အစိုးရတွေဟာ အချိန်တွေ၊ ငွေတွေများ စွာ ဖြုန်းတီး ရာရောက်နေပြီလား ဆိုတဲ့အတွေးကနေ ခွဲထွက်ဖို့ ကျွန်မအတွက် မလွယ်ကူ လှရိုးအမှန်ပါပဲ။ ၂၀၀၉-ခု ပီစာ စာမေးပွဲမှာ အမေရိကန်ကျောင်းသားတွေရဲ့ သင်္ချာရလာဒ်ဟာ ကမ္ဘာမှာ အဆင့် (၂၆) ရှိတယ်၊ သိပ္ပံမှာ အဆင့် (၁၇) စာ ဖတ်ခြင်းမှာ (၁၂)ရှိခဲ့တယ်။ ဒါသာဖြစ်တဲ့ ကလေးတစ်ယောက်ချင်းစီရဲ့ ပညာရေး အသုံးစားရိတ်မှာ ကျွန်မတို့က အဆင့်(၂) မှာရှိပါတယ်။ (ကျွန်မတို့ထက် ပညာရေးမှာ ပိုပြီးသုံးစွဲတဲ့နိုင်ငံကတော့ လူဇင်ဘတ်နိုင်ငံပါ၊ ဒီနိုင်ငံရဲ့လူဦးရေက Tennesseen Nashville လူဦးရေထက်လျှော့နည်းပါ တယ်)

ကျွန်မတို့ ဖြုန်းတီးခဲ့တာတွေအကြောင်းကို တွေးမိရင် ရင်နာစရာပါပဲ။ စီးပွားရေးပညာရှင်တွေ လေ့လာသုံးသပ်လို့ရတာက အခုကလေးတွေရဲ့ ပီစာ စာမေးပွဲရမှတ်တွေကို အခြေခံပြီး နိုင်ငံတွေရဲ့အနာဂတ် တစ်ဦးချင်းဝင်ငွေကို တွက်ချက်လို့ရနေပြီဆိုတာပါ။ ဒီအပြင် အခြားအကြောင်းတရားတွေလည်း ပါ ၀င်မှုတော့ရှိတာပေါ့။ ဘယ်လိုလေ့လာရမယ် ဘယ်လိုတွေးခေါ်ရမယ် အပြောင်းအလဲတွေကြားမှာ ဘယ်လိုဟန်ချက်ညီအောင် ထိန်းထားနိုင်ရမယ် စတာတွေပါ။ တကယ်လို့ အမေရိကရဲ့ ကလေးတွေသာ ဖင်လန်က ကေ လးတွေလို ပီစာရမှတ်တွေ ရှိနေမယ်ဆိုရင် တစ်နှစ်ချင်းမှာပဲ အမေရိကရဲ့ ၀င်ငွေဟာ တစ် ထရီလီယံကနေ နှစ် ထရီလီယံအထိ တိုးတတ်လာနိုင်စရာ ရှိပါတယ်။
ကျောင်းသားတွေအတွက်ကျပြန်တော့ ပီစာရမှတ်ဟာ ဘယ်တက္ကသိုလ်ကို တတ်ခွင့်ရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျောင်းရီပေါ့တ်တွေထက် ပိုပြီးသေ ချာပါတယ်။ ပီစာ စာမေးပွဲရဲ့ စာဖတ်အရည်အချင်း စစ်တမ်းမှာ သိပ်မစွံလှ တဲ့ကလေးတွေဟာ အထက်တန်းကျောင်းမှာတင် ပညာရေးဆုံးခန်းတိုင်ဖို့ အလားအလာတွေအများကြီးရှိပါတယ်။ ပီစာ စာမေးပွဲစစ်ဆေးတာက သူ တို့ခေါင်းထဲမှာ ဘယ်လောက်မှတ်ထားနိုင်တယ်ဆိုတာမဟုတ်ဘဲ သူတို့ စိတ် ဓာတ် တတ်ကြွမှုကို စစ်ဆေးလိုက်တာပဲဖြစ်ပါတယ်။ ဒီစာမေးပွဲဖြေပြီး စာမေး ပွဲနဲ့ပတ်သက်လို့ စိတ်ထဲမှာ မတင်မကျ ခံစားခဲ့ရပါတယ်။ ပီစာ စာမေးပွဲနဲ့ ဒီ စာမေးပွဲနဲ့ပတ်သက်တဲ့ စာမျက်နှာတစ်ထောင်ကျော်တဲ့ သုံးသပ်ချက်တွေဟာ အနာဂတ်ရတနာမြေပုံပဲဖြစ်ပါတယ်။ ဒီရတနာမြေပုံကိုကြည့်ပြီး ဘယ်နိုင်ငံက သူတို့ကလေးတွေကို စဉ်းစားတတ်အောင် သင်ပေးထားသလဲ ဘယ်နိုင်ငံေ တွက ဒါတွေကို သင်ပေးမထားဘူးလဲ ဆိုတာကိုလည်း အဖြေရှာလို့ ရသွား ပါတော့တယ်။

တိုးတတ်မှု၊ အောင်မြင်မှု အရှိဆုံးသုံးနိုင်ငံကို ဒီလိုအုပ်စုသုံးမျိုး ခွဲခြားကြည့် လိုက်မိပါတယ်။
၁။ ဖင်လန်ရဲ့ အိပ်မက်မြို့တော် မော်ဒယ်။ သူတို့ပညာရေးဟာ ကလေးတွေ ကို အပြင်းအထန် မောင်းနှင်မှုမရှိ၊ မိဘတွေရဲ့ ပါဝင်ပတ်သက်မှုလည်း မရှိ လှဘဲ အောင်မြင်မှုရနေတဲ့ ပညာရေးစနစ်ပါ။
၂။ တောင်ကိုရီးယားရဲ့ pressure – cooker မော်ဒယ်။ ကလေးတွေက မနေ မနား ကြိုးစားနေကြလွန်းလို့ အစိုးရက ကာဖြူးအမိန့်ထုတ်ထားရတယ်။
(pressure – cooker = လေလုံတဲ့ ထူထူထဲထဲ ဟင်းချက်အိုး တစ်မျိုးပါ၊ အမြန်ကျက်ချင်တဲ့အခါ ဖိအားသုံးပြီး ချက်လို့ရတဲ့အိုးတစ်မျိုး) နဲ့
၃။ ပိုလန်ရဲ့ အသွင်ပြောင်း ပညာရေးမော်ဒယ်။ ကလေးဘ၀ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အမေရိကနဲ့ မတိမ်းမယိမ်းရှိပြီး ကလေးတွေရဲ့ ပညာရေးေ ကြာင့် ရုတ်တရက် အကျိုးအမြတ်ရလာတဲ့ ပညာရေးမော်ဒယ်တို့ပဲဖြစ်ပါ တယ်။

ဒါပေမဲ့ ပီစာ စာမေးပွဲကိုယ်တိုင်ကလည်း ဒီကလေးတွေက ဘာကြောင့် ဒီ လို တော်လာရတာလဲ။ အဲ့ဒီနိုင်ငံတွေက သူတို့လေးတွေရဲ့ ဘ၀ကရော ဘယ်လိုဆိုတာကို ပြောမပြနိုင်ခဲ့ပါဘူး။ စာမေးပွဲနဲ့ စစ်ဆေးလို့မရနိုင်တဲ့ အခြား အကြောင်းတရားတွေအပေါ် အခြေခံပြီး ကလေးတွေရဲ့ဘ၀ ဟာ ပြောင်းလဲလာတာပါ။
ကိုရီးယားက ကလေးတွေဟာ ကျောင်းစာကိုလေ့လာဖို့ အပြင်းအထန် မော င်းနှင်တာကို ခံနေရလို့ တိုးတတ်လာတာလား၊ သဘာဝအတိုင်းပဲ တိုးတတ် လာတာလား။ ဒီနှစ်ခုက လုံးဝမတူပါဘူး။
သင်္ချာမှာ သူတို့တော်သလောက် ဖင်လန်ရဲ့ကလေးတွေကရော ကာရိုက်တာ ပိုင်းမှာ တကယ်တော်သလား။ ကျွန်မမှာ အချက်အလက်တွေ ရှိနေပါပြီ။ ကျွန်မသိလိုတာက သူတို့ရဲ့ဘ၀ပါ။
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကလေးတွေ သူတို့ဆီကနေ သင်ယူနိုင်ဖို့ ဖင်လန်၊ ကိုရီးယား နဲ့ ပိုလန်နိုင်ငံတို့ကို ကျွန်မ ခရီးထွက်ခဲ့ပါတယ်။ ပီစာအမှတ်ကောင်းကောင်းရခဲ့တဲ့ တရုပ်ပြည်က ရှန်ဟိုင်း၊ စင်္ကာပူ စတဲ့နိုင် ငံတွေကိုလည်း ကျွန်မရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ အမိန့်ပေါ်မှာ မူ တည်ပြီး အပြောင်းအလဲ မရှိနိုင်တဲ့ ဒီမိုကရေစီ ပိုထွန်းကားတဲ့ နိုင်ငံတွေ အပေါ်မှာ ပိုပြီးအာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကတိမတည်၊ နိုင်ငံရေးမငြိမ်သက်မှုတွေထဲကနေ အောင်မြင်မှုရအောင် ကြိုး စားလာနိုင်ကြတဲ့ မိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေဆီကို ကျွန်မ သွားချင်ခဲ့တာပါ။
ဒါမှ မျက်စိနဲ့မြင်ခွင့်ရလိုက်တဲ့ အံ့မခန်းမှုတွေ ဖြစ်မယ်မဟုတ်ပါလား။

ရတနာမြေပုံ (2) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

ရတနာမြေပုံ (2)

“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး”
(အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) )

သက္ကရာဇ် ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၉ ခုနဲ့ ၂၀၁၂ ခုတွေမှာ တစ်ကမ္ဘာလုံးနီးပါး က ကျောင်းသားတွေ ပီစာ စာမေးပွဲ ၀င်ရောက် ဖြေဆိုကြပါတယ်။ ၂၀၁၂ ခုမှာ ဆိုရင် ၀င်ရောက်ဖြေဆိုတဲ့ နိုင်ငံတွေ တိုးပွားလာလို့ မေးခွန်းကိုပဲ ဘာသာစကားပေါင်း (၄၀) ကျော်နဲ့ ရိုက်နှိပ်ရပါတယ်။ စာမေးပွဲ စစ်ပြီးတိုင်း စိတ်ထဲထင်ထားတာနဲ့ မဆိုင်တဲ့ အဖြေတွေ ထွက်လာတာချည်းပါပဲ။ ပထမ ဆုံးအချက်ကတော့ အာရှကကျောင်းသားတိုင်း တော်တာ မဟုတ်ဘူးဆိုတာ ပါ။ နောက်ပြီး တီထွင်ကြံဆမှုမှာ အမေရိကန် ကလေးတွေကို ဘယ်သူမှ လိုက် မမီဘူး ဆိုတာ မဟုတ်ဘူးလို့လည်း ပြသနိုင်ခဲ့ပါတယ်။ ပီစာ စာမေးပွဲ မှာ အခြားအခြားသော နိုင်ငံတွေက ကလေးတွေရဲ့ တည်ထွင်ကြံဆ မှု လည်း လိုအပ်နေဆဲပါ။

