စာဖတ်ချိန် မသိသူ

 ( Q ) Did they really say that?

1 ) စာဖတ်ချိန် မသိသူ
ဇနီးက လာပြီး စကားမပြောသေးဘဲ သတင်းစာ၊ စာအုပ် စတာတွေ ဖတ်နေသူဟာ စာဖတ်ရမယ့် အချိန်ကို တကယ် မသိသူ လို့ ဆိုထားပါတယ်။

2 ) တစ်ယောက်တည်း နေခြင်း
တစ်ယောက်တည်း နေရင် သူများနဲ့ ရန်ဖြစ်စရာ မလိုတော့ပါ။ ဒါပေမယ့် ကိုယ်လျှာကို ပြန်ကိုက်မိတဲ့အ ကြိမ်ရေ ကတော့ တစ်ယောက်တည်း နေသူတွေမှာ ၃၅ ရာခိုင်နှုန်း ပိုအဖြစ်များတယ်လို့ ဆိုပါတယ်။

3 ) အသံကျယ်ကျယ်ပြော
ကမ္ဘာ့ စပ်စုမှု တော်လှန်ရေး အဖွဲ့က သတင်းတစ်ပုဒ် ထုတ်ပြန်ပါတယ်။ စကားကို ကျယ်ကျယ်ပြော ပြောကြပါ၊ စကား ကျယ်ကျယ်ပြောသူများ သူများ ခိုး နားထောင်တာကို မခံရတော့ဘူး လို့ ဖော်ပြထားပါတယ်။

4 ) အနုနဲ့ အကြမ်း

အနံ့အသက် မကောင်းသူ၊ အနံ့အသက် မကောင်းတဲ့နေရာ၊ အနံ့အသက် မကောင်းတဲ့လေ တွေနားမှာ ရောက်နေရပြီဆိုရင် နှာခေါင်းကို ပိတ်ထားခြင်း အသက်အောင့်ထားခြင်းတို့ထက် အသက်ကို မှန်မှန်  ပြင်းပြင်းရှူခြင်းက ပိုပြီး အနံ့ဆိုးရောဂါကို ကာကွယ်စေနိုင်တယ် လို့ ဆိုပါတယ်။ ဥပမာ အားဖြင့် ပန်းရနံ့ ဟာ လေညှင်းနဲ့ ပါလာမှသာ ရတတ်ပြီး မုန်တိုင်းထဲမှာ ပန်းရနံ့  ဘယ်ရောက်မှန်းမသိ ပျောက်သွားသလိုပါပဲ လို့ ထပ်ပြီး ယုတ္တိဗေဒ နဲ့ ရှင်းပြပါတယ်။

5 ) တို့ကတော့ အေးအေး ဆေးဆေး ပဲ

မြန်မာနိုင်ငံရှိ " တို့ကတော့ အေးအေး ဆေးဆေး ပဲ " အဖွဲ့ချုပ်ကလည်း သတင်းတစ်ပုဒ် ထုတ်ပြန်ပါတယ်။ ဘယ်အရာမဆို နောက်ဆုံး ရောက်နေတာ ကောင်းပါတယ် တဲ့။  နောက်ဆုံး ရောက်သူဟာ ဘယ်တော့မှ နောက်ကနေ ချောင်းရိုက်တာ မခံရပါ၊ ( မသကာ ) မကျေနပ်ရင် ကိုယ်ကသာ  ချောင်းရိုက်နိုင်တယ်လို့ ဆိုပါတယ်။

( A ) Yes, they did except No.2 and 4. All are English sayings from around the world.

(Posted on 11/06/2012)
ဇင်ဝေသော်
Zin Wai Thaw

စပါးရှုံး၊ မန်စီးတီးရှုံး


ဆန်းဒါးလင်းကို မန်စီးတီးရှုံးတော့ မန်စီးတီးနည်းပြမျက်နှာကြီးက ရွာကရေကန် ရေခမ်းလို့ ပတ်ကြားအက်နေသလိုကြီး။
ကဲ လာခဲ့၊ မန်ယူ အာဆင်နယ်။ ရှုံးသူ ရွာကရေကန်ထဲ ကန်ချရမယ်။
ဝင်းဂါးက ပရော်ဖက်ဆာဟန်။ မိုယေးက ဂျစ်ကန်ကန်ကျောင်းသား။

November 11 at 12:06am

ပြိုင်တူတွန်းလျှင် (တနင်္ဂနွေ အပျင်းပြေ)


