စားရတဲ့ပီတိ


(လူချင်းမသိတဲ့ စာအုပ်ဆိုင်က ပြောတာဆိုတော့ ဟုတ်မှာပဲဆိုပြီး သံသ ယလေးတောင် ဖြစ်ခွင့်မပေးလိုက်ချင်တော့ဘူး။ ဇွတ်ပဲ ကျေနပ်လိုက်တယ်)

စာအုပ်ကစောင့်ရကြိုးနပ်ပြီး အောင်မြင်တဲ့အတွက် ၀မ်းသာတယ်လို့ ပြော ချင်တယ်.... ကိုယ်က ဖတ်ဖို့ ညွှန်းလိုက်လို့ Hard Truths ကို ရှေ့ မှာ ဘာ သာပြန်ပြီးသားတစ်အုပ်ထွက်တာရှိတယ်တဲ့...
ဒါပေမဲ့ ဒီစာအုပ်က အရေးအသားကော အပြင်အဆင်ကော ကောင်းတယ် လို့ စာအုပ်ဆိုင်က ပြန်ပြောတယ်......
စာအုပ်ကတော့ကိုယ်ပဲဝယ်ပြီးပါပြီ....စောနေလတ် မောင်ငယ်ရင်သွေးတုန်းက စာရေးဆရာကိုတောင်ပြန်ပို့ ရသေးတာပဲနော် ......။

ကျေးဇူးပဲ အဇူကီ။

**စာအုပ် ၃ အုပ် မိတ်ဆက်ပွဲ ကျေးဇူးမှတ်တမ်းနဲ့ ဘာညာ ဘာညာ**



ပွဲက အောက်တိုဘာ ၂၈ ရက်နေ့၊ ပွဲမိန့် ကျ မကျက အောက်တိုဘာ၂၅ ရက် အထိ မသိရသေး။ ၂၆၊ ၂၇ က စနေနဲ့ တနင်္ဂနွေ။ ဖိတ်စာရိုက်ဖို့၊ ဖိတ် စာဝေဖို့။ ဟူး........ ။ ဒါသာဖြစ်တယ် ပွဲမိန့်ခံထားတာက အောက်တိုဘာ တစ်ရက်နေ့ ကတည်းက။
ဒီပွဲအတွက် စင်္ကာပူကနေ သီးသန်းဆင်းလာတာက (စာရေးသူမပါ) တစ်ပါး နဲ့ လေးယောက်။ စလုံး တစ်ယောက်။
မြို့နယ်က ခွင့်ပြုရမယ့်ကိစ္စကို အောင်ဆန်းစုကြည်၊ လီကွမ်းယုတွေကြောင့် တိုင်းရုံးအထိ တလေးတစား တင်ပေးလိုက်လို့တဲ့။ ဘာဖြစ်ဖြစ် တစ်ပြားမှ မပေးလိုက်ရဘဲ (ပေးတာတောင် မယူရှာ) ခွင့်ပြုပေးလိုက်တာကို ကျေးဇူး တင်ပါတယ်။

ဒီရက်တွေမှာ အူယားဖားယားနဲ့ အသက်ရှူမဝခဲ့တဲ့ ပွဲစီစဉ်သူ မောင်ကျော်သာ (ပဲခူး) ကို ကျေးဇူးများစွာ။
ဖိတ်စာပို့ပေးပါမယ်လို့ ကတိပြုခဲ့ပြီး မပို့နိုင်ခဲ့တော့ ရန်ကုန်က စာဖတ် ပရိသတ်များအတွက် ဝမ်းနည်းခြင်း များစွာ။ ကျေးဇူးပြု နားလည် ပေးကြပါ လို့။

စာအုပ်မိတ်ဆက်ပွဲတွေ များနေချိန်လည်းဖြစ်၊ ဖိတ်စာဝေချိန်ကလည်း ပါးပါး ရှားရှားနဲ့မို့ စည်စည်ကားကား ရှိမှ ရှိပါ့မလားလို့ စိုးရိမ်ခဲ့ပေမဲ့ လက်မှတ်ထိုး သူပင် ၁၄၀ ကျော်။ မထိုးသူတွေနဲ့ဆိုတော့ ၂၀ဝ လျော့လျော့။ လက်ဆောင်ပေးလိုက်ရတဲ့ စာအုပ်က ၂၀ဝ ကျော်။ တက်ရောက်ခဲ့သူတိုင်းကို ကျေးဇူးတင်လျက်။

အင်တာဗျူးမယ့်သူတွေထဲမှ တစ်ယောက်က အတော်ငယ်သေးတော့ "လီကွမ်းယုဆိုတာ ဘယ်သူလဲ" ပရိသတ်ထဲက တစ်ယောက်ကိုမေးနေ တယ်ဆိုလို့ ပြုံးခဲ့ရ။
ရောင်းရ၊ မရောင်းရ အာမ မခံရဲပေမယ့် ကျနော်လက်ဆောင်ရတဲ့စာအုပ်ကို "မင်းဖတ်ပြီးရင် ငါ့ကိုအရင်ပေးဖတ်" လို့ တောင်းထားတဲ့ သူငယ်ချင်းတွေက တစ်တန်းကြီးလို့ The Voice က သတင်းထောက်ပြောပြတော့ ကြည်နူးမိရ။

ဆရာ မောင်မိုးသူ (ဘကြီးမိုး)၊ ဂျွန်လီ၊ ဆရာ မောင်စိမ်းနီ၊ ဆရာ သစ္စာနီ၊ ဆရာ မောင်ကျော်သာ (ပဲခူး)၊ ဆရာကိုသရဝဏ် (ပြည်)၊ ကိုဆင်လှ၊ ကဗျာဘာသာပြန်သူ ညီငယ် ကဲစုသာ နဲ့ အားလုံး အားလုံး။

စကားတစ်ခွန်း ပြောချင်လွန်းလို့ မအားတဲ့ကြားက ထိုင်စောင့်နေမိတာဆိုတဲ့ ဆရာမ မအိ။ "ဆရာ့ရဲ့ ယသော်ဓရာဟာ ရှေ့မှာရှိခဲ့တဲ့ ယသော်ဓရာတွေ အားလုံးကို ကျော်တက်ခဲ့ပါပြီ" တဲ့။ ကျေးဇူးပါ ဆရာမ။
ကျေးဇူးပါ စိတ်ကူးချိုချိုက ကိုစန်းဦး။
အပြန်အလှန် မိတ်ဆက်ခွင့်၊ စကားပြောခွင့် မရခဲ့ပေမယ့် တက်ရောက်ခဲ့ကြ တဲ့ (ရန်ကုန်နဲ့ ပဲခူး) စာပေနယ်က မိတ်ဆွေများ၊ စာဖိတ်ပရိသတ်များ။ ထုတ်ဝေသူများ။
စာအုပ်တွေကို မိတ်ဆက်ပေးခဲ့ကြတဲ့ သတင်းစာ၊ ဂျာနယ်များကို ကျေးဇူး အထူးတင်ရှိပါတယ်။
ဒီပွဲမှ ခွန်အားများစွာလည်း ရရှိခဲ့ရပါတယ်။

ဇင်ဝေသော်
November 3 at 9:31am

ဆရာသစ္စာနီ ရဲ့ ကဗျာရွတ်သံ
ကဗျာဆရာလင်းရိပ် မှ သစ္စာနယ်အ၀င်ခရီးကြမ်းကဗျာကို ရွတ်ပြခြင်း
မွေးနေ့ရှင်ဇင်ဝေသော် ရဲ့ မိတ်ဆက်စကား

တိုက်ရိုက်နားထောင်ရန်

SkyNET up to date channel မှ စာအုပ်မိတ်ဆက်ပွဲ အင်တာဗျူး ရုပ်/သံ

နားဝင်မချိုတဲ့အမှန်တရားများမိတ်ဆက် (ကမာရွတ်မီဒီယာ)

ဝမ်းမြောက်ဖွယ် သတင်း
=============
ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက
ဆရာဇင်ဝေသော် ဘာသာပြန်ဆိုသည့်
လီကွမ်းယု၏ နားဝင်မချိုသော အမှန်တရားများ
စာအုပ်ကို သူ၏ တပည့်တပန်းများ ဖတ်ရှု စေရန်
ရာချီသော စာအုပ်များကို စာပေစေတနာဖြင့်
မေတ္တာလက်ဆောင်ပေးဝေရန် မှာယူကြောင်း
သိရှိရပါသည်။

ဆရာတော်ဒေါက်တာ အရှင်ဆေကိန္ဒနှင့်တကွ
ဆယ်ချီရာချီ အလုံးအရင်းဖြင့် အားပေးကြသည့်
စာပေစေတနာရှင်များနှင့် စာဖတ်ပရိသတ်များအားလုံးကို ကမ်းလက်မှ ကျေးဇူးတင်ပါသည်။

ဇင်ဝေသော်
31.10.2013

နိုဝင်ဘာ ၂ ရက် စင်္ကာပူ၌ စတင်ဖြန့်ချီပြီ
=======================
မြန်မာပြည်တွင်း စတင်ဖြန့်သောနေ့မှာပင်
နိုင်ငံကျော်ဓမ္မကထိကများ ဖြစ်ကြသောဓမ္မဒူတဆရာတော်
ဒေါက်တာအရှင်ဆေကိန္ဒ အပါအဝင်
စာအုပ်တိုက်များစွာနှင့် စာအုပ်ဆိုင်များစွာက
မှာယူ ဖတ်ရှုနေသော
ဆရာဇင်ဝေသော် ဘာသာပြန်ဆိုသော လီကွမ်းယု၏
နားဝင်မချိုသော အမှန်တရားများ စာအုပ်ကို

မနက်ဖြန် (နိုဝင်ဘာ၊၂ ရက်) စနေနေ့မှ စတင်၍ တစ်အုပ်လျှင်. စင်္ကာပူ 15ဒေါ် နူန်းဖြင့် မြသရဖူဆိုင်၊ (ဒုတိယထပ်၊ ပင်နီစူလာ ပလာဇာ) မှ စင်္ကာပူနိုင်ငံတွင် ဖြန့်ချီပါမည်။

