ဖီးဒ်ဘက်


ဆရာတစ်ယောက်ထဲက ဘာသာရပ်အားလုံးကို သင်မပေးနိုင်ဘဲနဲ့
တပည့်တစ်ယောက်က ဘာသာရပ်အားလုံးကို သင်ယူနိုင်လိမ့်မယ်လို့
ဘယ်လိုလုပ်မျှော်လင့်လို့ရမှာလဲ ဆရာရယ်။

တရုတ်နှစ်သစ်ကူးနဲ့ ကျနော်စီးခဲ့ဖူးသော မြင်းတစ်ကောင်အကြောင်း


ကျနော်ငယ်စဉ်က မြင်းတစ်ကောင်ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုမြင်းက မြင်းေ ပါက်ဖြစ်သဖြင့် လူတော့ရွေးသည်၊ သူ့သခင်မဟုတ်ဘဲ တက်စီးဖို့ အလွန်ခက် သည်။ မထင်ရင်မထင်သလို လုပ်သည်။ သူနဲ့ကျနော့်ကြားမှာတော့ ဆက် ဆံရေးက ချောချောမွေ့မွေ့ပါ။ ဒါတင်မကပါ။ သူဘယ်လောက် သစ္စာရှိတယ် ဆိုတာ အခု ပြောပြချင်ပါသည်။

ထိုစဉ် အဖေက ဝါပွဲစားလုပ်နေသောအချိန်ဖြစ်သဖြင့် ငွေရှင်း၊ ငွေသိမ်း၊ ဝါသိမ်းစသည့်ကိစ္စတို့ဖြင့် ဟိုရွာ ဒီရွာသွားရတတ်သည်။ အဲဒီအချိန်မှာ ကျနော့်အသက်က ၁၂ နှစ်သားလောက်ပဲ ရှိလိမ့်မည်ထင်ပါသည်။ မသေခြာပါ။
တစ်နေ့ ငွေသိမ်းရန် အရှေ့နယ်ဖက်သို့သွားရန်ရှိလာသည်။ အရှေ့နယ်က နည်းနည်းကြမ်းသဖြင့် သူနဲ့အဖော်လိုက်ခဲ့ရန် အဖေက ကျနော့်ကိုခေါ်သည်။ ထိုအခါ ကျနော်က ကျနော့်မြင်းကိုစီးပြီး အဖေကတော့ အနောက်ဖက်အိမ် က မြင်းမကြီးကို ငှားစီးကာ နေ့လယ်ခင်းလောက်မှာ ရွာမှထွက်ခဲ့ကြသည်။
"သတိတော့ ရှိမှ၊ ဒီနယ်က လူမိုက်များတယ်"
လို့ အဖေကသတိပေးပါသည်။ ထိုရွာကို ရောက်သည့်အခါမှာတော့ ရွာသား တို့၏ ဖော်ရွေပျူငှာမှုကိုမြင်ရပြီး အဖေက အစိုးရိမ်လွန်တာဖြစ်မှာပါ လို့ ပင် တွေးလိုက်မိသေးသည်။ အဖေကတော့ ဖော်ရွေလေလေ၊ အစား အသောက်များဖြင့် အချိန်ဆွဲ ဧည့်ခံလေလေ အန္တရာယ်ရှိလေလေ ဟု တွေး ထင်နေပုံရပါသည်။ သူ့ကို အရက်များဖြင့် ဧည့်ခံသလို ကလေးသာဖြစ်သော ကျနော့်အတွက်လည်း စားစရာတွေက စုံလင်လှသည်။ နေမဝင်မီ ထိုရွာမှပြန် ရန် စိတ်ကူးရှိခဲ့ကြသော်လည်း တော်တော်မှောင်မှ ထိုရွာကထွက်နိုင်ခဲ့သည်။ ဝါ ဖောက်သည်များဖြစ်နေသဖြင့် သူတို့ဖိတ်ကြားဧည့်ခံမှုကို အဖေက အငြင်း ခက်နေသောကြောင့် နောက်ကျသွားရခြင်းဖြစ်သည်။




ရွာကထွက်တော့
"စပ်ကြား(လှည်းလမ်းကို ဘေးနှစ်ဖက်မှ ခြုံပုတ်များဖြင့် ကာဆီးထားသည့် လမ်းကျဉ်း) မရောက်ခင် သတိထားရအောင်၊ စပ်ကြားထဲမှာဆို ရှေ့ဆက် မရ၊ နောက်ဆုတ်မရ၊ ဘေးထွက်မရ ညှပ်ပူးညှပ်ပိတ်မိသွားနိုင်တယ်။ ဒီ လူတွေကို အခု ပိုပြီးသံသယရှိလာတယ်"
လို့ ထပ်သတိပေးသည်။ မှန်ပါသည်၊ ကွင်းပြင်မှာဆို သူတို့မှာဓားကိုယ်စီ ပါတယ်ဆိုဦး မြင်းပေါ်မှလူက ကြောက်စရာမလိုပါ။ ကျနော်တို့မှာလည်း ဓားကိုယ်စီပါသည်။ အဖေပြောသည့် စပ်ကြားထဲ မဝင်မီ ခပ်လှမ်းလှမ်းမှစပြီး ကျနော်က မြင်း တင်ပါးကို ခပ်စပ်စပ်ပုတ်ပေးလိုက်ပြီး အသာကျ မောင်း လိုက်သည် ။ ပြေးနေသော်လည်း စပ်ကြားနားနီးသောအခါ မြင်းရဲ့ နှာမှုတ် သံတွေ ပြင်းပြင်းလာသည်။ သူ့နှာမှုတ်သံကို မကြားချင်ယောင်ဆောင်ပြီး စပ်ကြားထဲ အတင်းမောင်းနေသောအခါ နှာမှုတ်ရုံသာမက ဟီးသံပေး၊ ပတတ်ရပ်ပြီး ညင်းဆန်လေတော့သည်။

ဒါဆို သေချာပြီ။ လူစိမ်းစောင့်နေသည်၊ အန္တရာယ်ရှိနေပြီ။ ထိုသို့သိလိုက်ချိန် ဓားကိုယ်စီနဲ့ လူငါးယောက် မလှမ်းမကမ်းကလိုက်လာသည်ကို တွေ့လိုက်ရ သည်။ ထို့အတူ ရှေ့မှာ စောင့်နေသည့်အုပ်စု ရှိနေမည်ကလည်း သေချာလှ ၏။
"သေချာပြီ။ ဒါပေမဲ့ ခြုံသိပ်မထူသေးတော့ ဒါလောက်တော့ ငါတို့မြင်းတွေ ခုံနိုင်တယ်၊ မင်း မြင်းကိုအရင် အခုန်ခိုင်းလိုက်"
ဒါနဲ့ ဇက်ကြိုတင်းပြီး တင်ပါးပုတ်ပေးလိုက်ရာ အလွယ်တကူပင် အပြင်ေ ရာက်သွားသည်။ အဖေလည်း နောက်က ပါလာသည်။ စပ်ကြား အပြင်ရောက်တော့ လမ်းမဟုတ်သည့် မြေပဲခင်းထဲကနေပဲ မြင်းစီးလာခဲ့ ရတော့သည်။
အဖေကတော့ စပ်ကြားထဲက လူအုပ်ကို
"ခွေးမသားတွေ သတ္တိရှိရင် တို့ရွာအထိလိုက်ခဲ့ကြလေ" လို့တောင် လှမ်းပြီးစိန်ခေါ်လိုက်သေးသည်။

ထိုညက ဘေးမသီရန်မခ ရွာပြန်ရောက်ခဲ့သည်မှာ လူစိမ်းအစီးမခံချင်သော၊ ဂျစ်ကပ်ကပ် ကျနော့်မြင်း၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။
စဉ်းစားမိပါ၏။ ပိုက်ဆံရှိလို့ မာစီးဒီးဝယ်စီးမည်ဆိုလျင်ပင် ရှေ့မှာ အန္တရာယ် ရှိလို့ဆိုပြီး ကားဟွန်းကို အလိုလိုမည်ပေးမည်မဟုတ်ပါ။
ဤသို့သော ဆက်ဆံရေးက သက်ရှိသတ္တဝါများ ကြားမှာသာရှိနိုင်လေသည်။
တရုတ်နွယ် စာဖတ်ပရိသတ်များသို့ ကုန်းချီဖဆိုင်။

တောအုပ်သမ္မတကြီး ဒုက္ခရောက်နေပြီ


တောအုပ်သမ္မတကြီးဆိုတာ ခြင်္သေ့မင်းပါ။ ပြောတဲ့စကားတွေကလည်း ပုံပြင်ဟောင်းထဲကအတိုင်းပါပဲ။ ဒါပေမဲ့ မီဒီယာနဲ့ အခွင့်အရေးခေတ်ကြီး ထဲမှာ ဒါမျိုးသွားပြောလို့မရဘူးဆိုတာ သတိမထားလိုက်မိလို့ ဖြစ်ပွားခဲ့တာ
ပါ။ ဒါကလည်း အွန်လိုင်းမီဒီယာပေါ် ချက်ချင်းရောက်သွားတော့ ပွဲဆူသွား တာပေါ့။ ဟိုကောင်တွေက တိုက်ရိုက်ကို တယ်လီကတ်စ်တ် လုပ်ချလိုက် တာ။(ပုံကို ရှု)


အဓိက မှားသွားတဲ့ စကားသုံးခွန်းက
၁။ ကြွက်ကိုစားမယ်လို့ပြောတာ
၂။ အခုအချိန်ဆိုရင် မျှစ်စို့ပေါက်တောင် ရှောင်နိုင်မယ်မဟုတ်ဘူးဆိုတာနဲ့
၃။ မင်းလို ကြွက်ငယ်လေးက ငါ့လိုတောအုပ်သမ္မတကြီးကို ကူနိုင်မယ်တဲ့ လား၊ ဝါးဟားဟား ဆိုတဲ့ စကားတွေပါ။

ပထမဆုံးစကားက တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို ဂယက်ရိုက်သွားခဲ့ပါ တယ်။ ကြီးနိုင် ငယ်ညှင်း တိရစ္ဆာန်တန်းစားခွဲခြားတယ်။ Discrimination လုပ်တယ်၊ ဘူလီကျတယ်ဆိုပြီး ဆန္ဒပြနေကြပါတယ်။

ဒုတိယစကားကတော့ ခြင်္သေ့လောကကိုပဲ ထိရိုက်သွားတာပါ။ ခြင်္သေ့ဆို တာ မြက်တင်မကဘူး၊ ကြွက်ကိုလည်းမစားဘူး။ အခုဟာက မျှစ်စို့ပေါက် ကိုတောင်စားဦးမယ်ဆိုတော့ ခြင်္သေ့သိက္ခာချတယ်၊ Disgraceful ဖြစ်တယ် ဆိုပြီး ခြင်္သေ့တွေကလည်း မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ သူတို့ကလည်း Disgraceful သမ္မတ Out, out တဲ့။

တတိယစကားကလည်း တိရစ္ဆာန်လောကကြီးတစ်ခုလုံးကို နာကျည်း ခံ ခက်ဖြစ်စေခဲ့တာပါပဲ။ သမ္မတကြီးလုပ်နေပြီး သူများကို ဘာလို့အထင်သေးတဲ့ စကားပြောရတာလဲ၊ အိုဗားမားတို့ကိုကြည့်၊ ကလေးကိုလည်း တလေးတစား ဆက်ဆံတယ်။
ဒီကြားထဲ ဝါးဟားဟား ဆိုတဲ့ သရော်သံကြီးပါ ပါသွားတော့ ပိုဆိုးသွားရော။ Discrimination တွေရော၊ Disgraceful ဘီဟေးဗီးယားတွေရော၊ disrespectful မဲင်းနားတွေရော စုံလို့ စွပ်စွဲနေကြပါသတဲ့။

စာကြွင်း။ ။ ပုံပြင်သစ်ကိုဖတ်ဖူးတဲ့ သမ္မတတွေက စကားများများ မပြော ကြတော့ဘူး။ 

တောင်ကြီးဖဝါးအောက်


တောင်နဲ့ပတ်သက်တဲ့ တရုတ်စကားပုံသုံးခု ဖတ်ဖူးပါတယ်။
၁။ တောင်တစ်လုံးထက်မြင့်တဲ့ တောင်တစ်လုံး အမြဲရှိတယ် (သိုင်းဝတ္ထုတွေထဲမှာ)
၂။ တောင်တစ်လုံးဟာ မြင့်မားလေလေ အထီးကျန်လေလေ (လူမှုရေးစာတွေထဲမှာ)
၃။ တောင်တန်းမြင့်လေလေ အင်ပါယာနဲ့ ဝေးလေလေ (နိုင်ငံရေးစာတွေထဲမှာ)

မြန်မာတွေကတော့ "တောင်ကြီးဖဝါးအောက်" တဲ့။
တရုတ်စကားပုံ ၂၊ ၃ နဲ့ မြန်မာစကားပုံကိုပေါင်းကြည့်ရင် အထီးကျန်မှုနဲ့ အင်ပါယာကို ခြေဖဝါးအောက်ရောက်အောင် ကြိုးစားတက်ယူလို့ရတယ်။
ပြသနာက တရုတ်စကားပုံ ၁။
ပိုမြင့်တဲ့ အထီးကျန်မှုနဲ့ ပိုအားကောင်းတဲ့ အင်ပါယာ အမြဲရှိနေမယ့်သဘော။
ဒါကိုတော့ မြန်မာစကားပုံက "နောက်လူ နှစ်ချက်ခေါက်" တဲ့။
ဉာဏ် မမီတော့ ဘာတွေမှန်းမသိဘူး။ ရှုပ်တယ်။

ပန်းသီးတစ်လုံး


သူငယ်ချင်း ဆရာဝန်တစ်ယောက်နဲ့ ရှေ့နေတစ်ယောက်က ကောင်မလေး ကို ပြိုင်တူပိုးနေကြတာ။
ဒါကိုလည်းသိရော ရှေ့နေက ကောင်မလေးကို တစ်နေ့ ပန်းသီးတစ်လုံး ပုံမှန်ပေးတယ်။
ဒါနဲ့ ဆရာဝန်က
"မင်းက ကောင်မလေးကို ဘာဖြစ်လို့ နေ့တိုင်း ပန်းသီးတစ်လုံး တစ်လုံးပေးနေတာလဲ" လို့မေးတယ်။
ဒီတော့မှ ရှေ့နေက
"An apple a day keeps the doctor away" လို့ ပြန်ပြောလိုက်တယ်။

သူမတူသည့် တို့နိုင်ငံ

၁။ သတင်းစာနှင့်မတူသော သတင်းစာ
ကျွန်ုပ်တို့နိုင်ငံမှ ထုတ်သော သတင်းစာသည် မည်သည့်နိုင်ငံကထုတ်သော သတင်းစာနှင့်မှ မတူ၊ တစ်မူ ကွဲပြား၏။ ပြည်သူလူထု ဖတ်လိုသော သတင်းများ မပါတတ်၊ အစိုးရရေးလိုသော သတင်းနှင့် နာရေးကြော်ငြာ၊ သာရေးကြော်ငြာတချို့သာ ပါ၏။ စာရွက်ပမာဏအားဖြင့်လည်း စင်္ကာပူလိုနိုင်ငံက အလကား ဝေနေသော TODAY လို သတင်းစာလောက်သာ ရှိပြီး ထိုသတင်းစာ၏ တစ်ဝက်ပင် မရှိ။

စီးပွားရေးမတိုးတက်သေးသော နိုင်ငံများမှ သတင်းစာများကို တွေ့ဖူးသည်။ သို့သော် မြန်မာသတင်းစာလောက်တော့ မညံ့။ စာမျက်နှာ ပိုများ၏။ အရောင်အသွေး ပိုစုံလင်၏။ မြို့သတင်း၊ နယ်သတင်း စုံလင်၏။ အစိုးရကိုယ်တိုင်က ထုတ်ဝေသော သတင်းစာများဆိုလျှင် ဆင်းရဲသော နိုင်ငံများက ထုတ်ဝေသော သတင်းစာများကပင်လျင် ခန့်ခန့်ညားညားတော့ ရှိကြ၏။ ထို့ကြောင့် ဆို၏။ ကျွန်ုပ်တို့နိုင်ငံ၌ သူများနှင့် မတူသော မြန်မာ့အလင်း၊ ကြေးမုံစသော သတင်းစာကြီးများ ရှိ၏။

၂။ ဂျာနယ်နှင့်မတူသော ဂျာနယ်များ
ကျွန်ုပ်တို့နိုင်ငံ၌ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံက ဂျာနယ်နှင့်မှ မတူသော ဂျာနယ်များလည်း ရှိသည်။ သတင်းစာက သတင်းစာအလုပ်ကို မလုပ်သောအခါ ဂျာနယ်က သတင်းစာအလုပ်ကို ဝင်လုပ်လေတော့သည်။ မြန်မာပြည်က ထုတ်ဝေနေကြသော ဂျာနယ်တို့သည် အပြည်အပြည်ဆိုင်ရာ စံညွှန်းအရ သတင်းစာနှင့်သာ တူသည်။

စာမျက်နှာ ဆိုက်ကြီးသည်။ စာမျက်နှာများကို တွဲချုပ်မထား။ အဓိက ဦးစားပေးလိုသော အကြောင်းအရာ ပီပီပြင်ပြင် မရှိ (အားကစားဂျာနယ်များကတော့ ရှိသည်)။ တောကြိုအုံကြား သတင်းကစ၍ သတင်းစုံ ထည့်ကြသည်။ ဂျာနယ်များ ကံကောင်းကြသည်။ ဤကိစ္စက အပြည်အပြည်ဆိုင်ရာ အနေအထားအရ သတင်းစာက ဖြန့်ဝေရမည့် သတင်းတို့ ဖြစ်သည်။

ဂျာနယ်စစ်စစ်များလည်း ရှိတော့ရှိပါသည်။ ပညာရေးဝန်ကြီးဌာနစသည်က ထုတ်ဝေသော မြန်မာစာဂျာနယ်၊ အင်္ဂလိပ်စာဂျာနယ်စသော ဂျာနယ်များ ဖြစ်သည်။ အရွယ်အားဖြင့်လည်း ဂျာနယ်အရွယ်၊ သီချုပ်၍လည်း ထားကြသည်။ ကျွန်ုပ်တို့ငယ်စဉ်က ရွှေသွေး၊ မိုးသောက်ပန်းစသော အပတ်စဉ်ထုတ် ဂျာနယ်များ ရှိသည် (ယခု ရှိသေးသလားတော့ မပြောတတ်)။ ဂျာနယ်အစစ်များ ဖြစ်ကြသည်။ စာအုပ်ပုံစံ ဖြစ်သဖြင့် သိမ်းဆည်းထား၍လည်း ရသည်။ ကမ္ဘာကို ကြည့်ပါလေ။ Times ရှိ၏၊ Newsweek ရှိ၏။ စာအုပ်များပင် ဖြစ်ကြသည်။ လေးနက်၏။ ဘာသာရပ်တစ်ခုခုကို စူးစူးစိုက်စိုက် ရေးသား၊ ဝေဖန်၏။ စာပေချစ်သူများ သိမ်းဆည်းရ၏။

သူတို့က ဂျာနယ်ဟု ခပ်ပြောင်ပြောင် ခေါ်ကြ၏။ အမှန်မူ ကျွန်ုပ်တို့နိုင်ငံမှာ ရှိသော ဂျာနယ်များသည် အပတ်စဉ်ထုတ် သတင်းစာများသာ ဖြစ်ကြသည်။ ကံကောင်းသည်။ သတင်းစာက သတင်းစာအလုပ်ကို မလုပ်နိုင်သေး။ မည်သို့ပင် ဖြစ်စေ၊ လူထုကြားရောက်အောင် သတင်းပေးနိုင်သော ထိုထိုဂျာနယ် (အပတ်စဉ် သတင်းစာ) တို့ကို ကျေးဇူးတင်ရ၏။

(ဤဆွေးနွေးမှုအတွက် ကိုလတ် (အင်းဝ) (သို့) ဒေါက်တာ ခင်မောင်လတ်ကို ကျေးဇူးတင်ပါ၏)

၃။ ငွေစက္ကူကို ထောင်၍ ဖိနပ်ဖြင့် ပစ်ခြင်း
ကလေးဟူသည် ကစားတတ်သော အမျိုးဖြစ်သည်။ တစ်ခု မကစားရလျှင် အခြားတစ်ခုခုကို ပြောင်း၍ ကစားတတ်သည်။ သူတို့ အချိန်ကြာမြင့်စွာ အငြိမ်မနေတတ်ကြ။ ကျွန်ုပ်တို့ကလေးများလည်း ကစားတတ်ကြသည်။ ပိုက်ဆံ (ငွေစက္ကူများ) ကို ဖုံမှုန့်ပေါ်တွင် လိပ်ထောင်ပြီး မိမိစီးသော ဖိနပ်ဖြင့် ပစ်၍ အလောင်းအစားလုပ်သော ကစားနည်းဖြစ်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်ကလေးမှ ဤသို့ ကစားကြလိမ့်မည် မထင်။ မိဘများကလည်း ခွင့်ပြုကြလိမ့်မည် မဟုတ်။ (ယခု ကစားနေကြဆဲလားတော့ မသိပါ။)

ထိုယဉ်ကျေးမှု (မယဉ်ကျေးလှသော ယဉ်ကျေးမှု) အမြစ်တွယ်နေသည်က အတော်ကြာပြီ ထင်သည်။ တချိန်က အကြွေစေ့များကို ထောင်ပြီး ကျောက်ဒိုးဖြင့် ပစ်ကြသည်။ ထိုကစားနည်းလည်း မကောင်း၊ မိမိ အမြတ်တနိုးထားနေရသည့် ငွေကြေးကို အဘယ့်ကြောင့် ကျောက်ခဲဖြင့် ပစ်ရမည်နည်း။ ထိုမျှမက ထိုအကြွေစေ့ပေါ်၌ နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်၏ပုံ ပါသည်။ တစ်နိုင်ငံလုံး လေးစားပါသည်ဆိုသော ထိုဗိုလ်ချုပ်လည်း ကျောက်ဒိုးတို့ဖြင့် အပစ်ခံရလေတော့သည်။

ပိုဆိုးသည်က အကြွေစေ့များ ရှားပါးပြီး ငွေစက္ကူများ သုံးစွဲလာကြ အခါ၌ ဖြစ်သည်။ ငွေစက္ကူကို ကျောက်ဒိုးဖြင့် ပစ်၍ မရ။ ထိုအခါ စီးသောဖိနပ်များကို ချွတ်၍ ပစ်ကြလေတော့သည်။ နိုင်ငံ၏ အထွတ်အမြတ် ငွေစက္ကူ၊ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်ခမျာလည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို အကြိမ်အကြိမ် ခံရလေတော့ သည်။

ထိုစဉ်က လူကြီးသူမတို့၏ မှတ်သားထိုက်သော စကားရှိခဲ့သည်။ “ငွေစက္ကူကို ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကြောင့် ငွေကြေးတန်ဖိုး ပျက်လတ္တံ။ နိုင်ငံစီးပွားရေး နိမ့်ကျလတ္တံ” ဟု နိမိတ်တဘောင် ဆိုခဲ့ကြ၏။

၎။ ငွေစက္ကူကို ကော်ကပ်၊ သံချွန်ဖြင့် ထိုးစိုက်ခြင်း
ဤကိစ္စကား ကလေးများနှင့်မဆိုင်၊ မယဉ်ကျေးလှသော ယဉ်ကျေးမှုနှင့်သာ ဆိုင်သည်။ သံဃာကို နဝကမ္မ လှူသည်ပဲ။ ထိုနဝကမ္မကို ကော်မကပ်၊ သံချွန်ဖြင့် မပေါက်လည်း လှူလို့ ရသည်သာ။ သို့သော် ဘယ်က ပါလာသည့် ယဉ်ကျေးမှုမှန်း မသိ (ပိဋကတ်စာပေမှာတော့ မလာ)။ ထိုထို နဝကမ္မတို့ကို ပုံစံတစ်မျိုးမျိုး ပုံဖော်ကာ ယပ်တောင်စသည်၌ ကပ်ပြီး ပဒေသာပင်ဆိုသည်ကို ပြုလုပ်ကြသည်။

