ဟိုက် ဒီမိုကရေစီ


ဟိုက် ဒီမိုကရေစီ ခေါင်းစဉ်အေက်က ဒိုင်နက်စတီများအကြောင်း၊ အရောင်အသွေးစုံလှတယ်။
George H. Bush
ပြီးရင်
George W. Bush
ပြီးရင်
George Z. Bush ကို အမေရိကန်တွေ မျှော်နေကြသလား

အမေရိကန်ပစ္စည်း နဲ့ စီဗီ လိုက်ဇေးရှင်း


အမေရိကန်ပစ္စည်းတွေ ကမ္ဘာအနှံ့လူကြိုက်များလာလို့ အနောက်တိုင်း စီဗီ လိုက်ဇေးရှင်းဟာ ယူနီဗာဆယ် စီဗီလိုက်ဇေးရှင်းဖြစ်လာနေတယ်ဆိုတဲ့ အမြင်ကို ခပ်ထေ့ထေ့ ထောက်ပြလိုက်တဲ့ ဟန်တင်တန်ရဲ့ ပြကွက် တစ် ကွက်ပါ။
"Somewhere in the Middle East a half-dozen young men could well be dressed in jeans, drinking Coke, listening to rap, and, between their bows to Mecca, putting together a bomb to blow up an American airliner."

မိုးတွေ ရွာဆဲပဲလား အဖေ


"ငါ့သား၊ မိုးတွေသိပ်ရွာနေတယ်၊ လယ်ကန်သင်းတွေ ကျိုးကုန်မှာစိုးရတယ်။ အဖေတို့ လယ်ထဲဆင်းကြည့်ရအောင်"
အိပ်နေတဲ့ ကျနော့်ကို အဖေက တိုးတိုးလေး လှုပ်နှိုးပါတယ်။ လယ်က ရွာနဲ့ သုံးမိုင်လောက်ဝေးမယ် ထင်တယ်။ အိပ်ယာက မထချင်ထချင် ကျနော်က
"အဖေ၊ ကျုပ် ဖိနပ်သည်းကြိုးပြတ်နေတယ်၊ စီးလို့မရတော့ဘူး"
"အဖေ့ဖိနပ်ကို စီး၊ ပေါက်ပြားကိုယူ၊ လာ အမြန်သွားရအောင်"
ဒီလိုနဲ့ ရွာကထွက်ခဲ့ကြတယ်။ ခပ်တည်းတည်း အဖေ့ဖိနပ်ကလည်း ချောင်း ကိုကျော်တော့ ပြတ်သွားပြန်ရော။
ဒီတော့ တောသား၊ လယ်သမား၊ သိန်းဖေမြင့် အသည်းစွဲ၊ လက်ဝဲယိမ်းတဲ့ အဖေက
"ခရီးက မဆုံးသေးတော့ ဖိနပ်မပါလည်း ဆက်လျှောက်ရမှာပဲ ငါ့ သားရေ။ ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့" လို့ ပြောခဲ့ပါတယ်။
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့..
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့....
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့......
ကျနော်တို့ မောလျတိုင်း အဖေတွေက ရေတိုက်ရင်းခရီးပြင်းကို မောင်းနှင်နေ တတ်ပါတယ်။

"ငါ့သား၊ မိုးတွေသိပ်ရွာနေတယ်၊ လယ်ကန်သင်းတွေ ကျိုးကုန်မှာစိုးရတယ်။ အဖေတို့ လယ်ထဲဆင်းကြည့်ရအောင်"
အိပ်နေတဲ့ ကျနော့်ကို အဖေက တိုးတိုးလေး လှုပ်နှိုးပါတယ်။ လယ်က ရွာနဲ့ သုံးမိုင်လောက်ဝေးမယ် ထင်တယ်။ အိပ်ယာက မထချင်ထချင် ကျနော်က
"အဖေ၊ ကျုပ် ဖိနပ်သည်းကြိုးပြတ်နေတယ်၊ စီးလို့မရတော့ဘူး"
"အဖေ့ဖိနပ်ကို စီး၊ ပေါက်ပြားကိုယူ၊ လာ အမြန်သွားရအောင်"
ဒီလိုနဲ့ ရွာကထွက်ခဲ့ကြတယ်။ ခပ်တည်းတည်း အဖေ့ဖိနပ်ကလည်း ချောင်း ကိုကျော်တော့ ပြတ်သွားပြန်ရော။
ဒီတော့ တောသား၊ လယ်သမား၊ သိန်းဖေမြင့် အသည်းစွဲ၊ လက်ဝဲယိမ်းတဲ့ အဖေက
"ခရီးက မဆုံးသေးတော့ ဖိနပ်မပါလည်း ဆက်လျှောက်ရမှာပဲ ငါ့ သားရေ။ ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့" လို့ ပြောခဲ့ပါတယ်။



ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့..
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့....
ဖိနပ်မပါရင် ဆူး၊ ခလုတ်ကို ပိုပြီးဂရုစိုက် ပေါ့......
ကျနော်တို့ မောလျတိုင်း အဖေတွေက ရေတိုက်ရင်းခရီးပြင်းကို မောင်းနှင်နေ တတ်ပါတယ်။

ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်


ဒီလ ပိတောက်ပွင့်သစ်ထဲက ကဗျာပါ။ အာစီယံညက ရေးထားတဲ့ကဗျာကို ဖြည့်ထားတာပါ။ ပိတောက်ပွင့်သစ်မှာ အရင်လက ပုဂံ၊ ဒီလ အင်းဝဆိုတော့ တစ်လတော့ နောက်ကျနေခဲ့ပါတယ်။
.......................................................................................

"(အဲဒီနေရာမှာပဲ)
ရှင်အရဟံရဲ့ဓမ္မနဲ့ အနော်ရထာရဲ့ ခေါင်းကို
ခပ်ဖွဖွ သုံးသပ်လိုက်တော့
ထေရဝါဒ ပဋိသန္ဓေလည်း တည်သွားရော တဲ့"

တို့ မြန်မာတွေအတွက်
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေးတယ်။

အနိရုဒ္ဓ
အနုရုဒ္ဓ
ကြိုက်သလိုခေါ်ကြ
ငါတို့အသံနဲ့ ငါတို့ပဲ
အနော်ရထာကို တို့ ဦးညွတ်ကြတယ်။

နိုင်ငံသစ်တစ်ခု မွေးဖွားဖို့
ဗလိနတ်စာ လက်သည်ကို အားကိုးလို့ ရမတဲ့လား
ပုဂံမှာ..
အနော်ရထာမှာ...
လူသားအရင်းအမြစ်
သဘာဝအရင်းအမြစ်တွေ ရှိတယ်။

ကျန်စစ်က ကာကွယ်ရေး
ငထွေရူး
ညောင်ဦးဖီး
ငလုံးလက်ဖယ်တို့ က HR အရာရှိ ကြီးတွေ။

သူ့မှာ...
ပုဂံမှာ...
အနော်ရထာမှာ...
လွင်ပြင်ကျယ်တွေရှိတယ်
ရေဆိုတာ မြင့်ရာက နိမ့်ရာကိုပဲ စီးတယ်။

သူ့မှာ....
ပုဂံမှာ....
အနော်ရထာမှာ....
မြစ်ကြီးတွေရှိတယ်
မြစ်ထဲမှာ ရေတွေရှိတယ်
မဟုတ်ဘူး မှားလို့
အနော်ရထာက
"မြစ်ထဲမှာ ဆန်စပါးတွေ ရှိတယ်" တဲ့။

ဂေါတမဗုဒ္ဓရဲ့ သား ဆိုသူမှာ
မည်းညစ်တဲ့ပေါ်လစီတွေ မရှိပါဘူး
ရေလာ မြောင်းပေး အဓမ္မအနှစ်ချုပ်ကို
အသားမည်းမည်း ဘီလူးရင်အုပ်နဲ့ ဘုရင်ငယ့် ခေါင်းထဲ
ရိုက်ထည့်ပေးလိုက်တော့
ဖန်ခွက်တစ်လုံး ကဗျာဆန်ဆန် လွတ်ကျသွားသလို
အဝိဇ္ဇာတွေ နုနုရွရွ ဖြန်းဖြန်းကွဲကျပြီး
(အဲဒီနေရာမှာပဲ)
ရှင်အရဟံရဲ့ဓမ္မနဲ့ အနော်ရထာရဲ့ ခေါင်းကို
ခပ်ဖွဖွ သုံးသပ်လိုက်တော့
ထေရဝါဒ ပဋိသန္ဓေလည်း တည်သွားရော တဲ့။

