ရှိခြင်းနှင့် အသုံးပြုခြင်း (ကျောင်းတွင်းမှတ်စု)

ဤစာက တစ်စုံတစ်ရာကို ထိပါးစေသည်ဆိုပါက တောင်းပန်စကား ထားခဲ့ ချင်ပါသည်။ ရေးလိုသည်က အဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းတို့ကို အနားမထားဘဲ အသုံးပြုနေပုံသာဖြစ်ပါသည်။
ဤ မင်္ဂလဝိဟာရ ကျောင်း၏ တနင်္ဂနွေနေ့ တစ်နေ့တာ ဘာသာရေး လုပ်ငန်း များကို စာရင်းချပြပါမည်။
၁။ တနင်္ဂနွေ ဓမ္မသင်တန်ကျောင်း။ မနက် ကိုးနာရီခွဲမှ နေ့ ၁၂ နာရီ။ လူကြီး၊ ကလေး။ (အင်္ဂလိပ်)။ နေ့လည်စာ ကော်မတီမှ စီစဉ်သည်။ မြေညီထပ်၊ ထမင်းစား ခန်းမ။

၂။ ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် တရားပွဲများ၊ ဆွေးနွေးပွဲများ၊ ၁၂ နာရီ ၄၅ မိနစ်မှ ၂ နာရီ အထိ။ (အင်္ဂလိပ်)

၃။ Buddhist ans Pali Collage သင်တန်းများ။ နေ့ ၂ နာရီမှ ညနေ ၅ နာရီခွဲ အထိ။ (အင်္ဂလိပ်)

၎။ အဘိဓမ္မာသင်တန်း။ ၅ နာရီ ၄၅ (ဝန်းကျင်) မှ ၇ နာရီခွဲ။ ဒုတိယထပ်။ (မြန်မာ)

၅။ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု သင်တန်း (ကလေးငယ်များ အတွက်)။ ညနေ ၅ နာရီခွဲမှ ၇ နာရီခွဲ အထိ။ တတိယထပ် စာသင်ခန်းများ။ (မြန်မာ)။ စည်းရုံးရေး အဖွဲ့က ကလေးငယ်များ အတွက် စားစရာ တစ်ခုခု စီစဉ်သည်။ မြေညီထပ်၊ ထမင်းစား ခန်းမ။

၆။ အပတ်စဉ် ပဋ္ဌာန်း ရွတ်ဘတ် ပူဇော်မှု၊ ၇ နာရီမှ ၈ နာရီခန့်အထိ။ (တတိယထပ် ခန်းမ)

၇။ ကျောင်း၏ ပုံမှန် ဘုရားဝတ်ပြုချိန်၊ ၆ နာရီ ၄၅ မှ ၇ နာရီ ၄၅ အထိ။

၈။ စင်္ကာပူရှိ ဆရာတော်များ ဝါတွင်း တရားပွဲ၊ ၈နာရီမှ ၉နာရီ ခွဲ အထိ။
သို့ဖြင့် ည ဆယ်နာရီခန့်မှာ အားလုံး ပြီးသွားသည်ဟု ဆိုနိုင်ပေတော့သည်။ ဤ ဘာသာရေးလုပ်ငန်းများအားလုံးကို သုံးထပ်ကျောင်ဆောင် (မြေအောက် ကားပါကင်ပါ လေးထပ်) တစ်ဆောင်ထဲ၊ တစ်မိုးတစ်ရံအောက် မှာ ပြုလုပ်ခြင်းဖြစ်သည်။ ဟော ခန်းမများ၊ စာသင်ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများအားလုံး တနင်္ဂနွေနေ့ မှာ မနက် ၉ နာရီခွဲမှ ည ၁၀ နာရီအထိ အနားမရကြပါ။

အလုပ်ရှုပ်သည့် နိုင်ငံဖြစ်သည့်အတွက် အခြားနေ့များမှာတော့ ည ပိုင်းမှာ သာ သင်တန်းများ ရှိနိုင်သည်။

တနင်္လာနေ့၊
၁။ နေ့စဉ် ဗုဒ္ဓဘာသာသင်တန်း၊ ဒုတိယထပ်၊ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၂။ ဘုရားရှိခိုးစာ သင်တန်း (အခြေခံ) (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၃။ ချိကုန်းသင်တန်း၊ ကျန်းမာရေးအတွက်၊ မြေညီထပ်၊ ထမင်းစား ခန်းမ။ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

၎။ ယောဂသင်တန်း၊ ကျန်းမာရေးအတွက်၊ တတိယထပ်။ (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ)

အင်္ဂါ
၁။ Buddhist ans Pali Collage သင်တန်းများ။
၂။ ဘုရားရှိခိုးစာ သင်တန်း (အခြေခံ) (အင်္ဂလိပ်)၊ ၇ နာရီခွဲမှ ၉ နာရီခွဲ) စသဖြင့်
ရှည်နေမှာ စိုးသဖြင့် မရေးလို့တာ့၊ ဤ နည်းအတိုင်း လည်ပတ်နေလေသည်။

ဤ ကျောင်းမှ လူပုဂ္ဂိုလ်များ မြန်မာပြည်က ပြန်လာတိုင်း မြန်မာတွေ (အထူး သဖြင့် ဘာသာရေး နယ်ပယ်) အဆောက်အဦတွေကို အပြည့်အဝ အသုံးမချ တတ်ကြသေးဘူးဟု မြင်တတ်ကြသည်။
အင်း တို့ လူမျိုးက မြေချမ်းသာ၊ စေတနာ ချမ်းသာကြသည်ကိုး၊ လှူသူရှိ က ဆောက်ကြရပေမည် ဟုသာ သဘောပိုက်လိုက်ရတော့သည့်။ ထို့နောက် အပြည့်အဝ အကျိုးရှိရှိ အသုံးပြုဖို့ကတော့ စီမံခန့်ခွဲမှုနှင့် ပိုပြီး သက်ဆိုင် သည်ဟု ထင်သည်။ အထူးသဖြင့် ယနေ့ခေတ်မှာ စေတနာရှင်တို့က အဆောက်အဦတွေအစား ခေတ်မီသည့် သင်ထောက်ကူပစ္စည်းများ လှူ လျင် နိုင်ငံအတွက်၊ ဘာသာအတွက် ပို၍ အကျိုးများဖွယ်ရှိသည်ဟု အတွေ့ အကြုံအရ သဘောပေါက်မိသည်။
သို့သော် သူရှာသည့်ငွေကို သူစေတနာပေါက်ရာမှာသာ သူက လှူပေမည်။

စင်္ကာပူ နေရှင်နယ် ဒေး အမှတ်တရ သူတို့၏ စီမံခန့်ခွဲမှုပညာကို အသိ အမှတ်ပြု၊ ဂုဏ်ပြုလိုက်ပါ၏။

မေတ္တာဖြင့်

လီကွမ်းယု ဆွဲထားတဲ့ မြန်မာပြည်ရဲ့ ကောက်ချက် (၈) ချက်

အမှာ။ အပြည့်အစုံဖတ်ချင်သူတွေတော့ စောင့်ရဦးမယ် ထင်တယ်။ ကျနော် လည်း မအားလှပါ။ ဒီနေ့ အားနေလို့ အနှစ်ချုပ် မိတ်ဆက်ပေးလိုက်ပါတယ်။ ယခု အသစ်ထွက် One Man's Views of The World ထဲကပါ။
ကျနော်ပေးနိုင်တဲ့ (၈၈) အမှတ်တရ သာမညလက်ဆောင်လေးပေါ့။ မြန် မာပြည်ရဲ့ ကောက်ချက် (၈) ချက်။

ပစ္စုပ္ပန်

၁။ မြန်မာပြည်ရဲ့ ပြောင်းလဲမှုဟာ စနစ်တကျ မဟာဗျူဟာဆွဲပြီး မှ ပေါ်ေ ပါက်လာတာမျိုး၊ ရုတ်တရက် ကယ်တင်ရှင်ပေါ်လာတာမျိုး မဟုတ်။ ဒီနည်း နဲ့ ခရီးဆက်လို့တော့ မရတော့ဘူးဆိုတာ လက်ရှိဗိုလ်ချုပ်ကြီးတွေ သဘောေ ပါက်လာလို့ ရုတ်တရက် ပြောင်းလဲမှုသာဖြစ်တယ်။ (သူ့အမြင်အရ ဆရာ သန်းရွှေ အတွက် နေရာမရှိ)။
လမ်းဆုံးနေပြီး ရွေးစရာကို မရှိတော့လို့။