မိမိတို့ သုံးစွဲသည့် ငွေကြေးကို ခေါက်ချင်ရာက ခေါက်၊ ချိုးချင်ရာက ချိုး လုပ်သော လူမျိုးလည်း ကမ္ဘာပေါ်တွင် ရှိမည်မထင်။ အစိုးရကလည်း ခွင့်ပြုလိမ့်မည် မဟုတ်။ မလုပ်အပ်သော ကိစ္စပါပေ။ ထိုထို ရွှေမြန်မာတို့ ယဉ်ကျေးမှုက နိုင်ငံခြားရောက်သည်အထိ မပျောက်တတ်သေး။ ကိုယ့်ငွေစက္ကူကို ချိုးလို့ခေါက်လို့ အားမရ။ သူများငွေစက္ကူကိုပင် ချိုးကြခေါက်ကြ၊ ပဒေသာပင် လုပ်ကြ၏။ လုပ်သင့်ပါ၏လော။ တစ်စုံတစ်ယောက်က တိုင်တန်းသော် သေချာပေါက် အရေးယူခံရမှာ ဖြစ်ပြီး သတင်းစာမှာပင် ခေါင်းကြီးက ပါလာနိုင်သော သတင်းမျိုး၊ သတင်းဆိုး ဖြစ်သွားနိုင်သည်။

ငွေကြေးနှင့် ငွေကြေးစနစ်သည် နိုင်ငံတိုင်းအတွက် အထွတ်အမြတ် ဖြစ်သည်။ ထိုငွေကြေးကို လေးစားကြရသည်။ အကန်းသဖွယ် ဘာသာရေး အယူသည်းမှု့ကြောင့် မိမိတို့ ငွေကြေးကို မိမိတို့က ဖျက်ဆီးနေသည်ကို သတိမမူမိကြ။ အမေရိကန်ဒေါ်လာများကို ကြည့်ပါ။ ထိုထိုငွေစက္ကူတို့က နှစ်မည်မျှ ကြာစေ၊ အသစ်အတိုင်းပင် ရှိသည်။ စက္ကူကောင်းသောကြောင့်ဟု ဆိုလိုက ဆိုနိုင်ပါ၏။ သို့သော် ထိုစက္ကူ ဘယ်လောက် ကောင်းကောင်း၊ ချိုး၍ရသည်။ ခေါက်၍ရသည်။ ကော်ကပ်၍ ရသည်။ သံကလစ်ဖြင့် ထိုးညှပ်၍ ရသည်။ သို့ဖြစ်လျှင် ထိုငွေကြေးလည်း ပျက်စီးရမည်သာ ဖြစ်၏။

အမေရိကန်တို့က သူတို့ငွေစက္ကူကို တန်းဖိုးထားကြ၏။ ထိုငွေကြေးသုံးစွဲသူတို့ကလည်း ထိုငွေစက္ကူတို့ကို တန်ဖိုးထားရ၏။ သို့မဟုတ်လျှင် ငွေရေတွက်သော စက်ကပင် လက်မခံ။ ညစ်ပေခေါက်တွန့်နေသော ငွေစက္ကူကို ပြန်ထုတ်ပေးသည်။ ထိုစက်က အားမနာတတ်။ ထို့ကြောင့် “Dirty Money” ဟို ခေါ်လိုက်လေတော့သည်။

ထိုပဒေသာပင် လုပ်ခြင်း၏ ရည်ရွယ်ချက်ကလည်း ဝေဝါးဝါးနိုင်သည်။ သူတစ်ပါး သာဓု ခေါ်နိုင်အောင်လား၊ ကိုယ်ဘယ်လောက် လှူနိုင်တယ်ဆိုတာကို ပြချင်တာလား။ ကောင်းတာကတော့ နဝကမ္မလှူခြင်းသည် သိုသိုသိပ်သိပ် လက်သိပ်ထိုးလှူတာက ပို၍ ဘာသာရေးနှင့် ညီညွတ်ပေမည်။ မည်သို့ဖြစ်စေ ကော်ထူထူကပ်ထားသော ထိုထိုယပ်တောင်ကို အလှူခံရရှာသော ရဟန်းအတွက်တော့ ကျောင်းမှာ လုပ်စရာ အလုပ်များ တော်တော်များများ ပါသွားတော့သည်။ ထိုကော်များကို ရေနှူးခြင်း၊ နဝကမ္မတစ်ရွက်ချင်း မစုတ်ရအောင် ခွာယူရခြင်း၊ ထိုကော်တို့ စင်အောင် အဝတ်ဖြင့် သုတ်ရခြင်း၊ အခြောက်ပြန်လှန်းရခြင်းတို့ ဖြစ်လေသည်။ ထိုယပ်တောင်ကို အလှကြည့် မနေနိုင်ရှာသော စာသင်သားရဟန်း ဖြစ်ခဲ့သော် ထိုယပ်တောင်တို့သည် စိတ်ညစ်စရာ အလွန်ကောင်း၏။

ကိုရင်ဝမ်းသာ ဘုန်းကြီးစိတ်ညစ်
ရွာမှာ ဈေးရောင်းသော ဒကာမကြီးရှိသည်။ မြို့က သူမကိုယ်တိုင် ရွာထဲရောင်းရန် ဝယ်လာသော “ငါး” တို့၏ အမည်ကို သူမလည်း မသိ။ ရွာက ဈေးဝယ်သူတွေက ဘာငါးလဲဟု မေးရာ သူမက “ကိုရင်ဝမ်းသာ ဘုန်းကြီးစိတ်ညစ် ငါး” ဟု သူမကိုယ်တိုင် အမည်ပေးလိုက်တော့သည်။ “ဘာ့ကြောင့်လဲ” ဟု မေးရာ ငါးကြီးတွေက ကြည့်ရာမှာ အလွန်လှသည်။ စားချင်စဖွယ်လည်း ရှိသည်။ ထို့ကြောင့် ဆွမ်းခံသော ကိုရင်တို့က ဝမ်းသာကြသည်။ ထိုငါး ဆွမ်းစားပွဲပေါ် ရောက်သောအခါ အရိုးက များများ၊ အသားကနည်းနည်း၊ စားရတာလည်း အလွန်ခက်သည်။ ထို့ကြောင့် ထိုငါးဟင်းမျိုး မြင်တိုင်း ဘုန်းပေးသော ဘုန်းကြီးက စိတ်ညစ်တော် မူရ၏။ အရိုးလည်း မကြာမကြာ မြက်တတ်သည်” ဟို ဗြောင်ပြော၍ ရောင်းသည်။ တော်တော် စကားပြောကောင်းသော ဒကာမကြီး ဖြစ်သည်။

ထို့အတူ ကော်ထူထူ ကပ်ထားသော ယပ်တောင်များ၊ ကလစ်မြဲသော ယပ်တောင်များကို မြင်ရတိုင်း မိမိကိုယ်တိုင် စာသင်သားဘဝက အတော် စိတ်ညစ်ခဲ့ရဖူးသည်။ ငါးရာဖြင့် ငါးရာ၊ တစ်ထောင်ဖြင့် တစ်ထောင် စာအိပ်ထဲ ပိတ်၍ လှူလိုက်သော် …
ထိုငွေစက္ကူများလည်း ရုပ်ပျက်ဆင်းပျက် ကျိုးကြေစရာ မလို။
ဗိုလ်ချုပ်၏ မျက်နှာလည်း အစင်းအကြောင်းများ မထင်၊ ဗိုလ်ချုပ်၏ ပါးပေါ်၊ မျက်လုံးပေါ်မှာလည်း ကော်ကပ်ရာ မရှိ၊ သံစူးရာ မရှိ။
အလှူခံရလိုက်သော ရဟန်းငယ်မှာလည်း လိုအပ်သော စာအုပ်၊ စာရေးကိရိယာ လွယ်လွယ်ကူကူ ကပ္ပိ၍ ရ။

ယခုမူ ဝါကြွားပလွှားမှု နည်းပါးသည်ဆိုသော ထိုထိုမြန်မာတို့၏ ယဉ်ကျေးမှုကြောင့် …
ငွေစက္ကူခမျာမှာလည်း …
ဗိုလ်ချုပ်မျက်နှာမှာလည်း …
အလှူခံရလိုက်သော ရဟန်းငယ်မှာလည်း …

ထို့ကြောင့် ဆို၏။ ကျွန်ုပ်တို့နိုင်ငံက ယူနိ(က်) ဖြစ်၏။

(posted on 12/10/2012)

သီဟနာဒ

ခေတ်ပေါ်ထိုင်ခုံခါးပတ်


ဒီလိုခေတ်ပေါ်ထိုင်ခုံခါးပတ်နဲ့ဆိုရင် အက်ဆီးဒင့်ဖြစ်မှု ၄၅ ရာခိုင်းနှုန်းအထိ လျော့ကျသတဲ့။
ဆရာတို့ရေ ကားဝယ်မယ်ဆိုရင်တော့ စိတ်ကူးမလွဲကြနဲ့။

(မြန်မာမှာရော ကမ္ဘာမှာပါ ဖြစ်နေတာတွေက ကွက်တိပဲ)


In this new world, local politics is the politics of ethnicity; global politics is the politics of civilization.

In this new world the most pervasive, important, and dangerous conflicts will not be between social classes, rich and poor, or other economically defined groups, but between peoples belong to different cultural entities.

The rivalry of the superpowers is replaced by the clash of civilization.
နိုင်ငံခြားက မေးခွန်းတွေကို ဖြေဆိုသွားတဲ့ မြန်မာဆရာကြီးတွေဟာ ဟန် တင်တန်ရဲ့ သိမ်မွေ့နက်နဲတဲ့ (နောက်ဆုံးအကြောင်း) အဓိပ္ပါယ်ထက် အပေါ် ယံက စကားကို ယူသွားကြဟန်တူပါတယ်။ ဒီအထဲ အန္တရာယ်အများဆုံး၊ စစ် ပွဲဖန်တီးမှုတွေအများဆုံးက အစ္စလမ် စီဗီလိုက်ဇေးရှင်းလို့ ပြောလိုက်တော့ ဒီစာအုပ်က တစ်ကမ္ဘာလုံးကို ဆူပွက်သွားစေခဲ့ တယ်ဆိုတာလည်း လက် ခံစရာပဲ။

(The Clash of Civilizations p. 28.)

မသိမသာနဲ့ ဘာသာတွေပြန်နေမိခြင်း (လပတ်လည် အမှတ်တရ)


Self-reflection သာ ဖြစ်လို့ စိတ်မဝင်စားရင် အချိန်ကုန်ခံပြီး ဆက်မဖတ်ဖို့ အကြံပေးချင်ပါတယ်။

၁။ အင်္ဂလိပ်သို့

မနှစ်က အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးခွင့် ကြုံလာခဲ့ပါတယ်။ ကမ်းလှမ်းသူ က စထရိတ်တိုင်းပါ။ ဒါ့အတွက် အားလည်းစမ်းကြည့်ခဲ့မိပါသေးတယ်။ ဒီ စာအုပ်မျိုးရဲ့ တာဂက်(စာဖတ်ပရိသတ်)က အများကြီးကျယ်ဝန်းသလို တူတူ တန်တန်လေးဖြစ်သွားမယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အကျိုးအမြတ်က အများ ကြီးပါ။ အားပေး၊ ကူညီ၊ တိုက်တွန်းသူတွေလည်း ရှိခဲ့ပါတယ်။ ပြသနာက အ ချိန်နဲ့အားစိုက်မှုပါပဲ။ ပေးနိုင်ပါ့မလား။ ကိုယ်တိုင်ကလည်း အချိန်ပြည့် ရေးနို င်၊ သွားလာ၊ တွေ့ဆုံ၊ သုတေသနပြုနိုင်တာမဟုတ်တော့ နှုတ်နဲ့ဝန်ခံခဲ့ပေမဲ့ စာချုပ်ပေါ်လက်မှတ်ထိုးဖို့ကျတော့ မဝန့်မရဲဖြစ်ခဲ့ရပါတယ်။

၂။ အင်္ဂလိပ်မှ

"အင်္ဂလိပ်သို့" နဲ့စာရင် "အင်္ဂလိပ်မှ" က အများကြီးပေါ့ပါးလွတ်လပ်ပါတယ်။ ဒါပေမဲ့ တာဂက်(စာဖတ်ပရိသတ်) ကတော့ ကျဉ်းသွားတာပေါ့။ (ကြီးကြီး ကျယ်ကျယ်တွေ လျောက်ပြောလို့ ကွာ)

၃။ မေးခွန်းတစ်ခု (ကြီးကြီးကျယ်ကျယ်တွေ လျောက်ပြောပြန်ပြီ ကွာ)

"ကမ္ဘာကြီးက မြန်မာတွေဆီက လေ့လာစရာနဲ့ (ရာစုဝက်အမှောင်ချခံခဲ့ရ တဲ့) မြန်မာတွေအနေနဲ့ ကမ္ဘာကြီးဆီက လေ့လာစရာ ဘယ်ဟာက ပို များ မလဲ"
ဒီမေးခွန်းကို မေးပြီးတဲ့နောက် တတ်နိုင်သလောက်လေး မြန်မာ ဘာ သာပြန်ဖို့လည်း စိတ်ဝင်စားလာခဲ့ရပါတော့တယ်။ ဘာသာပြန်ခြင်းကို တ စိုက်မတ်မတ်လုပ်နေကြတဲ့ ဆရာကြီးတွေရှိတယ်ဆိုပေမဲ့ မြန်မာလို ရှိသင့် တဲ့ စာအုပ်တွေ မပြန်နိုင်ဘဲ အများကြီးကျန်ရှိနေသေးတယ်ဆိုတာ လက်ခံ ရမှာပါ။
ဆရာကျော်ဝင်းရဲ့ "ကမ္ဘာပြား" အမှာစာမှာ "ဒီစာအုပ်ကြီးကို ဘာသာပြန်နေ ချိန် သုံးလအတွင်း စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းရပါ့မလဲ" ဆိုတဲ့ မလုံခြုံမှု စကားကလည်း ကြေကွဲထိခိုက်စရာ ကောင်းလှပါတယ်။
ဒီလိုနဲ့ ......
လီကွမ်းယုကို မပြန်ခင်အထိ နီးစပ်ရာတွေမှာ ပင်ကိုရေးဆောင်းပါး၊ ကဗျာ စတာလေးတွေကို ရေးခဲ့ပေမဲ့ ဒီနေ့ဆိုရင် ဘာသာပြန်တာက သိသိသာသာ ကြီးများလာနေပါတယ်။
ဘာရယ်မဟုတ်ပါဘူး၊ စာတွေဖတ်ရင်း ဘာသာပြန် ရှိသင့်တယ်ဆိုတဲ့အတွေး ဝင်ဝင်လာလွန်းလို့ စိတ်ပြေလက်ပြောက် အမှတ်တရ ကောက်ရေးမိတာပါ။ ကိုယ်ရေးကိုယ်တာမှ တကယ့်ကို ကိုယ်ရေးကိုယ်တာပါ။

စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ


ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့...
ကျွန်တော်/မတို့ အဘိဓမ္မာအသင်းကြီးမှ လေးရက် သုံးညတိုင်တိုင် လူပုဂ္ဂိုလ်များသာလျှင် စုပေါင်းရွတ်ဆို ပူဇော်ကြသည့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် စတုတ္ထအကြိမ်သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ယမန်နှစ်များနည်းတူ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ သို့ပါ၍ အဆုံးမရှိ ကုန်အောင်သိသည့်မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ဖြင့်သာ ကျက်စားရာဖြစ်တော်မူသော ကြီးကျယ် မြင့်မော် ဤပဋ္ဌာန်းကျမ်းတော်ကြီးအား တစ်သက်တစ်ခါ ကြုံရသည့်အခိုက်အခါတွင် ကျွန်တော်/မတို့နှင့်အတူ ပါဝင်ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန်အလို့ငှာ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

အချိန်။ ။ ၃၀- ၀၁-၂၀၁၄ - ခုနှစ်၊ ကြာသပတေးနေ့ မှ ၀၂- ၀၂-၂၀၁၄ - ခုနှစ်၊ တနင်္ဂနွေနေ့ အထိ
ဖွင့်ပွဲအချိန်။ ။ ၃၀- ၀၁-၂၀၁၄ - ခုနှစ်၊ ကြာသပတေးနေ့ ညနေ ၇း ၀၀ နာရီ တိတိ
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် ၊ တတိယထပ် (30 Jalan Eunos, Singapore) 419495
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)


ဟန်တင်တန်


ဆင်မြူယယ် ဖီးလစ် ဟန်တင်တန်၏ အမှတ်အသားဖြစ်သည့် The Clash of Civilization and the Remaking World Order စာအုပ် ဘာသာပြန် ထုတ်ဝေခွင့်အတွက် ညှိနှိုင်းဆွေးနွေးမှုစတင်နေပါပြီ။

ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ ( ၂ )


"ကိုရီးယား၊တရုတ်တွေဟာ တစ်ယောက်ချင်း ဂျပန်ကိုယှဉ်ကောင်းယှဉ်နိုင် မယ်။ အဖွဲ့လိုက်ဆိုရင်တော့ သူတို့လည်း ဂျပန်တွေကို မယှဉ်နိုင်ဘူး" (လီကွမ်းယု)

လက်ရှိဂျပန်မှာရှိတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ၁.၂ ရာခိုင်နှုန်းပဲရှိပါ တယ်။ ဗြိတိန်မှာ ၆ ရာခိုင်နှုန်း၊ ဂျာမဏီမှာ ၈ ရာခိုင်နှုန်း၊ စပိန်မှာ ၁၀ ရာ ခိုင်နှုန်းရှိနေပါတယ်။ မိဘတွေက နိုင်ငံခြားကိုပညာသင်လွှတ်လိုက်တဲ့ဂျပန်လူငယ်တွေ ဂျပန်နိုင်ငံ ထဲကိုပြန်ရောက်ရင် လူထုနဲ့တသားတည်းအတူနေဖို့ အခက်တွေ့ကြရတယ်။ ဒါတောင် သူတို့က ဂျပန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ကြတာပါ။ နေ့စဉ် လူမှုဆက်ဆံရေးမှာ ပြောလို့မရတဲ့ ပြဿနာ တွေအများကြီးရှိနေပါတယ်။ သူတို့စကားပြောတဲ့လေသံ၊ သူတို့ကိုယ်အမူအရာ စတာတွေကအစ ပြည် တွင်းက ဂျပန်တွေနဲ့ တစ်ထပ်တည်းတူနေရမယ်လို့ လူထုက မျှော်လင့်ထား ကြတယ်။ သူတို့ရင်ဆိုင်နေရတဲ့ လူဦးရေပြဿနာရဲ့ အဖြေကိုတွေရှိဖို့ လူထု ရဲ့ အခြေခံစိတ်ဓာတ်ကို ပြောင်းလဲယူရမယ်။ ဒါကလည်း အချိန်တိုတို အ တွင်းမှာ မဖြစ်နိုင် ပြန်ပါဘူး။ အဖြေကလည်း နိုင်ငံခြားသားကို လက်ခံဖို့ တစ် ခုတည်းပဲရှိပါတယ်။

ဒါဆိုရင် ဒီအခြေအနေကိုရောက်လာဖို့ ဂျပန်တွေမှာ အချိန်ရောများများ စားစား ရှိကြရဲ့လား။ ကျွန်တော် တော့ မထင်မိဘူး။ ဒီအတိုင်းသာဆက်ပြီး ၁၀ နှစ် ၁၅ နှစ်ခရီးဆက်နေမယ်ဆိုရင် သူတို့လည်း အကျလမ်းကို ရောက် သွားပြီး နာလန်ပြန်ထူဖို့ တော်တော်ခက်ခဲသွားလိမ့်မယ်။

ဒီပြဿနာကို ဂျပန်တွေရင်ဆိုင်နေရတာ ဆယ်စုနှစ်နှစ်ခုကျော်သွားပြီး အခု တတိယဆယ်စုနှစ်ထဲကို ရောက်နေပါပြီ။ ၁၉၆၀ နဲ့ ၁၉၉၀ နှစ်တွေကြားမှာ ဂျပန်နိုင်ငံရဲ့တစ်ဦးချင်းဝင်ငွေဟာ ၆.၂ ရာခိုင်နှုန်းအထိ ပုံမှန် နှစ်စဉ်တိုး တက်လာနေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်လူမျိုးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုရပ်၊ အလုပ်တွေတအားကြိုးစားခဲ့ကြတာ ကမ္ဘာမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်ပါယာကြီး ဖြစ်လာခဲ့တယ်။ အမေရိကန်တွေ ရဲ့ ကူညီမှုတော့ပါတာပေါ့။ ဂျပန်နိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်မှုစီးပွားရေးက အနောက်နိုင်ငံတွေ ထဲ ထိုးဖောက်ဝင်ရောက်သွားတော့ လေ့လာသုံးသပ် သူတွေက ဖွံ့ဖြိုးမှုနှေးကွေးနေပြီဖြစ်တဲ့ ဖွံ့ဖြိုးပြီးအနောက် ကမ္ဘာရဲ့ဈေး ကွက်ကို ဂျပန်တွေဦးစီးတော့မယ်လို့တောင် ဟောကိန်းထုတ်ခဲ့ကြတယ်။ အခု တရုတ်ကိုသုံးသပ် နေကြတဲ့အတိုင်းပါပဲ။ ဒါပေမယ့် ၁၉၉၁ ခုနှစ်ကစလို့ စီးပွားရေးအီနေခဲ့တာ ကာလအတန်ကြာလာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က စ လို့ နှစ်စဉ်တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှုန်းဟာ ဒီနေ့ဆိုရင် ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ကျွန်တော်ရေးခဲ့သလိုပါပဲ။ တတိယမျိုးဆက်ရဲ့အင်အားချိနဲ့မှု စတင်နေပါပြီ။ လူဦးရေတိုးပွားလာဖို့ အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု အချိန်တို အတွင်းမှာ မချမှတ်နိုင်ဘူးဆိုရင် နိုင်ငံခေါင်းဆောင်တွေ ဘယ်လောက် ပဲပြောင်းပြောင်း ကမ္ဘာစစ်အပြီးဂျပန်ရဲ့ အရိပ်လောက်ပဲကျန်ခဲ့တော့မှာပါ ။
နိုင်ငံရဲ့လူဦးရေဟာ နိုင်ငံရဲ့ကံကြမ္မာပါပဲ။ နိုင်ငံအလိုက်လူဦးရေလျော့ကျ
လာပြီဆိုတာနဲ့ နိုင်ငံရဲ့“အား” လည်း ကျဆင်းလာတာပါ။

သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ ကား၊ တီဗီစက်တွေကို အသစ် မလဲ ကြတော့ဘူး။ အ၀တ်အစားအသစ်၊ဂေါက်ရိုက်ပစ္စည်းအသစ်တွေ သူတို့က မ၀ယ်ကြဘူး။ သူတို့မှာလိုတာတွေ အားလုံးရှိနေကြ ပြီ။ အပြင်က စားသောက်ဆိုင်တွေမှာတောင် သိပ်မစားကြတော့ဘူး။ ဒီအကြောင်းတွေေ ကြာင့် ကျွန်တော်က တော့ ဂျပန်နဲ့ပတ်သက်လို့ အကောင်းမြင်ဝါဒ သိပ် မရှိတော့ပါဘူး။ ဆယ်စုနှစ်အတွင်းမှာပဲ ပြည်တွင်းဝယ်ယူစား သုံးမှုအား ထိုး ကျသွားလိမ့်မယ်။ ဒီအရှိန်အဟုန်က ရပ်တန့်သွားမှာလည်းမဟုတ်ဘူး။ တစ် ကမ္ဘာလုံးမှာချုပ်ဆိုနေ တဲ့ စီးပွားရေးကန်ထရိုက်တွေကိုကြည့်ရင် ဒီနေ့ ဂျပန် ဟာ အမေရိကန်တွေပြီးရင် ဒုတိယအကြီးဆုံးစီးပွားရေး အင်ပါယာကြီးပါ။ ဒါပေမယ့် တီထွင်ဆန်းသစ်မှုတွေကို လူငယ်တွေကပဲ လုပ်ကြတာ၊ လူကြီးေ တွမဟုတ်ကြဘူး။ သင်္ချာဘက်မှာဆိုရင် လူတစ်ယောက်ရဲ့အသက် ၂၀ နဲ့ ၂၁ မှာ အမြင့်ဆုံးကိုရောက်တတ်ပါတယ်။ ဒီ အရွယ်လွန်သွားတဲ့လူ တစ်ယောက် ဟာ ၂၀-၂၁ မှာလို ကြီးကြီးမားမားတွေ မလုပ်နိုင်တော့ပါဘူး။