ဖြန့်ချီမည့် စာအုပ်ဆိုင်များကို ဆက်လက် ဖေါ်ပြပေးသွားပါမည်။

ကမ်းလက်....
November 1 at 9:45pm

စာရေးဆရာ ဇင်ဝေသော် (ဦးစိတ္တရ) နှင့် တွေ့ဆုံခြင်း (The Voice)
‘Lee Kuan Yew: HARD TRUTHS; To Keep Singapore Going’ စာအုပ်ကို လီကွမ်ယု ‘နားဝင်မချိုတဲ့ အမှန်တရားများ’ အမည်ဖြင့် မူရင်းထုတ်ဝေသူထံမှ ခွင့်ပြုချက် တောင်းယူပြီး ဘာသာပြန်ခဲ့သည့် စာရေးဆရာ ဇင်ဝေသော် (ဦးစိတ္တရ) ကို The Voice က တွေ့ဆုံကာ တရားဝင် ခွင့်ပြုချက်တောင်း ဘာသာပြန်ရသည့် အကြောင်းအရင်းကို မေးမြန်း ဖော်ပြအပ်ပါသည်။
interv_sysyzwt_aung-myo-htetVoice ။ ။ ဒီစာအုပ်ကို ဘာသာပြန်ဖြစ်တဲ့ အကြောင်းလေး မိန့်ကြားပေးပါဦး ဘုရား။
UZWT ။ ။ ခဏခဏတော့ ပြောဖူးပါတယ်။ နိုကီယာ (Nokia) ကို တောင်ကိုးရီးယား ဒါမှမဟုတ် ဂျပန်ကုမ္ပဏီ တစ်ခုခုက ဖြုတ်ချလိမ့်မယ်တဲ့။ ၂၀၁၂ ခုနှစ်လည်း ရောက်ရော နိုကီယာက ဒေဝါလီ ခံသွားရတယ်။ အခု ဆမ်ဆောင်း (Nokia) က တော်တော် နေရာရလာတယ်ဆိုတော့ ဒီအဘိုးကြီး (လီကွမ်ယု) သုံးသပ်တာ မှန်တယ်။ ပြီးတော့ အရှေ့အလယ်ပိုင်း ပြဿနာ၊ သူက ဘာပြောလဲဆိုတော့ ဂျော့ဘွတ်ရှ်ဆီမှာ ဟင်နရီ ကစ်ဆင်းဂျားလို ပညာရှိတစ်ဦးရှိရင် အီရတ်ကို ဝင်တိုက်မှာ မဟုတ်ဘူးတဲ့။ အခုအီရတ်ကို ဝင်တိုက်လိုက်တော့ အီရန်က တစ်ကောင်တည်း ထောင်လာတယ်။ ဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက်လည်း မကောင်းဘူး စတာတွေ သူသုံးသပ်ပြတာ တော်တော်လေး ကောင်းတယ်။ ဒါတွေကို ဖတ်လိုက်ရတော့ ငါတော့ ဒီစာအုပ်ကို ဘာသာပြန်တော့မယ်ဆိုပြီး ပြန်လိုက်တယ်။
Voice ။ ။ အဲဒီစာအုပ်ကနေ မြန်မာ့နိုင်ငံရေးအတွက် ဘာတွေ ရနိုင်မလဲ၊ နည်း နည်းလောက် မိန့်ကြားပါဦး။
UZWT ။ ။ ဘာတွေ ရနိုင်မလဲဆိုတော့ အခန်းခြောက် ဆိုလို့ရှိရင် ယူစရာတွေ အများကြီးပဲ။ စင်ကာပူဆိုရင် တို့ယူစရာတွေ အများကြီး ရှိတာပေါ့။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုပေါင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင် အစိုးရဘက်ကလည်း လုပ်ဆောင် ပေးတာတွေပေါ့။ မွတ်ဆလင်တွေ ဘာတွေရှိပေမယ့် အေးအေးချမ်းချမ်းပဲ စင်ကာပူရီးယန်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတကွ နေထိုင်ကြတာပဲ။ ဒီလိုဟာတွေ သင်ခန်းစာယူဖို့ ကောင်းတာပေါ့။ စီးပွားရေး လည်ပတ်တဲ့ စနစ်၊ စတာတွေပေါ့။
Voice ။ ။ ဒီစာအုပ်ကို မူရင်း ထုတ်ဝေသူထံကနေ ဘာသာပြန်ဆိုခွင့် တောင်းခဲ့တယ်လို့ သိရပါတယ်ဘုရား၊ ဘယ်လိုကြောင့် အဲဒီလို ခွင့်တောင်းခဲ့တယ် ဆိုတာလည်း မိန့်ပါဦးဘုရား။ ဒါဟာ မြန်မာနိုင်ငံ ဘာသာပြန် စာပေလောကမှာ ထူးခြားမှု ဖြစ်နေပါတယ်။
UZWT ။ ။ တချို့ စာရေးဆရာပိုင်းကတော့ ဦးပဉ္စင်းတို့ နိုင်ငံက ဘယ်သူနဲ့မှ ဘွန်း (သဘောတူစာချုပ်) ထိုးမထားတော့ အဲဒီလို ခွင့်တောင်းဖို့ မလိုဘူး ပြောကြတယ်။ ဒါကတော့ သူတို့ အမြင်ပေါ့။ စဉ်းစားကြည့်လိုက်တော့ ဘွန်းထိုးတာ မထိုးတာထက်က ဥပဒေပိုင်းပေါ့၊ ကျင့်ဝတ်ပိုင်းက ကြည့်ရင် ကိုယ်က သူ့စာအုပ်ကြီး တစ်ခုလုံးကို ယူမှာဆိုတော့ အနည်းဆုံး အသိတော့ ပေးသင့် တာပေါ့။ သူ့ဆီက ခွင့်ပြုမိန့်တော့ ယူသင့်တယ်လို့ ခံစားရတယ်။ ဘုန်းကြီး ဖြစ်နေတဲ့ အပိုင်းလည်း ပါတာပေါ့။
Voice ။ ။ အဲဒီလို ခွင့်တောင်းဖို့ သူတို့နဲ့ ဘယ်လိုမျိုး ချိတ်ဆက်ခဲ့ပြီး ဘယ်လို သဘောတူညီမှု ရခဲ့လဲ ဘုရား။
UZWT ။ ။ အဲဒါနဲ့ တစ်ခါတည်း စထရိတ်တိုင်းမ် ဆီကိုရော၊ လီကွမ်ယု ဆီကိုရော အီးမေးနှစ်စောင် ပို့လိုက်တယ်။ နှစ်ရက်လောက်နေတော့ လီကွမ်ယုဆီက အရင်ရောက်တယ်။ ပြီးတော့ စထရိတ်တိုင်းက Executive Director ကျောင်းကို ရောက်လာတယ်၊ လီကွမ်ယုကလည်း သဘောကျပုံရတယ်။ ဦးပဉ္စင်းက စင်ကာပူမှာ အခြေချနေတာရော၊ ပြီးတော့ သူ့စာအုပ်ကို ဘာသာပြန်တာက ဘုန်းကြီးတစ်ပါး ဖြစ်နေတာဆိုတော့ စိတ်ဝင်စားသွားတယ် ထင်တယ်။ စထရိတ်တိုင်းနဲ့ ဆွေးနွေးကြတယ်။ သူတို့က မေးတယ်၊ ဒီစာအုပ်ကို ဘယ်လို Approach (ချဉ်းကပ်) လုပ်မှာလဲပေါ့၊ မူရင်း စာအုပ်မှာက အယ်ဒီတာတွေ ရေးထားတဲ့ Note တွေပါတယ်။ ပြီးမှ လီကွမ်ယုနဲ့ သတင်းစာဆရာ ခြောက်ယောက် ဗျူးထားတာပါတယ်။ ဦးပဉ္စင်းက ပြန်ဖြေလိုက်တယ်။ အယ်ဒီတာတွေ ရေးထားတဲ့ Note တွေတော့ ဖြုတ်မယ်။ ဦးပဉ္စင်းဟာ ဦးပဉ္စင်း အကျဉ်းပြန်ရေးမယ်။ အမေးအဖြေ တွေကိုတော့ အရှိအတိုင်းပဲ ပြန်ရေးမယ်။ တစ်လုံးမှ မဖြတ်ဘူးပေါ့။ အဲဒီမှာ သဘောတူညီချက် ရတယ်။
Voice ။ ။ မူပိုင်ခွင့် ကိစ္စကိုလည်း ရှင်းပါဦး ဘုရား။
UZWT ။ ။ သဘောတူညီချက် ရပြီဆိုတော့ မူပိုင်ခွင့်ကို ဆက်ဆွေးနွေးတယ်၊ မူပိုင်ခွင့်ကို သူတို့က ဦးပဉ္စင်းကို သုံးနှစ်ပဲပေးတယ်။ ဦးပဉ္စင်းပဲ မူပိုင်ခွင့်ကိုင်ထား။ တခြား ဘယ်သူကို့မှ မပေးနဲ့၊ သူတို့က အဲဒီလိုပြောတယ်။ နောက်ပြီး စာအုပ်မှာပါတဲ့ မျက်နှာဖုံးကအစ။ စီဒီမူရင်းတွေ အကုန်ပေးတယ်။ အင်တာနက်မှာ ဒီပုံတွေမရှိဘူး၊ ရှာလို့လည်း မရဘူး။ တခြားပုံတွေတော့ ရှိမှာပေါ့။ ဦးပဉ္စင်း သေချာသိမ်းထားဖို့ ပြောတယ်။ အာမခံခဲ့ရတယ်။ ပြီတော့ ခြောက်လတစ်ကြိမ် အရောင်းစာရင်းကို သူတို့ဆီ တင်ပြရမယ်။
Voice ။ ။ မူပိုင်ခွင့်အတွက် အခကြေးငွေကို ဘယ်လိုပေးရလဲ ဘုရား။
UZWT ။ ။ အခကြေးငွေကတော့ စတိသဘောလောက်ပဲ ပေးရတယ်။ ဥပဒေအရတော့ သူက ပထမအုပ်ရေ တစ်ထောင်ကနေ ငါးထောင်အထိဆိုရင် သူတို့ကို ၅ ရာခိုင်နှုန်း၊ ငါးထောင်ကနေ တစ်သောင်းထိဆိုရင် ၆ ရာခိုင်နှုန်း၊ တစ်သောင်းထက် ကျော်ရင်တော့ ၇ ရာခိုင်နှုန်း ပေးရတယ်။
Voice ။ ။ အဲဒီတော့ ဘယ်လိုသတ်မှတ်ခဲ့လဲ၊ ဥပဒေအတိုင်းပဲ ပေးခဲ့ရလား။
UZWT ။ ။ ဥပဒေအတိုင်း ဆိုပေမယ့် ဦးပဉ္စင်းက ဘုန်းကြီးဆိုတော့ စပွန်စာ ပေါ်တာပေါ့။ ဦးပဉ္စင်းမိတ်ဆွေ ဒေါက်တာဂျွန်လီး (Lee Chuan Guan) က တစ်ခါတည်းပဲ ဒေါ်လာသုံးရာ ပေးခဲ့တယ်။
Voice ။ ။ သုံးနှစ် ကျော်သွားရင်ရော အရှင်ဘုရား မပိုင်တော့ဘူးပေါ့ ဘုရား။
UZWT ။ ။ သုံးနှစ် ကျော်သွားရင်တော့ မူပိုင်ခွင့်ကို ဦးပဉ္စင်း မပိုင်တော့ဘူးပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပေးဘူး။ နောက်ထပ် သက်တမ်းတိုးမယ် ဆိုရင်လည်း ဦးပဉ္စင်းကိုပဲ ပေးမှာပဲ။
Voice ။ ။ မနေ့က အရှင်ဘုရားရဲ့ စာအုပ်သုံးအုပ်ကို မိတ်ဆက်တယ်။ တစ်အုပ်က ကဗျာပေါ့၊ နောက်တစ်အုပ်က ဆောင်းပါးတွေလို့ သိရတယ်။ အဲဒါတွေကရော ဘာသာပြန်တွေပဲလား ဘုရား။ အဲဒါတွေ အတွက်ရော ခွင့်တောင်းရသေးလား။
UZWT ။ ။ အကုန်လုံးတော့ မဟုတ်ဘူး၊ တချို့ပေါ့။ စထရိတ်တိုင်းမ်က ပါမယ်၊ နယူးယောက်တိုင်းမ်က ပါမယ်၊ နောက် ဝါရှင်တန်ပို့စ်က ပါမယ်။ အထူးသဖြင့် အဲဒီ သတင်းစာ သုံးစောင်ကဟာတွေပဲ။ ဒါတွေကတော့ တစ်ပုဒ်ချင်းစီ ဖြစ်နေတော့ ခွင့်မတောင်းတော့ဘူး။
Voice ။ ။ တင်ပါ့ဘုရား၊ အခု မြန်မာပြည်မှာ တချို့ဆရာတွေ ခွင့်ပြုချက်မတောင်းဘဲ ဘာသာပြန်နေကြ တဲ့အပေါ် အရှင်ဘုရားရဲ့အမြင်ကို မိန့်ကြားပါဦး၊ အဲဒီလို ခွင့်ပြုချက် မတောင်းကြတာ ဘယ်လို အခက်အခဲတွေ ရှိနေလို့လို့ ထင်လဲ ဘုရား။
UZWT ။ ။ ခွင့်ပြုချက်တောင်းဖို့ ခက်ခဲလားဆိုတော့ ဆရာကြီး တစ်ယောက်နဲ့ ဦးပဉ္စင်း စကားပြောဖူးတယ်။ သူက ဦးပဉ္စင်းရယ်တဲ့ ဒီမှာ တပည့်တော်တို့ စာအုပ်ရောင်းရတဲ့ ပိုက်ဆံက နည်းနည်းလေး၊ တပည့်တော် ဘာသာပြန်တဲ့ မူရင်းစာအုပ်ဆိုရင် ဘက်ဆဲလ်လားတဲ့၊ သူတို့တောင်းတဲ့ ပိုက်ဆံကို ဘယ်လို ပေးနိုင်မှာလဲတဲ့။ ဦးပဉ္စင်းက ပြောပါတယ်။ ဒကာကြီးလို့ သူတို့က ငွေရေးကြေးရေးကို ရှေ့တန်း မတင်ဘူး။ ဘာလို့လဲဆိုတော့ စထရိတ်တိုင်းဆိုရင် ဦးပဉ္စင်းတို့ ဥပဒေအရ စတိသဘောတော့ ပေး၊ ဒါပေမဲ့ ဦးပဉ္စင်းတို့ ပိုက်ဆံလိုရင် သူတို့ကိုပြော ကူညီမယ်၊ ဥပဒေအရတော့ ပေး။ ဒါပေမဲ့ မြန်မာပြည်လို ဆင်းရဲတဲ့ နိုင်ငံအတွက် အများကြီးတောင်းဖို့ ဘယ်သူမှ စိတ်ကူးမရှိပါဘူး။
Voice ။ ။ ဒါဆို ဘာသာပြန်မယ့် သူတွေကို အရှင်ဘုရားအနေနဲ့ ဘာများမိန့်ကြားဖို့ ရှိလဲ ဘုရား။
UZWT ။ ။ အသိပေးသင့်တယ်လို့ ထင်တယ်။ တစ်အုပ်လုံး ယူမယ်ဆိုရင် အသိ ပေးသင့်တယ်လို့ ထင်တယ်၊ တစ်ပိုင်းတစ်စ ဆိုရင်တော့ တစ်မျိုးပေါ့။ ဦးပဉ္စင်း သိသလောက်တော့ စင်ကာပူတို့၊ ထိုင်းတို့မှာတော့ မရှိဘူး။ ဆင်းရဲတဲ့၊ စာဖတ်အား သိပ်မရှိတဲ့ နိုင်ငံတွေမှာတော့ ရှိကြလိမ့်မယ်။
Voice ။ ။ ကျေးဇူးတင်ပါတယ် ဘုရား၊ အရှင်ဘုရား ထပ်မံ မိန့်ကြားလိုတာရှိရင် မိန့်ပါဦး ဘုရား။
UZWT ။ ။ ဘာသာပြန်မယ် ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အသိပေးသင့်တယ် ထင်တယ်။ ငွေရေးကြေးရေးက အဓိက မဟုတ်ဘူး။ မူရင်းစာအုပ်မှာလည်း အီးမေးလ်တွေ ဘာတွေ ပါနေတာပဲ။ ဘာသာပြန်ပြီဗျာ၊ ရောင်းပြီဗျာ။ အဲဒီလို အသိပေးလိုက်ပေါ့။
အောင်မျိုးထက်

