စထရိတ်တိုင်းမ်က မြန်မာလိုတွေ ဖော်ပြနေတယ်။


ဒါ အရင်နေ့က (ဒီဇင်ဘာ ၃ ရက်) စထရိတ်တိုင်းမ်မှာ တွေ့လိုက်ရတဲ့ပုံပါ။ ဘယ်မှာ ရိုက်ထားလဲတော့ မသိ။ ချောင်းသာက ကောင်လေးတစ်ယောက် ပျောက်သွားကြောင်း၊ စစ်တပ်ထဲ ဖျာယောင်းပြီး ခေါ်သွားတာလို့ နောက်ဆုံးသိရကြောင်း စစ်သားစုစောင်းရေသမားက ကလေးတစ်ယောက် ရရင် ဒေါ်လာ ၃၀ နဲ့ ညီမျှတဲ့ငွေ၊ ဆန်၊ ဆီ စသည်လည်းရကြောင်း အခုတော့ ဒါမျိုးဆက်မလုပ်ဖို့ အစိုးရက ကတိပြုထားကြောင်း စသည် စသည် ပါ။ မှန်ရင်တော့ စစ်သားစုစောင်းရေ ဘစ်စနစ် ထိပြီပေါ့။ ကုသိုလ်ရချင်လို့ လို့ပဲ မှတ်လိုက်ကြပေါ့။

ဂျာမဏီအမှားကို တရုတ် ရှောင်ရမယ်


ဒီနေ့ ဖတ်စရာ ဆောင်းပါးကောင်းတွေများလှပါတယ်။ ဒီအထဲမှာ ဂျာမဏီ အမှားကို တရုတ် ရှောင်ရမယ် (China must avoid imperial Germany's errors) ဆိုတဲ့ The Financial Times ဆောင်းပါးကို အချိန်ကြောင့် နုတ်ပဲ တင်ပေးလိုက်ပါတယ်။

၁၉ ရာစုဂျာမဏီ

*ဒီမိုကရေစီကမ္ဘာရဲ့ စီးပွားရေး အေးနေချိန် အာဏာရှင်နိုင်ငံစီးပွားရေး အားကောင်းနေ။
*တရုတ်ဟာ ၁၉ ရာစု (အာဏာရှင်)ဂျာမဏီလိုဖြစ်နေ။ ဘယ်လို အဆုံးသတ် ခဲ့သလဲဆိုတာ အားလုံးအသိ။
*တရုတ်က လေကြောင်းကာကွယ်းရေးဇုန် သတ်မှတ်။ *ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်တွေက အသိအမှတ် မပြု။ *မလိုက်နာလို့ ခရီးသည်တင်လေယာဉ်ကို တရုတ်က ပစ်ချမှာလား။
*ဒါဆို ဒါကိုကြည့်။
*ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးကနေ ပထမ ကမ္ဘာစစ်ဖြစ်ခဲ့။ *အဲဒီကတည်းက ဥရောပ နာလန်မထူ။
*၂၅ နှစ်ကြာတော့ ဒုတိယစစ်ပွဲ ထပ်ဖြစ်။ ဖွတ်ဖွတ်ညက်ညက် ကျေ။
*တရုတ်သမ္မတက တရုတ်အမျိုးသားရေးဝါဒပြင်းပြင်း။ *ဂျပန်ဝန်ကြီးချုပ်ကလည်း သူ့အောက်မလျော့။
*အမေရိကန်က ဂျပန်ရဲ့ ကာကွယ်ရေး တာဝန်ယူထားသူ။ *ဘာတွေဖြစ်လာနိုင်သလဲ။

၂၀ ရာစု ဂျာမဏီ

*၂၀ ရာစု ဂျာမဏီက ဗြိတိန်ကို စစ်ချီတယ်။
*ဒီကိစ္စထဲ ပြင်သစ်က ကြားဝင်လို့ မော်ရိုကိုကို ဂျာမဏီက စစ်သင်္ဘော လွှတ်ပြန်တယ်။
* ဗြိတိန်နဲ့ ပြင်သစ်ဆက်ဆံရေးကို သွေးတိုးစမ်းတာ။
*အခု တရုတ်က ဂျပန်နဲ့ တောင်ကိုရီးယားကို သွေးတိုးစမ်းနေ။
* ဗြိတိန်က ယက်ကန်ယက်ကန်နဲ့ ပါနေရ။ *တရုတ် တောင်လုပ်မြောက်လုပ်ကြောင့် ခေါင်းကိုက်နေတာက အမေရိက။

*ကြားလူတွေရဲ့ အမြင်အရ တရုတ်ဟာ ပင်လယ်ထဲက ကျောက်တုံးတွေ အတွက် (လက်ရှိ ဂျပန်ရဲ့ထိမ်းချုပ်မှုအောက်မှာရှိနေဆဲ) နိုင်ငံစီးပွားရေးကို ထိုးကျွေးနေ။
*သူနိုင်ငံ စီးပွားတက်တယ်ဆိုတာ နိုင်ငံအလိုက် အခြားနိုင်ငံတွေကို မှီဖို့ အများကြီး လိုနေသေးဆဲ။
*ဒီပွဲ တရုတ်နိုင်ကောင်းနိုင်မယ်။ သူတို့ ဘယ်လို အရှုံးတွေ ပြန်ရမလဲ။
*စစ်။
*တရုတ်စစ်အင်အားက အမေရိကန်ကို မှီဖို့ အများကြီးလိုသေး။
*အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား (မဟာမိတ် တပ်ပေါင်းစုဆို) ဝေးရော။
*ပစိဖိတ်ကို အမေရိကန်က ထိမ်းချုပ်ထားဆဲ။
*တရုတ်နဲ့ ကမ္ဘာ ဆက်သွယ်ရေးလမ်းကြောင်းကို ပစိဖိတ်ကနေ အမေရိကန်က ဖြတ်တောက်နိုင်။ ဒါဆို စီးပွားရေးပါ ထိခိုက်။
*တရုတ်နဲ့ ကမ္ဘာ ဆက်သွယ်ရေးလမ်းကြောင်းပြတ်ရင် အမေရိကန်နဲ့ မဟာ မိတ်တွေကို ထိမှာထက် တရုတ်က ပိုအထိနာမယ်။
*တရုတ် စီးပွားရေးဟာ ကုန်ကြမ်းအတွက် သွင်းကုန်ကို အားပြုရဆဲ။ *နည်းပညာအတွက် ပြည်ပ ပညာရှင်အကူအညီ လိုဆဲ။ *အနောက်နိုင်ငံကြီးတွေနဲ့ ဂျပန် တောင်ကိုရီးယား ကုမ္ပဏီတွေ ထွက်သွား ရင် နည်းပညာတစ်ဝက်တစ်ပျက်နဲ့ ကျန်ခဲ့မယ်။

