တရုတ်ခေါင်းဆောင်တွေကို လူထုက မမှတ်မိလို့ ဖဲချပ်ပေါ် ပုံတင်ပေးရသတဲ့။


တရုတ်ခေါင်းဆောင်တွေကို လူထုက မမှတ်မိလို့ ဖဲချပ်ပေါ် ပုံတင်ပေးရသတဲ့။
သရော်တာမဟုတ် အော်ဖစ်ရှယ်ပါ။ ထိရောက်မှု ရှိသလောက် ရှိဆိုပဲ။
ကဲ မြန်မာ့ခေါင်းဆောင်တွေဆိုရင် ဘယ်သူ့ကို ဘယ်နေရာထားကြမလဲ။
လူတွေက တုတ်တုတ်ခိုင်ခိုင်တွေပေမဲ့ စကားပြောလိုက်ရင် လေသံက ဂျိုကာလိုတွေချည်းပဲ။ ရယ်ရတယ်။

သာသနာပိုင်


မဟာဂန္ဓာရုံဆရာတော်ကြီးကတော့ ရွှေကျင်သာသနာပိုင် မလုပ်ချင်ဘူး၊ တစ်သာ သနာလုံးကိုပိုင်တဲ့ သာသနာပိုင်ဆိုရင်တော့ လုပ်ချင်တယ်။ သာသနာတစ်ခုလုံး ကို ပြုပြင်ချင်လို့ တဲ့။ ဆရာတော်ကြီး သာသနာပိုင်ဖြစ်မသွားခဲ့ရှာဘူး။
ပြောမကောင်းလို့ အကျယ်မပြောတော့ဘူး။ တောင်ထိမြောက် ထိတွေဖြစ်ကုန် မယ်။ ဒါပေမဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကတော့မန္တလေးရောက်တဲ့ နိုင်ငံခြားသား တိုင်းလိုလို (ဒီနေ့အထိ) ရောက်အောင်သွားကြတယ်။

ဦးသိန်းစိန် အီးယားဖုန်းတပ်တတ်သွားရင်


လက်ရှိအစိုးရက ခပ်ချာချာ။ ဘာမှမသိတော့ ခရိုနီအားကိုး၊ ခရိုနီစကား အဟုတ် ထင်နေရ၊ ခရိုနီနဲ့တရုတ်က ဒေါ်စုကိုမလိုချင်၊ အနောက်ကလည်း ဒီမိုကရေစီဖြစ် သွားတဲ့နောက် အစွန်းခပ်ရောက်ရောက် အမျိုးသားရေးဝါဒဆီ ခြေဦး လှည့်သွား တတ်တဲ့ အာရှ သမိုင်းကြောင့် ခပ်တွန့်တွန့်။ ဦးသိန်းစိန်အနေနဲ့ သက်ဆင်ကို အတုယူသင့်တယ်။

ဟုတ်သလားတော့မသိဘူး၊ ဖေ့စ်ဘုတ်မှာ ပြောကြတာကတော့ ဦးသိန်းစိန်က ကမ္ဘာပတ်ပြီး ပိုက်ဆံချေးနေသတဲ့။
ရကြပါ့မလား။ ရပ်ကွက်ထဲ၊ ရွာထဲမှာတော့ အသုံးမကျလို့မွဲတာမျိုးဆိုရင် ပတ်ဝန်း ကျင်က စေတနာမရှိလှဘူး။
ဦးသိန်းစိန်အရင်ဆုံးလုပ်ရမှာက အိပ်ပေါက်ဖာရမှာ။
အကျင့်ပျက်ဆဲ ဗိုလ်ချုပ်လူထွက်ကြီးတွေအကြောင်း ကမ္ဘာက မသိမှာမဟုတ်ဘူး။