ဇွန်ပန်းရုံအနီး နွံနစ်နေသည်
......................................
.......................................
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ပြိုင်တူတွန်းလျှင် အမှန် ရွေ့နိုင်ပါသလား။
ဖတ်ဖူးသည့် ဟာသလေးကို ရေးပြချင်ပါသည်။ ပြိုင်တူတွန်းတိုင်း မရွေ့ပါ။
အားကောင်းမောင်းသန် လူရွယ်နှစ်ယောက် အလွန်ကြီးလေးသော သေတ္တာ ကြီးကို ရွှေ့နေကြသည်။
ဇွန်ပန်းရုံအနီးမှာတော့ မဟုတ်ပါ။ အခန်းတံခါးပေါက်မှာဖြစ်ပါသည်။ ချွေး တစ်ပေါက်ပေါက် ကျနေကြသော်လည်း ရေတစ်ပေါက်လောက် တိုက်စမ်းပါ လို့ သူတို့က ပြောကြောင်းတော့ စာထဲမှာ မပါပါ။
ပြိုင်တူတွန်းခြင်းနှင့် ပတ်သက်လို့တော့ သံသယရှိစရာမလိုပါ။
သူတို့က ဝမ်း၊ တူး၊ သရီး ဟု သံတူအော်ပြီး တွန်းနေကြခြင်းဖြစ်သည်။ သို့သော် သေတ္တာကြီးက မရွေ့ပါ။
နောက်ဆုံး အခန်းအထဲမှာရှိသည့်လူက လက်လျှော့ဟန်ဖြင့်
"ငါတို့နှစ်ယောက်တည်းနဲ့ ဒီ သေတ္တာကြီးကို အပြင်ထုတ်လို့ မရနိုင်လောက်တော့ပါဘူး" ဆိုသည်။
ထိုအခါရောက်မှ အခန်းအပြင်မှာရှိသည့်လူက
"ဟောဗျာ ငါက သေတ္တာကြီးကို အတွင်းသွင်းနေတာမှတ်လို့" ဆိုလိုက်သည်။
ပြိုင်တူတွန်းတိုင်း မရွေ့ပါ။

စကားလုံးများနှင့် စကားပြောကြည့်ခြင်း


ခေတ်ပေါ်ကဗျာများကို စတင်ဖတ်ရှုမိစဉ် ထူးထူးဆန်းဆန်းဝေါဟာရ တချို့ ကို တွေ့ရသည်။ ကြိုက်လည်းကြိုက်မိသည်။ ဥပမာ "ကိုယ့် ဒဏ်ရာကို လျှာနဲ့လျက်" ဆိုတာမျိုးဖြစ်သည်။ နောက်မှ သိရသည်က ဤစကားလုံး သည် အင်္ဂလိပ် အီဒီယံ (Licking one's wound) မှ တိုက်ရိုက် ပြန်ဆို လိုက်သော စကားဖြစ်နေသည်။ စကားလုံးအသစ် မဟုတ်။

ယနေ့ ကမ္ဘာ့ရေစီးကြောင်း၊ ကမ္ဘာ့ရေစီးကြောင်းဟု ရေစီးကြောင်း အကြော င်း တော်တော်ပြောနေကြသည်။ "ကမ္ဘာ့ရေစီးကြောင်းထဲ ရောက်သွားမှ" စသည်တို့ဖြစ်သည်။
ယင်းစကားကလည်း ဗုဒ္ဓစာပေမှာ အထင်ကရ။ သောတာပန္န ဖြစ်သည်။ ဤ၌ မူရင်းအဓိပ္ပါယ်တူသော်လည်း ဖွင့်ဆိုပုံတော့ ကွာသည်။ ဓမ္မရေစီး ထဲ ရောက်သွားသူကို မြန်မာလို သောတာပန်ဟု ခေါ်ကြ၏။ အင်္ဂလိပ်လို Stream-winner ဟု ဆိုသည်။
အရေးကြီး၏။ ဖဲ့ကပ်ကပ် လုပ်မနေသင့်။ ဓမ္မရေစီးဖြစ်ဖြစ်၊ ကမ္ဘာ့ရေ စီြး ဖစ်ဖြစ် ရေစီးကြောင်းထဲ ရောက်သွားမှ ဓမ္မအရာဝင်၊ လူအရာဝင်သည်။
ယနေ့ ကမ္ဘာမှာတော့ ကမ္ဘာ့ရေစီးဟု သုံးကြသည်။ လမ်းကြောင်းမှန်ေ ပါ် ရောက်သွားခြင်းကို ဆိုလိုသည်။