အတိတ်

၂။ ထိုင်းထက်မသာဘူးဆိုရင်တောင် ထိုင်းအောက် မလျော့တဲ့ သယံဇာတေ တွနဲ့ မွဲပြာကျနေတာကို ပို သိလာကြ။ သစ်သီးချင်းတူရင်တောင် ထိုင်း သစ် သီးက ပိုကြီး၊ ပို ချို။ ဈေးချိုချိုဆေးဝါးတွေကို တန်ဖိုးကြီး ရတနာပစ္စည်းတွေနဲ့ လဲလှယ်ယူနေကြရ။

၃။ နာဂစ်မုန်တိုင်းဟာ အစိုးရရော ပြည်သူကိုပါ နိုးကြားစေခဲ့။ အစိုးရက ကိုယ်တိုင်လည်း ဘာမှ လုပ်မပေးနိုင်၊ သူများလာကူတာလည်း လက်မခံ။ တချိန်တည်းလိုလိုမှာပဲ တရုတ်ပြည် ငလျင်လှုပ်။ အကူအညီပေးပုံတွေ လုံး ဝခြားနား။

၎။ နေဝင်းအစိုးရရဲ့ တံခါးပိတ်ဝါဒ (အထူးတလည် ပြောစရာ မလိုတော့)

၅။ ခင်ညွန့်ဟာ ဘရိုက်အဖြစ်ဆုံးနဲ့ ပြုပြင် ပြောင်းလဲရေးကိုစိတ် အဝင်စား ဆုံး။ သူ့ကို ဆူဟာတိုလမ်းလိုက်ဖို့ အကြံပေးခဲ့။ မကြာမီ ခင်ညွန့်လည်း အဖမ်းခံရ။ ဒီနောက် အဆက်အသွယ် မရှိတော့။ မြန်မာပြည် ပြောင်းလဲမှု အတွက် ခေါင်းဆောင်တွေကြိုးစားကြ၊ ကြိုးစားသူတိုင်းလည်း ကျရှုံးခဲ့။ သူလည်း စိတ်မဝင်စားတော့။ (ဒါတော့ အတိအကျပဲ၊ သူ့လောက်တော့ ဆရာသန်းရွှေက ဖုတ်လေတဲ့ ငါးပိ ပဲ)

အနာဂတ်

၆။ စစ်အစိုးရပုံစံ ပြန်လှည့်မယ် မထင် (လူကြီးမင်း တွက်ကိန်း မှန် ပါစေ) ။ ရှေ့ခရီးပေါက်မှု အနှေးအမြန်ပဲ ရှိမယ်။

၇။ အောင်ဆန်းစုကြည် အနေနဲ့ ခေါင်းဆောင်မှု ပေးနိုင်မယ်ဆိုတာနဲ့ ပတ် သက်လို့ သံလယရှိ။ ပေးနိုင်တယ်ဆိုစေ သူမအသက်က မငယ်လှတော့ (သူ့ထက်တော့ ငယ်ပါတယ်)

၈။ ပြည်ပရောက် မြန်မာတွေ ပြန်လာအောင် စည်းရုံးနိုင်ရင် စီးပွားရေး တက် တာမြန်မယ်။ သူတို့ဟာ အတော်ဆုံးအုပ်စု၊ အခု အတွေ့အကြုံ အရှိဆုံး တွေ ဖြစ်တယ်။ (အိမ်ပြန်ချင်တယ် ဟူး)

အရှေ့တောင်အာရှမှာလည်း သေနတ်တွေအများကြီး၊ ဒါပေမဲ့

၁။ အင်ဒိုနီးရှား
သေနတ်ပိုင်ဆိုင်မှု။ အသက် ၂၁ မှ ၆၅ နှစ်။ ရာဇဝတ်မှုကင်းရှင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာကြောင်း ရဲထောက်ခံချက်လိုအပ်။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် နှစ် ၂၀။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ်။
(အင်ဒိုနီးရှားမှာ ဂျကာတာ တစ်မြို့ထဲမှာတင်ပဲ တရားမဝင်တဲ့ သေ နတ်ေ ပါင်း ရှစ်ထောင်ကျော်ရှိ။ ဈေးကြီး၊ မှောင်ခို ဈေးချို)

၂။ မလေးရှား
သေနတ်ပိုင်ဆိုင်မှု။ အသက် ၁၈ နှစ်။ ရဲ ဌာနရဲ့ စစ်ဆေးမှုခံရ။ ပိုင်ဆိုင်လိုခြင်းရဲ့ အကြောင်းပြချက် ခိုင်လုံရမယ်။ပါမစ်ကျဖို့ ၂ နှစ်ခန့်ကြာ။
တရားမဝင် ပိုင်ဆိုင်မှု။ ဒဏ်ငွေ ရူပီး တစ်သောင်း ( ဆင်း ၃၉၁၀ ဒေါ်လာ)
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ်။
(တရားဝင်ဈေးနှုံး ရူပီး လေးထောင်၊ မှောင်ခို ရူပီး သုံးရာ။ သေနတ် အရေအတွက် ၃၇၀၀၀၀ ခန့်ရှိ)

၃။ ဖိလစ်ပိုင်
သေနတ်ပိုင်ဆိုင်မှု။ အသက် ၂၁ နှစ်၊ သုံးစွဲနည်း သင်တန်းတက်ရ၊ ရာဇဝတ်မှု ကင်းရှင်း၊ ရှည်လျားတဲ့ ရုံး ပရိုစီဂျာအတိုင်း လျှောက်ထားရ။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် ၆ နှစ်မှ ၈ နှစ်။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ ထောင်ဒဏ် ၁၂ နှစ်မှ နှစ် ၂၀ အထိ။
သေနတ်အရေအတွက် ၁.၂ မီလီယံ။ ၆ သိန်းခန့်က တရားမဝင်တော့။

၎။ ထိုင်းလန့်ဒ်
သေနတ်ပိုင်ဆိုင်မှု။ လျှောက်လွှာသက်တန်း တစ်လမှ နှစ်လကြာ။ ကိုယ်ရေးနောက်ခံ စစ်ဆေး၊ လက်ဗွေနှိပ်ရ။
တရားမဝင် ပိုင်ဆိုင်မှု။ ထောင်ဒဏ် ၁၀ နှစ် (သို့) ငွေဒဏ် ဘတ် နှစ်သောင်း (သို့) နှစ်မျိုးလုံး။
သူတပါးကို နာကျင်မှု၊ သေဆုံးမှု ဖြစ်ခဲ့ရင်။ သေဒဏ် (သို့) တစ်သက် တစ် ကျွန်း (သို့) ထောင်ဒဏ် နှစ် ၂၀။
သေနတ်အရေအတွက် ၆.၂ မီလီယံ။

ဒါပေမဲ့....
လူသတ်မှု ဖြစ်ပွားနှုံးက ဖိလစ်ပိုင်နဲ့ ထိုင်းလန့်ဒ်။ ၉.၅ ရာခိုင်နှုံး ခန့်ရှိတယ်။
မြန်မာပြည်က အရပ်သား သေနတ်ပိုင်ဆိုင်ခွင့် ရှိဟန်မတူဘူး။ ဒါပေမဲ့ လူ သတ်မှု ဖြစ်ပွားနှုံးက တော့ပ် ပဲ။ ၁၀.၂ ရာခိုင်နှုံးရှိတယ်။ ((2008)
မြန်မာတွေလက်ထဲ သေနတ် ၆ မီလီယံလောက် (ထိုင်းလို) ထည့်ပေး လိုက် ရရင် ဘယ်လိုနေမလဲ။
ပိုပြီး ထိမ်းသိမ်းလာကြမလား
အကုန်ပဲ သေကုန်မလား။


Ref: ST, Aug, 8,2013

ဆန်းသစ်ခြင်း (Innovation) ဆိုတာ

Innovation, Invention နဲ့ Creation ဆိုတဲ့ စကားသုံးလုံးရဲ့ အဓိပ္ပါယ်တွေ က ဆင်တူရိုးမှား ရှိလှပါတယ်။ (ကျနော် ပြောလိုတာက စကားလုံးတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တော့ မဟုတ်ပါဘူး)

Innovation ဆိုတာ အသစ်တစ်ခုခုကို ဖန်တီးလိုက်ခြင်း၊ တည်ထွင် လိုက်ခြင်းမဟုတ်ဘဲ ရှိပြီးသားကို ပြန်လည်ဆန်းသစ်ခြင်းဖြစ်တယ်။ အတွေး အခေါ်ဟောင်းနှစ်ခု၊ နည်းပညာဟောင်း နှစ်ခု၊ ပစ္စည်းဟောင်းနှစ်ခု စတာတွေ ကို ပေါင်းစပ်ပြီး တစ်မျိုးတစ်ဖုံဖြစ်အောင် ဆန်းသစ်ပေးလိုက်ခြင်းပဲ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒီ အဆိုအရ ကမ္ဘာမှာ တည်ထွင်ခဲ့ကြလမျှ အားလုံးလိုလိုဟာ Innovation (ဆန်းသစ်ခြင်း) သဘောတရားသာဖြစ်တယ်။

