ဒီမိုကရက်တောဝါဒ

ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တပည့်သား ရဟန်းတော်များနှင့် အတူ ၂၁ရာစု နေပြည်တော်ထဲသို့ ဆွမ်းခံကြွတော်မူ၏။ ထို အခါ မင်းသားတစ်ပါးသည် ( နန္ဒ မင်းသားတော့ မဟုတ်၊ မင်းသားနာမည်လည်း မေ့သွားပြီ ) ထို ၂၁ ရာစု နေပြည်တော်ထဲ၌ အလုပ်ရှုပ်နေ၏။

" ငါ့ညီ၊ လာလှည့်၊ ငါ၏ သပိတ်တော်ကို ထမ်း၍ ငါ့နောက်က လိုက်ခဲ့လေလော့ "
ဟု ဘုရားရှင် ကိုယ်တော်မြတ်ကြီးက မိန့်တော်မူ၏။

ထိုအခါ ထို မင်းသားက
" နောင်တော် သိဒ္ဓတ္တ၊ အခြား မင်းသားကို ခေါ်ပါလား၊ ညီတော်ကား  ဇနပဒကြိုင်လှိုင် နှင့် လက်ထပ်ရန် ရှိနေပါ၏ "
ဟု ခေါင်းမာမာ ပြန်လည်လျှောက်ထား၏။

" အင်း  ဤဝေနေယျကား ခက်ချေဘိ၏ " ဟု သည်းခံတော်မူပြီး အခြား မင်းသားငယ် တစ်ပါးကို သပိတ်တော်ထမ်း ခေါ်ရလေတော့၏။ ထို မင်းသားကြီးကား ဘုရား စကားကိုလည်း ပယ်ရဲ၏။

ထို မင်းသားငယ်ကို ခေါ်ပြီး ခရီးဆက်ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဒုက္ခသည် စခန်းသို့ ရောက်လေ၏။ ထိုအခါ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက
"  ညီတော်၊ ညီတော် တို့ ၂၁ရာစု လွင်တီးခေါင် နေပြည်တော်ကြီးနှင့် ဤ ဒုက္ခသည် စခန်း ဘယ်နေရာက ပို၍ နေချင်စဖွယ် ရှိသနည်း " ဟု မေးရာ

"  နောင်တော် သိဒ္ဓတ္တကား မေးရက်လှသည်၊  ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးက ဤ ဒုက္ခသည် စခန်း ထက် အဆများစွာ နေချင်စဖွယ် ရှိပါသည် " ဟု ဝမ်းနည်းမျက်ရည် ရွှဲရွှဲဖြင့် ဖြေလေ၏။

" ခွင့်လွှတ်ပါ ညီတော်၊ သရော်လို၍ မေးခြင်းမဟုတ်ပါ " ဟု ဘုရားရှင် ချွေးသိပ်တော်မူ၏။

ဤသို့ ခရီးဆက်၍ ၁၅ မိနစ်ခန့် ကြာသော အခါ နယူးယောက်မြို့သို့ ရောက်လေ၏။ ထိုအခါ ဘုရားရှင်က အရင်မေးခွန်းကိုပင် ထပ်မေးတော်မူ၏။

" ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးနှင့် ဤ  နယူးယောက်မြို့ ဘယ်နေရာက ပို၍ နေချင်စဖွယ် ရှိသနည်း "
" ဤ  နယူးယောက်မြို့ နှင့် နှိုင်းယှဉ်ပါက ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးသည် မဲဆောက်မြို့၊ ဒုက္ခသည် စခန်းနှင့်ပင် တူနေပါတော့သည် ဘုရား " ဟု မင်းသားက မျက်လုံးလေး ကလယ် ကလယ်၊ တောင်ကြည့် မြောက်ကြည့် ဖြင့် ဖြေ၏။

" သို့ဖြစ်လျှင် ညီတော် တို့ ၂၁ရာစု နေပြည်တော်ကြီးကို ဤ  နယူးယောက်မြို့ကြီးလို ဖြစ်အောင် မလုပ်ချင်ဘူးလား " ဟုဘုရားရှင်က မေးတော်မူ၏။

" ဖြစ်စေလိုပါပြီကော နောင်တော် သိဒ္ဓတ္တ၊ ဘယ်သို့ လုပ်ရမည်ကိုသာ နောင်တော် အမိန့် ရှိတော်မူပါ " ဟု လျှောက်၏။

ထိုအခါ ဘုရားရှင်က ထိုမင်းသားကို နှစ်ကိုယ်ကြား တိုးတိုးသာ မိန့်တော်မူလေ၏။ ထို့ကြောင့် ဘုရားရှင်က ဘာမိန့်သည်ကို ထိုမင်းသားမှ လွဲ၍ မည်သူမှ မသိ။ အရှင် အာနန္ဒာပါ မကြားလိုက်သဖြင့် ဤ အကြောင်းလည်း သင်္ဂါယနာ တင်ရာတွင် မပါလိုက်။ ထို့ကြောင့် ကျွန်ုပ်လည်း မသိ။ သို့ဖြင့် ဤ နေရာမှပင် မဆုံးသော်လည်း ဆုံးလိုက်ရပေတော့သတည်း။ ( နှစ်ကိုယ်ကြား တိုးတိုးသာ မိန့်တော်မူသော စကားတော်သည် ဒီမိုကရက်တောဝါဒ ဖြစ်နိုင်ကောင်း၏ ဟု နှောင်းပိုင်း ပညာရှင်တို့ ယူဆကြလေသတတ် )

ခြေထောက် မှတ်ချက် ( Foot Note ) : ဒီမိုကရက်တောဝါဒ သည် ပါဠိ စပ်ပုဒ်တည်း။ ဒီမိုကရက်တစ် နှင့် ဩဝါဒ နှစ်ပုဒ် ပေါင်းစပ်ထားခြင်းဖြစ်သည်။


သီဟနာဒ

လီကွမ်းယုနဲ့ ဘာသာရေး ယုံကြည်မှု ( ၆း ၄ )