ပညာရေးမှာ ငွေဟာ အရေးပါလှတယ်လို့လည်း မဆိုနိုင်ပြန်ဘူး။ ကမ္ဘာ့ ပညာရေးမှာ ရှေ့တန်းက တက်လာတဲ့ ကလေးတွေရဲ့ မိဘတွေ ပညာသင် စရိတ် သုံးစွဲတယ်ဆိုတာ အမေရိကနဲ့ ယှဉ်လိုက်ရင် ဘယ်နိုင်ငံမဆို နည်းနေ တုန်းပါပဲ။ ပညာရေးမှာ မိဘတွေရဲ့ ပါဝင်ပတ်သက်မှု အကျိုးသက်ရောက်ပုံ ကလည်း မသဲမကွဲပါ။ ပညာရေးစူပါ ပါဝါနိုင်ငံတွေက မိဘတွေဟာ ကလေး ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု သိပ်မရှိလှပါဘူး။ ပုံစံမတူတဲ့ ပါဝင်ပတ်သက်မှုမျိုးတော့ ရှိတာပေါ့။ အားရှိစရာ အကောင်းဆုံးအချက် ကတော့ တော်လှပါတယ် ဆိုတဲ့ ကလေးတစ်ယောက်ကိုယ်တိုင်ပင် အမြဲ တန်းကြီး တော်နေတာတော့ မဟုတ်ဘူး ဆိုတာ ပါ။

သမိုင်းဆိုင်ရာ စစ်တမ်းတွေအရ ဖင်လန်နိုင်ငံက ကလေးတွေဟာ လည်း မွေးကတည်းက တော်လာ ကြတာ မဟုတ်ဘူး။ အခု လက်တလောနှ စ်တွေမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေကသာ တဖြည်းဖြည်းနဲ့ တော် လာတာပါ။ အပြောင်းအလဲတွေလုပ်ရင်း မျိုးဆက်တစ်ဆက်အတွင်းမှာပဲ သိ သိသာသာ ကြီး တော်လာခဲ့တာပါ။ (စာရေးသူ ဆိုလိုတာက အရင်မျိုးဆက် မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ မတော်လှဘူး၊ အခုမှ တော်လာ တာ၊ အစဉ်အလာအရ တော်နေရမယ်ဆိုရင် အရင်မျိုးဆက် ကလေးတွေ လည်း ဒီမျိုးဆက် ကလေးတွေလိုပဲ တော်နေရမယ်လို့ ကောက်ချက် ဆွဲ ကြည့်တာပါ)
ဒီ အချက်အလက်တွေလည်း ပြန့်သွားရော ရှလေချာကိုယ်တိုင်လည်း ကမ္ဘာကျော် ဆယ်လစ်ဘရစ်တီ ဖြစ်သွားတော့တာပါပဲ။ သူကပဲ ကွန်ဂရက် ထဲမှာ အမေရိကန် ပညာရေးဝန်ကြီး သိလိုတာတွေကို ဖြေပြီးပညာရေး ၀န်ကြီးကိုလည်း အကြံဉာဏ်တွေ ပြန်ပေးထားခဲ့တယ်။

အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) က
“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး” တဲ့။
ယူကေ ပညာရေးဝန်ကြီး မိုက်ကယ် ဂေါ့ဖ် (Michael Gove) ကတော့
“အင်္ဂလိပ် ပညာရေးအတွက် အရေးအပါဆုံးလူ” တဲ့။ ရှလေချာက ဂျာမန် လူမျိုး၊ ပြီးတော့ ပြင်သစ်မှာ နေထိုင်နေသူဆိုတာတောင် သူ ဂရုစိုက် မနေ မိတော့ပါဘူး။
ကမ္ဘာ့နေရာတိုင်းမှာပဲ ပီစာ စာမေးပွဲနဲ့ ပတ်သက်လို့ ဝေဖန်သံတွေလည်း ရှိနေတာပါ။ တချို့ကလည်း ဒီစာမေးပွဲဟာ ယဉ်ကျေးမှုကို အခြေခံပြီး စစ်ဆေးတဲ့ စာမေးပွဲ၊ အလွဲလွဲ အချော်ချော်တွေ ရှိတယ်လို့ ဆိုကြပါ တယ်။ တချို့ကလည်း အမေရိကရဲ့ ကျောင်းပေါင်း (၁၆၅) ကျောင်းက ကျောင်း သားပေါင်း (၅၂၃၃) ယောက် ကိုပဲ ခေါ်ယူစစ်ဆေးတာဟာ တစ်နိုင်ငံလုံးရဲ့ ပညာရေးကို မထင်ဟပ်စေနိုင်ပါဘူး လို့ ဆိုကြပြန်ပါတယ်။ တော်တော် များ များ ပြောကြတာကတော့ ရှလေချာနဲ့ သူ့အဖွဲ့ဟာ စာမေးပွဲရမှတ်လောက် ကိုပဲ မှတ်တန်း ယူထားသင့်တယ်။ ဘာ့ကြောင့် အမှတ်နည်း၊ အမှတ်များရ တာလဲ စတဲ့ တောင်တွေးမြောက်တွေးတွေ ဆက်တွေး မနေသင့်ဘူးလို့ ဆို ကြပါတယ်။

ရှလေချာ ကိုယ်တိုင်ကလည်း ဒီလို ဝေဖန်မှုတွေအပေါ် တော်တော်များများ တုန့်ပြန်မှုပေးခဲ့ပါတယ်။ ပီစာ စာမေးပွဲဟာလည်း ပါဖက်ဖြစ်တဲ့ စာမေးပွဲ မ ဟုတ်သေးဘူး။ ဒါပေမဲ့ ရှေးမှာရှိခဲ့တဲ့ စာမေးပွဲစနစ်တွေ အားလုံးထက်တော့ ပီစာက ပိုပြီးကောင်းတယ်၊ တိတိကျကျပြောနိုင်တယ်လို့ ၀န်ခံစကား ဆိုခဲ့ပါ တယ်။
သမ္မာ ကျမ်းစာ အုပ်ရောင်းတဲ့ လူတစ်ယောက်လိုပါပဲ။ သူက ရောက်တဲ့နိုင်ငံ တိုင်းမှာ ပီစာ စာမေးပွဲရဲ့အဖြေတွေကို ပါဝါပွိုင့် စလိုက်ရှိုးတွေ ပြ ပြပြီး လူစုရင်းရောင်းချခဲ့တယ်။ အဲဒီမှာ သူပြတဲ့အဓိက စာကြောင်းလေးက
“အချက်အလက်တွေနဲ့ မပြနိုင်ရင် ခင်ဗျားဟာ အမြင်ရှိတဲ့ သာမန် လူ တစ်ယောက်ပါပဲ” တဲ့။

စာမေးပွဲရဲ့လေယာဉ်မှူး

သက္ကရာဇ် ၂၀၁၀၊ ၀ါရှင်တန်ဒီစီမှာ ရှလေချာကိုပထမဆုံးကျွန်မ သွားေ ရာက်တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့များပြားလွန်းလှတဲ့ အစည်းအဝေးတွေအကြား ခဏလေးအနားယူခိုက်မှာ တွေ့ဆုံဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ရှလေချာ ဟာ ခေါင်းမွှေးဖြူဖြူ မွဲညစ်ညစ် မုတ်ဆိတ်မွှေးတွေနဲ့ပါ။ သူဟာ ကြည့်ပျော် ရှုပျော် ရှိပါတယ်။ ဒါပေမဲ့တစ်ခုခုကို စူးစိုက်နေပုံတော့ပေါက်နေတယ်။
ပီစာ ကို အထင်တကြီးဖြစ်မိပါတယ်။ ဒါပေမဲ့ သံသယနဲ့ပဲလို့ကျွန်မက သူ့ကိုပြောမိတယ်။ အမေရိကဟာ အချိန်တွေငွေတွေအကုန်ခံပြီး ပညာရေးနဲ့ ပတ်သတ်တဲ့ သုတေသနတွေကမ္ဘာ့နိုင်ငံ အားလုံးထက်ပိုလုပ်ခဲ့တယ်။ အနာ ဂတ်ရဲ့ရတနာ(ကျောင်းသား)လေးတွေနဲ့ပတ်သတ်လို့ ဖတ်မကုန် ရှုမကုန်ေ လာက်တဲ့ အချက်အလက်တွေ ရှိတယ်။ အခုပီစာစာမေးပွဲက ကျွန်မတို့ ကလေးတွေဖြေနေကျစာမေးပွဲထက်ဘာတွေများပိုပြီးထူးခြားနေလို့လဲ။

သူကထိုင်တောင်မထိုင်ပဲ ကျွန်မမေးသမျှမေးခွန်းတိုင်းကို ဂျာမန်လေ၀ဲတဲ့ အင်္ဂလိပ်နဲ့ စဒီပြားကီု ဖွင့်ချ လိုက်သလိုအချက်ကျကျ ဖြေသွားခဲ့ပါတော့ တယ်။
“ပီစာဆိုတာ သမားရိုးကျစာမေးပွဲမဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် ပီစာဆိုတာ စိန်ခေါ်မှုတစ်ရပ် ပါ။ ဘာကြောင့်လဲဆိုရင် စဉ်းစားတွေးခေါ်ဖို့ လိုကို လိုအပ်လို့ပါ” သူကဆိုတယ်။
”ကလေးတစ်ယောက်ရဲ့ အရည်အချင်းအစစ်အမှန်ကို ဘယ်စာမေးပွဲကမှ တိုင်းတာမပြနိုင်ပါဘူး” ကျွန်မကအတွန့်တက်တယ်။
ရှလေချာက ခေါင်းညိတ်ရင်းနဲ့
“ပီစာကိုယ်တိုင်ကလည်းဘ၀ရဲ့အောင်မြင်မှုတွေကို တိုင်းတာပြတဲ့ စာမေးပွဲ မဟုတ်ပါဘူး။ ခင်ဗျား ပြောတာ မှန်ပါတယ်”တဲ့။

ဆက်ရန်.....