ဒီ Innovation ဆိုတဲ့ စကားလုံးကို ၁၅ ရာစုခန့်က စတင် အသုံးပြုခဲ့ပြီး ရေ ငုတ်သင်္ဘောနဲ့ ဟယ်လီကော်ပတာကို တည်ထွင်ခဲ့သူ Leonardo de Vinci နဲ့ တယ်လီစကုတ်နဲ့ ပထမဆုံး ကြယ်တာရာတွေကို ကြည့်ခဲ့တဲ့ Galileo Galili တို့နဲ့ ဆက်စပ်ပြီး အသုံးပြုခဲ့တာပါ။

ဒါကို သက်သေပြုဖို့ ပိုလန်ဖွား သိပ္ပံပညာရှင် Jacob Bronowski ရဲ့ "The Ascent of Men" ကို ညွှန်းဆိုပါတယ်။
လူသားဟာ ကမ္ဘာပေါ်ကို လွန်ခဲ့တဲ့ နှစ် ငါးသောင်းခန့်က စတင်ရောက်ရှိ လာခဲ့ပေမဲ့ နှစ် တစ်သောင်းငါးထောင်ကမှ စပြီး Innovation စတင်ခဲ့တယ်။ ဆိုလိုတာက နေရာမရှိ ခြေဦးတည့်ရာ လျှောက်သွားရာကနေ တဖြည်းဖြည်း အိမ်ယာတည်ဆောက်မှု၊ မွေးမြူမှု၊ သီးနှံစိုက်ပျိုးမှု စတာတွေကို ပြုလုပ် လာ ခဲ့ကြတယ် ဆိုတာပါ။

အဲသလိုပဲ ဘီစီ သုံးရာစုခန့်က "ဘီး" နဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရုရှား မှာ တွေ့ခဲ့ပေမဲ့ ဒီနေ့ အသုံးပြုနေတဲ့ ကားတာယာဘီးကိုတော့ ၁၈၈၇ ခုနှစ်ရောက်မှ စကော့လူမျိုး Jhon Dunlop က တည်ထွင်နိုင်ခဲ့တယ်။

ရှေးဟောင်း ဂရိတွေ လက်ထက်ကတည်းက လျပ်စစ်နဲ့ပတ်သက်တဲ့ သဲလွန် စတွေ တွေ့ခဲ့ပေမဲ့ ၁၈၈၀ နှစ်တွေ ရောက်မှပဲ ဒီနေ့ အသုံးပြုနေတဲ့ လျပ်စစ် ပုံစံကို သောမတ်အယ်ဒီကြောင့် ရောက်ရှိလာခဲ့ပါတယ်။
စသဖြင့်..စသဖြင့်...

ဒီဆောင်းပါးရဲ့ အချုပ်က စီးပွားရေးပဲ လုပ်လုပ်၊ ပစ္စည်းတစ်ခုခုကိုပဲ တည် ထွင် တည်ထွင် အဓိကအချက်က ရှိပြီးသားအချက်အလက်၊ အတွေးအခေါ်၊ ပစ္စည်း စတာတွေကို ပေါင်းစပ်ပြီး ပုံသဏ္ဍာန်အသစ်ဖြစ်အောင် ဆန်းသစ်ေ ပးနိုင်ဖို့ အရေးကြီးတယ် ဆိုတာပါ။ ဘာမှ အသစ်ရယ်လို့မရှိသေးဘူးပေါ့ ။ေ ပါင်းစပ်၊ ဆန်းသစ်နိုင်ရင် အောင်မြင်တယ်။ Innovation ဖြစ်တယ်လို့ ခေါ်ပါ သတဲ့။
ဂျပန်က ၁၇ ရာစုမှာ စက်ရုပ်လုပ်နည်းပညာကို ဒတ်ခ်ျ လူမျိုးတွေဆီက ရယူ ခဲ့တယ်။ သူတို့က Innovation ဖြစ်တော့ သူတို့ကို ဒတ်ခ်ျ တွေ လိုက် မမှီလောက်အောင် ဖြစ် သွားရတယ်လို့ ကိုးကားပြထားတယ်။
ရွှေမြန်မာတို့ Innovation ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.......

Ref:The Big Idea in history-making the old new again
ST, Aug, 3rd, 2013

အီးမေးထဲက ဥက္ကံ အကြောင်း

မဖတ်ရသေးရင် ဖတ်ကြည့်ကြပေါ့ဗျာ။

**သိရသမျှ ဥက္ကံမြို့အဓိကရုဏ်း**

ကျနော် လေ့လာသိရသလောက် ဥက္ကံမြို့မှာ ဖြစ်ပွားသွားတဲ့ ဘာသာရေး အသွင်ဆောင် အဓိကရုန်းဟာ ရုတ်တရက် ဝုန်းဒိုင်းသဘောကြီး ထဖြစ်တာ မဟုတ်ဘူးဗျ။ အရင်က ဖြစ်ခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စကြောင့် ဂယက် ရိုက်လာတဲ့ သတင်းတွေနဲ့ အဲဒီအရေးအပေါ် ဒေသခံလူထုရဲ့ ခံစားချက်တွေ၊ အခြားမြို့တွေက အဓိကရုဏ်း သတင်းတွေ၊ အထူးသဖြင့် မိတ္ထီလာမြို့ ကဖြစ်ရပ်မှာ အရင်းခံပါဝင်သူနဲ့ အဆက်အစပ်ရှိနေမှု။ နောက်တခုက မွတ်ဆ လင် တဦးနဲ့ အိမ်ထောင်ကျ ပြီးနောက် အနှိပ်စက် အညှင်းပန်းခံရတဲ့ အမျိုး သမီးတဦးရဲ့ ရင်ဖွင့်ချက် ဗီဒီယိုမှတ်တမ်း တွေက နိုင်ငံတလွှား ပျံ့နှံ့ နေ တယ်။

ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်နယ်ခံလူထုအကြား အရင်ကဖြစ်ခဲ့ဖူးတဲ့ နာကျည်း ခံပြင်းမှုတွေကလည်း ပြဿနာဖြစ်ဖို့ မီးခဲပြာဖုံး ကြိမ်မီးအုံးသလို အသင့်ဖြ စ်နေတာ။
မိတ္ထီလာမြို့ အဓိကရုန်းစတင်ခဲ့ရာ ရွှေဆိုင်ပိုင်ရှင်ဟာ ဥက္ကံမြို့က ‘ရှိန်းစတိုး’ ပိုင်ရှင် မွတ်ဆလင်ဘာသာဝင် ဦးတင်ဦးရဲ့ သားဖြစ်တယ်။
မိတ္ထီလာမြို့ ပြဿနာဖြစ်နေစဉ်မှာ ရွှေဆိုင်ပိုင်ရှင် မိသားစု တိမ်းရှောင် ထွက်ပြေး သွားတယ်။
မိတ္ထီလာမြို့ အာဏာပိုင်တွေက သူတို့ကို စုံစမ်း ရှာဖွေရင်း မိဘများနေထိုင် ရာ ဥက္ကံမြို့ကိုလည်း ရောက်လာတယ်။

ရွှေဆိုင်ပိုင်ရှင်ကို မတွေ့လို့ မိဘတွေကို ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ ရှိ ခဲ့တယ်။ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပေမဲ့ မိခင်ဖြစ်သူက သားအတွက် ပူပန် စိတ်နဲ့ ဆုံးပါးသွားတယ်။
အခင်းမဖြစ်ပွားခင် ၂ ပတ်လောက်မှာ ဥက္ကံ စနေနွားပွဲဈေး အနီးနေထိုင်တဲ့ ၁၄ နှစ်အရွယ် ဗုဒ္ဓဘာသာ အမျိုးသမီးလေး တဦးကို အသက် ၄၀ ကျော် မွတ်ဆလင်တဦးက အတင်းအကျပ်ခိုးယူပေါင်းသင်းဖို့ ကြံစည်မှု ဖြစ်ခဲ့တယ်။
အဲဒီ မွတ်ဆလင်က နွားအရောင်းအဝယ်လုပ်ရင်း ကလေးမလေးရဲ့ မိဘ အိမ်မှာ သွားလာဝင်ထွက် ခင်မင်နေသူဖြစ်တယ်။

