ဒချိ ဒချိ။ အာ့ လာပြောတာ။ တဘောမတူရင် ချောရီးနော်


ပုဂံခေတ်နဲ့ပင်းယခေတ်ကြားမှာ ဖေ့စ်ဘုတ်မရှိသေးပါဘူး၊ ဒါပေမဲ့ မြန်မာစာရေး ထုံး တစ်သမတ်တည်း ရှိနေခဲ့ပါသလား။ (ဒါ ဘွပဲ)
ကုန်းဘောင်ခေတ်ဦးကရေထုံးနဲ့ ကျနော်တို့ရေးထုံး တူညီပါသလား။ ဖေ့စ်ဘုတ် ရှိရှိ၊ မရှိရှိရေးထုံး ပြောင်းပါတယ်။ (အာ့ လာပြောတာ)
နိုင်ငံခြားဘာသာစကားတွေ စီးဝင်နေလို့ မြန်မာစာ ပျက်စီးတော့မှာလား။ (မွမွ)
ကျနော်တို့ မနက်တိုင်းစားတဲ့ အီကြာကွေးနဲ့ပလာတာကို မြန်မာလို ဘယ်လိုခေါ် ပါသလဲ။ (ဒချိ ဒချိ)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်ကတည်းက လူငယ်တွေရဲ့ ဖုန်းမက်ဆေ့နဲ့ ဖေ့စ် ဘုတ်ဘာသာစကားကြောင့် အင်္ဂလိပ်စာပေကြီး ပျက်စီးတော့မှာလို ဆိုသူတွေ အများအပြား ရှိခဲ့ပါတယ်။ မပျက်ခဲ့ပါဘူး။ ဖေ့စ်ဘုတ်အင်္ဂလိပ်က ဖေ့စ်ဘုတ်အင်္ဂလိပ်။ စံ အင်္ဂလိပ်က စံ အင်္ဂလိပ်။ (ငင် ဂယ်ဂျီးလား)။
ဂယ်ဂျီး။ အခု ဝေဖန်သူတွေ မောသွားပြီ။ (ခ်ခ်ခ်ခ်)
ခေတ်ရေးထုံးကို ဖေ့စ်ဘုတ်မှာသုံးတိုင်း ဆယ်ကျော်သက်တွေချည်းပဲမှတ်ပြီး လူငယ်တွေကို အပြစ်မတင်သင့်ပါဘူး၊ ဒီအထဲမှာ အသက် ၅၀ တန်းအထိ ပါဝင်ပြီး ပညာရေးအရ ဘွဲ့လွန်ဒေါက်တာတွေအထိ ပါနေတတ်ပါတယ်။ ဒါက ဂလိုဘယ်ကိစ္စပါ။ (အပေါ်က နောက် တျောက်၊ နောက်နဲ့)





ရေပန်းစားလာတဲ့ ဝေါဟာရတွေထဲမှာ ပျောက်သွားတာတွေ ရှိသလို မြဲနေ တာတွေ လည်းရှိပါတယ်။ နှစ်ပေါင်းရှည်ကြာ မြဲနေရင် အဲဒီစကားကို တရားဝင် လူထုသုံးစကားထဲ ထည့်ထားရတော့တယ်။ သူ့ကို သတ်လို့မရဘူး။ ဒါက ဘာသာစကားရဲ့ စီးဆင်းပုံ။ (ဆုတောင်းလေ ဆုတောင်း)
လေဖြတ်တယ်လို့ပဲ ကျနော်တို့ပြောတယ်။ လေသင်ဓုန်းဖြတ်တယ်လို့ မပြောတော့ဘူး။ ဘီယာသောက်ကြတယ်၊ မုယောစပါးရည် မသောက်ဘူး။ (ဘိုဂျီးလဲ)
ဘယ်စကားတော့ တွင်နေရမယ်လို့ ဘယ်ပညာရှင်ကမှ သတ်မှတ်လို့ မရဘူး။ သုံးစွဲသူ လူထုက သတ်မှတ်တယ်။ လူငယ်ပိုများ၊ မီဒီယာအား ပိုကောင်းရင် စီးဆင်းနှုန်း ပိုမြန်တယ်။
ဟွာလေ၊ ခွင့်တိုင်မလို့ဆိုသူတွေလည်း ခွင့်စာနဲ့ ဖေ့စ်ဘုတ် စတေးတပ်၊ ဖေ့စ် ဘုတ်ကွန်မင့်ကို ခွဲသိကြပါတယ်။
ကျနော်ကတော့ ဖေ့စ်ဘုတ်ဘာသာစကားကို အပြစ်မပြောချင်ဘူး။ စံ က စံ။ ခေတ်စကားက ခေတ်စကား။ တစ်ခြားစီမို့ အလိုက်သင့်စီးမျောဖို့ပဲ စိတ်ဝင်စားပါတယ်။
ဒချိ ဒချိ။ အာ့ လာပြောတာ။ တဘောမတူရင် ချောရီးနော်။

NUSBS - true Buddhist hearts


I went to their A.G.M and gave moral supports. They are young but have true Buddhist hearts. Buddhism needs them.