ထိုအပြင် နောက်ကြောင်းပြန်လှည့်ဦးမလား?
နောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုတာ တကယ် အမှန်ပဲလား? ယုံလိုက်ရတော့မှာလား? ဆိုသည့် စ ကား ကလည်း တအုံ့နွေးနွေး ရေပန်းစားနေပြန်သည်။
ဒီ စကားကလည်း အထူးအဆန်းမဟုတ်၊ ဓမ္မနှင့် စပ်ရှက်ပြီး ဘုရားရှင် သုံးစွဲခဲ့ သည့် စကားများသာဖြစ်သည်။ ကြည့်ပါ။
သကဒါဂါမိ၊ နောက်ကြောင်းပြန်လှည့်သူ (တစ်ကြိမ်ထဲသာဖြစ်သည်၊ နှစ် ကြိမ်မဖြစ်သင့်)။ Once Returner ဟု အင်္ဂလိပ်လိုဆိုသည်။

အနာဂါမိ၊ နောက်ကြောင်းလုံးဝ ပြန်မလှည့်တော့သူ။ ဘဝတဏှာ ပို၍ပို၍ ပါးလျလာခြင်းကြောင့်ဖြစ်သည်။ Non-Returner ဟု ဗိုလ်လိုဆိုသည်။

နောက်ဆုံးစကားက တော်လှန်ရေး ဖြစ်သည်။ တော်လှန်ရေးဟူသည် ဓမ္မဖြင့် အဓမ္မကို၊ သမ္မာဖြင့် မိစ္ဆာကို တော်လှန်ရေးလုပ်ခြင်းပင်။
အရဟတ္တ ဟူသည် တော်လှန်ရေးသမား (သို့) တော်လှန်ရေး အောင်မြင် သွားသူဟု အဓိပ္ပါယ်ရသည်။
ဗုဒ္ဓစာပေမှာတော့ ကိလေသာတော်လှန်ရေး အဆုံးသတ်သွားသူ၊ ရဟန္တာ ဟု မြန်မာစာပေမှာရှိသည်။ အင်္ဂလိပ်ကတော့ စကားလုံး ရှာမရသောကြောင့် ထင့်။ Arahat (သို့) Arahant ဟု ပါဠိလို တိုက်ရိုက်ယူသည်။ မည်သို့ဆိုစေ တော်လှန်ရေး ပြီးမြောက် အောင်မြင်သွားသူဟု အဓိပ္ပါယ်ရ သည်။

ဖာဂူဆန်


ဒီနေ့ စောစောပွဲမရှိ။
ဖာဂူဆန် အတ္ထုပ္ပတ္တိစာအုပ်ကတော့ ယူကေမှာ စံချိန်တွေတောင် ကျိုးလို့ တဲ့။
ပြည်တွင်းက အားကစားဂျာနယ်တွေ လက်မနှေးလောက်ဘူး ထင်တယ်။
သူ့စာအုပ် ဝယ်ကြတာက မန်ယူ ပရိသတ်ထက် အာဆင်နယ်နဲ့ လီဗာပူးလ် ပရိသတ်တွေ ဖြစ်ချင်ဖြစ်နေမှာ။
အဖိုးကြီးမရှိတော့မှ သူတို့က မန်ယူကို ငလုံး ဂျင်နိုင် နိုင်နေကြတာ။
မနက်ဖြန်မှာ အာဆင်နယ်နိုင်ရင်တော့ ဒါသေချာတယ်။

November 9 at 9:07pm

Facebook ရဲ့ အဓိပ္ပါယ် တဲ့ (သေရော)


နောက်ဆုံးထွက်က် ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ "ဒီမြေမှာ ငါတို့ခြေရာတွေနဲ့ လှပခဲ့" ဆောင်းပါးမှာ ဆရာ( ) ရေးထားတဲ့ စာပိုဒ်လေးပါ။

"အင်တာနက်ဆိုတဲ့ကိစ္စက ကလေကဝမှ သမ္မတအထိ သွားပုပ်လေလွင့် လုပ်လို့ရတဲ့နေရာ၊ အတို့အထောင် အဖွအရှုပ်၊ စကားလုံး ကြွပ်ကြွပ်အိတ် အစုတ်တို့ မွစာကြဲရာ ဖုန်းဆိုးမြေ၊ သီလ၊ သမာဓိ၊ သိက္ခာတရား ကင်းပ၊ ဒိဋ္ဌိတို့ အာပတ်သင့်ရာ ဇရပ်၊ အကျိုးရှိစွာ အသုံးချဖို့ စိတ်ကူးမရှိတဲ့ အား အားယားယား လူ့အဖွဲ့အစည်းအချို့အတွက် ထင်ရာစိုင်း မူးယစ်ရမ်းကားနိုင် ရာ သေတင်းကုပ်ပါပဲ။ စည်းမရှိ ကမ်းမရှိ၊ စံမရှိ၊ အယ်ဒီတာမရှိတဲ့ စာမျက်နှာ မှာ ကဗျာအပုဒ်တစ်ထောင် ရေးလည်း သမိုင်းတင်လို့ မရတဲ့နေရာ၊ ဤအရာ ကို Facebook ဟု ခေါ်သည်။" တဲ့။