ကလေးမ အပေါ်မှာလည်း လိုက်လိုက်လျောလျော ဆက်ဆံမှုတွေနဲ့ အယုံ သွင်းခဲ့တယ်။ တနေ့တော့ ကလေးမ ဈေးသွားမယ် အလုပ်မှာ သူလိုက်ပို့ပေး မယ်ဆိုပြီး ဆိုင်ကယ်ပေါ်တင်ခေါ်ရင်း သူနေထိုင်ရာ အဖျောက်မြို့ကို ခေါ်ယူ ထွက်ပြေးသွားတယ်။
ကလေးမရဲ့ မိဘတွေက ဥက္ကံရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ထားတယ်။ မွတ်ဆလင် ကုလားက အဖျောက်မြို့ ရပ်ကွက်ရုံးအခုမှာ ကောင်မလေးနဲ့ အကြင်လင်မယားအဖြစ် တရားဝင်လက်မှတ်ထိုးဖို့ ကြိုးစားနေစဉ်မှာ ရပ် ကွက် လူကြီးတွေက သံသယရှိတာနဲ့ ကောင်မလေးကို သီးခြားခေါ်ယူပြီးေ မးမြန်းတော့ ခင်မင်မှုကို အခွင့်ကောင်းယူပြီး လိမ်ညာခေါ်ယူလာကြောင်း သိရလို့ ဥက္ကံမှာရှိတဲ့ မိဘတွေထံ အကြောင်းကြားလိုက်တယ်။

ဥက္ကံရဲစခန်းမှာလည်း အဲဒီကလေးမကို လူပျောက်တိုင်ချက် ဖွင့်ထားတာ ရှိနေတော့ သူ့မိဘတွေနဲ့ ရဲစခန်းအာဏာပိုင်တချို့ အဖျောက်မြို့ကို လိုက် သွားပြီး အဲဒီမွတ်ဆလင်ကို ဖမ်းဆီးကာ တိုက်ကြီးရဲစခန်းကို လွှဲပြောင်းပေး လိုက်တယ်။ အဲဒီဖြစ်ရပ်ကြောင့် မြို့နေလူထု အကြီးအကျယ် ဒေါသထွက် ခဲ့ရတာရှိတယ်။

နောက်တခုက ဥက္ကံမြို့ ဓမ္မာရုံကျောင်းတိုက် တရားပွဲမှာ ၉၆၉ အဖွဲ့က ထုတ် တဲ့ သီချင်းဖွင့်တာကို ခဲနဲ့ပေါက်လို့ ဝိုင်းဖမ်းကြတော့ မွတ်ဆလင် ၂ ဦးကို ဖမ်း မိတယ်။ သူတို့ကို ရဲစခန်း သွားအပ်ထားချိန်မှာ ဥက္ကံမြို့စွန့် သင်္ချိုင်းအနီး မှာ နေတဲ့ မွတ်ဆလင် မောင်ရွှေဆိုသူက ရဲစခန်းမှာ ဖမ်းထားသူ ၂ ဦးကို သိန်း ၂၀ လာဘ်ထိုးပြီး ပြန်ထုတ်သွားခဲ့တယ်။ အဲဒါကလည်း မြို့နယ်လူထု ကို မကျေနပ်မှု ဖြစ်စေခဲ့တယ်။

တခြားဖြစ်ရပ်က ဥက္ကံမြို့အနီး ပနီပင်ကျေးရွာမှာ တရားပွဲကျင်းပဖို့ ခင်းထား တဲ့ ဖျာတွေကို မွတ်ဆလင် အမျိုးသမီးတချို့က ဆွဲလွှင့်ပစ်လို့ အခြေ အ တင်ဖြစ်ခဲ့ကြသေးတယ်။ အဲဒီရွာမှာက မွတ်ဆလင် များတယ်လို့ သိရတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဗုဒ္ဓဘာသာအမျိုးသမီးတဦးကို မွတ်ဆလင်မိသားစုက ဝိုင်းဝန်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိထားတယ်။ အဲဒါတွေက အခင်းမဖြစ်မီ လိပ်ခဲတင်းတင်း ရှိနေခဲ့တဲ့ အခြေအနေ တွေပါ။

အခင်းဖြစ်တဲ့နေကတော့ အလံတိုင်ကျောင်းတိုက်က ကိုရင်လေးတပါး ဆွမ်း ခံကြွလာချိန် ဈေးထဲအရောက်မှာ မွတ်ဆလင်အမျိုးသမီးတဦးနဲ့ ဝင်တိုက်မိ လို့ သပိတ်လွင့်စင်ကျသွားပြီး အလှူခံရထားတဲ့ စားသောက်ဖွယ်ရာ တွေ တစစီပြန့်ကျဲသွားတယ်။
တိုက်မိတဲ့မိန်းမက သူနဲ့မဆိုင်သလို လုပ်နေချိန်မှာ ကိုရင်လေးက လမ်းပေါ် ကျ နေတဲ့ သပိတ်နဲ့ အလှူခံ ပစ္စည်းလေးတွေကို ကြည့်ပြီး ဝမ်းနည်းစိတ်နဲ့ မျက်ရည်ကျတယ်။
ဒီမြင်ကွင်းက ဘေးနားမှာရှိတဲ့ ဈေးသည်တွေအတွက် စိတ်မချမ်းမြေ့စရာ။ ဒါကြောင့်မို့ တိုက်မိတဲ့ မိန်းမကို ကိုရင်လေး အတွက် စားစရာလေးတွေ ဝယ်ခြမ်းပေးဖို့ တိုက်တွန်းကြပေမဲ့ အရေးမလုပ်ဘူး ဖြစ်နေတယ်။

အဲဒီအချိန်မှာ တခြားမွတ်ဆလင် အမျိုးသမီးတဦး ရောက်လာပြီး ကိုရင်လေး နမော်နမဲ့နိုင်လို့ဖြစ်တဲ့ဟာကို အလျော်ပေးစရာ မလိုကြောင်း ပြောရာကနေ အခြေအတင် စကားများကြတယ်။ နောက်ပိုင်းမှာ ရောက်လာတဲ့မိန်းမက ဝင်တိုက်မိတဲ့ မိန်းမကို ‘ပြောမရလည်း လျော်ပေးလိုက်ဟယ် ဒီ ပစ္စည်း တန် ဘိုးက နင်စီးတဲ့ ဖိနပ်တဖက်စာ တောင် မရှိဘူး’ လို့ပြောလိုက်တဲ့စကားက တဖက်သားအပေါ် အလွန်အမင်း စော်ကားနှိမ့်ချသလို ဖြစ်သွားပြီး ပြဿနာ ပိုကြီးထွားလာတယ်။

ရဲတွေရောက်လာပြီး မွတ်ဆလင်မိန်းမ ၂ ဦးနဲ့ ကိုရင်လေးကို ရဲစခန်းမှာေ ခ်ါပြီး မေးမြန်းတဲ့အခါ မွတ်ဆလင် မောင်ရွှေ ရဲစခန်းကိုရောက်လာပြီး ရဲတွေနဲ့ တီးတိုးတိုင်ပင်နေတာ တွေ့ရတယ်တဲ့။ ရဲတွေရဲ့ မှတ်ချက်မှာ ကိုရင်လေးလက်ထဲက သပိတ် မတော်တဆကျကွဲတယ်လို့ ရေးထားပြီး မွတ်ဆလင်မိန်းမတွေကို ဘယ်လိုမှ အရေးမယူလို့ အခြေအနေက ပိုဆိုးသွား တယ်။ လက်ကိုင်ဖုန်းရှိသူတွေက တဆင့်တဆင့် ဆက်သွယ်ပြောကြား ရာ ကနေ မြို့နဲ့ နီးစပ်တဲ့ ရွာကလူတွေ အစုလိုက်အပြုံလိုက် မြို့ပေါ်ရောက်လာ တယ်။ အဲဒီအထဲမှာ မွတ်ဆလင် ခိုးပြေးခံခဲ့ရတဲ့ ကောင်မလေးရဲ့ ဦးလေးဖြစ် သူ ခေါင်းဆောင်တဲ့ အဖွဲ့လည်းပါဝင်လာတယ်။ ရုန်းရင်းဆန်ခတ်မှုတွေ စဖြစ် လာတယ်။

ဗလီတချို့နဲ့ မွတ်ဆလင်ဆိုင်တွေကို ရိုက်ခွဲဖျက်ဆီးကြတယ်။ မွတ်ဆလင်တွေ ဝယ်ထားတဲ့ နွားတွေကို ကြိုးဖြေလွှတ်ပေးတယ်။