မစ္စတာလီရဲ့ နေညိုချိန်မှာတန်း


တကယ်လို့ အသက်ပြန်ရှင်ဖို့လမ်းစမရှိတော့ဘူး၊ သွားနိုင်လာနိုင်အနေအထား ကိုလည်း ပြန်မရောက်နိုင်တော့ဘူးဆိုရင် အိပ်ယာထဲမှာ ငှက်ပြောတုံးဘဝနဲ့ ပိုက်ကနေတဆင့် အစာကျွေးနေရတာမျိုးတွေ မလုပ်ဖို့၊ အသက်ကယ်ပစ္စည်းတွေ နဲ့ ဒုက္ခကို ဆွဲမဆန့်ဖို့ ဆေးပညာအရကြိုတင်လမ်းညွှန်မှု ထားခဲ့ပြီးပါပြီ။ ဒီစာချုပ်ကို ကျနော့်မိတ်ဆွေ ရှေ့နေတစ်ယောက်နဲ့ ဆရာဝန်ရှေ့မှာ လက်မှတ် ထိုးခဲ့ပါတယ်။ ကျနော်သာ ဒီလိုမခိုင်းခဲ့ရင် ကျနော့်ရဲ့ ငှက်ပြောတုံးဘဝကို အချိန် ကြာနိုင်သမျှကြာအောင် ဆွဲထားကြလမ့်မယ်။

ကျနော့်ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံးတွေက စင်္ကာပူကို ကိုယ်ကျင့်တရား မပျက်တဲ့နိုင်ငံ၊ အရည်အချင်းကို ရှေ့တန်းတင်တဲ့နိုင်ငံ၊ နိုင်ငံသားတိုင်း သာတူညီ မျှ ရှိတဲ့နိုင်ငံဖြစ်လာဖို့ လူထုကို စည်းရုံးခဲ့ရတာတွေပါ။ ဒါတွေက ကျနော်သေ တဲ့နောက်အထိ ကျန်နေရစ်မယ့် အကျိုးတရားတွေဖြစ်ပါတယ်။ ဒီဥပဒေတွေရှိနေရင် စင်္ကာပူလည်း ပန်းပန်နေနိုင်မှာပါ။ ဒါဟာ ကျနော့်ရဲ့ အကြီး မားဆုံး မျှောလင့်ချက် ဖြစ်ပါတယ်။

လုပ်စရာရှိတာတွေကို အကောင်းဆုံးလုပ်ခဲ့ပြီးတဲ့နောက် ဒီဘဝနဲ့ပတ်သက်လို့ ဘာမှ အလွမ်းသယ်နေစရာလည်း မလိုတော့ပါဘူး။
သူများတွေယုံကြည်သလို ကောင်းကင်ဘုံမှာ ကျနော်နဲ့ကျနော့်ဇနီး ပြန်တွေ့ရမယ် လို့လည်း မယုံကြည်ပါဘူး။
သူလည်း ပြာအိုးပဲကျန်တယ်၊ ကျနော်လည်း ပြာအိုးပဲ ကျန်ရစ်မှာပါ။
(From One Man's View of the World)

လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း (ပထမတွဲ) ၊ ဇင်ဝေသော် (မြန်မာပြန်)


The Clash of Civilizations and the Remaking of World Order
By Samuel Phillips Huntington (April 18, 1927 – December 24, 2008)


ကိုရီးယားက ပျော့လို့မရဘူး


မေမြတ်နိုးကိစ္စက စထရိတ်တိုင်းမှာတောင် နှစ်ရက်ဆက်တိုက်ပါလာတယ်။ ဘာတွေလဲတော့ ကျကျနနမသိပါဘူး။ သိတဲ့အပိုင်းတော့ရှိတယ်။



ဒီလိုပါ၊
ဒီလထဲမှာပဲ ကိုရီးယားအဖွဲ့ကြီးတစ်ဖွဲ့ ဦးဆောင်စည်းရုံးတဲ့ ဆမ်းမစ်တစ်ခုက ဖိတ်ကြားပါတယ်၊ နိုင်ငံပေါင်း တစ်ရာကျော်၊ ဧရာမဆမ်းမစ်ပါ။ စက်တင်ဘာ ၁၇ ကနေ ၁၉ အထိ။ ကျေးဇူးရှင်နှစ်ယောက်ရှိတဲ့ နိုင်ငံမို့ သွားဖို့ ဆုံးဖြတ်၊ အီးမေးပြန်၊ ဗီဇာတင်၊ လက်မှတ်ယူပေါ့။ဖြည့်ရမယ့်ဖောင် ဖြည့်၊ အီးမေးပြန်၊ ဒီတော့ ဆိုးလ် က ဖုန်းဝင်လာတယ်၊ လေယာဉ်လက်မှတ်က ၁၆ ရက်ကနေ ၂၀ ရက်နေ့အထိ ပဲဖြစ်နေရမယ်တဲ့။
အဆင်ပြေရင် ပူဆန်ကို နှစ်ရက်သွားမယ်ဆိုပြီး လက်မှတ်ကို ၂၂ ရက်အထိ ဖြတ် ထားတာပါ။ ဒါကို ၂၀ ရက် အပြောင်းခိုင်းတာ။
အဓိပ္ပါယ် တစ်စက်မှ မရှိဘူး။ တာဝန်ခံနဲ့ စကားပြောတယ်၊ မရဘူး၊ ရှိစေ၊ ဆင်းရဲသားနိုင်ငံမို့ နှိမ်တာ၊ အထင်သေးတာမျိုး။(မြန်မာအလုပ်သမားကိစ္စကို သိပေမဲ့ ပေါ်လစီကို ခွဲခြားထားရမယ်လို့ ယုံကြည်တယ်၊ (အစိုးရပေါ်လစီနဲ့ အော်ဂနိုက်ဇေးရှင်းပေါ်လစီ)
တရားဝင် ဗီဇာရှိတယ်၊ ပိုက်ဆံရှိတယ်၊ ရက် ၉၀ အထိ နေလို့ရတယ်။ ဒါမျိုး ငြိမ်နေလို့မရဘူး။