အကူအညီပေးတော့ ဗိုလ်ချုပ်ကြီးအိပ်ထဲရောက်။
အလုပ်ပေးနိုင်ဖို့ စီးပွားရေးနဲ့ဝင်မယ်ဆိုတော့ ခရိုနီတွေနဲ့ တပ်လန်ပြန်ကြရ။
ဂျပန်ကဆိုရင် မစ်စူဘီရှီအပါအဝင် ခရိုနီနဲ့ကို ရှင်းမပြီးနိုင်လို့ တော်တော် စိတ်ညစ် ကြသတဲ့။
လက်ရှိမြန်မာ့အကြီးစားစီးပွားရေးက ခရိုနီလက်ထဲမှာမို့ သူတို့ကို အမြစ်ဖြတ် လို့တော့ မရဘူး။
ဒါပေမဲ့ သူတို့ကို တင်းကြပ်မှရမယ်။
သူတို့နဲ့ဗိုလ်ချုပ်ကြီးလူထွက်တွေရဲ့ အာဏာကိုကန့်သတ်ရဲမှရမယ်။
လက်ရှိ ဦးသိန်းစိန်အနေနဲ့ အထိုက်အလျောက် အတုခိုးရမှာက ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ဖြစ်မယ်။
ဘန်ကောက်ခရိုနီတွေကို သက်ဆင်ကိုင်တွယ်ခဲ့ပုံ ကောင်းတယ်။ လူထုအကျိုးရှိတယ်။
ခက်တာက အကဲခတ်လို့ရသလောက် ဦးသိန်းစိန်က သက်ဆင်လောက် စီးပွားရေးအမြင်ရှိဟန်မတူဘူး။
စီးပွားရေးအမြင်ရှိတဲ့သမ္မတမဟုတ်ရင် မြန်မာခရိုနီကလည်း ကြောက်မှာမဟုတ်ဘူး။
ဒီအချက်က ဒေါ်စုကို ပိုပြီးအခက်တွေ့စေတယ်။
အာဏာရှိပြီး စီးပွားရေး ဘာမှနားမလည်တဲ့ဗိုလ်ချုပ်ကြီးတွေက ခရိုနီစကားကို နားထောင်နေရတယ်။ လုံးဝမကောင်းတဲ့အချက်။

ထိုင်းသမိုင်းကိုကြည့်ရင် ဒေါ်စုလိုပုဂ္ဂိုလ်သမ္မတဖြစ်မှာကို ဗိုလ်ချုပ်ကြီးတွေထက် ခရိုနီတွေကတောင် ပိုလန့်ကောင်းလန့်နေနိုင်တယ်။ တရုတ်ကလည်း ဒေါ်စု ဆိုရင် လက်ရှိလူကြီးတွေနဲ့ဆက်ဆံရတာလောက် စားပေါက်ချောင်မှာ မဟုတ်တော့ လိုလိုချင်ချင်ရှိလှမယ်မဟုတ်ဘူး။
ချုပ်ကြည့်ရင် လက်ရှိအစိုးရက ခပ်ချာချာ။ ဘာမှမသိတော့ ခရိုနီအားကိုး၊ ခရိုနီစကားအဟုတ်ထင်နေရ၊ ခရိုနီနဲ့တရုတ်က ဒေါ်စုကိုမလိုချင်၊ အနောက်ကလည်း ဒီမိုကရေစီဖြစ်သွားတဲ့နောက် အစွန်းခပ်ရောက်ရောက် အမျိုးသားရေးဝါဒဆီ ခြေဦးလှည့်သွားတတ်တဲ့ အာရှသမိုင်းကြောင့် ခပ်တွန့်တွန့်။ ဦးသိန်းစိန်အနေနဲ့ သက်ဆင်ကို အတုယူသင့်တယ်။
ဦးသိန်းစိန် အီးယားဖုန်းတပ်တတ်သွားရင်တော့ အသံတွေ ပိုကြည်ကြည် လင်လင် ကြားနိုင်သွားကောင်းပါရဲ့။
ဂျာမန်အဓိပတိမကြီးကို အားကိုးရတော့မှာပဲ။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်


ပဋိပက္ခအရင်ကိုင်နေလို့ ပစ်ထားရတဲ့ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်ကို ဒီနေ့ ညနေ ငါးနာရီခွဲမှာပဲ ဘာသာပြန်အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး၊ စင်္ကာပူစီးပွားရေးအခန်းက ပူပူနွေးနွေးရှိချိန်နဲ့ မြန်မာပြည်က ဦးဌေးဦး တောင်ပြောမြောက်ပြော ပြောချိန် သွားပြီးတိုက်ဆိုင်နေတယ်။
စာဖတ်သူတွေ ကံဆိုးသွားတာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့။
လေးစားစွာ

နည်းနည်းလေးတော့ လွဲနေတယ် ဦးဌေးဦး (၃)