မေး ။     ။ အခု မစ္စတာလီ ပြောနေတာတွေက မစ္စတာလီကြုံတွေ့ခဲ့ရသလို ကြုံတွေ့ခွင့်မရတဲ့ နောက်မျိုးဆက်သစ် လူငယ်တွေက အဓိပ္ပါယ်အကောက်လွဲသွားမှာကို မစိုးရိမ်ဘူးလား။ မစ္စတာလီက မွတ်ဆလင်တွေ၊ မလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဒါကြောင့် ဘယ်လိုဆက်ဆံ ကိုယ်တွယ်ရမယ်ဆိုတာကို သိတယ်။ ဒီလို ပြောတာတွေကိုကြားပြီး မွတ်ဆလင်တွေအပေါ် အလွန်အမင်း လက်တုံ့ပြန်မှုတွေရော ဖြစ်မလာနိုင်ဘူးလား။

ဖြေ ။    ။ ငါတော့ မထင်ပါဘူး။ ဆိုလိုတာက သူတို့ငါနဲ့တွဲပြီး အလုပ်လုပ်ခဲ့ကြဘူးတယ်။ ဂိုချောက်ထောင် ၁၅- နှစ်လောက် ငါနဲ့တွဲပြီး အလုပ်လုပ်ခဲ့တယ်။ သူအနားမယူခင်အထိပေါ့။ မလေးခေါင်းဆောင်တွေနဲ့ စည်းဝေးတိုင်း သူတက်တယ်။ လီရှန်လွန်းမှာလည်း မလေးမိတ်ဆွေ သူငယ်ချင်းတွေရှိတယ်။ ကလေးဘဝကတည်းက မဲဆန္ဒနယ်တွေကို ငါနဲ့အတူ လိုက်ခဲ့တာ။ သူတို့ မခံနိုင်တဲ့ကိစ္စမျိုးတွေကို သူသဘောပေါက်တယ်။ သူ့နေရာကို ဘယ်သူပဲဆက်ခံ ဆက်ခံ၊ အဲဒီလူက ပါလီမန်ထဲမှာကတည်းက မလေးတွေနဲ့ ဆက်ဆံရ၊ မဲဆန္ဒနယ်တွေသွားရင်း လေ့လာခွင့်ရဖြစ်မှာပဲ။ ဘယ်သူမဆို ဒီပေါ်လစီကို လက်ခံသွားမှာပဲ။

မခံမရပ်နိုင်စရာဖြစ်လာမယ်လို့ ငါတော့မထင်မိဘူး။ ငါတို့ရဲ့ ပထမဆုံး အရေးကြီးတဲ့ ပေါ်လစီက လူမျိုးပေါင်းစုံ ညီညီညွတ်ညွတ်နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် တည်ထောင်ယူရမယ်။ သည်းခံမှုတွေ အများကြီးလိုတယ်ဆိုတာ စင်ကာပူးရီးယန်းတိုင်း သဘောပေါက်တယ်။ အဲဒါ ငါတို့ဘဝပဲ။ ဂျူးဘာသာဝင်တွေ၊ ခရစ်ယန်တွေ၊ မွတ်ဆလင်တွေ၊ ဇိုဂို စထရီးယန်းတွေ၊ ဗုဒ္ဓဘာသာတွေ၊ တာအိုဘာသာဝင်တွေ၊ အားလုံးပေါင်းစည်းနေကြရတဲ့ ဘဝတွေပဲ။ SAF အတွက် ဆုတောင်းတာတွေကို ကြည့်။ ဘာသာတရားတိုင်း ပါဝင်တယ်။ ကိုယ့်ယုံကြည်မှု ကိုယ်နဲ့အတူရှိမှ တိုက်ပွဲမှာ ရဲရင့်တော့မပေါ့။ သေသွားတယ်ဆိုရင်တောင် ဘာသာရေးယုံကြည်မှုနဲ့ဆိုတော့ ကောင်းတာပေါ့။

မေး ။     ။ စင်ကာပူးရီးယန်း မွတ်ဆလင်တွေအပေါ် မစ္စတာလီ ဘယ်လောက်ယုံကြည်ထားပါသလဲ။

ဖြေ ။    ။ ငါပြောနိုင်တာက အင်္ဂလိပ်စကားပြောတဲ့ မလေးဖြစ်လေလေ၊ အကြမ်းဖက်မှု ရာခိုင်နှုံး စင်ကာပူမှာ နည်းလေလေလို့ ထင်တယ်။ အခု မလေးကျောင်းသားတွေရဲ့ ပထမဘာသာစကားက အင်္ဂလိပ်ဖြစ်လာတယ်။ သူတို့ အင်တာနက်ပေါ်တက်တော့လည်း အင်္ဂလိပ်လို ရေးထားတာတွေကို သူတို့ဖတ်ကြတယ်။ ဒီသုတေသနကို မူလတန်းဝင်ခွင်မှာကတည်းက ပြုလုပ်ခဲ့ကြတာ။ မလေးကလေးတွေဟာ ပိုပြီး အင်္ဂလိပ်စကား ပြောလာကြတယ်။ အဲဒီအရွယ်မှာ ကလေးတစ်ယောက်က အင်္ဂလိပ်လို ပြောနိုင်တယ်ဆိုရင် သူတို့မိဘတွေဟာ ပညာတတ်တွေလို့ သဘောပေါက်ထားလို့ရတယ်။ သူတို့ ကလေးတွေကိုလည်း လူတောထဲမှာ ထဲထဲဝင်ဝင် ရှိစေချင်ကြတယ်။ ဒီအစီအစဉ်က စနစ်တကျလေး ပြောင်းလဲလာနေတယ်။ သူတို့ကို မလေးဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကို ပြောင်းပေးပြီး ပိုကျယ်တဲ့လောကကြီးထဲကို တိုးဝင်ခိုင်းထားတယ်။

မေး ။     ။ စင်ကာပူမှာရှိတဲ့ မလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူထုထဲမှာ အင်္ဂလိပ်စကား ပိုမိုကျယ်ပြန့်စွာ ပြောဆိုလာမှု၊ ဒါတွေကိုကြည့်ရင် မစ္စတာလီအမြင်မှာ ကျေနပ်စရာတွေ ဖြစ်နေတယ်လို့ ပြောရင်ရမလား။