~ ရဟန်းနှစ်ပါးကြားက စာအုပ် အရောင်းအဝယ် ~
စိတ်အမောလေးဖြေဖို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်ထဲရှိ ညီငယ် ရဟန်းတော် အရှင် ဉာဏိန္ဒရဲ့ အခန်းကိုအသွား ဓမ္မဒူတဆရာတော် ဒေါက် တာအရှင်ဆေကိန္ဒနဲ့ အမှတ်မထင် တွေ့ဆုံခဲ့မိသည်။
မြင်မြင်ချင်း ထိုအရှင်က
"ခွေးမသားလေး၊ စင်္ကာပူရောက်ပြီးကတည်းက ဘာစာမှ မရေးတော့ဘူး" လို့ ထောမနာပြုတော့သည်။
"ရေးပါတယ် ဘုန်းကြီး၊ ဒီမှာ ဘုန်းကြီးအတွက်" ဆိုကာ မောင်ဉာဏိန်ရထားသည့် နားဝင်မချိုတဲ့ အမှန်တရားများ စာအုပ် ကို ယူကာ သူ့ ပေးလိုက်သည်။

စာအုပ်မျက်နှာဖုံးကိုကြည့်ရင်း
"မင်းက ဘယ်လိုလုပ် ဇင်ဝေသော် ဖြစ်သွားရတာလဲ"
"ဒီလိုပါပဲ၊ အမြဲမရှိတဲ့အထဲမှာ ကလောင်နာမည်လည်း ပါမှပေါ့" ပြန်လျှောက် မိသည်။

ဆယ်မိနစ်ခန့်ကြာတော့
"ငါ့ သား သမီးတွေကိုဝေဖို့ အုပ်ရေ တစ်ရာပေး"
"ဒါဆို ဘုန်းကြီးကို သုံးထောင်နှုန်းနဲ့ ပေးမယ်"
"အေး၊ ပေး" ဆိုပြီး အလုပ်ဖြစ်သွားတော့သည်။
၂၁ ရာစု ရဟန်းများမို့ နဝကမ္မဝတ္တုများနဲ့ မကင်းနိုင်စေ လက်မှာ ဓားရှရာ မရှိလျှင် ဆားကိုကိုင်လည်း သိပ် မစပ် (သိပ် မနာကျင်) လို့ ကိုယ့်ကိုယ်ကို ခပ်ဖော့ဖော့လေး တွေးနေမိလိုက်၏။

November 3 at 5:58pm

တစ်အုပ်ဝယ်ရင် တစ်အုပ်လှူ
(စင်္ကာပူ စာဖတ်ပရိသတ်များသို့)

ပထမဆုံး ဝယ်ယူအားပေးကြတဲ့ စင်္ကာပူက စာဖတ်ပရိသတ်ကို ကျေးဇူး စကား ပြောချင်ပါတယ်။

မြန်မာပြည်ရောင်းဈေး (၄၀၀၀) ကျပ်ဆိုတာ စင်္ကာပူဒေါ်လာ ငါးဒေါ် လာ ကျော်ကျော်ပဲ ရှိပါတယ်။ ဒါပေမဲ့ နီးစပ်ရာတွေနဲ့ ညှိနှိုင်းပြီး (၁၅) ဒေါ် လာနဲ့ ရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စင်္ကာပူစာဖတ် ပရိသတ်ကို ကုသိုလ်ဖြစ် အသိပေးချင်တာကတော့ ဒီစာ အုပ် ရောင်းရငွေတွေကနေ ပြည်တွင်းထဲမှာ ရှိတဲ့ စာကြည့်တိုက်တွေ မှာ ပြန်လည် လှူဒါန်းနိုင်ဖို့ စီစဉ်နေပါတယ်။

ဒါ့ကြောင့် ဝယ်ယူအားပေးသူများအနေနဲ့ စင်္ကာပူမှာ တစ်အုပ် ဝယ်ယူ အားပေးရင် မြန်မာပြည်က စာကြည့်တိုက်တွေမှာ စာအုပ်နှစ်အုပ်နီးပါး လှူဒါန်းရာ ရောက်တယ်လို့ ဝမ်းမြောက်ဂုဏ်ယူနိုင်ကြပါတယ်။

အားပေးမှုကို ကျေးဇူးတင်စွာဖြင့် ...