တစ်ကမ္ဘာလုံးက ကမ္ဘာကျော် စာရေးဆရာကြီးတွေ၊ လေးစားစရာ ပုဂ္ဂိုလ်ေ တွ၊ နိုဘယ်လ်၊ မဘယ်လ် သူတော်ကောင်းကြီးတွေကအစ ကိုယ်ပိုင် ပေ့ဂ်ျေ လးတွေ ရှိကြပါတယ်။
တကယ်က Facebook ဆိုတာ လူတစ်ဦးချင်းစီရဲ့ မျက်နှာလိုပါပဲ။ တစ်ဦးနဲ့ တစ်ဦး တူသလိုလိုနဲ့ မတူကြပါဘူး။
ဆရာ့ဆောင်းပါးက တော်လှန်ရေးသမိုင်းကို ပြန်လှန်သုံးသပ်ပြီးရေးထားတဲ့ ဆောင်းပါးမို့ မှတ်စရာတွေ အများကြီးပါပါတယ်။
ဒါပေမဲ့ Facebook အပေါ် သုံးသပ်လိုက်တဲ့ သုံးသပ်မှုက စာရေးဆရာရဲ့ သမိုင်းအပေါ်သုံးသပ်မှုကို အနည်းငယ် အားလျော့သွားစေမှာကတော့ အမှန်ပဲ။

လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)


အရင်လက တောင်းဆိုခဲ့တဲ့ စာဖတ်သူအမြင်ကို ကြားခဲ့ရပြီးတဲ့နောက် "Smartest kids in the world" နဲ့ လီကွမ်ယုရဲ့ "လူတစ်ယောက်ရဲ့ ကမ္ဘာ့ အမြင်" ကြားမှာ ဘယ်စာအုပ်ကို အရင်ကိုင်ရမလဲဆိုတာ ဆုံးဖြတ်လို့ မရခဲ့ ပါဘူး။ ဒါနဲ့ပဲ အချိန်ခွဲ၊ ဈာန်ခွဲပြီး နှစ်အုပ်စလုံးကို ပြိုင်တူကိုင်လိုက်ပါတယ်။ Smartest kids in the world ကို အရင် တင်လိုပေမဲ့ လီကွမ်ယုရဲ့ လူတစ်ေ ယာက်ရဲ့ ကမ္ဘာ့အမြင် က အရင်တင်လို့ရအောင် စာစီပြီးတဲ့အဆင့်ကိုရောက် ပြီး Smartest kids in the world ကတော့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆိုလိုတာက လက်ရေးမူကနေ ကွန်ပြူတာစာလုံးအထိ မရောက်သေးဘူးလို့ ဆိုလိုတာပါ။ လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် နဲ့ ပတ်သက်လို့ လီကွမ်းယုက တစ်ကမ္ဘာ လုံးပြောနေ၊ စောင့်ကြည့်နေရတဲ့ တရုတ်ပြည်အကြောင်းနဲ့ စတင်ထားပါ တယ်။
သူ့ရဲ့ တရုတ်ပြည်အပေါ်ထားရှိတဲ့ အမြင်ဟာ သုံးနှစ်အတွင်းလောက်မှာ အများကြီးပြောင်းလဲသွားတာကိုလည်း တွေ့ရပါတယ်။ "Hard Truths" နဲ့ "One Man's View of the World" စာအုပ် နှစ်အုပ်ကြားကာလထဲမှာ ဖြစ် ခဲ့တာပါ။
အနာဂတ် ဟောကိန်းတွေမို့ စာဖတ်သူရဲ့ ခံယူချက်အပေါ်မူတည်ပြီး သဘောမတူစရာ၊ အငြင်းပွားစရာတွေ ပါနေမယ်ဆိုတာကလည်း အသေ အချာပါပဲ။ အထူးသဖြင့် မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ တရုတ် နဲ့ တော်တော်ဆင်နေတာကို တွေ့ရပါတယ်။ လေ့လာသုံးသပ်ကြည့်ပါ။


လူတစ်ယောက်ရဲ့ ကမ္ဘာ့အမြင် (လီကွမ်ယု)
(အခန်း တစ်)