ဒီနေ့ ပထမဆုံးနေ့က အကျဉ်းချုပ်တာများသွားတဲ့ အချက်(၃)ကို ပြန်ကြည့်ရအောင်
၃။ စင်္ကာပူ၊ အကန့်အသတ်နဲ့ ဒီမိုကရေစီ၊ ကက်ပီတယ်လစ်ဇင် ရာနှုန်းအပြည့်။
စင်္ကာပူကတော့ မနေ့ကတင်ပြခဲ့တဲ့ ငွေကြေးအဝင်အထွက်နဲ့ လူအဝင်အထွက် ကို နိုင်နင်းတော့ ကက်ပီတယ်လစ်ဇင် ရာနှုန်းအပြည့်ကျင့်သုံးလို့ရတာပေါ့။
ဒီမှာ လီကွမ်းယုရဲ့အဖြေ
"ငွေကြေးစနစ်နဲ့ဘဏ်စနစ်မနိုင်နင်းတဲ့နိုင်ငံတွေအတွက် ပြသနာတွေ တက်နိုင်ပေမဲ့ တို့အတွက်ကတော့ ရာနှုန်းပြည့် ကက်ပီတယ်လစ်ဇင်က အကျိုး အမြတ်ရှိဖို့ပဲ များတယ်လေ" တဲ့။ ဆိုလိုတာက ပိုက်ဆံရှိရင် နိုင်ငံခြားသားလည်း စင်္ကာပူမှာ အိမ်ဝယ်လို့ရတယ်။ ဒါကိုတော့ ဦးဌေးဦးအဘတွေ သိပါတယ်။

ဒါပေမဲ့ တိုက်ခန်းဝယ်ယူမှုနဲ့ မြေစိုက်အိမ်ဝယ်ယူမှုမှာ ဈေးမတူသလို စည်းကမ်း လည်းမတူဘူး။ ဒီမှာ လီကွမ်းယုက
" နိုင်ငံခြားသားတွေအနေနဲ့ မြေစိုက်အိမ်ဝယ်ချင်ရင် စည်းကမ်းတွေ မတူသ လို ဈေးကလည်း တံဆိပ်ခေါင်းဖိုးကအစ တင်ထားတယ်။ စင်္ကပူရီယန်းတွေ အနေနဲ့ အိမ်ဝယ်ချင်ရင် စံချိန်စံညွှန်းနဲ့ကိုက်ညီမယ်လည်းဆိုရင် အစိုးရရဲ့ ချေးငွေ နဲ့ ဝယ်ထားလို့ရတာပဲ"

ကဲမေးပြီ။ တရုတ်ကိုမြေတွေရောင်းချရအောင် မြန်မာလူမျိုးတွေအတွက် ပေးထားတဲ့အခွင့်အရေးက ဘာတွေပါလဲ။ မြန်မာတွေ အိုးပိုင်အိမ်ပိုင်ဖြစ်စေဖို့ အစိုးရရဲ့ ကူညီမှု၊ ကူညီဖို့ စီမံကိန်းက ဘာလဲ။ ရှိရင်ပြောပါအုံး။ တကယ် အလုပ်ဖြစ် မဖြစ် သုံးသပ်ကြည့်ရအောင်။ သုညမဟုတ်လား။ တရုတ်လောက် ငွေမပေးနိုင်ရင် မဝယ်နဲ့၊ အဲသလိုမဟုတ်လား။ ချာလွန်းတယ် လူကြီးမင်ရယ်။

ဒီမှာ ဆရာကြီးလီတို့ သုံးလိုက်တဲ့ဈေးကွက်စီးပွားရေးပညာက
"ငါတို့ကိုယုံကြည်လို့ ငါတို့အိမ်တွေကို ရင်းနှီမြှုပ်နှံတဲ့အနေနဲ့ လာဝယ်တာကို တားလို့မရဘူး။ ဒါပေမဲ့ အိမ်ကို နေဖို့မဟုတ်ဘဲ ရင်းနှီးမှုသက်သက်အနေနဲ့ ဝယ် သူတွေများသွားရင် အိမ်ဈေးက ကျသွားမှာ၊ ဒါဆို သူတို့အရှုံးပေါ်သွားမယ်။ ငါတို့ စနစ်က သူတို့ကို မတားဘူး။ သူ့အမြီးနဲ့ သူ့ပြန်ချည်တဲ့စနစ်၊ အဝယ်များရင် ဈေး ကျသွားအောင် လုပ်ထားတာ" တဲ့။
လှတယ်မဟုတ်လား။ အခု စင်္ကာပူမှာ အိမ်ဈေးတွေ ဆက်တိုက်ကျနေတော့ ပြည် ကြီးသား ကိုရွှေတရုတ် မရွှေတရုတ်တို့ ဒုက္ခတွေ့သွားတယ်။ သိပ်မဝယ်ရဲတော့ ဘူး။ အဲဒါ စီးပွားရေးပညာလို့ ခေါ်ပါတယ်။