ဖြေ ။    ။ ဒီလူငယ်ထုက ကြီးလာမှာပဲ။ ဒါပေမယ့် လူနည်းစု ဂျီးဟတ်တွေလည်း ရှိနေနိုင်တာပဲ။ သူတို့ကို ပျောက်သွားအောင် ငါတို့မလုပ်နိုင်ဘူး။ လူနည်းစုလေးပေမယ့် လူ့အဖွဲ့အစည်းတစ်ခုလုံးမှာရှိနေတဲ့ ဟာမိုနီတွေ ပျက်စီးသွားအောင် လုပ်နိုင်တယ်။

မေး ။     ။ ဒီပြင် ဘာသာတရားတွေဖက်ကို လှည့်ကြဦးစို့လား။ တစ်ချို့ပြောနေကြတာတွေ ရှိတယ်။ ခရစ်ယာန်ဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက ဘာသာရေးစည်းရုံးမှုတွေ တော်တော်လုပ်နေကြတယ်တဲ့။ ခရစ်ယာန်ဘာသာက ပိုပြီးအသံကျယ်ကျယ်ထွက်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ မစ္စတာလီ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ခရစ်ယာန်မစ်ရှင်နရီတွေရဲ့ လှုပ်ရှားမှုက ကျောင်းတွေမှာ ၁၉၇၀- ခုတွေကတည်းက စ နေတာပါ။ ငါ့မြေးမလေးဆိုရင် ဘာသာအပြောင်းခံလိုက်ရတယ်။ ငါ့မြေးကတော့ မပြောင်းဘူး။ သူမကို ဘယ်လိုပြောင်းအောင် လုပ်လိုက်ကြသလဲ ငါမသိဘူး။ Hwa Chong ကို မရောက်ခင် သူက ရပ်ဖဲ(လ်) မိန်းကလေးကျောင်းကို တက်ခဲ့တာ။ အခု သူက ဘာသာရေး တော်တော်ကြီး လိုက်စားနေတာ။ Cross လည်း ဝတ်တယ်။ တနင်္ဂနွေနေ့တိုင်း ချာ့(ခ်ျ) ကျောင်း သွားတယ်။ ဘိုက်ဘယ်(လ်) ဖတ်တယ်။

မေး ။     ။ ခရစ်ယာန်တွေက လူတွေစုပြီး စင်ကာပူမှာ ကာစီနိုခွင့်ပြုတာဟာ ဘာသာရေးနဲ့ မညီညွတ်ဘူး ဘာညာပြောနေကြတယ်။

ဖြေ ။    ။ သူတို့ ဗုံးကိုခါးမှာပတ်ပြီး လူကြားထဲတော့ မဖောက်ခွဲကြပါဘူး။ ဒါမျိုး သူတို့စလုပ်ရင်တော့ တားမြစ်ရမှာပေါ့။ မစ်ရှင်နရီတွေကိုပါ တားမြစ်ရမယ်။ ဒါ ဥပဒေပဲ။

မေး ။     ။ ခရစ်ယာန်ဘာသာ မဟုတ်ကြတဲ့ လူတွေထဲမှာ စိုးရိမ်နေကြတာ တစ်ခုရှိတယ်။ ပါလီမန်အမတ်တွေထဲမှာ ခရစ်ယာန်အမတ်တွေက တော်တော်များတယ်။ ပြီးတော့ သူတို့နဲ့ ပညာရေးလိုင်းနဲ့ကလည်း ဆက်စပ်နေတဲ့ပုံရတယ်တဲ့။ ပညာတတ် စင်ကာပူးရီးယန်းတွေ ခရစ်ယာန်ဖြစ်တာ ပိုများလာကြတယ်။

ဖြေ ။    ။ ခရစ်ယာန်ဘာသာ ပြောင်းလဲခံယူမှု ကျယ်ပြန့်လာတာက ဗုဒ္ဓဘာသာ၊ တာအိုဘာသာနဲ့ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်တဲ့စနစ်တွေကြောင့် ဖြစ်လာရတာ။ အနောက်တိုင်း ပညာတတ်တွေက ဒါကို ဘာသာရေးလို့ မထင်ကြဘူး။ ကိုရီးယားမှာလည်း ဒီအတိုင်းဖြစ်နေတာပဲ။ ပညာတတ် ကိုရီးယန်းတွေက ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာနဲ့ ဘိုးစဉ်ဘောင်ဆက် ကိုးကွယ်တဲ့စနစ်ကို စွန့်ပစ်ကြတယ်။ အဲဒါ အယူသည်းမှုတွေလို့ သူတို့က ပြောကြတယ်။ သူတို့ ယုံကြည်တာက ဒီစင်္ကြာဝဠာထဲမှာ ဖန်ဆင်းရှင်၊ တန်ခိုးရှင် ရှိတယ်ဆိုတာပဲ။

ထိုင်ဝမ်မှာလည်း တိုးတက်လာတာနဲ့အမျှ ဘာသာတရားအသစ်လည်း သူတို့ရလိုက်ကြတယ်။ ဒါတွေက စီးပွါးရေးနဲ့ လူမှုရေး အပြောင်းအလဲတွေရှိရင် ဖြစ်တတ်တာပဲ။ တိုးတက်မှုနှုန်းမြန်တဲ့ နိုင်ငံတွေမှာ ဘာသာရေးရွေ့လျားမှု ဘယ်လိုဖြစ်သလဲဆိုတာသိရအောင် တို့ဆီကလူတွေကို ကိုရီးယား၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ကို လွှတ်ပေးကြတယ်။ ထိုင်ဝမ်မှာတော့ Temple အသစ်တွေ အများကြီး တိုးလာတယ်။