နောက်နေ့မှ သူတို့အဖွဲ့ရဲ့ ချဲယားမန်းကို လိပ်မူပြီး ဘီစီစီလေးစောင်နဲ့အတူ ဟိုရော၊ ဒီရော အီးမေးပို့လိုက်တယ်။

၁။ မြန်မာလူမျိုးအတွက် ဗီဇာလိုလို့ လျှောက်တယ်၊ တရားဝင် ရက် ၉၀ ရတယ်။ ဘာ့ကြောင့် ဒီအဖွဲ့က နှစ်ရက် ပိုနေခွင့်မပြုတာလဲ။
၂။ ဒီဥပဒေက ဖိတ်ကြားခံရတဲ့ ဧည့်သည်တော်တိုင်းအတွက်ပါလား၊ (ကျေးဇူးပြုဖြေပေးပါ) ဒါဆိုရင် ကျေကျေနပ်နပ်လိုက်ပါမယ်။
၃။ ဒီလိုမဟုတ်ဘဲ မြန်မာမို့ နှိမ်ပေါက်နဲ့ဆိုရင်တော့ ဖိတ်ကြားမှုကို ဝမ်းနည်းစွာ ငြင်းပယ်ပါရစေ။
၎။ လူကြီးမင်းလက်မှတ်နဲ့ဖိတ်ကြားထားတဲ့ စာမို့ ဒီစာကို တာဝန်ယူဖြေကြား၊ ဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်ပါတယ် ဆိုပြီး
ခပ်ကြီးကြီးတွေနဲ့ကိုင်လိုက်တော့ ချက်ချင်းဖုန်းဝင်လာတယ်။
ဗီဇာက အလည်အပတ်ဗီဇာဖြစ်နေမှန်း မသိလို့ပါ တဲ့။ ရက်ပြောင်းစရာမလိုပါဘူး၊ အခုမှ သရုံးကိုလှမ်းမေးလို့ သိရတာပါ တဲ့။
တကယ်က ပို့ထားတဲ့ ဗီဇာကော်ပီထဲမှာ ဒါက ပါပြီးသား။

အခုတော့ အားလုံးအိုကေသွားပါပြီ။ ရယ်ရယ်မောမောပဲ။ ကိုရီးယားနဲ့ ပေါင်းလာတာက ၂၀၀၁ ကတည်းကဆိုတော့ နပ်နေပြီ။
လူကောင်းများပါတယ်။ စရိုက်နည်းနည်းကြမ်းတယ်(ကိုယ်နဲ့ မတူတာကိုပြောတာပါ) ကိုယ်ကလည်း ခပ်တင်းတင်းဆက်ဆံလိုက်ရင် ပြီးသွားတာပဲ။
ပြောခဲ့ပါပကော။ စင်္ကာပူလာဖို့ လေယာဉ်လက်မှတ်ဖိုးပေးလိုက်တာက ကိုရီးယား။ ကျေးဇူးရှင်ကြီးတွေ။
သူနဲ့လည်း အဲသလိုပဲ ဆက်ဆံရတယ်။ ပျော့တိပျော့ဖတ်တော့ မရဘူး။
မေမြတ်နိုးလည်း စမိမှတော့ လျှော့မနေနဲ့။ ဒိုးသာဒိုး။ ၁၆ နှစ်ရှိသေးတာပဲ။ အမှားပြင်၊ တက်လမ်းရှာ။ ကိုရီးယားမသွားရလို့ သေတာမှတ်လို့။

ငတက်ပြား ဝင်စားသူ မပါသေးဘူးလား..... (မောနင်း ပို့စ်)


နာလန္ဒာ ပြန်လာပြီ..........
နှစ်ပေါင်းရှစ်ရာကြာ ပိတ်ထားခဲ့ရတဲ့ (မြန်မာ့အူကြောင်ကြား စစ်အုပ်စု ပိတ်တာ က အဲသလောက်မှ မကြာဘဲလို့ ယောနိသော မနသိကာရ ပွားခွင့်ရ)
တက္ကသိုလ်ကြီး ပြန်ဖွင့်ပြီဆိုလို့ ပညာရေးဘက်၊ ဘာသာရေးဘက်ကကြည့်ရင်း ဝမ်းသာမိပါတယ်။ နိုင်ငံပေါင်း တစ်ရာကျော်က ကျောင်းသားတွေ ဝင်ခွင့်လျှောက် တယ်ဆိုတော့ နာလန္ဒာရဲ့ အရှိန်အဝါက မသေးလှဘူးပေါ့။ ပထမနှစ်တော့ ကျောင်းသားက ၁၅ ယောက်ပဲ တဲ့။ ဘူတန် တစ်၊ ဂျပန် တစ်၊ ကျန်တာ အိန္ဒိယ(ဦးကုသလတို့နိုင်ငံကများ ပါမလားလို့ ရှာကြည့်၊ မတွေ့) ဘာပဲဖြစ်ဖြစ် ဒါက ကောင်းသတင်းပဲ(ခေါင်းလောင်းသံ တညံညံပေးဟေးဟေးဟေးတဲ့)။ ပုံတစ်ကို ရှု။