"ဟေ့ ဟုတ်ပြီ။ ငါတို့လည်း လီကွမ်းယုနောက်လိုက်မယ်" ဆိုပြီး မလိုက်လိုက် ပါနဲ့။ အားလုံး ဒုက္ခရောက်သွားပါလိမ့်မယ်။ လူကြီးမင်းတို့ အစိုးရအဖွဲ့ထဲမှာ ကိန်းဘရေ့ဂ်ျ တက္ကသိုလ်တစ်ခုလုံး လှုပ်သွားအောင်တော်တဲ့ ရှေ့နေမပါဘူး။
ဘောလုံးစကားနဲ့ပြောရင် ဘာစီလိုနာ ကစားကွက်ကောင်းပေမဲ့ ရှဗီ၊ အက်နီ ယက်စတာနဲ့ မက်စီတို့မရှိဘဲ သူတို့လို လိုက်ကစားရင် ကိုယ့်သေတွင်း ကိုယ်တူး လိုက်တာပဲ။ ပေးလိုက်ရလိမ့်မယ်၊ တစ်ဂိုးပြီးတစ်ဂိုး။
ဒီစကားပြောလိုက်ရလို့ လူကြီးမင်းတို့အတွက်ရော နိုင်ငံတော်အတွက်ပါ ဆောရီးပါ။ လီကွမ်းယု အိုင်ကျူ ကိုမီဖို့ လူကြီးမင်းတို့ ဗိုလ်ချုပ်ကြီးတွေ တော်တော်များများပေါင်း ယူရမယ်ထင် တယ်။

သုံးသပ်စရာတွေ ပါနေတော တစ်နေ့တစ်နေ့ နည်းနည်းစီပေါ့ ဗျာ။
စာဖတ်သူတစ်ယောက် ကွန်မင့်ပေးထားသလို
"ဖြည်းဖြည်း...ဖြည်းဖြည်း။ မကြားဖူး၊ မဖတ်ဖူးတာတွေကြည့်ပြီး ရူးသွားဦးမယ်" တဲ့။
တကယ်က လူကြီးမင်းတို့ကို ပြည်သူက ချစ်ရှာပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ဖို့ ကျနော့်ကို သတိပေးသွားတယ်။ လူကြီးမင်းတို့ အိုင်ကျူပမာဏကို သတိထားမိသလို ပြည်သူရဲ့ဆန္ဒကိုလည်း လေးစားရပါတယ်။ ဒါ့ကြောင့် နည်းနည်းစီပဲ။

အမှာ။ နံပါတ်(၄)က ဒီထက် နည်းနည်းပိုခက်မယ်နော်။
Ref: One Man's View of The world.

နည်းနည်းလေးတော့ လွဲနေတယ် ဦးဌေးဦး (၂)


တံခါးဖွင့်စီးပွားရေးမှာ အနည်းဆုံး သေတွင်းနှစ်ခုရှိပါတယ်။
၁။ ငွေကြေးအဝင်အထွက် မနိုင်နင်းမှူ(စနစ်ကျ၊ အဆင့်မြင့်တဲ့ ဘဏ်စနစ်မရှိခြင်း)
၂။ လူအဝင်အထွက် မနိုင်နင်းမှူ(တိကျ၊ တင်းကြပ်တဲ့ လူဝင်မှု ကြီးကြပ်ရေး မရှိခြင်း)
အဲဒီနှစ်ခု မနိုင်နင်းရင် ကိုယ့်သေတွင်းကိုယ်တူးတာပါ။ ကဲ ကျနော်တို့ နိုင်ငံရဲ့ အထက်ပါ စနစ်နှစ်ခုက ဘယ်မှာလဲ။ စစ်အရာရှိတွေရဲ့ လက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေပြီးသား။ ဒီတော့ ပြည်သူက အလွယ်လေး ကောက်ချက်ချနိုင်တယ်။ ဒီကွန်မင့်နှစ်ခုကို ဖတ်ကြည့်ပါ။