"အပ္ပမာဒေါ အမတံ ပဒံ"
မမေ့ မသေ၊ မေ့သေ မေ့သေ။

"ယေ ဓမ္မာ ဟေတုပ္ပဘာဝါ"
အကြောင်းတရားတွေ ဖြည့်
မပြည့်သေးရင် ထပ်ဖြည့် .. ဖြည့်.... ဖြည့်
ဆုမတောင်းနဲ့ အကျိုးတရားက
သူ့ အလိုလိုလာတယ်
ကြိုလို့သာ ပန်ဆင် စားသုံးတော့။

မြန်မာအကြောင်း ပြန်ပြောတိုင်း
ပုဂံက ခြင်္သေ့တစ်ကောင်လို လှမ်းလှမ်းဟောက်တယ်။
(သတိထားကြ)
မြန်မာအကြောင်း ပြန်ပြောတိုင်း
အနော်ရထာက မျက်မှန် ကျော်ပြီး ကြည့်သလို ကြည့်တယ်။
(သတိထားကြ)
မြန်မာအကြောင်း ပြန်ပြောတိုင်း
ကျန်စစ်သားက လှံနဲ့ လှမ်းလှမ်းရွယ်တယ်။
(သတိထားကြ)

ဘာမှ မမြဲဘူးဆိုတဲ့ကြားကနေပဲ
တို့ မြန်မာတွေအတွက်တော့
ပုဂံက ဖုန်တွေဟာ နှင်းဆီလိုမွှေး.....ဆဲ။



 

မြောက်ကိုရီးယား (သို့မဟုတ်) ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသူ(၂ )


လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်
(ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ)

"တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ်ကိုရီးယား နှစ်နို င်ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယား ကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်းသွားပြီဆိုရင် တောင်ကိုရီး ယားက ဦးစီးမိသွားမယ်........ ယေဘုယျအနေနဲ့ ပြောရရင် ကိုယ့်အိမ်နီး ချင်းတွေ အကြပ်ရိုက်နေရင် တရုတ်အနေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိမယ့် အနေအထား မဟုတ်လား" 
(လီကွမ်းယု)

အခုတလော နှစ်တွေအတွင်းမှာ မြောက်ကိုရီးယားက စစ်ရေးအရ ပါဝင်တိုက် ခိုက်မှုတွေ ရှိနေခဲ့တယ်။ တောင်ကိုရီးယား စစ်သင်္ဘော ချီယုံနန် (Cheonan) ကို နှစ်မြှုပ်ပစ်ခဲ့တယ်၊ ယောင်ပြုန်းကျွန်း (Yeonpyeong) ကို အပိုင်စီးထား တယ်။ ဒီပဋိပက္ခနှစ်ခုအတွင်းမှာ တောင်ကိုရီးယားလူမျိုး (၄၈) ဦး သေဆုံး ခဲ့တယ်။ အဲသလို စစ်မက်လိုလားတဲ့ အပြုအမူတွေဟာ ငြိမ်းလုနီး ဖရောင်း တိုင် ပြန်တောက်တဲ့ သဘောမျိုး ဖြစ်နိုင်သလို သူတို့ နျူးကလီယား စီမံကိန်း ရှိနေပြီဆိုတာ သက်သေပြချင်တဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ဘယ်လောက်ပဲ ဆင်ခြင်တုံ တ ရားမဲ့မဲ့ သူတို့ မကျော်သင့်တဲ့ စည်းကို ကျော်လို့ မရဘူးဆိုတာလောက်တော့ သိထားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီလိုတွေလုပ်ပြီး အောင် ပွဲခံနေကြတာကလည်း ဆိုးဆိုးရွားရွား လက်တုန့်ပြန်မှုတွေ မခံကြရသေးလို့ ပဲ ဖြစ်နိုင်ပါတယ်။ တချို့ စောင့်ကြည့်အကဲခက်သူတွေ ဝေဖန်သလို အာဏာ လက်လွှဲယူလာမယ့် ကင်ဂျုံအန်းကို သူတို့ စစ်အင်အား ဘယ်လောက်ရှိတယ် ဆိုတာ ပြချင်ကြလို့လည်း ဖြစ်နိုင်ပါတယ်။