နီဟွန်ကေဇိုင်ရှင်ဘွန်(Nihon Keizai Shimbun)အဖွဲ့က ကမကထပြုတဲ့ အာရှရဲ့အနာဂတ်(The Future of Asia) ကွန်ဖရင့်တက်ဖို့ ၂၀၁၂ ခုနှစ်က ဂျပန်ကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကျွန်တော်နဲ့တွေ့ဆုံမိ တဲ့ ဂျပန်ခေါင်းေ ဆာင်တွေနဲ့ စကားစမြည်ပြောရင်း လူဦးရေနဲ့ပတ်သက်တဲ့ကိစ္စကို ကျွန်တော် တီးခေါက်ကြည့်မိ ပါတယ်။ သူတို့ဆီက ဘယ်လိုအသံများထွက်လာမလဲ ဆို တာ ကျွန်တော်သိချင်နေတာအမှန်ပါ။
“နိုင်ငံခြားသား တွေကိုလက်ခံပါလား” လို့တော့ မပြောဘူးပေါ့။
“ဒီအတွက် အဖြေကဘာလဲ”လို့မေးတော့ သူတို့က “ကလေး စောင့်ရှောက်ခွင့်စားရိတ်တိုးပေးမယ်၊ ဘေဘီဘောနပ်ပေးမယ်” လို့ဖြေကြတယ်။ အတော်စိတ်ပျက်စရာကောင်း တဲ့အဖြေပါ။ ဘေဘီဘော နပ်ပေးရုံနဲ့ ဒီကိစ္စက ပြေလည်သွားမှာမဟုတ်ဘူး။ ဒီလောက်နဲ့တော့ အစိုးရ လိုချင်နေ တဲ့ ကလေးငယ်တွေတိုးပွားဖို့ဟာ မဆိုစလောက်ပဲ အကျိုးရှိစေ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်း က ငွေမဟုတ်ဘဲ လိုက်(ဖ်)စတိုင်(လ်)နဲ့ စိတ်ဓာတ်ဖြစ်နေလို့ပါ။

ဂျပန်လူမျိုးတွေဟာ အတော်အထင်ကြီးစရာကောင်းပါတယ်။ ၂၀၁၁ခုနှစ် မတ်လ(၁)ရက် တိုဟိုကူ (Tohoku)ငလျင်လှုပ်တော့ ဂျပန်လူမျိုးတွေ ဘယ်လိုများတုံ့ပြန်မလဲဆိုတာကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေ ကြပါ တယ်။ ပျာယာခတ်နေတာလည်းမရှိ၊ အချောင်ဝင်ခိုတာမျိုးလည်းမရှိ၊ ကြေ ကွဲဝမ်းနည်းစရာအဖြစ်အပျက်ကို တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက်ကူညီသွားကြတယ်။ ဒီလောက်အင်အားကြီး လှုပ်သွားတဲ့ ငလျင်ဘေးဒဏ်ကြားမှာ အဲသလောက် တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားတဲ့လူမျိုး ကမ္ဘာမှာများများ စားစားမရှိနိုင်ဘူး။ ပြီးတော့ ကိုယ် လုပ်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့နေရာမှာ ဂျပန်လူ မျိုး တွေဟာ ပြိုင်ဘက်မရှိပါပဲ။
အဝေးထိန်းခလုတ်နဲ့ တီဗီစက်တွေ၊ ကားတွေကအစ နောက်ဆုံး စူရှီ (Sushi) အထိ အကောင်ဆုံးလုပ်နိုင်ကြတယ်။ အဖွဲ့အစည်းစိတ်ဓာတ်မှာ ဂျပန်ဟာ တစ်ခြားနိုင်ငံတွေအားလုံးထက်သာတယ်။ ကိုရီးယား၊တရုတ်တွေ ဟာ တစ်ယောက်ချင်း ဂျပန်ကိုယှဉ်ကောင်းယှဉ်နိုင်မယ်။ အဖွဲ့လိုက် ဆို ရင်တော့ သူတို့လည်း ဂျပန်တွေကို မယှဉ်နိုင်ဘူး။ ဒါတွေကြောင့် ဖြစ်ေ ကာင်းဖြစ်လိမ့်မယ်။
သူတို့ရင်ဆိုင်နေရတဲ့ လူဦးရေ ပြဿနာကို သူတို့ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ထားခဲ့မိတယ်။ ကိုယ့်အားနည်းချက်ကို ဘာမှမ လုပ်ဘဲ အိမ်နီးချင်းတိုးတက်နေတာကို ထိုင်ကြည့်နေတော့ ဘယ်လိုလုပ် ဆက်ယုံ ကြည်နေလို့ ရပါတော့မလဲ။

ဒီပြဿနာကို ဂျပန်တွေဖြေရှင်းလာနိုင်လိမ့်မယ်လို့ ကျွန်တော် မယုံကြည်ေ တာ့ပါဘူး။ နှစ်တွေသာကုန် ဆုံးသွားတယ်၊ သူတို့လှုပ်ရှားမှု တစ်ခုမှ မတွေ့ရ ဘူး။ ဖြစ်နိုင်ခြေအများဆုံးရှိတာကတော့ ဒီနိုင်ငံဟာ ရွက်ကြမ်း ရေကျိုဘ၀ကို တဖြည်းဖြည်းဦးတည်နေပါပြီ။ လာမယ့်နှစ်ပေါင်းများစွာအတွင်းမှာ လူလတ် တန်းစားတွေရဲ့ဘ၀ ဟာ သက်တောင့်သက်သာရှိနေဦးမယ်ဆိုတာကတော့ အမှန်ပဲပေါ့။ ဂျပန်နိုင် ငံဟာ ဖွံ့ဖြိုးပြီးအနောက်နိုင်ငံကြီးတွေလို အကြွေး ထူ တဲ့နိုင်ငံမဟုတ်ဘူး။ နည်းပညာအရ ရှေ့ကိုရောက်နေသလို လူတွေကလည်း ပညာတတ်တွေ။ ဒါပေမယ့် ဒီလူဦးရေပြဿနာက တဖြည်းဖြည်းနဲ့ သူတို့ကို မှီလာလိမ့်မယ်။
ကျွန်တော်သာ အင်္ဂလိပ်စာတတ်တဲ့ ဂျပန်လူငယ်တစ်ယောက်ဆိုရင် အခြားနိုင်ငံမှာသွားပြီး အခြေချနေထိုင်ဖို့ ဆုံးဖြတ်လိုက်မိမှာ မလွဲမသွေပါပဲ။

ဂျပန် အမေးဖြေဆက်ရန်

မန်းကို လွမ်းလို့ တမ်းတဲ့စာ ( ၃ )

(မအားသဖြင့် အဟောင်းကို ပြန်တင်လိုက်ရသည်)

"သာသနာ့ တက္ကသိုလ်ထဲက ခွေးကြီး တစ်ကောင်အကြောင်း"

၁၉၉၀ ခုနှစ်များက သာသနာ့ တက္ကသိုလ် မြောက်ဖက်ခြမ်း၌ အများနှင့်မတူ ဝဖြိုးနေသော ခွေးကြီး တစ်ကောင်ကို တွေ့နိုင်သည်။ စင်္ကာပူလို နိုင်ငံမျိုးမှာဆိုလျင် အိုဗာဝိတ် ဖြစ်နေသော ခွေးကြီးဟု ဆိုကောင်း ဆိုပေလိမ့်မည်။ ဆီးချို သွေးချိုဖြစ်ဖို့ အလားအလာ ရှိသည် ဟုလည်း ဆိုေ ကာင်းဆိုပေလိမ့်မည်။ ထို ခွေးကြီး ကတော့ ဘာရောဂါမှ မရှိ ကျန်းကျန်း မာမာပင် ဖြစ်သည်။ ထို ခွေးကြီးသည် ဆွမ်းစားကြောင်းသွားရာ တန်ဆော င်းအောက်၌လည်းကောင်း၊ အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား မှာလည်းကောင်း အနေများလေသည်။

ထို ခွေးကြီးအကြောင်းကို ပြောပြချင်သည်။ ဘာ့ကြောင့် ထို ခွေးကြီးက ထူးထူးခြားခြား ဝ နေရသနည်းက အဓိကအကြောင်းဖြစ်သည်။
ည ည အခါ တစ်ခါတရံ နာယက ဆရာတော်တို့က စာသင်သား သံဃာငယ် များ သီတင်းသုံးရာ အဆောင်များကို စစ်တတ်ကြသည်။ ထိုအခါ ရဟန်း ပင် ဖြစ်သော်ငြား စာသင်သားသံဃာငယ်များ ဖြစ်သည်အားလျော်စွာ ဆရာတို့ မမြင်အပ်သည်တို့ တခါတရံ တွေ့ရှိတတ်သည်။ ဥပမာ ကက်စက် ဖွင့်နေခြင်း၊ ရေဒီယိုအသံ အနည်းငယ် ကျယ်နေခြင်း စသည် တို့ ဖြစ်လေ သည်။ ထို အခါမျိုးတွင် ရိုးသားသော ဆရာတော်ကြီး တစ်ပါးက ရေဒီယို ကက်စက် ဂျက်ပင်များ သိမ်းဆည်းသွားတတ်သည်၊ ဤသို့ သိမ်းဆည်းခြင်း မှာ ဂျက်ပင်မရှိလျင် ရေဒီယိုကက်စက် ဖွင့်မရတော့ဟု ဆရာတော်က ယုံ ကြည်ထားသောကြောင့် ဖြစ်သည်။ မှန်၏။ ရေဒီယိုကက်စက်ဝယ်ရာ၌ ဂျက် ပင် တစ်ချောင်းသာပါ၏၊ အပိုမပါ။

ထို ပြဿနာက မကြာမီ ပြေလည်သွားတော့သည်။ အကြောင်းက အထက်ေ ဖ်ာပြပါ ခွေးကြီးက ထို ဆရာတော် အဆောင်မှထွက်လာလျင် ဟောင်တတ်ေ သာကြောင့် ဖြစ်လေသည်။ ထူးတော့ ထူးခြားသည်၊ သူဟောင်ပုံက ယင်း ဆရာတော်ကြီးကို မုန်း၍ ဟောင်ခြင်းမျိုး မဟုတ်ဘဲ စာသင်သား သံဃာ ငယ်များကိုသတိပေးသော ဟောင်ခြင်းမျိုး ဖြစ်နေခြင်း ဖြစ်လေသည်။

" ဝေါင်း၊ ဝေါင်း၊ ဝေါင်း "
ဤ အဓိပ္ပါယ်က
" သတိရှိကြလော့၊ နာယက ဆရာတော်များ အဆောင်တွေ စစ်တော့မည် " ဟု ဖြစ်သည်။

ထို အခါ အချင်းချင်း စကားပြောနေကြလျှင်ရပ်။ ကိုယ့်အခန်းကိုပြန်၊ ကက် စက်ဖွင့်ထားလျှင် ပိတ်၊ စာအုပ် ထူထူ ကောက်လှန်၊ သည်းသည်း မည်းမည်း စာကြည့်ဟန် ပြုနေလိုက်ရုံပင်။ လှ၏၊ သမဏ သာရုပ္ပဖြစ်၏။

အစပိုင်းတော့ သတိမထားမိကြ၊ တဖြည်းဖြည်းကြာလာမှသာ ထို ခွေးကြီး ၏ ဟောင်သံကို သတိထားမိကြသည်။ ထို ခွေးကြီးကိုစာသင်သား သံဃာ ငယ်များ အလွန် ချစ်ကြသည်ဟု ဆိုဖွယ် မလိုတော့ဟု ထင်သည်။ ထိုနောက် တစ်ခါ ဟောင်တိုင်း ထို ခွေးကြီးကို ထန်းလျက် ကျွေးကြသည်။ ကြာလာတော့ ခွေးကြီးကလည်းသဘော ပေါက်လာသည်။ ဆရာတော်ကြီး ကို ဟောင်လျင် ထန်းလျက် စားရသည်။

ကောင်းတော့ မကောင်းလှ၊ ထိုမှနောက်ထိုဆရာတော်ကြီးကို တွေ့သည့်နေရာ ဟောင်လေတော့သည်။
ဟောင်ပြီးလျင် အဆောင် တစ် နှင့် အဆောင် ခြောက်တို့ ကြား လာပြီး မြင် သည့် ရဟန်းတစ်ပါးပါဆီ သွားလေတော့သည်။

ဆိုလိုသည်က
" ငါ့ရှင်တို့ လိုသော ဆားဗစ်ကို ငါ ပရိုဗိုက်လုပ်ခဲ့ပြီ၊ ငါ ရသင့်သော ပရောဖစ် ကို ပေးပါတော့ "
ဟု ဖြစ်သည်။

ရွာပြန်လျင်ပင် မိဘ၊ ဆရာ ကန်တော့ရန် ဘာမှ ယူသွားလေ့ မရှိကြသော၊ မန္တလေး ပြန်လာလျင်လည်း ဒကာ၊ ဒကာမတို့အားပေးရန် ဘာလက်ဆောင်မှ ယူ မလာတတ်သော ရဟန်းတော်များကပင် ထို ခွေးကြီးအတွက် ထန်းလျက် နှစ် ပိဿာ သုံး ပိဿာ ယူလာရန် ဝန်မလေးကြတော့ပေ။
ဤသို့ဖြင့် ထို ခွေးကြီးသည်အလွန်ဝ၊ အလွန်လှသော ခွေးကြီးဖြစ် လာလေတော့သည်။
အကြံ တစ်ချက်ကောင်းလျှင် ခွေးလည်း ကောင်းစားလေတော့သည်။ အချက် ပိုင်ဖို့သာ အရေးကြီး၏။

အစပိုင်းမှာတော့ ထို ခွေးကြီးက သူဟောင်ချင်၍ ဟောင်ခြင်း တနည်း လူမှား၍ ဟောင်ခြင်းဖြစ်သည်။ သို့သော် ဟောင်သဖြင့် ထန်းလျက်စားရမှန်း သိသောအခါ ထန်းလျက်ကျွေးသဖြင့် ဟောင်ခြင်းဖြစ်သွားလေတော့သည်။ ကိုယ့်ဆရာကို ဟောင်သောခွေးကို ထန်းလျက်ကျွေးသော ရဟန်းများ ဟူ၍လည်း ဤ ဘုရား သာသနာမှာတော့ မိမိတို့ကလွဲလျင် မရှိဟု ထင် သည်၊ စာပေမှာ မတွေ့မိ။ နောက် ဘုရား သာသနာမှာတော့ မပြောတတ်ပေ။

မည်သို့ဖြစ်စေ လူရှင်းလှသော၊ သင်တန်းများပိတ်ထားသော ဒေပါဗလီ ပတ်ဘလစ် ဟောလီးဒေး၌ ထို ခွေးကြီးကို ထူးထူး ခြားခြား သတိရလွမ်း
ဆွတ်မိသဖြင့် ဤစာကို ရေးမိသည်။
( ထို ဆရာတော်ကြီးကိုလည်း ဤမှ ထပ်မံ တောင်းပန်ပါ၏ )

အထူး အမှာ။ ။ ဤစာသည် မန်းကို လွမ်းလို့ တမ်းတဲ့စာ ဟူသည့်အတိုင်း လွမ်း၍ တမ်းသောစာသာဖြစ်သည်၊ တောင်တောင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ မတွေးကြရန် မေ့နေသူတို့ကို သတိပေးချင်ပါသည်၊ သတိပေးလိုက်ပါမှ တောင်တေင် အီအီ စဉ်းစားပြီး ဟိုဟို ဒီဒီ တွေးနေကြ လျှင် သီဟနာဒ နှင့်မဆိုင်၊ စာဖတ်သူများနှင့်သာ ဆိုင်၏။

(posted on 08/09/2013)

ဆရာကြီး ဦးဌေးအောင်


ဆရာကြီး ကွယ်လွန်ရှာပြီ တဲ့။
မိုးဇလကနေ ဗုဒ္ဓဒေသနာပြန့်ပွားရေး
ဗုဒ္ဓဒေသနာပြန့်ပွားရေးကတဆင့် ရဟန်းငယ်တို့ မိရိုးဖလာအတွေးတွေကို ရိုက်ချိုး.. အမြင်သစ်တွေ ထုထောင်းထည့်ပေးခဲ့သူ။
စင်္ကာပူမှာ တရားပွဲလုပ်နိုင်ဖို့ မနှစ်က ကြိုးစားခဲ့သေးသော်လည်း အထ မမြောက်ခဲ့။
ဆရာကြီးရဲ့ အသက်အရွယ်နဲ့ သွားရေးလာရေး မလွယ်ကူမှုတွေကြောင့်။
အခုတော့ အရာခပ်သိမ်း ငြိမ်းသွားပေပြီ။
ဆရာကြီးရဲ့ ဗုဒ္ဓဒေသနာဆီ ချဉ်းကပ်ပုံတွေကို စင်္ကာပူအမျိုးသားတက္ကသိုလ် ထဲက(National University of Singapore) လူငယ်တွေဆီ စီးဝင်းသွားစေ လိုတဲ့ တပည့်ရဟန်းတစ်ပါးရဲ့ ဆန္ဒ မပြည့်ဝတော့ဘူး။
သက်တန်းစေ့ ဆိုပေမယ့် မသေစေချင်သေးပါဘူး ဆရာကြီး ရယ်။
နေဝင်ချိန် စောလွန်းတယ်။

လက်ထပ်လက်စွပ်


ကျနော့်သားက သူ့မင်္ဂလာဆောင် ရောက်လာတဲ့ ပရိသတ်တွေကို သူကိုယ် တိုင်ဖျော်ဖြေမယ်ဆိုပြီး ဂစ်တာကြိုးတွေ စ ညှိတယ်။
မကြာဘူး၊ ခဏနေတော့ သူ့ဆီကတောင်းပန်သံထွက်လာတယ်။
" မဝတ်စဖူး လက်ထပ်လက်စွပ်ဝတ်ထားရတော့ ဂီတာတီးရာမှာ နည်း နည်းပြဿနာတက်နေလို့ စိတ်ရှည်ရှည်ထားပြီး နားသောတဆင်ပေးကြ ဖို့ တောင်းပန်ပါတယ် "

သူပြောလို့မှ မဆုံးသေးဘူး။ အောက်က ပရိသတ်တစ်ယောက်က
" နားလည်ပါတယ်၊ လက်ထပ်လက်စွပ်ဝတ်ထားရတယ်ဆိုရင် ဂီတာတီးမှ ရယ်မဟုတ်ပါဘူး၊ ဘာပဲလုပ်လုပ် ဖြောင့်ဖြောင့်လုပ်လို့ မရတော့ပါဘူး " တဲ့။




Ref: R.D, Dec,2011

ဂျပန်(သို့မဟုတ်) သာမန်နိုင်ငံ အဆင့်ဆီခြေလှမ်းပြင်နေတဲ့နိုင်ငံ


ဂျပန်အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက လူဦးရေပါ။ ဂျပန်လူဦးရေက အိုမင်း လာနေပြီ၊ ဒီအတွက် အစားထိုးမပေးနိုင်ဘူး။ ဒါနဲ့ဆက်စပ်နေတဲ့ အခြားပြဿ နာတွေကတော့ စီးပွားရေး“အီ”နေမှုနဲ့ အားကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင် မရှိခြင်းဖြစ်ပါတယ်။ ဒီ လူဦးရေပြဿနာကိုသာ မဖြေရှင်းနိုင်ရင် ဂျပန်ရဲ့ အ နာဂတ်လည်း မလှနိုင်ပါဘူး။
အရေအတွက်ကိုကြည့်လိုက်ရုံနဲ့တင် ဒီပြဿနာက ထင်သာမြင်သာ ရှိလှပါ တယ်။ အမျိုးသမီးတစ်ဦးရဲ့ မွေးဖွားနှုန်းက ၁.၃၉ ပဲရှိတယ်။ အမှန်တကယ် လိုအပ်တဲ့ရာခိုင်နှုန်းက ၂.၁ ဆိုတော့ အများကြီးလျော့ကျနေပါ တယ်။ ကလေးမွေးဖွားနှုန်းလျော့ကျသွားတော့ လူငယ်တွေက အလုပ်လည်းလုပ်ရ၊ လူကြီးတွေကိုလည်း ပြုစုစောင့်ရှောက်ရ၊ ဒီတော့ သက်ကြီးရွယ်အိုတွေ ကို စောင့်ရှောက်မယ့် လူငယ်ရာခိုင်နှုန်းက နည်းနည်းလာတယ်။

၁၉၅၀ ပြည့်နှစ်တွေမှာ လူကြီးတွေကိုစောင့်ရှောက်နိုင်မှုနှုန်းက ၁၀ ရာခိုင်နှုန်း ရှိနေပြီး ယခုနှစ်တွေမှာ ၂.၈ ပဲရှိပါတော့တယ်။ ဒီအတိုင်းပဲ လူဦးရေဆက် ရှိနေမယ်ဆိုရင် ၂၀၂၂ ရောက်ရင် ၂ ရာခိုင်နှုန်းအထိ ရောက်သွားပါလိမ့်
မယ်။ ဒါဆိုရင် ၂၀၆၀ မှာ ၁.၃ ရာခိုင်နှုန်းပဲရှိတော့မယ်။ အဲဒီအနေအထားအထိ ရောက်ပြီဆိုရင်တော့ အခြေအနေက တင်းခံထားလို့ မရနိုင်တော့သလောက် ဖြစ်သွားမယ်။ လူငယ်တွေက ဒီဒဏ်ကိုမခံနိုင်ရင် အခြားနိုင်ငံကို ထွက်သွားကြပါလိမ့် မယ်။ ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း (၆၀) အတွင်းမှာ ဂျပန်လူဦးရေဟာ ၇၂ သန်းကနေ ၁၂၈ သန်းအထိ မြင့် တက်လာခဲ့ပေမယ့် အခု လူဦးရေက လျော့ကျလာနေပြီး ၁၂၇.၅ သန်းပဲ ရှိ ပါတော့တယ်။ ဒါဆိုရင် စီးပွားရေး ကျဆင်းလာမှုကလည်း မလွဲမသွေပါ။ ဒီ အနေအထားကို ထိန်းထားလို့ မရနိုင်ပါဘူး။