တရုတ်ပြည်၊ ဗဟိုအားပြုမူဝါဒ


လက်ရှိ တရုတ်ပြည်နဲ့ လာမယ့်နှစ်နှစ်ဆယ်ရဲ့ တရုတ်ပြည်အကြောင်းကို နားလည် သဘောပေါက်ဖို့ဆိုရင် သူတို့ဟာ ဘယ်လိုလူမျိုးတွေဆိုတာနဲ့ သူ တို့ဟာ ဘယ်လို လူ့အဖွဲ့အစည်းလဲဆိုတာ အရင် သဘောပေါက်ထားဖို့ လို အပ်ပါတနယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်လောက်ကတည်းက တရုတ် လူမျိုးတွေရဲ့ ယုံကြည်မှုဟာ ဗဟိုဌာနချုပ်က အားကောင်းနေမှ နိုင်ငံလည်း လုံခြုံအေးချမ်းတယ် ဆိုတာပါ။ ဗဟိုဌာနချုပ်က အားနည်းပြီဆိုရင် နိုင်ငံ လည်း ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပြီ။ လက်ရှိမှာလည်း အားကောင်းတဲ့ ဗဟိုဦးစီးမှုအောက်မှာ တရုတ်ပြည်မှာ ကြွယ်ဝ ချမ်းသာတာပဲ ဖြစ်ပါတယ်။ ဒါကို တရုတ်လူမျိုးတိုင်း နားလည် သဘောပေါက်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ အဓိက မူဝါဒ ဖြစ်သလို ဒီမူဝါဒကလည်း ရှေးရှေးသမိုင်းတွေထဲမှာကိုပဲ စွဲစွဲမြဲ မြဲ အမြစ်တွယ်နေခဲ့ပြီးသားပါ။ ဒီယုံကြည်မှုနဲ့ မူဝါဒက တော်တော်နဲ့ ကွယ်ေ ပျာက်သွားမှာ မဟုတ်ပါဘူး။

တချို့ အနောက်နိုင်ငံတွေက သူတို့ အနောက်ယဉ်ကျေးမှုကို အခြေခံတဲ့ ဒီမိုကရေစီ တရုတ်ပြည်မှာ ထွန်းကားလာတာကို မြင်တွေ့လိုကြတယ်။ ဒါက ဖြစ်လာမယ် မဟုတ်ဘူး။ အမေရိကန်တွေ ယုံကြည်ထားတာက လူ တစ်ယောက် မဲတစ်မဲ စနစ် ဒီမိုကရေစီ မကျင့်သုံးဘဲ နိုင်ငံလည်း အောင်မြင် တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ ဖြစ်တယ်။ ပြီးတော့ သမ္မတနဲ့ ပါလီမန် အမတ်တွေကိုလည်း နှစ်အနည်းငယ်အတွင်းမှာ အမြဲတန်း အပြောင်းအလဲ လုပ်ကြတယ်။ ဒါက သူတို့စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ ကမ္ဘာ့အမြင်ပါပဲ။ တရုတ်ပြည်မှာ ဒီလို အစဉ်အလာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ တရုတ်ပြည်ဆိုတာ ယဉ်ကျေးမှုမတူ၊ သမိုင်းမတူတဲ့ လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ ဧရာမ နိုင်ငံကြီးပဲ။ သူတို့ လမ်းစဉ်နဲ့ သူတို့ပဲ ခရီးဆက်ကြလိမ့်မယ်။

၂၀၁၁ - ဆောင်ဦးပေါက်မှာ ဂွမ်ပေါင်ပြည်နယ်၊ ဝူကန် (Wukan) ဆိုတဲ့ တံငါရွာမှာ မငြိမ်မသက် ဖြစ်ခဲ့တယ်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ လက်ချက်နဲ့ လယ်သမားတွေ ယာမြေတွေ ဆုံးရှုံးခဲ့ကြရတယ်။ ကုမ္ပဏီကြီးတွေက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ဝါးရိုက်ပြီး လုပ် ခဲ့ကြတာ။ လယ်မြေတွေ ရောင်းလို့ရတဲ့ အကျိုးအမြတ်တွေအားလုံးက ကုမ္ပဏီကြီးတွေနဲ့ အရာရှိတွေရဲ့ အိပ်ထဲပဲ ရောက်သွားတယ်။ ၂၀၁၁ - ခု၊ စက်တင်ဘာလထဲမှာ မငြိမ်မသက်ဖြစ်မှု စတင်ခဲ့တယ်။ အစမှာတော့ အလွန် မကျေမနပ် ဖြစ်နေကြတဲ့ ရာဂဏန်းသာရှိတဲ့ လယ်သမားတွေပါ။ ဒီဇင်ဘာ လ လည်း ရောက်ရော ဆန္ဒပြမှုကို နှိမ်နင်းတဲ့ ရဲရဲ့လက်ချက်ကြောင့် လယ် သမားတစ်ယောက် အသက်ဆုံးရှုံးခဲ့ရာက စပြီး ဒီအရေးအခင်းလည်း အကြီး အကျယ် ပေါက်ကွဲထွက်သွားတော့တယ်။ ရက်အနည်းအငယ် အတွင်းမှာပဲ လယ်သမားဦးရေ နှစ်သောင်းနီးပါးဟာ ဆန္ဒတွေ ထုတ်ဖော်ပြလာကြတော့ တယ်။