ဇင်ဝေသော်
November 3 at 10:14pm

ဆရာဇင်ဝေသော် ဘာသာပြန်ဆိုသော လီကွမ်းယု၏ နားဝင်မချိုသော အမှန်တရားများ စာအုပ်ကို မြသရဖူဆိုင်၊ (ဒုတိယထပ်၊ ပင်နီစူလာ ပလာစာ) အပြင်
ပင်နီစူလာ ပလာစာ၊ ပထမထပ်ရှိ Yadanar Travel. 1. 26 (A) မှာလည်း ဝယ်ယူရရှိနိုင်ပါကြောင်း။

ပထမခြေလှမ်းအနေနဲ့ ရန်ကုန်မြို့ရှိ စာကြည့်တိုက် ၅၀၀ ခန့်ကို နှစ်အုပ်နှုန်းစီ (အုပ်ရေ တစ်ထောင်) လှူဒါန်းဖို့ စီစဉ်နေကြောင်း သတင်းကောင်း ပါးအပ်ပါ တယ်။
ဆုံးဖြတ်ချက် အတည်ပြုပြီးပါက ဆက်လက်တင်ပြပေးသွားပါမယ်။

စာဖတ်ပရိသတ်ဆီက အသံတချို့ကိုလည်း ဖြစ်နိုင်ရင် ကြားပါရစေ။
ဥပမာ (တကယ် ဥပမာပါ)
၁။ အုပ်ရေ တစ်ထောင်ကို အပြတ်လှူသင့်ပါသလား။ ဒါဆို စာကြည့်တိုက် ၅၀၀ ပဲ လှူလို့ရမယ်။
၂။ အပြတ်မလှူဘဲ တစ်ထောင်ကျပ်လောက်နဲ့ ရောင်းသင့်ပါသလား၊ ဒါဆို စာကြည့်တိုက် ၇၀၀ ကနေ ၈၀၀ လောက်အထိ လှူလို့ရမယ်။

(ကမ်းလက်ရဲ့ မူအတိုင်း အွန်လိုင်းပေါ်မှာ အလှူခံခြင်း လုပ်မည် မဟုတ်ပါ)
လေးစားစွာဖြင့်

ဇင်ဝေသော်
November 4 at 8:33am

ဒီမိုကရေစီနဲ့ Right ပေါင်းများစွာ

တညီတညွတ်တည်း စိတ်လိုလက်ရ တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီနဲ့
နဖူးတွေ့ ဒူးတွေ့ တွေပြီးကြတဲ့နောက် ဒီမိုကရေစီရဲ့ ခေါင်းစဉ်အောက်မှာ Human Right ဆိုတာတင်မကဘူးဆိုတာတော့ လက်ခံထားကြရလိမ့်မယ်။
Right ပေါင်းများစွာထဲမှာ Copy Right ကို မမြင်ချင်ယောင် မဆောင် သင့်တော့ဘူး။

မေး။ ။ ခွင့်ပြုချက်ရတဲ့ စာအုပ်ကိုမှ ဘာသာပြန်ရမယ်ဆိုရင် မြန်မာစာဖတ် ပရိသတ်အတွက် ဖတ်စရာစာအုပ် နည်းမသွားလောက်ဘူးလား။

ဖြေ။ ။ နည်းသွားမယ်၊ ဒါပေမဲ့ လူမျိုးနဲ့ စာပေသိက္ခာ တက်လာမယ်။
နိုင်ငံကြီးတွေမှာ ထွက်သမျှ စာအုပ်ကောင်းတိုင်းလိုလိုကို ဘာသာပြန်နေချိန် အခုရော မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း ဘာသာပြန်စာအုပ် ဘယ်နှအုပ် ထွက်နိုင်လို့လဲ။
မမေ့သင့်တာက စာရေးသူတွေဟာ သူတို့ ရေးထားတဲ့စာအုပ် ကမ္ဘာ့ ဘာ သာပေါင်း ဘယ်နှဘာသာနဲ့ ပြန်ဆိုထားတယ် ဆိုတဲ့အချက်ကို ဒေါ်လာေ တွထက် ပိုပြီး ဂုဏ်ယူတကြွား ဖော်ပြတတ်ကြတယ် ဆိုတာပါ။

အထက် မေးခွန်းက သမ္မာအာဇီဝနဲ့ မလောက်ငှရင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ မေးခွန်းမျိုးပါ။
မိုးခါးရေ သောက်မလား၊ ချွေတာပြီး သမ္မာအာဇီဝနဲ့ အသက်ရှင်ဖို့ ကြိုးစား မလား။ ဒါပါပဲ။
ဒီ အချက်ကို အမိအရ ယူသွားတဲ့ The Voice ကို ကျေးဇူးတင်ရမှာပါ။

ဇင်ဝေသော်
November 5 at 8:49am

တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ (၂)


နိုင်ငံရေး အပြောင်းအလဲ

ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တရုတ်ပြည်ကြီး စူပါ ပါဝါအဖြစ် ရောက်ရှိလာပုံဟာ ကျွန်တော်တို့ တစ်သက်တာကာလမှာတော့ အထင်ကရ ပြောစမှတ် တစ်ခု ပါပဲ။ သူတို့ စီးပွားရေး တိုးတက်လာပုံဟာလည်း အံ့မခန်းပဲ။ နှစ်ပေါင်းလေး ဆယ်အတွင်း သူတို့ တိုးတက်လာပုံဟာ လူ့သမိုင်းမှာတောင် မရှိခဲ့ဖူးသေး ပါဘူး။ ဒီအရှိန်အဟုန် အတိုင်းပဲ လာမယ့် ဆယ်စုနှစ်များစွာ ခရီးဆက်နေ လိမ့်ဦးမယ်။ ဒါဆိုရင် သက္ကရာဇ် ၂၀၂၀ - မှာ ကမ္ဘာမှာ တစ်ဦးချင်းဝင်ငွေ အများဆုံး ဖြစ်နေမယ်။ စီးပွားရေးသာမက လူထုတစ်ရပ်လုံး ပြောင်းလဲ လာနေပုံဟာလည်း အထင်ကရပါပဲ။ အရင်က ရိုးရိုးကုတ်ကုတ်နဲ့ တရုတ်တွေ ဟာ အခုဆိုရင် အရောင်အသွေးတွေ ပိုစုံလင်လာပြီး စိတ်ဝင်စားမှုနဲ့ စိတ် ဓာတ် တက်ကြွလာပုံဟာလည်း မေ့ပျောက်ထားလို့ မရလောက်အောင်ပါပဲ။

စစ်တပ်အင်အားပိုင်းမှာလည်း နည်းပညာအရရော စွမ်းဆောင်ရည်ပိုင်းမှာပါ တဟုန်ထိုး တိုးတက်လာနေတယ်။ အခု လတ်တလောမှာ အမေရိကန်တွေ ဟာ တရုတ်ကမ်းခြေအနီး (၁၂) မိုင်အကွာအထိ လာရောက်ပြီး တရုတ်ပြည် ရဲ့ လှုပ်ရှားမှု မှန်သမျှကို စောင့်ကြည့်နေနိုင်တယ်။ တဖြည်းဖြည်းနဲ့ တရုတ် စစ်တပ်ဟာ အမေရိကန်ရေတပ်ကို သူတို့ကမ်းခြေကနေ ဝေးသထက်ဝေးေ အာင် မောင်နှင်သွားလိမ့်မယ်။ နောက်ဆုံး တရုတ်ပြည်ရဲ့ စီးပွားရေး အဓိက ဇုန်ကနေ ထွက်သွားအောင် မိုင် (၂၀၀) ကျော်အထိ မောင်းထုတ်သွားမယ်။ ဒါဆိုရင် အမေရိကန်တွေဟာ တရုတ်ပြည်ရဲ့ စီးပွားရေးကို ချောင်းမြောင်း ကြည့်လို့ ရနိုင်မယ် မဟုတ်တော့ဘူး။

လာမယ့် နှစ် (၂၀) နဲ့ (၃၀) ကြားမှာ ကမ္ဘာ့စီးပွားရေး စူပါပါဝါ အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ကျွန်တော် ရှု့မြင်မိပါတယ်။ တရုတ်ပြည်ဟာ ထိပ်တန်း အ ဆင့်နေရာမှာ အမေရိကန်နဲ့ အဆင့်တူ ဖြစ်နေတာကို လိုလားနေတယ်။ တ ကယ်တော့လည်း ဒါဟာ စူပါ ပါဝါကြီး အသစ်ပေါ်ပေါက်လာတာမျိုး မဟုတ် ဘဲ တစ်ချိန်က ငုတ်လျှိုးပျောက်ကွယ်နေတဲ့ စူပါ ပါဝါကြီး တရေးနိုးလာတာ ပဲ ဖြစ်ပါတယ်။
နိုင်ငံနဲ့ အဝှမ်း အပြောင်းအလဲတွေ ဖြစ်နေတာမို့ တရုတ်ပြည်ရဲ့ နိုင်ငံရေး အခြေအနေလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာရမှာပါပဲ။ မူဝါဒတစ်ခုဟာ အပြောင်းအလဲ မရှိဘဲ ထာဝရ ရပ်တည်နေနိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
ကျွန်တော့်ဘဝ တစ်သက်တာမှာ အံ့ဩစရာ အကောင်းဆုံး ကြုံတွေ့လိုက် ရတာကတော့ လီနင်ဝါဒကို ဆွဲကိုင်ထားတဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဟာ မီခေး ဂေါ်ဗာချော့လို ဥပဒေဘွဲ့ရ ပုဂ္ဂိုလ်တစ်ယောက်၊ စနစ်ဟောင်းဟာ အ လုပ် မဖြစ်တော့ဘူး၊ ပြောင်းလဲမှကို ရတော့မယ်လို့ ယုံကြည်ထားတဲ့ လူ တစ်ယောက်ကို ရှေးတန်း ထိုးတင်လိုက်ခြင်းပါပဲ။ ဒါမျိုး တရုတ်ပြည်မှာ ဖြစ် မလာနိုင်ဘူးလို့ ဘယ်သူမှ အတတ်ပြောလို့ မရပါဘူး။ အဲသလို ခေါင်းဆောင်မျိုးကို လက်ခုပ်လက်ဝါးတီးပြီး အားပေးလိုက်ကြတာနဲ့ “ကဲ … အဓိပ္ပါယ်မရှိတဲ့ စနစ်ဟောင်းကို ပြန်ကြည့်ကြ၊ ဒီစနစ်ဟောင်းကနေ လွတ်မြောက်မှကို ရတော့မယ်” ဆိုတဲ့ မျိုးဆက်သစ်ကို ရသွားနိုင်တယ်။ တရုတ်ပြည် ဒီလို ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ ပြောလို့ မရပါဘူး။
ဒါပေမဲ့ တရုတ်ပြည်မှာ ဒီလို ဖြစ်လာခဲ့မယ်ဆိုရင်တောင် လူတစ်ယောက် မဲတစ်မဲစနစ်ကြောင့်တော့ မဖြစ်နိုင်ဘူး။ ဖြစ်မယ်ဆိုရင် ခေါင်းဆောင်ပိုင်း အဖွဲ့တစ်ဖွဲ့ကို အခြားခေါင်းဆောင် အဖွဲ့တစ်ဖွဲ့က ဖြုတ်ချ နေရာယူလိုက် တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောနိုင်တာလည်းဆိုရင်တော့ သူတို့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကြောင့်ပါ။ တရုတ်ရဲ့ ယုံကြည်မှုကကို ဗဟိုက အားကောင်းမှ နိုင်ငံလည်း အေးချမ်းကြွယ်ဝတယ် ဆိုတာ ဖြစ်နေလို့ ပါ။ လူတစ်ယောက် မဲတစ်မဲစနစ် တရုတ်ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသ လို ဒီစနစ်ဟာ ကြွယ်ဝချမ်းသာတဲ့ တရုတ်နိုင်ငံကိုလည်း မွေးထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ သူတို့ကိုယ်တိုင်ကလည်း ဒီစနစ်ကို ကြိုးစားကြည့်နေ ကြမှာ မဟုတ်တော့ဘူး။