ခရစ်ယာန်ချာ့(ခ်ျ) ကျောင်းတွေက မင်္ဂလာဆောင်တဲ့အခါ၊ ကလေးမွေးတဲ့အခါ၊ ဈာပနတွေမှာ ဘာသာရေးဝတ်ပြုပွဲတွေ လုပ်ပေးကြတယ်။ ဒါတွေက လူ့ဘဝရဲ့ အရေးအကြီးဆုံး အချိန်သုံးချိန်ပဲလေ။ ဗုဒ္ဓဘာသာမှာက ဒါမျိုး Baptism မရှိဘူး။ တရုတ်လူမျိုးက မင်္ဂလာဆောင်တယ်ဆိုရင် လက်ဖက်ရည်အခမ်းအနားရှိမှာပေါ့။ အနောက်ယဉ်ကျေးမှုမှာ ဒါလောက်နဲ့ တရားမဝင်သေးဘူး။ တရားဝင် မှတ်ပုံတင်လုပ်ယူရတယ်။ ဒီအမျိုးသမီး၊ အမျိုးသားကို လက်ခံပါသလား။ တစ်ယောက်ယောက်က ကန့်ကွက်လိုပါလျှင် ထ၍ကန့်ကွက်နိုင်ပါသည်- စတာတွေ ချာ့(ခ်ျ) ကျောင်းက မေးတယ်။ အဲဒီနောက်မှ ကတိကဝတ်ပြုကြရတယ်။ မကျန်းမာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သက်ဆုံးတိုင် ပေါင်းသင်းသွားပါမည်- စတာတွေ ရွတ်ဆိုရတယ်။ ဒါတွေက စိတ်ဓာတ်ခွန်အားတွေ အများကြီးရတယ်။

သေဆုံးသွားပြန်တော့လည်း တရားဟောဆရာက နောက်ဆုံးဘာသာရေးဝတ်ပြုပွဲ လာလုပ်ပေးတယ်။ Hon Swi Sen (ဘဏ္ဍာရေးဝန်ကြီးဟောင်း) က ကက်သလစ်စစ်စစ်ကြီး။ သူ့ဇနီးလည်း အတူတူပဲ။ သူ့ဇနီးက သူသေရင် သူ့အမျိုးသားနဲ့ ပေါင်းဆုံရမယ်ဆိုတာ ခိုင်ခိုင်မာမာကြီး ယုံကြည်တာ။ ယုံကြည်တော့ စိတ်ဓာတ်ခွန်အားရတာပေါ့။

ငါကတော့ ဒါတွေကို မယုံဘူး။ လက်တွေ့ကျတာတွေကိုပဲ ယုံယုံကြည်ကြည်လုပ်တယ်။ ငါကတော့ ပြင်သစ်စကားပုံလို ဘဝဆိုတာ ဒါပါပဲ။      “ C’ est la vie ” (Life is like that)

ငါ့အမေဆုံးတယ်။ သူက ခရစ်ယာန်မဟုတ်တော့ ခရစ်ယာန်လိုလည်း မလိုက်ခဲ့။ ဗုဒ္ဓသာသာလိုလည်း မလိုက်ခဲ့ဘူး။ ရိုးရိုးဈာပနလေးပဲ ဖြစ်သွားတယ်။ ငါရော၊ ငါ့ညီအစ်ကိုတွေရော ယူလော်ဂျီ(သေသူ၏ ဂုဏ်ပုဒ်များ ထုတ်ဖော်၊ ချီးကျူးပြောကြားမှု) တော့ ပြောကြတာပေါ့။ ဒါပေမယ့် ခရစ်ယာန်တွေရဲ့ ဂီတဆန်တဲ့ တေးသွားတွေလို အပူတွေ ငြိမ်းမသွားဘူး။ ခရစ်ယာန်တွေက တေးဂီတသံတွေကိုပဲ ရာစုနှစ်တွေနဲ့အညီ လူတွေခံစားလို့ရအောင် ပြောင်းလဲလာကြတာ။ Hon Swi Sen ရဲ့ဈာပနမှာ ခရစ်ယာန်ဘုန်းတော်ကြီးက ဈာပနအခမ်းအနားလေး လုပ်ပေးတယ်။ လူတိုင်း သူ့ဆီက ဝေဖာလေးတွေ ယူကြတယ်။ ငါကတော့ ကိုယ့်ကိုကိုယ် ကက်သလစ်လို့မထင်တော့ မယူပဲနောက်ဆုတ်နေလိုက်တယ်။ ငါကလွဲရင် အားလုံးယူတယ်။ ဘာပဲပြောပြော ကျန်ရစ်သူမိသားစုကိုတော့ တော်တော်စိတ်သက်သာစေတာပဲ။

ငါ့ဇနီးဆုံးပြန်တယ်။ သူက ခရစ်ယာန်မဟုတ်တော့ ဒီပြဿနာက တက်လာပြန်ရော။ ငါကိုယ်တိုင်ရယ်၊ ငါ့သား၊ ငါ့မြေးတွေရယ် ရိုးရိုး ယူလော်ဂျီပဲ ပေးလိုက်ကြတယ်။

ငါ့ဇနီးနဲ့ငါက ကောင်းကင်ဘုံမှာရော၊ အခြားတစ်နေရာမှာပါ ပြန်လည်တွေ့ဆုံစရာ အကြောင်းမမြင်မိပါဘူး။ ခံစားချက်အနေနဲ့ကတော့ ငါတို့အရိုးပြာလေးတွေ တစ်ခုနဲ့တစ်ခု နီးနီးနားနားရှိနေစေချင်တယ်။ ဒါပါပဲ။

မေး ။     ။ ဒါဆို စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဘယ်ကရသလဲ။

ဖြေ ။    ။ ဒါတော့ မသိဘူး။ လဲကျတိုင်းတော့ ကုန်းထလာနိုင်ခဲ့တာချည်းပဲ။ ဒီလို ပြန်ထနိုင်အောင် တစ်ခုခုက အကူအညီပေးနေတယ်လို့တော့ ထင်တယ်။ ဒါပေမယ့် တန်ခိုးရှင် တစ်ယောက်ယောက်က ကူညီနေတယ်ဆိုတာတော့ ငါ့မယုံဘူး။