နေ့လည်ပိုင်းလောက်မှာ မှော်ဘီဘက်က ဆရာတော်တပါးကြွလာပြီး မြို့လူ ထုကို မေတ္တာရပ် ပန်ကြားတာ ကြောင့် မြို့ပေါ်က ဖြစ် ရပ်တွေ ငြိမ် သွား တယ်။ မွတ်ဆလင် ၂ ယောက်သေတယ်။ တယောက်က ဇီးပင်ဆိပ်မှာ နေ တဲ့လူ။ သူယူထားတာက ဗုဒ္ဓဘာသာအမျိုးသမီး။ အဲဒီ မွတ်ဆလင်က ဗလီ နဲ့ဈေးဆိုင်ဖျက်ဆီးသူတွေကို ဆဲဆိုကြိမ်းမောင်းပြီး ရမ်းကားလာတော့ အနား မှာရှိတဲ့ လူတွေက ဝိုင်းရိုက်လို့ သေသွားတယ်။ နောက်ထပ် တယောက်က ရုန်းရင်းဆန်ခတ်မှုတွေကြားထဲမှာ ထွက်ပြေးရင်း ကျန်စစ်သားရပ်ကွက်နား မှာ ဝိုင်းရိုက်သတ် ခံရတာ။ ခုတော့ ဇီးပင်ဆိပ် သတ်ဖြတ်မှုမှာပါဝင်သူ ၈ ဦးကို ဖမ်းထားလိုက်ပြီ။ ( သေသူရဲ့မိန်းမကိုယ်တိုင်က ထုတ်ဖော်ချက်အရ ဖမ်းဆီး တာလို့ သိရတယ်)

ဆူပူမှုတွေ ဖြစ်နေစဉ်အတွင်းမှာ အလံတိုင်ကျောင်းကို မီးတင်ရှို့ ဖို့ မောင်ေ ရွှရဲ့ ကြံစည်ချက်လည်း ပေါ်လာ တယ်။ မောင်ရွှေက ပိုက်ဆံ ချမ်းသာ တယ်။ ပြီးတော့ မြို့နေ မွတ်ဆလင်ထုရဲ့ အကြီးအမှူးလည်း ဖြစ်တယ်။ သူက မွတ်ဆလင်တွေ ပြဿနာဖြစ်တိုင်း ရဲစခန်းနဲ့ တရားရုံးတွေမှာ လိုက်ပြီး ငွေကြေးနဲ့ ဖြေရှင်းပေးလေ့ ရှိတယ်။ ခုလည်း ပြဿနာတက်ပြီ ဆိုတာနဲ့ အလံတိုင်ကျောင်းကို မီးရှို့ဖို့ လူ ၅ ယောက်ကို တယောက် ၁၅ သိန်းပေးပြီး စေခိုင်းထားတယ်လို့သိရတာ။
သူခိုင်းထားတဲ့ မွတ်ဆလင်တဦးကို အလံတိုင်ကျောင်းဝင်းထဲမှာ မိရာကနေ စစ်ဆေးလို့ ပေါ်လာတာ။ ခုတော့ မောင်ရွှေလည်း တရားခံပြေး ဖြစ်နေပြီ။

နောက်တယောက်က အဏ္ဏဝါ ဆိုတဲ့ မွတ်ဆလင်….. သူက မြို့ထဲပိုင်း မှာနေတယ်။ အဏ္ဏဝါ ရဲ့မိန်းမကလည်း ဗုဒ္ဓဘာသာအမျိုးသမီး တဦးပဲ။ အခင်းဖြစ်နေချိန်မှာ လျှပ်စစ်မီးလိုင်းတွေ ဖြတ်ထားတယ်။ အဲဒီအချိန်မှာ အဏ္ဏဝါ က ကိုယ်ဝန်နဲ့ သူ့မိန်းမကို ယောက်ခမတွေဆီလွှတ်လိုက်ပြီး သူ့ အိမ်ထဲမှာ ဓာတ်ဆီတွေ လောင်း၊ ဂက်စ်အိုးတွေ အဖုံးဖွင့်၊ လျှပ်စစ်ကြိုးစတွေ ကို ပူးဆက်ပြီး ဆီဆွတ်ထားတဲ့ အဝတ်စနဲ့ပတ်၊ လျှပ်စစ်မီးလာတာနဲ့ ဝါယာေ ရှာ့ဖြစ်ပြီး မီးလောင်အောင် စီမံထားခဲ့ ကာ အိမ်တံခါးပိတ် ထွက်ပြေးသွား တယ်။

သူ့အိမ်က ထွက်လာတဲ့ အနံ့ကို အိမ်နီးချင်းချင်းတွေ ရှူရှိုက်ရလို့ မသင်္ကြာ ဖစ်ပြီး သက်ဆိုင်ရာကို အကြောင်းကြား အိမ်ကို ဖောက်ဝင်ကြည့်တော့မှ အဏ္ဏဝါ လုပ်ထားခဲ့တဲ့ အစီအမံတွေကိုတွေ့ရတာ။ သူလည်းထွက်ပြေးနေ ဆဲပဲ။

ဒီကြားထဲ မွတ်ဆလင်အိမ်ကနေ လွှတ်ပစ်လိုက်တဲ့ နွားတွေထဲမှာ နယ်ခြားစောင့်တပ်က လူတွေ ဝယ်ထားတဲ့ နွားတွေလည်း ပါသွား လို့ ခြိမ်းခြောက်ခံရတာလည်း ရှိသေးတယ်။ စနေနွားပွဲမှာ နွားလာဝယ်တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေမှာ လက်နက်တွေ ပါလာတတ်တယ်။ သူတို့က ရင်းနှီးရာ မွတ်ဆလင် တဦးအိမ်မှာ စတည်းချလေ့ရှိတယ်။

အဲဒါ သူတို့နွားတွေ လွှတ်ပစ်လို့ မကျေမနက်ဖြစ်ပြီး မြို့ခံလူထုကို လက်နက် နဲ့ အနိုင်ယူမယ်လို့ ခြိမ်းခြောက်တာကို အိမ်နီးချင်းတဦးက ကြားပြီး ဖုန်းဆက် အကြောင်းကြားလို့ တိုက်ကြီးက အာဏာပိုင်တွေ ဆင်းလာပြီး သူ့ကို ဖမ်း သွားတယ်။ သူနဲ့ပါလာတဲ့ လက်နက်တွေကို သိမ်းဆည်းထားပြီး လူကိုပြန် လွှတ်ပေးလိုက်တယ်။

မြို့ကနေ ပြန်သွားတဲ့ လူစုတွေဟာ ရွာတွေကိုရောက်တော့ ပြဿနာ ဆက်ဖြစ်ကြတယ်။ အဲဒီမှာတော့ ဗမာတွေ အသေများတယ်လို့ သိရတယ်။ သတ်ပြီး ဝှက်ထားတဲ့ အလောင်းတွေ နောက်ပိုင်းမှ တဖြည်းဖြည်း ပေါ်လာ တာ။ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ပါဝင် သူတွေ အဖမ်းခံကြရတယ်။

ရုန်းရင်းဆန်ခတ်မှုတွေ ပြီးသွားတဲ့နောက် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မွတ်ဆ လင်တွေကို ရန်ကုန်နဲ့ တခြားမြို့မှာ ရှိတဲ့ မွတ်ဆလင်အဖွဲ့တွေက ကားကြီး ကားငယ်နဲ့ လာရောက် ကူညီပေးကြရာမှာ မသင်္ကာစရာတွေ ရှိလာတယ်။ သူတို့ကားတွေဝင်လာတုန်းက မွတ်ဆလင် လူငယ်အတော်များများ ပါ လာပြီး ပြန်ထွက်သွား ချိန်မှာ ချန်ထားခဲ့တာမျိုး။ ပြီးတော့ လက်နက်ခဲ
ယမ်းတွေ သယ်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်။
တနေ့မှာ… ကူညီဖို့လာတဲ့ သူတို့ကားတွေကို စစ်တပ်ဂိတ်က ရပ်တန့်ရှာဖွေ ရာမှာ လက်ပစ်ဗုံးနဲ့ လက်နက် တချို့မိ တယ်လို့ သတင်းထွက်လာတယ်။
ရဲဂိတ်က လွှတ်ပေးလိုက်တဲ့ ကားကို စစ်တပ်ဂိတ်က ဖမ်းမိတာ။ အဲဒီနေ့က ရဲစခန်းမှူးက ရဲစခန်းထဲမှာ သူ့လက်အောက်ငယ်သားတွေကို တန်းစီပြီး ပါး ရိုက်တာကို အပြင်လူတွေ တွေ့ခဲ့ကြတယ်။ အဲဒီ ဖြစ်ရပ်နောက်ပိုင်း ရဲတပ်ဖွဲ့ အားလုံးနီးပါး ပြောင်းရွှေ့ပစ်လိုက်တယ်။