ကိုယ့်လူမျိုးကို ချစ်တာ၊ အတိတ်ကို မမေ့နိုင်တာက သာမန်လူသား ဆန် လွန်း၊ တက်သစ်စ စူပါပါဝါရဲ့ ခေါင်းဆောင်က တစ်ကြိမ်လောက် (သို့) တစ်ဝက်လောက် ထပ်စဉ်းစားသင့်။ ပင်လယ်ထဲက ကျောက်တုံးနဲ့ နိုင်ငံစီးပွားရေး။

ရတနာမြေပုံ (2) - ကမ္ဘာ့အတော်ဆုံး ကလေးများ


By amanda ripley

ရတနာမြေပုံ (2)

“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး”
(အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) )

သက္ကရာဇ် ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၉ ခုနဲ့ ၂၀၁၂ ခုတွေမှာ တစ်ကမ္ဘာလုံးနီးပါး က ကျောင်းသားတွေ ပီစာ စာမေးပွဲ ၀င်ရောက် ဖြေဆိုကြပါတယ်။ ၂၀၁၂ ခုမှာ ဆိုရင် ၀င်ရောက်ဖြေဆိုတဲ့ နိုင်ငံတွေ တိုးပွားလာလို့ မေးခွန်းကိုပဲ ဘာသာစကားပေါင်း (၄၀) ကျော်နဲ့ ရိုက်နှိပ်ရပါတယ်။ စာမေးပွဲ စစ်ပြီးတိုင်း စိတ်ထဲထင်ထားတာနဲ့ မဆိုင်တဲ့ အဖြေတွေ ထွက်လာတာချည်းပါပဲ။ ပထမ ဆုံးအချက်ကတော့ အာရှကကျောင်းသားတိုင်း တော်တာ မဟုတ်ဘူးဆိုတာ ပါ။ နောက်ပြီး တီထွင်ကြံဆမှုမှာ အမေရိကန် ကလေးတွေကို ဘယ်သူမှ လိုက် မမီဘူး ဆိုတာ မဟုတ်ဘူးလို့လည်း ပြသနိုင်ခဲ့ပါတယ်။ ပီစာ စာမေးပွဲ မှာ အခြားအခြားသော နိုင်ငံတွေက ကလေးတွေရဲ့ တည်ထွင်ကြံဆ မှု လည်း လိုအပ်နေဆဲပါ။

ပညာရေးမှာ ငွေဟာ အရေးပါလှတယ်လို့လည်း မဆိုနိုင်ပြန်ဘူး။ ကမ္ဘာ့ ပညာရေးမှာ ရှေ့တန်းက တက်လာတဲ့ ကလေးတွေရဲ့ မိဘတွေ ပညာသင် စရိတ် သုံးစွဲတယ်ဆိုတာ အမေရိကနဲ့ ယှဉ်လိုက်ရင် ဘယ်နိုင်ငံမဆို နည်းနေ တုန်းပါပဲ။ ပညာရေးမှာ မိဘတွေရဲ့ ပါဝင်ပတ်သက်မှု အကျိုးသက်ရောက်ပုံ ကလည်း မသဲမကွဲပါ။ ပညာရေးစူပါ ပါဝါနိုင်ငံတွေက မိဘတွေဟာ ကလေး ရဲ့ပညာရေးနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု သိပ်မရှိလှပါဘူး။ ပုံစံမတူတဲ့ ပါဝင်ပတ်သက်မှုမျိုးတော့ ရှိတာပေါ့။ အားရှိစရာ အကောင်းဆုံးအချက် ကတော့ တော်လှပါတယ် ဆိုတဲ့ ကလေးတစ်ယောက်ကိုယ်တိုင်ပင် အမြဲ တန်းကြီး တော်နေတာတော့ မဟုတ်ဘူး ဆိုတာ ပါ။

သမိုင်းဆိုင်ရာ စစ်တမ်းတွေအရ ဖင်လန်နိုင်ငံက ကလေးတွေဟာ လည်း မွေးကတည်းက တော်လာ ကြတာ မဟုတ်ဘူး။ အခု လက်တလောနှ စ်တွေမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေကသာ တဖြည်းဖြည်းနဲ့ တော် လာတာပါ။ အပြောင်းအလဲတွေလုပ်ရင်း မျိုးဆက်တစ်ဆက်အတွင်းမှာပဲ သိ သိသာသာ ကြီး တော်လာခဲ့တာပါ။ (စာရေးသူ ဆိုလိုတာက အရင်မျိုးဆက် မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ မတော်လှဘူး၊ အခုမှ တော်လာ တာ၊ အစဉ်အလာအရ တော်နေရမယ်ဆိုရင် အရင်မျိုးဆက် ကလေးတွေ လည်း ဒီမျိုးဆက် ကလေးတွေလိုပဲ တော်နေရမယ်လို့ ကောက်ချက် ဆွဲ ကြည့်တာပါ)
ဒီ အချက်အလက်တွေလည်း ပြန့်သွားရော ရှလေချာကိုယ်တိုင်လည်း ကမ္ဘာကျော် ဆယ်လစ်ဘရစ်တီ ဖြစ်သွားတော့တာပါပဲ။ သူကပဲ ကွန်ဂရက် ထဲမှာ အမေရိကန် ပညာရေးဝန်ကြီး သိလိုတာတွေကို ဖြေပြီးပညာရေး ၀န်ကြီးကိုလည်း အကြံဉာဏ်တွေ ပြန်ပေးထားခဲ့တယ်။