ရတနာမြေပုံ (ကမ္ဘာ့အတော်ဆုံး ကလေးများ)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By amanda ripley

ရတနာမြေပုံ

ဒီအခန်းမှာတော့ ကျနော်တို့ကလေးတွေနဲ့ အခု အလှမ်းဝေးနေသေးပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ကျနော်တို့ ကလေးတွေဝင်ရောက် အားစမ်း လာနိုင်စရာရှိတဲ့ (မျှော်လင့်ချက် များစွာ) ပီစာ (PISA- Program for International Student Assessment) စာမေးပွဲအကြောင်းနဲ့ ပီစာရဲ့ လေ ယာဉ်မှူး အွန်ဒရီ ရှလေချာအကြောင်းကို လေ့လာရမှာပါ။
သင်္ချာတွေ သိပ္ပံေ တွအပြင် ဒါတွေနဲ့ဆက်စပ်ပြီး ပြဿနာ အဖြေရှာဖွေနည်း ကိုပါ စစ်ဆေးနိုင်လို့ တစ်ချိန်က နှာခေါင်းရှုံ့ခဲ့သူတွေဆီကတောင် လက်ခုပ် သံ တဖြောင်းဖြောင်းရနေတဲ့ ပီစာနဲ့ ချက်ပြုတ်စီမံပေးသူ အွန်ဒရီ ရှလေချာ ကို နောက်ယောင်ခံ လိုက်ကြည့်ကြရအောင်။

ရတနာမြေပုံ (the treasure map)

အွန်ဒရီး ရှလေချာ (Andreas Schleicher) ဟာ စာသင်ခန်းရဲ့နောက်ပိုင်းမှာ တစုံတရာကို စူးစူး စိုက်စိုက် စဉ်းစားနေရင်း ငြိမ်သက်စွာ ထိုင်နေတယ်။ သူ အမှန်တကယ်တက်လိုစိတ်မရှိလှတဲ့ စာသင်ခန်း တွေကို တက်နေရင်း ဒီစာသင်ခန်းတွေအကြောင်း အဲသလို မကြာမကြာ တွေးနေမိတတ်တယ်။ ဒီ့ထက်ပို ပြောရရင် သူဟာ ဂျာမနီရဲ့ ထိပ်သီးတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟန်းဘတ်တက္ကသိုလ် (University of Hamburg) မှာ ရူပဗေဒ ဘာသာရပ် ကို သင်ယူနေစဉ်ကပါ။ သူအားနေတဲ့ အချိန်တွေမှာ အများတကာတွေ တီဗွီကြည့်နေသလို သူဟာ သူ့သင်ခန်းစာတွေကို စိတ်ကူးနဲ့ ပုံစံတွေ အမျိုး မျိုးဆွဲကြည့်နေတတ်တယ်။
သူ့ကလပ်ကိုတော့ သူ့ကိုယ်သူ ပညာရေးသိပ္ပံပညာရှင်လို့ (educational scientist) ခေါ်တဲ့ သောမတ် နဗီးလ် ပို့စ်စလေးဝိုက် (Postlewaite) က သင် ကြားပေးပါတယ်။ ဒီခေါင်းစဉ်ကို ရှလေချာက စိတ်ဝင်စားနေမိတယ်။ သူ့ရဲ့ ဖခင် ကလည်း ပညာရေးတက္ကသိုလ်မှာ ပါမောက္ခတစ်ယောက်ပါ။ သူ့ဖခင် အမြဲတမ်း ပြောလေ့ပြောထ ရှိတာက ပညာရေးဆိုတာ အခြား ယောဂ ကျင့် စဉ် ပညာရပ်တွေလို ဘာနဲ့မှ တိုင်းတာသတ်မှတ်လို့ မရတဲ့ ရှုပ်ထွေးတဲ့ အနု ပညာရပ်တစ်ခုသာဖြစ်တယ် ဆိုတာပါပဲ။
သူ့ဖခင်ရဲ့ စကားတွေကို နားထောင်ရင်း ရှလေချာ ပြောနိုင်တာကတော့ ပညာရေးဆိုတာ သိပ္ပံနည်းကျ တိုင်းတာလို့မရဘူး။ ဒါကြောင့်လည်း သူဟာ ရူပဗေဒ ပညာရပ်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံးနာမည်ဖြစ်တဲ့ Schleicher ကို ကောင်းကောင်း အ သံ မထွက်တတ်တဲ့ ဗြိတိသျှ ပညာရှင် ပို့စ်စလေးဝိတ် (Postlewaite) ကတော့ ဒီလိုမထင်ခဲ့ဘူး။ ပို့စ်စလေးဝိတ်က သိမ်မွေ့တဲ့ ဘာသာရပ် တစ်ခုခု ကို ခက်ခဲတဲ့နည်းနဲ့ စူးစမ်းကြည့်လိုတဲ့ သုတေသနအဖွဲ့ဝင်ထဲက တစ်ေ ယာက် ဖြစ်နေခဲ့တယ်။ သူတို့ နည်းလမ်းသာ ရှာဖွေတွေ့ရှိမယ်ဆိုရင် ပညာရေးဆိုတာလည်း ရူပဗေဒဘာသာရပ်လို သိပ္ပံဆန်ဆန် ချဉ်းကပ် ကြည့်နိုင်မယ်လို့ ယုံကြည်ထားတယ်။
ရှလေချာဟာ ပညာရေးနဲ့ပတ်သက်တဲ့ အချက်အလက်၊ ဥပမာပုံစံတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေး ငြင်းခုံမှု တွေကို ဂရုတစိုက် နားထောင်နေတတ်ပြီး အပြာရောင်ခပ်မွဲမွဲ မျက်လုံးအစုံဟာ စူးစူးစိုက်စိုက် ရှိလွန်းလှတယ်။ သူ့ ဖခင် ကတော့ ဒါတွေကို သဘောတူမှာမဟုတ်ဘူး ဆိုတာကိုလည်း သူက ကြိုတင် သိနေတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ တကယ်လို့များ တစ်ယောက်ေ ယာက်က ကမ္ဘာမှာရှိရှိသမျှ ကလေးတွေရဲ့ ပညာရေးတွေကို ဘယ်လိုလူမျိုး က၊ ဘယ်လိုဆင်းရဲမွဲတေမှုက ပညာရေးမှာ ဘယ်လိုသက်ရောက်မှုရှိတယ် ဆိုတာကို နှိုင်းယှဉ် ဝေဖန်ပြနိုင်ရင် ဘယ်လိုတွေဖြစ်လာနိုင်မလဲ ဆိုတာကို ပဲ တွေးတောနေမိတယ်။ ဒီလိုနဲ့ သူကိုယ်တိုင် သတိ မထားလိုက်မိဘဲ လက်ညှိုးထောင်မိပြီး သူကိုယ်တိုင် ပညာရေးဆွေးနွေးပွဲထဲ ပါဝင်မိလျက် သား ဖြစ်သွား ပါတော့တယ်။

သူ့အတွေ့အကြုံအရ ဂျာမန်ပညာရေးနယ်ပယ်က ပညာရှင်တွေ ထင်မှတ် ထားသလို ဂျာမဏီရဲ့ ပညာရေးဟာ သိပ်ကောင်းလှတယ် မဟုတ်ဘူးလို့ လက်ခံထားတယ်။ သူငယ်စဉ်ဘ၀က သူ့ရဲ့သင်ခန်းစာဟာ အလွန် ပျင်းရိ ဖွယ်ကောင်းပြီး သူ့ရမှတ်တွေကလည်း သာမန်မျှသာပါပဲ။ ဒါပေမဲ့ ဆယ်ေ ကျာ်သက်အရွယ် ရောက်လာတဲ့အခါမှာတော့ ဆရာတွေရဲ့ သူ့ စိတ်ဝင်စား မှုကို အားပေးချီးမြှေုာက်မှုကြောင့် သိပ္ပံနဲ့သင်္ချာ ပညာရပ်တွေမှာ တော်လာခဲ့ တယ်။ သူ့ရမှတ်တွေလည်း တိုးတက်လာခဲ့တယ်။ အထက်တန်းကျောင်းေ ရာက်တော့ အမျိုးသားသိပ္ပံဆုကို ရရှိခဲ့တယ်။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် အ ထက်တန်းတက္ကသိုလ်ကြီး တစ်ခုခု ကိုတက်၊ လစာကောင်းကောင်းရနိုင်တဲ့ အလုပ်တစ်ခုကိုရဖို့ အာမခံချက်တစ်ခု ရလိုက်တာပါပဲ။ သူကိုယ်တိုင် ပို့စ် စလေး (သ်)၀ိတ်ရဲ့ စာသင်ခန်းထဲ မ၀င်မိခင်အထိ သူ့ရည်ရွယ်ချက်ကလည်း ဒါပါပဲ။

စာသင်ချိန်ပြီးဆုံးတော့ ပါမောက္ခ(ပို့စ်စလေး(သ်)၀ိတ်) က အခန်းထဲမှာ နေ ရစ်ခဲ့ဖို့ သူ့ကိုပြောတယ်။ ပါမောက္ခကြီးက ပိန်ညှော်ညှော်နဲ့ လေသံတိုးတိုး စကားပြောတတ်တဲ့ ဒီလူငယ်လေးဟာ အခြားကျောင်းသား တွေနဲ့မတူ တမူ ကွဲပြားနေတယ်ဆိုတာ သိထားသလိုပါပဲ။
“ဒီ သုတေသနထဲမှာ ပါဝင်ပြီး မင်း ငါ့ကို ကူညီနိုင်မလား”
“ပညာရေးနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှ မသိဘူး” ရှလေချာက ပြန်ပြော တယ်။
“အိုး၊ ဒါက အရေးမကြီးပါဘူး” ပါမောက္ခက အပြုံးနဲ့ စကားပြန်တယ်။

အဲဒီနောက်မှာတော့ ဒီလူနှစ်ယောက်ဟာ ပညာရေးဆိုင်ရာ အချက်အ လက်တွေကို ညှိုနှိုင်းပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ စာဖတ် အရည် အ ချင်းစစ် စာမေးပွဲ (Reading Test) ကို မွေးဖွားပေး လိုက်နိုင် ခဲ့ပါတယ်။ ဒီစာမေးပွဲဟာ ကနဦးစစ်တမ်းတစ်ခုဖြစ်ပြီး ပညာရေးနယ်ပယ်ရှိ ပညာရှင်ေ တွက သဘောလည်း မတူ အသိအမှတ်လည်း မပြုခဲ့ကြပါဘူး။ ဒီအထဲမှာ ရှလေချာရဲ့ဖခင် ပါဝင်နေတာလည်း အမှန်ပဲပေါ့။ ဒါပေမဲ့ ရူပဗေဒပညာရှင် ဒီလူငယ်လေးဟာ အချက်အလက်တွေကို ယုံကြည်သူဖြစ်ပြီး ဒီအချက် အ လက်တွေနောက်ပဲ ခြေရာခံလိုက်နေတော့တယ်။