"San Thar Htun
ဟေ့ လူ တရုတ် ဆို တာ ကျုပ် တို့ ပြောတာ ပြည်ကြီး တရုတ် မြန်မာစကားမတက် ဘဲ ကို ခင် ရီ လူ တွေ ကို ငွေ ပေးပြီး ID ကိုင် တာ ကို ပြောတာ ၁၉လမး က အော် ကွေ့ကြည် ဒုတ် ထိုး ရောင်း တဲ့ တရုတ် က တော့ မြို့သစ်စီမံ ကိန်းနား ဘယ် ကပ်နိုင် မှာ လဲ"

Lin Aung Thet 
"(၁) ငွေဖြူ ဟုတ်မဟုတ် မစစ်ဆေးတော့ဘူးလား
(၂) နိုင်ငံသား ဟုတ်မဟုတ် မစစ်ဆေးတော့ဘူးလား
(၃) လက်ရှိပိုင်ရှင်တွေကို စီမံကိန်းအကြောင်း နားလည်အောင် ရှင်းပြတာကို ပိတ်ပင်သင့်သလား။"


"ကိုယ်ကလည်း ဈေးကောင်းမပေးနိုင်ဘဲနဲ့ ဈေးကောင်းပေးမယ့်သူကျတော့ နှင်ထုတ်သလို ဖြစ်နေတယ်" ဒါက ဦးဌေးဦးစကား။
ကဲ လက်ရှိ ဈေးကွက်မှာ တရုတ်ကိုယှဉ်နိုင်တာဘယ်သူလဲ။ ဦးဌေးဦးတို့ ဘိုးအေ အမေရိကနဲ့ ဥရောပတောင် ယှဉ်လို့ မရဘူး။ ပေါက်ပြဲလူဝင်မှု ကြီးကြပ်ရေးကနေ ယိုစိမ့်ဝင်လာတဲ့ တရုတ်နဲ့ ဈေးပြိုင် မြန်မာတွေက ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ဒီစကားက လက်လွတ်စပယ်နိုင်ပြီး တာဝန် မဲ့ရာလည်းရောက်တယ်။ တစ်စက်မှ အမှတ်ပေးလိုက်စရာမရှိဘူး။ တရုတ်က တံခါးဖွင့်လာတာ နှစ်ပေါင်းလေးဆယ်၊ မြန်မာက ခရမ်းပျိုးဆဲ။ အစိုးရအသုံးမကျရင် ကလေးနဲ့လူကြီးရန်ဖြစ်သလိုနေမှာ။ ဘယ်သူနိုင်မလဲ။ ပွဲအဖြေကို ဦးဌေးဦး မတွက်နိုင်ရင်တောင် လူထုက တွက်နိုင်တယ်။

"ကြားကနေ အကုသိုလ်ဝင်မယူကြစမ်းပါနဲ့၊ ဘယ့်နှယ်ဗျာမုဒိတာ ပွားကြစမ်းပါဗျ"
ဒါဆိုရင်တော့ လက်ရှိကမ္ဘာ့အရေးအခင်းစာတွေ ဆက်လေ့လာဖို့ တိုက်တွန်း ရတော့မှာပဲ။
ကာလီဖိုးနီးယားက အမေရိကန်တွေအကြောင်း၊ ပဲရစ်က ပြင်သစ်တွေအကြောင်း။
အမေရိကန်တွေက လှိမ့််ဝင်လာတဲ့ မက္ကစီကန်တွေနဲ့လက်တင်တွေကို မုဒိတာ ထိုင်ပွားနေကြပါသလား၊ ပဲရစ်က ပြင်သစ်တွေကရော လှိမ့််ဝင်လာတဲ့ မွတ်စလင်တွေကို မုဒိတာ ထိုင်ပွားနေကြပါသလား၊
ဒါဆို ကျနော်တို့ကရော မြန်မာအကျင့်ပျက်အရာရှိအကြီးစားတွေကို ငွေပေးဝင် လာတဲ့ ပြည်ကြီးသား ကိုရွှေတရုတ် မရွှေတရုတ်တို့ ချမ်းသာကြပါစေ၊ မြေတွေ ဒီထက်ပိုင်ဆိုင်ကြပါစေဆိုပြီး မုဒိတာ ထိုင်ပွားနေကြရမှာလား။ ယုတ္တိနဲ့ စကားပြောပါ။ လူကြီးတစ်ယောက်လို စကားပြောပါ။