သူတို့က ရွာမှာရှိနေတဲ့ အရာရှိတွေကို မောင်းထုတ်တယ်။ လမ်းတွေကို ပိတ် ဆို့တယ်။ ရရာ လက်နက်တွေကိုလည်း ကိုင်ဆွဲလာကြတယ်။ သူတို့တောင်း ဆိုတာက သူတို့လယ်ယာမြေတွေကို ပြန်ပေးဖို့ပဲ။ တရုတ်အစိုးရရဲ့ သတင်း ဌာနတွေမှာ ဝူကန်အရေးအခင်းနဲ့ ပတ်သက်ပြီး အမှောင်ချထားပေမဲ့လို့ အဲဒီမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို တရုတ်လူမျိုးတွေက အင်တာနက်နဲ့ နိုင်ငံခြား သတင်းဌာနတွေက တဆင့် ကြားသိနေကြရ တယ်။ နောက်ဆုံးမှာတော့ ဂွမ်ဒေါင်းပြည်နယ်ရဲ့ လက်ထောက် အုပ်ချုပ်ရေး မှူးက ဝူကန်ရွာကို အရောင်းဆင်း၊ မကျေမနပ် ဖြစ်နေတဲ့ လယ်သမားတွေ နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို ငြိမ်းအေးအောင် လုပ်ပေးခဲ့တယ်။
လယ်သမားတွေရဲ့ တောင်းဆိုမှုက တရားမျှတတယ်လို့ အာဏာပိုင်တွေက သဘောပေါက် လက်ခံခဲ့ကြတယ်။ လယ်ယာမြေ တချို့ကို ပြန်ပေး တယ် ။ စောစောက အဖမ်းခံထားရတဲ့ လယ်သမားတွေကို ပြန်လွှတ်တယ်။ အဲဒီနောက် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးကောက်ပွဲ လုပ်ပေးလိုက်တယ်။ ဒီရွေးကောက်ပွဲမှာ လူထုလှုပ်ရှားမှု ခေါင်းဆောင်က မဲအပြတ်နဲ့ အနိုင်ရရှိပြီး သူပဲ ရွာသူကြီး ဖြစ်သွားတော့တယ်။

ဒီဝူကန်ရွာ အရေးအခင်းကို အကြောင်းပြုပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်လာနိုင်တယ်လို့ လူတချို့က မျှော်လင့်လာကြတော့တယ်။
သတင်းတွေအရ တရုတ်ပြည်ရဲ့ တခြားနေရာတွေမှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိနေခဲ့တယ်ဆိုတာ သိရတယ်။ ဒါတွေကို ထောက်ရှု့ပြီး တရုတ်ပြည်ရဲ့ ဗဟိုဦးစီးမှုစနစ် အားလျော့လာနေပြီလို့ တချို့ကလည်း တွေး ကြတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားက ဒီအဖြစ်အပျက်တွေဟာ ဘယ် နည်းနဲ့မှ နိုင်ငံတော်အဆင့်အထိ ရောက်မလာနိုင်ဘူးဆိုတာပဲ။ ဒီအချက်ကို ဝူကန် အရေးအခင်းက သက်သေခံနေတယ်။ ဒီကိစ္စ အခြေအနေမှန် ကို ပြန်ရောက်ဖို့ တရုတ်ကွန်မြူနစ် အစိုးရက ဂွမ်ဒေါင်းပြည်နယ်ရဲ့ ဒုတိယ အာဏာအရှိဆုံးလူကို စေလွှတ်လိုက်တယ်။
ဝူကန်အရေးအခင်းကနေ သင်္ခန်းစာနှစ်ခု ဆွဲယူလို့ရတယ်။
တစ်အနေနဲ့ တရုတ်ကွန်မြူစ်ပါတီက သူတို့ပိုင်ဆိုင်ထားတဲ့ အာဏာကို လက်လွှတ်မခံဘူး။ ပါတီရဲ့ အကူအညီနဲ့ အခြေအနေမှန်ကို ပြန်ရောက်ေ အာင် ထိန်းထားနိုင်တယ်။
နှစ်ကတော့ ပါတီဟာ တည်ငြိမ်မှုကို ရရှိစေဖို့ သူတို့အာဏာကို အပျော့လို တစ်မျိုး၊ အမာလိုတစ်ဖုံ ရောစပ် သုံးစွဲနေတယ် ဆိုတာပါ။