ဝူကန်ရွာ အရေးအခင်းလိုမျိုးတွေ ဘယ်လောက်ပဲ ရှိနေပါစေ … ဒီအရေးအခင်းတွေဟာ နိုင်ငံတော်အဆင့်အထိ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ မှန်ပါတယ်။ တရုတ်ပြည်ရဲ့ သမိုင်းကို ပြန်ကြည့်ရင် လယ်သ မားတွေ ခေါင်းဆောင်တဲ့ အုံကြွမှုတွေ ရှိခဲ့ဖူးတယ်။ ဒါတွေ ဖြစ်ခဲ့တာဟာ လုံး ဝ မခံမရပ်နိုင်တော့တဲ့ အနေအထားတွေကြောင့် ဖြစ်လာခဲ့ရတာချည်းပါပဲ။ အခု သာမန်လူတန်းစားတွေရဲ့ ဘဝဟာ ပိုပိုပြီး အဆင်ပြေလာနေတယ်။ ဒါ ဆို ဘာဖြစ်လို့ အစိုးရကို တော်လှန်နေတော့မှာလဲ။ နိုင်ငံအတွင်းမှာ မငြိမ် မသက် ဖြစ်ပြီဆိုရင် တိန့်ရှောင်ဖိန် လက်ထက်ကစလို့ ရရှိခဲ့တဲ့ ဒီနေ့ အောင်
မြင်မှုတွေ အားလုံး လက်လွှတ်ဆုံးရှုံးရလိမ့်မယ်ဆိုတာ လူတိုင်း သဘောေ ပါက်ထားကြတယ်။
သူတို့ လူငယ်တွေကို ကြည့်ပါ။ လူငယ်တွေအတွက် စီးပွားရေး အိပ်မက်ဟာ ဘယ်တုန်းကမှ ဒီလောက် မတောက်ပခဲ့ဖူးဘူး။ သူတို့ လူနေမှုအဆင့်အတန်း ဟာလည်း တစ်နေ့တခြား မြင့်တက်လာနေတယ်။ ဒီတော့ တရုတ်ပြည် ဟာ နေးရှင်းတစ်ခုအနေနဲ့ အားကောင်းရင်း ကောင်းလာနေတယ်။ သူတို့တတွေ ဒီလှေကို ဝမ်းဗိုက်က ဖောက်လိုက်ကြမယ်လို့ မထင်ပါဘူး။ မကျေမနပ်နဲ့ ကျေးလက်က အလုပ်သမားတချို့တော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အရေအတွက်အားဖြင့် မများလှသလို စည်းစည်းလုံးလုံးလည်း မရှိကြပါဘူး။ ဒီတော့ အစိုးရကို တော်လှန်နေမယ့်အစား သူတို့ကိုယ်တိုင် မြို့ပေါ်က လူလတ်တန်းစားတွေထဲ ပါဝင်နိုင်အောင်ပဲ ကြိုးစားကြလိမ့်မယ်။ မြို့ပေါ်က လူလတ်တန်းစားတွေဆိုရင်လည်း ထိပ်တန်း လူချမ်းသာစာရင်းထဲ ဝင်နိုင်ဖို့ စိတ်အား ထက်သန်နေကြတယ်။

သူတို့အားလုံး ဒီလိုမျှော်လင့်ချက်တွေအတိုင်း ရှောက်ရှိသွားကြပြီဆို တဲ့ေ နာက်မှာတော့ ပိုပြီး ပွင့်လင်းလွတ်လပ်မှုနဲ့ ပြောရေးဆိုခွင့်တွေ ပိုရလာဖို့ အိပ် မက်အသစ် ထပ်မက်လာစရာ ရှိပါတယ်။ ဒါပေမဲ့ ဒီကို ရောက်ဖို့အချိန် အတော်ကြီး လိုနေပါလိမ့်ဦးမယ်။ မဝေးတဲ့ အနာဂတ်မှာ လက်ရှိမူဝါဒ ကို ပြောင်းလဲဖို့ လိုအပ်နေတယ် ဆိုပေမဲ့ ဒါကြောင့်တော့ နိုင်ငံ ဖရိုဖရဲ ဖြစ် သွားနိုင်မယ့် အနေအထားမှာ မရှိပါဘူး။ ဗဟိုအစိုးရက သူတို့ ရရှိထားတဲ့ လက်ရှိအာဏာကို ထိန်းထားဖို့ ဘယ်လောက် စိတ်ဓာတ်ခိုင်မာမှု ရှိတယ် ဆို တာ အပြင်ဖက်က လူတွေအနေနဲ့ လျှော့တွက် မထားသင့်ဘူး။ လက်ရှိ ဗဟို အစိုးရဟာ သတင်းအချက်အလက်တွေ ကောင်းကောင်း ပိုင်ဆိုင်ထားပြီး နည်းပညာအရလည်း အများကြီး တိုးတက်နေပြီဖြစ်တယ်။ ပြဿနာတိုင်းကို အနီးကပ်စောင့်ကြည့်ပြီး မဟန်ရင် ပြဿနာ မကြီးထွားခင် ဖြေရှင်းပစ်နိုင် ကြတယ်။
ခေတ်သစ်နည်းပညာ၊ အင်တာနက်၊ အိုင်ဖုန်း၊ ဖေ့ဘုတ် စတာတွေရဲ့ အကူ အညီနဲ့ တစ်ခုခုဖြစ်တိုင်း တစ်ယောက်ကို တစ်ယောက် အလွယ်တကူ ချက် ချင်း သတင်းပေးနိုင်ကြတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ဒီလိုနည်းနဲ့ လူနည်း စု ကနေ လူများစုဖြစ်လာအောင် လုပ်ယူလို့ ရတယ်။ ဒါပေမဲ့ ဒါလောက် နဲ့ ရှေ့တန်းအထိ တက်လာဖို့တော့ မဖြစ်နိုင်ပါဘူး။ တရုတ်အစိုးရမှာ ဒီလို အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့ အဆင့်မြင့်နည်းပညာတွေ တပ်ဆင်ထား တဲ့ စစ်တပ် ရှိတယ်။ ဆိုက်ဘာစပေ့စ်မှာ တက်လာတဲ့ သတင်းတိုင်းကို ဆင် ဆာလုပ်နိုင်တဲ့ နည်းပညာရပ်ဆိုင်ရာ ပညာရှင်တွေ အများကြီး ရှိတယ်။ ဒီလို အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာတဲ့ သတင်းတွေကို ထိန်းချုပ်ထားနိုင်ဖို့ အဲ သေ လာက်များတဲ့ ပညာရှင်တွေကို ခန့်အပ်ထားနိုင်မှုဟာလည်း အံ့ဩစ ရာ တော်တော် ကောင်းပါတယ်။
အရည်အချင်းရှိတဲ့ တချို့ netizen တွေက တရုတ်သတင်းတွေ ကမ္ဘာကို ပြန့် ဖို့ဆိုပြီး The Great Chinese Firewall ကို စတင် တည်ထောင်ပြီး ဝါဒဖြန့် ကြတယ်။ ထိရောက်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ တရုတ်အာဏာပိုင်တွေ က လည်း အွန်လိုင်း လှုပ်ရှားမှုတွေကို ပိုင်ပိုင်နိုင်နိုင်ကို ထိန်းချုပ်ထားနိုင်တယ်။ သူတို့ အစိုးရရဲ့ အတွင်းရေးအက်ကြောင်းကို ဖော်ပြတဲ့ အွန်လိုင်းသတင်းမှန် သမျှကို အာဏာပိုင်တွေရဲ့ အွန်လိုင်းလုံခြုံရေးတပ်ဖွဲ့က ထိုင်စောင့်ပြီး ဆင် ဆာ ဖြတ်ပစ်နိုင်တယ်။

ကဲ … ဒါဆိုရင် တရုတ်ပြည်ရဲ့ လာမယ့် ဆယ်နှစ်နဲ့ အနှစ်နှစ်ဆယ်မှာ ဘယ် လို နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားနိုင်ပါမလဲ။
ဖြစ်နိုင်နိုင်ခြေကတော့ သူတို့ဟာ ဂရုတစိုက်နဲ့ လူပေါင်းပိုပြီး များများ ပါဝင် လာနိုင်မယ့် အစိုးရ ပြုပြင်ပြောင်းလဲမှုဆီကို ရှေးရှုနေကြလိမ့်မယ်လို့ ယူဆ ရပါတယ်။ အခုဆိုရင်ပဲ ကျေးရွာအဆင့်နဲ့ ရာထူးခပ်နိမ့်နိမ့် နေရာတွေမှာ မဲနဲ့ ရွေးခြယ်တင်မြှောက်တဲ့စနစ်ကို စတင်ကျင့်သုံးလာနေပြီဆိုတာ တွေ့မြင် ရပါတယ်။ ဒီမူအတိုင်း တဆင့်ချင်း သူတို့ တက်သွားလိမ့်မယ်ဆိုတာကို သိပ် စဉ်းစားစရာ မလိုဘဲ အဖြေထုတ်ယူလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ရလဒ်ကို ကြို တင် တွက်ချက်လို့ မရနိုင်တဲ့ ရာနှုန်းပြည့် လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်း ပ တာမျိုးကိုတော့ တရုတ်အစိုးရက လက်ရှောင်ပါလိမ့်မယ်။ နိုင်ငံရဲ့ ကိစ္စေ တွမှာ ယေဘုယျအားဖြင့် ထိန်းချုပ်ထားနိုင်သရွေ့ တချို့ပြဿနာတွေ ကို လည်း သူတို့ ကိုင်တွယ် ဖြေရှင်းနိုင်ပါလိမ့်မယ်။
ဒီတော့ အရဲစွန့်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ဖို့ သူတို့အတွက် ကြီးကြီး မားမား ဖိအားတွေ မရှိသလို ပြုပြင်ပြောင်းလဲမှုက သူတို့ အတွက် စွဲဆောင် မှုလည်း မရှိလှပါဘူး။

(ဆက်ရန်)

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု) အခန်း(၁)

စာဖတ်ချိန် မသိသူ

 ( Q ) Did they really say that?