တရုတ်က သရက်သီးတွေအကုန်ဝယ်၊ ပဲမျိုးစုံအကုန်ဝယ်။ ကျနော် ဝမ်းမနည်းမိ ပါဘူး။ သရက်သီးက နောက်နှစ်ထပ်သီးဦးမှာ၊ ပဲက နောက်နှစ်ထပ်ပေါ်မှာ။ အခုဟာက မြေကြီး နော်။ မြေကြီးမရှိရင် ပဲမရှိ၊ သရက်မရှိ၊ ဆန်စပါး မရှိ၊ အနာဂတ်မရှိ။
ဒီမယ် ဒါတွေရဖို့ တရုတ်က ဘရာဇီးအထိ ခြေဆန့်နေရတာ။ ခင်ဗျားတို့ အမြီးနံ့ပြနေပုံနဲ့ကတော့ ရင်လေးတယ်။ အဲဒါ အဓိပ္ပါယ်ကျကျနနမသိဘဲ သမ္မတကအစ လူကြီးမင်းတို့ ရွတ်နေတဲ့ ပွတ်တိုက်မှုလေ။ လူကြီးမင်းတို့ဘေးမှာ ကမ္ဘ့ာစီးပွားရေး ဘီလူးကြီး တရုတ်၊ ကမ္ဘ့ာလူဦးရေ ဘီလူးကြီး အစ္စလာမ်ရှိနေတယ်။ ကျေးဇူးပြုပြီး ကမ္ဘာ့အခြေအနေကို လေ့လာပေးပါ။ တက်လမ်းရှိပါတယ်။
(ဆက်ရန်)

နည်းနည်းလေးတော့ လွဲနေတယ် ဦးဌေးဦး

အခုမှ ဖတ်မိတဲ့ ကွန်မင့်ဗျာ။ အတွေးအခေါ်၊ တင်ပြပုံနဲ့ ဇာတ်အိမ်ပါ ခိုင်လွန်းလို့ ရွေးလိုက်ပါတယ်။


Ichiban Chris မစ္စ္စတာရွှေ ရဲ့ နေပြည်တော်မှာတမ်း…
တကယ်လို့ အသက်ပြန်ရှင်နိုင်ဖို့လမ်းစ မရှိတော့ဘူးဆိုရင် ကောင်းပေ့ဆိုတဲ့ အသက်ကယ်ပစ္စ္စည်းတွေနဲ့ ငါ့အသက်ကို အတတ်နိုင်ဆုံး ဆွဲဆန့်ပေးကြပါ ကွာ ။ကျွန်တော်သာ ဒီလိုမမှာခဲ့ရင် ဒေါင်းဇားတွေက ချီးထုပ်ကြီးတော့ လစ်ပြီဆိုပြီး မြန်မြန် အသုဘချလိုက်မှာ။ ကျွန်တော့်ဘဝရဲ့ အမှတ်ရစရာ အကောင်းဆုံးတွေက မြန်မာနိုင်ငံကို အဆင်းရဲဆုံးနိုင်ငံ ၊ လမ်းဘေး သောက်ရေခွက်တောင် သော့ခတ်ထားရတဲ့နိုင်ငံ၊ခရိုနီ အခွင့်ထူးခံတွေဆိုပြီး ဖြစ်လာအောင် ကျုပ်လုပ်ရတာပါဗျာ …ဒါတွေက ကျွန်တော်သေသွားရင်တောင် ကျန်နေမယ့် အကျိုးဆက်တွေပါ ။ဒီလိုအခြေနေတွေ အတိုင်းဆို ကျွန့်တော့် သားသမီး မြေးတွေ အရှိန်နဲ့ဆက်လိမ့်နေနိုင်မှာဖြစ်ပါတယ် ဒါဟာ ကျွန်တော့်ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါ ။ လုပ်နိုင်သလောက် လုပ်ပြီးတဲ့နောက် ဒီစည်းစိမ်လေးတွေ မခံစားသင့်ဘူးလားဗျာ…သူများတွေပြောသလို ဒယ်အိုးရောက်မယ်ဆိုတာလဲ မယုံကြည်ပါဘူး. ။ ဒါပေမယ့် ကျွန်တော်သေရင်တော့ ဆီလေးများများ သုတ်ပေးလိုက်ပါ ဒါမှ ဒယ်အိုးမှာ ဂျိုးကပ်မနေမှာလေ ဟုတ်ဘူးလားလို့…