ငတက်ပြား ဝင်စားသူ မပါသေးဘူးလား.....
စင်္ကာပူပင်လယ် သန့်လှ သန့်လှနဲ့၊ ပုံ နှစ်ကိုကြည့်ပါ။ ဗိုတထောင် ဆိပ်ကမ်း နဲ့ နှိုင်းယှဉ်ပါ။
ပင်လယ်ပြင်ထဲမှာတောင် မလေးရှား ရေပိုင်နက်နဲ့ စင်္ကာပူ ရေပိုင်နက်က မတူပါ။ စင်္ကာပူ ရေပိုင်နက်ထဲမှာ ရေသန့်ဗူးခွံတွေ၊ အမှိုက်သရိုက်တွေ ရှိမနေဘူး၊ အဲသလို လိုက်ပြီးသန့်ရှင်းထားလို့။



မြန်မာပြည်က အဲသလို(အဓိပ္ပါယ်ရှိရှိ) ကိစ္စတွေကို လူဝင်စားလို့ပဲဖြစ်ဖြစ်၊ အိပ်မက်အရပဲဖြစ်ဖြစ် လုပ်မယ့် တိုက်ကွန်းမပေါ်သေးဘူး။ ဘုရားလောင်း အလုပ်တွေ၊ လောကတ္ထစရိယ။
သိရသလောက်က အနော်ရထာဝင်စားသူလည်း ရှိ၊ ဓမ္မစေတီ (အနော်ရထာကျော်ပြီး ဝင်စားလိုက်ရင် ဒုက္ခရောက်သွားမှာပေါ့) ဝင်စားသူလည်း ရှိ။
ဒါဆို ငတက်ပြား ဝင်စားသူ မပါသေးဘူးလား။ စရိုက်တော်တော်ဆင်တယ်၊ အထူးသဖြင့် ကျွမ်းကျင်မှုမှာ။
ပြောမယ့်သာပြောရတာ ငတက်ပြားက ငါးပါးသီလသာမလုံတာ၊ အက်သစ် အပြည့်ရှိတယ်။
ချစ်ဦးညိုကိုအရေးခိုင်းလိုက်ရင် ငတက်ပြားက လူစွမ်းကောင်းဖြစ်သွားမှာ။
ဒီ လက်ရှိအုပ်စုကတော့ ချစ်ဦးညို အဖေလည်း မကယ်နိုင်။

ကိုးလကြာ သင်္ခန်းစာ


သူဟာ နေ့တိုင်းအလုပ်သွားနေရတာကို ငြီးငွေ့စ ပြုလာသလို ဘာအလုပ်မှ မသွားရဘဲ အိမ်မှာ နေ့တိုင်းနေ နေရတဲ့ သူ့ဇနီးကို ကြည့်ပြီးတော့ လည်းေ လာကကြီးဟာ မတရားသလိုလို ထင်စပြုလာတယ်။
ဒါနဲ့ ညပိုင်းရောက်တော့ ထာဝရ ဘုရားရှင်ဆီမှာ သူ ဆုတောင်းတယ်
"အဘ ဘုရားရှင်၊ ကျနော်မျိုးဟာ နေ့တိုင်းအလုပ်သွားနေရတယ်၊ ကျနော့် ဇနီးကျတော့ ဘာအလုပ်မှ မသွားရဘဲ အိမ်မှာ အခန့်သားပဲ။ ဒါသာဖြစ် တယ်၊ သူမက ဒီ တန်ဖိုးကို နားလည်ဟန်တော့ မတူပါဘူး။ ကျနော်မျိုး ရင် ဆိုင်နေရတာတွေကို သူမ သိစေချင်ပါတယ်၊ ဒါမှလည်း ကျနော်မျိုးကို သူ အပြည့်အဝနားလည်နိုင်မှာပါ။ ဒါ့ကြောင့် သူမကို သင်္ခန်းစာပေးဖို့ တစ်ရက်လောက် နေရာချင်း လဲလှယ်ပေးပါ"



ထာဝရ ဘုရားရှင်ပဲလေ။ မဖြစ်နိုင်ဘူး ဘယ်ပြောပါ့မလဲ။
"ငါ့သား ဆန္ဒအတိုင်းပြည့်စေ"