အမေရိကန် ပညာရေးဝန်ကြီး အန်းဒွန်ကန် (Arne Duncan) က
“ကမ္ဘာ့ပညာရေးနဲ့ ပတ်သက်လို့ ဘယ်သူမှ ဒီလူလောက် မသိဘူး။ သူက ကျွန်တော့်ကို အမှန်တွေပဲ ပြောခဲ့တယ်။ ကျွန်တော် သိသင့်တာကို ပြော ခဲ့တာ၊ ကျွန်တော်ကြားချင်တာကို ပြောခဲ့တာ မဟုတ်ဘူး” တဲ့။
ယူကေ ပညာရေးဝန်ကြီး မိုက်ကယ် ဂေါ့ဖ် (Michael Gove) ကတော့
“အင်္ဂလိပ် ပညာရေးအတွက် အရေးအပါဆုံးလူ” တဲ့။ ရှလေချာက ဂျာမန် လူမျိုး၊ ပြီးတော့ ပြင်သစ်မှာ နေထိုင်နေသူဆိုတာတောင် သူ ဂရုစိုက် မနေ မိတော့ပါဘူး။
ကမ္ဘာ့နေရာတိုင်းမှာပဲ ပီစာ စာမေးပွဲနဲ့ ပတ်သက်လို့ ဝေဖန်သံတွေလည်း ရှိနေတာပါ။ တချို့ကလည်း ဒီစာမေးပွဲဟာ ယဉ်ကျေးမှုကို အခြေခံပြီး စစ်ဆေးတဲ့ စာမေးပွဲ၊ အလွဲလွဲ အချော်ချော်တွေ ရှိတယ်လို့ ဆိုကြပါ တယ်။ တချို့ကလည်း အမေရိကရဲ့ ကျောင်းပေါင်း (၁၆၅) ကျောင်းက ကျောင်း သားပေါင်း (၅၂၃၃) ယောက် ကိုပဲ ခေါ်ယူစစ်ဆေးတာဟာ တစ်နိုင်ငံလုံးရဲ့ ပညာရေးကို မထင်ဟပ်စေနိုင်ပါဘူး လို့ ဆိုကြပြန်ပါတယ်။ တော်တော် များ များ ပြောကြတာကတော့ ရှလေချာနဲ့ သူ့အဖွဲ့ဟာ စာမေးပွဲရမှတ်လောက် ကိုပဲ မှတ်တန်း ယူထားသင့်တယ်။ ဘာ့ကြောင့် အမှတ်နည်း၊ အမှတ်များရ တာလဲ စတဲ့ တောင်တွေးမြောက်တွေးတွေ ဆက်တွေး မနေသင့်ဘူးလို့ ဆို ကြပါတယ်။

ရှလေချာ ကိုယ်တိုင်ကလည်း ဒီလို ဝေဖန်မှုတွေအပေါ် တော်တော်များများ တုန့်ပြန်မှုပေးခဲ့ပါတယ်။ ပီစာ စာမေးပွဲဟာလည်း ပါဖက်ဖြစ်တဲ့ စာမေးပွဲ မ ဟုတ်သေးဘူး။ ဒါပေမဲ့ ရှေးမှာရှိခဲ့တဲ့ စာမေးပွဲစနစ်တွေ အားလုံးထက်တော့ ပီစာက ပိုပြီးကောင်းတယ်၊ တိတိကျကျပြောနိုင်တယ်လို့ ၀န်ခံစကား ဆိုခဲ့ပါ တယ်။
သမ္မာ ကျမ်းစာ အုပ်ရောင်းတဲ့ လူတစ်ယောက်လိုပါပဲ။ သူက ရောက်တဲ့နိုင်ငံ တိုင်းမှာ ပီစာ စာမေးပွဲရဲ့အဖြေတွေကို ပါဝါပွိုင့် စလိုက်ရှိုးတွေ ပြ ပြပြီး လူစုရင်းရောင်းချခဲ့တယ်။ အဲဒီမှာ သူပြတဲ့အဓိက စာကြောင်းလေးက
“အချက်အလက်တွေနဲ့ မပြနိုင်ရင် ခင်ဗျားဟာ အမြင်ရှိတဲ့ သာမန် လူ တစ်ယောက်ပါပဲ” တဲ့။

စာမေးပွဲရဲ့လေယာဉ်မှူး

သက္ကရာဇ် ၂၀၁၀၊ ၀ါရှင်တန်ဒီစီမှာ ရှလေချာကိုပထမဆုံးကျွန်မ သွားေ ရာက်တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့များပြားလွန်းလှတဲ့ အစည်းအဝေးတွေအကြား ခဏလေးအနားယူခိုက်မှာ တွေ့ဆုံဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ရှလေချာ ဟာ ခေါင်းမွှေးဖြူဖြူ မွဲညစ်ညစ် မုတ်ဆိတ်မွှေးတွေနဲ့ပါ။ သူဟာ ကြည့်ပျော် ရှုပျော် ရှိပါတယ်။ ဒါပေမဲ့တစ်ခုခုကို စူးစိုက်နေပုံတော့ပေါက်နေတယ်။
ပီစာ ကို အထင်တကြီးဖြစ်မိပါတယ်။ ဒါပေမဲ့ သံသယနဲ့ပဲလို့ကျွန်မက သူ့ကိုပြောမိတယ်။ အမေရိကဟာ အချိန်တွေငွေတွေအကုန်ခံပြီး ပညာရေးနဲ့ ပတ်သတ်တဲ့ သုတေသနတွေကမ္ဘာ့နိုင်ငံ အားလုံးထက်ပိုလုပ်ခဲ့တယ်။ အနာ ဂတ်ရဲ့ရတနာ(ကျောင်းသား)လေးတွေနဲ့ပတ်သတ်လို့ ဖတ်မကုန် ရှုမကုန်ေ လာက်တဲ့ အချက်အလက်တွေ ရှိတယ်။ အခုပီစာစာမေးပွဲက ကျွန်မတို့ ကလေးတွေဖြေနေကျစာမေးပွဲထက်ဘာတွေများပိုပြီးထူးခြားနေလို့လဲ။