မစ္စတာလီရဲ့ နေညိုချိန်မှာတန်း  မှ

ဒချိ ဒချိ။ အာ့ လာပြောတာ။ တဘောမတူရင် ချောရီးနော်


ပုဂံခေတ်နဲ့ပင်းယခေတ်ကြားမှာ ဖေ့စ်ဘုတ်မရှိသေးပါဘူး၊ ဒါပေမဲ့ မြန်မာစာရေး ထုံး တစ်သမတ်တည်း ရှိနေခဲ့ပါသလား။ (ဒါ ဘွပဲ)
ကုန်းဘောင်ခေတ်ဦးကရေထုံးနဲ့ ကျနော်တို့ရေးထုံး တူညီပါသလား။ ဖေ့စ်ဘုတ် ရှိရှိ၊ မရှိရှိရေးထုံး ပြောင်းပါတယ်။ (အာ့ လာပြောတာ)
နိုင်ငံခြားဘာသာစကားတွေ စီးဝင်နေလို့ မြန်မာစာ ပျက်စီးတော့မှာလား။ (မွမွ)
ကျနော်တို့ မနက်တိုင်းစားတဲ့ အီကြာကွေးနဲ့ပလာတာကို မြန်မာလို ဘယ်လိုခေါ် ပါသလဲ။ (ဒချိ ဒချိ)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်ကတည်းက လူငယ်တွေရဲ့ ဖုန်းမက်ဆေ့နဲ့ ဖေ့စ် ဘုတ်ဘာသာစကားကြောင့် အင်္ဂလိပ်စာပေကြီး ပျက်စီးတော့မှာလို ဆိုသူတွေ အများအပြား ရှိခဲ့ပါတယ်။ မပျက်ခဲ့ပါဘူး။ ဖေ့စ်ဘုတ်အင်္ဂလိပ်က ဖေ့စ်ဘုတ်အင်္ဂလိပ်။ စံ အင်္ဂလိပ်က စံ အင်္ဂလိပ်။ (ငင် ဂယ်ဂျီးလား)။
ဂယ်ဂျီး။ အခု ဝေဖန်သူတွေ မောသွားပြီ။ (ခ်ခ်ခ်ခ်)
ခေတ်ရေးထုံးကို ဖေ့စ်ဘုတ်မှာသုံးတိုင်း ဆယ်ကျော်သက်တွေချည်းပဲမှတ်ပြီး လူငယ်တွေကို အပြစ်မတင်သင့်ပါဘူး၊ ဒီအထဲမှာ အသက် ၅၀ တန်းအထိ ပါဝင်ပြီး ပညာရေးအရ ဘွဲ့လွန်ဒေါက်တာတွေအထိ ပါနေတတ်ပါတယ်။ ဒါက ဂလိုဘယ်ကိစ္စပါ။ (အပေါ်က နောက် တျောက်၊ နောက်နဲ့)