နောက်နေ့ မနက်ရောက်တော့ သူဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ တယ်။
မနက် စောစောထ၊ အာလုံးအတွက် မနက်စာပြင်၊ ကလေးတွေ နဲ့ ခင်ပွန်းကို မနက်စာကျွေး၊ ကလေးတွေအတွက် နေ့လည်စာပါထုပ်ပေးပြီး ကျောင်းကို လိုက်ပို့တယ်။
အိမ်ကို အမြန်ပြန်လာ၊ စားပြီး သောက်ပြီးသား စားပွဲရှင်း၊ ပုဂံခွက်ယောက်ေ တွ ဆေးကြော၊ ပြီးတော့ ဈေးသွား၊ ညနေစာအတွက် ဝယ်ခြမ်းပေါ့။ ဈေး က ပြန်ရောက်တော့ နေ့ တစ်နာရီ ထိုးနေပြီ။
ဒါနဲ့ ကလေးအဝတ်အစားတွေ၊ အိပ်ယာခင်းတွေ လျှော်၊ သန့်ရှင်းရေး လုပ်၊ မီးဖိုချောင် ကြမ်းပြင်ကို ရေပတ်တိုက်။
ပြီးတော့ ကလေးတွေ ကျောင်းကြိုဖို့ ပြန်သွား။ အိမ်မှာ ရှိတာ မစားချင်ဘူး ဆိုလို့ ကလေးတွေနဲ့ လမ်းမှာ စကားများ။ သူတို့ကို ရေမိုး အချိုးခိုင်းပြီး ဘီစကွတ်လေး ဘာလေးကျွေး၊ သူတို့ အိမ်စာလုပ်ဖို့ ပြင်ဆင်ပေးလိုက်တယ်။
သူတို့ အိမ်စာလုပ်နေတုံး လျှော်ထားတဲ့ အဝတ်တွေ မီးပူတိုက်ရင်း တီဗွီ ခဏကြည့်။ သူတို့ အိမ်စာလုပ် မလုပ် အကဲခတ်နေရတာနဲ့ တီဗွီ ထဲလည်း စိတ်မရောက်နိုင်ပါဘူး။ ဘာလိုလိုနဲ့ ညနေ လေး နာရီ ခွဲသွားပြီ။

ဒီတော့ မီးဖိုထဲ ပြန်ဝင်၊ အာလူး၊ ကြက်သွန် နွှာ၊ လှီး၊ ညစာ ချက်ဖို့ ပြင်ဆင်။ ကျက်တော့ ရုံးကပြန်လာတဲ့ ယောက်ျား၊ ကလေးတွေနဲ့ ညနေစာစား။ ပြီးတော့ ပုဂံခွက်ယောက်တွေ ဆေးကြော၊ မီးဖိုသန့်ရှင်း။ မနက် ကျောင်းသွားရမှာဆိုတော့ ကလေးတွေကို ချော့မော့ အိပ်ယာ အဝင် ခိုင်း။ မအိပ်ချင်သေးဘူး၊ တီဗွီကြည့်အုံးမယ်၊ ဂိမ်းကစားအုံးမယ် လုပ်နေလို့ ဆူရငေါက်ရ။ သူတို့ အိပ်ပျော်သွားလို့ နာရီကြည့်တော့ ည ကိုးနာရီ ခွဲ။
ဒါနဲ့ မောမောနဲ့ အိပ်ယာဝင်။

သူ သဘောပေါက်သွားတယ်။
မနက် လင်းအားကြီး အချိန်ရောက်တော့
"အဘ ဘုရားရှင်၊ ကျနော်မျိုးကို ယောက်ျား ဘဝသာ ပြန်ပေးပါတော့"

ထာဝရ ဘုရားရှင်ပဲလေ။ မဖြစ်နိုင်ဘူး ဘယ်ပြောပါ့မလဲ။
" ပြန်ပေးရမှာပေါ့ သားရယ်၊ ဒါပေမဲ့ ကိုးလလောက်တော့ စောင့်ပါအုံး။ ညက မင်း ကိုယ်ဝန်ရသွားတယ်။ အဲဒီကလေး မွေးပြီးမှပဲ......... "

လူ့သင်္ခန်းစာထက် ထာဝရဘုရားရှင်ပေးတဲ့ သင်္ခန်းစာက ရက်ပိုရှည်တယ် တဲ့။ ခရစ်ယန်ဘာသာဝင်တို့ ပြောစမှတ်။

ဇင်ဝေသော်
(The World Joke Book)

13/08/2013

မန်ယူကစားကွက်


ဗန်ဂေါလက်ထက်မှာ မန်ယူကစားကွက် ချထားပုံတဲ့။
စိုးရိမ်တတ်တဲ့ မန်ယူပရိသတ်တွေ စိုးရိမ်နေကြရုံပဲ။ တစ်ခြမ်းက ဟောင်းလောင်းကြီး။

မြန်မာ့အစဉ်အလာ ?