သူကထိုင်တောင်မထိုင်ပဲ ကျွန်မမေးသမျှမေးခွန်းတိုင်းကို ဂျာမန်လေ၀ဲတဲ့ အင်္ဂလိပ်နဲ့ စဒီပြားကီု ဖွင့်ချ လိုက်သလိုအချက်ကျကျ ဖြေသွားခဲ့ပါတော့ တယ်။
“ပီစာဆိုတာ သမားရိုးကျစာမေးပွဲမဟုတ်ပါဘူး။ တကယ်တမ်းပြောရရင် ပီစာဆိုတာ စိန်ခေါ်မှုတစ်ရပ် ပါ။ ဘာကြောင့်လဲဆိုရင် စဉ်းစားတွေးခေါ်ဖို့ လိုကို လိုအပ်လို့ပါ” သူကဆိုတယ်။
”ကလေးတစ်ယောက်ရဲ့ အရည်အချင်းအစစ်အမှန်ကို ဘယ်စာမေးပွဲကမှ တိုင်းတာမပြနိုင်ပါဘူး” ကျွန်မကအတွန့်တက်တယ်။
ရှလေချာက ခေါင်းညိတ်ရင်းနဲ့
“ပီစာကိုယ်တိုင်ကလည်းဘ၀ရဲ့အောင်မြင်မှုတွေကို တိုင်းတာပြတဲ့ စာမေးပွဲ မဟုတ်ပါဘူး။ ခင်ဗျား ပြောတာ မှန်ပါတယ်”တဲ့။

ဆက်ရန်.....

မသိမသာနဲ့ တက်လာပါပြီ


(ထိပ်ဆုံးအထိ မရောက်ခဲ့ရတောင် အလယ်အလတ်တော့ မကပါတယ်)

အလှူရေစက် လက်နဲ့မကွာမှာတော့ မြန်မာတွေ ကမ္ဘာမှာ တတိယလိုက်လာ ပါပြီ။ ဒါကတော့ ဒီနေ့ စထရိတ်တိုင်းမ်ပါ ယူကေအခြေစိုက် CAF(Charity Aid Foundation) ရဲ့ ထုတ်ပြန်ချက်သတင်းပါ။ သူတို့က ကိုယ်မသိတဲ့ လူ စိမ်းတွေအပေါ် Volunteering (လုပ်အားပေး), donating(လှူဒါန်း) and helping(အကူအညီပေး) အချက်သုံးချက်ကိုမူတည်ပြီး စစ်တန်းယူထားတာ လို့ သိရပါတယ်။ ကုသိုလ်ကံတွေပါ။
၁။ အမေရိက
၂။ ကနေဒါ
၃။ မြန်မာ။ (ဆင်းရဲနေတဲ့ကြားက မဟုတ်တဲ့နေရာတွေတောင် လှူကြလွန်း လို့၊ ချမ်းသာလာလို့ ဟုတ်တဲ့နေရာဆိုရင်တော့ ပြောမနေနဲ့)
(ကနေဒါ၊ မြန်မာ၊ နယူးဇီလန်က နံပါတ် နှစ်မှာ ပူးတွဲတွေပါ)

data on  Charity Aid Foundation


ဒီနောက်မှာ နယူးဇီလန်၊ ယူကေ၊ အောစတေးလျ၊ နယ်သာလန် တို့ပါလာပါ တယ်။ ထိုင်း ၃၈၊ လာအို ၄၂၊ စင်္ကာပူ ၆၄ တဲ့။ (ကာတာက နံပါတ် ၉ ချိတ် ပါတယ်)

အဆိုးဆုံးကနေလည်း တက်လာပြီ

ဒါကတော့ TI လို့ခေါ်တဲ့ Transparency International (နိုင်ငံတကာ ပွင့် လင်းမြင်သာအဖွဲ့လို့ ဆိုရမလား မသိ၊ ကိုကိုကြီးတို့လိုလေ) ရဲ့ အကျင့်ပျက်မှု အနည်းဆုံး၊ အများဆုံး နိုင်ငံတွေ စစ်တန်းပါ။
ရှေ့ဆုံးကတော့ ထုံးစံအတိုင်း လူကြီးလူကောင်းတွေ ဖြစ်ကြတဲ့ စကင်နေးဗီး ယန်းနိုင်ငံတွေ အများစုပါ။
ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ နဲ့ စင်္ကာပူတဲ့။

ဝမ်းသာစရာက (နိုင်ငံတွင်းမှာတော့ သိပ်မသိသာသေးဘူး ထင်တယ်) အ ကျင့်ပျက်မှု အများဆုံး(၁၀) နိုင်ငံမှာ မြန်မာ မပါတော့တာပဲ ဖြစ်ပါတယ်။ TI (Transparency International) အဖွဲ့ မျက်စေ့မှောက်သွားတာ (Overlook) မဟုတ်ရင် ဝမ်းသာစရာပဲပေါ့။
Have a nice day!


ဒါနဲ့ ..မထင်ရဘူး။ ဆရာကြီး ဆိုကရေးတီးနဲ့ ပလေတိုတို့ ဆရာတပည့်နိုင်ငံက ကပ်စေးအနည်းဆုံး တဲ့။ လူချင်းမသိရင် ဘာအကူအညီမှ မရလောက်ဘူး။ မသွားကြနဲ့။
The index found that the United States was the most generous country on earth,
followed in joint second place by Canada, Burma and New Zealand, with Ireland in fifth place.
The next five most generous countries were the UK, Australia, Netherlands, Qatar and Sri Lanka respectively.

Greece was bottom of the World Giving Index with Croatia just above them.

အာရှသားချင်း ခွင့်လွှတ်တတ်ကြသလား


ဂျပန်နဲ့ အမေရိကန်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတွေ အပြန်အလှန်ကြဲကြပြီး မကြာခင် လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွားကြ တယ်။
အမေရိကန်နဲ့ ဗီယက်နမ်။ ကာလရှည်ကြာစစ်ပွဲကြီး ဆင်နွှဲပြီးတဲ့နောက် မ ကြာခင်မှာဘဲ လက်ဆွဲနှုတ်ဆက်၊ စီးပွားရေး၊ နိုင်ငံရေး ပါတနာတွေ ဖြစ်သွား ကြပြန်တယ်။
ဗြိတိသျှနဲ့ ဂျာမန်အင်ပါယာ အားလုပွဲ။ ဒီနေ့ ဒီအကြောင်းတွေကို ရေ မနှူး ကြတော့ဘူး။
ဒီနေ့ တရုတ်နဲ့ ဂျပန်။ ၁၉၃၁ က ကိစ္စကို မမေ့ကြသေးဘူး။ ရေနှူးနေကြဆဲ ပဲ။ ဂျပန်က နှူးလိုက်၊ တရုတ်က နှူးလိုက်။
ကောင်သေးသေးလေးက ကောင်ကြီးကြီးကို အနိုင်ကျင့်ခဲ့လို့ တရုတ်က ခံရခက်နေတာဆိုတဲ့ အမြင်သာ ခံမထားရင် စဉ်းစားစရာတွေ အများကြီးပဲ။