ဇင်ဝေသော်

တစ်ပတ်အတွင်း သတင်းများ

" မြန်မာသတင်း"
 
~ မြန်မာ လူမျိုး အယဉ်ကျေးဆုံး ( ဂူဂဲလ် သုတေသန အဖွဲ့ ) ~
ဖြစ်ပုံက ဤသို့တည်း။ ဂူဂဲလ် သုတေသန အဖွဲ့က ကမ္ဘာပေါ်တွင် စာအုပ်ရေ မည်မျှရှိသနည်းဟု သုတေသနပြုရာ ၁၂၉ သန်းရှိကြောင်း တွေ့ရသည်ဟုဆိုသည်။ အတိအကျ ဆိုရမူ ၁၂၉, ၈၆၄, ၈၈၀ ဖြစ်၏။ ထို့အတူ   ဂူဂဲလ် သုတေသန အဖွဲ့က စကားလုံး တစ်လုံးထဲ ထပ်တလဲလဲ သုံးစွဲသော ပို့စ် ကို ဆက်လက် သုတေသနပြုရာ မြန်မာလူမျိုးမျာနှင့် ပတ်သက်သော စာမူ တစ်ခု ဖြစ်နေသည်ကို တွေ့ရသည် ။ ( ထိုစာမူသည် နိုင်ငံရေးသမား တစ်ယောက်၊ ကဗျာဆရာ တစ်ယောက်နှင့် ပတ်သက်သည်ဟု ဆို၏ )
ထို ပို့စ် နှင့် ဆက်စပ်၍ လူ အများဆုံး သုံးစွဲသော ဝေါဟာရမှာ "  -ီး " ဖြစ်သည်။ စုစုပေါင်း ၎င်း  ဝေါဟာရ သုံးစွဲသော အရေအတွက် ၈ သိန်း ကျော်ပြီဟု ဆို၏။ ၎င်း  ဝေါဟာရ၏ အဓိပ္ပါယ်ကို မသိသော ဂူဂဲလ် သုတေသန အဖွဲ့က မြန်မာစာ ပညာရှင်များထံ ချဉ်းကပ် မေးမြန်းရာ ယဉ်ကျေးမှုကို ညွှန်းဆိုသော ( ယဉ်ယဉ်ကျေး ကျေး သုံးစွဲထားသော ) ဝေါဟာရ ဖြစ်ကြောင်း ပညာရှင်တို့က ဖြေဆိုသည်။ ထို့ကြောင့် ပို့စ် တစ်ခုတည်း၌ ထပ်တလဲလဲ သုံးစွဲခြင်းခံရသော ဝေါဟာရသည် ဂူဂဲလ် သုတေသန အရ  " -ီး " ဖြစ်လေသည်။ ထို့အတူ မြန်မာ လူမျိုးများလည်း ဂူဂဲလ် သုတေသန အဖွဲ့ အဆိုအရ အယဉ်ကျေးဆုံး လူသားများ ဖြစ်ကြလေသည်။


" အရှေ့တောင် အာရှသတင်း "
မလေးရှာနိုင်ငံ ပညာရေးဝန်ကြီး Mohd Puad Zarkashi က သိပ္ပံ ပညာရှင်များ တွေဝေသွားနိုင်သည့် သတင်းတစ်ပုဒ် ထုတ်ပြန်လိုကသည်။ သူ့ အဆိုအရ အခြောက်စိတ်ပေါက်ခြင်းသည် ဗီဇနှင့်လည်း မဆိုင် ပတ်ဝန်ကျင် လိုက်ဖ် စတိုင် နှင့်လည်း မဆိုင် စွပ်ကျယ် ခေါင်းစွတ် ပုံစံနှင့်သာဆိုင်သည်။ V -shape ပုံ  စွပ်ကျယ် ခေါင်းစွတ် ဝတ်သူများသည် အချောက်များ ဖြစ်ကြသည်၊ ထို့ကြောင့် ကျောင်းသားလူငယ်များ ထို ပုဂ္ဂိုလ်တို့ကို ဝေးဝေးက ရှောင်ရမည် ဟု ပညာသားပါပါ မှာကြားခဲ့သည်။ အမှန်မူ ယနေ့အထိ အခြောက်စိတ်ပေါက်ခြင်း၏ အကြောင်းကို  သိပ္ပံ ပညာရှင်များ တိတိကျကျ မပြောနိုင်သေး။ ယခုမှ ရှင်းသွားတော့သည်။

" အာရှ သတင်း "
ကမ္ဘာပေါ် ဖြစ်ဖြစ်သမျှသော စစ်ပြင်ဆင်ခြင်း၊ အငြင်းပွားခြင်းတို့တွင် တရုတ်နှင့် ဂျပန်တို့က စံချိန်တင်နိုင်ခဲ့သည်။ အခြား အငြင်းပွားတို့က ကိုလိုနီ နယ်လုခြင်း၊ စီးပွားရေး ဈေးကွက်လုခြင်း၊ ဘာသာရေး ယုံကြည်မှု မသင့်မြတ်ခြင်း စသည်တို့ ဖြစ်သည်။ ယခု တရုတ်နှင့် ဂျပန် အငြင်းပွားမှုကား ၎င်းတို့နှင့် မဆိုင်၊ ပင်လယ်ထဲမှာရှိသော အရုပ်ဆိုးဆိုး ကျောက်တုံးကြီး တစ်တုံးအတွက် စစ်ပြင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် သမိုင်းပညာရှင်တို့ အဆိုဖြစ်သော  " ဘာသာရေးအခြေခံသော စစ်ပွဲ " လည်း မှားလေတော့သည်။ ကျောက်တုံးအခြေခံသော စစ်ပွဲ ဖြစ်၏။