လီကွမ်းယုက ပင်လယ်ကမ်းခြေဟာ မြို့ကျက်သရေဆိုပြီး ဟော်တယ်တွေဆောက်၊ ပန်းခြံတွေဆောက်၊ မရီးနားဘေးတွေဆောက်ခဲ့တယ်။
မြန်မာ့အစဉ်အလာက ရေမြင်ရင် အိမ်သာကို အပြင်ထုတ်လိုက်တော့တာပဲ။ မြစ်ဘေးတွေမှာဆို အိမ်သာလေးတွေ တန်းစီလို့။

နတ်သက်မည်မျှ ရှည်သနည်း ( ချောတိုင်တက်ပွဲ )


ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ကြီးက စင်္ကာပူရှိ ရင်းနှီးသော မြန် မာ ဒကာ၊ ဒကာမများကို နှုတ်ခွန်းဆက်သည့်အခါ
" စင်္ကာပူရောက်တာ ဘယ်လောက် ကြာကြပြီလဲ " ဆိုသည့်မေးခွန်းအစား
" နတ်သက် ဘယ်လောက်ရှိပြီလဲ "
ဟု မေးတတ်ကြောင်းဆရာလတ်ထံမှ ကြားရဖူးသည်။ တစ်ခုတော့ ရှိသည်။ ဆရာတော်ကြီးကို လာရောက်ဖူးမြင် သည်ဆိုကတည်းက ထို ဒကာ၊ ဒကာ မများ ကလည်း အခြေကျ၊ အနေ ကျဖြစ်ပြီးသားတွေသာ များပေလိမ့်မည် ဟု တွေးတောရန်ရှိပေသည်။ ဤရဟန်း တွေ့ရတတ်သည်ကား..........

စင်ကာပူမှာရှိနေသူတွေကလည်း ဤမှာ ရင်ဆိုင်ရသော ဘဝ အကျပ် အတည်း၊ ပွင့်လင်းစနိုင်ငံတော်၏ အခြေအနေကြောင့် ပြန်ဖို့ အခွင့် အလမ်းခြောင်းနေကြစဉ် ဟိုမှာရနိုင်သည့် လစာနှင့် အလုပ်အခွင့်အလမ်း တို့ကလည်း သူတို့ကို ဟန့်တားထားပြန်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းက ဘွဲ့ရလက်သစ်တို့ကလည်း ကံစမ်းပြီး ကမ်းတစ်ခုရှာဖို့ ကမ်းကြည့်ငှက်ကလေးများသဖွယ် တဖွဲဖွဲရောက်ရှိနေတာ ကို တွေ့ရဆဲပင်ဖြစ်သည်။

ရဟန်းတော်များကြားမှာတော့ “ကံစမ်း မန်းတက်၊ ဥာဏ်စမ်း ဆန်းတက်” ဟု ဆိုရိုစကားရှိသည်။ မန္တလေးလို ဒိတ်ဒိတ်ကြဲပညာတတ်များ ပေါများရာဒေသ ၌ ဆွမ်းလောက်လောက်ငှငှရရှိလျှင် ကံကောင်းသည်။ ဆန်းကျမ်းတက်ရာ၌ လည်း တစ်ခေါက်မျှဖြင့် ဆန်းအကြောင်းနားလည်လျှင် ဥာဏ်အလွန်ကောင်း သည်ဟု ဆိုလိုသည်။ ထို့အတူ ဘွဲ့ရလက်သစ် လက်ဟောင်းတို့လည်း ကံ စမ်း ပြီး စင်ကာပူကို ရောက်ရောက်လာကြသည်။ ကံကောင်း၍ အလုပ်တစ်ခု ခု ရပြီဆိုလျှင်လည်း မြန်မာပြည်ဝင်ငွေထက် အများကြီးသာနေသည်ပင်။

သူတို့ ကျောင်းထဲကိုရောက်လာရင်း ဘဝ၏ကံ ကော်စေဖို့ ကန့်ကော်ညွန့်ပေး ပါဘုရားဟု တောင်းသူများရှိသလို ဘဝခရီး ဖြောင့်ဖြူဖို့အတွက် ဓမ္မာရုံကို တံမျက်စည်းလှဲ၊ ဗောဓိပင်ခြေ တံမျက်စည်းလှဲ လုပ်သူလေးများကို လည်း တွေ့ ရသည်။
ကျောင်း၏ပတ်ဝန်းကျင်က တရုတ်လွှမ်းမိုးထားသည့်အတွက် (ကြည်ညိုထောက်ပံ့သူ ရာနှုံးပြည့် တရုတ်များဟူလို) တွေ့မြင်ရသော ရဟန်းကိုပင် မရေမရာ မရဲတရဲဖြင့်-
“အရှင်ဘုရားက မြန်မာလား” ဟု မေးတတ်ကြသည်။
အလုပ်ရှုပ်နေလျှင်တော့ “ဟုတ်တယ်” (သို့) ကွမ်း ပလုတ်ပလောင်းဖြင့် စကားပြောမရသဖြင့် ခေါင်းပင်ညိတ်ပြရသည်။ တစ်ခါတစ်ခါမှာတော့ မြန်မာမှန်းသိအောင် ကွမ်းစားတာဟု မဆီမဆိုင် ဆင်ခြေကိုင်မိပြန်သေးသည်။ ထိုကွမ်းက လူမှုရေးအရ မကောင်းလှ။ ကွမ်းစားရင်း စာရေး၊ စာကြည့်လုပ်နေလျှင် ကွမ်းသွေးကို ထွက်မထွေးမိ။