တရားရသွားတဲ့ ခေါင်းနဲ့ပန်း


ပန်းကွ
ခေါင်းကွ
လောင်းနေကြတဲ့လူတွေ ရှိတော့
အပေါ်မှာ ရောက်နေဖို့အရေး
သွေး ချွေးတွေနဲ့
( ခေါင်းနဲ့ပန်း)
အသေအလဲထိုးကြိတ်နေကြတယ်။

ဒီ အကြွေစုတ်နဲ့ ဘာဝယ်လို့ရမှာလဲ
အဆဲခံရင်း.....
မြောင်းထဲဆင်းသွားရတော့
ဘယ်သူပဲ အပေါ်က ကျကျ
ဘာမှ မထူးတော့သလိုနဲ့
တရားရသွားတဲ့ ခေါင်းနဲ့ပန်းလေ။

တရုတ် (သို့) ရွက်ပုန်းသီး (၃)



"ဒါ့ကြောင့် အာရှတိုက်ထဲက အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံး ဟာ ပါဝါညီမျှနေအောင် အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေကြ တယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ် အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး" (လီကွမ်းယု)

ဒီမှာ အမြင်နှစ်မျိုး ရှိတယ်။
တစ်က တရုတ်ပြည်ဟာ ဘယ်သူ့ကိုမှ အနိုင်ကျင့်တာမျိုး မလုပ်ဘဲ တိတ် တိတ်ကလေး တိုးတက်အောင် ကြိုးစားရင်း မသိမသာနဲ့ လွှမ်းမိုးမှု ဖြစ် လာအောင် ကြိုးစားလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူတို့မှာရှိတဲ့ အင် အားကို ထုတ်ပြရင်း သူတစ်ပါးကို ခြိမ်းခြောက်လိမ့်မယ်။

ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ သူတို့ဟာ ပထမလမ်းစဉ်ကိုပဲ လိုက်ပြီး တစ်ချိန်တည်းမှာပဲ အားကောင်းသထက် ကောင်းလာအောင် အားမွေးနေကြ လိမ့်မယ်။ တိန့်ရှောင်ဖိန်ရဲ့ ယုံကြည်ချက်က တရုတ်ပြည်ဟာ နှိမ့်နှိမ့် ချချ နဲ့နေရင်း ခွန်အားကောင်းလာအောင် ကြိုးစားတာဟာ ပညာသား ပိုပါတယ် ဆိုတာ ဖြစ်ပါတယ်။ သူ့အယူအဆက အစွယ်တပြပြ လုပ်မနေနဲ့ ဆိုတဲ့ သဘောပါ။ အခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တရုတ်ပြည် အတွက် နောက်ထပ် နှစ်သုံးဆယ်၊ နှစ်လေးဆယ်လောက် ငြိမ်းငြိမ်း ချမ်း ချမ်းလေး နေဖို့ လိုအပ်နေသေးတယ်ဆိုတာ တရုတ်တွေ သဘောပေါက် ကြတယ်။ ဒီတော့ သူတို့နောက်ဆုံးဆွဲတဲ့ ကောက်ချက်က လက်ရှိ အနေ အ ထားအတိုင်း ရှေ့ခရီးဆက်ချင်တယ်ဆိုရင် လက်ရှိရထားတဲ့ အင်အားကို မရို ဖရဲ မဖြစ်စေဘဲ လူတိုင်းနဲ့ တည့်အောင် နေထိုင်ရင်း စွမ်းအားပိုကောင်းလာေ အာင် ကြိုးစားခြင်း ဖြစ်တယ်ဆိုတာပါပဲ။
ဒါဆိုရင် သူတို့ပြည်တွင်းရေးကို ဖြေရှင်းဖို့လည်း အချိန်ရ၊ စီးပွားရေးအင်အား လည်း ပိုကောင်းလာနိုင်ပါမယ်။