ဂျပန်အမျိုးသမီးတွေဟာ နှစ်ပေါင်းအတော်ကြာအောင် သူတို့ယဉ်ကျေးမှု အတိုင်း မိသားစုထဲမှာရော လူ့အဖွဲ့အစည်းထဲမှာပါ နေထိုင်ခဲ့ကြပါတယ်။ သူ တို့ဟာ အိမ်ထဲမှာနေ၊ ကလေးတွေကိုထိန်း၊ လူကြီးတွေကိုပြုစု၊ အိမ်တွင်း မှုတွေလုပ်ရတာကို ပျော်ရွှင်ကျေနပ်ခဲ့ကြတယ်။ ဒါပေမယ့် အခု ဒီ အမျိုး သ မီးတွေဟာ ခရီးတွေထွက်၊ နိုင်ငံခြားမှာရှိတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာ ကနေ ကိုယ်တိုင် အလုပ်ထွက်လုပ်၊ ကိုယ့်ဝင်ငွေကို ရှာပြီး လွတ်လွတ်လပ် လပ်နေရတဲ့ အရသာကို တွေ့လာကြတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓာတ်ေ တွ ပြောင်းလဲလာနေ ပြီး ဒီစိတ်ဓာတ်တွေက နောက်ကြောင်းပြန်လှည့်ဖို့ လည်း မရှိနိုင်ဘူး။ စင်္ကာပူအဲယားလိုင်းမှာ အလုပ်လုပ်နေကြ တဲ့ ဂျပန် အမျိုး သမီးတွေရှိတယ်။ စင်္ကာပူကလေယာဉ်မောင်တွေနဲ့ အိမ်ထောင် ကျတာေ တွတောင်ရှိပါတယ်။ ဒီမှာနေကြရင်း စင်္ကာပူကအမျိုးသမီးတွေ ဘယ်လိုနေ ထိုင်ကြတယ်၊ ယောက္ခမတွေရဲ့အိမ်မှာလည်းမဟုတ်၊ ခင်ပွန်းရဲ့ဗိုလ်ကျတာ ကိုလည်းမခံရ၊ ဒါတွေကိုတွေ့မြင်သွားကြတယ်။ ဂျပန်လူ့အဖွဲ့အစည်းက အ မျိုးသမီးတွေ အရင်လိုပြန်ဖြစ်အောင်၊ ငွေရေးကြေးရေးမှာ ယောက်ျားကို မှီ ခိုနေရအောင် ကြိုးစားနေကြတယ်။ မရပါဘူး။

မျိုးဆက်တစ်ဆက်နှစ်ဆက်အတွင်းမှာပဲ အမျိုးသမီးထုကြီးဟာ သူတို့ရဲ့ေ ရှးဟောင်းယဉ်ကျေးမှုထဲက အိမ်တွင်း ရေးတာဝန်တွေကို လျစ်လျူရှုလာ ခဲ့ကြတယ်။ အခုသူတို့ဘာသာသူတို့ တွက်ချက်ပြီး ဆုံးဖြတ်လာကြတော့ တယ်။ ယဉ်ကျေးမှုဟောင်းထဲကို သူတို့ဘယ်နည်းနဲ့မှ ပြန်ဝင်မှာ မဟုတ်တော့ဘူး။ ကလေးယူခြင်းကနေရလာမယ့် ၀န်ထုပ်ဝန်ပိုးကိုလည်း မလိုချင်ကြတော့ဘူး။ ဒီတော့ အများစုက အိမ်ထောင်မပြုဘဲ နေကြတော့ တယ်။ တစ်ချို့က အိမ်ထောင်တော့ပြုတယ်။ ကလေးမယူဘူး။ ဂျပန်အလုပ် ရှင်တော်တော်များများကလည်း ခေတ်နဲ့လိုက်လျောညီထွေ ကျင့်သုံးဖို့ ငြင်း ဆန်နေကြတယ်။ ဒါကလည်း အထောက်အကူမဖြစ်လှပါဘူး။ ဆွီဒင်မှာဆို ရင် အလုပ်ရှင်တွေက အမျိုးသမီး အလုပ်သမားတွေကို အလုပ်အကိုင်လည်း မပျက် ကလေးယူလို့လည်းရအောင် စီစဉ်ပေးကြတယ်။ ဂျပန်ကုမ္ပဏီတွေက မီးဖွားခွင့်တင်တဲ့ မိခင်လောင်းအလုပ်သမားကို ယာယီအလုပ်သမား စာရင်း ထဲ ထည့်သွင်းလိုက်ကြတယ်။
ရည်ရွယ်ချက်လည်းကြီး အလားအလာလည်းရှိတဲ့ အမျိုးသမီးငယ်တွေ အ တွက် အလုပ်အကိုင်ကိုပါ လာပြီးထိခိုက်နေတော့ ကလေးယူခြင်းဟာ သူတို့ အတွက် ပေးဆပ်ရတာတွေ များလွန်းနေတယ်။ ဘယ်ကုမဏီကမှ ဒီပြဿ နာကို ဖြေရှင်းဖို့ ဦးဆောင်မှုပေးမယ်ဆိုတဲ့ သတ္တိမျိုးမရှိဘူး။ နိုင်ငံလူဦးရေ အတွက် ကလေးတွေလိုတယ်လို့သာ ပါးစပ်က ပြောနေကြတာပါ။

ဒီကိစ္စမှာတော့ စင်္ကာပူနဲ့ဂျပန် ရင်ဆိုင်နေရတဲ့ပြဿနာက ဆင်တူပါပဲ။ ထူးခြားချက်ကတော့ စင်္ကာပူက ၀င်ရောက်နေထိုင်လာသူတွေကို လက်ခံ တယ်။ ဂျပန်ရဲ့နိုင်ငံခြားသားလက်ခံမှုနှုန်းက မရှိသလောက်ပဲ။ ဂျပန်လူမျိုး ဟာ သူတို့ အမျိုး သန့်နေရမယ်ဆိုတဲ့ ယုံကြည်ချက်က နက်နက်နဲနဲကို စွဲနေ တယ်။ ဒါကြောင့် နိုင်ငံခြားသားလက်ခံ ရေး၊ မခံရေးက ပြည်သူထဲမှာရော အစိုးရထဲမှာပါ ဆွေးနွေးရမယ့် ကိစ္စမျိုးတောင် မဟုတ်ဘူး။ သူတို့ဂျပန်လူမျိုး တွေရဲ့ ဇာတိမာန်ပြင်းပြပုံကို ကျွန်တော်မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ Cathay Building မှာ အင်္ဂလိပ်စာအယ်ဒီတာအနေနဲ့ အချိန်အတော်ကြာအောင် ကျွန်တော်အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒီဇင်ဘာ (၈) ရက် နေ့တိုင်းမှာ ဆာမူရိုင်းဓားကြီးတွေတ၀င့်ဝင့်၊ စစ်ချီသံတွေကြွေးကြော် ရင်း စစ်ချီခဲ့ကြတာတွေကို မြင်ခဲ့ရပါတယ်။
“Ware ware Nihonjin Wa Amaterasu Noshison Desu” (ငါတို့လူမျိုးဟာ နေမျိုးနေနွယ်တွေ)။
ဒါကို အခြားနည်းနဲ့ပြောတော့ ငါတို့လူမျိုးသာ နေမျိုးနေနွယ်၊ မင်းတို့က မ ဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီခေတ် ကြီးထဲမှာ ဒါမျိုးတွေတော့ သူတို့ ကြွေးကြော်နေကြမှာ မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် ဒီအခြေခံယုံကြည်ချက် က လုံးဝမပြောင်းသေးဘူးလို့ ယူဆမိပါတယ်။ အမေရိကမှာမွေး၊ အမေရိက မှာပညာသင်ခဲ့တဲ့ ဂျပန်လူမျိုးအစိုးရ အရာရှိ ဂျော့(ဂ်ျ)တာကေမူရာ(George Takemura)ကို ဂျပန်တွေက မယုံကြည်နိုင်ကြဘူး။ အဲဒီအချိန်တုန်းက သူ လည်း ကျွန်တော့်လိုပဲ ဟိုဒိုဘု(Hodobu)ဂျပန်အင်ဖော်မေးရှင်းကုမ္ပဏီမှာ အလုပ်လုပ်နေခဲ့တာပါ။ အပြောအဆို၊ အမူအရာ ယဉ်ကျေးသိမ်မွေ့သူ တစ်ယောက်ပါ။

ဒီလို လူမျိုးအစွဲကြီးနေခြင်းဟာ တော်တော်ဆိုးရွားတဲ့ အဟန့်အတားဖြစ်ေ နပါတယ်။ သူတို့လူဦးရေ ပြဿနာလည်း ဒါကြောင့် ဖြေရှင်းလို့မရဖြစ် သွားနိုင်ပြန်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်သာ ဂျပန်လူမျိုးတစ် ယောက် ဆိုရင် ဂျပန်နဲ့ လူမျိုးစုချင်းတူတဲ့ လူတွေကိုလက်ခံပြီး ပြည်တွင်းကဂျပန်တွေ နဲ့ ရောနှောမိသွား အောင် ကြိုးစားမိမှာပါ။ တရုတ်နဲ့ကိုရီးယားအပြင် ဗီယက် နမ် လူမျိုးတွေကိုတောင် လက်ခံလို့ရပါတယ်။ တကယ် တော့ အဲဒီလူမျိုးတွေ က ဂျပန်နိုင်ငံထဲမှာကို ရှိနေနှင့်ကြပြီးသားပါ။ ဂျပန်နိုင်ငံထဲမှာ ကိုရီးယား လူမျိုး ၅၆၆,၀၀၀၊ တရုတ်လူမျိုး ၆၈၇,၀၀၀ ရှိနေပြီး သူတို့ဟာ ဂျပန်စကားကို ဂျပန်တစ်ယောက်လိုကို မွတ်နေအောင် ပြောနိုင်ကြပါတယ်။ သူတို့ ဆိုရင် ဂျပန်လူမျိုးတွေနဲ့ တစ်သားတည်းဖြစ်နေကြပေမယ့် သူတို့ကို ဂျပန်စီတီဇင် အစစ်တွေအနေနဲ့လက်ခံဖို့က အတော်အလှမ်းဝေးနေဆဲပါ။ တကယ်ဆို သူ တို့ဟာ ဂျပန်မှာမွေး၊ ဂျပန်မှာကြီးပြင်းခဲ့ကြတာပါ။ ဒါပေမယ့် ဂျပန် လူ့အဖွဲ့အ စည်းကတော့ သူတို့ကို ဂျပန်တွေအနေနဲ့ လက်မခံနိုင်ကြသေးပါဘူး။

ဂျပန်လူမျိုးတွေ ဘယ်လောက်အစွဲကြီးတယ်ဆိုတာကို ပြည့်ပြည့် စုံစုံ သဘောပေါက်နိုင်ဖို့ နောက်ထပ် ကန့်သတ်ဟန့်တားခြင်းခံရတဲ့ လူတစ်စုကို လည်း ထပ်ကြည့်ဖို့လိုပါလိမ့်မယ်။ သူတို့ဟာ လက်တင်အမေရိကမှာ မွေးတဲ့ Nikkeijin လို့ခေါ်တဲ့ ဂျပန်လူမျိုးအစစ်တွေပဲဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်တွေ တုန်းက အများအားဖြင့် ဘရာဇီးနိုင်ငံမှာရှိကြတဲ့ သောင်းပေါင်းများစွာသော ဂျပန်လူမျိုးတွေ လွတ်လပ်စွာဝင်ရောက်နေထိုင်ခြင်းပေါ်လစီ အရ ဂျပန်ပြည် ကိုပြန်လာကြတယ်။ သူတို့ပြန်လာတော့ ဂျပန်ရဲ့ လူဦးရေလျော့ပါးလာ မှုပြဿနာကို ဖြေရှင်းပေး နိုင်တော့မလိုလို ထင်စရာပါပဲ။ ကမ္ဘာတစ်ခြမ်းခရီးစဉ်ကိုဖြတ်ပြီး ရောက်လာကြတဲ့ Nikkeijin တွေဟာ လူထု က နှစ်နှစ်ကာကာမရှိလို့ သူတို့အဘိုးအဘွားတွေ ၁၉၂၀ ၀န်းကျင်က ထွက် ခွာသွားခဲ့ကြတဲ့ ဘရာဇီးဆီကို နောက် ကြောင်းပြန်လှည့်ခဲ့ကြရပါတော့တယ်။ အစိုးရရဲ့ စမ်းသပ်ကျင့်သုံးမှုပေါ်လစီလည်း အလုပ်မဖြစ်တော့ပါဘူး။ ယဉ်ကျေးမှု လုံးဝမတူတဲ့နိုင်ငံတွေမှာ မွေးဖွားခဲ့တဲ့ဂျပန်တွေဟာ ဂျပန်မှာရှိနေ တဲ့သူတို့ဆွေမျိုးဂျပန်တွေရဲ့ ကန့်သတ်ဆက်ဆံခြင်းကို ခံကြရပါတယ်။ သူတို့ကို နိုင်ငံခြားသားတွေအနေနဲ့ပဲ ဂျပန်လူထုက လက်ခံကြတယ်။ ၂၀၀၉ ခုနှစ်လယ်ရောက်လို့ စီးပွားရေးအကျပ်အတည်းလည်း ရင်ဆိုင်လိုက်ရရော အလုပ်အကိုင်မရှိဖြစ်နေတဲ့ Nikkeijin ဂျပန်တွေကို အစိုးရက အခြေခံ စား ရိတ်တွေပေးပြီး ဘရာဇီးကို အပြီးပြန်လွှတ်လိုက်ကြပါတော့တယ်။ နိုင်ငံခြား သားတွေအပေါ် အဲသလို ခွဲခြားမှုမရှိတဲ့နိုင်ငံမှာဆိုရင် အစိုးရရဲ့ပေါ်လစီဟာ အလုပ်ဖြစ်သွားနိုင်စရာ ရှိပါတယ်။
ဂျပန်အစိုးရအနေနဲ့ ကိုယ်ကျင့်သုံးမယ့်ပေါ်လစီကို အောင်မြင်နိုင်မှု ရှိရမယ် ဆိုတာကို စတင်မကျင့်သုံး မီကတည်းက ယုံကြည်ထားဖို့ သင့်ပါတယ်။ နိုင် ငံခြားသားကို လက်မခံလိုတဲ့စိတ်ဓာတ် လူထုမှာရှိနေတယ်ဆို တာကို လျှော့ တွက်မိတယ်ဆိုရင်တောင်မှ ဘယ်နည်းနဲ့ကြိုးစားရင်ရနိုင်မလဲဆိုတဲ့ စိတ် ကူးမျိုးတော့ ရှိထား သင့်ပါတယ်။

ဆက်ရန် - 

လူနဲ့ ကိုယ်ပိုင်အမှတ်အသား


မနှစ်က ရန်ကုန်ရောက်ခိုက် မိမိထမံသီမှာရှိစဉ် ရဟန်းခံပေးထားခဲ့သည့် နာဂဘုန်းကြီး ဦးဝေရောစနနှင့်တွေ့သဖြင့် လူပုဂ္ဂိုလ်သာသနာပြု ဦးမောင် သိန်း အကြောင်းမေးမိသည်။ ဦးမောင်သိန်းသည် လေရှီးနာဂမျိုးနွယ်စုလေး တစ်စု၏ ခေါင်းဆောင်ဖြစ်သည်။
"ဦးမောင်သိန်းကြီးရော ရှိသေးသလား"
"ထမံသီမှာ မရှိတော့ဘူး ဘုန်းဘုန်း၊ သူ့ရွာကိုပြန်သွားပြီ"
"ဘာကြောင့် သူ့ရွာကိုပြန်သွားတာလဲ"
"သူ့ရွာက လူငယ်တွေကို သူတို့ ဘာသာစကားသင်ပေးဖို့ တဲ့၊ အဲသလိုမှ မ လုပ်ရင် သူတို့ ဘာသာစကား မကြာခင် ကွယ်သွားတော့မယ်လို့ ပြောတယ်"
"သူ့ရွာက အိမ်ခြေဘယ်လောက်ရှိမလဲ"
"အစိတ်သုံးဆယ်ပဲရှိမယ်"
"သူတို့ ဘာသာစကားကို ရွာပေါင်း ဘယ်နှရွာက ပြောသလဲ"
"မပြောဘူး။ သူတို့ တစ်ရွာပဲပြောတယ်၊ တခြားရွာတွေမှာလည်း သူတို့ ကိုယ်ပိုင်စကားတွေရှိတယ်"

အိမ်ခြေ အစိတ်သုံးဆယ်လောက်ပဲပြောသည့် စကားပင်ဖြစ်စေ ဒါကို မကွယ်ပျောက်အောင် ထိန်းသိမ်းဖို့ လူမျိုးနွယ်စုခေါင်းဆောင် ဦးမောင်သိန်း မှာ တာဝန်ရှိနေတာပဲဟု တွေးလိုက်မိသည်။

ခက်ရချည်ရဲ့ သမိုင်းရေ.............


နတ်ရှင်နောင်ကိုကြည့် ..
"နိုင်ငံတော် ခေတ်မှီ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး" ဆိုတဲ့ အရေးနဲ့ကြည့်ရင် သမိုင်းမှာ ကျရှုံးခဲ့သူပဲ။
"အမျိုးသားအမွေအနှစ်များ မပြောက်ပျက်အောင်ထိမ်းသိမ်းစောင့်ရှောက်ရေး " ကျပြန်တော့ သူက အောင်မြင်သူဖြစ်နေပြန်တယ်။

သမိုင်းဆိုတာ နောက်ပြန် လှည့်လှည့်ကြည့်ရလွန်းလို့ အလွန် ဇက်ညောင်းတဲ့ ဘာသာရပ်ပါ ဆရာကြီး ဟန်တင်တန်ရယ်။ ။

ယဉ်ကျေးမှု ပဋိပက္ခ


"မာ့က်စ်ဝါဒက နိုင်ငံတကာ ပစ္စည်းမဲ့လူတန်းစား ညီညွတ်ရေးအတွက် ပြည်ေ ထာင်စု(အမျိုးသား)နိုင်ငံကို ငြင်းပယ်သလို မွတ်စလင်တော်လှန်ရေး လှုပ် ရှားမှုအရ အစ္စလမ် အယူးသည်းဝါဒကလည်း အစ္စလမ်ညီညွတ်ရေး အတွက် ပြည်ထောင်စု(အမျိုးသား)နိုင်ငံကို ဆန့်ကျင်ကန့်ကွက်သည်။"

"ခရစ်ယန်၊ အော်သိုဒေါက်စ်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်အစိုးရတို့မှာ ဘာသာရေးကို အခြေခံဖွဲ့စည်းထားသည့် အဖွဲ့ဝင်များပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်းများ မရှိသော်လည်း မွတ်စလင်အစိုးရများမှာ ရှိသည်။"

ယဉ်ကျေးမှု ပဋိပက္ခ
ဆင်မြူယယ် ပီ ဟန်တင်တန်

"As a revolutionary movement, Islam fundamentalism rejects the nation state in favor of the unity of Islam just as Marxism rejected it in favor of the unity of the international proletariat." (p. 175)

"Christian, Orthodox, Buddhists and Hindu government do not have interstate organizations with memberships based on religion; Muslim governments do." (p. 176)

From The Clash of Civilization. Islam: Consciousness without cohesion.
by Samuel P Huntington.

ဂန်းနန်း စတိုင် ကောင်ကလေးနှင့် တောင်ရောက် မြောက်ရောက်

အမှာ။ ။ Samuel P Huntington ရဲ့ The Clash of Civilization ကြောင့် လီကွမ်းယုကလွဲပြီး အခုတလော ပို့စ်အသစ် တက်နိုင်မယ်မဟုတ်လို့ အဟောင်းတချို့ကိုပဲ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။

ဤဆောင်းပါးက လာအို ခရီးစဉ်နှင့် ပတ်သက်သည့် အမှတ်တရ လေးများကို ပြန်ရေးခြင်း ဖြစ်သည်။

၁ ။ စလုံးပိုင် ဟော်တယ်များ

လာအိုနိုင်ငံ ဟု ဆိုသော်လည်း တည်းခိုခဲ့ရသော  ဟော်တယ်များက စလုံးပိုင်များ ဖြစ်ကြသည်။  စလုံး တို့    စီးပွားရေး လက်တန် ရှည်သည်။ လာအိုနိုင်ငံ၏ ဥပဒေ အရ နိုင်ငံခြားသားများ အနေနှင့် ဒေသခံ ရှယ်ယာ မပါဘဲ စီးပွားရေး လုပ်ခွင့်မရှိ၍ ဖက်စပ်ဖြစ်နေ ရသော်လည်း ခန့်ခွဲမှုက  စလုံး တို့  လက်အောက်မှာ လုံးလုံးလျားလျား ရှိနေသည်။ ထူးခြားသည့် အချက်  က စလုံးပိုင်ဖြစ်သည့်အ တွက် အခြား  ဟော်တယ်တွေထက် ပိုသန့်ပြီး ဆက်ဆံရေး ပိုကောင်းမွန်သည်။ စလုံး တို့ စီးပွားရေး  လုပ်တတ်ကြသည်။ ပိုင်ရှင်က စလုံး၊ အလုပ်သမားက လာအို။ သို့သော် အလုပ်အကိုင် ရှိနေသည်၊ဟော်တယ်က လူထုကို အလုပ်ပေးထားနိုင်သည်ကပင် မဆိုးဟု ဆိုရမည်။ ထို လာအိုလေးပင် ၁၉၉၇ ခုနောက် မီးပျက်သည် သိပ် မရှိတော့ ဟု သိခဲ့ရသည်။

၂ ။ ဘ၊က ကျောင်းထွက် ခရီးလမ်းညွှန်များ

ဘယ်မှာ အင်္ဂလိပ်စာ သင်ခဲ့သလဲဟု မေးတိုင်း ဘုန်းကြီးက သင်ပေးသည်  ဟု ခရီးလမ်းညွှန် လေးယောက်စလုံး တညီ တညွတ် တည်း ဖြေကြသည်။ မဖွံ့ဖြိုးသေးသော ဗုဒ္ဓဘာသာ  နိုင်ငံ ဖြစ်သည်နှင့်  အညီ ပညာရေး      ကဏ္ဍကလည်း ဘုန်းတော်ကြီးများ
အပေါ် တော်တော် အမှီပြုနေရကြောင်း သိသာလှသည်။ တစ်ခု ကောင်းသည်က လူငယ်တိုင်း ကိုရင် လူထွက်လေးများ ဖြစ်သဖြင့် ဘုန်းကြီး အထာတော့  တော်တော်နပ်ကြသည်။ သူတို့ အင်္ဂလိပ်ကတော့ နားလည်၍ ရရုံလောက်သာ ရှိသည်။ သို့သော် မြန်မာပြည် ပြန်စဉ်က အဖွဲ့နှင့်အတူ ပါလာသည့်  မြန်မာခရီးလမ်းညွှန်လည်း လာအိုတို့ ထက် မသာ ဟုထင်သည်။ လာ အိုနှင့် နှိုင်းရသည်က သိပ်တော့ မမိုက်။  မြန်မာတို့ ကြိုးစားဖို့ လိုသေးသည်။
" သူပြောတာ နားလည်တယ်၊ ပြန်မပြောတတ်လို့ " နှင့် မရတော့။

၃ ။ အတုံ့ အလှည့်

ခရီးစဉ်တစ်လျှောက် ပြုံးစရာ အကောင်းဆုံးဟု ဆိုရမည် ထင်သည်။ နံနက် စောစောထ၊ ဆွမ်းလောင်း၊ သင်္ကန်းများ လှူဒါန်းကြရာ စလုံးဒကာမတစ်ယောက် ဆွမ်းအိုးက ဆွမ်းလောင်းရင်း ကုန်သွားသည်။ ထိုအခါ ဆွမ်းခံရဟန်းက ထိုဒကာမကို အားနာသွား သည် ထင်၏။ သူ့ သပိတ်ထဲ ရှိရှိသမျှ ဆွမ်းတို့ကို ထိုဒကာမ ဆွမ်းခွက်ထဲ ထည့်ပေးထာခဲ့ပြီး ကြွသွားလေတော့သည်။ ထို အဖြစ် အပျက် က စလုံး တို့ကြား ပြောမဆုံးပင် ရှိခဲ့သည်။ ရဟန်းလောင်းသည့် ဆွမ်းကိုပင် ခံယူထိုက်သည့် ဒကာမ ဟုတည်း။