ထိုအခါမျိုးတွင် အကြောက်ဆုံးက စကားလာပြောသူနှင့် တယ်လီဖုန်း လာခြင်းပင်ဖြစ်သည်။ မြုံထားသော ကွမ်းဖီး(လ်) ပျက်လေတော့သည်။ ထို့ကြောင့် အရေးမကြီးလျှင်တော့ ခေါင်းညိတ်လိုက်တာ ကိစ္စပြတ်သည်။ ဤအချက်သည်ကပင် စကားမပြောလိုဟန်လည်း ဆောင်တတ်၏။ မတတ်နိုင်။ တရုတ်ကြောင့်ပင် ( အသည်းအသန် တားကြသည် ) မပြတ် ခဲ့သောကွမ်းက မြန်မာကြောင့်တော့ ပြတ်ဖို့လမ်းမမြင်။ ( အတိုက်အခံ များ စွာဖြင့် သစ္စာရှိရှိစားနေရသော ကွမ်းပါပေ၊ ပြည်ပရောက် ကျောင်းနေဖက် ရဟန်းတော်တစ်ပါးက ကွမ်းမှ မဖြတ်နိုင်ဘဲ ပြည်ပသာသနာပြုဖို့ မစဉ်းစားနဲ့ ဟု မိန့်ဖူးသောကြောင့် အော် သူ့ခမျာ ကွမ်းစားရင်း သာသနာမပြုတတ်ရှာ ဘဲကိုးဟု ကရုဏာပင် သက်မိသေးသည်။ ဤကား စကားချပ်၊ စကားညှပ် )

အလုပ်မရမီ ကုသိုလ်တစ်ခုခု၊ ယတြာတစ်ခုခုလာချေတတ်သူများက အများ အားဖြင့် မိန်းကလေးငယ်ငယ်လေးများ ဖြစ်နေတတ်သည် ။ ယောင်္ကျားေ လး များကို သိပ်မတွေ့ရ။
“ဘုန်းဘုန်းတို့ ကျောင်းအိမ်သာတွေ ဆေးချင်လို့ရမလား”
အလွန်ဖြေရခက်သော မေးခွန်းဖြစ်သည်။ ကျောင်း၏ပုံစံက မြန်မာယဉ်ကျေးမှုပုံစံမဟုတ်။ သန့်ရှင်းရေးကိစ္စကို ကန်ထရိုက်က တာဝန်ယူသည်။ အမှန် တကယ် မလိုအပ်၊ ပွဲကြီးလမ်းကြီး မရှိဘူးဆိုလျှင် သူ့သန့်ရှင်းရေးသမားနှင့် သူ ပြီးပြီးသားဖြစ်၏။ မလိုပါဟုပြောရန်လည်း ခက်မိပြန်သေး၏။ သူက အိမ် သာဝင်ဆေးပြီး အိမ်သာဆေးပစ္စည်းများ တစ်ခုခုကြောင့် သူ့နေရာသူ ပြန် မရောက်လျှင် ပုံမှန်သန့်ရှင်းရေးသမားက ကွန်ပလိန်းတက်သည်။ သူ့ကို လည်း အပြစ်ပြောပြန်၍ မရ။

အရင်ကတော့-
“အလုပ်ရချင်လျှင် ဗောဓိပင်ကြီးဆီသွား ဆုတောင်း၊ ဗောဓိပင်မှာ ဆုတောင်း ရင် အလုပ်မပြောနဲ့ သုဇာတာတို့ ကလေးတောင်ရသေးတယ် " ဟူလည်း ခပ်သောသော လမ်းညွှန်ဖူးသည်။ ဗောဓိပင်မှာ ဆုတောင်းရင်း အလုပ်ရ သွားသူ၊ ကျေးဇူးတင်သူတွေလည်း ရှိသည်။ ယခုတော့ ဤသို့ပင် ပြောခွင့် မ ရပြန်တော့။ ဆုတောင်းရမည့် ဗောဓိပင်ကြီးကိုယ်တိုင် ဓာတ်ကြီးလေးပါး လေ ရမ်းကားကြောင့် အမြစ်ထောင်အောင် လဲကျသွားခဲ့ပြီ။ ဗောဓိပင်မှာလည်း သူ့လောကဓံနဲ့သူ ရှိ၏။ ပြန်စိုက်ထားသော ဗောဓိပင်ကလည်း အဟန့်သေးေ နပြန်သေး၏။
သူတို့လေးတွေ ကျောင်းသန့်ရှင်းရေးလုပ်၊ ဘုရားခန်းထဲမှာ ပရိတ်ကြီးစာ အုပ်လေးချ၊ တဖွဖွရွတ်၊ ပုတီးတဒေါက်ဒေါက်စိပ်နေတတ်သည်မှာ တစ်ရက် မဟုတ်၊ နှစ်ရက်မဟုတ်၊ လနှင့်ချီ၍ပင် ကြာတတ်သည်။ စင်ကာပူ အင်မီ ဂရေးရှင်း ကပေးထားသည့် ဗီဇာထဲက ရက်နှင့်အညီ ဖြစ်ဖို့များလေသည်။ အများအားဖြင့် တစ်လ(သို့) ဆယ့်ငါးရက်၊ ကုန်သွားလျှင် တစ်လတန်သည် ထပ်တိုးလို့ရသည်။