နောက်ပြီး သတိထားဖို့ လိုအပ်တာက ဂျပန်နဲ့ ဂျာမဏီတို့ လျှောက်ခဲ့တဲ့ လမ်း စဉ်ကို မလိုက်မိဖို့ပါ။ ဥရောပနဲ့ အာရှမှာ ဂျာမဏီနဲ့ ဂျပန် တက်လာတော့ အာ ဏာတွေ၊ ပါဝါတွေ လုရင်း သယံဇာတတွေကို မျက်ဇောင်းထိုးရင်းနဲ့ (၂၀) ရာ စုမှာ ကြောက်မက်ဖွယ် စစ်ပွဲကြီးနှစ်ပွဲ ဖြစ်ခဲ့တော့တာပဲ။ သူတို့ တိုးတက် လာမှုတွေလည်း အဆုံးသတ်သွားတယ်။ လက်ရှိအခြေအနေအရ တရုတ် သာ စစ်ပွဲတစ်ပွဲပွဲထဲမှာ ပါဝင်လိုက်မိပြီဆိုရင် ပြည်တွင်း မငြိမ်သက်မှုတွေ၊ အခြား ပြဿနာတွေ အများကြီး ကြုံတွေ့လာစရာ ရှိတယ်။
ရှေ့နှစ်နိုင်ငံရဲ့ လမ်းစဉ်ကိုများ လိုက်မိရင်တော့ ပြန်ပြီး နာလံထူဖို့ ဟိုနိုင် ငံတွေထက် ပိုပြီး အချိန်ကြာသွားနိုင်ပါလိမ့်မယ်။ ဒီတော့ တရုတ်ပြည် အ တွက် အကျိုးအကြောင်း ညီညွှတ်တဲ့ သုံးသပ်မှုဟာ “ဖွံ့ဖြိုးပြီး ကမ္ဘာတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အချိန်တွေ အကြာကြီး စောင့်စားခဲ့ကြရတယ်။ ဒီလို ပုံမှန် တိုးတက်လာနေတာကို ဖရိုဖရဲဖြစ်အောင် ဘာဖြစ်လို့ ရှေ့လော ကြီး ကြမှာလဲ” ဆိုတာမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလိုဆိုလို့ တရုတ်နိုင်ငံနဲ့ အငြင်းပွားစရာ ကြုံလာရတိုင်း တရုတ်ပြည်ဟာ ဘာမှ မပြောဘဲ ငုံ့ခံနေတာမျိုးတော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ပါဝါချိန်ခွင် လျှာ ပြောင်းလာပြီဆိုတာနဲ့ ကိုယ်ကြိုက်တာ၊ မကြိုက်တာကိုလည်း ပိုပြီး လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ရလာတာပဲ။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ယန်းကျေ့ချီ (Yang Jiechi) ပြောခဲ့သလိုပဲ၊ တရုတ်ပြည်ဟာ သူတို့ အမှန်တ ကယ် စိတ်အားထက်သန်နေတဲ့ ကိစ္စတွေမှာ အတိုက်အခံ ဖြစ်လာရင် သူတို့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာထားပြီး ကာကွယ်ကြပါလိမ့်မယ်။ တရုတ်နဲ့ အနီးဆုံး အိမ်နီးချင်း နိုင်ငံတွေဆိုရင် ဒီအကြောင်းကို ကောင်းကောင်း ကြုံတွေ့ခံစားနေကြရပါပြီ။
၂၀၀၈ - ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်မှာရှိတဲ့ သူ ပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေပြင်ထဲမှာ ရေနံတူးဖော်ခွင့်ကို အမေရိကန် ကုမ္ပဏီ Exxon Mobile ကို ပေးလိုက်တော့ တရုတ်က ကန့်ကွက်တယ်။ တရုတ်ရေတပ်က အဲဒီကုမ္ပဏီကို ထွက်ခွာပေးဖို့ ပြောတယ်။ တရုတ်အစိုးရ ကလည်း ဒီလို တားမြစ်နေတဲ့ကြားကနေ ရှေ့ဆက်နေမယ်ဆိုရင် တရုတ်ပြည်ထဲမှာရှိတဲ့ Exxon Mobile ရဲ့ စီးပွားရေးတွေ အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ အဲဒီအချိန်မှာ အမေရိကန်ေ ရတပ်ကလည်း သူတို့ကို ကာကွယ်၊ ထောက်ခံမပေးတော့ ဒီကုမ္ပဏီ လည်း နောက်ဆုတ်လိုက်ရတော့တယ်။

၂၀၁၀ - ခုနှစ်တုန်းကလည်း တရုတ်ငါးဖမ်းသင်္ဘောနဲ့ ဂျပန်ကင်းလှည့် မော်ေ တ်ာဘုတ် ဝင်တိုက်မိလို့ ဂျပန်တွေက တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်ကို ဖမ်း ဆီးထားလိုက်တယ်။ ဂျပန်တွေက သူတို့ဥပဒေအတိုင်း ကပ္ပတိန်ကို တရား စီ ရင်ဖို့ ဆန္ဒရှိကြတယ်။ ဒါပေမဲ့ တရုတ်ပြည်ဘက်က ပေးလာတဲ့ ဖိအားတွေေ ကြာင့် အဲဒီကပ္ပတိန်ကို နောက်ဆုံး လွှတ်ပေးလိုက်ကြရတယ်။
ဒီနေ့ ဂျပန်တွေ ရင်ဆိုင်နေရတဲ့ တရုတ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက တစ်နိုင် ငံလုံးနီးပါး ဂျပန်တွေအောက် ရောက်သွားမတက် ဖြစ်ခဲ့ရတဲ့ တရုတ် မဟု တ်တော့ဘူး။ ဂျပန်နိုင်ငံရဲ့ ပမာဏထက် ဆယ်ဆပိုကြီးနေတဲ့ တရုတ်နိုင် ငံ ဖြစ်နေတယ်။ ဂျပန်တွေ လက်လျှော့လိုက်တယ်ဆိုတာ တကယ့် အခြေ အနေမှန်ကို လက်ခံလိုက်တာမျိုးပါပဲ။ သူတို့ ရင်ဆိုင်နေရတဲ့ လက်ရှိ တရုတ်ပြည်ဟာ စည်းစည်းလုံးလုံးနဲ့ စည်းကမ်းသေဝပ်တဲ့ တရုတ်ပြည်ပါ။ ဗဟိုဦးစီးမှုအောက်မှာ ဆုံးဖြတ်ချက်အတိုင်း ပြုမူကြမယ်ဆိုတာကို ဂျပန်တွေ သဘောပေါက်ထားကြတယ်။

လတ်တလော နှစ်တွေကို ပြန်ကြည့်ရင် တရုတ်ပြည်ဟာ ဘာဖြစ်ဖြစ် ငြိမ် ခံနေမယ် မဟုတ်ဘူးဆိုတာ တွေ့မြင်လာရတယ်။ သူတို့လိုချင်တာကို ရဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေကြတယ်။ ဒီမူအတိုင်းလည်းပဲ ဆက် ရှိနေလိမ့်မယ်။ ဒီပတ်ဝန်းကျင်မှာ သူတို့ဟာ အကောင်အကြီးဆုံး၊ သူတို့မှာ စွမ်းအားပိုကောင်းလာရင် အိမ်နီးချင်းတွေက သူတို့ကို ပိုမိုလေးစားလာပြီး သူတို့ရချင်တဲ့ အခွင့်အလမ်းတွေလည်း ပိုရလာလိမ့်မယ်လို့ သဘောပေါက် ထားကြတယ်။ ဒါ့ကြောင့် အာစီယံအပါအဝင် အာရှနိုင်ငံတွေအားလုံးဟာ ပါဝါညီမျှနေဖို့ အာရှတိုက်ထဲမှာ အမေရိကန်တွေ ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေ ကြတယ်။ အမေရိကန်လို အတိုက်အခံသာ မရှိဘူးဆိုရင် ဘယ်အာရှနိုင်ငံမှ တရုတ်ကို ရင်ဆိုင်လို့ မရနိုင်တော့ဘူး။ သစ်ပင်ကြီးနှစ်ပင် ရှိနေရင် ဘယ် သစ်ပင်ရဲ့ အရိပ်အောက် ဝင်မလဲဆိုတဲ့ ရွေးချယ်ခွင့်တော့ ရှိသေးတာပေါ့။ အမေရိကန်တွေအတွက်လည်း ပစိဖိတ်ဒေသတွင်းမှာ ရှိနေဖို့ အရေးကြီးတာ ပဲ။ နို့မဟုတ်ရင် ဒီနယ်တစ်ဝိုက်မှာ သူတို့ဩဇာ မရှိနိုင်တော့ဘူး။ တကယ်ဆို ကမ္ဘာနဲ့ချီပြီးတောင် သူတို့ဩဇာ ဆုံးရှုံးသွားနိုင်တယ်။

