ဆိုရှယ် ဘာသာရေး၊ သာသနာပြု


ဒီလို တရုတ်နှစ်သစ်ကူးတွေမှာ တစ်ချိန်က ကျောင်းအပေါ် ကျေးဇူးများပြီး အခု အသွားအလာခက်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေအိမ်ကို ရဟန်းတွေ ကိုယ် တိုင် သွားကြ၊ ပရိတ်ရွတ်ပေးကြ၊ အားပေးစကားအနည်းငယ်ပြောကြ လုပ်လေ့လုပ်ထရှိတယ်။
တစ်နေ့ကို လေးငါးအိမ်ပေါ့။ ပင့်ကြွမဟုတ်၊ မပင့်ကြွ။ ဖုန်းတော့ ကြိုတင်ဆက် ထားကြတယ်။ သူတို့တတွေ တကယ်ပျော်သွားတာ။
ဒါက ဆိုရှယ် ဘာသာရေး၊ သာသနာပြုပဲ။ နေမကောင်းတဲ့ အရှင်မဟာကသပ၊ အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီးတွေက ဘုရားကြွလာဖို့ ဘယ် ပင့်ရဲပါ့ မလဲ။ ကြွသွားတော့ ဝမ်းသာတာပေါ့။

Post a Comment