ပြဿနာတစ်ခု စတင်ဖို့ အလားအလာ ရှိနေပြီဆိုရင် ဗဟိုအစိုးရက လက် မနှေးဘဲ ပြဿနာ သန္ဓေတည်စ ကတည်းက ခင်တင်းတင်း ကိုင်တွယ် ဖြေ ရှင်းလေ့ရှိတယ်။ နောက်ပြီးတော့ ဒီဆန္ဒပြမှုမှာ လယ်သမားတွေဖက် က လည်း ဒေသဆိုင်ရာ အကျင့်ပျက် အရာရှိတွေကိုပဲ ဆန္ဒပြကြတာ။ တကယ်တော့ ကွန်မြူနစ်ပါတီရဲ့ ကိုယ်ကျင့်တရားပျက်မှုတွေဟာ အလွန် ထင်သာမြင်သာ ရှိပါတယ်။ ဒါပေမဲ့ ဝူကန်ရွာသားတွေဟာ ဒီကိစ္စကို သတိ ရှိရှိနဲ့ ဆန္ဒပြနေကြတာကို တွေ့ရတယ်။ သူတို့ကိုင်ဆောင်ထားတဲ့ ဆိုင်း ဘုတ်တွေကို ကြည့်ရင် သူတို့ဟာ ဗဟိုအစိုးရကို ထောက်ခံတယ်။ သူတို့ ကန့်ကွက်တာက ဒေသဆိုင်ရာ အရာရှိတွေသာ ဖြစ်တယ်ဆို တာ တွေ့ မြင်နိုင်ပါတယ်။
တရုတ်လူမျိုးတွေ ဆန္ဒပြရင် ဒီအတိုင်းပဲ ပြလာကြတာ နှစ်ပေါင်း ထောင်ချီပြီး ကြာခဲ့ပါပြီ။ ဗဟိုအစိုးရကို ဆန္ဒပြနေတာဟာ သဲထဲရေသွန်သလိုပဲဆိုတာ သူ တို့ သဘောက်ပေါက်ကြတယ်။ ဒီတော့ သူတို့က ဗဟိုအစိုးရကို သစ္စာရှိ ရှိ ထောက်ခံပြီး ဒေသတွင်းက အရာရှိတွေကိုပဲ ဆန့်ကျင် ဆန္ဒပြကြတော့ တယ်။ တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ဖို့အထိ ရည်ရွယ်ချက် မရှိရင် ဗဟိုအစိုး ရကို ဆန့်ကျင့်ဖို့လည်း လက်ရှောင်ကြတယ်။ တစ်နိုင်ငံလုံး သိမ်းပိုက်နိုင်ဖို့ ဆိုတာကလည်း ဖြစ်နိုင်ချေ တော်တော် မရှိတဲ့ကိစ္စပါပဲ။
(ဆက်ရန်)

ဇင်ဝေသော်

ကျောင်းတွင်းမှတ်စု (ယောဂီရဲ့ လော့ဂျစ်)


"အရှင်ဘုရားရယ်၊ လူအများစုကတော့ ကျန်းမာရေးအတွက် နေ့စဉ်လေ့ ကျင့်ခန်းလေးတွေလုပ်ဖို့ထက် တစ်ခုခုဖြစ်ပြီဆိုတော့မှ ဆရာဝန်ဆီ သွား ၊ ဆေးထိုးဆေးစား လုပ်ချင်ကြတာပါ။ လွယ်တာကိုး။
ဘာသာရေးမှာလည်း အဲသလိုပါပဲ။ နေ့စဉ်ကျင့်သုံးရမယ့် သတိပဋ္ဌာန် စတာတွေကို မကျင့်ကြပါဘူး။ ဒုက္ခကြုံလာပြီဆိုတော့မှ ဘုရားရှေ့ရောက်၊ ဆုတွေတောင်း၊ ရဟန်းတွေဆီလာ၊ ဘလက်ဇင်းတွေ အလုပ်ခိုင်းတတ်ကြ တာပါ။ ဒါကလည်း လွယ်တာကိုး"

သူ့စကားကို ကြားလိုက်ရပြီး ဒီ တရုတ်က မခေပါလားဟု တွေးမိကာ သူ့ကိုလည်း ခေသူမဟုတ် စာရင်းထဲ အမြန်ထည့်ထားလိုက်ရတော့သည်။