အမေရိကန်နဲ့ တရုတ်အာဏာလုပွဲက ဒီနယ်တဝိုက်မှာ ဖြစ်နေခဲ့ပြီးပါပြီ။ ၂၁ - ရာစု နှောင်းပိုင်းအထိလည်း ဒီအတိုင်းပဲ ရှိနေလိမ့်ဦးမယ်။ နောက်ဆုံးတော့ အမေရိကန်၊ တရုတ် ဆက်ဆံရေးဟာ စစ်အေးကာလက အမေရိကန်နဲ့ ဆိုဗီ ယက်ပြည်ထောင်စု ပုံစံမျိုး မဟုတ်တော့ဘဲ အပြန်အလှန် အပေးအယူ မျှတ တဲ့ ဆက်ဆံရေး ဖြစ်နေဖို့ အရေးအကြီးဆုံးပါပဲ။ စက်တင်ဘာ (၁၁) ရက် ကိစ္စအပြီးမှာ အီရက်၊ အာဖကန်နစ္စတန် စစ်ပွဲတွေကြောင့် အမေရိကန်ေ တွ ခြေလှမ်း ပျက်သွားခဲ့ရတယ်။ အဲဒီအချိန်တွေ အတွင်းမှာ တရုတ်ပြည် ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် စာ ချုပ်တွေ ချုပ်ဆိုရင်း တိတ်တိတ်လေး အားသစ်မွေးလာနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက တရုတ်ဝန်ကြီးချုပ်ဟောင်း ဇူရောင်ကျီး (Zhu Rongji) က တရုတ်အာစီယံ စီးပွားရေးဇုန်ကို အဆိုပြုတော့ အာစီ ယံနိုင်ငံတိုင်း ယုံရခက်ခက် ဖြစ်နေကြရတယ်။ ကျွန်တော် တို့အားလုံးက အပြန်အလှန် သဘောတူညီမှုစာချုပ်တွေ လက်မှတ်ထိုးဖို့ လက်တွန့်ေ နခဲ့တာလေ။
ကျွန်တော့်အမြင်ကတော့ သူတို့ ဒီလိုပြောနေခြင်းဟာ "တရုတ်ရဲ့ စီးပွားရေး တိုးတက်လာတာဟာ အာစီယံနိုင်ငံတွေအတွက် အဟန့်အတား မဟုတ်ဘူး၊ ခွန်အားသာ ဖြစ်တယ်" ဆိုတာ ပြသချင်တဲ့ စနစ်တကျ ဗဟာဗျူဟာလို့ ထင် မိပါတယ်။
ဒါနဲ့ အမေရိကန်က စီးပွားရေးကိုယ်စားလှယ်တွေကို လာမယ့် ဆယ်နှစ်၊ အနှ စ်နှစ်ဆယ်အတွင်းမှာ အာစီယံနိုင်ငံတွေနဲ့ လွတ်လပ်စွာ ကူး သန်းရောင်း ဝယ်ရေးစာချုပ် ချုပ်နိုင်ရင်ချုပ်၊ မချုပ်နိုင်ဘူးဆိုရင်တော့ တရုတ် စီးပွားေ ရး ဈေးကွက်က ကြီးသထက် ကြီးလာပြီး အာစီယံဒေသတွင်းမှာ အမေရိ ကန်ဟာ ဒုတိယအနေနဲ့ပဲ ရှိနေတော့မယ်လို့ ပြောခဲ့ဖူးတယ်။

စစ်တပ်အင်အားနဲ့ နည်းပညာမှာတော့ အမေရိကန်ဟာ ရှေ့အများကြီး ကြိုရောက်နေပါတယ်။ တရုတ်ပြည်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ နှစ်စဉ် ဆတိုး တက်လိုက်နေတာတောင်မှ အမေရိကန်ကို ခြောက်ပုံတစ်ပုံနဲ့ နောက် က လိုက်နေတုန်းပါ။ အမေရိကန်ရဲ့ နည်းပညာက ဘယ်လောက် သာနေသ လဲဆိုတာကို ဒီအချက်က ပြောပြနေပါတယ်။ တရုတ်တွေကလည်း အမေရိ ကန်နဲ့ တန်းတူအဆင့် ရောက်အောင် ကြိုးစားနေကြမှာပဲ။ ဒါပေမဲ့ ဒီ အဆင့် ကိုရောက်ဖို့ ဆယ်စုနှစ်များစွာ ကြာနေဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။

ဆက်ရန်.....
ဇင်ဝေသော်


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင်(၁)
လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၂)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၃)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၄) 

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (၅)

တရုတ် (သို့) ရွက်ပုန်းသီး (၂)  

ရွှေခြံရေ.....မတွေ့တာတောင် ကြာပေါ့


စပါး မန်ယူတို့ကတော့ ဥရောပ ပွဲစဉ်တွေ ဘေးဖယ်လိုက်ရင် ပရီးမီးယား လိဂ်မှာ နှစ်သင်းစလုံးက ဒဏ်ရာတွေနဲ့ပါ။
မန်ယူက ကာဒစ်မှာ လက်ထဲကနှစ်မှတ် ရေထဲပြုတ်ကျခဲ့သလို စပါးကလည်း အိမ်ကျယ် မန်စီးတီးရဲ့ ဓားမြှောင်နဲ့ ငါးချက်တိတိ အထိုးခံထားရတယ်။
စပါးနည်းပြရဲ့ ခုံကလည်း ကိုယ်ပူတွေ တက်ပြီးရင်းတက်။ သူရဲနီတွေကို ရုပ် ပျက် ဆင်းပျက်များ ဧည့်ခံလိုက်မိရင် မိုးထားတဲ့ ဓားသွားက နိမ့်ကျလာနိုင် တယ်။
သူများတိုက်စစ်မှူးတွေကမှ ပေါင် ဘယ်နှသန်းမှာ ဘယ်နှဂိုးမို့ တစ်ဂိုး ကို ပေါင် ဘယ်နှသန်းတန်တယ် တွက်နေရပေမဲ့ (ဥပမာ တောရက်စ် လို) စပါးက ဆိုလ်ဒါဒိုတို့က အရှင်းပဲ။ တစ်ဂိုးပဲ ရှူးရသေးတော့ သင်္ချာမလိုဘဲ အဖြေကထွက်နေတယ်။
ဂိုးအများဆုံးရှူးထားတဲ့ သွားကျဲလေးနဲ့ လူပုလေး ဒီဖိုးကိုခေါက်ထားတာက လည်း တွေးစရာပဲ။ ကနေဒါ သွားတော့မလိုလို။