အသိပညာ အညွှန်းပြ မြေပုံကားချပ်

သက္ကရာဇ် ၂၀၀၀၊ နွေဦးမှာတော့ (၄၃) နိုင်ငံက ဆယ်ကျော်သက် ကျောင်း သားလေးတွေဟာ သမား ရိုးကျမဆန်လှတဲ့ ထူးထူးဆန်းဆန်း ဒီစာမေးပွဲကို ၀င်ရောက်ဖြေဆိုကြပါတော့တယ်။ ထူးထူးဆန်းဆန်း ဒီစာမေးပွဲ ကိုတော့ ပီစာ (PISA) စာမေးပွဲလို့ ခေါ်ပါတယ်။ သူ့အဓိပ္ပယ်ကတော့ Program for International Student Assessment ပါပဲ။ သမားရိုးကျ စာမေးပွဲတွေက ကိုယ်ဝယ်လိုတဲ့ ပစ္စည်းကိုဝယ်ယူဖို့ အကြွေဘယ်နှစေ့ ပေါင်းရမလဲ လို့ မေး ချိန်မှာ ပီစာ စာမေးပွဲကတော့ ဒီအကြွတွေရဖို့ ဘယ်လို ဒီဇိုင်းထွင်ယူမလဲ ဆို တဲ့အဖြေ စာရွက်ထဲမှာ ကြိုးစားခိုင်းထားတဲ့ စာမေးပွဲမျိုးပါ။

ဒီ ပီစာ စာမေးပွဲ ဖွံ့ဖြိုးတိုးတက်လာတာက ဖွံ့ဖြိုးပြီးကမ္ဘာအတွက် Think Tink အုပ်စုရဲ့ မွေးဖွားပေး လိုက်မှုကြောင့်ပါ။ ဒါကိုတော့ (OEDC) Organization for Economic Co-operation and Development လို့ ခေါ် ပါတယ်။ ဒီအဖွဲ့ရဲ့ အဓိက မဏ္ဍိုင်ကတော့ အွန်ဒရီ ရှလေချာ ပါပဲ။ ရှလေချာ ကိုယ်တိုင် ဒီအစီအစဉ်တွေ အထမြောက်လာဖို့ မစ္စတာ ပို့စ်စလေး(သ်)၀ိတ် ရဲ့ ကလပ်ကနေ ထွက်ခွာခဲ့အပြီး ဆယ်ဆုနှစ်တစ်ခုကျော် အချိန် ယူခဲ့ရပါ တယ်။ အစမ်းစာမေးပွဲများစွာကို ကြိုးစားစမ်းသပ်ကြည့်ခဲ့ပေမဲ့ တော်တော် များများကတော့ ရှုပ်ထွေးပြီး အလုပ်မဖြစ်လှပါဘူး။ ဒီအတွေ့အကြုံကနေ ယုံကြည်မှုတစ်ခု ခိုင်ခိုင်မာမာ ရလိုက်တာကတော့ ကမ္ဘာမှာ လက်ရှိ စာမေး ပွဲတွေထက် ပညာပါတဲ့ စာမေးပွဲတစ်ခု လိုအပ်နေပြီဆိုတာ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ခေတ်သစ်ကမ္ဘာနဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ နှိုက်နှိုက် ချွတ် ချွတ် တွေးခေါ်နည်းနဲ့ အချင်းချင်း ကူးလူးဆက်ဆံ ရေး အတတ်ပညာတွေကို စစ်ဆေးပေးနိုင်တဲ့ စာမေးပွဲမျိုး ဖြစ်နေရမယ်။
ပီစာ စာမေးပွဲမတိုင်မီ အခြားနိုင်ငံတကာ စာမေးပွဲတွေ ပေါ်ပေါက်ခဲ့ဖူး ပါ တယ်။ ဒါပေမဲ့ သိပ်ပြီး အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီစာမေးပွဲတွေ စစ်ဆေးတာက ကလေးတစ်ယောက်ဟာ ဘယ်လောက်ခေါင်းထဲမှာ မှတ်မိ နေသလဲ၊ ဆရာေ တွက စာသင်ခန်းထဲမှာ ကလေးရဲ့ခေါင်းထဲ ဘယ်လောက် ရိုက်သွင်းပေးနိုင် သလဲ ဆိုတာကို စစ်ဆေးတဲ့ စာမေးပွဲတွေ ဖြစ်နေလို့ပါ။ ဒီစာမေးပွဲတွေက ကလေးတစ်ယောက်ဟာ ကျာင်းသား ဘဝအတွက် ဘယ်လောက်ပြင် ဆင် ထားသလဲ ဆိုတာကိုသာ ပြောပြနိုင်ပြီး သူ့ရဲ့လက်တွေ့ ဘ၀ အတွက် ဘယ်လောက်ပြင်ဆင်ထားသလဲ ဆိုတာကိုတော့ ပြောမပြနိုင်ပါဘူး။

ဘယ်စာမေးပွဲကမှ ဆယ်ကျော်သက် ကျောင်းသားတစ်ယောက်ရဲ့ သင်္ချာ၊ စာဖတ်ခြင်းနဲ့ သိပ္ပံပညာတို့ကို အခြေခံပြီး စစ်စစ်ပေါက် ပေါက် စူးစမ်း တွေးေ ခ်ါခြင်း၊ ပြဿနာရဲ့အဖြေ ရှာဖွေခြင်း ကို တိုင်းတာမပြနိုင်ခဲ့ပါဘူး။
ဒီ ပီစာ စာမေးပွဲ အာမခံ ထားတာက ဘယ်နိုင်ငံရဲ့ပညာရေးက ကလေးတွေ ကို သူတို့ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်ဖို့ ပညာသင်ပေး သလဲ ဆိုတာ ဖော် ထုတ်ပြသနိုင်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။

ဆက်ရန်

ကျမအတွက် ပဟေဠိ (၂)


ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)
By Amanda Ripley

ပဟေဠိဆန်ဆန် ဖင်လန်က စက်ရုပ် လေး များ

မတူညီတဲ့ နိုင်ငံတွေရဲ့ ပညာရေးကွာဟမှုကို ရှင်းပြနိုင်ဖို့ ပညာရေးဆိုင်ရာ သမားတော်ကြီးတွေ အသေအလဲ ကြိုးစားပြီး အဖြေရှာနေကြ၊ ရှင်းပြနေ ကြ တယ်။ ဟိုး … အဝေးကြီးမှာ ရှိနေတဲ့ ကလေးတွေဆီအထိ အရောက် သွား ကြတယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းအုပ်ကြီးတွေနဲ့ တွေ့ဆုံ စကားပြော ကြတယ်။ ကျန်နေရစ်ခဲ့သူတွေကို ပြဖို့ ပါဝါပွိုင့်တွေ လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဆုံးသတ် အဖြေက ရူးချင်စရာ ကောင်းလောက်အောင် ကိုးယို့ ကားယား ဖြစ်နေတော့တယ်။

ပညာရေးမှာ ထိပ်တန်းရောက်နေတဲ့ ဖင်လန်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ပါ။ အမေရိကန် ပညာရေနယ်ပယ်မှာ ရှိတဲ့ ဆရာကြီးတွေက ဖင်လန်နိုင်ငံဟာ ပညာရေး လိုတရ ရပ်ဝန်းတစ်ခု လို့ထင်နေကြတယ်။ ကလေးတွေက ဆရာေ တွကို လေးစားအထင်ကြီး ချစ်ခင်ကြတယ်။ ဖင်လန်နိုင်ငံ ဒီအခြေအနေကိုေ ရာက်ခဲ့ရတာ ကလေးဘဝ ဆင်ရဲမွဲတေမှု နည်းပါးခြင်းဟာ အဓိက အကြောင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ မတူညီတဲ့ လူတန်းစား ကွာဟ မှုကြောင့် အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှုနှုန်းဟာ ဖင်လန်ထက် အများကြီး မြင့်နေတယ်။
သူတို့အကြောင်းပြချက်အတိုင်းသာ ဆိုရင်တော့ ဆင်းရဲမွဲတေမှု မပပျောက်ေ သးသမျှ ပညာရေးလည်း တိုးတက်လာစရာ မရှိတော့ဘူး။ ပညာရေးကောင်း ဖို့အတွက် ကလေးတွေကို ချမ်းသာအောင် အရင်လုပ်ပေးရမယ့် သဘောပဲ။

ဆင်းရဲမွဲတေမှု အကြောင်းပြချက်ဟာ အခြေခံကျသလို အဓိပ္ပါယ်လည်း ရှိပါ တယ်။ အမေရိကရဲ့ ကလေးဘဝ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းက (၂၀) ရှိပါ တယ်။ တစ်မျိုးသားလုံး အရုပ်ဆိုးစေတဲ့ အချက်ပါ။ ကလေးဘဝနဲ့ မတန်တ ဆ ဖိအားတွေအောက်မှာ နေကြရတဲ့ ကလေးတွေ ရှိတယ်။ အိမ်မှာ သင်ယူ ခွင့်လည်း သိပ် မရကြရှာဘူး။ သူတို့ကို ကျောင်းတွေက အကူအညီ ပိုပေးနို င်အောင် ကြိုးစားကြရမယ်။

ဒါပေမဲ့ ဒီပြဿနာက ဒီလောက် ရိုးစင်းတာလည်း မဟုတ်ပြန်ဘူး။

ဆင်းရဲမှုသာ အဓိကပြဿနာဆိုရင် နော်ဝေကို ဘယ်လို ပြောကြမလဲ ။ နော်ဝေဟာ အခွန် အမြင့်ဆုံး ပေးရပြီး အစိုးရရဲ့ စောင့်ရှောက်မှု အရဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး၊ သဘာဝ အရင်းအမြစ် အချမ်း သာဆုံး နိုင်ငံ အနည်းငယ်ထဲမှာ ပါဝင်နေတဲ့ နိုင်ငံပါ။ ကလေးဘဝ ဆင်းရဲ မွဲတေမှုမှာ နော်ဝေနဲ့ ဒိန်းမတ် တူပါတယ်။ ကလေးဘဝ ဆင်းရဲမွဲတေ (၆) ရာခိုင်နှုန်းတောင် မရှိဘဲ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု အနည်းဆုံး နိုင်ငံတွေပါ။ ပညာရေးနဲ့ ပတ်သက်လို့ သုံးစွဲရာမှာလည်း နော်ဝေဟာ အမေရိကလောက် ရှိပါတယ်။ ဒါပေမဲ့ နော်ဝေက ကလေးတွေဟာလည်း ၂၀၀၉ - (နိုင်ငံတကာ စစ်တမ်းမှာ အမေရိကန် ကလေးတွေလိုပဲ သိပ် မစွံလှပါဘူး။ နော်ဝေမှာ တစ်ခုခု ချွတ်ယွင်းနေတယ်။ ဒါ သေချာတယ်။ အဲဒါ ဆင်းရဲမွဲတေမှုတော့ မဟုတ်နိုင်ပါဘူး။