၎ ။ ဂန်းနန်း စတိုင် ကောင်ကလေး

စိတ်ဝင်စားစရာ အကောင်းဆုံးက ဤ  ကောင်ကလေးဖြစ်သည်။ တစ်ဖွဲ့လုံး  အတွက် ဘစ်စနစ်  ကလပ် လေယာဉ်       လက်မှတ်
တစ်ဆောင်ကို ဟော်တယ်    ပိုင်ရှင်က လက်ဆောင်ပေးသည်။ ထို့ကြောင့် မစီးစဖူး ဘစ်စနစ်ကလပ်မှာထိုင်နေစဉ် ကောင်ကလေး တစ်ေ ယာက် ရောက်  လာပြီး မိမိဘေး ဝင်ထိုင်သည်။ ကြည့်တော့ မိဘနှင့် တူသူတွေလည်း မပါ။ ဆွေမျိုးတော်စပ်ပုံ    ရသော လူ လည်းမပါ၊ တစ်ယောက်တည်းမှ တကယ့်ကို တစ်ယောက်တည်း။  လေယာဉ်ထွက်သည်အထိ မလာတော့မှ သူ့ကို စကားစပြော မိ သည်။
" တစ်ယောက်တည်း လား"
" ဟုတ်တယ်၊ တစ်ယောက်တည်း "
" အသက် ဘယ်လောက် ရှိပြီလဲ "
" ၁၂ နှစ် "
" ဘာလူမျိုးလဲ "
" ကိုရီးယား၊ ဆိုးလ် က "
" မိဘတွေက စင်္ကာပူမှာ နေတာလား "
" ဟုတ်တယ်၊ ကျနော်လည်း  စင်္ကာပူမှာ ကျောင်းတက်နေတယ် "
" လာအိုကို ဘာလာလုပ်တာလဲ "
" ကျောင်းပိတ်ရက် ဟောလီးဒေး လာတာ "

ပြောရန်ပင် မရှိတော့။ တေဂျုန်း ဆိုသည့် ၁၂ နှစ်သား လူငယ်လေးသည် စင်္ကာပူမှ လာအိုကို တစ်ယောက်တည်း ကျောင်းပိတ် ရက်     ဟောလီးဒေး ထွက်သည် တဲ့။
မိဘတို့၏ စိတ်ချ ယုံကြည်ရဲမှု၊
ကလေး၏ သတ္တိ။
ငယ်စဉ်က ၂ မိုင်ဝေးသော အလယ်တန်းကျောင်းကို သွားတက်ဖို့ စိတ်မချသဖြင့် ကျောင်းအထွက်ခိုင်းသည့် မိခင် ကြီးကိုသာတွေး ရင်း  မြင်လိုက်မိတော့သည်။
ကိုရီးယားတို့က အနောက်ကို လုံးဝ မှီသွားကြပြီထင်သည်။ ခဏကြာသော် တေဂျုန်းကသူ့အိပ်ထဲ မှ လက်ပ်တော့ကို ထုတ်ပြီး ဂိမ်း ကစား ၍ သာ နေလေတော့သည်။ လိုက်ကြပေဦး ရွှေမြန်မာ တို့။

မိမိ စိတ်ထဲမှာတော့  တေဂျုန်း လေးသည် တကယ့်ကို ဂန်းနန်း စတိုင်  တေဂျုန်း ဖြစ်နေတော့သည်။  ။ 
ဘန်ကီမွန်း၏ မျက်နှာ မြင်ရတိုင်း မမြင်ဖူးလိုက်ရသော ဦးသန့်ကို မဆီမဆိုင် သတိရမိ၏။ ။
(Posted on 17/11/2012)

သီဟနာဒ 

အမေနေ့အလွန် တစ်ဘူတာ


၁၉၉၆ လောက်က ဟင်္သာတထွန်းရင်ရဲ့
"အမေနဲ့ရွာကိုလွမ်းတယ်" သီချင်းကို ကျနော်က နားထောင်နေခိုက် သူငယ်ချင်း ကဗျာဆရာက
"ဒါတွေ နားထောင်မနေပါနဲ့ကွာ၊ ခေတ်အောက်နေပါပြီ။ ဒါကို နားထောင်" ဆိုပြီး ထူးအိမ်သင်ရဲ့
"အိမ်ပြန်ချင်တယ်" ကို ပေးပါတယ်။
"ထူးအိမ်သင်ကို နားထောင်ပြီးပါပြီကွာ" လို့ ဖွင့်မပြောခဲ့ပေမဲ့ ခေတ်တစ်ခုကို ပျက်ရယ်ပြုတဲ့အထဲမှာ ကျနော် မပါဘူးဆိုတာ လေးဖြူရဲ့ "နောက်ဆုံးရထား" သံ ကျနော့်ဆီက ကြားရပြီးတဲ့နောက် သူလည်း သိခဲ့ပါတယ်။

အမေ့ကိုလွမ်းရာမှာ ဂန္ထဝင်တွေ၊ မော်ဒန်တွေ ရှိသလား
ကျနော်မသိခဲ့ပါဘူး။
ဆွတ်ဆွတ်ဖြူ နှလုံးသားတစ်စ်စုံကို လွမ်းဖို့
ကာရန်တွေ၊ ကာရန် မဲ့တွေ၊
ရစ်သန်တွေ၊ စီးမျောမှုတွေ
ဒါတွေလိုသလား ကျနော် မသိခဲ့ရိုးအမှန်ပါ။

ခေတ်တိုင်းမှာ မိခင် မေတ္တာတွေက ပွေလီမှုမရှိခဲ့သလို ကျနော်တို့ ရင်ခွင်ထဲက မိခင်အကြောင်း ကကြီးခခွေးတွေကလည်း အနေအထား မလွဲခဲ့ကြပါဘူး။
အမေနေ့လွန် အမေ့အကြောင်းကို ဘာမှမဟုတ်ပေမဲ့ အမေနားထောင်မယ်
ဆိုတာသေချာလို့ အမေ့အကြောင်းကိုဆိုရင် အချိန်မရွေး ပြောနေလို့ ရတာပဲလို့ပဲ ယုံကြည်မိတယ်။
အဲ...ယုံကြည်မှုက ယုတ္တိဗေဒကို လက်မခံဘူး။ ဒါကိုလည်း သူငယ်ချင်း ကဗျာဆရာက လက်ခံပါတယ်။
ကျနော်တို့ နှစ်ယောက်စလုံး အဲဒီအချိန်မှာ သဘောတူခဲ့ကြတာက "အမေဟာ ထာဝရ" တဲ့။
ဒီ ယုံကြည်မှုကလည်း ထာဝရ ပါ ကဗျာဆရာရယ်။ ။

ကြော်ငြာ ပို့စ်


ကျောင်းကော်မတီကတော့ ဘာမှ ကြော်ငြာအသိပေးစရာ မရှိသောနေ့မှာပင် "ယနေ့ ကြော်ငြာအသိပေးစရာ ဘာမှ မရှိကြောင်း" ဟု ကြေငြာကြ၏။
ထို့အတူ ယနေ့ညနေ ဘာပို့စ်မှ မတင်စေဦး ယနေ့ညနေ ဘာပို့စ်မှ မတင်ပါ ဟု ပို့စ်လိုက်မှ တာဝန်ကျေမည်ထင်သည်။

အမေရိက အမေး - အဖြေ (၂) (လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်)


မေး။ ။နိုင်ငံခြားရေး ပေါ်လစီကြောင့် ဘု(ရှ်) ရဲ့ အီရတ် စစ်ပွဲထဲမှာ စင်္ကာ ပူလည်း အတူ ပူးပေါင်းပါဝင် လိုက်ရတယ်။ ဒီတော့ ဘု(ရှ်)ရဲ့ မဟာမိတ် ဆို တာလည်း အလိုလို ဖြစ်သွားတယ်။ ဒီ အနေအထား မျိုး အတွက် နောင်တ မရမိဘူးလား။
ဖြေ။ ။ လုံခြုံရေးကိစ္စတွေမှာ ငါတို့က အမေရိကန်တွေရဲ့ ပါတနာပဲ။ ဒါကြောင့် ဘယ်နိုင်ငံကိုမှ မရောင်းတဲ့ လက်နက် တွေ ငါတို့ ရောင်းတာ။ ဒီတော့ သူတို့ကို ထောက်ခံအားပေးဖို့ တို့မှာ ၀တ္တရားလည်း ရှိတယ်။

မေး။ ။နျူးကလီးယား ကိစ္စနဲ့ ပတ်သက်ပြီး အီရန်က တကယ်လို့သာ နိုင် ငံတကာ အဖွဲ့အစည်း တွေနဲ့ အတူတကွ လက်တွဲပြီး အလုပ် မလုပ်ဘူးဆို ရင် အမေရိကန်က အီရန်ကိုလည်း စစ်ရေးနဲ့ ၀င်ရောက် လာနိုင်တယ် လို့ ပြောနေကြပါတယ်။ ဒါကရော ဖြစ်နိုင်ပါသလား။
ဖြေ။ ။အီရန်သာ အနုမြူဗုံး ရသွားရင်တော့ အရှေ့အလယ်ပိုင်းမှာ အကြီး အကျယ် ပြဿနာတက်ပြီ။ ဆော်ဒီ ကလည်း ပါကစ္စတန်တွေဆီက ဗုံးဝယ် မယ်။ အီဂျစ်ကလည်း တစ်နည်းနည်းနဲ့ ရအောင်လုပ်မှာပဲ။ အဲဒီ ဗုံးတွေနဲ့ အပြန်အလှန် သေကြေပျက်စီး ကုန်ကြမယ်ဆိုတာလည်း မြေကြီးလက်ခတ် မလွဲပဲ၊ ဒီ အနုမြူဗုံး တွေက အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တဲ့ လူတွေရဲ့လက်ထဲမှာ ရှိနေမှ အလုပ်ဖြစ်တာ။ အရှေ့အလယ်ပိုင်းက လူတွေ ဟာ အဲသလောက် စဉ်းစားတတ်တယ်လို့ ငါတော့ မထင်ဘူး။ တစ်ခုခုက စပြီး မှားပြီဆိုရင် တစ်တိုက်လုံး အနုမြူနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အီရန်ကို ၀င်တိုက်မယ်လို့တော့ မထင်ပါဘူး။ အီရန်ရဲ့ အနုမြူကိစ္စကို ပိုပြီး စိုးရိမ်တကြီး ဖြစ်နေတာက အစ္စရေး တွေပဲ။ အီရန်က အစ္စရေးကို ပညာပေးမယ်လို့ မကြာမကြာ ပြောနေတော့ ပထမဆုံး ခြိမ်းခြောက် ခံရမှာကလည်း အစ္စရေးပါပဲ။ အမေရိကန်တွေက အီရန်ကို တကယ် တိုက်ချင်တယ်ဆိုရင်တောင် အစ္စရေးကို လက်နက်ထုတ်ပေးပြီး အတိုက်ခိုင်းမှာပါ။

မေး။ ။မစ္စတာလီက ရီပတ်ဘလင်ကန် သမ္မတတွေကို ပိုပြီး အထင်တ ကြီး ဖြစ်နေတာက တိုက်ဆိုင်မှု တစ်ခုလား။
ဖြေ။ ။သူတို့က နိုင်ငံခြားရေးပေါ်လစီကို ပိုပြီး အာရုံစိုက်ကြလို့ ထင်ပါရဲ့၊ သူတို့က ရီပတ်ဘလင်ကန်တွေ ဖြစ်နေလို့ မဟုတ်ပါဘူး။ သူတို့မှာ ရှိထားတဲ့ ပါဝါနဲ့အညီ နိုင်ငံခြားရေးကိစ္စတွေကို ပါဝင်ရာမှာ ပိုပြီး အားတက်သရော ရှိ ကြလို့ပါ။

မေး။ ။ ၀င်ရောက်နေထိုင်လာသူတွေကို စည်းရုံးဆွဲဆောင်နိုင်မှုဟာ အားပြိုင်မှု အားကောင်းတဲ့ အမေရိကန် စီးပွားရေးအတွက် အဓိက အကြောင်း တစ်ရပ်လို့ မစ္စတာလီ ပြောခဲ့တယ်။ ဒါပေမယ့် ၀င်ရောက်နေထိုင် လာသူတွေကပဲ တချို့ ပြဿနာတွေကို သွင်းယူ လာကြပြန်တယ်။ ဥပမာ အားဖြင့် လက်တင် လူမျိုးတွေရဲ့ လူဦးရေ အရေအတွက်က အများကြီး တိုး လာနေတယ်။ သူတို့ကြောင့် ရှိရင်းစွဲ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ အစဉ် အလာတချို့ ပြောင်းလဲလာနေရတယ်။
ဖြေ။ ။ဟုတ်တယ်။ ဒီမှာ အဓိက မေးစရာရှိတယ်- အမေရိကန်တွေက သူတို့ကို အန်ဂလို ဆက္ကစွန် ယဉ်ကျေးမှုထဲ ရောက်အောင် လုပ်မလား။ သူတို့ကပဲ အမေရိကန်တွေကို လက်တင် အမေရိကန် ယဉ်ကျေးမှု ထဲေ ရာက်အောင် လုပ်မလားဆိုတာပဲ။ ပြီးတော့ သူ့အုပ်စုလေးနဲ့သူ ကွဲပြီး နေ ကြမယ် ဆိုရင်တော့ အမေရိကန်အတွက် တကယ့်ကို စိန်ခေါ်မှုပဲ။

မေး။ ။အခု တရုတ်ပြည်ရဲ့ စီးပွားရေး အင်အားက သိပ်ကောင်း လာနေတော့ အာဆီယံ နိုင်ငံတွေရဲ့ စီးပွား ရေးကလည်း တရုတ်ပြည်ထဲ အများကြီး စီးဝင်နေတယ်။ ဒီအချိန်မှာ တရုတ်ပြည်နဲ့ ဆက်ဆံရေး ပြတ်ေ တာက်သွားမယ်ဆိုရင် စီးပွားရေးအရ တော်တော် အထိနာသွားမယ်။ ဒါ့ကြောင့် သူတို့ (တရုတ်တို့) တောင်းဆို သမျှကို လိုက်လျောနေရမယ့် အနေအထားမျိုးထိ ရောက်သွားနိုင်မလား။ ဒါမျိုးက မဖြစ်နိုင်ဘူး လို့လည်း အတတ်ပြောလို့ မရဘူး။ ထိုင်ဝမ်ဆိုရင် စီးပွားရေး အရ တရုတ်ပြည်ကို လုံးလုံးလျားလျား မှီခိုနေရတော့ လွတ်လပ်ရေး မကြေငြာရဲဘူး ဖြစ်နေတယ်။
ဖြေ။ ။အနေအထားချင်းက သိပ်မတူဘူး။ ထိုင်ဝမ်မှာက ခံစားမှုနဲ့ လူမျိုးေ ရးကိစ္စ။ သူတို့ကိုယ်တိုင်ကကို တရုတ်ပြည်ထဲမှာ ပါဝင်နေတယ်။
ထိုင်ဝမ်ဆို တာက ပထမ ဒတ်(ခ်ျ) လက်ထဲရောက်၊ ဒုတိယ ပေါ်တူဂီ၊ တတိ ယ ဂျပန်တွေ လက်ထဲရောက်သွားတဲ့ တရုတ်ပြည်ရဲ့ ပြည်နယ်တစ်ခုပဲ။ ဒါကို လူမျိုးရေး သိက္ခာကျမှုလို့ တရုတ်တွေက အမြဲတမ်း ရှုမြင်နေကြတယ်။ ပြန် လည်း လိုချင်ကြတယ်။
ဒါပေမဲ့ စင်္ကာပူ တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ဖို့ ဆိုတာကတော့ ဘယ်လို သမိုင်း အထောက်အထားမှ မရှိပါဘူး။

မေ။ ။ဘာပဲဖြစ်ဖြစ် တရုတ်ပြည်ရဲ့ စီးပွားရေးထဲ အလုံးအရင်းနဲ့ ၀င်ရောက် သွားတာကတော့ အန္တရာယ် ကြီးနေဆဲပဲ။

ဖြေ။ ။ဒါကတော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လေ။ ငါပြောခဲ့သလိုပါပဲ။ စင်္ကာ ပူဟာ တရုတ်စီးပွားရေး အပေါ်မှာ အသက်ရှင်နေတာ မဟုတ်ပါဘူး။ တကယ်လို့ တရုတ်စကား တစ်မျိုးထဲကိုသာ ငါတို့ ပြောခဲ့ရင် လက်ရှိ စင်္ကာ ပူနေရာကို လုံးဝ ရောက်မလာနိုင်ဘူး။ တရုတ်စီးပွားရေးက ဒီထက် ဆယ်ဆ အားကောင်း လာပါပြီ တဲ့၊ ဘာတွေ ခြားနားနေလို့လဲ။ ငါတို့ ဆယ်ဆတိုးပြီး ချမ်းသာလာမလား။ မဟုတ်ပါဘူး။ ငါတို့ ကြွယ်ဝမှုက ကမ္ဘာနဲ့ ဆက်သွယ် ထားနိုင်လို့ ရလာတဲ့ အကျိုးအမြတ်ပါ။

မေး။ ။ဒါက အတိတ်တုန်းကလေ။
ဖြေ။ ။အနာဂတ်လည်း အတူတူပဲ။ စင်္ကာပူက ဟိုင်နန်ကျွန်း မဟုတ် ဘူး ။ ဟောင်ကောင် မဟုတ်ဘူး။ သူတို့မှာ တခြား ရွေးစရာကို မရှိကြဘူး ။ နောက်ပြီး လူမျိုးနွယ်ချင်း တူနေတာကလည်း ရွေးစရာ မရှိခြင်း ရဲ့ နောက် ထပ် အကြောင်းတစ်ခု ဖြစ်နိုင်ပြန်တယ်။ စင်္ကာပူက ကျွန်းစုပေါင်းများစွာရဲ့ အလယ်က အဓိက ကျတဲ့ ကျွန်းတစ်ကျွန်း ဖြစ်နေတယ်။ ဒီကျွန်းတွေမှာ သဘာဝ အရင်းအမြစ် ရှိနေတော့ ကမ္ဘာကလည်း လာနေကြမှာပဲ။

မေး။ ။အမေရိကန်တွေရဲ့ လော့ဂျစ်စတစ် စင်တာ စင်္ကာပူမှာ ရှိနေတာကို သူတို့က တားမြစ်လာရင် ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။မဖြစ်နိုင်ဘူး။ သူတို့က ဘာကြောင့် ငါတို့ကို ဒီလိုလာပြောလို့ ရမှာ လဲ။ ဒါက လူမိုက်စကားပဲ။ သူတို့က အမေရိကန် လော့ဂျစ်စတစ်ကို တားမြစ် ချင်တယ် ပြောလာရင် ငါတို့ ပြန်ပြောမှာက
“ခင်ဗျားတို့လည်း ဒီကိုလာ၊ လော့ဂျစ်စတစ် စင်တာ ထောင်ပြီး ခင်ဗျားတို့ ပစ္စည်းတွေ လာထားလှည့်ကြလေ”
လို့ပေါ့။

မေး။ ။ဒါဆို စင်္ကာပူက တရုတ်နဲ့ အမေရိကန် လော့ဂျစ်စတစ် နှစ်ခုလုံးကို လက်ခံထားမယ်ဆိုတဲ့ သဘော ပေါ့။
ဖြေ။ ။ အေးပေါ့။

(အမေရိက) အားလုံးပြီးပါပြီ။

ပဉ္စသီခနဲ့ အင်တာဗျူး (ကျမ်းရင်းကို ချဉ်းကပ်ကြည့်ခြင်း)


လူ့ပြည်မှာရှိနေတဲ့ သံသယနဲ့ ပတ်သက်ပြီး အငြင်းပွားစရာရှိနေလို့ ကာယ ကံရှင်ဖြစ်တဲ့ ပဉ္စသီခနဲ့ တွေ့မေးမှပဲ ကိစ္စပြတ်တော့မယ်ဆိုပြီး အင်တာဗျူး ခွင့် ရက်ချိန်းယူခဲ့ပါတယ်။ သူကလည်းတာဝတိံသာမှာ ဟော့(တ်)နေတဲ့ စောင်းသမားဆိုတော့ တော်တော်လေး စိတ်ရှည်ရှည် စောင့်ခဲ့ရပါတယ်။ ဆိုပါတော့ ။ ဒါက ကျနော်သူ့ကို ဗျူးခဲ့တာတွေပါ။

ဇင်ဝေသော် ။ ။ စောင်းဆရာကြီး - အားလုံး အိုကေပဲ မဟုတ်လား ။
ပဉ္စသီခ ။ ။ ပွဲဆက်များတာကလွဲလို့ အိုကေပါတယ်ဗျာ ။ ဒါနဲ့ ခင်ဗျားက -

ဇင် ။ ။ ကျနော်က ဇင်ဝေသော်ပါ။ ဆရာကြီးရဲ့ နာမည်ကတော့ လူ့ပြည်မှာတောင် ဟိုးလေးတကြော်ပဲဗျို့။
ပဉ္စ ။ ။ ရတနာသုံးပါးရဲ့ကျေးဇူး ၊ ဘသိကြားမင်းရဲ့ကျေးဇူးကြောင့်ပါဗျာ ။

ဇင် ။ ။ ဒါနဲ့ ခင်ဗျားချစ်သူ သူရိယ၀စ္စသာရော ကျန်းမာရဲ့မဟုတ်လား။
ပဉ္စ ။ ။ ကျန်းမာပါ့ဗျာ၊ အမြဲ လှလို့ပလို့ပါ။ ကျေးဇူးပါပဲ။ ဒါနဲ့ ခင်ဗျားမေး ချင်တယ်ဆိုတာက … ။ စိတ်မရှိပါနဲ့ဗျာ ။ ပွဲဆက်များနေလို့ မြန်မြန်လေး။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ခါနီးမှာ ခင်ဗျား စောင်းကြိုးညှိပြခဲ့တယ် ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ မှန်ပါတယ်။ ဒါများ အဆန်းလုပ်လို့ဗျာ။ ခင်ဗျားတို့လူ့ပြည်က ဂစ်တာသမားတွေလည်း ဂစ်တာမတီးခင် ကြိုးညှိရတာပဲ မဟုတ်ဘူးလား။ ကျုပ်လည်း စောင်းမတီးခင် စောင်းကြိုးတော့ ညှိရတာပေါ့ဗျာ။

ဇင် ။ ။ ခင်ဗျားက သိဒ္ဓတ္ထမင်းသားကို စောင်းကြိုးညှိပြရင်း လမ်းပြပေး ခဲ့ တယ်ဆိုတာ မှန်ပါသလား။
ပဉ္စ ။ ။ ဒါကတော့မဟုတ်ဘူး၊ မဆီမဆိုင်ဗျာ။ ကျုပ်ဘာသာကြိုးညှိတာပါ။ ပြီးတော့ တီးတာပါ။ ကျုပ်လိုစောင်းသမားနတ်က သိဒ္ဓတ္ထမင်းသားကို ဘယ် လိုလုပ် ပညာပေးနိုင် လမ်းပြပေးနိုင်မှာလဲဗျာ။ စဉ်းစဉ်းစားစားလည်း လုပ်ကြ ပါဦး။

ဇင် ။ ။ ဒါဆို “လျော့လွန်းတော့ပတ်၊ တင်းလွန်းတော့ပြတ် “ ဆိုတဲ့ လက် ဆင်ပေးခဲ့တာ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ အပ်ဗဆိုလုတလီ နိုး (Absolutely No) ပါဗျာ။

ဇင် ။ ။ သိဒ္ဓတ္ထမင်းသားကတော့ ခင်ဗျား စောင်းကြိုးညှိတာကိုကြားပြီး မလျော့မတင်းကျင့်လို့ ဘုရားအဖြစ်ကိုရောက်သွားခဲ့တယ်နော်။
ပဉ္စ ။ ။ သိဒ္ဓတ္ထမင်းသားက အားလုံးပြည့်စုံနေပြီ။ ဘုရားဖြစ်ဖို့ပဲ ကျန်တော့ တာဗျ။ ကျုပ်ကတော့ ညှိပြတာ မဟုတ်ဘူး ။ ဘုရားအလောင်းကြား တာကေ တာ့ ဟုတ်တယ်။ ကျုပ်စောင်းသံမကြားလည်း အခြား တစ်ခုခုကိုကြားပြီး ဘုရားဖြစ်မှာပဲ။ ပညာရှင်တွေဆိုတာ ရေစီးတာ လေတိုက်တာကို
ကြား၊ မြင်ပြီးလည်း အသိတွေရတတ်တယ်လေဗျာ။