ရေပန်းစားလာတဲ့ ဝေါဟာရတွေထဲမှာ ပျောက်သွားတာတွေ ရှိသလို မြဲနေ တာတွေ လည်းရှိပါတယ်။ နှစ်ပေါင်းရှည်ကြာ မြဲနေရင် အဲဒီစကားကို တရားဝင် လူထုသုံးစကားထဲ ထည့်ထားရတော့တယ်။ သူ့ကို သတ်လို့မရဘူး။ ဒါက ဘာသာစကားရဲ့ စီးဆင်းပုံ။ (ဆုတောင်းလေ ဆုတောင်း)
လေဖြတ်တယ်လို့ပဲ ကျနော်တို့ပြောတယ်။ လေသင်ဓုန်းဖြတ်တယ်လို့ မပြောတော့ဘူး။ ဘီယာသောက်ကြတယ်၊ မုယောစပါးရည် မသောက်ဘူး။ (ဘိုဂျီးလဲ)
ဘယ်စကားတော့ တွင်နေရမယ်လို့ ဘယ်ပညာရှင်ကမှ သတ်မှတ်လို့ မရဘူး။ သုံးစွဲသူ လူထုက သတ်မှတ်တယ်။ လူငယ်ပိုများ၊ မီဒီယာအား ပိုကောင်းရင် စီးဆင်းနှုန်း ပိုမြန်တယ်။
ဟွာလေ၊ ခွင့်တိုင်မလို့ဆိုသူတွေလည်း ခွင့်စာနဲ့ ဖေ့စ်ဘုတ် စတေးတပ်၊ ဖေ့စ် ဘုတ်ကွန်မင့်ကို ခွဲသိကြပါတယ်။
ကျနော်ကတော့ ဖေ့စ်ဘုတ်ဘာသာစကားကို အပြစ်မပြောချင်ဘူး။ စံ က စံ။ ခေတ်စကားက ခေတ်စကား။ တစ်ခြားစီမို့ အလိုက်သင့်စီးမျောဖို့ပဲ စိတ်ဝင်စားပါတယ်။
ဒချိ ဒချိ။ အာ့ လာပြောတာ။ တဘောမတူရင် ချောရီးနော်။

NUSBS - true Buddhist hearts


I went to their A.G.M and gave moral supports. They are young but have true Buddhist hearts. Buddhism needs them.



မစ္စတာလီရဲ့ နေညိုချိန်မှာတန်း


တကယ်လို့ အသက်ပြန်ရှင်ဖို့လမ်းစမရှိတော့ဘူး၊ သွားနိုင်လာနိုင်အနေအထား ကိုလည်း ပြန်မရောက်နိုင်တော့ဘူးဆိုရင် အိပ်ယာထဲမှာ ငှက်ပြောတုံးဘဝနဲ့ ပိုက်ကနေတဆင့် အစာကျွေးနေရတာမျိုးတွေ မလုပ်ဖို့၊ အသက်ကယ်ပစ္စည်းတွေ နဲ့ ဒုက္ခကို ဆွဲမဆန့်ဖို့ ဆေးပညာအရကြိုတင်လမ်းညွှန်မှု ထားခဲ့ပြီးပါပြီ။ ဒီစာချုပ်ကို ကျနော့်မိတ်ဆွေ ရှေ့နေတစ်ယောက်နဲ့ ဆရာဝန်ရှေ့မှာ လက်မှတ် ထိုးခဲ့ပါတယ်။ ကျနော်သာ ဒီလိုမခိုင်းခဲ့ရင် ကျနော့်ရဲ့ ငှက်ပြောတုံးဘဝကို အချိန် ကြာနိုင်သမျှကြာအောင် ဆွဲထားကြလမ့်မယ်။

ကျနော့်ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးတွေက စင်္ကာပူကို ကိုယ်ကျင့်တရား မပျက်တဲ့နိုင်ငံ၊ အရည်အချင်းကို ရှေ့တန်းတင်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်း သာတူညီ မျှ ရှိတဲ့နိုင်ငံဖြစ်လာဖို့ လူထုကို စည်းရုံးခဲ့ရတာတွေပါ။ ဒါတွေက ကျနော်သေ တဲ့နောက်အထိ ကျန်နေရစ်မယ့် အကျိုးတရားတွေဖြစ်ပါတယ်။ ဒီဥပဒေတွေရှိနေရင် စင်္ကာပူလည်း ပန်းပန်နေနိုင်မှာပါ။ ဒါဟာ ကျနော့်ရဲ့ အကြီး မားဆုံး မျှောလင့်ချက် ဖြစ်ပါတယ်။

လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့နောက် ဒီဘဝနဲ့ပတ်သက်လို့ ဘာမှ အလွမ်းသယ်နေစရာလည်း မလိုတော့ပါဘူး။
သူများတွေယုံကြည်သလို ကောင်းကင်ဘုံမှာ ကျနော်နဲ့ကျနော့်ဇနီး ပြန်တွေ့ရမယ် လို့လည်း မယုံကြည်ပါဘူး။
သူလည်း ပြာအိုးပဲကျန်တယ်၊ ကျနော်လည်း ပြာအိုးပဲ ကျန်ရစ်မှာပါ။
(From One Man's View of the World)