အာရှက ဂျပန်လေး ရှင်ဂျီကို ဆက်သုံးဖို့ မန်ယူပလေးယား အဟောင်းတွေ က မိုယေးကို မီဒီယာကနေ တို့နေချိန် ဆရာကြီး ဗန်ကလည်းကစားနိုင်ပြီလို့ သိရတယ်။
လူငယ်ခြေတက်(အသက် ၄၀??) ရိုင်ယံ ဂစ်ကလည်း စပါးအပေါ်ဆို အပီ တိုက်(ခံတွင်းတွေ့) ဖြစ်လှဆိုပဲ။ စပါးကို အများဆုံးဂိုးရှူးထားတဲ့ မန်ယူ က စားသမားတဲ့။
သူ ဆက်မြူးဖို့ကျတော့ ဇရာက မျက်စောင်း တထိုးထိုးပါ။
ဘယ်သူ ဘာပြောပြော ရင့်ကျက်လာတဲ့ ဝိန်း က ကီးဖြစ်နေဦးမှာပဲ။
ကျားနာချင်းမို့ တွေ့တွေ့ချင်း မာန်စောင်ကြမှာတော့ သေချာတယ်။ ကြည့်ကောင်းမယ်။ သရေလို့တောင် ( စပါးက သေရေးရှင်ရေးမို့ပါ) ပြော ချင်တယ်။
ကွင်းက စပါးဖက်မှာ၊ သမိုင်းက မန်ယူဖက်မှာ။
ဇွတ်အတင်း အရွေးခိုင်းရင်တော့ မန်ယူကို နံကြားထောက်မိမယ်ထင်တယ်။

ဝမ်းသာလို့ပါ ဗျာ


(အိုးလ်ဒ် ဗားရှင်း)

အချိန်တွေ မှန်နိုင်ပါတော့မလား
ကျနော်တို့ ဗမာပြည်မှာ
နာရီတွေက များ..........များ။

(နယူး ဗားရှင်း)

ပေါ်လစီတွေ မှန်နိုင်ပါတော့မလား
ကျနော်တို့ ဗမာပြည်မှာ
ဒေါက်တာတွေက များ...........များ။
(ဝမ်းသာလို့ပါ ဗျာ)

အိမ်နီးချင်း"ထိုင်း"ဆီက အနီနဲ့အဝါ


ထိုင်းနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ရယ်စရာကောင်းသလို စိုးရိမ်စရာ လည်းကောင်းလှပါတယ်။
တစ်ဖွဲ့က(အဝါရောင်အုပ်စု)လက်ရှိအစိုးရကိုဆန္ဒပြတယ်။ နောက်တစ်ဖွဲ့ က (အနီရောင်အုပ်စု၊အုပ်စုပိုတောင့်တယ်) ဆန္ဒပြသူတွေကို ပြန်ပြီးဆန္ဒပြ ကြပြန်တယ်။ အစိုးရကို ထောက်ခံတယ်ပေါ့။
ဒီမိုကရေစီအောက်မှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ် ဆိုပေမယ့် အဲသလောက်အထိဖြစ်သွားတော့ နိုင်ငံရဲ့ စီပွားရေးနဲ့ လူမှုရေးစတာတွေ ထိခိုက်ပြီး ယန္တယားတစ်ခုလုံး တန့်သွားတယ်။
ဆိုပါတော့ နောက်တစ်စု တက်လာအုံးမယ်။ နှစ်ဖွဲ့လုံးလုပ်နေကြတာတွေကို ကြည့်မရတော့လို့။ ကဲ ဘာဖြစ်သွားမလဲ။

အဖွားကြီးခေါ်တတ်တဲ့အုပ်စုနဲ့ ဘဘပြောင်လို့ခေါ်တတ်တဲ့အုပ်စုတွေ အဲ သလောက်အထိတော့ ဖြစ်မလာလောက်ဘူး မျှော်လင့်ရတာပါပဲ။
(အိုဗားမားကို လူမည်း (တကယ့်လူမည်းပါ၊ မခေါ်သင့်တာကလွဲရင်)လို့ မကောင်းတဲ့ အဓိပ္ပါယ်နဲ့ မခေါ်ကြဘူး၊ လူဖြူနိုင်ငံမှာ လူမည်းသမ္မတဆိုတဲ့ ယဉ်ကျေးတဲ့၊ ဂုဏ်ပြုရာရောက်တဲ့ အဓိပ္ပါယ်နဲ့တော့ သုံးကြပါတယ်။)
အွန်လိုင်းတိုက်ပွဲကနေ လမ်းပေါ်ရောက်မလာကြပါစေနဲ့ လို့သာဆုတောင်း မိတော့ရဲ့။
တကယ်တော့လည်း Emotion (ခံစားမှု) သိပ်မြင့်နေရင် Intellect(သုံးသပ် ဆင်ခြင်မှုပညာ) ကအလိုလို နောက်ဆုတ်သွားတာပြီး Intellectual က ဦးစီးသွားရင်လည်း Emotion ကိုထိမ်းလို့သိမ်းလို့ ရသွားတာပါပဲ။ Intellect က ရှေ့ကသွားမှလည်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီက ရင့်ကျက်၊ ယဉ်ကျေး လာတာဖြစ်ပါတယ်။ နို့မို့တော့ ဆဲသံဆိုသံတွေနဲ့ ဒီမိုကရေစီပဲ ဖြစ်နေမှာပါ။
ထိုင်းမှာတော့ အနီနဲ့အဝါ တဲ့။

ဒါကို မကျေနပ်လို့ ကွန်မင့်တက်လာရင်တောင် ကိုယ့်ကိုယ်ကို တတိယ အုပ်စုမဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်။