ဇင် ။ ။ ဒါတော့ ဟုတ်ပါတယ်ဗျာ။


ပဉ္စ ။ ။ ဒါဆို ခင်ဗျားကို ကျုပ်မေးမယ်။ နယူတန်ဆိုတဲ့လူကြီး ပန်းသီးကြွေ တာကိုကြည့်ပြီး ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိသွားခဲ့တယ်မဟုတ်လား။
ဇင် ။ ။ ဟုတ်ပါတယ်။
ပဉ္စ ။ ။ ဒါဆို ပန်းသီးက နယူတန်ကိုပညာပေးဖို့ သစ်ပင်ပေါ်ကနေ ကြွေကျ လာတာလား။
ဇင် ။ ။ ဒီလိုတော့ မဟုတ်ဘူးပေါ့။
ပဉ္စ ။ ။ ဒါဆိုရှင်းရောပေါ့။ ပန်းသီးက နယူတန်ကို ပညာပေးတာမဟုတ်ဘူး။ နယူတန်ကိုယ်တိုင်က ဒါကို သိလိုက်တာ။ ပန်းသီးမဟုတ်ပဲ ထန်းသီးဖြစ်နေ လည်း နယူတန်ကတော့ကမ္ဘာမြေရဲ့ဆွဲငင်အားကို သိမှာပဲ။ ထန်းသီးဆိုရင် ခေါင်းတော့ နည်းည်းဖုသွားမှာပေါ့ဗျာ။ ဟဲ ဟဲ။
ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူးဗျာ။ ကျုပ်ပာဘာသာ စောင်းကြိုးညှိတာကို။ ငရဲတွေကြီးကုန်တော့မှာပဲ…။

ဇင် ။ ။ ကျေးဇူးပါပဲဗျာ။ ရှင်းသွားပါပြီ ၊ ခွင့်ပြုပါဦး။
ပဉ္စ ။ ။ ကောင်းပါပြီဗျာ။ နောက်မရှင်းတာရှိလည်း လာခဲ့ဦးပေါ့။
****************************************************
ကဲ- ဒါပါပဲဗျာ။

ပဉ္စသီခကတော့ ဒီလိုဖြေခဲ့ပါတယ်။ အသံသွင်းခဲ့ပေမယ့် နတ်အသံက ရက်ကော်ဒါထဲမ၀င်၊
ဓါတ်ပုံရိုက်ခဲ့ပေမယ့် ဓါတ်ပုံကလည်း ကင်မရာထဲမ၀င်မို့ သက်သေတော့ မရှိဘူးပေါ့ဗျာ။

ယုံချင်မှသာ ယုံပါ။
(posted on March 16, 2012 at 9:00am)

အီး ဘလက်ဇင်း


တရုတ်ပြည်ကား လူဦးရေများသည်အားလျော်စွာ သတင်းထူးကလည်း များလှ၏။
ကြည့်ပါလေ၊ တရုတ်ဗုဒ္ဓဘာသာတို့ ထွင်လိုက်သည်က အီး ဘလက်ဇင်း ဟူသတတ်။
ဤနည်းဖြင့် ပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းရာရောက် အဆမတန် များ လွန်းသည့် လူအုပ်ကိုလည်း လျှော့ချနိုင်သည်ဆို၏။
မေတ္တာသဒ္ဒေါ အနန္တောဟု ဆိုလေရကား ဘယ်ပုံစံနဲ့ မေတ္တာမဆို အကျိုး သက်ရောက်မှူ ရှိတန်ရာ၏ဟု ယုံကြည်မိပါသည်။
တက်စ် မက်ဆေ့ မေတ္တာသည်လည်း မေတ္တာသည်သာ။
ဤကား တရုတ်ပြည်တည်း။ အချိန်ရရင် ဖတ်ကြည့်ကြပါ။

အမေရိက အမေး - အဖြေ (လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်)


မေး။ ။အမေရိကန် သမ္မတတွေ အများကြီးနဲ့ တွေ့ဆုံသိကျွမ်းခဲ့ရတော့ ဘယ် သမ္မတက အမှတ်ရစရာ အကောင်းဆုံး ဒါမှမဟုတ် ဘယ်သူက ပိုပြီး လေးစားစရာအကောင်းဆုံးလို့ ထင်ပါသလဲ။

ဖြေ။ ။ဂျွန်အက်(ဖ်)ကနေဒီ (John.F.Kennedy) ကိုတော့ မတွေ့ဖူးလိုက် ဘူး သူက နှစ်လိုဖွယ်ရာ ကောင်းသူ လို့ သိရပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှုထောင့်တစ်ခုအနေနဲ့ ကြည့်ရင် သူ့ပေါ်လစီတွေကတော့ သိပ်ပြီး မစွံလှဘူး ဆိုကြတယ်။ လန်ဒန်ဂျွန်ဆင် (Lyndon Johnson) ကတော့ တော်တော်မာ တဲ့ သမ္မတလို့ ထင်တယ်။ သူက ဗီယက်နမ် စစ်ပွဲနဲ့ ကြုံလိုက်ရပြီး လက် မေ လျှာ့ခဲ့ဘူး။ သူက အချိန်ပိုတိုးပြီး အင်အား ထပ်ဖြည့်ခဲ့တယ်။ အရှုံးသမားလို့ သူ့ကိုယ်သူ အထင်မခံ စေချင်ဘူး။ ဒါပေမဲ့ ပြည်တွင်းထဲမှာတော့ သူဟာ တက္ကဆက်သား နိုင်ငံရေးသမားကောင်းပါ။ ဂျာရယ်ဖော့(စ်) (Gerald Ford) ကတော့ သာမန် ပါပဲ။ ဒါပေမဲ့ သူ့မှာ ဟင်နရီ ကစ်ဆင်းဂျားနဲ့ အခြား ကက် ဘိနက် အမတ်တွေစတဲ့ အကြံပေး လူတော် တွေ ရှိခဲ့တော့ သူလည်း အဆင်ပြေသွားတာပါပဲ။ သူကိုယ်တိုင်က အတော်ကြီး မဟုတ်ပေမယ့် အကြံပေးအဖွဲ့က တော်တယ်။ ရစ်ချတ် နစ်ကဆင်(Richard Nixon) ကေ တာ့ တကယ့် မဟာဗျူဟာ သမားပဲ။ အတိုက်အခံ တွေပြောတဲ့ စကားကို ခိုးပြီး နားထောင်မိတာနဲ့ သူ့သိက္ခာလည်း ကျဆင်းသွား တယ်။ ဒါကတော့ စိတ်မကောင်းစရာပါပဲ။ သူ့ကိုတော့ ငါ တော်တော် လေးစားမိတယ်။ သူ့အမြင်နဲ့သူ တော်တော်စဉ်းစား တွေးခေါ်နိုင်တဲ့လူပါ။ သူ သမ္မတမဖြစ်ခင် က စင်္ကာပူကို ရောက်လာပြီး ငါနဲ့ တစ် နာရီခွဲလောက် စကား ပြောတယ်။ ငါ့ဆီက အကြံဥာဏ်တွေကို လည်း ယူတယ်။ သူ့စာအုပ်ထဲမှာလည်း လိုက် မှတ်တယ်။
ငါပြောခဲ့ တာတွေကို ရှင်းရှင်းလေး ပြန်ပြော ရရင် တချို့နိုင်ငံတွေက သစ်ပင် နဲ့ တူတယ်။ သူ့ဘာသာ အထက်ကို တက်ပြီး သူ့ဘာသာကြီးထွား တယ်။ တချို့နိုင်ငံတွေကတော့ နွယ်ပင်နဲ့ တူတယ်။ သူတို့ကတော့ သစ်ပင်ကို မှီပြီး နွယ်တက်တယ် လို့ သူ့ကို ပြောခဲ့တယ်။ ငါ့အတွက် ကံကောင်းသွား တာက သူက လိုက်ပြီး ရေးမှတ်ပေမယ့် ဒါကို လူသိ ရှင်ကြား ဘယ်တော့မှ ဖွင့်ပြော မပြခဲ့ဘူး။

မေး။ ။ ဘယ်လိုနိုင်ငံမျိုးတွေများ မစ္စတာလီ စိတ်ထဲမှာ ရှိနေလို့လဲ။

ဖြေ။ ။ပြောရမယ်ဆိုရင် ဂျပန်တို့၊ တရုတ်တို့၊ ကိုရီးယားတို့က သစ်ပင်ေ တွပေါ့။ ဗီယက်နမ်ကိုတောင် ထည့် လို့ရမယ် ထင်တယ်။

မေး။ ။ နစ်ကဆင်သာ အခုနေ သမ္မတဆိုရင် အမေရိကန်-တရုတ် ဆက် ဆံရေးကို ဘယ်လို မဟာဗျူဟာနဲ့ ချဉ်းကပ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။နစ်ကဆင်ဆိုရင် တရုတ်ကို ထိန်းချုပ်မှာ မဟုတ်ဘူး၊ စေ့စပ်ေ ဆွးနွေးလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့ စီတီဇင် တစ်ယောက်အနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကို တရုတ်က မလိုက်နာရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီ အစဉ် ကို လည်း သိုသိုသိပ်သိပ် ချမှတ်ထားပြီးသား ဖြစ်နေလိမ့်မယ်။ နိုင်ငံတွေ ဘယ်နိုင်ငံ ဘက်က ရပ်တည်မလဲဆိုတဲ့ အနေအထားမျိုးအထိ ရောက်နေတဲ့ အချိန်မှာဆိုရင် ဂျပန်၊ ကိုရီးယား အာဆီယံ နိုင်ငံတွေ၊ အိန္ဒိယ၊ သြစတေးလျ၊ နယူးဇီလန်နဲ့ ရုရှားတို့ သူ့ဘက်ကိုပါလာအောင် ချက်(စ်)ပွဲ ကစားသလို ကစားလိမ့်မယ်။

မေး။ ။ဘီ(လ်)ကလင်တန်ကိုရော ဘယ်လိုထင်ပါသလဲ။ သူ့ကိုတော့ နှစ်လို စရာကောင်းတဲ့ သမ္မတလို့ ပြောနေ ကြတယ်။

ဖြေ။ ။သူက ထိထိရောက်ရောက် ရှိတယ်၊ စကားပြောကောင်းတယ်။

မေး။ ။ရော်နယ်ရီဂင် ကရော ဘယ်လိုလဲ၊ အရင်တုန်းကတော့ မစ္စတာလီ ကိုယ်တိုင် သူ့ကို သဘောတွေ့မိ တဲ့ အကြောင်း ပြောပြဖူးပါတယ်။

ဖြေ။ ။အေး၊ ဟုတ်သားပဲ။ ရော်နယ်ရီဂင်။ သူ့ကို တော်တော် လေးစား မိပါတယ်။ သူက အလွန်အမင်း ထူးချွန်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ သိပ်ကျတယ်။ သူ့ဘေးမှာ လူတော်တွေနဲ့ ၀ိုင်းရံထားတော့ ပေါ် လစီ ကောင်းတွေရဲ့ ရလာဒ်တွေကလည်း တော်တော်အကျိုးအမြတ် ရှိစေ တယ်။ သူက လူရွေးတတ်တယ်။ ရွေးထားတဲ့ လူတွေကို သူ့အတွက် လုပ်ပေးအောင်လည်း နေရာချတတ်တယ်။

မေး။ ။သမ္မတ အိုဗားမား အာဏာရတော့ သူဟာလည်း အကောင်းဆုံး ဦးနှောက်တွေကို စုစည်းနိုင်ပြီး အတော်ခိုင်မာတဲ့ အဖွဲ့ကို ရလိုက်တယ် လို့ ပြောခဲ့ဖူးပါတယ် နော်။

ဖြေ။ ။ဒါပေမဲ့ ဟဲဗီးဝိတ် တော်တော်များများ အခု ထွက်သွားကြပြီ။ ဆိုလို တာကတော့ သူတို့က သမ္မတရဲ့ ပေါ်လစီတွေကို သဘောမတူကြဘူး။ ဘယ် သမ္မတရဲ့ ဦးနှောက်မှ သူ့ ဦးနှောက်တစ်ခုတည်းနဲ့ မပြည့်စုံ နိုင်ဘူး။ အကြံပေးတွေရဲ့ ဦးနှောက်ကို အမှီပြုရတယ်။ အတွေ့အကြုံရှိတဲ့ အကြံပေးေ တွ ထွက်သွား တာဟာ သူ့အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ တခြားနည်းနဲ့ပြောတော့ အကြံပေးတွေက သူ့ ကို စည်းရုံးလို့ မရဘူး။

မေး။ ။ဂျော့(ဂ်ျ)ဘု(ရှ်) သားအဖကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။အဖေလုပ်တဲ့ ဘု(ရှ်)က စဉ်းစားဥာဏ် ရှိတဲ့လူပါ။ သား ဘု(ရှ်) ကတော့ အဖေရဲ့ အိုင်ဒီယော်လော်ဂျီ လောင်းရိပ်တွေ မိလို့ထင်ပါရဲ့၊ အီရတ် နဲ့ အာဖဂန် စစ်ပွဲတွေကို ဆင်နွှဲလိုက်တယ်။ ရလာဒ်က အရှုံးတွေချည်းပဲ ။ နောက်ဆုံး နာမည်ပျက်၊ သိက္ခာကျဘ၀နဲ့ တပ်ဆုတ်လိုက်ရတယ်။ တစ်ခါက ဥရောပ ခေါင်းဆောင်တစ်ယောက်နဲ့ စကား အငြင်းအခုံ ပြော ခဲ့ရသေးတယ်။
သူက “သား ဘု(ရှ်) God ဆီ တယ်လီဖုန်းလိုင်း ရနေတာကို ကျွန်တော်တို့ ဥရောပသားတွေက လုံးဝ မကြိုက် ဘူး” တဲ့။
ဒါနဲ့ ငါက “ခင်ဗျားတို့ တိုက်နေရတဲ့ ဟိုဖက်က ရန်သူကလည်း သူ့ကိုယ်သူ God ထင်နေတဲ့ ပုဂ္ဂိုလ်ပဲ။ ဒီတော့ ခင်ဗျားတို့ဖက်မှာလည်း God ပါလာတယ် ဆိုရင် စိတ်အေးရတာပေါ့” လို့။
သား ဘု(ရှ်)ဘဂ္ဂဒက် ကို ၀င်တိုက်ဖို့ အမိန့်ပေးတာကို ငါကြည့်လိုက်ရတယ်။ သူ့လောက် တည်တည် ငြိမ်ငြိမ်နဲ့ ဒီလို အမိန့်ပေးနိုင်တဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။ သူက မိုက်ကရိုဖုန်းကို လှမ်းယူ၊ ခပ်တိုတို စကားပြောပြီး ပြန်လှည့် ထွက်သွားတယ်။ သူ့ စိတ်ထဲမှာ သံသယကို ရှိနေပုံ မရဘူး။သူ့ ကြည့်ရင်း အတွေး တစ်ခုတောင် ရလိုက်မိသေးတယ်။
“That’s not a bad commander” လို့။

ဆက်ရန်

အပျင်းပြေ ရီဖလက်ရှင်း


ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော၊ လျှောက်ရေးနေကြပေမဲ့
တကယ်တော့ ဘဝဆိုတာ တရုတ်ကားတစ်စီးလို
ဒေါ်ကြီးတက်လိုက်လို့ ကား လေးကျိုးသွားနိုင်သလို
စက်ဘီးနဲ့ဝင်တိုက်မိရုံနဲ့လည်း ပိန်ခွက်သွားနိုင်တာမျိုးပါ (ပထမ ပုံကို ရှု)။
နောက်ပြီး ခြေတစ်လှမ်းမှားလိုက်တာနဲ့
အဲသလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်(ဒုတိယ ပုံကို ရှု) ။\

Break even (New version)


တနင်္ဂနွေနေ့၌ ဒကာ ဒကာမတို့က အားသဖြင့် ဆွမ်းစား ၊ ပရိတ်ရွတ်စသည် ပင့်၏။
ထိုနေ့၌ ရဟန်းတော်များက မအားတတ်ကြ ။
သို့ဖြင့်ပင် အကုသိုလ်မဖြစ်သော်လည်း ကုသိုလ်လည်းမရလိုက်ကြ။
ထို့ကြောင့် Break even ဟုသော စကားပေါ်ပေါက်လာ၏။

ဒကာ ဒကာမတို့က သံဃာ သုံးပါး ပင့်လို၏။
သုံးပါးကား မရ။ တစ်ပါး သို့ နှစ်ပါး သာရနိုင်၏။
ထို့ကြောင့် Fail to fulfill public demands ဟူသော စကားပေါ်ပေါက်လာ၏။ နားလည်သင့်၏။

နိုင်ငံခြားဥပဒေအရ ရဟန်းတော်များလည်း လူများအလုပ်လုပ်ခွင့် ပါမစ်များ အတိုင်း လိုက်ကြရ၏။
ထိုအခါ သံဃာ အတိုးအဆုတ် ဖြစ်၏။ ယင်းပြဿနာကို အခြေခံပြီး လို သလောက် ၊ လိုသလို သံဃာပင့်၍မရသောအခါ Reliable service မဖြစ်
ဟု ဆိုကြကုန်၏။
(ဘုရားရှိခိုးခြင်း ၊ ဆွမ်းတော်ကပ်ခြင်း စသည်ကိုပင် Service ဟု အသုံး များကြောင်း အမှတ်ရပေးကြပါ။)

မန္တလေးမှာနေလျင် သုတ် သုံးကျမ်း ကျေရမည်ဟု ဆရာသမားတို့ကဆိုကြ ၏။
စား သုတ်သုတ်၊ သွား သုတ်သုတ် (နောက်တစ်သုတ်က မေ့နေပြီ၊ မတတ်နိုင်)
သို့ဖြင့် ဒကာ ဒကာမအိမ်မှာ ဖြည်းဖြည်းမစားတတ်သဖြင့် ခတ်သုတ်သုတ် ဘုန်းပေးနေစဉ်
"ကျောင်းအမှတ်နဲ့ ဖြည်းဖြည်းပဲ ဘုန်းပေးပါဘုရား"
လျှောက်တတ်ကြ၏။
ဤသည်ကိုတော့ "miscalculation" ဟုခေါ်၏။ တချို့က ဖြည်းဖြည်း ဘုန်းပေးလျင် ဆွမ်း မဝကြပေ။

နိုင်ငံခြားရောက် သံဃာတို့နှင့် နိုင်ငံခြားရောက် မြန်မာဗုဒ္ဓဘာသာ တို့ကြား
ကြုံတွေ့ရတတ်သော ပြဿနာကို အရဲစွန့် ရေးလိုက်မိသည်။
ယင်းကို Taking the risk or taking the opportunity ဟု ဆိုရမည်ထင်၏။

စနေဘောလုံး


ရွှေခြံရေ

ဒီခေတ်ကြီးထဲမှာ ဦးသိန်းစိန်၊ ဒေါ်စု ဖြစ်ရတာကမှ ခက်ခဲတာမဟုတ်ပါဘူး။
ပို့စ် ဖာဂူဆန်ခေတ်ကြီးထဲမှာ လူသိရှင်ကြား မန်ယူပရိသတ်ဖြစ်ရတာလည်း မလွယ်လှပါဘူးကွာ။
မသိချင်ယောင်ဆောင်ပြီး ခပ်တည်တည်လုပ်နေတာတောင် အနားကပ်ပြီး
ညက မန်ယူ ဘယ်လိုလဲ၊ မကြည့်လိုက်ရလို့ ဆိုသူတွေရှိတယ်။
မိုးယေးလည်း မေးရိုးပဲကျန်တော့တယ်ဆိုတော့ မြိုးဦးဆိုတဲ့ကောင်က ပုဇွန် မျက်လုံးကြီးလည်း ကျန်သေးတယ်တဲ့။

မနက်ဖြန် အတွင်း ဒဏ်ရာကြီးကြီးကျယ်ကျယ်မရဘဲ စတန်းစဖို့ဒ်က ပြန် ထွက်လာဖို့ မလွယ်ဘူးထင်တယ်။
စပယ်ရှယ်ဝမ်းက အားမွေး၊ ဓားသွေးစောင့်နေတာ။



ဒါနဲ့ အခုတော့ဆန်းဒါးလင်းနဲ့ ဆော့သင်တန်က ၂ ၊၂ နဲ့ ပြီးမလိုပါပဲ။

ဥမင်ဖောက်တတ်ရုံနဲ့တော့


လက်ရှိအစိုးရပါတီရဲ့ အဓိကနေရာတွေကို စစ်အတွင်း ဆိုရှယ်လစ် လက် ကျန် ဗိုလ်ချုပ်တွေက ယူထားတယ်။ အစိုးရထဲ ရာထူးအဆင့်ဆင့် ယူထား ပုံတွေက လည်း စီးပွားရေးနဲ့ စီမံခန့်ခွဲမှုမှာ တော်လွန်းလို့ ရယူထားတာမျိုး မဟုတ်ဘဲ စစ်အတွင်း နှစ် ၃၀ ကာလမှာ တောင်၊ မြောက်ဗီယက်နမ်နိုင် ငံတွေကြား ဥမင်လှိုင်ခေါင်း ဘယ်လောက်ရှည်ရှည်ဖောက်နိုင်ခဲ့သလဲ အပေါ် မှာမူ တည်နေတယ်၊ ကံမကောင်းအကြောင်းမလှစွာပါပဲ။

(ဥမင်ဖောက်တတ်ရုံနဲ့တော့ အစိုးရလုပ်လို့ မရသေးဘူးပေါ့ ကွယ်တို့။ လီကွမ်းယုလေ၊ စိတ်ထဲရှိတာ အကုန်ပြောတာပဲ။မြန်မာပြည်ကို ရွဲ့ပြောနေ သလိုလို၊ ရယ်ရလို့ ဖြတ်တင်ပေးလိုက်ပါတယ်)

အဓိက စိတ် မသက်မသာဖြစ်ရတာက


ပဋိပက္ခဖြစ်ပြီဆိုရင်တော့ အနည်းနဲ့အများ နှစ်ဖက်လုံး အမှား (အလွန်) ရှိကြ လို့ လို့ ယေဘုယျ ကောက်ချက်ဆွဲနိုင်ပါတယ်။
ပြသနာဖြစ်တဲ့နေရာတွေကိုကြည့်ရင် အစ္စလမ်ကမ္ဘာမှာ (သို့) အဝေးရောက် အစ္စလမ် ဘာသာဝင်တွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ်။
ကမ္ဘာနဲ့ချီနေတော့ စဉ်းစားစရာပဲ။ မွတ်စလင်တိုင်း လူဆိုးတွေ မဟုတ်ကြပါ ဘူး။ အများအားဖြင့် လမ်းပေါ်ထွက်လိုက်ရင် သူလို ကိုယ်လိုတွေပါ။
ဒီနှစ်တွေမှာ အခြားဘာသာဝင်တွေ အဓိက စိတ် မသက်မသာဖြစ်ရတာက လူဦးရေ တိုးပွားနေမှုပဲ။
ဟိုဖက်ကတွေးတော့လည်း "ငါ့ ဘာသာမွေးတာ နင်နဲ့ ဘာဆိုင်လို့လဲ၊ နင် တို့လည်း မွေးကြပါလား" ပြောမှာပဲ။
အဲဒီ နှစ်ဖက်မှန် ကြောက်ခမန်းလိလိ ကလေးမွေးနှုန်းက အကြမ်းဖက်၊ ဗုံးခွဲ မှုတွေထက် ပိုပြီး စဉ်းစားစရာကောင်းတယ်လို့ ဖတ်မိတဲ့ စာအုပ်တိုင်း လို လို ပြော တယ်။
ဒီလိုနဲ့ ထေရဝါဒ သုံးနိုင်ငံလည်း ဘာသာရေး အကြမ်းဖက်မှု သမိုင်းမှာ အာဖဂန်တို့ ဆီးရီးယားတို့နဲ့ ရင်ဘောင်သွားတန်းနေကြတော့တယ်။


မီလျံနာ အင်တာဗျူး


မီလျံနာတစ်ယောက်ကို မီဒီယာက အင်တာဗျူးနေတယ်။

မီဒီယာ။ ။ လူကြီးမင်းအခုလို မီလျံနာတစ်ယောက် ဖြစ်လာဖို့အတွက် အဓိက အရေးပါတဲ့ပုဂ္ဂိုလ်က ဘယ်သူပါလဲ။
မီလျံနာ။ ။ ကျနော့်ဇနီးပါ။
မီဒီယာ။ ။ ဒါဆို ဇနီးနဲ့ လက်မထပ်ခင်က လူကြီးမင်း......
မီလျံနာ။ ။ သူနဲ့ လက်မထပ်ခင်က ကျနော်က ဘီလျံနာပါ။
(အီးမေးပဲ၊ မဖတ်ရသေးရင် ရုံးမဆင်းခင် ပြုံးရတာပေါ့)

ခရီးဆောင်အိပ်တစ်လုံးနဲ့ ဘုရားသခင်


လူတစ်ယောက် ရုတ်တရက်သေဆုံးသွားပြီး ခဏနေ မျက်စေ့ ဖွင့်ကြည့် လိုက်တော့ ခရီးဆောင်အိပ်တစ်လုံးနဲ့ ဘုရားသခင်ကို တွေ့လိုက်ရတယ်။
"မင်း သွားချိန်ရောက်ပြီ သား" ဘုရားသခင်က ပြောတယ်။
"အခုလား၊ မြန်လွန်းလှပါလား၊ ကျနော့်မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်လေ" ထိတ်လန့်တကြီးနဲ့ လူသားက ပြန်ပြောတယ်။
"ဆောရီးပဲ ငါ့သား၊ သွားရမယ့်အချိန် ရောက်နေပြီ"
**************************************************

စိုးရိမ်စိတ်နဲ့အတူ စူးစမ်းလိုစိတ်ပါဖြစ်လာတော့
"ဒီ အိပ်က ကျနော့်အတွက်လား။ ဒါနဲ့ ခရီးဆောင်အိပ်ထဲမှာ ဘာတွေပါပါလလဲ ဘုရားသခင်"
"အေး ဟုတ်တယ်၊ အိပ်ထဲမှာကတော့ မင်းပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ့"
"ကျနော့် ပစ္စည်းတွေ၊ ဒါဆို ကျနော့် အဝတ်အစားတွေ၊ ကျနော့် ပိုက်ဆံတွေပေါ့"
"မဟုတ်ဘူးကွယ့်၊ ဒါတွေကို မင်းမပိုင်ဘူး၊ ကမ္ဘာမြေက ပိုင်တယ်"
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

"ဒါဆို ကျနော့် ဘဝတစ်သက်တာ အမှတ်တရတွေပေါ့နော်"
"မင်း အမှတ်တရတွေကိုလည်း မင်း မင်းမပိုင်ဘူးကွယ့်၊ အမှတ်တရတွေကို အချိန်က ပိုင်တယ်"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဒါဆို ကျနော့် အတတ်ပညာတွေလား"
" အတတ်ပညာတွေကိုလည်း အခြေအနေနဲ့ အချိန်အခါက ပိုင်တာကွယ့်"
??????????????????????????????????????????????????????????