အလားတူပါပဲ။ ဖင်လန်နိုင်ငံသားတွေကလည်း သူတို့ပညာရေး အောင်မြင် မှုနဲ့ ပတ်သက်လို့ အကြမ်းဖျင်း အဖြေတစ်ခုကို ပေးကြပါတယ်။ သူတို့က လွန်ခဲ့တဲ့နှစ်ပေါင်း ရာချီတဲ့ အချိန်ကတည်းက ပညာရေးကို တန်ဖိုးထားကြ လို့ပါတဲ့။
ကဲ … အဲဒီအဖြေအတိုင်းသာဆိုရင် (၁၉၅၀) ခုနှစ်တွေမှာ ဘာကြောင့် ဖင်လန်က ကလေး (၁၀) ရာခိုင်နှုန်းပဲ အထက်တန်းပညာရေး ပြီးဆုံးရတာ လဲ။
(၁၉၆၀) ခုနှစ်တွေမှာ ကျေးလတ်နေ ကလေးတွေနဲ့ မြို့ပြနေ ကလေးတွေရဲ့ ပညာရေးက ဘာကြောင့် အများကြီး ကွာဟနေတာလဲ။ ဒီလိုအထိ ပြန်ကြည့် မိတော့ ဖင်လန်ရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောတရားကလည်း မညီ မ မျှပဲပေါ့။ ဘယ်လို ဖြစ်တာပါလိမ့်။

တစ်ချိန်တည်းမှာပါပဲ၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့ရဲ့ ပညာရေး ဝန် ကြီးက တောင်ကိုရီးယားရဲ့ ပညာရေးကို မနာလို ဝန်တိုတောင် ဖြစ်မိတယ် ဆိုပြီး ကလေးတွေရဲ့ လေးစားမှုကို ခံရတဲ့ ကိုရီးယားကျောင်းဆရာတွေ ၊ နောက်ကနေ တွန်းအားပေးနေတဲ့ ကိုရီးယားမိဘတွေကို ချီးကျူးပြောဆို လာပြန်ပါတယ်။
ဒီအချက်ကို ပြန်ကြည့်တော့ ကိုရီးယားနဲ့ ဖင်လန် တူညီတဲ့ အချက်ရယ်လို့ လည်း ဘာမှ မရှိဘူးဆိုတာ တွေ့ရပြန်ပါတယ်။ ကိုရီးယားရဲ့ ပညာရေးစနစ် က စာမေးပွဲနဲ့ မောင်းနှင်နေတာ ဖြစ်ပြီး ကျောင်းသားတွေကလည်း အမေရိ ကန် ကျောင်းသားတွေထက် လေ့လာချိန် ပိုနေပါတယ်။
သဘောမတူစရာ အဲသလို ကျယ်ကျယ်လောင်လောင် အသံတွေကို ကြား လိုက်ရပြီး ပညာရေးအဆင့် မြင့်မား၊ အရွယ်မတိုင်မီ ကျောင်းထွက်မှု ရာ ခိုင်နှုန်းသုည၊ ကောလိပ်ဘွဲ့ရ အရေအတွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းနိုင် ငံပေါ်က ကလေးတစ်ယောက်ရဲ့ ဘဝဟာ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလို့မရ ဖြစ်နေခဲ့ရပါတော့တယ်။

ဖင်လန်က ကလေးတွေကရော ကျမဖတ်နေတဲ့ စာအုပ်ထဲကအတိုင်း နော ဒစ်စက်ရုပ်ကလေးတွေ ဖြစ်နေလေမလား။ ကိုရီးယားကလေးတွေကရော ဒီအောင်မြင်မှုကို ချိုမြိန်တဲ့ အရသာလို့ ယူဆကြပါသလား။
သူတို့ မိဘတွေကရော ဘယ်လိုလဲ။ မိဘတွေအကြောင်း ဘယ်သူမှ ဘာမှ မပြောကြဘူး။
မိဘတွေရဲ့ အခန်းကဏ္ဍက ဆရာတွေလောက် အရေးမပါလို့လေလား။

ဒါနဲ့ပဲ အထက်မြတ်ဆုံး ကလေးတွေရှိရာ နိုင်ငံတွေဆီ တစ်နှစ်ကြာခရီး ထွက် ဖို့ ကျွန်မ ဆုံးဖြတ်လိုက်မိပါတော့တယ်။ အဲဒီစက်ရုပ် သေးသေးလေးတွေကို ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ချင်တယ်။

အင်္ဂါနေ့မနက် ဆယ်နာရီမှာ သူတို့ ဘာတွေများ လုပ်နေကြပါလိမ့်၊ သူတို့ေ ကျာင်းက ပြန်ရောက်ရင် မိဘတွေက သူတို့ကို ဘာတွေ ဘယ်လို ပြောကြ ပါလိမ့်။ သူတို့ တကယ်ရော ပျော်ပျော်ရွှင်ရွှင် ရှိကြရဲ့လား။

ကျွန်မရဲ့ ကလေး အေးဂျင့်များ

နော့ဒစ်စက်ရုပ်ကလေးတွေကို (နော်ဒစ် (Nordic) ဆိုတာ ဂျာမန်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန် စတဲ့ စကင်နေဗီးယန်းလူမျိုးတွေကိုညွှန်းဆိုပါတယ်။ ဒီမှာတော့ စာရေးသူက ဖင်လန်က ကျောင်းသားလေးတွေကို ချစ်စနိုး နဲ့ နော့ဒစ်စက်ရုပ်ကလေးတွေလို့ သုံးခဲ့ဟန် တူပါတယ်) ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နိုင်ဖို့အတွက် သူတို့အထဲ ရောက်နေပြီးသား (သူတို့နဲ့ အနီးဆုံးမှာ ရောက်နေတ)ဲ့ အတွင်းလူတစ်ယောက်တော့ လိုနေ တာပေါ့။ သူဟာ ကျမကိုယ်တိုင် မမြင်နိုင်၊ မသိနိုင်တာတွေကို မြင်နိုင်တွေ့ နိုင်တယ်လေ။ ဒါနဲ့ ကျမလည်း အကူအညီ ပေးနိုင်တဲ့ ကျွမ်းကျင်လူငယ် အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့လိုက်မိတော့တယ်။

သက္ကရာဇ် (၂၀၁၀) နဲ့ (၂၀၁၁) ခုကြားမှာ အတော်ဆုံးဆိုတဲ့ နိုင်ငံ သုံးနိုင်ငံရဲ့ ဘဝထဲမှာ လက်တွေ့နေလာခဲ့ကြတဲ့ အမေရိကန်လူငယ် သုံးယောက်နောက် ကို ခြေရာခံ လိုက်နိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဒီပရောဂျက်ရဲ့ တစ်နှစ်ကြာ ဖော်ရိန်းအိတ်ချိန်း (ပြင်ပကမ္ဘာမှာတော့ ရှင်းစရာ သိပ်မလို တဲ့ ဝေါဟာရပါ။ ကျောင်းသားလေးတွေ ယဉ်ကျေးမှုချင်း၊ ပညာရေး ချင်း နှီးနှောဖလှယ်နိုင်အောင်လို့ နိုင်ငံအချင်းချင်း ကျောင်းသားလေးတွေကို စေလွှတ်၊ လက်ခံတဲ့ ဆင့်ပွားပညာရေးအစီအစဉ်တစ်ခုပါ။ ) စွန့်စားခန်းမှာ အဓိက ပါဝင်ကူညီကြဖို့ သဘောတူခဲ့ကြပါတယ်။ သူတို့ ရှိနေတဲ့ နိုင်ငံတွေဆီ ကျမက သွားရောက်ခဲ့သလို ပြန်ရောက်လာတဲ့ နောက်မှာလည်း အဆက် အ သွယ် မပြတ်ခဲ့ကြပါဘူး။

သူတို့အမည်တွေက ကင်(မ်) (Kim) အဲရစ် (Eric) နဲ့ တွမ် (Tom) တို့ပါပဲ။ သူတို့ကပဲ သူတို့ရဲ့ ခဏ နားခိုရာ အိမ်၊ ခဏ အပန်းဖြေရာ ကော်ဖီဆိုင်၊ ခဏခိုလှုံရာ နိုင်ငံခြား မြေပေါ်မှာ ကျမရဲ့ ကိုယ်ရံတော်လေးတွေအဖြစ် ဖြည့် စည်းပေးကြခဲ့ကြပါတယ်။

ကင်(မ်) က ဥက္ကလားဟိုးမား (အိုကလာဟိုးမား) ကနေ ဖင်လန်ကို သွားခဲ့ သူ၊ အဲရစ်ကတော့ မင်နီဆိုးတား (Minnesota) ကနေ တောင်ကိုရီးယား ကို ခြေဆန့်ခဲ့သူ၊ တွန်ကတော့ ပင်ဆယ်ဗင်နီးယား (Pennsylvania) ကနေ ပိုလန်ကို ထွက်ခဲ့သူပါပဲ။ သူတို့ဟာ အမေရိကရဲ့ မတူညီတဲ့ နေရာတွေကနေ မတူညီတဲ့ အကြောင်းတွေနဲ့ မတူညီတဲ့ နေရာတွေကို သွားရောက်ခဲ့သူတွေပါ။

သူတို့သုံးယောက်ကို အကြံပေးတွေအနေနဲ့ ကျမက ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ တစ်ဦးချင်းဆီရဲ့ အတွေ့အကြုံကို ပြောပြဖို့ပဲ တာဝန် ယူခဲ့ကြပါတယ်။ သူတို့အတွေ့အကြုံတွေဟာ အမေရိကန် ကလေးအားလုံး ကို ကိုယ်စားမပြုဘူးပေါ့။ နောက်ပြီး သူတို့ ပြောပြချက်တွေဟာလည်း သူတို့နေထိုင်ခဲ့တဲ့ နိုင်ငံတွေက သိန်း ပေါင်းများစွာသော ကလေးအားလုံးရဲ့ ဘဝအမှန်ကို ကိုယ်စားပြုမယ် မဟုတ်ပါဘူး။

ဒါပေမဲ့ ကျမသူတို့ဆီက ရခဲ့တဲ့ အဖြစ်အပျက်တွေဟာ နိုင်ငံရေးသမားတွေ ရဲ့ ပေါ်လစီလက်စွဲစာအုပ်တွေထဲမှာ လုံးဝ မပါသေးဘူးဆိုတာကတော့ သေ ချာလှပါတယ်။