1 ) စာဖတ်ချိန် မသိသူ
ဇနီးက လာပြီး စကားမပြောသေးဘဲ သတင်းစာ၊ စာအုပ် စတာတွေ ဖတ်နေသူဟာ စာဖတ်ရမယ့် အချိန်ကို တကယ် မသိသူ လို့ ဆိုထားပါတယ်။

2 ) တစ်ယောက်တည်း နေခြင်း
တစ်ယောက်တည်း နေရင် သူများနဲ့ ရန်ဖြစ်စရာ မလိုတော့ပါ။ ဒါပေမယ့် ကိုယ်လျှာကို ပြန်ကိုက်မိတဲ့အ ကြိမ်ရေ ကတော့ တစ်ယောက်တည်း နေသူတွေမှာ ၃၅ ရာခိုင်နှုန်း ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

3 ) အသံကျယ်ကျယ်ပြော
ကမ္ဘာ့ စပ်စုမှု တော်လှန်ရေး အဖွဲ့က သတင်းတစ်ပုဒ် ထုတ်ပြန်ပါတယ်။ စကားကို ကျယ်ကျယ်ပြော ပြောကြပါ၊ စကား ကျယ်ကျယ်ပြောသူများ သူများ ခိုး နားထောင်တာကို မခံရတော့ဘူး လို့ ဖော်ပြထားပါတယ်။

4 ) အနုနဲ့ အကြမ်း

အနံ့အသက် မကောင်းသူ၊ အနံ့အသက် မကောင်းတဲ့နေရာ၊ အနံ့အသက် မကောင်းတဲ့လေ တွေနားမှာ ရောက်နေရပြီဆိုရင် နှာခေါင်းကို ပိတ်ထားခြင်း အသက်အောင့်ထားခြင်းတို့ထက် အသက်ကို မှန်မှန်  ပြင်းပြင်းရှူခြင်းက ပိုပြီး အနံ့ဆိုးရောဂါကို ကာကွယ်စေနိုင်တယ် လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် ပန်းရနံ့ ဟာ လေညှင်းနဲ့ ပါလာမှသာ ရတတ်ပြီး မုန်တိုင်းထဲမှာ ပန်းရနံ့  ဘယ်ရောက်မှန်းမသိ ပျောက်သွားသလိုပါပဲ လို့ ထပ်ပြီး ယုတ္တိဗေဒ နဲ့ ရှင်းပြပါတယ်။

5 ) တို့ကတော့ အေးအေး ဆေးဆေး ပဲ

မြန်မာနိုင်ငံရှိ " တို့ကတော့ အေးအေး ဆေးဆေး ပဲ " အဖွဲ့ချုပ်ကလည်း သတင်းတစ်ပုဒ် ထုတ်ပြန်ပါတယ်။ ဘယ်အရာမဆို နောက်ဆုံး ရောက်နေတာ ကောင်းပါတယ် တဲ့။  နောက်ဆုံး ရောက်သူဟာ ဘယ်တော့မှ နောက်ကနေ ချောင်းရိုက်တာ မခံရပါ၊ ( မသကာ ) မကျေနပ်ရင် ကိုယ်ကသာ  ချောင်းရိုက်နိုင်တယ်လို့ ဆိုပါတယ်။

( A ) Yes, they did except No.2 and 4. All are English sayings from around the world.

(Posted on 11/06/2012)
ဇင်ဝေသော်
Zin Wai Thaw

စပါးရှုံး၊ မန်စီးတီးရှုံး


ဆန်းဒါးလင်းကို မန်စီးတီးရှုံးတော့ မန်စီးတီးနည်းပြမျက်နှာကြီးက ရွာကရေကန် ရေခမ်းလို့ ပတ်ကြားအက်နေသလိုကြီး။
ကဲ လာခဲ့၊ မန်ယူ အာဆင်နယ်။ ရှုံးသူ ရွာကရေကန်ထဲ ကန်ချရမယ်။
ဝင်းဂါးက ပရော်ဖက်ဆာဟန်။ မိုယေးက ဂျစ်ကန်ကန်ကျောင်းသား။

November 11 at 12:06am

ပြိုင်တူတွန်းလျှင် (တနင်္ဂနွေ အပျင်းပြေ)


ဇွန်ပန်းရုံအနီး နွံနစ်နေသည်
......................................
.......................................
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ပြိုင်တူတွန်းလျှင် အမှန် ရွေ့နိုင်ပါသလား။
ဖတ်ဖူးသည့် ဟာသလေးကို ရေးပြချင်ပါသည်။ ပြိုင်တူတွန်းတိုင်း မရွေ့ပါ။
အားကောင်းမောင်းသန် လူရွယ်နှစ်ယောက် အလွန်ကြီးလေးသော သေတ္တာ ကြီးကို ရွှေ့နေကြသည်။
ဇွန်ပန်းရုံအနီးမှာတော့ မဟုတ်ပါ။ အခန်းတံခါးပေါက်မှာဖြစ်ပါသည်။ ချွေး တစ်ပေါက်ပေါက် ကျနေကြသော်လည်း ရေတစ်ပေါက်လောက် တိုက်စမ်းပါ လို့ သူတို့က ပြောကြောင်းတော့ စာထဲမှာ မပါပါ။
ပြိုင်တူတွန်းခြင်းနှင့် ပတ်သက်လို့တော့ သံသယရှိစရာမလိုပါ။
သူတို့က ဝမ်း၊ တူး၊ သရီး ဟု သံတူအော်ပြီး တွန်းနေကြခြင်းဖြစ်သည်။ သို့သော် သေတ္တာကြီးက မရွေ့ပါ။
နောက်ဆုံး အခန်းအထဲမှာရှိသည့်လူက လက်လျှော့ဟန်ဖြင့်
"ငါတို့နှစ်ယောက်တည်းနဲ့ ဒီ သေတ္တာကြီးကို အပြင်ထုတ်လို့ မရနိုင်လောက်တော့ပါဘူး" ဆိုသည်။
ထိုအခါရောက်မှ အခန်းအပြင်မှာရှိသည့်လူက
"ဟောဗျာ ငါက သေတ္တာကြီးကို အတွင်းသွင်းနေတာမှတ်လို့" ဆိုလိုက်သည်။
ပြိုင်တူတွန်းတိုင်း မရွေ့ပါ။

စကားလုံးများနှင့် စကားပြောကြည့်ခြင်း


ခေတ်ပေါ်ကဗျာများကို စတင်ဖတ်ရှုမိစဉ် ထူးထူးဆန်းဆန်းဝေါဟာရ တချို့ ကို တွေ့ရသည်။ ကြိုက်လည်းကြိုက်မိသည်။ ဥပမာ "ကိုယ့် ဒဏ်ရာကို လျှာနဲ့လျက်" ဆိုတာမျိုးဖြစ်သည်။ နောက်မှ သိရသည်က ဤစကားလုံး သည် အင်္ဂလိပ် အီဒီယံ (Licking one's wound) မှ တိုက်ရိုက် ပြန်ဆို လိုက်သော စကားဖြစ်နေသည်။ စကားလုံးအသစ် မဟုတ်။

ယနေ့ ကမ္ဘာ့ရေစီးကြောင်း၊ ကမ္ဘာ့ရေစီးကြောင်းဟု ရေစီးကြောင်း အကြော င်း တော်တော်ပြောနေကြသည်။ "ကမ္ဘာ့ရေစီးကြောင်းထဲ ရောက်သွားမှ" စသည်တို့ဖြစ်သည်။
ယင်းစကားကလည်း ဗုဒ္ဓစာပေမှာ အထင်ကရ။ သောတာပန္န ဖြစ်သည်။ ဤ၌ မူရင်းအဓိပ္ပါယ်တူသော်လည်း ဖွင့်ဆိုပုံတော့ ကွာသည်။ ဓမ္မရေစီး ထဲ ရောက်သွားသူကို မြန်မာလို သောတာပန်ဟု ခေါ်ကြ၏။ အင်္ဂလိပ်လို Stream-winner ဟု ဆိုသည်။
အရေးကြီး၏။ ဖဲ့ကပ်ကပ် လုပ်မနေသင့်။ ဓမ္မရေစီးဖြစ်ဖြစ်၊ ကမ္ဘာ့ရေ စီြး ဖစ်ဖြစ် ရေစီးကြောင်းထဲ ရောက်သွားမှ ဓမ္မအရာဝင်၊ လူအရာဝင်သည်။
ယနေ့ ကမ္ဘာမှာတော့ ကမ္ဘာ့ရေစီးဟု သုံးကြသည်။ လမ်းကြောင်းမှန်ေ ပါ် ရောက်သွားခြင်းကို ဆိုလိုသည်။