"ဒါဆို ကျနော့် မိတ်ဆွေတွေနဲ့ မိသားစုတွေလား"
"စိတ်မကောင်းပါဘူးကွယ်၊ သူတို့ကို ဘယ်တုံးကမှ မင်း မပိုင်ခဲ့ပါဘူး။ သူတို့ကို မင်း လျှောက်ခဲ့တဲ့ ဘဝခရီးလမ်းကပဲ ပိုင်တယ်"
######################################

"ဒါဖြင့် ကျနော့် ဇနီးနဲ့ သားလား"
"သူတို့ကိုလည်း ဘယ်တုံးကမှ မင်း မပိုင်ခဲ့ပါဘူး၊ သူတို့ကို မင်းနှလုံးသားကပဲ ပိုင်တယ်"
@@@@@@@@@@@@@@@@@@@@@@@@@@@@@@

"ဒါဆို ကျနော့် ခန္ဓာကိုယ်ပေါ့ နော်"
"ဒါကိုလည်း မင်း မပိုင်ဘူးကွယ့်၊ ပြာမှူံတွေ၊ အမှိုက်သရိုက်တွေက ပိုင်တယ်"
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

"ကျနော့် ဝိဉာဏ်ကိုတော့ ကျနော် ပိုင်တာပေါ့နော်"
"ငါ့သားကလည်း၊ ဝိဉာဏ်ကို ထာဝရဘုရားသခင်ကပဲ ပိုင်တာလေကွယ်"
.............................................................................................
ဒီမှာ သူ ဆက်မမေးရဲတော့ပဲ ဘုရားသခင်ဆီက ခရီးဆောင်အိပ်ကို ရုတ်တ ရက် ယူပြ်ီး ဖွင့်ကြည့်လိုက်တော့ ဘာမှ မရှိတဲ့ အခွံကြီးကို တွေ့လိုက်ရတော့ တယ်။
သူ ဝမ်းနည်းလွန်းလို့ မျက်ရည်တောင် လည်လာတယ်။
"ဒါဆို ဘာကိုမှ ကျနော် မပိုင်ဆိုင်ခဲ့ရဘူး ပေါ့နော်"
"မင်းရှင်သန်နေထိုင်ခဲ့ရတဲ့ "ခဏ" လေးတွေကို မင်း ပိုင်တာပေါ့၊ တကယ်တော့ ဘဝဆိုတာကလည်း "ခဏ" လေး တစ်ခုသာပဲကွယ့်"
ဒါနဲ့ ဘုရားသခင်လည်း သူ့မြင်ကွင်းကနေ ပျောက်သွားတယ်။
ခဏဆို တကယ်ကို ခဏလေးပါပဲ။
000000000000000000000000000000000000000000000000000

- Live Now
- Live your life
- Material things and everything else that you fought for stay here.
- YOU CAN'T TAKE ANYTHING ALONG.....

မြန်မာစာဖတ်ပရိသတ်နဲ့ အံဝင်အောင် ကြည့်ပြန်ခဲ့ရတာပါ။ ရေးသူ၊ ကျမ်း အညွှန်းစသည် မပါပါ။
မူရင်းကို ဖတ်လိုသူများ ဖတ်ကြည့်ပါ။ ခရစ်ယန်စစ်စစ်တွေလည်း မက်ထရီ ယယ်လစ်ဇ် (ရုပ်ဝါဒီတွေ) မဟုတ်ကြပါ။
ဒါ့ကြောင့် ဝါကျနှစ်ကြောင်းကို ဘာသာမပြန်ခဲ့ပါ။
(ဇင်ဝေသော်)


The Suitcase

A man died and when he realized it, he saw God coming closer with a
suitcase in his hand.
- God said: Alright son, its time to go.
- Surprised the man responded: Now? So soon? I had a lot of plans...
- I'm sorry but its time to go.

- What do you have in that suitcase? the man asked.
- God answered: Your belongings.
- My belongings? you mean my things, my clothes, my money?
- God answered: Those things were not yours they belonged to the earth.

- Is it my memories? the man asked.
- God answered: Those never belonged to you, they belonged to Time

- Is it my talents?
- God answered: Those were never yours, they belonged to the circumstances.

- Is it my friends and family?
- God answered: I'm sorry they were never yours, they belonged to the path.

- Is it my wife and son?
- God answered: They were never yours, the belonged to your heart.

- Is it my body?
- God answered: That was never yours, it belonged to the dust.

- Is it my soul?
- God answered: No that is mine.

Full of fear, the man took the suitcase from god and opened it, just to
find out the suitcase was empty.

- With tears coming down his cheek the man said: I never had anything?
- God answered: That is correct, every moment you lived were only yours.
Life is just a moment, a moment that belongs to you.

For this reason, enjoy this time while you have it.
Don't let anything that you think you own, stop you from doing so.

- Live Now
- Live your life
- Don't forget to be happy, that is the only thing that matters.
- Material things and everything else that you fought for stay here.
- YOU CAN'T TAKE ANYTHING ALONG.....

Share this reflection with friends and family. Enjoy every second you live...

ကွင်းစကွင်းပိတ် ဖြော်ဖြေရေး


တချို့စာရေးဆရာများက ကွင်းစကွင်းပိတ်လေးများ ထည့်ရေးတတ်ကြ သည်။ တာရာမင်းဝေ ထည့်တတ်သည့် (တစ်ခါတစ်ခါ လုံးဝ မလိုအပ်ဘဲ ထည့်တာမျိုး) ကွင်းစကွင်းပိတ်များက တော်တော်ပြုံးရပါသည်။
(ပြုံးရဟူသည် နှစ်ခြိုက်၏ ဟူလို)
ယခု ကိုယ်တွေ့ ကွင်းစကွင်းပိတ်အကြောင်း ပြောပြချင်ပါသည်။ မန္တလေး မှာနေစဉ် မိုးရွာလျင်ဆွမ်းခံမထွက်ရဘဲ ကျောင်းမှာ ချက်စားကြရသည်။ အရှေ့ကျောင်း၊ အနောက်ကျောင်း တလှည့်စီ ချက်ရ၏။ ကိုရင်များက ထင်း ခွဲ၊ ထင်းပေါက်၊ လှီး၊ ဖြတ်၊ ရဟန်းမျာက ဈေးဝယ်၊ ဟင်းချက်ဖြစ်၏။ ဈေးဝယ် ရာမှာလည်း အရှေ့ကျောင်း ဈေးဝယ်သူနှင့် အနောက်ကျောင်း ဈေးဝယ်သူ ကွဲ၏။
ဖြစ်ပုံက အနောက်ကျောင်း ဈေးဝယ်သည့်အလှည့်မှာ ဈေးဖိုးက အနည်းနှင့် အများ ပိုကျနေတတ်သည်။
ဆရာသမားက ဒီကောင်တွေ သူတို့ စားသောက်တဲ့ ပလာတာဖိုး၊ လဖက် ရည်ဖိုးပါ တင်ထားတာဖြစ်မှာဟု ကောက်ချက်ချသည်။ သို့သော် ဈေးဝယ်စာရင်းကို စစ်ဆေးကြည့်တိုင်း သူ့ခမျာ အပြစ်တင်ရမည့် အစား ရယ်ပင်ရယ်မောနေရပါတော့သည်။

ဥပမာ
၁။ ကြက်သွန်နီ (ဥကြီး) (ဥသေး၊ ရွေးကျမဟုတ်ဟု ဆိုလိုဟန်ရှိ။ စာရေးသူ)
၂။ မုန့်ညှင်းချဉ် (တရုတ်) (သာမန် မုန့်ညှင်းချဉ်မဟုတ်ဟု ဆိုလိုဟန်ရှိ။ စာရေးသူ)
၃။ ဝက်သား (သုံးထပ်သား) (ဝက်သားက လာပြန်ပြီ)
စသည်တို့ ဖြစ်လေသည်။

ပိုကျတတ်သော ဈေးဖိုးအတွက် ကွင်းစကွင်းပိတ်များက ပေးချေကြလေ၏။
ထို့ကြောင့်ဖြစ်မည် စာထဲဖြစ်စေ၊ နာမည်မှာပဲ (ရှေ့မှဖြစ်စေ၊ နောက် မှဖြစ်စေ) ဖြစ်စေ ကွင်းစကွင်းပိတ်များကိုတွေ့လျင် ပြုံးရယ်ချင်စိတ်က အလို လိုပေါ်လာတတ်ဘိ၏။
(ယနေ့စာသည် ဝိဉာင်အတွက် ကြက်သားစွပ်ပြုတ် ပုပြင်များ မဟုတ်ပါ)

အကျပ်အတည်းတွေနဲ့ ထိပ်မှာ (၆)


သမ္မတ ဂျော့(ဂ်ျ) ဒဗယ်လူ ဘုရှ် လည်း အကောင်းဆုံး ရည်ရွယ်ချက်နဲ့ အီ ရတ်ကို သွားခဲ့တာပါပဲ။ ဟူစိန်ဆိုတာ ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးကို မငြိမ် မသက်ဖြစ်အောင် လုပ်နေတဲ့ အကြောင်းအကျိုးမသိ ခေါင်း ဆောင်တစ်ေ ယာက်ပါ။ သူ့ကို ရာထူးကဆွဲချဖို့ ဒီ့ထက် ခိုင်မာတဲ့အကြောင်းပြချက် ရှိနေ ခဲ့သင့်တယ်။ အမေရိကန်တွေက အီရတ်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကူ ညီလိုတဲ့ ရည်ရွယ်ချက် ရှိနေတယ်လည်း ဆိုလိုက်ရော ကျွန်တော်ဖြင့် အ သက်ရှူတောင် ရပ်သွားမတတ်ပါပဲ။ ဒါဟာ ၀မ်းနည်းကြေကွဲဝမ်းနည်းဖွယ် ဆုံးရှုံးမှုတွေရဲ့ သင်္ကေတတစ်ခု ဖြစ်ခဲ့ ပါတယ်။ “နှစ်ပေါင်း လေးထောင်ကျော် သက်တမ်းရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မေ ဖလားဝါးခေတ်အထိ ပြန်လှည့်ကြည့်ရင်တောင် နှစ်ပေါင်းလေးရာပဲ သက် တမ်းရှိတဲ့ လူ့အဖွဲ့အစည်းက ဒီမိုကရေစီဖြစ်အောင် ပြောင်းလဲပေးမယ် တဲ့ လား”
လို့ ကျွန်တော့်ကို ကျွန်တော် ပြန်ပြောနေမိပါတယ်။

အီရတ်သာ ဒီမိုကရေစီဖြစ်သွားရင် အရှေ့အလယ်ပိုင်းလည်း ငြိမ်းချမ်းပြီ တဲ့။ ခေတ်သစ် ကွန်ဆာဗေးတစ်တွေရဲ့ ထောက်ခံမှုနဲ့အတူ သမ္မတ ဘု(ရှ်) ကလည်း သူ့ စီမံချက်ကို နောက်မဆုတ်ဘဲ ခရီးဆက်ခဲ့တယ်။ ဒီကိစ္စကို ဆွေးနွေးကြတော့ အမေရိကန်ရောက် အီရတ် ရဖျူဂျီးတွေဆီက အကြံဥာဏ်ကို သူတို့ ယူလိုက်ကြတယ်။ ဒီအကြံကို အစ္စလာမ်နဲ့ အရှေ့ အ လယ်ပိုင်းဆိုင်ရာ ပါမောက္ခ ဘားနတ် လူးဝစ်(စ်) (Bernard Lewis) က ထောက်ခံပြီး၊ အရင် ဆိုဗီယက်ခွဲထွက်ရေး ဒီမိုကရေစီခေါင်းဆောင်နဲ့ အဲဒီအချိန် မှာ Israeli Knesset အဖွဲ့ဝင် နာတန် ရှရန်စကီး (Natan Sharansky) က ကြိုဆိုလိုက်တယ်။ ဒါဟာ မဟာ အမှားပါပဲ။ သူတို့က ကွဲ ပြဲနေတဲ့ စစ်တပ်တွေကို စုစည်းပြီး နိုင်ငံကို အုပ်ချုပ်လို့ရတဲ့ အဆင့်အ ထိ ခေါင်းဆောင်နိုင်တဲ့လူကို ဆွဲချပြီး ဆဒ္ဒန်နေရာကို ဆက်ခံနိုင်မယ့်လူကို အစားထိုးမပေးနိုင်ခဲ့ဘူး။ အစားထိုးပေး မှုက လုပ်ကိုလုပ်ပေးခဲ့ရမယ့် ကိစ္စဖြစ်နေပါတယ်။ ပိုဆိုးတာက ရဲတပ်ဖွဲ့တွေကို ဖျက်သိမ်း၊ Ba’ath ပါတီကို ဖျက်သိမ်းလိုက်ခဲ့ကြတယ်။ တကယ်လုပ်ရမှာက ဒီအဖွဲ့နှစ်ဖွဲ့ကို ပူးပေါင်း ပြီး နိုင်ငံကိုလည်ပတ်နိုင်မယ့် တူတူတန်တန် အစိုးရ ဖွဲ့ပေးခဲ့ရမှာပါ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က စင်္ကာပူကို ၀င်သိမ်းတော့ စစ် သားတွေကိုသာ ဖမ်းဆီးပြီး ရဲသားတွေကို မဖမ်းခဲ့ဘူး။ စင်္ကာပူကို အုပ်ချုပ်ဖို့ ရဲတွေရဲ့အကူအညီ လိုတယ်ဆိုတာကို ဂျပန်တွေက သဘောပေါက်တယ်။ လျှပ်စစ်ဌာန၊ ရေနဲ့ ဓာတ်ငွေ့ဌာနက ဗြိတိသျှ အကြီးအကဲတွေကိုတောင် ဂျပန်က ဖြုတ် မချခဲ့ဘူး။
အမေရိကန်က အီရတ်မှာ ရုတ်တရက်ကြီး အစိုးရဖွဲ့၊ ချက်ချင်းကြီး ဒီမိုကရေ စီဖြစ်အောင် လုပ်ချင် နေကြတာ။
အစိုးရဖွဲ့ဖို့က မဖြစ်နိုင်သလောက် ခက်ခဲပြီး ဒီမိုကရေစီ ဖြစ်ဖို့က လုံးဝကို မဖြစ်နိုင်တဲ့အရာပါ။

ဒီအချက်မှာတော့ တရုတ်ရဲ့ နိုင်ငံခြားရေးပေါ်လစီက ပိုပြီး ပညာသားပါ ပါ တယ်။ သူများနိုင်ငံတွေရဲ့ စနစ်ကို ပြောင်းပေးဖို့ဟာ သူတို့ကိစ္စမဟုတ်ဘူးလို့ တရုတ်တွေက ယုံကြည်ကြတယ်။ လက်ရှိ အစိုးရရဲ့ စနစ်ကို ၀င်ရောက်ဖက် စွက်ခြင်းမရှိဘူး၊ လက်ရှိအနေအထားကို ကြည့်ပြီး ဘယ်လိုအကျိုးအမြတ် ရနိုင်မလဲ ဆိုတာကို တွက်ချက်ပြီး တရုတ်တွေက အလုပ် လုပ်တတ်ကြ တယ်။
အမေရိကန်တွေနဲ့ ပတ်သက်တဲ့ပြဿနာက သူတို့အားအစွမ်းနဲ့ သူများရဲ့ စနစ်ကိုလည်း ပြောင်းလဲပေးလို့ရတယ် ဆိုတဲ့ ယုံကြည်ထားမှုပါပဲ။ သူတို့ မှား တယ် ဆိုတာလည်း အကြိမ်ကြိမ် ကြုံတွေ့ခဲ့ကြရပြီးပါပြီ။ သူတို့ ကမ္ဘာ ကိုပြောင်းလဲလို့ မရပါဘူး။ ဖီဂျီ (Fiji) ဒါမှမဟုတ် ၀နွာတု (Vanuatu) လို ယဉ်ကျေးမှု သက်တမ်းနုနု၊ အစဉ်အလာလည်း သိပ် အမြစ်မတွယ်သေး တဲ့ နိုင်ငံလေး တွေကို ပြောင်းလဲပေးလို့ ရကောင်းရမယ်။ သူတို့ကိုလည်း ခရစ္စယန်ဘာသာဝင်အဖြစ် သွတ်သွင်းပေးလို့ ရကောင်းရမယ်။ ဒါပေမဲ့ တရုတ်လို၊ အိန္ဒိယလို နိုင်ငံကြီးတွေကို သူတို့ ဘယ်လိုပြောင်းလဲလို့ ရနိုင် မှာလဲ။ ဒီနိုင်ငံကြီးတွေက သူတို့ ရှေးဟောင်း ယဉ်ကျေးမှုကြီးတွေနဲ့ သူတို့ ရှိနေနှင့်ပြီးသားပဲ။

အခန်း (၂) အမေရိကန် ပြီး။
အမေး အဖြေ ဆက်ရန်။

ရေစက်လွဲတတ်သည့် မင်္ဂလာများ


အသက် ၆၀ ဝန်းကြင် အမျိုးသားနဲ့ အမျိုးသမီး ရှေ့ရောက်လာပြီး စကား အ နည်းငယ်လောက် ပြောချင်တယ်၊ ပြောလို့ ရမလားဟုမေးသည်။ ရကြောင်း အချက်ပြ အထိုင်းခိုင်းပြီးကြည့်မိတော့ သူတို့မျက်တွေက မသာယာ။ အမျိုးသမီးမျက်နှာမှာ မျက်ရည်အချို့ပင် စွတ်စိုလျှက်။ အမျိုးသားက စကား စသည်။ သူတို့မှာ သမီးနှစ်ယောက်ရှိကြောင်း၊ အကြီးက အောစတေးလျမှာ ပညာသင်၊ ဘွဲ့ရပြီးဖြစ်ကြောင်း၊ သူမဘဝ အသစ်ကို အောစတေးလျမှာ စ တင်မယ် ပြောပြီးဘယ်လိုအဆက်အသွယ်မှ မလုပ်တော့သလို ဒီဖက်က ဆက်သွယ်ရင်လည်း ဖုန်းမဖြေ၊ စာမပြန်ကြောင်း၊ ယခုဆို သူမ ဘယ်ရောက် လို့ ဘာဖြစ်နေတယ်ဆိုတာပင် မသိရကြောင်း ပြောပြသည်။
သမီးအငယ်က ရှေ့လထဲမှာ အမေရိကကို သွားတောမှာမို့ ပိုလို့ ဝမ်းနည်း မိကြောင်း ဆက်ပြောသည်။ မဆန်းလှသည့် မိဘသောကဇာတ်လမ်းပင်။ သမီးကြီးအတွက် အလွန်အမင်းစိတ်မပူဖို့လောက်သာ ပြောနိုင် ပါသည် ။ သေကွဲ၊ ရှင်ကွဲ ဒုက္ခသစ္စာကို သူတို့လည်း သိကြသည်။ သူတို့ကလည်း နားထောင်ပေးမည့် နားတစ်စုံထံ ရင်ဖွင့်လိုရုံသာဖြစ်ပြီး ဤ ကိစ္စမျိုးမှာ ရ ဟန်းတစ်ပါးက လက်တွေ့ကျကျ (ထိထိရောက်ရောက်) ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်ကြပါသည်။

သူတို့ပြန်သွားမှ သူတို့သမီးနှစ်ယောက်နဲ့ ဆက်စပ်ကာ "ပူဇာစ ပူဇနေယျာနံ" ဆီ စိတ်ညွတ်သွားမိသည်။
ပူဇော်ထိုက်သူကို ပူဇော်(ခွင့်)ရခြင်းသည် မင်္ဂလာမည်၏ တဲ့။ ပူဇော်ထိုက်သူများသည် ရတနာသုံးပါး၊ မိဘ၊ ဆရာသမားတို့ဟု စာပေနှင့် ယဉ်ကျေးမှုက ဆိုသည်။
ဤ မင်္ဂလာနှင့် ပြည့်စုံရန်
၁။ ကျေးဇူးသိတတ်မှု၊ ပြန်လည်ပူဇော်လိုမှု
၂။ ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေဖို့လို၏။
ကျေးဇူးရှင်များ သက်ရှိထင်ရှားရှိနေစဉ် ပူဇော်ရမှန်း မသိခြင်း၊ မပူဇော်နို င်ခြင်း။ ပူဇော်ရမှန်းသိ၊ ကျေးဇူးဆပ်တော့မယ်ဆိုသည့်ချိန်တွင် ကျေးဇူးရှင်များ မရှိတော့ခြင်းသည် မင်္ဂလာနှင့် လွဲရခြင်းဖြစ်သည်။

သူတို့ မင်္ဂလာနှင့်အချိန်မှီ ဆက်သွယ်မိကြပါစေဟု ဆန္ဒပြုရုံမှလွဲ၍.....
မိမိကိုယ်တိုင်လည်း နွမ်းပါး စာသင်သားဘဝက သက်ရှိထင်ရှား မိဘများ....
ကျေးဇူးဆပ်နိုင်သည့် အခြေအနေရောက်မှ မရှိရှာတော့သည့် မိဘနှစ်ပါး...
မိသားစုထဲမှာ အငယ်ဆုံးဖြစ်ခဲ့ရခြင်းက အဓိကအကြောင်းလား.....
သူတို့ကံလား၊ ကိုယ့်ကံလား..
ကံတရားက ဘုရားရှင်မှသာ အပြည့်အဝ သိနိုင်သည်ဟု စာပေလာ၏။
မည်သို့ဆိုစေ တစ်ခါတစ်ရံ မင်္ဂလာသည် ပြည့်စုံရန် ခက်ခဲနေတတ်၏။

အေကေ ၄၇ ပိုင်ရှင်ရဲ့ နောင်တ


အေကေ ၄၇ ရိုင်ဖယ်သေနတ်ဟာ ကမ္ဘာကျော်လက်နက်တစ်ခုဖြစ်ပြီး သန်းပေါင်း တစ်ရာဝန်းကြင် ကမ္ဘာအနှံ့ ပြန့်နေတယ်၊ ဒီသေနတ်ကို ဒီဇိုင်းတည်ထွင်ခဲ့သူ မီခေးလ် ခလပ်ရှနီကော့ဗ်ဟာ သူ့သေနတ်တွေကြောင့် လူတွေရဲ့အသက်တွေ ဆုံးရှုံးခဲ့ရတာကို တွေးမိပြီး မသေခင်မှာ ဝမ်းနည်းနောင်တ သေတန်းစာတစ်စောင် ရေးခဲ့ပါသတဲ့။

စိတ်ထဲ နာကျင်မှုက မခံစားနိုင်သလောက်ပါ။ အဖြေမရှိတဲ့ ဒီ မေးခွန်းကိုပဲ ထပ်တလဲလဲ ကျနော်မေးနေမိတယ်။
"ကျနော့် assault rifle ကြောင့် လူတွေရဲ့အသက်တွေ သေခဲ့ရတယ်ဆိုရင် သူတို့အသက်တွေအတွက် လယ်သမားသား၊ အော်သိုဒေါက်စ် (Orthodox Christian) ခရစ်ယန်တစ်ယောက်ဖြစ်တဲ့ ကျနော်ဆိုတဲ့ မီခေးလ် ခလပ်ရှနီကော့ဗ်မှာ တာဝန်ရှိနေသလား"

အသက်ကြီးလာတာနဲ့အမျှ ဒီမေးခွန်းက မကြာမကြာ ခေါင်းထဲ ရောက်ေ ရာက်လာပြီး ပိုလို့လည်းလေးလေးနက်နက် စဉ်းစားနေမိပါတယ်။ ထာဝရဘုရားရှင်က လူတွေရဲ့ အကုသိုလ် ဣဿာ၊ မစ္ဆရိယ၊ လောဘ ၊ ဒေါသတွေကို ဘာကြောင့်များ ခွင့်ပြုခဲ့တာပါလိမ့်၊ အရာခပ်သိမ်းဟာ ပြောင်းလဲနေတယ်၊ မပြောင်းလဲတာဆိုလို လူတွေနဲ့ သူတို့ စိတ်ပဲ ရှိတယ်။ လူသားကတော့ အရင်ကအတိုင်းပဲ လောဘကြီးဆဲ၊ ယုတ်မာ ဆဲ၊ နှလုံးသား မဲ့ဆဲ၊ ကယောင်ကတန်းဖြစ်နေဆဲပါ။

"The longer I live, the more often that question gets into my brain, the deeper I go in my thoughts and guesses about why the Almighty allowed humans to have devilish desires of envy, greed and aggression," Kalashnikov continued. "Everything changes, only a man and his thinking remain unchanged: he's just as greedy, evil, heartless and restless as before!"