သူတို့သုံးယောက်စလုံးကလည်း ရိုးရိုးသားသား ဝန်ခံပါတယ်။ ပေါ်လစီ တချို့နဲ့ တိုက်ဂါးအမေစတဲ့ (အာရှတိုက် နိုင်ငံတချို့က မိခင်တွေဟာ ကလေးရဲ့ပညာရေးနဲ့ပတ်သက်ရင် စည်းကမ်းတွေ တင်းကြပ်လွန်းလို့ အနောက်က သူတို့ကို ကျားနဲ့နှိုင်းပြီး ခေါ်ဝေါ်သုံးစွဲထားတဲ့ ဝေါဟာရပါ။ စင်္ကာပူတို့ ကိုရီးယားတို့က အမေတွေဟာ ရှေ့ဆုံးကပေါ့။) အကြောင်းတွေကို သူတို့ မပြောကြပါဘူး။ ကျမသွားခဲ့တဲ့ နိုင်ငံတိုင်းမှာ ကျမ ရဲ့ အေးဂျင့်လေးတွေက သူတို့သူငယ်ချင်းတွေ၊ မွေးစားမိဘတွေ၊ ဆရာတွေ နဲ့ မိတ်ဆက်ပေးကြပါတယ်။ သူတို့အားလုံးဟာ ကျမရဲ့ လိုအပ်နေတဲ့ အချက်တွေကို ဖြည့်ဆည်းပေးလိုက်တဲ့ အသိုင်းအဝိုင်းတွေ ဖြစ်လာခဲ့ပါတယ်။

ဥပမာ ကိုရီးယားမှာဆိုရင် အဲရစ်က သူ့ရဲ့ သူငယ်ချင်း ဂျင်နီနဲ့ တွေ့ပေးခဲ့ ပါတယ်။ ဆယ်ကျော်သက် ဂျင်နီဟာ သူမရဲ့ ကလေးဘဝကို အမေရိကမှာ တစ်ဝက်၊ ကိုရီးယားမှာ တစ်ဝက် နေထိုင်ခွင့် ရခဲ့တဲ့ မိန်းကလေးပါ။ ကျမ အတွက်တော့ ဂျင်နီဟာ အမှတ်မထင် တွေ့ခွင့်ရလိုက်တဲ့ ပညာရှင် တစ်ယောက်ပါပဲ။ အဲရစ် မဖြေနိုင်တဲ့ မေးခွန်းတချို့ကို သူမက ဖြေပေးနိုင် ခဲ့တယ်။ (သူတို့ကလေးတွေရဲ့ အင်တာဗျူး ဗွီဒီယိုကို www.amandaripley.com မှာ ကြည့်ရှု့နိုင်ပါတယ်)

အချုပ်အနေနဲ့ ပြောရရင် ဒီပရောဂျက်အတွက် အမေရိကနဲ့ နိုင်ငံခြားမှာရှိတဲ့ exchange student ရာပေါင်းများစွာနဲ့ စကားပြောခဲ့တယ်။ ဒီအတွေ့အကြုံ က နိုင်ငံတွေရဲ့ ပညာရေးအကြောင်း ရေးပြထားတဲ့ စာအုပ်တွေ၊ သတင်းေ တွနဲ့ မတူဘဲ သူတို့ရဲ့ ဘဝအမှန်ကို မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။ သူတို့မိဘတွေ၊ ကျောင်းတွေ၊ အိမ်နဲ့ကျောင်းမှာ နေထိုင်ကျင်လည်ရတဲ့ သူတို့ဘဝအကြောင်းတွေကို မေးမြန်းခဲ့ပါတယ်။

ကျမထင်ထားတဲ့ အတိုင်းပါပဲ။ အမေရိကရဲ့ ပြဿနာနဲ့ အားသာချက်တွေ အကြောင်း သူတို့ကို မေးရာမှာတော့ သူတို့အဖြေတွေကလည်း ပြောင်းသွား တယ်။ အနည်းနဲ့အများပဲ ကွာမယ်၊ သူတို့လည်း အမေရိကရဲ့ တစ်မူထူးခြား တဲ့ ပညာရေးစနစ်ကို သိထားကြပါတယ်။ ဒါကိုလည်း ဖွင့်ဟပြောဖို့ သူတို့ လက်မတွန့်ခဲ့ကြပါဘူး။

နောက်ဆုံး အမေရိကကို ပြန်ရောက်တော့ ကျမဟာ ပိုလို့တောင် အကောင်ြး မင်ဝါဒ ရှိလာခဲ့ပါတယ်။ အရေးမပါတဲ့ ကိစ္စတွေအတွက်နဲ့ အချိန်တွေ၊ ငွေေ တွ ဖြုန်းတီးခဲ့ကြတယ်ဆိုတာ အထင်အရှားပါပဲ။ ကျောင်းတွေ၊ မိသားစုတွေ ကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခေါင်းရှုပ်နေကြရတယ်။ ဖင်လန်၊ ကိုရီးယားနဲ့ ပိုလန်မှာ တွေ့ခဲ့ရသလိုမျိုး တိကျတဲ့ ဦးတည်ချက်တွေ ကင်းမဲ့နေ ကြတယ်။ သူတို့ ဒီလိုလုပ်နိုင်ရင် ကျမတို့ ကလေးတွေ၊ ကျောင်းက ဆရာေ တွ၊ မိဘတွေကလည်း ကောင်းကောင်းကြီး လုပ်ပြနိုင်မယ်ဆိုတာ ယုံကြည် မိပါတယ်။

ကျမ တွေ့မြင်ခဲ့ရတာတွေက ကလေးမျိုးဆက်ကြီး တစ်ခုလုံးဟာ သူတို့ ရ သင့်ရထိုက်တဲ့ ပညာရေးကို ရကြတယ်။ တစ်ခါတစ်ခါမှာတော့ ချောချောမွေ့မွေ့ မရှိလှဘူးပေါ့။ ဒါပေမဲ့ သူတို့ ရကြ တယ်။ မကိုက်ညီတဲ့ ပေါ်လစီတွေ ရှိမယ်။ ဗြူရိုကရေစီတွေ၊ အသိဉာဏ် နည်းတဲ့ မိဘတွေ … ဒါတွေ ရှိကောင်း ရှိမယ်။ ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံး ဆိုင်ရာ ပညာရေးစနစ် ဆက်သွယ်မှုကတော့ ရှိကို ရှိနေကြရမယ်။ တခြားနိုင်ငံတွေက ကျမတို့ကို လမ်းပြ၊ ကျမတို့က သူများနိုင်ငံတွေကို လမ်းပြနေကြရင်းနဲ့ပေါ့။

ကျမအတွက် ပဟေဠိ (၁)

ကမ္ဘာ့အတော်ဆုံး ကလေးများ (The Smartest Kids in the world)


By amanda ripley

ကျမအတွက် ပဟေဠိ

တိုင်းမ်နဲ့ အခြားမဂ္ဂဇင်းတွေမှာ စာရေးနေရတဲ့ သက်တမ်းတစ်လျှောက်လုံး ပညာရေးနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို လက်ရှောင်ဖို့ အမြဲတမ်းကြိုး စားနေမိခဲ့တယ်။ အယ်ဒီတာက အရေးခိုင်းရင်တောင်မှ ပညာရေးနဲ့ ပတ် သတ်တဲ့ ဆောင်းပါးတွေအစား အကြမ်းဖက်မှုသတင်း၊ လေယာဉ်ပျက်ကျမှု သတင်း၊ ရောဂါပြန့်ပွားမှုသတင်း စတာတွေကို ရေးလိုက်မိတတ်ပါတယ်။
ကျမဖွင့်တော့မပြောမိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ ပညာရေးနဲ့ပတ်သက် တဲ့ ဆောင်းပါးတွေဟာ အရေးမကြီးလှဘူးလို့ထင်တယ်။ ဒါတွေကို ဖတ်တာ ကလည်း လူကြီးပိုင်းတွေ၊ ကလေးတွေက ဓာတ်ပုံကြည့်တာလောက်ပဲ ရှိနိုင် ပါတယ်။

အငြင်းပွားစရာ ဝါရှင်တန်က ပညာရေးအကြီးအမှူးအသစ်အကြောင်းကို အယ်ဒီတာက အရေးခိုင်းတော့မှ ကျမ စိတ်ပြောင်းလာခဲ့ရတာပါ။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ကလေးတွေ၊ မိဘတွေ၊ ကျောင်းဆရာတွေကို ပညာရေးနဲ့ ပတ် သတ်ပြီး စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ်။ ဒီနောက် ဝါရှင်တန် ပညာရေးအရာရှိအသစ် Rhee ဟာ စိတ်ဝင်စားစရာကောင်းလှပေမယ့် ကလေးစာသင်ခန်းထဲမှာ ရှင်းရခက်လွန်းတဲ့ ပဟေဠိတစ်ပုဒ် မဟုတ်လှဘူး ဆိုတာ ကျမ သဘောပေါက်ခဲ့ရပါတော့တယ်။

ကျမအတွက် တကယ့်ပဟေဠိက ဘာကြောင့်ကလေးတချို့က အများကြီး သင်ကြားတတ်မြောက်ပြီး တချို့ကနည်းနည်းလေးပဲ သင်ကြားတတ်မြောက် ကြတာပါလိမ့် ဆိုတာပါပဲ။



ပညာရေးနဲ့ပတ်သက်လို့ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်လိမ့်မယ် ဆိုတာ ကို ဒေတာတွေအရ အရင်ထက်အများကြီးသိလို့ရနေပြီ။ ကလေးပညာရေး နဲ့ပတ်သက်လို့ အတက်၊ အကျ၊ ချမ်းသာတဲ့ကလေးနဲ့ ဆင်းရဲသားကလေး၊ လူဖြူကျောင်းသားနဲ့ လူမည်းကျောင်းသား ဒီအချက်တွေကြောင့် ကွဲပြားနေ တာလား။
တချို့အဆိုအရ ငွေကြောင့်၊ အသားအရောင်ကွာခြားမှုကြောင့်၊ လူမျိုး မတူ ညီမှုကြောင့် ဒီလိုတွေကွဲပြားနေတာ တဲ့။ ဒါတွေကြောင့်သက်သက်တော့ မ ဟုတ်နိုင်သေးပါဘူး။ အခြားအကြောင်းတရားတွေ ရှိကိုရှိနေရဦးမယ်။

ဒီနောက် နှစ်ပေါင်းအတော်ကြာအောင် ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်း ပါးတွေ အများကြီးရေးနေမိတယ်။