ထိုအပြင် နောက်ကြောင်းပြန်လှည့်ဦးမလား?
နောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုတာ တကယ် အမှန်ပဲလား? ယုံလိုက်ရတော့မှာလား? ဆိုသည့် စ ကား ကလည်း တအုံ့နွေးနွေး ရေပန်းစားနေပြန်သည်။
ဒီ စကားကလည်း အထူးအဆန်းမဟုတ်၊ ဓမ္မနှင့် စပ်ရှက်ပြီး ဘုရားရှင် သုံးစွဲခဲ့ သည့် စကားများသာဖြစ်သည်။ ကြည့်ပါ။
သကဒါဂါမိ၊ နောက်ကြောင်းပြန်လှည့်သူ (တစ်ကြိမ်ထဲသာဖြစ်သည်၊ နှစ် ကြိမ်မဖြစ်သင့်)။ Once Returner ဟု အင်္ဂလိပ်လိုဆိုသည်။

အနာဂါမိ၊ နောက်ကြောင်းလုံးဝ ပြန်မလှည့်တော့သူ။ ဘဝတဏှာ ပို၍ပို၍ ပါးလျလာခြင်းကြောင့်ဖြစ်သည်။ Non-Returner ဟု ဗိုလ်လိုဆိုသည်။

နောက်ဆုံးစကားက တော်လှန်ရေး ဖြစ်သည်။ တော်လှန်ရေးဟူသည် ဓမ္မဖြင့် အဓမ္မကို၊ သမ္မာဖြင့် မိစ္ဆာကို တော်လှန်ရေးလုပ်ခြင်းပင်။
အရဟတ္တ ဟူသည် တော်လှန်ရေးသမား (သို့) တော်လှန်ရေး အောင်မြင် သွားသူဟု အဓိပ္ပါယ်ရသည်။
ဗုဒ္ဓစာပေမှာတော့ ကိလေသာတော်လှန်ရေး အဆုံးသတ်သွားသူ၊ ရဟန္တာ ဟု မြန်မာစာပေမှာရှိသည်။ အင်္ဂလိပ်ကတော့ စကားလုံး ရှာမရသောကြောင့် ထင့်။ Arahat (သို့) Arahant ဟု ပါဠိလို တိုက်ရိုက်ယူသည်။ မည်သို့ဆိုစေ တော်လှန်ရေး ပြီးမြောက် အောင်မြင်သွားသူဟု အဓိပ္ပါယ်ရ သည်။

ဖာဂူဆန်


ဒီနေ့ စောစောပွဲမရှိ။
ဖာဂူဆန် အတ္ထုပ္ပတ္တိစာအုပ်ကတော့ ယူကေမှာ စံချိန်တွေတောင် ကျိုးလို့ တဲ့။
ပြည်တွင်းက အားကစားဂျာနယ်တွေ လက်မနှေးလောက်ဘူး ထင်တယ်။
သူ့စာအုပ် ဝယ်ကြတာက မန်ယူ ပရိသတ်ထက် အာဆင်နယ်နဲ့ လီဗာပူးလ် ပရိသတ်တွေ ဖြစ်ချင်ဖြစ်နေမှာ။
အဖိုးကြီးမရှိတော့မှ သူတို့က မန်ယူကို ငလုံး ဂျင်နိုင် နိုင်နေကြတာ။
မနက်ဖြန်မှာ အာဆင်နယ်နိုင်ရင်တော့ ဒါသေချာတယ်။

November 9 at 9:07pm

Facebook ရဲ့ အဓိပ္ပါယ် တဲ့ (သေရော)


နောက်ဆုံးထွက်က် ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ "ဒီမြေမှာ ငါတို့ခြေရာတွေနဲ့ လှပခဲ့" ဆောင်းပါးမှာ ဆရာ( ) ရေးထားတဲ့ စာပိုဒ်လေးပါ။

"အင်တာနက်ဆိုတဲ့ကိစ္စက ကလေကဝမှ သမ္မတအထိ သွားပုပ်လေလွင့် လုပ်လို့ရတဲ့နေရာ၊ အတို့အထောင် အဖွအရှုပ်၊ စကားလုံး ကြွပ်ကြွပ်အိတ် အစုတ်တို့ မွစာကြဲရာ ဖုန်းဆိုးမြေ၊ သီလ၊ သမာဓိ၊ သိက္ခာတရား ကင်းပ၊ ဒိဋ္ဌိတို့ အာပတ်သင့်ရာ ဇရပ်၊ အကျိုးရှိစွာ အသုံးချဖို့ စိတ်ကူးမရှိတဲ့ အား အားယားယား လူ့အဖွဲ့အစည်းအချို့အတွက် ထင်ရာစိုင်း မူးယစ်ရမ်းကားနိုင် ရာ သေတင်းကုပ်ပါပဲ။ စည်းမရှိ ကမ်းမရှိ၊ စံမရှိ၊ အယ်ဒီတာမရှိတဲ့ စာမျက်နှာ မှာ ကဗျာအပုဒ်တစ်ထောင် ရေးလည်း သမိုင်းတင်လို့ မရတဲ့နေရာ၊ ဤအရာ ကို Facebook ဟု ခေါ်သည်။" တဲ့။

တစ်ကမ္ဘာလုံးက ကမ္ဘာကျော် စာရေးဆရာကြီးတွေ၊ လေးစားစရာ ပုဂ္ဂိုလ်ေ တွ၊ နိုဘယ်လ်၊ မဘယ်လ် သူတော်ကောင်းကြီးတွေကအစ ကိုယ်ပိုင် ပေ့ဂ်ျေ လးတွေ ရှိကြပါတယ်။
တကယ်က Facebook ဆိုတာ လူတစ်ဦးချင်းစီရဲ့ မျက်နှာလိုပါပဲ။ တစ်ဦးနဲ့ တစ်ဦး တူသလိုလိုနဲ့ မတူကြပါဘူး။
ဆရာ့ဆောင်းပါးက တော်လှန်ရေးသမိုင်းကို ပြန်လှန်သုံးသပ်ပြီးရေးထားတဲ့ ဆောင်းပါးမို့ မှတ်စရာတွေ အများကြီးပါပါတယ်။
ဒါပေမဲ့ Facebook အပေါ် သုံးသပ်လိုက်တဲ့ သုံးသပ်မှုက စာရေးဆရာရဲ့ သမိုင်းအပေါ်သုံးသပ်မှုကို အနည်းငယ် အားလျော့သွားစေမှာကတော့ အမှန်ပဲ။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)


အရင်လက တောင်းဆိုခဲ့တဲ့ စာဖတ်သူအမြင်ကို ကြားခဲ့ရပြီးတဲ့နောက် "Smartest kids in the world" နဲ့ လီကွမ်ယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်" ကြားမှာ ဘယ်စာအုပ်ကို အရင်ကိုင်ရမလဲဆိုတာ ဆုံးဖြတ်လို့ မရခဲ့ ပါဘူး။ ဒါနဲ့ပဲ အချိန်ခွဲ၊ ဈာန်ခွဲပြီး နှစ်အုပ်စလုံးကို ပြိုင်တူကိုင်လိုက်ပါတယ်။ Smartest kids in the world ကို အရင် တင်လိုပေမဲ့ လီကွမ်ယုရဲ့ လူတစ်ေ ယာက်ရဲ့ ကမ္ဘာ့အမြင် က အရင်တင်လို့ရအောင် စာစီပြီးတဲ့အဆင့်ကိုရောက် ပြီး Smartest kids in the world ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆိုလိုတာက လက်ရေးမူကနေ ကွန်ပြူတာစာလုံးအထိ မရောက်သေးဘူးလို့ ဆိုလိုတာပါ။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် နဲ့ ပတ်သက်လို့ လီကွမ်းယုက တစ်ကမ္ဘာ လုံးပြောနေ၊ စောင့်ကြည့်နေရတဲ့ တရုတ်ပြည်အကြောင်းနဲ့ စတင်ထားပါ တယ်။
သူ့ရဲ့ တရုတ်ပြည်အပေါ်ထားရှိတဲ့ အမြင်ဟာ သုံးနှစ်အတွင်းလောက်မှာ အများကြီးပြောင်းလဲသွားတာကိုလည်း တွေ့ရပါတယ်။ "Hard Truths" နဲ့ "One Man's View of the World" စာအုပ် နှစ်အုပ်ကြားကာလထဲမှာ ဖြစ် ခဲ့တာပါ။
အနာဂတ် ဟောကိန်းတွေမို့ စာဖတ်သူရဲ့ ခံယူချက်အပေါ်မူတည်ပြီး သဘောမတူစရာ၊ အငြင်းပွားစရာတွေ ပါနေမယ်ဆိုတာကလည်း အသေ အချာပါပဲ။ အထူးသဖြင့် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ တရုတ် နဲ့ တော်တော်ဆင်နေတာကို တွေ့ရပါတယ်။ လေ့လာသုံးသပ်ကြည့်ပါ။


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
(အခန်း တစ်)


တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ


လက်ရှိ တရုတ်ပြည်နဲ့ လာမယ့်နှစ်နှစ်ဆယ်ရဲ့ တရုတ်ပြည်အကြောင်းကို နားလည် သဘောပေါက်ဖို့ဆိုရင် သူတို့ဟာ ဘယ်လိုလူမျိုးတွေဆိုတာနဲ့ သူ တို့ဟာ ဘယ်လို လူ့အဖွဲ့အစည်းလဲဆိုတာ အရင် သဘောပေါက်ထားဖို့ လို အပ်ပါတနယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်လောက်ကတည်းက တရုတ် လူမျိုးတွေရဲ့ ယုံကြည်မှုဟာ ဗဟိုဌာနချုပ်က အားကောင်းနေမှ နိုင်ငံလည်း လုံခြုံအေးချမ်းတယ် ဆိုတာပါ။ ဗဟိုဌာနချုပ်က အားနည်းပြီဆိုရင် နိုင်ငံ လည်း ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပြီ။ လက်ရှိမှာလည်း အားကောင်းတဲ့ ဗဟိုဦးစီးမှုအောက်မှာ တရုတ်ပြည်မှာ ကြွယ်ဝ ချမ်းသာတာပဲ ဖြစ်ပါတယ်။ ဒါကို တရုတ်လူမျိုးတိုင်း နားလည် သဘောပေါက်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက မူဝါဒ ဖြစ်သလို ဒီမူဝါဒကလည်း ရှေးရှေးသမိုင်းတွေထဲမှာကိုပဲ စွဲစွဲမြဲ မြဲ အမြစ်တွယ်နေခဲ့ပြီးသားပါ။ ဒီယုံကြည်မှုနဲ့ မူဝါဒက တော်တော်နဲ့ ကွယ်ေ ပျာက်သွားမှာ မဟုတ်ပါဘူး။