" ကမ္ဘာ့သတင်း "
၁ ။ အမေရိကန် နိုင်ငံ State of Tennessee က ကလေးအမေ အမျိုးသမီးတစ်ယောက်ဟာ အသက် ၁၁ နှစ် အရွယ်ရှိ သူ့ကလေး ပစ်လိုက်တဲ့ ကျည်ဆန်နဲ့ သူမခေါင်းကို ရှပ်မှန်သွားတဲ့အတွက် ( အဲဒီ အမျိုးသမီး) အဖမ်းခံခဲ့ရပါတယ်။ ဖမ်းတဲ့ အမှုကတော့ " child neglect -ကလေးကို ဂရုစိုက် မထိမ်းသိမ်းခြင်း "  ဖြစ်ပါတယ်။

၂။ နာမည်နဲ့ ပတ်သက်လို့ အလေးထာသူတွေ ရှိသလို လုံးဝ အလေးမထားသူတွေလည်းရှိတယ် ဆိုတာ အမေရိကန်တွေကပဲ ဦးဆောင် ပြသခဲ့တယ်လို့ ဆိုပါတယ်။ မယုံရင် သူတိုအချို့ မြို့တွေရဲ့အမည်ကို ကြည့်ပါ။
    Bland မြို့ ( Missouri )
    Flat မြို့  ( Alaska )
    Ordinary  မြို့ ( Virginia )
    Dowdy မြို့ ( Arizona )
    Pitts မြို့( Georgia )
    Mount Misery မြို့ ( New Jersey )
    Dull မြို့ ( Ohio )
    Plain မြို့( Wisconsin )
    Mousie မြို့( Kentucky )
    Low Point မြို့ ( Arizona )
   Swastika မြို့( New York )
မကျေနပ်သေးရင် Michigan ကို သွားပါ၊ Hell  မြို့ ကို တွေ့ရပါလိမ့်မယ်။


ဇင်ဝေသော် ( ဦးကိုမောင် ကိုယ်စား အပြုံးတစ်ပွင့် :)

စင်ကာပူကိုလာသင့် မလာသင့်နဲ့ သူ့အမြင် ကိုယ့်အမြင်များ

Daw Myaing Myaing စလုံးအတင်းနဲနဲဝင်ပြောခွင့်ပြုပါ..(တကယ်တော့မနဲဘူးနော်..)

-------------------------------------------------------
စင်္ကာပူရဲ့ အဓိကပစ်မှတ်တွေက တရုတ်ပြည်မကြီးက
တရုတ်တွေ၊ ဆိုတာအစိုးရရဲ့သဘောထားဘဲဖြစ်ပါလိမ့်မယ်..
အရင်တုန်းကတော့ဟုတ်လိမ့်မယ်..

အခုအချိန်မှာတော့..စလုံးတရုတ်တွေက..ပြည်ကြီးတရုတ်တွေကို
မုန်းတယ်..ပြည်ကြီးတရုတ်တွေကရိုင်းတယ်လို့
စလုံးတရုတ်အများစုက..ယူဆကြတယ်..
internet ပေါ်မှာ..ပြည်ကြီးတရုတ်တွေနဲ့ခဏခဏ ဖိုက်ကြတယ်.
ပြည်ကြီးတရုတ်တွေကို PRC တွေလို့စလုံးအချင်းချင်းပြောကြတယ်..
သူတို့စလုံးရဲ့ website တွေမှာရှာကြည့်ရင်တွေ့လိမ့်မယ်..
ဘယ်လောက်တောင်မုန်းလဲဆိုတော့..ဒီမှာ Hougang လို့ခေါ်
တဲ့နေရာမှာ..သူတို့စလုံးမိသားစု၂စု ကား ထားဘို့အချင်းချင်း
လမ်းမပေါ်မှာရန်ဖြစ်ကြတယ်..အဲဒါကို website မှာတင်တော့
သူတို့စလုံးတွေကတဲ့..foreigner( အထူးသဖြင့် PRC တွေပေါ့)
တွေများလာတဲ့အတွက်...စိတ်ဖိစီးမှု့များပြီးဒီလိုဖြစ်ရတာပါလို့..
comment ပေးကြတယ်..(foreigner တွေနဲ့နေရာတကာလိုက်ပြီး
(အလုပ်တို့..အိမ်ခန်းတို့.စသဖြင့်)
ပြိုင်နေရတဲ့အတွက်.စိတ်ဖိစိးမှု့များတယ်ပေါ့)..
နောက်ပြီး ခုဒီတနှစ်မှာ စလုံးမှာရထားပျက်တာတွေ..Bus တွေရုံးချိန်မှာ
လူကျပ်တာတွေ..ဒါတွေဟာလည်း..သူတို့ဆီမှာ..foreigner တွေများများ
လာလို့ပါတဲ့.. (မြန်မာပြည်ကိုခေါ်လာပြီး..bus ကားခဏလောက်
စီးကြည့်ခိုင်းလိုက်ချင်တယ်)
တကယ်လည်း Bus တို့ MRT တို့ပေါ်မှာ..၇န်ဖြစ်ကြရင်လည်း..
ပြည်ကြီးတရုတ်တွေနဲ့ဖြစ်တာများတယ်..PRCတွေကလည်းစွာတယ်
နော်..မြန်မာတွေလိုသူများနိုင်ငံမှာမို့ဆိုတဲ့အတွေးနဲ့ငုံနေလိမ်မထင်နဲ့..
( bus နဲ့ MRT မှာ..elderly တွေထိုင်ဘို့အတွက်ခုံသတ်မှတ်ပေးထားတယ်..
ခုနောက်ပိုင်းတော်တော်များများက..elderly ခုံမှာထိုင်ပြီး
အသက်ကြီးသူတွေလာရင်..မမြင်ချင်ယောင်ဆောင်နေကြတယ်..
ဒီလိုလုပ်တဲ့အများစုက foreigner တွေဖြစ်နေတတ်တယ်..)
ferrair car accident ဖြစ်သွားတော့.. စလုံးတွေက..
PRC တွေကိုတော်တော်အပြစ်တင်တယ်..ဒီအကြောင်းက..၂နိုင်ငံ
အစိုးရတွေတောင်ဝင်ပြောရတဲ့အထိဘဲ..ဒါကြောင့်
လီရှန်လွန်းရဲ့ national day speech မှာ..သူ့နိုင်ငံသားတွေ..
Xenophobia ဖြစ်တယ်လို့အများစုက၀ိုင်းပြောနေပါတယ်လို့ပြောပြသွား
တယ်..လွတ်တော်အမတ် Grace Fu က တလောက..PR criteria
ကို more information လုပ်သင့်တယ်လို့ ပြောလို့စလုံးတွေဝိုင်းဆဲကြ
တယ်..အခုတောင်သူတို့စလုံးမှာ..ဒီအစိုးရဲ့ ပေါ်လစီကြောင့်
foreigner များနေတာ(အထူးသဖြင့် PRC တွေများနေတာ)ပေါ့ဆိုပြီး
တယောက်မှမထောက်ခံဘူး..
(တကယ်တွေးကြည့်ရင် ဒို့မြန်မာမှာလည်း PRC တွေအများကြီး
ဘဲနော်..စလုံးမှာ..PRC များတယ်သာပြောတာ..မြန်မာလောက်
မများသေးဘူး..)