ဝါရှင်တန်ဒီစီ ကင်းဘဲ(လ်) မူလတန်းကျောင်းက ငါးတန်းကလေးတွဟာ အလွန်ရှည်လျားတဲ့ ဆခွဲကိန်း သင်္ချာပုစ္ဆာတစ်ပုဒ်ကို ဘလက်ဘုတ်ပေါ်မှာ သူတို့ကိုယ်တိုင်တွက်ချက်ခွင့်ပြုဖို့ ဆရာ့ကို တောင်းဆိုနေကြတာကို တွေ့ ခဲ့ရဖူးပါတယ်။ သူတို့တွက်တဲ့အဖြေများ မှန်သွားပြီဆိုရင် လက်သီး လက်ေ မာင်းတန်းပြီး “ရေး..” လို့ ပြိုင်တူအောင်တတ်ကြတယ်။
သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကိုကြည့်တော့ တစ်ပတ်မှာလူတစ်ယောက်နှု န်း အသတ်ခံနေရတဲ့နေရာ၊ အလုပ်လက်မဲ့ (၁၀)ရာခိုင်နှုန်းအထိရှိနေတဲ့နေ ရာပါ။

နောက်တစ်နေရာမှာတော့ စာသင်ခန်းထဲမှာပျင်းရိနေတဲ့ကလေးတွေ၊ ကျမ သူတို့အခန်းထဲဝင်သွားတော့ မျက်လုံးအဝိုင်းသားလေးတွေနဲ့ မော့ကြည့်နေ ကြတဲ့ကလေးတွေကို တွေ့ရပြန်ရော။ ဖြစ်နိုင်ရင် ကျမဖြင့် ဆုသာတောင်း လိုက်ချင်တော့ရဲ့။ မြတ်စွာဘုရား၊ ပျင်းရိငြီးငွေ့ဖွယ်နောက်ထပ် တစ်နာရီေ ဘးကနေ ကလေးတွေကို ကယ်တင်ပေးတော်မူပါ .. လို့လေ။ ဒီမတူညီတဲ့ မြင်ကွင်းနှစ်ခုဟာလည်း ကျမအတွက်နောက်ထပ်ပဟေဠိ တစ် ခုပါပဲ။
အဲဒီအခိုက်အတန့်လေးမှာ ကျမကိုကျမပြန်ပြောမိတယ်။ ဒီပတ်ဝန်းကျင် တစ် ခုကနေ နောက်ပတ်ဝန်းကျင်တစ်ခု၊ ဒီကျောင်းအုပ်ကနေ နောက်ကျောင်း အုပ်၊ ဒီကျောင်းဆရာကနေ နောက်ကျောင်းဆရာ .. ဒါတွေဟာ မျှော်လင့် ထားသင့်တဲ့ မတူညီမှု ကွဲပြားမှုတွေပဲ လို့ပါပဲ။ တချို့ကလေးတွေကတော့ ကံကိုကောင်းကြပါတယ်။ ဒါပေမဲ့ ဒီကွဲပြားမှုတွေဟာ အများအားဖြင့်ေ တာ့ ငွေကြေးနဲ့ ဆက်စပ်လို့နေပါတယ်။

တစ်နေ့မှာတော့ ပညာရေးအညွှန်းဇယားကို ကျမတွေ့လိုက်မိပါတော့တယ်။ ကျမဘာပြန်ပြောရမလဲတောင် မသိတော့ပါဘူး။

ဖင်လန်ကိုကြည့်လိုက်စမ်းပါ။ ပညာရေးမှာအောက်ခြေကနေ ထိပ်ဆုံးအထိ ထိုးတက်လာလိုက်တာ ဒုံးပျံတစ်စင်းလိုပါပဲ။ ကဲ ဒါဖြင့် သူတို့ဘေးမှာရှိနေတဲ့ (ပညာရေးအညွှန်းဇယားမှာ) နော်ဝေကရော။ အပေါ်ကနေ ဆင်းလာလိုက် တာ အောက်ဆုံးအထိရောက်တော့မတတ်ပဲ။ ဒါသာဖြစ်တယ်၊ နော်ဝေမှာ ဆင်းရဲတဲ့ကလေး မရှိဘူးလို့ဆိုလို့ ရနိုင်ပါတယ်။
ကနေဒါကိုကြည့်ပြန်တော့လည်း သာမန်ပညာရေးအဆင့်ကနေ တက်လာ လိုက်တာ ဂျပန်နဲ့တန်းတူလောက်ဖြစ်နေပြီ။
တကယ်လို့ ပညာရေးဆိုတာဟာ ယဉ်ကျေးမှုအပေါ်မှာ မှီခိုနေတယ်ဆိုရင် ပညာရေးအပြောင်းအလဲ ဒီလိုမြန်နေသလို ယဉ်ကျေးမှုလည်း ပညာရေးနဲ့ အတူ မြန်မြန်ကြီးပြောင်းလဲသွားရမှာပဲ မဟုတ်လား။

တစ်ကမ္ဘာလုံးကို ခြုံကြည့်ရင် ကလေးတွေရဲ့ပညာရေးဟာ အချိန်တိုတို အ တွင်းမှာကိုပဲ တက်လိုက်၊ ကျလိုက်ပါ။ ကျမကိုယ်တိုင် အပြင်ဖက်က အမြင် နဲ့ ပြောင်းကြည့်လိုက်တော့ ဝါရှင်တန်ဒီစီရဲ့ကိစ္စဟာ ပိုပြီးတော့တောင် စိတ် ဝင်စားစရာကောင်းနေပါသေးတယ်။ နိုင်ငံအများစုဟာ သူတို့ကလေးတွေကို ပညာရေးကောင်းကောင်း မပေးနိုင်ကြပါဘူး။ သူတို့နိုင်ငံတွေက အတော်ဆုံး ဆိုတဲ့ကလေးတွေကိုတောင် စနစ်တကျ ပညာသင်မပေးနိုင်ကြပါဘူး။ ဒါတွေ ကို ခြုံငုံပြီးကြည့်မိတော့ အမေရိကဟာ သိပ်လည်းမဆိုး၊ သိပ်လည်း မစွံ ဘူးပေါ့။

အရေအတွက်သိမ်မများပေမယ့် တချို့နိုင်ငံတွေကတော့ ပညာရေးမှာ သိပ်ပြီးရှေ့ရောက်နေတယ်။ သူတို့နိုင်ငံတွေက ကလေးတိုင်းလိုလိုဟာ သိပ္ပံ၊ သင်္ချာ၊ စာဖတ်စွမ်းရည်တွေနဲ့ ဆက်စပ်ပြီး စစ်စစ်ပေါက်ပေါက် တွေးနည်းခေါ် နည်းတွေပါ လေ့လာသင်ယူခွင့်ရနေကြတယ်။ သူတို့လေးတွေဟာ အချက် အလက်တွေကို မှတ်မိနေရုံတင်မကဘူး။ ဒီအချက်တွေကို အခြေခံပြီး ပြဿ နာဖြေရှင်းနည်းတွေကိုပါ လေ့လာနေကြတယ်။ ခေတ်သစ် စီးပွားရေး နယ် ပယ်မှာ ရှင်သန်နေနိုင်ဖို့ သူတို့ကို လေ့ကျင့်ပေးနေကြတာလို့ ကျမ ဆိုလိုက် ချင်ပါတော့တယ်။

 ယေဘူယျကို ခြုံကြည့်ရင် အမေရိကန်ကျောင်းသားတွေဟာ ဂျပန်၊ နယူးဇီ လန်၊ တောင်ကိုရီးယားက ကျောင်းသားတွေထက်သာတယ်။ ဒါပေမဲ့ သင်္ချာ မှာ သူတို့နောက် အမေရိကန်ကလေးတွေက အများကြီးရောက်နေတယ်။ အမေရိကန်ကျောင်းသားအများစုဟာ ပညာတတ်မိဘတွေရှိတယ်။ ကမ္ဘာမှာ အကောင်းဆုံးကျောင်းတွေမှာ တက်ခွင့်ရနေတယ်။ ဒါပေမဲ့ သင်္ချာ ဘာသာ ရပ်အတွက် သူတို့အဆင့်က (၁၀)မှာပဲ ရှိတယ်။ နယူးဇီလန်၊ ဘယ်လ်ဂျီ ယံ၊ ပြင်သစ်နဲ့ ကိုရီးယားကလေးတွေရဲ့နောက်မှာ။



ပထမတော့ ကျမကိုယ်ကျမ ပြန်မေးမိတယ်။ ပညာရေးနဲ့ပတ်သက်လို့ ကျမ တို့ကလေးတွေရဲ့အဆင့်က တစ် ဆိုပါတော့။ ဒါက တကယ်ရော အရေးပါရဲ့ လား။ တစ်ဆယ်ဆိုပါတော့။ ဒါဆိုရင် ဘာဖြစ်မလဲ။ ကျမတို့ မူလတန်းကျော င်းသားလေးတွေဟာ အပြည်ပြည်ဆိုင်ရာ စာမေးပွဲစစ်တန်းတွေမှာ အခြေ အနေကောင်းပါတယ်။ ကျေးဇူးတင်စရာက “အဖတ်” မှာပါ။ ကလေးတွေ ကြီး လာပြီး ဆယ်ကျော်သက်အရွယ်ရောက်လာတော့ မှ ပြဿနာေ တွ့ရတော့တာ။
ဒါက သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာပါပဲ။ ဒီတော့ အမေရိကန်ကျောင်းသား (ဆယ်ကျော်သက်) တွေရဲ့ သင်္ချာနဲ့ Critical Thinking က ၂၆ ကိုရောက် သွားပါတော့တယ်။ ဖွံဖြိုးပြီး နိုင်ငံတွေရဲ့ အောက်မှာရှိတယ်။

ကဲ ဒီတော့ ဘာဖြစ်သေးလဲ။

ဆယ်ကျော်သက်ကျောင်းသားတွေရဲ့ အရည်အချင်းက သူများနဲ့ တန်းတူဖြစ် ချင်ဖြစ်၊ သူများအောက်ရောက်တယ်ပဲ ဆိုချင်ဆို ဒါတွေက အမေရိကရဲ့ စီး ပွားရေးအပေါ် ဘယ်လောက်ထိခိုက်မှုရှိနိုင်မှာ မို့လိုလဲ။ ဘာအတွက် စိုး ရိမ်ကြောင့်ကြနေစရာ လိုလို့လဲ။ အမေရိကဆိုတာ ကြီးမားပြီးကျယ်ပြန့် တဲ့နို င်ငံကြီးပဲ။ သူ့မှာအားသာချက်တွေ အများကြီးရှိနေတာပဲ။ သုတေသန လုပ်နေတဲ့ ပထမတန်းစား တက္ကသိုလ်ကြီးတွေရှိတယ်။ သုတေသနနဲ့ ဖွံဖြိုး တိုးတက်မှုအတွက် (R & D) အခြားနိုင်ငံအားလုံးထက်ပိုပြီး ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်နေတယ်။
စီးပွားရေး အကြီးအကျယ် စလုပ်တော့မယ်ဆိုရင်လည်း အမေရိကမှာ စတာ ဟာ အခြားနေရာတွေမှာ စတာထက် အခွင့်အလမ်း အများကြီး ပိုရှိတယ်။ အလုပ်ကြီးပိုရှိတယ်။ အလုပ်ကြိုးစားမှုနဲ့ အခြားလျှပ်စစ်မီးစတာတွေ ပြည့်စုံ မှုတွေ အမေရိကမှာ အမြဲတန်းရှိနေတာပဲ။