အခုတော့ ပြဿနာတွေ ငြိမ်သက်နေပေမဲ့ လူတွေရဲ့ စိတ်ထဲမှာ ရတက် မအေးနိုင်ဖြစ်နေကြသေးတယ်။ မွတ်ဆလင် ဈေးဆိုင်တချို့ ပြန်ဖွင့်ပေမဲ့ ဗမာတွေက သူတို့ဆိုင်မှာ မဝယ်တော့ဘူး။ စိတ်မကောင်းစရာက ရိုးရိုး သားသား အေးအေးဆေးဆေးနေတဲ့ မွတ်ဆလင် လူထုပဲ။ သူတို့က ဗုဒ္ဓ ဘာ သာမိသားစုတွေနဲ့ ရင်းရင်း နှီးနှီးဆက်ဆံကြတယ်၊ အတူသွားလာ လည် ပတ် ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေ၊ ခုဆို ဘောလုံးကစားကြ ရာမှာ သူတို့ ဝင်မကစားကြဘဲ ဘေးကရပ် ငေးမှိုင်ရပ်ကြည့်နေကြတယ်။ သူငယ်ချင်းတွေ က အတင်းဆွဲခေါ်မှ စိတ်မပါ့တပါနဲ့ ခဏလေး ဝင်ကစားပေးပြီး ပြန် ထွက် ထိုင်နေတယ်။

မွတ်ဆလင် အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို သူတို့လည်း မကျေနပ်ကြဘူး။ ရုန်းရင်းဆန်ခတ် စဖြစ်တဲ့ နေ့ကဆို သူတို့အုပ်စု ရဲစခန်းရှေ့ သွားပြီး ပြဿ နာ အစပျိုးတဲ့ ကုလားမ ၂ ဦးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါ တယ်။ သူတို့ကြောင့် ကျနော်တို့ချင်း ရင်းနှီးချစ်ခင်မှုတွေ အပျက်စီးမခံနိုင်ဘူး လို့ ပြောကြတယ်။

တချို့ မွတ်ဆလင်တွေကတော့ သူတို့ရရှိခံစားနေရတဲ့ ထောက်ပံ့မှုတွေနဲ့ သာယာကျေနပ် နေပြီး ဗုဒ္ဓဘာသာတွေအပေါ် ရန်လိုစော်ကားတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်နေတုန်းပဲ။ သူတို့က အိမ် ၁ လုံး ဆုံးရှုံးရင် ၂ လုံးစာ အထောက်အပံ့ရတယ်လို့ ပြောကြတယ်။ ပြီးတော့ နောက်တခါ ထပ်ဖြစ်လို့ မွတ်ဆလင်တွေနဲ့ နယ်ခြားစောင့် တပ်တွေ ပူပေါင်းရင်း ဗမာတွေ ပိုနာလိမ့် မယ်လို့လည်း ခြိမ်းခြောက် ရန်စ ကြတယ်။

မွတ်ဆလင် တဦးကဆိုရင် ‘ကြက်သန်းကို မီးမြှိုက်သတ်ရင် ကြက်တင်း လည်း မီးလောင်ခံရမှာပဲ’ လို့ ပြောတယ်။ သူတို့အိမ်တွေကို မီးပြန်ရှို့လိုက် တာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာအိမ်တွေ မီးလောင်ပြကျ ကုန်မယ် ဆိုတဲ့သဘော။

လောလောဆယ်ထိတော့ ဥက္ကံမြို့နဲ့ တိုက်ကြီးမြို့ကို ညနေ ၅ နာရီ- မနက် ၅ နာရီ ပုဒ်မ ၁၄၄ ထုတ်ထား တုန်း။ လူတွေကိုလည်း ရှာဖွေဖမ်းဆီးနေ တုန်း ပဲ။ ပြီးတော့ ဖမ်းထားသူတွေကို အာဏာပိုင်တွေက ၉၆၉ ဆိုတာ ဘာလဲ၊ ဘယ်သူဦးဆောင် တာလဲ စစ်မေးနေတယ်။ တကယ်တော့ ဖြစ်ခဲ့တဲ့ ဖြစ် ရပ်တွေမှာ မွတ်ဆလင်တချို့ရဲ့ ဘာသာရေးအစွန်းရောက်တာ၊ စီးပွားရေး ချယ်လှယ်မောက်မာတာရယ်၊ အာဏာပိုင်တွေကို လာဘ်ထိုးပြီး မြို့ခံ လူထု အပေါ် မထီမဲ့စော်ကားမှုတွေဟာ အတိုင်းအတာ တခုထိ ရှိခဲ့တယ်။ အာဏာပိုင်တွေရဲ့ လာဘ်စားမှုလည်း ပေါ်လွင်တယ်။ အဲဒီအခြေအနေတွေ မပြောင်းလဲသရွေ့ နောက်လည်း အချိန်မရွေး ထပ်ဖြစ်လာနိုင်တယ်။ မတည် မငြိမ်မှုတွေ ဖြစ်နေသမျှ ဒီအပေါ်မှာ အမြတ်ထုတ်မယ့်သူဆိုတာ ရှိနေအုံးမှာ ပါပဲ။

ဥက္ကံမောင်မောင်
( ၂၈-၇-၂၀၁၃ )


ဘာသာစကားနဲ့ လော့ဂျစ်

ဘာသာစကားမှာ လော့ဂျစ်မရှိဘူးလို့ ဆိုကြပါတယ်၊ မဆိုးလှဘူးလို့လည်း ထင်မိတယ်။ ကိုးယို့ကားယား ဖြစ်နေတဲ့ မြန်မာ စကားလုံးနှစ် ခုလောက် ထုတ်ပြကြည့် ချင်ပါတယ်။
ဥပမာ "များနေတာ (ပိုနေတာ) မလွန်ပါဘူး" ဆိုတာမျိုးပေါ့။ များလေကောင်းလေဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမဲ့ များနေတာ မလွန်ပါ ဘူး ဆိုတော့ တစ်မျိုးလေး ဖြစ်သွားတယ်၊ များနေမှတော့ ပိုမှာပေါ့၊ နည်းနေမှ မပိုမှာ၊ ဒီလိုမဟုတ်လား။ တချို့ဆို "ပိုနေတာမလွန်ပါဘူး" လို့တောင် သုံးတတ်ကြတယ်။ ပိုနေမှတော့ လွန်နေပြီပေါ့။ လိုနေမှ မလွန်တာ။

ပြီးတော့ "ဟင်းကလည်း ငန် (စပ်) လိုက်တာ၊ ဘာ အရသာမှ မရှိတော့ဘူး" ဆိုတာမျိုး။ အငန် (အစပ်) ကလည်း အရသာ ၆ မျိုးထဲက တစ်မျိုးဆို တာ မေ့သွားကြတယ်။ ငန်ရင် ငန်တဲ့အရသာ ရှိတာပဲ။ ဘာ အရသာမှ မရှိဘူး ပြောလို့ မရတော့ဘူး။ ပြောချင်ရင် ငန်လွန်းတော့ တခြားအရသာတွေ မရှိတော့ဘူး ဆိုရင်တော့ မှန်တာပေါ့။ ဒါပေမဲ့ ဘာသာစကားကို ကွန်ပလိန်း တက်လို့မှ မရတာပဲ။

အဲသလို စကားလုံးတွေကို အင်္ဂလိပ်လို "Oxymoron" လို့ ခေါ်ပါတယ်။ အပျင်းပြေ ဖတ်ကြည့်ဖို့ လူနောက်တွေ ထုတ်ထားတဲ့ စကားလုံးတချို့ ပေး လိုက်ပါတယ်။ ရှေ့နောက် မညီတဲ့ စကားလုံးတွေလို့ ဆိုရင် ရပါလိမ့်မယ်။

1) Religious Tolerance
2) Exact estimate
3) Legally drunk
4) Small crowd
5) Business ethics
6) Soft rock
7) Clearly misunderstood
Plastic glasses
9) Pretty ugly
10) Peace force
11) Sweet sorrow
12) Military intelligence
13) Politically science
14) Government organization
15) Happily married

ကျနော် သဘောအကျဆုံးက ၁၊ ၁၂၊ ၁၄ နဲ့ ၁၅ ပါ။

ဘာသာရေးလို့လည်းဆိုသေး သည်းခံခြင်း တဲ့။ မစ်လစ်ထရီလို့ ရှေ့ကဆိုပြီး နောက်မှာတော့ အင်တယ်လေးဂျင့်စ် တဲ့။ ပြီးတော့ အစိုးရလို့လည်းဆိုသေး အော်ဂနိုက်ဇ် ဖြစ်တယ်လို့လည်း ဆို ထားပြန်တယ်။
နောက်ဆုံးက Happily married တဲ့။
ကဲ ကိုးယို့ကားယားတွေ မဟုတ်ဘူးလား။