၂၀၁၁ကစပြီး..၂၀၁၂မှာ EP , S pass, Dependent pass ရဲ့ criteria ကိုမြင့်တယ်..PR တို့ Citizenship တို့ကိုလည်းသူတို့လိုချင်
တဲ့လူဘဲပေးတော့တယ်.တကယ်ကတော့.ဒီလိုအစိုးရက..ကျပ်လာတဲ့အထဲမှာ..သူတို့နိုင်ငံသားတွေ ထစ်ခနဲ့ရှိ foreigner တွေ ကြောင့် ဆိုပြီး complain တွေသိပ့်များလာတာရယ်..ဒီ foreigner တွေကိုလက်ခံတဲ့လက်ရှိ
အာဏာရပါတီ (PAP) ကိုအပြစ်တွေအရမ်းပြောလာတာလည်း
အကြောင်းတချက်ပါဘဲ...နောက်လာမဲ့ရွေးကောက်ပွဲမှာမဲမထည့်တော့ဘူး
လို့ပြောနေတာတွေများလာတော့အစိုးရလည်းသူ့လူတွေကိုကြောက်လာရတယ်..

အလုပ်ခွင်မှာတော့..ဘာမှပြသနာမရှိပါဘူး..(သူတို့ကခိုင်းနေရလို့လည်း
ပါတာပေါ့)..နေရေးထိုင်ရေးလည်းပြသနာမရှိပါဘူး.(သူတို့နဲ့ပြောတာနော်)
.မြန်မာအများစုကလည်းသူတို့နဲ့ပြသနာမဖြစ်အောင်နေကြပါတယ်..
တသက်လုံးနေမယ်ဆိုရင်တော့..တော်တော်စဉ်းစားရလိမ့်မယ်..
23 minutes ago · Edited · Like
-------------------------------------------------------

၁။ ပထမဆုံး ဒေါ်မြိုင်မြိုင် ရဲ့ ကွန်မင့်အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေ။ စာဖတ်သူတွေ ဗဟုသုတ ရလို့ပါ။

စ လုံး တရုတ်တွေ ( တကယ်တော့ ဘယ်နိုင်ငံမှာနေတဲ့ တရုတ်တွေ မဆိုပါ၊ ) ပြည်မကြီးက  တရုတ်တွေကို ကြည့်မရတာက အခုမှ ထလာတဲ့ ၂၁ ရာစုရောဂါ မဟုတ်ပါဘူး။ အဲဒါက  ပြည်မကြီး  တရုတ်တွေက ပြည်ပရောက်တရုတ်တွေကို တစ်ဆင့်နိမ့်တဲ့   တရုတ်တွေဆိုပြီး ခွဲခွဲခြားခြား ဆက်ဆံလို့ပါ။ တရုတ် ပြည် ပြန်သွားရင်လည်း   ပြည်မကြီးက တရုတ်တွေနဲ့ တန်းတူမထားပါဘူး။
ဒီ အချက်ကို ဖွင့်ချသူက ဆရာကြီး လီကွမ်းယုပါ။ သူ့ လူမျိုးတွေ ပိုကြိုးစားအောင် လှုံ့ဆော်လိုက်တဲ့ သဘောလည်း ပါ ပါလိမ့်မယ်။ အဲဒီ အကျိုးဆက်ပါ။ အခု  ပြည်မကြီး  တရုတ်တွေများလာတော့ ရောဂါ ပြန်ထတဲ့ သဘောလောက်ပါ။

၂။  ပြည်မကြီး တရုတ်တွေက မြန်မာတွေလို သည်းမခံဘူး ဆိုတာကလည်း အထက်က အချက်နဲ့ ဆိုင်ပါတယ်။ ပြည်မကြီး တရုတ်တွေက ဒီကိုသာလာတယ် ဒီက တရုတ်တွေထက် သူတို့က စူပီးရီးယား (ပို မြတ်တယ်၊သာတယ် ) ဖြစ်တယ် လို့ ခံယူထားကြလို့ပါ။ ကျနော်တို့ကတော့ အပြင်လည်း ထွက်လာရော ကိုယ်က ဘယ်သူ့ထက်သာမှန်းကို မသိတော့ပါဘူး။

၃။ ခရိုက်တီးရီးယား တွေက
(၁) ပညာအရည်အချင်း
(၂) လစာ
(၃) စင်္ကာပူ အတွက် အကျိုးသယ်ဆောင်နိုင်မူ။
(၄) လုပ်သက် တို့ပါ။
နံပါတ် ၃ ကို ကြည့်ရင် ပြည်ကြီးတရုတ်က အားသာချက် အများကြီ ရှိပါတယ်။ ဥပမာ တင်းနစ်နဲ့ ရေကူးမယ်တွေ။