အလားတူပါပဲ၊ တောင်ကိုရီးယားအနေနဲ့ကလည်း ပြန်လည်ပူးပေါင်းဖို့ကိစ္စကို အလျင်စလို မဖြစ်ချင်လောက်ပါဘူး။ စစ်ဖြစ်ဖို့ဆိုပြန်တော့လည်း သူတို့မြို့ေ တာ် ဆိုး(လ်) က မြောက်ကိုရီးယား စစ်လက်နက်တွေနဲ့ အလှမ်းဝေးလှတာ မဟုတ်ဘူး။ စစ်ပွဲမှာ တောင်ကိုရီးယားက နိုင်လိုက်တယ်ဆိုရင်တောင်မှ မြို့တော်ကတော့ ပျက်စီးသွားမှာပါ။ နောက်ပြီး ဆိုး(လ်) မြို့မှာ ရှိတဲ့ လူထု က တောင်ကိုရီးယားတစ်နိုင်ငံလုံး လူဦးရေရဲ့ ငါးပုံတစ်ပုံလောက် ရှိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် ပေါင်းစည်းဖို့ ကျပြန်တော့လည်း တောင်ကိုရီး ယားက လိုလိုချင်ချင် မရှိနိုင်ပြန်ဘူး။ သူတို့ရဲ့ ရေရှည်ရည်မှန်းချက်က ပြန်လည်ပူးပေါင်းရေး ဆိုပေမဲ့ နှစ်ဦး သေ ဘာတူ ပြန်လည်ပူးပေါင်းကြဖို့ဆိုရင် တောင်ကိုရီးယားက စီးပွားရေးအရ အများကြီး အရှုံးပြသွားလိမ့်မယ်။ ဒီတော့ မြောက်ကိုရီးယားရဲ့ စီးပွားရေး မကောင်းခင် တက်နိုင်သလောက်တော့ အချိန်ဆွဲထားဖို့ တောင်ကိုရီးယားက ဆန္ဒရှိနေမှာ သေချာပါတယ်။ တောင်မြောက်ကိုရီးယား ပူးပေါင်းရေးက အရှေ့အနောက်ဂျာမဏီ ပူးပေါင်းရေးထက် နှစ်ဆသုံးဆပိုပြီး အခက်အခဲ ရှိ ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြောက်ကိုရီးယားရဲ့ အခြေအနေက အရှေ့ ဂျာမဏီထက် အများကြီး ပိုဆိုးနေလို့ပါ။ ဒါသာဖြစ်တယ်၊ အရှေ့အနောက် ပူးပေါင်းပြီးတဲ့နောက် ဂျာမဏီ ရင်ဆိုင်ရတဲ့ အခက်အခဲက မသေးလှပါဘူး။

တစ်ခု ပြောစရာ ရှိတာက
“ကဲ … ငါတို့ ပူးပေါင်းကြစို့”၊
နောက်ထပ် ပြောစရာ စကားတစ်ခွန်းက
“ငါတို့ လူနေမှုအဆင့်အတန်းအထိ မင်းတို့ရောက်လာအောင် မင်းတို့ကို
ငါတို့ကျွေးမွေးထားမယ်” ပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားအနေနဲ့က မြောက်ကိုရီးယား ဖြည်းဖြည်းချင်းတံခါးဖွင့် လာတာကို လိုချင်ကြတယ်။ ကြာလေ ကောင်းလေ သဘောပါ။ အမှန်တ ကယ် ပူးပေါင်းမှု မလုပ်ခင် ပြုပြင်ပြောင်းလဲမှုတွေ ဆယ်စုနှစ်ချီပြီး ပြုလုပ်မှာ ကို တောင်ကိုရီးယားက သဘောတွေ့မှာ သေချာပါတယ်။

