တတိယလှိုင်း (အပိုင်း ၂)


ရန်ကုန် ၊ မန္တလေး နဲ့ နယ်မြို့တွေမှာ ရနိုင်ပါပြီ။ 

ဒီမိုကရေစီ ဆောင်းဦးပေါက်ကို မတို၊ မရှည် စတေးတပ်လေးတွေ တင်ပေးပါမယ်




မနက်ဖြန်ကစပြီး ဒီမိုကရေစီ ဆောင်းဦးပေါက်ကို မတို၊ မရှည် စတေးတပ်လေးတွေ တင်ပေးပါမယ်။ ကောက်နှုတ်တင်တာမျိုး မဟုတ်ပါဘူး၊ ရောက်သလောက်အထိ စာစစ်ရင်း အစကနေ တင်တာမျိုးပါ။
မရှင်းလင်းတာတွေရှိရင် ကွန်မင့်ရေးပြီး မေးနိုင်ပါတယ်။ မေးခွန်းက တကယ်ကောင်းရင် မေးသူအမည်ပါ (သဘောတူရင်) ထည့်စွက်ပြီး စာအုပ်ထဲမှာ အသိအမှတ်ပြုပေးပါမယ်။
စာဖတ်သူကသာ နားမလည်တာ စာရေးသူကတော့ သူ့စာသူ ပြန်ဖတ်တဲ့အခါ ရှင်းနေတတ်ပါတယ်။ ဒါလေးကို သတိထားမိလို့ပါ။ 
ဘယ်လောက်ပေါ့ပါးအောင် ကြိုးစားသည်ဆိုစေ ဒီမိုကရေစီအကြောင်းက အတန်ငယ်တော့ ရှုပ်ထွေး၊ လေးလံနေမှာပါပဲ။
မေတ္တာဖြင့်
ဇင်ဝေသော်

Ticket please


ကီဝီသုံးယောက်နဲ့ အော်ဇီသုံးယောက် ရထားပေါ် ဆုံမိကြတယ်။
ကီဝီသုံးယောက်က လူသုံးယောက်ပေမဲ့ လက်မှတ်က တစ်စောင်ထဲ။ ဒီသုံးကောင် လက်မှတ်စစ်လာရင် ဘယ်လိုလုပ်ကြမလဲပေါ့။ အော်ဇီတွေ ဉာဏ်မမီဘူး။
လက်မှတ်စစ်လည်းလာရော ကီဝီသုံးကောင်စလုံး အိမ်သာတစ်ခုထဲ ပြိုင်တူဝင်သွားကြတယ်။
ခဏအကြာ..
လက်မှတ်စစ်က အိမ်သာတံခါးခေါက်ပြီး လက်မှတ်အပြခိုင်းတော့ လက်တစ်ချောင်း၊ လက်မှတ်တစ်စောင် ထွက်လာတယ်။ စစ်ပြီး လက်မှတ်စစ်လည်း ထွက်သွားတော့တာပဲ။
အိမ်သာတစ်ခုထဲ လူသုံးယောက်လို့ ဘယ်ထင်မလဲ။
ဟာ တယ်ဟုတ်ပါလား။ ကီဝီတွေ ဉာဏ်ပြေးလှပါလား။
တို့လည်း သူတို့လို လုပ်မှ။
အပြန်မှာ တွေ့ကြပြန်ရော။
ဒီတစ်ခါ ကီးဝီသုံးကောင်က လက်မှတ်ကို မဝယ်တော့တာ။
လက်မှတ်စစ်လာတာလည်းမြင်ရော အော်ဇီသုံးကောင်က အိမ်သာတစ်ခုထဲ ပြေးဝင်သွားကြတယ်။ အဲ့ဒီအချိန်အထိ ကီဝီတွေက မလှုပ်သေးဘူး။
ခဏနေတော့ ကီဝီတစ်ကောင်က အော်ဇီတွေဝင်သွားတဲ့ အိမ်သာတံခါးကိုခေါက်ပြီး
"Ticket please.”
အော်ဇီလက်တစ်ချောင်း ထွက်လာတယ်၊ လက်မှတ်တစ်စောင်နဲ့။
အဲ့ဒီလက်မှတ်ကိုယူပြီး ကီဝီသုံးကောင်က မျက်နှာချင်းဆိုင် အိမ်သာထဲ ပြိုင်တူဝင်သွားကြလေရဲ့....
🤣🤣🤣

၂၀၁၈


၁) တတိယလှိုင်း (ဒု) ထွက်...
၂) ရက်ပိုင်းအတွင်း ဒီမိုကရေစီ ဆောင်းဦးပေါက် ပရုဖတ်...
၃) ကမ္ဘာ့အလင်းလက်ဆုံး ကြယ်စင်လေးများ..စာရိုက်ဖို့ မောင်သစ်ဝေဆီ ဒီနေ့ အီးမေးပို့
၎) လက်ရှိ ကမ္ဘာ့ ပထမဆုံး ဆယ်လီကျောက်ဘုတ်ဆရာကြီး အသောကကို ဖတ်နေတယ်။
စာအုပ် ၆ အုပ်၊ စာနှာ ၂၀၀၀ ကျော်နဲ့ ချာလပတ်ရမ်း။
ဖမ်းမိမှ "မင်းတြားကြီး ဘယ်မှမပြေးနဲ့။ မြန်မာပြည်လိုက်ခဲ့" လို့ ပြောရမှာပဲ။
အခုတော့ ဖမ်းမမိသေးဘူး။

ညေး....


မေမေ စိတ်ဆိုးနေတုံး ခေါင်းဖြီးပေးဖို့ခေါ်ရင် မသွားနဲ့၊ မကြားချင်ယောင်ဆောင်ပြီး ထွက်ပြေး၊ ကြားလား။ အရမ်းနာတယ်။
ဖေဖေပြောနေတာတွေထဲမှာ ရယ်စရာ တစ်ခုမှမပါဘဲ မေမေက ပြုံးပြံး ပြုံးပြုံးနဲ့ ဘေးကနေ ထောက်ခံနေရင် အဲ့ဒါ အရေးကြီးတဲ့ ဧည့်သည်ရှေ့မှာမို့။
မုန့်ဖိုးတောင်းချင်ရင် အဲ့ဒီအချိန်မှာ မျက်နှာငယ်လေးနဲ့ဝင်တောင်း။ မေမေက သာမန်အချိန်တွေထက် ပိုပေးတယ်။ 
နောက်မှ ဆက်ပြောမယ်နော်
ချစ်တဲ့
ကြီး
❤️❤️❤️