တချို့ အနောက်နိုင်ငံတွေက သူတို့ အနောက်ယဉ်ကျေးမှုကို အခြေခံတဲ့ ဒီမိုကရေစီ တရုတ်ပြည်မှာ ထွန်းကားလာတာကို မြင်တွေ့လိုကြတယ်။ ဒါက ဖြစ်လာမယ် မဟုတ်ဘူး။ အမေရိကန်တွေ ယုံကြည်ထားတာက လူ တစ်ယောက် မဲတစ်မဲ စနစ် ဒီမိုကရေစီ မကျင့်သုံးဘဲ နိုင်ငံလည်း အောင်မြင် တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ ဖြစ်တယ်။ ပြီးတော့ သမ္မတနဲ့ ပါလီမန် အမတ်တွေကိုလည်း နှစ်အနည်းငယ်အတွင်းမှာ အမြဲတန်း အပြောင်းအလဲ လုပ်ကြတယ်။ ဒါက သူတို့စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ ကမ္ဘာ့အမြင်ပါပဲ။ တရုတ်ပြည်မှာ ဒီလို အစဉ်အလာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တရုတ်ပြည်ဆိုတာ ယဉ်ကျေးမှုမတူ၊ သမိုင်းမတူတဲ့ လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ ဧရာမ နိုင်ငံကြီးပဲ။ သူတို့ လမ်းစဉ်နဲ့ သူတို့ပဲ ခရီးဆက်ကြလိမ့်မယ်။

၂၀၁၁ - ဆောင်ဦးပေါက်မှာ ဂွမ်ပေါင်ပြည်နယ်၊ ဝူကန် (Wukan) ဆိုတဲ့ တံငါရွာမှာ မငြိမ်မသက် ဖြစ်ခဲ့တယ်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ လက်ချက်နဲ့ လယ်သမားတွေ ယာမြေတွေ ဆုံးရှုံးခဲ့ကြရတယ်။ ကုမ္ပဏီကြီးတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ဝါးရိုက်ပြီး လုပ် ခဲ့ကြတာ။ လယ်မြေတွေ ရောင်းလို့ရတဲ့ အကျိုးအမြတ်တွေအားလုံးက ကုမ္ပဏီကြီးတွေနဲ့ အရာရှိတွေရဲ့ အိပ်ထဲပဲ ရောက်သွားတယ်။ ၂၀၁၁ - ခု၊ စက်တင်ဘာလထဲမှာ မငြိမ်မသက်ဖြစ်မှု စတင်ခဲ့တယ်။ အစမှာတော့ အလွန် မကျေမနပ် ဖြစ်နေကြတဲ့ ရာဂဏန်းသာရှိတဲ့ လယ်သမားတွေပါ။ ဒီဇင်ဘာ လ လည်း ရောက်ရော ဆန္ဒပြမှုကို နှိမ်နင်းတဲ့ ရဲရဲ့လက်ချက်ကြောင့် လယ် သမားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရာက စပြီး ဒီအရေးအခင်းလည်း အကြီး အကျယ် ပေါက်ကွဲထွက်သွားတော့တယ်။ ရက်အနည်းအငယ် အတွင်းမှာပဲ လယ်သမားဦးရေ နှစ်သောင်းနီးပါးဟာ ဆန္ဒတွေ ထုတ်ဖော်ပြလာကြတော့ တယ်။

သူတို့က ရွာမှာရှိနေတဲ့ အရာရှိတွေကို မောင်းထုတ်တယ်။ လမ်းတွေကို ပိတ် ဆို့တယ်။ ရရာ လက်နက်တွေကိုလည်း ကိုင်ဆွဲလာကြတယ်။ သူတို့တောင်း ဆိုတာက သူတို့လယ်ယာမြေတွေကို ပြန်ပေးဖို့ပဲ။ တရုတ်အစိုးရရဲ့ သတင်း ဌာနတွေမှာ ဝူကန်အရေးအခင်းနဲ့ ပတ်သက်ပြီး အမှောင်ချထားပေမဲ့လို့ အဲဒီမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို တရုတ်လူမျိုးတွေက အင်တာနက်နဲ့ နိုင်ငံခြား သတင်းဌာနတွေက တဆင့် ကြားသိနေကြရ တယ်။ နောက်ဆုံးမှာတော့ ဂွမ်ဒေါင်းပြည်နယ်ရဲ့ လက်ထောက် အုပ်ချုပ်ရေး မှူးက ဝူကန်ရွာကို အရောင်းဆင်း၊ မကျေမနပ် ဖြစ်နေတဲ့ လယ်သမားတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို ငြိမ်းအေးအောင် လုပ်ပေးခဲ့တယ်။
လယ်သမားတွေရဲ့ တောင်းဆိုမှုက တရားမျှတတယ်လို့ အာဏာပိုင်တွေက သဘောပေါက် လက်ခံခဲ့ကြတယ်။ လယ်ယာမြေ တချို့ကို ပြန်ပေး တယ် ။ စောစောက အဖမ်းခံထားရတဲ့ လယ်သမားတွေကို ပြန်လွှတ်တယ်။ အဲဒီနောက် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်ပွဲ လုပ်ပေးလိုက်တယ်။ ဒီရွေးကောက်ပွဲမှာ လူထုလှုပ်ရှားမှု ခေါင်းဆောင်က မဲအပြတ်နဲ့ အနိုင်ရရှိပြီး သူပဲ ရွာသူကြီး ဖြစ်သွားတော့တယ်။

ဒီဝူကန်ရွာ အရေးအခင်းကို အကြောင်းပြုပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်လာနိုင်တယ်လို့ လူတချို့က မျှော်လင့်လာကြတော့တယ်။
သတင်းတွေအရ တရုတ်ပြည်ရဲ့ တခြားနေရာတွေမှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိနေခဲ့တယ်ဆိုတာ သိရတယ်။ ဒါတွေကို ထောက်ရှု့ပြီး တရုတ်ပြည်ရဲ့ ဗဟိုဦးစီးမှုစနစ် အားလျော့လာနေပြီလို့ တချို့ကလည်း တွေး ကြတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားက ဒီအဖြစ်အပျက်တွေဟာ ဘယ် နည်းနဲ့မှ နိုင်ငံတော်အဆင့်အထိ ရောက်မလာနိုင်ဘူးဆိုတာပဲ။ ဒီအချက်ကို ဝူကန် အရေးအခင်းက သက်သေခံနေတယ်။ ဒီကိစ္စ အခြေအနေမှန် ကို ပြန်ရောက်ဖို့ တရုတ်ကွန်မြူနစ် အစိုးရက ဂွမ်ဒေါင်းပြည်နယ်ရဲ့ ဒုတိယ အာဏာအရှိဆုံးလူကို စေလွှတ်လိုက်တယ်။
ဝူကန်အရေးအခင်းကနေ သင်္ခန်းစာနှစ်ခု ဆွဲယူလို့ရတယ်။
တစ်အနေနဲ့ တရုတ်ကွန်မြူစ်ပါတီက သူတို့ပိုင်ဆိုင်ထားတဲ့ အာဏာကို လက်လွှတ်မခံဘူး။ ပါတီရဲ့ အကူအညီနဲ့ အခြေအနေမှန်ကို ပြန်ရောက်ေ အာင် ထိန်းထားနိုင်တယ်။
နှစ်ကတော့ ပါတီဟာ တည်ငြိမ်မှုကို ရရှိစေဖို့ သူတို့အာဏာကို အပျော့လို တစ်မျိုး၊ အမာလိုတစ်ဖုံ ရောစပ် သုံးစွဲနေတယ် ဆိုတာပါ။

ပြဿနာတစ်ခု စတင်ဖို့ အလားအလာ ရှိနေပြီဆိုရင် ဗဟိုအစိုးရက လက် မနှေးဘဲ ပြဿနာ သန္ဓေတည်စ ကတည်းက ခင်တင်းတင်း ကိုင်တွယ် ဖြေ ရှင်းလေ့ရှိတယ်။ နောက်ပြီးတော့ ဒီဆန္ဒပြမှုမှာ လယ်သမားတွေဖက် က လည်း ဒေသဆိုင်ရာ အကျင့်ပျက် အရာရှိတွေကိုပဲ ဆန္ဒပြကြတာ။ တကယ်တော့ ကွန်မြူနစ်ပါတီရဲ့ ကိုယ်ကျင့်တရားပျက်မှုတွေဟာ အလွန် ထင်သာမြင်သာ ရှိပါတယ်။ ဒါပေမဲ့ ဝူကန်ရွာသားတွေဟာ ဒီကိစ္စကို သတိ ရှိရှိနဲ့ ဆန္ဒပြနေကြတာကို တွေ့ရတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ ဆိုင်း ဘုတ်တွေကို ကြည့်ရင် သူတို့ဟာ ဗဟိုအစိုးရကို ထောက်ခံတယ်။ သူတို့ ကန့်ကွက်တာက ဒေသဆိုင်ရာ အရာရှိတွေသာ ဖြစ်တယ်ဆို တာ တွေ့ မြင်နိုင်ပါတယ်။
တရုတ်လူမျိုးတွေ ဆန္ဒပြရင် ဒီအတိုင်းပဲ ပြလာကြတာ နှစ်ပေါင်း ထောင်ချီပြီး ကြာခဲ့ပါပြီ။ ဗဟိုအစိုးရကို ဆန္ဒပြနေတာဟာ သဲထဲရေသွန်သလိုပဲဆိုတာ သူ တို့ သဘောက်ပေါက်ကြတယ်။ ဒီတော့ သူတို့က ဗဟိုအစိုးရကို သစ္စာရှိ ရှိ ထောက်ခံပြီး ဒေသတွင်းက အရာရှိတွေကိုပဲ ဆန့်ကျင် ဆန္ဒပြကြတော့ တယ်။ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ဖို့အထိ ရည်ရွယ်ချက် မရှိရင် ဗဟိုအစိုး ရကို ဆန့်ကျင့်ဖို့လည်း လက်ရှောင်ကြတယ်။ တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ဖို့ ဆိုတာကလည်း ဖြစ်နိုင်ချေ တော်တော် မရှိတဲ့ကိစ္စပါပဲ။
(ဆက်ရန်)

ဇင်ဝေသော်