၁၉၅၀ - ခုနှစ်တွေက ကိုရီးယားစစ်ပွဲမှာ အဓိကပါဝင် ပတ်သက်ခဲ့ကြတဲ့ အမေရိကန်နဲ့ တရုတ် စူပါပါဝါကြီးတွေကလည်း လက်ရှိအနေအထားအပေါ် မကျေမနပ် မရှိကြပါဘူး။ ဒီအတိုင်းလေး မဟုတ်ဘူးဆိုရင် အခြေအနေက ဒီထက်ဆိုးသွားနိုင်မယ် မဟုတ်လား။ အမေရိကန်တွေဆိုရင်လည်း အီရတ်နဲ့ အာဖဂန်နစ္စတန် စစ်ပွဲနှစ်ပွဲအတွက် စစ်အသုံးစရိတ်တွေနဲ့ ဖတ်ဖတ်မောေ နချိန်ဆိုတော့ နောက်ထပ်စစ်ဖြစ်ဖို့ ခံတွင်းပျက်နေကြပါပြီ။ တောင်ကိုရီးယား ကို ကာကွယ်ဖို့အတွက် အမေရိကန်က လက်နှေးမှာ မဟုတ်ဘူးဆိုတာ သံ သယရှိစရာ မလိုပေမဲ့ ဒီအနေအထားလေးအတိုင်း နှစ်ပေါင်း အတော်ကြာေ အာင် ရှိနေဖို့တော့ သူတို့ မျှော်လင့်နေကြမှာပါ။

တရုတ်ကတော့ စစ်ရေးနဲ့ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးနဲ့ပဲဖြစ်ဖြစ် ကိုရီးယား နှစ်နိုင် ငံ ပေါင်းစည်းသွားမှာကို မလိုလားပါဘူး။ သူတို့က အခု မြောက်ကိုရီးယားကို ရုပ်သေးရုပ်လို ဆက်ဆံနေတာပါ။ ပေါင်းစည်းသွားပြီ ဆိုရင် တောင်ကိုရီး ယားက ဦးစီးမိသွားမယ်၊ ဒါဆိုရင် အမေရိကန် ရေတပ်က တရုတ် ကိုရီးယား နယ်စပ်ဖြစ်တဲ့ ယာလုမြစ် (Yalu River) အထိ ရောက်လာကြလိမ့်မယ်။ အမေရိကန် ရေတပ်သင်္ဘောတွေ သူတို့နိုင်ငံ ခြေရင်းအထိ ရောက်လာမှာက တရုတ်အတွက် မနှစ်မြို့စရာ မဟုတ်လား။ ပြီးတော့ ဒီအကြောင်းဟာ ကိုရီး ယားစစ်ပွဲ ဖြစ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းထဲမှာ ပါဝင်နေတယ်။ သူတို့နှစ်နိုင်ငံ ပေါင်းစည်းမိသွားရင် အမေရိကန်တပ်တွေ ဆုတ်ပေးပါမယ်လို့ အမေရိကန်တွေက သဘောတူခဲ့မယ်ဆိုရင်တောင် ဒီပေါင်းစည်းမှုသတင်းက တရုတ်ပြည်အတွက် သတင်းကောင်း မဖြစ်နိုင်ပါဘူး။ (အမေရိကန်တပ်တွေ ဆုတ်ခွာဖို့က ရာခိုင်နှုန်း အတော်နည်းပါတယ်။)
သူတို့နယ်စပ်မှာ အားကောင်းလာတဲ့ ကိုရီးယားကို တရုတ်က ဘယ် မြင်ချင် မှာလဲ။ ယေဘုယျအနေနဲ့ ပြောရရင် ကိုယ့်အိမ်နီးချင်းတွေ အကြပ်ရိုက်နေ ကြရင် တရုတ်အနေနဲ့ ပိုပြီး သက်သောင့်သက်သာ ရှိမယ့် အနေအထား မဟုတ်လား။

ဆက်ရန်