ဒါပေမဲ့ …

သတင်းထောက်တစ်ယောက်အနေနဲ့ အခြားနေရာတွေ ရောက်တဲ့ အခါမှာေ တာ့ ကမ္ဘာဟာ အများကြီး ပြောင်းလဲနေပြီဆိုတာ တွေ့လိုက်ရပါတော့တယ်။ ဒီအခါမှာ ကျမသဘောပေါက်လိုက်တာက ကလေးတွေ အထက်တန်း ပညာရေးမဆုံးခင်အထိ ပညာသင်ကြားခဲ့ရတဲ့ ရက်ပေါင်း နှစ်ထောင့်သုံးရာ (၂၃၀၀) ဟာ အရင်ကထက် ပိုပြီး အရေးကြီးလာနေပါလားဆိုတာပဲ။

ဥက္ကလာဟိုးမားမှာရှိတဲ့ မက်ဒေါ်နယ်ဆိုင်က CEO က ဒီခေတ် အလုပ် သဘောတွေကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အမေရိကန် အလု ပ်သမား အလုံအလောက်ရဖို့ ရှာရခက်နေပြီ ဆိုတဲ့အကြောင်း ကျမကိုပြောပြ ပါတယ်။ မုန့်ဖုတ်၊ စက္ကူပုံးထဲထည့်ဆိုတဲ့ခေတ်က ကုန်သွားပြီ။ သူမ (စီအီးအို) လိုတာက စာကောင်းကောင်းဖတ်နိုင်သူတွေ၊ ပြဿနာကို ကြည့် ပြီးဖြေရှင်းနိုင်သူတွေ၊ တစ်ခုခုဖြစ်ပြီဆိုရင် ကာစတန်မာနဲ့ကောင်းကောင်း စကားပြောနိုင်သူတွေတဲ့။ သူတို့လိုအပ်တဲ့ အရည်အသွေးမီ အလုပ် သ မားတွေ အရေအတွက်ကို ဥက္ကလာဟိုးမား အထက်တန်းကျောင်းတွေ ၊ ကောလိပ်တွေက မွေးထုတ်မပေးနိုင်တော့ဘူး။

နိုင်ငံပေါင်း (၈၂) နိုင်ငံက ရုံးတွေကို လည်ပတ်ဖို့ ဝန်ထမ်းရှာဖွေရာမှာ အရောင်းဝန်ထမ်းကို ရှာဖွေရတာဟာ အခက်ခဲဆုံးဖြစ်တယ်လို့ အလုပ် သ မားရေးရာထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ ဟိုးအရင်က အရောင်းဝန်ထမ်းတစ်ယောက်ဟာ ခပ်တည်တည်နဲ့ ပစ္စည်းရောင်းပေးရင် ရပြီ။ ဒါပေမဲ့ ဒီနေ့အရောင်းဝန်ထမ်းတစ်ယောက်ရဲ့တာဝန်ဟာ ပိုပြီး ရှုပ်ထွေး လာတယ်။ ဒါကလည်း ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး သဘောတရားတွေက ပိုပြီးရှုပ်ထွေးလာနေလို့ပါ။ သတင်းအချက်အလက်တွေကလည်း အလွယ် တ ကူ ရရှိနိုင်တော့ ကာစတန်မာတွေ ကိုယ်တိုင်ကလည်း ဒီသဘောတရားတွေ ကို သိလာနေကြပါတယ်။ ဒီတော့ အရောင်းဝန်ထမ်းတစ်ယောက်ဟာ ကာစ တန်မာကို ဆွဲဆောင်နိုင်မယ့် ပစ္စည်း အသစ်အဆန်း တွေနဲ့ သူတို့ရောင်း ချနေတဲ့ ပစ္စည်း တွေအကြောင်းကို အင်ဂျင်နီယာတစ်ယောက်နီးပါး သိနေမှ အဆင်ပြေနိုင်ပါတော့တယ်။ နောက်ပြီး ကြုံတွေ့နေရတဲ့ လတ်တလောပြဿ နာက သိပ်မစွံလှတဲ့ ပညာရေး ကပင် တော်တော်ကြီးအရေးပါနေတဲ့ အချက် ပါပဲ။
အထက်တန်းအောင် ဒီပလိုမာမှ မရရင် နယူးယောက်မှာ အမှိုက်သိမ်း သူေ တာင် မဖြစ်နိုင်၊ ရေတပ်တဲ့တောင် ဝင်လို့မရဖြစ်နေပါတယ်။ ဒါသာဖြစ် တယ် ၊ ကျောင်းသားလေးယောက်မှာ တစ်ယောက်က စာသင်ခန်းထဲကထွက်ပြီး စာသင်ခန်းထဲပြန် မ ဝင်တော့တဲ့ ပြဿနာကလည်း ရှိနေဆဲပါ။
သိပ်မကြာသေးတဲ့ကာလတုန်းကပဲ အထက်တန်းကျောင်းပြီးသူ အရေ အ တွက်မှာ ဘယ်နိုင်ငံမှ အမေရိကထက်မသာဘူး။ ၂၀၀၉ ခုရောက်လာေ တာ့ နိုင်ငံပေါင်း (၂၀)လောက်က အမေရိကကို ကျော်တက်လာနေခဲ့တယ်။ အသိပညာဟာ ပိုပိုပြီးအရေးပါလာနေတဲ့ခေတ်ကြီးထဲမှာ ကျမတို့ဆီက ကလေးတွေက ဘာကြောင့် အသိပညာတွေ လျော့ပါးရင်း လျော့ ပါး လာနေရပါသလဲ။ သူတို့ကလေးတွေလောက် ဘာဖြစ်လို့ အသိပညာ မကြွယ် ဝ ဘဲရှိနေသင့်ပါသလဲ။

ဒီအတွက် အပြစ်ပုံချစရာတွေက လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ခြင်းလား၊ ဆင်းရဲမွဲတေမှုလား၊ ကျယ်ပြန့်ကြီးမားလွန်းတဲ့ ပထဝီကြောင့်လား။ အလုပ် မဖြစ်တဲ့ပေါ်လစီတွေကြောင့်လား။ နိုင်ငံရေးသမားတွေကြောင့်လား၊ မိဘတွေကြောင့်လား။

ကျမတို့ပြောနေကြတာက အမေရိကဟာ ခရီယေးတစ်ဖြစ်တဲ့ ကလေးတွေ ကို မွေးထုတ်ပေးရာဖြစ်တယ်။ ကျမတို့ကလေးတွေဟာ လျှပ်စစ် အင်ဂျင်နီ ယာ ပညာမှာ ထိပ်တန်းမရှိရင်နေမယ်။ ရဲရဲဝင့်ဝင့် ပြောရဲဆိုရဲရှိတယ်။ တည် ထွင် ဆန်းသစ်ရဲတယ်။ ဖြစ်နိုင်ခြေမှန်သမျှထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပြနိုင်တယ်။ ဒီလိုပါ။
ဒါပေမဲ့ ဒါဟာမှန်ပါတယ်လို့ ကျမတို့ဘယ်လိုလုပ် သိနိုင်ကြပါမလဲ။

ကိုရီယားက ကာဖျူးအမိန့်


"The smartest kids in the world" မိတ်ဆက်

ဒီ သုံးနိုင်ငံရဲ့ အဓိက မောင်းနှင်အားတွေက မတူကြဘူး။
ချုပ်ကြည့်တော့....
ဖင်လန်ရဲ့ အဓိက မောင်းနှင်အားက ကျောင်းဆရာတွေ
ကိုရီးယားရဲ့အဓိက မောင်းနှင်အားက မိဘ၊ ယဉ်ကျေးမှုနဲ့ ကျူရှင်တွေ
ပိုလန်ရဲ့အဓိက မောင်းနှင်အားက အစိုးရဖြစ်နေတယ်။

အတော်ဆုံးလူတွေ (အများစု) ကို ဆရာဖြစ်စေတာနဲ့ လူတော်တွေ ကိုယ် တိုင် ကျောင်းဆရာဖြစ်ချင်နေတာက (ဆရာဝန်လိုင်း၊ ဥပဒေလိုင်းတွေဆီ မသွားဘဲ) ဖင်လန်က ကလေးတွေကို ကံကောင်းစေတာပါ။
ချောင်တော့ မချောင်ဘူး၊ ၁၅၊ ၁၆နှစ်ကလေးအတွက် မေးခွန်းဟောင်းက

"Why is it difficult to achieve peace in the Middle East?" တဲ့။
သိပ္ပံနဲ့ သင်္ချာအပြင် Critical thinking နဲ့ problem solving ကို ဦးစားပေး တယ်။

ကိုရီယားကတော့ ကာဖျူးအမိန့်တောင် ထုတ်ထားရတယ်။ ကလေးတွေကို သတ်မှတ်အချိန်ထက် ကျော်ပြီး စာမသင်အောင်လို့ တဲ့။ သူတို့ဆောင်ပုဒ်က

"If you don't work hard now, you will have to work HARDER later."
ကိုရီယားကျောင်းဆရာတွေက ကျူရှင်ဆရာတွေကို မမီဘူး။ ကလေးတွေ က ကျောင်းထက် ကျူရှင်ကို ပိုအားထားတယ်။ မြန်မာနဲ့ဆင်တယ်။

ပိုလန် ပညာရေးဝန်ကြီးက စစ်စတန် တစ်ခုလုံးအမြစ်ကလှန်ပြီး ပြောင်း လဲလိုက်တာ။ ကျောင်းအုပ်၊ ကျောင်းဆရာ၊ မိဘတွေက လုံးသဘောမတူ ဘူး။
သူကံကောင်းသွားတာက နိုင်ငံရေးကအစ အကြီးအကျယ်ပြောင်းလဲ ပစ်နေချိန်ဆိုတော့ ရောပါသွားပြီး သူလည်း အသက်ရှူပေါက် ချောင်သွား တယ်။ ပိုလန်ဟာ မြန်မာနဲ့ အတူဆုံးပါပဲ။