ဖေ့စ်ဘုတ်ရဲ့ အားသာချက်

အသက် ၁၈ နှစ်နဲ့ ၂၄ နှစ် လူငယ်တွေကြားမှာ ဖေ့စ်ဘုတ်က တီဗွီစတဲ့ တခြား မီဒီယာတွေထက် အများကြီး ရှေ့ပြေးနေတယ်လို့ သတင်းတစ်ပုဒ် က ပြောထားပါတယ်။ ည ၈နာရီနဲ့ ၁၁ နာရီကြားမှာ ဖေ့စ်ဘုတ်သုံးသူက ၇၀ ရာခိုင်နှုံးရှိတယ် တဲ့။ ၂၄ နှစ်နဲ့ ၄၄ နှစ်ကြားမှာလည်း ၆၀ ရာခိုင်နှုံး ရှိတယ်လို့ ဆိုပါတယ်။
ကျန်တာတွေတော့ မသိဘူး။ သတိထားမိတာကတော့ ဖေ့စ်ဘုတ်ပေါ်မှာ မဂ္ဂဇင်းတွေလို စာကို အကဲဖြတ်ဝေဖန်တဲ့ လေသံတွေ မရှိတာပဲ။
ကြိုက်တာရေး၊ တင်၊ ကြိုက်သူ လိုက်ခ်တယ်။ ရှယ်တယ်။ တော်တော် ကြီး ကောင်း တဲ့စာတွေ တက်တက်လာတယ်။ အထူးသဖြင့် မြန့်မာ့စာပေမှာ အားနည်းတဲ့ သရော်စာတွေပါ။ မဂ္ဂဇင်းပေါ်မှာတောင် ရှားတဲ့ စာမျိုးတွေပါ။

အရေးအသား လိုပါသေးတယ်။
ဇာတ်အိမ်တည်ဆောက်မှု အားနည်းပါသေးတယ်။
ကျနော့်မျက်စိမကောင်းလို့ စာလုံးကြီးကြီးရေးပါ။
စာမျက်နှာ နှစ်မျက်နှာလုံး မရေးပါနဲ့လို့ ဘယ်နှခါ ပြောရမလဲ။
စာရေးပြီး ဘေးမှာ မာဂျင်ချန်ထားရမှန်းမှ မသိသေးဘူးလား။
စာရေးမယ်ဆို စာများများဖတ်ပါအုံး။
ဝတ္ထုဆိုပြီး ပုံပြောသလို ဖြစ်နေတယ်။
အစပိုင်းမှာ မဆိုးလှပေမဲ့ ဇာတ်သိမ်းက တော်တော် မစွံတာပဲ။
ဒါတွေ
ဒါတွေ မရှိတော့ဘူး။
တိုက်ပ်၊ ကလစ်၊ ပို့စ်။ ကြိုက်သူကြိုက်၊ မကြိုက်သူမကြိုက် ။ ဆရာကြီးတွေရေးတာလည်း လူတိုင်းတော့ မကြုက်။
အဲဒါ ဖေ့စ်ဘုတ်ပေါ်က စာပဲ။

Buddhist vihara in Jakarta

bombed, 3 injured
The Jakarta Post, Jakarta | National | Mon, August 05 2013, 12:00 AM

A bomb exploded inside the Ekayana Buddhist Vihara in West Jakarta late on Sunday, injuring three people and destroying some parts of the site, which was established in 1995 to accommodate Buddhist students studying in nearby universities.

West Jakarta Police chief Fadil Imran said witnesses heard two explosions from inside the vihara.

"They seemed to be bombs installed in a separate section inside the building. We're still gathering more information," he said.

Witnesses said they heard two separate explosions from inside the vihara, located on Jl. Mangga II and is around three kilometers from the bustling shopping malls of Central Park and Taman Anggrek. “The first explosion occurred at 9:10pm followed by a second at 10:45pm” said Iwan, a local resident.

As of Sunday 24:00 p.m., the police's bomb squad was still combing the building for more explosives.

Since April, Extremists and terrorist groups have conveyed their plans to target Buddhists and Myanmar facilities in Indonesia in response to sectarian conflict in Buddhist-majority Myanmar that has cost the lives of many members of the Muslim minority community.

The Rohingya are a Muslim ethnic group that has long been subject to persecution in Myanmar.

A terrorist group launched a failed attack at the Myanmar Embassy in Jakarta in May.

Indonesia, the world’s largest Muslim-majority nation, has waged a campaign against radicalism and terrorism since the 2002 Bali bombings that killed 202 people, including foreign tourists. The authorities have detained more than 700 suspected terrorists and accomplices, and killed more than 65. (ogi/asw)

ဗလာဒီမာ ပူတင်က မိုက်သားပဲ

ရုရှားနိုင်ငံမှာ ရုရှားလူမျိုးတွေနေတယ်၊ဘယ်အရပ်ကရောက်လာတဲ့ လူနည်း စုမဆို ရုရှားမှာနေ၊ ရုရှားမှာအလုပ်လုပ်၊ ရုရှားက ကျွေးတာကို စားမယ်ဆို ရင် ရုရှားစကားပြောသင့်တယ်။ ရုရှား ဥပဒေကို လေးစားသင့်တယ်။

သူတို့က ရှာရီယား ဥပဒေ (Sharia Law ဆိုတာ တကယ်တော့ ကမ္ဘာကျော် (ဘယ်လိုပဲ ကျော်ကျော်) အစ္စလာမ်မစ် ဥပဒေပါ) ကို ပိုနှစ်ချိုက်တယ်ဆိုရင် သူတို့ကို အဲဒီ ဥပဒေ ကျင့်သုံးနေတဲ့နေရာတွေကိုသွားနေကြဖို့ အကြံပြုပါ တယ်။

ရုရှားနိုင်ငံက လူမျိုးစုတွေကို မလိုအပ်ဘူး (မရှိလည်း ဖြစ်တယ်) လူမျိုးစုတွေ ကတော့ ရှရှားကို လိုအပ်တယ်၊ ဒီတော့ သူတို့ကို အထူးအခွင့်အရေး ထူးေ တွ ပေးမထားနိုင်ဘူး၊ ဘယ်လောက်ပဲ အဆင့်အတန်း ခွဲခြားပါတယ် လို့ အော်နေ အော်နေ သူတို့ကြောင့် တည်ရှိဆဲဥပဒေကို ပြောင်းလဲ မပေးနိုင် ပါဘူး။

ကိုယ့်သေတွင်းကို တူးနေကြတဲ့ အမေရိက၊ အင်္ဂလန်၊ ဟော်လန်၊နဲ့ ပြင်သစ် တို့ဆီက သင်္ခန်းစာတွေကို ယူရမယ်။

ရုရှားယဉ်ကျေးမှု ဓလေးထုံးစံတွေကို ယဉ်ကျေးမှုမဲ့ လူနည်းစုတွေ ရဲ့ ကျောက်ခေတ် အမူအကျင့်တွေနဲ့ နှိုင်းဆလို့ မရနိုင်ပါဘူး။

ဂုဏ်သရေရှိ ဥပဒေ ပညာရှင်များအဖွဲ့က ဥပဒေအသစ်ရေးဆွဲတော့မယ် ဆိုရင် အမျိုးသားရေးကို အရင်ကြည့်ကြပါ။ လူနည်းစုအဖွဲ့တွေဟာ ရုရှား လူမျိုးတွေမဟုတ်ဘူးဆိုတာကို သတိရပါ။

Duma မှာ ပေးခဲ့တဲ့ ပူတင်ရဲ့ ၅ မိနစ်ကြာ မိန့်ခွန်းအပြီးမှာ နိုင်ငံရေး သမားတွေက အကြီးအကျယ် ဩဘာပေးခဲ့ကြတယ်။
(ချက်ချင်းတင်လိုက်လို့ ဘာသာပြန်မှားသွားတယ်။ ၅ မိနစ်ကြာအောင် မတ်တပ်ရပ် ဩဘာပေးတယ် ဖြစ်ရမှာ။ မစစ်လိုက်မိဘူး။ ဆောရီးပါ ရောင်းရင်း တို့။ )

ဗလာဒီမာ ပူတင် ပြောသွားတဲ့ ရှာရီယား ဥပဒေ (Sharia Law) ကို ခြေရာ ခံနိုင်ဖို့ အောက်မှာ သတင်းခေါင်စဉ်တချို့ ပေးထားပါတယ်။

မူရင်း ဖတ်လိုသူများ အတွက်

Putin's Speech on Feb. 04, 2013
On February 4th, 2013, Vladimir Putin, the Russian president, addressed the Duma, (Russian Parliament), and gave a speech about the tensions with minorities in Russia :

"In Russia live Russians. Any minority, from anywhere, if it wants to live in Russia , to work and eat in Russia , should speak Russian, and should respect the Russian laws. If they prefer Sharia Law, then we advise them to go to those places where that's the state law. Russia does not need minorities. Minorities need Russia , and we will not grant them special privileges, or try to change our laws to fit their desires, no matter how loud they yell 'discrimination'. We better learn from the suicides of America , England , Holland and France , if we are to survive as a nation. The Russian customs and traditions are not compatible with the lack of culture or the primitive ways of most minorities. When this honorable legislative body thinks of creating new laws, it should have in mind the national interest first, observing that the minorities are not Russians.
The politicians in the Duma gave Putin a standing ovation for five minutes.