ဤဗီဇာရက်နှင့်အမှီ အလုပ်တစ်ခုခု ရရှိရေးကို စိုးရိမ်နေရသည့်အတွက် သူ တို့ မျက်နှာလေးတွေပေါ်မှာလည်း အပူငွေ့ပါးပါး သန်းနေတတ်သည်။ ထို အခါ ဘုရား၊ တရားကို ပို၍အားကိုး ကိုးကွယ်လာတတ်သည်။ ထို့အတူ လော ကီ အစီအမံတို့ကိုလည်း မယုံကြည်သူတောင် နည်းနည်း ယုံကြည်လာတတ် သည်။ နားလည်လို့ရပါသည်။
တစ်ချို့က အဆက်အသွယ်၊ ဆွေမျိုးစသည် ဤမှာရှိပြီးသားမို့ သွားရင်းဟန် လွဲ လာရောက်ကံစမ်းကြသည်။ တစ်ချို့က အဆက်အသွယ် လုံးဝမရှိ၊ အရဲ စွန့် ထွက်လာခဲ့ကြရသည်။ တစ်ချို့က မိဘကတတ်နိုင်သဖြင့် လမ်းခင်းပေး လို့ ရောက်လာကြသည်။ တစ်ချို့က မိဘတို့ ရှိစုမဲ့စုလေး ရောင်းချပေါင်နှံပြီး အရဲစွန့်ထွက်လာခဲ့ကြရသည်။ စင်ကာပူရောက်လာသူများကလည်း အရော င်အသွေး စုံလင်လှသည်။
မိမိတို့ကျောင်းသို့ရောက်လာသူ၊ အိမ်သာဆေးသူ၊ ဘုရားခန်းသန့်ရှင်းသူ ၊ ဗောဓိပင်အောက် အမှိုက်လှဲသူ၊ ပရိတ်ကြီးစာအုပ် ရှေ့ချရွတ်ဖတ်သူ၊ ပုတီးတစ်ဒေါက်ဒေါက် စိပ်သူတို့က ဒုတိယအမျိုးအစားလေးများတွင် ပါ ဝင်နေတတ်သည်။ အဆင်ပြေစေချင်၊ အလုပ်ရသွားစေချင်ပါ၏။

ကျောင်းမှာ အမြဲလိုလို ရှိနေတတ်သည့် တရုတ်အများစု က မြန်မာလေးေ တွ တော်တယ်၊ အားလုံး ကူညီပေးတယ်ဟု ပြောတတ်ကြသည်။ အထူးသဖြင့် သူတို့ နောက်ဆက်တွဲ ပြောလာသည့်စကားပင်
“ဓမ္မာရုံထဲမှာ သန့်ရှင်းရေးလာလာလုပ်တတ်တဲ့ မြန်မာမလေး မတွေ့တော့ ဘူး” ဟု
မိမိကိုလာပြီး သတင်းပေးသလိုလို လျှောက်တတ်ကြသည်။ သူတို့ကတော့ မြန်မာမလေး မအားတော့လို့၊ သို့မဟုတ် အိမ်ပြောင်းသွားလို့ ဟု ထင်တတ်ကြသည်။

ထိုစကားကိုကြားရတိုင်း ဤရဟန်း ရင်ထဲမှာတော့ အတွေးနှစ်ခုသာရှိပြီး၊ ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားဆိုတာပင် မရေရာတော့ပေ။
“မြန်မာမလေး မလာတော့ဘူး” ဆိုသည့်စကားနောက်ကွယ်၌-
၁။ သူမ အလုပ်ရသွားသဖြင့် သန့်ရှင်းရေး လာမလုပ်နိုင်တော့-
၂။ အလုပ်မရ၊ ဗီဇာရက်ကုန်သွားသဖြင့် စင်ကာပူကို စိတ်အနာကြီးနာကာ ( အကြွေးတစ်ချို့ဖြင့် ) မြန်မာပြည်ပြန်သွားရလေပြီ- ဟူသော အဖြေနှစ်ခုသာ ရှိနေပေတော့သည်။

ဤခံစားချက်က ၂၀၀၇- နောက်ပိုင်းမှာ ပို၍ပို၍ ထူထပ်လာသဖြင့် မိမိ ကိုယ် တိုင်လည်း ပို၍ပို၍ အရေထူလာသလို ရှိနေပေတော့သည်။ ဤပြဿနာများ၏ အခြေခံကား စင်ကာပူမှာမဟုတ်၊ ပြည်တွင်း မှာသာဖြစ် သည်။ ပွဲကြည့်သူ မိမိကိုယ်တိုင်မှာပင် ဤအဖြေနှစ်ခုက ဤမျှ ထိရောက်နေသေးသည်ဆိုလျှင် စိမ်းစိုသောကမ်းတွေ့လေမလားဟု အရဲ စွန့်ခဲ့ရရှာသူ ကာယကံရှင်နှင့် မိသားစုများအတွက်မူ အလွန်အရေးပါသော ဆုံမှတ်တစ်ခု ဖြစ်နေမည်မှာ မုချပါပေ။
အားလုံးအဆင်ပြေကြပါစေဟုသာ။ ။

06/03/2013
 မေတ္တာဖြင့်
သီဟနာဒ