အခု ဒေါ်မြိုင်မြိုင်တင်ပြခဲ့တာတွေဟာ ဒီနေ့ မီဒီယာမှာ ဟိုးလေးတကြော် ပြောကြ၊ရေးကြတဲ့ အချက်တွေပါ။
ဒါပေမယ့်
၎။ ဒီမျိုးဆက်ကို အသာထား၊ ဒုတိယမျိုးဆက် စ လုံး စစ်စစ် ဖြစ်ဖို့ တရုတ်မိဘတွေက မွေးတဲ့ ကလေးက မြန်မာမိဘတွေက မွေးတဲ့ ကလေးထက် အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့်  မြန်မာတွေထဲမှာကိုပဲ တရုတ်နွယ်တဲ့၊ တရုတ်အဖေနာမည်ပါတဲ့သူတွေက ( အရည်အချင်း အားလုံးတူနေရင် ) နှာတဖျား သာပါတယ်။

၅ ။ ပီကင်းတက္ကသိုလ်မှာ ဝင်ခွင့်မရတဲ့ ကျောင်းသားက NUS, NTU  မှာ တော့ ( ပ် ) ဖြစ်နေနိုင်ပါတယ်။

လူထုနဲ့ အစိုးရဆိုတာ တစ်သားတည်း ကျ၊ တမြင်တည်းမြင်လို့ မရပါဘူး။ သာမန်လူထုလောက် မြင်ရုံနဲ့တော့ ထိပ်တန်းအစိုးရလည်း မဖြစ်နိုင်သေးပါဘူး။ လူထုကို တိုက်ရိုက်ကြီး ဆန့်ကျင်လို့ မရသလို အားလုံးကို နားထောင်လို့လည်း မရပြန်ပါဘူး။ ဒါကိုပင် နိုင်ငံရေး သိပ္ပံ လို့ ခေါ်တယ်မဟုတ်လား။ ဒါကြောင့် ( ဒီ အချက် ၅ ချက် ကြောင့် ) လူသိပ်မသိတဲ့
( မီဒီယာပေါ် မရောက်တဲ့ ) အစိုးရ ပေါ်လစီမှာတော့
" စင်္ကာပူရဲ့ အဓိကပစ်မှတ်တွေက တရုတ်ပြည်မကြီးကတရုတ်တွေ၊ ဆိုတာအစိုးရရဲ့သဘောထားဘဲဖြစ်ပါလိမ့်မယ်.."
မှန်ပါတယ်။ အစိုးရရဲ့သဘောထားပဲဖြစ်ပါ။
ဆုံးဖြတ်တာကလည်း တကယ်တော့ အစိုးရ ပဲ မဟုတ်လား။

( ကျနော်က ပြည်တွင်းက လူငယ်တွေ ကောက်ချက်ဆွဲ လို့ရအောင် တစ်ဦးချင်းအမြင်၊ခံစားချက်တွေကို အင်တာဗြူးမလို့ကို စဉ်းစားနေတာပါ။ တကယ်  ကျေးဇူးပါ။ )
ဇင်ဝေသော်

သူ့ကမ်း ကိုယ့်ကမ်း

တစ်ခါက ဇင် ဆရာနဲ့ တပည့်တို့ မြစ်ကမ်းဘေးမှာ တရားရှုမှတ်နေကြတယ်။
အတန်ကြာတော့ ဆရာက တစ်ယောက်ပဲ စီးလို့ရတဲ့ လှေကလေးကို လှော်ပြီး ဟိုဖက်ကမ်းကို ကူးသွားတယ်။
ခဏနေတော့ တပည့်ကလည်း တဖက်ကမ်းကို ကူးချင်လို့
" ဆရာ၊ ကျနော့်ဆီကို လှေပြန်ပို့ပေးပါ၊ ကျနော်လည်း တဖက်ကမ်း ရောက်ချင်လို့ပါ " လှမ်းပြောတယ်။
ဒီတော့ သူ့ဆရာက
" ငါ့တပည့်၊ ကိုယ့်တရားကိုသာ စူးစိုက်ရှုမှတ်နေပါ၊ ငါ့ဖက်က ကြည့်တော့ မင်းလည်း တဖက်ကမ်း ရောက်နေတာပဲ၊ ဘာ လှေနဲ့မှ ကူးနေစရာတောင် မလိုဘူး " တဲ့။
ဒီတော့မှ တပည့်က သဘောကျသွားပြီး သူ့ ကမ္မဌာန်း နဲ့သူ ပျော်မွေ့သွားနိုင်တော့တယ်။


~ သူ ငါ မရှိ ~
ဇင်ဆရာကြီး တစ်ယောက်က သူ့ ဂျူနီယာကို ဩဝါဒပေးနေတယ်

" မာစတာ တစ်ယောက်ဖြစ်ဖို့ အရင်ဆုံး သူ ငါ အစွဲတွေ ပြုတ်ပြီး သူ မရှိ ငါ မရှိ နေနိုင်ရတယ်။
ငါ ပြောတာ သဘောပေါက်သလား "

" နေပါဦး၊ ဘယ်သူက ဘယ်သူ့ကို ပြောနေတာ လဲ "


~ သက်သေပြမယ် ~
ဇင်နဲ့ ပတ်သက်တဲ့ ရှေးဟောင်း ပုံတို ပတ်စတွေက အာရှတိုက်မှာ အစပြုခဲ့ပေမယ့် အနောက်၊ အထူးသဖြင့်အမေရိကမှာ သွားပြီး ရေပန်းစားနေပါ သတဲ့။ ဒါကြောင့် အာရှသားတွေဟာ သင်္ချာမှာ တော်သလောက် ဟာသဉာဏ် မှာတော့ ချားတူးလန်လို့ ပြေတာခံကြရတယ်။

အနောက်တိုင်းသားက
" မင်းတို့ အာရှသားတွေ သင်္ချာမှာ တော်သလောက် ဟာသဉာဏ် မှာတော့ ချားတူးလန် ပဲ "

ဒါနဲ့ အာရှသားက
" အဲဒါ မမှန်ပါဘူး၊ စာ နှစ်မျက်နှာလောက်နဲ့ ( သိပ္ပံနည်းကျ သင်္ချာအခြေခံသဘောတရားတွေ ကိုးကားပြီး ) မမှန်ကြောင်း ဒါကို သက်သေပြပါမယ် " လို့ ပြန်ပြောလိုက်တယ်။


ဇင်ဝေသော်