ပြဿနာ အပိုင်းအစ တချို့

**Islamist Group in America: We’ll Impose Sharia on Christians

**Sharia law incompatible with human rights legislation, Lords say

**In Islamic law (sharia), marriage (zawaj زواج) is a legal bond and social contract between a man and a woman. Islam recommends marriage, with the age of marriage being whenever the individuals feel ready, financially and emotionally. Polygyny is permitted in Islam under some conditions, but polyandry is forbidden.

ကိုယ်ကျင့်တရားရေးရာနဲ့ ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု

ဒီအချက်နှစ်ခုဟာ လူ့အခွင့်အရေးကနေ ကွဲထွက်လာတဲ့ ခေါင်းစဉ်ငယ် နှစ် ခုဖြစ် ပါတယ်။ သူတို့က

(က) ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှု Morally equality နဲ့
(ခ) ဥပဒေအားဖြင့် သာတူညီမျှ ရှိမှု Legally equality လို့ ဆိုလိုပါတယ်။

ဒီ နှစ်ချက်ဟာ ဒီမိုကရေစီရဲ့ အသက်လို့ ပြောရင်လည်း ရပါလိမ့်မယ်။ ကိုယ် ကျင့်တရားဆိုရာမှာ ဘာသာရေးလောင်းရိပ်နဲ့ ဆက်စပ်တာရှိသလို မဆက် စပ်တာလည်း ရှိနေနိုင်ပါတယ်။ ဆိုလိုတာကတော့ လမ်းပေါ်ရောက်ရင် လမ်း ဥဒေအတိုင်း လူတိုင်း လိုက်နာတာကို ကိုယ်ကျင့်တရားအားဖြင့် သာတူညီမျှ ရှိမှုလို့ ဆိုတာပါ။ ဘယ်သူမှ ချွင်းချက် မရှိဘူး။ ဗိုလ်ချုပ်ကြီး၊ ဘုန်းကြီး၊ ဆင်း ရဲ သား၊ ခေါင်းရွက်ဈေးသည် အားလုံး လမ်းပေါ်ရောက်ရင် လမ်းဥဒေရှိတယ် ဆိုတဲ့အသိရှိရင် အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ပါပြီ။

မော်ရယ် ပျက်စီးခြင်း

တစ်ယောက်ယောက်က လမ်းဥဒေကို ချိုးဖောက်ရင် မော်ရယ် စ ပျက်တယ် လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်တော့ မပျက်စီးသေးပါဘူး။ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပျက်စီးတာက သူတို့လည်း မလိုက်နာကြဘူး၊ ငါတို့လိုက်နာနေလို့ရော ဘာထူးမှာလဲ ဆိုပြီး နောက်လူကပါ လမ်းဥဒေကို ဆက်ပြီး ချိုးဖောက်လိုက်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ မော်ရယ်ပါ ပျက်စီးသွားပါတော့တယ်။ (အထူးအဆန်းတော့မဟုတ်ပါဘူး၊ မြန်မာတွေပြောတဲ့ မိုးခါးရေ ကိစ္စမျိုးပါ)

မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်း

တစ်းဦး၊ တစ်ယောက် မော်ရယ်ပျက်မှုက လူ့ အဖွဲ့အစည်းတိုင်းမှာ ရှိပါတယ်။ ဒီလိုဖြစ်လာရင် ထိမ်း ထားနိုင်တာက ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ မှု ပါ။ ဒီလို အပြစ်ပေး အရေးယူရာမှာလည်း သာတူညီမျှ ရှိနေမှ ဒီမိုကရေစီရဲ့ သရုပ်သကန် ပေါ်လာပါတယ်။
ဒါပေမဲ့ အပြစ်ပေး အရေးယူမှုဆိုရာမှာတော့ ရေးထားတဲ့ ဥပဒေရော ရေး မ ထားတဲ့ ဥပဒေတွေပါ ပါဝင်ပတ်သက်နေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ဥပဒေ ကိုယ်တိုင်ကကို အလျှော့အတင်း ရှိနေတတ်ပါတယ်။ ဥပမာ ထောင်ဒဏ် သုံးနှစ်မှ ငါးနှစ်အထိ ဆိုတာမျိုးပါ။ မချိုးဖောက်သင့်သူက ချိုးဖောက်ရင် အကြီးလေးဆုံးပြစ်ဒဏ်မျိုး ပေးရပါတယ်။ ဒါကို အီးကွဲ မဖြစ် ဘူးလို့ ယူဆဖို့ ခက်သွားပါတယ်။
ကားတိုက်မှုချင်း တူပေမဲ့ အပြစ်ဒဏ် မတူနိုင်ဘူးဆိုတဲ့ သာဓကပါ (သုံးနှစ်ဖြစ် ချင်ဖြစ်မယ်၊ ငါးနှစ် ဖြစ်ချင်ဖြစ်မယ်။)

ဒီမှာ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" ဆိုတာ ရှိလာပြန်ပါတယ်။ ထင်ရှားတဲ့ သာဓကတွေကတော့
*ကျောင်းဆရာ၊ ဆရာမ က တပည့်ကို မတော်၊ မလျော် ပြုမူတာမျိုး
*ရဲ အရာရှိက လာဘ်စားတာမျိုး
*ဗိုလ်ချုပ်ကြီး တစ်ယောက်က ပြည်သူကို အနိုင်ကျင့်တာမျိုး
*ဘာသာရေးခေါင်းဆောင်တွေက ဆူပူမှုဖြစ်အောင် လှုံ့ဆော်တာမျိုးတွေ ဟာ သူတို့ရဲ့ မောရယ်နဲ့ တိုက်ရိုက် ဆန့်ကျင်နေလို့ "မချိုးဖောက်သင့်သူက ချိုးဖောက်ရင်" လို့ အကြမ်းဖျင်းဆိုလို့ရသွားပါတယ်။

ဥပဒေအားဖြင့် သာတူညီမျှ မရှိမှု

ဒါ မရှိတော့ဘူးဆိုရင်တော့ အဲ့ဒီ လူ့အဖွဲ့အစည်း ဟာ ပျက်းစီးပါတော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်ရယ်ပျက်ရင် လီဂယ်နဲ့ထိမ်းထားနိုင်ပေမဲ့ လီဂယ် (တရားစီရင်ရေး) ပျက်ရင် မော်ရယ်နဲ့ ထိမ်းဖို့ အတော်ကြီး ခက်သွားလို့ပါ။ ဒါကြောင့် လူ့ အဖွဲ့အစည်းရဲ့ တန်ဖိုးဟာ လီဂယ် (တရားစီရင်ရေး) ရဲ့ လက် ထဲပြန်ရောက်သွားပါတော့တယ်။ သံသယ မရှိပါနဲ့။ ဒါ့ကြောင့် ကမ္ဘာ့ပညာရေး ကိုကြည့်ရင် ရှေ့နေဖြစ်ဖို့ ခက်တာပေါ့။

ဗုဒ္ဓဘာသာတွေက ဘာမှ မလိုပါဘူး၊ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) ရှိရင်ရပါပြီလို့ မကြာမကြာ ကိုးကားပြောဆိုတတ်ကြပါတယ်။ မှန်ပါတယ်။ တကယ့် စိတ်ကောင်းရှိသူတော်စဉ်တွေအတွက်တော့ ဒါဆိုရပါပြီ။ ဒါပေမဲ့ ဒီ ဟိရိနဲ့ ဩတ္တပ္ပ (အရှက်နဲ့ အကြောက်) က လူသားဆီ အလွယ် မရောက် တတ်တော့ ဒါတွေ ရောက်လာဖို့ ဥပဒေတွေ၊ ကြိမ်တွေ၊ ထောင်တွေနဲ့ ထိမ်းကြောင်းပေးရပါတယ်။
ဒါ့ကြောင့် ဘာသာရေး အားသန်သူက ဟိရိနဲ့ ဩတ္တပ္ပ ပြောချိန်မှာ ဒီမို ကရေစီ စနစ်က
Morally equality နဲ့
Legally equality လို့ပြောပါလိမ့်မယ်။ ကျနော်ကတော့ Morally equality ဟာ ဟိရိဖြစ်ပြီး Legally equality ဟာ ဩတ္တပ္ပ လို့ ယူဆမိပါတယ်။ ဒါကို ပြန်ချုပ်ရင် တစ်ဦးချင်းစီ တာဝန်ယူမှု၊ တာဝန်ကျေမှု "Individual responsibility" ဆိုတာပဲ ပြန်တွေ့ရပါတယ်။