တစ်ချိန်ကတော့ သူ့မှာ တာဝန်မရှိ၊ အစိုးရတွေနဲ့ အကြမ်းဖက်သမားတွေမှာပဲ တာဝန်ရှိတယ်လို့ သူ ယုံကြည်ခဲ့ဟန် တူပါတယ်။
("I sleep well. It's the politicians who are to blame for failing to come to an agreement and resorting to violence," the designer told The Associated Press in 2007.)

အရွယ်ကြောင့်ထင်ပါရဲ့ သူ့ အတွေးက ပြောင်းသွားတယ်။ လူသား ဆန်လာ တယ်လို့ ပြောရမယ်ထင်ပါတယ်။

ပြသနာ ၊ Civilization


ယနေ့ ကြုံတွေ့နေရတဲ့ (ဖွင့်ပြော၊ မပြော) ပြသနာတွေဟာ Civilization ကို အခြေခံပါတယ်။
Civilization ဟာ စီးပွားရေးနဲ့ လူဦးရေ တိုးပွားမှုနှုန်းမှာ အဓိက မူတည်နေ ပါတယ်။
ဖူလာက မွတ်စလင်မရှိလည်း ကမ္ဘာဟာ ပြသနာတွေ ရှိနေမှာပဲလို့ ဆိုပါ တယ်။
သူက ခရစ်ယန် ခရူးဆေ့ စစ်ပွဲတွေနဲ့ အခြား စစ်ပွဲတွေကို ကိုးကားတယ်။
ဟန်တင်တန်က သူရေးတာထက် သတင်းစာဖြတ်ပိုင်းတွေနဲ့ သမိုင်းကို ပို အားပြုတယ်။
(သူ ပြသနာတက်တာက အများစုသတင်းစာဖြတ်ပိုင်းတွေကြောင့်)လီကွမ်ယုရဲ့ နွေ ရောက်မလာတဲ့ နွေဦးက ကမ္ဘာကို လှုပ်ခပ်စေပြန်တယ်။ ဘာလဲ၊ ဘယ်လဲ။
အားလုံးကိုခြုံကြည့်တော့ ပထဝီနိုင်ငံရေးဟာ လေ့လာရမှာဖြစ်သလို သူများ အသံကို နားစွင့်ရမှာလည်းဖြစ်တယ်။ ယောင်လို့လည်း မရဘူး။ သေသွား မယ်။
အူလို့လည်း မရ၊ ပညာရှင်ယောင် ဆောင်လို့လည်း မရပါဘူး။
ကျနော် တွေ့မိတဲ့ (ခင်ဗျား တွေ့ရင်လည်း လက်တို့ပါ၊ ပညာရှင် ဆန်ရမယ်၊ သမိုင်း ခိုင်ရမယ်) လေးစားဖွယ် အညွှန်း လေးခု ထားခဲ့မယ်။
ဖတ်ကြည့်ပါ။ သုံးသပ်ကြည့်ပါ။ ဘယ်သူ၊ ဘယ်ဘာသာကိုမှ မထိခိုက်စေ လိုပါ။






စင်္ကာပူကိုကျော်သွားတဲ့ ဝက်သေလေး


ဝက်သေလေးက "စင်္ကာပူ လာသင့် မလာသင့်" ပို့စ်ကို ကျော်တက်သွားပြီ။
ဝက်သေလေး မလာခင်က စင်္ကာပူ လာသင့် မလာသင့် ပို့စ်က မြောက်ကြွကြွနဲ့။

ပို့စ်နဲ့ ပတ်သက်လို့ ဘယ်လိုပြောရမလဲ မသိတော့ပါ။ ဒီလောက် ဖတ်ကြမယ်လို့လည်း မထင်မှတ်မိပါ။
ဆက်လက်သိချင်ရင် (အင်္ဂလိပ်လို လက်လှမ်းမမီသူများအတွက်) ဒီ လင့်က တဆင့် ဖတ်ကြည့်နိုင်ကြပါတယ်။
Citizen Keep
"Tolerance becomes a crime when applied to evil." Thomas Mann

အကျပ်အတည်းတွေနဲ့ ထိပ်မှာ (Troubled but still on top) (၅)




"၁၉၇၃ ခုနှစ်က နန်းချခံလိုက်ရတဲ့ နောက်ဆုံးဘုရင် မိုဟာမက် ဇာဟာ ရှာ (Mohammed Zahir Shah) ရဲ့နောက် စစ်လိုလားတဲ့ တိုင်းရင်းသားတွေ ကြား (အာဖဂန် နစ္စတန်မှာ) ငြိမ်းချမ်းရေး ဆိုတာ တစ်စက်မှ မရှိခဲ့ဖူးပါဘူး။ ...စက်တင်ဘာ (၁၁) မှာ ကြေကွဲစရာ ကြုံတွေ့ခဲ့ရတယ် ဆိုရင်တောင် စစ် သား တွေကို အာဖဂန်ထဲ လွှတ်လိုက်တာဟာ အမေရိကန်ရဲ့ မဟာ အမှား ပါပဲ။ ကျွန်တော်သာ သူတို့ (အမေရိကန်တွေ) နေရာ မှာဆိုရင် အကြမ်းဖက် သမားတွေ ပုန်းခိုစရာ နေရာမရှိတော့အောင် နေ့ခင်းကြောင်တောင်မှာ အာဖဂန်ကို ၀င်ပြီး ဗုန်းကြဲချလိုက်မိမှာပဲ။ ....အာဖဂန်ဟာ ဘယ် နည်းနဲ့မှ လမ်းမှန်ပေါ် ရောက်လာမှာမဟုတ်ဘူး ဆိုတာ သူတို့ သိထား သင့် တယ်
 (လီကွမ်းယု)

ကျွန်တော်သိတဲ့ အမေရိက

၁၉၆၂ ခုနှစ်မှာ ပထမဆုံး အမေရိကကို ကျွန်တော် ရောက်ဖူးခဲ့ပါတယ်။ ဒုတိ ယ ကမ္ဘာစစ်ပြီးလို့ မကြာ သေးတဲ့ ကာလပေါ့။ ဥရောပရဲ့ စီးပွားရေး တစ် ၀က်က ရုပ်ပျက်ဆင်းပျက် ပုံကျနေတယ်၊ ဗြိတိန်ရဲ့ ပါဝါကလည်း အဆင်း ပိုင်းကို ရောက်နေချိန်၊ တရုတ်ဆိုရင် တက်လာဖို့ အရိပ်အရောင်တောင် မ သန်းသေးပါဘူး။ အဲဒီအချိန် ကတည်းကကို ကျွန်တော်တွေ့ခဲ့သမျှ အမေရိ ကန်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့် ရှိနေကြတယ်။ အဲဒီအချိန်မှာ ဗြိတိန်က ပိုင်ဆိုင်ထားခဲ့တဲ့ ကမ္ဘာ့ထိပ်သီးပါဝါကို သူတို့ ဆီ လွှဲပြောင်းပေး နေရချိန်ပါ။ သူတို့ နှစ်နိုင်ငံလုံးကလည်း အင်္ဂလိပ်စကားပြော တဲ့ နိုင်ငံတွေဆိုတော့ အငြင်းပွားမှု၊ စိတ်ဝမ်းကွဲမှု အကြီးအကျယ် မရှိဘဲ ပြီး ဆုံးသွားခဲ့တယ်။ ဗြိတိသျှတွေကလည်း အမေရိကန်တွေကို မယှဉ်နိုင်တော့ ဘူးဆိုတာ သိနေ ကြတယ်။ သူတို့ကိုပဲ ဂျာမန်တွေလက်ထဲကနေ အမေရိ ကန်တွေက ကယ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အလကားတော့ မဟုတ် ပါဘူး။ ဒီ အတွက် သူတို့ အင်ပါယာနဲ့တကွ အမေရိကန်နိုင်ငံထဲမှာ ရှိတဲ့ နယ်မြေတွေ ကို ပြန်ပေးလိုက်ရပါတယ်။ အလကားမပေးဘူးဆိုတဲ့ မြေတွေကိုလည်း အတ္တလန်တစ် သမုဒ္ဒရာကို စောင့်ရှောက်ထားဖို့အတွက် လိုအပ်တဲ့ (အမေရိကန်တွေရဲ့) တစ်ပတ်ရစ် သင်္ဘောအဟောင်းတွေနဲ့ လဲလှယ်ယူ ခဲ့ကြပါတယ်။ ဒါတွေကိုကြည့်တော့ သူတို့ ကျရှုံးနေပြီ။ အမေရိကန်တွေရဲ့ အားကို စိန်မခေါ်နိုင်တော့ဘူး ဆိုတာ အလိုလို သဘောပေါက်ပြီး ဖြစ်နေ ခဲ့ကြပါတော့တယ်။

ဒီတစ်ချီမှာ မတူညီတဲ့ အချက်ကတော့ တရုတ်အပေါ်စီး ရောက်သွားမှာကို အမေရိကန်တွေက လွယ် လွယ်နဲ့ လက်ခံမှာမဟုတ်ဘူး ဆိုတဲ့ အချက်ပါ။ ဒါပေမဲ့ အခု တက်လာတဲ့ တရုတ်ရဲ့ အရှိန်အဟုန်ကို ဟန့်တားဖို့ မလွယ်လှ ဘူးဆိုတာတော့ အမေရိကန်တွေ မြင်ထားကြမှာပဲ။ သက္ကရာဇ် ၂၀၃၅ ဆိုရင် တရုတ်ပြည်ရဲ့ တစ်ဦး ချင်း ၀င်ငွေဟာ အမေရိကန်ထက် များလာနိုင်ပြီး အမေရိကန်တွေ အုပ်စီးထားတဲ့ အနောက် ပစိဖိတ်ကို ဟန့်တားထားနိုင်ဖို့ စစ်အင်အားလည်း တရုတ်မှာ ရှိလာနိုင်ပါတယ်။ ဒါဟာ အထင်ကရ ပြောင်း လဲမှုကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဂျာမန်တွေက ဥရောပကို စစ်ရေးနဲ့ စိန်ခေါ်နေတော့ ဗြိတိန်က အမေရိကန်တွေနဲ့ ပူးပေါင်းပြီး ဟန့်တား ထားနိုင် ခဲ့ပါတယ်။ ဒီတစ်ချီမှာရော အမေရိကန်တွေက ဂျပန်တွေနဲ့ ပူးပေါင်းပြီး တ ရုတ်ကို ဟန့်တားနိုင်ဦးမလား။ ကျွန်တော်တော့ သိပ်မထင်လှပါဘူး။

ဂျပန်တွေက တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး သမိုင်းတလျှောက်လုံး ရန်သူ တော်ကြီးတွေ ဖြစ်မှာကို မလိုလားလောက်ပါဘူး။ ကျွန်တော်သာ ဂျပန်လူမျိုးဆိုရင် သန်း (၁၃၀) သာရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေဟာ (၁.၃) ထရီလီယမ် ရှိတဲ့ တရုတ်လူမျိုးတွေနဲ့ ဘေးချင်းကပ်နေ နေကြရ တာ ကို တွေး မြင်နေ မိမှာပါ။
“သူတို့နဲ့ ဘာဖြစ်လို့ ရန်ငြိုးဖွဲ့စရာတွေ လုပ်နေမှာလဲ” လို့ မေးကောင်းမေးမိပါလိမ့်မယ်။ နောက်ပြီး တရုတ်ပြည်က ဂျပန်နဲ့ ကိုရီး ယားတို့ဆီက အလုံးအရင်းနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုထားတယ်။ တရုတ်ပြည်ဆိုတာ ကုန်ထုတ်လုပ်မှု စရိတ် ချို သာပြီး အလွန်ကြီးမားတဲ့ ဈေးကွက်ရှိနေတဲ့ နေရာပါ။ ၂၁ ရာစုမှာတော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ အပြန်အလှန်နားလည်တဲ့ ဆက်ဆံရေးဟာ အရေးအကြီး ဆုံး အချက်ဖြစ်ပါတယ်။

သူတို့ နှစ်နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ပူးပေါင်းနေထိုင်ကြမယ်ဆိုရင် အာရှ တိုက်ဟာလည်း တည်ငြိမ်အေးချမ်းပါလိမ့်မယ်။ နှစ်နိုင်ငံစလုံးက အနုမြူလက်နက်တွေ ပိုင်ဆိုင်နေတော့ ထိပ်တိုက်ရင်ဆိုင် တွေ့ကြဖို့ကေ တာ့ ဖြစ်နိုင်ချေ နည်းပါးလှပါတယ်။ ဘယ်လို အနေအထားကပဲဖြစ်ဖြစ် ထိပ် တိုက်တွေ့မိပြီ ဆိုရင်တော့ ရှုံးတဲ့ဖက်က အဆုံး၊ အရှုံး အပျက်အစီး နည်းေ အာင် နူးကလီးယားလက်နက် တွေ စတင်သုံးစွဲလာပါလိမ့်မည်။ ဒါဆို ရင်တော့ အားလုံးကိစ္စချောဖို့ အစပျိုးလိုက်တာပါပဲ။ ဒါကြောင့် နှစ် ဖက် စလုံး ဟာ အသေးအဖွဲ အငြင်းပွားမှုလေးတွေကစလို့ ထိပ်တိုက်ရင်ဆိုင် မတွေ့ ရအောင် အတတ်နိုင်ဆုံး ရှောင်ကြပါလိမ့်မယ်။


အမေရိကန်အနေနဲ့ သူ့ရဲ့ စစ် ဖက်ဆိုင်ရာ နည်းပညာတွေ ပိုကောင်းအောင် ကြိုးစားနေ မယ့်အစား တ ရုတ်ပြည်ကို ကမ္ဘာ့အဖွဲ့အစည်းထဲ ရောက်လာအောင် အားပေးပြီး အပြည်ပြည်ဆိုင်ရာ ကိစ္စရပ် တွေ စနစ်တကျ ဖြစ်စေဖို့ ပုံဖော်ရာမှာ တရုတ် ကိုလည်း တစ်ခန်းတစ်ကဏ္ဏအနေနဲ့ ပါဝင်ဆောင်ရွက်ခွင့် ပြုသင့်ပါတယ်။ ဒါဆိုရင် တရုတ်ပြည်အနေနဲ့လည်း ကမ္ဘာ့ နိုင်ငံသားကြီးအနေနဲ့ တာဝန်တွေ ကို ဆောင်ရွက်ခွင့်ရလို့ ကျေနပ်စရာလို့ ထင်မြင်လာပါလိမ့်မယ်။

သူတို့ ကမ္ဘာကိုလွှမ်းမိုးစ ကနဦးနှစ်တွေကဆိုရင် အမေရိကန်တွေ လည်းေ မာက်မာတဲ့ သဘောမျိုး လေးတွေ ရှိနေခဲ့ပါတယ်။ ဗြိတိန်ကတော့ နှစ်ပေါင်း (၂၀၀) ကျော် အင်ပါယာစနစ်နဲ့ အုပ်ချုပ်လာတာမို့ ပြည့်ပြည့်၀၀ ရှိခဲ့ကြ တယ်။ ဒါ့ကြောင့် သူတို့ အုပ်ချုပ်မှုကလည်း အတွေ့အကြုံ ရင့်ကျက် ပြီး ပြေပြေပြစ်ပြစ် ရှိခဲ့ပါတယ်။ တစ်ခါက ဗြိတိသျှအစိုးရ အောက်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့ ၀န်ထမ်းတစ်ယောက်ကဆိုရင် ဗြိတိလျှ အရာရှိ (၂၀၀) ဟာ အိန္ဒိယလူမျိုး မီလျံ (၂၀၀) ကို ကောင်းကောင်းထိမ်းချုပ် ထားနိုင်တယ် လို့တောင် ပြောခဲ့ ဖူးပါတယ်။ အဲဒီအချိန်ဟာ ဗြိတိသျှအင်ပါယာရဲ့ အမြင့် ဆုံးရောက်နေတဲ့ အချိန်ပါပဲ။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အမေရိကန်တွေ ကြီးစိုးလာတယ်။ သူတို့ ကြီးစိုးရတဲ့ ကာလက သိပ်မကြာသေးတော့ သူတို့ လက်ရှိရထားတဲ့ နေရာကို ကာကွယ်ဖို့ ရှိလာသမျှစိန်ခေါ်မှုတိုင်းကို လှဲကျဉ်း ရှင်းထုတ်ပစ်မှာ အသေအချာပါပဲ။

အမေရိကန်တွေက သူများနိုင်ငံထဲ ၀င်ရောက်ပြီး သူတို့ ယုံကြည်တာကို သူများလည်း ယုံကြည်လာစေဖို့ စည်းရုံးတတ်တဲ့ သဘောကလည်း ရှိနေပြန်ပါသေးတယ်။
စက်တင်ဘာ (၁၁)ရက် ကိစ္စပြီးတဲ့နောက် အာဖဂန်နစ္စတန်ထဲ ၀င်ရောက်ပြီး အာဖဂန်နစ္စတန်ကိုပဲ “နေးရှင်း” တစ်ခုဖြစ်အောင် တည်ဆောက်ပေးဖို့ ကြိုးစားခဲ့ကြတယ်။ သိပ်ပညာသား မပါလှဘူး။ အဲဒီနိုင်ငံဟာ နှစ်ပေါင်း သုံး ဆယ်၊ လေးဆယ်အတွင်း နေးရှင်းတစ်ခုလို့ ပြောလို့ကို မရပါဘူး။ ၁၉၇၃ ခုနှစ်က နန်းချခံလိုက်ရတဲ့ နောက်ဆုံးဘုရင် မိုဟာမက် ဇာဟာ ရှာ (Mohammed Zahir Shah) ရဲ့နောက် စစ်လိုလားတဲ့ တိုင်းရင်းသားတွေ ကြား ငြိမ်းချမ်းရေး ဆိုတာ တစ်စက်မှ မရှိခဲ့ဖူးပါဘူး။ အဲဒီရှေ့ နှစ်ပေါင်းတစ်ရာလောက်အထိ ပြန်ကြည့်မယ်ဆိုရင် ဗြိတိသျှ စစ် သား ရုဒ်ယာ့ဒ် ကစ်ပလင် (Rudyard Kipling) ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ရှိပါတယ်။
The Young British Soldier (ဗြိတိသျှ စစ်သားလေး) တဲ့။

‘‘When you wounded and left an Afghanistan’s plains
And the women come out to cut up what remains
Jest roll to your rifle and blow up your brain
An’ go to your Gawd like a solider”


ဒီကဗျာလေးကို ဟီလာရင် ကလင်တန်ကို ပေးဖတ်ပြီး သူမကို သိမ်သိမ်မွေ့မွေ့နဲ့တော့ အကြံဥာဏ် ပေးခဲ့ပါတယ်။ ဒီနေ့ အာဖဂန် နစ္စတန်ကို ကြည့်ရင် ကစ်ပလင်ရဲ့ လက်ထက်ကနဲ့ ထူးထူးခြားခြား ဘာမှ ပြောင်းလဲလာမှု မရှိသေးဘူး လို့။ စက်တင်ဘာ (၁၁) မှာ ကြေကွဲစရာ ကြုံတွေ့ခဲ့ရတယ် ဆို ရင်တောင် စစ်သား တွေကို အာဖဂန်ထဲ လွှတ်လိုက်တာဟာ အမေရိကန်ရဲ့ အမှားပါ။ ကျွန်တော်သာ သူတို့ (အမေရိကန်တွေ) နေရာ မှာဆိုရင် အကြမ်း ဖက်သမားတွေ ပုန်းခိုစရာ နေရာမရှိတော့အောင် နေ့ခင်းကြောင်တောင်မှာ အာဖဂန် ကို ၀င်ပြီး ဗုန်းကြဲချလိုက်မိမှာပဲ။ သူတို့က စစ်သားတွေကို စစ်မြေပြင်ထဲ လွှတ်လိုက်ကြတယ်။အသက်ဆုံးရှုံးမှု မရှိ၊ သိက္ခာလည်း မကျစေဘဲ ဘယ်လိုလုပ် နောက်ဆုတ် လာလို့ ရပါတော့မလဲ။

သမ္မတ အိုဗားမားကတော့ ၂၀၁၄ ခုမှာ အာဖဂန်မှာ ရှိတဲ့ စစ်သားတွေအားလုံး ပြန်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါကို သူ အမြန် ဆုံး အကောင်အထည် ဖော်သင့်တယ်။ အာဖဂန်ဟာ ဘယ် နည်းနဲ့မှ လမ်းမှန်ပေါ် ရောက်လာမှာမဟုတ်ဘူး ဆိုတာ သူတို့ သိထား သင့် တယ်။

ဆက်ရန်