ဆယ်ပါးရယ်ဘွယ်၊ မှတ်ကြောင်းသွယ်ပိမ့်


(၁) ဥာဏ်ကျယ်ပါလျက်၊ ပွဲလည်ချက်ဝယ်၊ နှုတ်ထွက်ယွင်းပါး၊ ဖွင်ဆိုမှားအံ့၊
(၂ ) ခစားသူမှာ၊ သူလိုရာသို့ လိုက်နာရလျက်၊ မာနတက်အံ့၊
(၃) လက္ခဏာမဲ့၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲစွာလျက်၊ ကာမဂုဏ်မှု၊ လုံ့လပြုအံ့၊
(၄) ပြီးထုထပ်ပွား၊ ဥစ္စာများလျက်၊ မိုက်အားဖုံးလွမ်း၊ မပေးကမ်းပဲ၊ ဒါန နည်းအံ့၊
(၅) ငြိမ်းချမ်းသာယာ၊ နေရပါလျက်၊ သူများမှီနေ၊ ခစားနေအံ့၊
(၆) သားရေလျော့ပါး၊ အိုပါငြားလည်း၊ တရားမဂ်ဖိုလ်၊ မမှီခိုအံ့၊
(၇) ရန်ပြိုပယ်လှစ်၊ ပြည့်ရှင်ဖြစ်လျက်၊ မူညစ်ဆိုးနွမ်း၊ မူးမတ်သွမ်းနှင့်၊ ချစ်ကျွမ်းဝင်ဝင်၊ ရေးတိုင်ပင်အံ့၊
(၈) သန့်စင်နွယ်ဓာတ်၊ မျိုးရိုးမြတ်လျက်၊ အတတ်မသင်၊ နားဝင်မ ကျွမ်း ၊ လော်လီသွမ်းအံ့၊
(၉) မနွမ်းဂုဏ်အင်။ ယောင်္ကျားစင်လျက်၊ ချစ်ခင်စိုးပိုင်၊ မယားနိုင်အံ့၊
(၁၀) သုံးဆိုင်ဗေဒင်၊ ကုန်စင်မြောက်မြား၊ ထုံးနှယ်ထွားသည်၊ ပုဏ္ဏားဖြစ် လျက်၊ အကျင့်ပျက်အံ့၊
ကန့်ကွက်ခြားနား၊ ဤဆယ်ပါးကို၊ အများလူတွင်၊ ရယ်ဘွယ်ထင်သည်၊ သည့်ပြင်ရယ်ဆေး ရမည်ဝေး။

(သြဝါဒထူးပျို့၊ စိန္တကျော်သူဦးသြ)

ဇင်ဝေသော်နဲ့ ဆုထားမျက်ချယ်တို့ ပွင့်လွှာများ အကြောင်း


နာဂတောင်တန်း အသွယ်သွယ်ဆီ ဝေ့ဝိုက်ဆင်းလာသည့် စာရာမေတိ နှင်း သက်လေက ရက်စက်လွန်းလှ၏။
ရောက်လာသူ ဧည့်သည်တိုင်းကို လက်အေးကြီးဖြင့် ထွေးပွေ့တတ်သည့် နာဂတောင်နေ ငှက်ဖျားပိုးတို့က စာနာမှု ကင်းလွန်းလှ၏။
ထို သေလုမျောပါး နေ့ရက်တွေများမှာ နွေးထွေးသည့် နှလုံးသားများသာ မရှိခဲ့ရင် "ငါ့" ကို ၃၁ ဘုံထဲ ဘယ်မှာ ရှာရမလဲ။ မသိ။


ထိုစဉ် မွေးကင်းစ ကလေးနှစ်ယောက်ကို နာမည် ပေးဖို့ ရှိလာခဲ့သည်။
အင်္ဂါသားနဲ့ အင်္ဂါသမီးလေး။
အတတ်နိုင်ဆုံး အလှဆုံး ရွေးမိသည်။
ဇင်ဝေသော်နဲ့ ဆုထားမျက်ချယ်။


"ဘဝမှာ အဆင်ပြေခိုက် လေပြေတိုင်း ပုလွေတစ်ချောင်းစီ ပါတယ်"
သေလုမျောပါး နေ့ရက်များနဲ့ ကျေးဇူးတရားမျာဆီ ရော်ရည်ရင်း ရှိပြီးသား လူ အတန်ငယ်သိသည့် ကလောင်ကို ချန်ခဲ့ကာ ဇင်ဝေသော်ကို ချစ်မြတ်နိုး စွာ မွေးဖွားလိုက်မိသည်။
အမည်ဆိုတာတွေကလည်း တကယ်တော့ ဘာဆို ဘာမှ မဟုတ်။
သို့သော်......