ဘိန်းပမာဏ


ဆရာခင်ညွန့် အတွင်းရေးမှူး တစ် ဘဝက ဖျက်ဆီးလိုက်တဲ့ ဘိန်းခင်းတွေ၊ မီးရှို့ပြလိုက်တဲ့ ဖမ်းဆီးမိ ဘိန်းတွေ။
ပြသနာက ဖမ်းဆီးမိ ဘိန်းပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုပိုများနေခြင်းပဲ။
ကပေါက်တိ ကပေါက်ချာ အတော်နိုင်တဲ့လူတွေ။

ပြောသွားတာ အတိအကျပဲ။ လိုက်မယ်ဆို ကွင်းဆက်တွေ။


ဆရာတော်ရဲ့ ပြောစကားနောက်ကွယ်မှာ ဘယ်သူတွေ ဘာလုပ်သလဲ သိချင်ရင် နာထောင်ကြည်ပါ
Posted by အမှန် တရား ဘက်တော်သား on Saturday, August 29, 2015

တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး


Ashin Kavissara။ ။ မြန်မာပြည်မှာက ပလ္လင်ပေါ်ရောက်ပြီဆိုရင် ပြောချင်ရာပြော အကုန်ုယုံကြည်တာပဲ။ ဘာသာရေးအစည်းအဝေးပွဲတိုင်းလိုလို မြန်မာပြည်က စာတမ်းဖတ်တဲ့အခါ သစ္စာတရားလေးပါအကြောင်း၊ ပရမတ္ထအကြောင်း၊ မေတ္တာအကြောင်းနဲ့ ပြီးနေတာ။ အရေးအသား၊ တင်ဆက်ပုံက BA ပထမနှစ်ကျောင်းသား အဆင့်မရှိဘူး။ ကျန်တဲ့နိုင်ငံက တက်လာတဲ့ပါမောက္ခတွေက Harvard, Cambridge, Oxford, London, Hawaii University တက္ကသိုလ်တွေက ဘွဲ့ရပြီး အဆင့်မီမီ စာတမ်းတွေဖတ်ကြတာ သွားတက်တဲ့ဆရာတော်များများကရော ကောင်းကောင်းနားမလည်ဘူးထင်တယ်။ ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်အုံးမယ်။ အမီလိုက်ဖို့ အများကြီးလုပ်ယူရအုံးမယ်။ တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး။

ကမ်းလက်။ ။ အင်တာနေရှင်နယ်ပွဲကြီးတစ်ခုမှာ ဆရာတော်ကြီးတစ်ပါး ပြောသွားတဲ့ Speech ဆိုပြီး အွန်လိုင်းမှာတော်တော်တက်လာဖူးတယ်။ တကယ် အဲဒီပွဲကိုရာက်ပြီး နားထောင်ခဲ့သူအတွက်တော့ အဲဒီ Speech က အင်္ဂလိပ်လည်း အညံ့ဆုံး၊ လက်ခုပ်သံလည်း အနည်းဆုံးပဲ။ မပြောတော့ဘူးလို့ပါ။ ပက်လက်လှန်းရင်း တံတွေးထွေးပေါ့လေ

အရောင်အသွေးစုံခြင်းလား၊ စုပေါင်းမှု အားနည်းခြင်းလား


ပုဂံမှာ စေတီပုထိုးငယ်တွေများပြားလှ၏။ အကယ်၍ ပုဂံမှာ စေတီပုထိုး ငယ်တွေအစား စုပေါင်းပြီးစေတီကြီးတစ်ဆူ တည်ခဲ့ကြမည်ဆိုလျှင် အန်ကောဝပ်၊ ဗောဓောဗုဓ၊ မဟာစေတီ ကမ္ဘာမှာ ဘယ်စေတီပုထိုးထက်မဆို ကြီးနေနိုင်သည်။ မည်သို့ဖြစ်စေ ပုဂံက အထင်ကရ မြန်မာ့သမိုင်းဦး။
အရောင်အသွေးစုံခြင်းလား၊ စုပေါင်းမှု အားနည်းခြင်းလား။

မင်းကွန်းဖက်ရောက်သွားတော့ ပြောင်းပြန်ဖြစ်သွားသည်။ စေတီပုထိုးငယ်တွေ မများ၊ ဧရာမ ပုထိုးတော်ကြီး တစ်ဆူထဲ။ သို့သော် ထိုပုထိုးတော်ကြီးက အပြီးမသတ်။

ထီ နာယကာ ဝိနသ န္တိ၊ နသ န္တိ ဗဟုနာယကာ


ထီ နာယကာ အမျိုးသမီး ဦးဆေင်သောအဖွဲ့အစည်းတို့သည်၊ ဝိနသ န္တိ ပျက်စီးတတ်ကုန်၏။
ဗဟုနာယကာပိ ဆရာများသော လူ့အဖွဲ့အစည်းသည်လည်း ဝိနသ န္တိ ပျက်စီးတတ်ပြန်၏။
လောကနီတိစာပါ။ ပထမအပိုဒ်က သေချာပေါက် ဗြဟ္မဏဝါဒ။
ဒုတိယအပိုဒ်ကတော့ ဒီနေ့မှန်နေဆဲပဲ။
အကြံပေးနည်းတော့ အကြံပေးက သမ္မတထက် ဩဇာကြီး (ဥပမာ၊ ကစ်ဆင်းဂျား)၊ အကြံပေးများတော့ သမ္မတက ယောင်တောင်တောင်ဖြစ်။

ရွာသားရဲ့ ရှင်၅၀၀၀


ရွာသားရဲ့ ရှင်၅၀၀၀ အလှူကိစ္စကို
သမ္မတကူ၊ သာအေးကူ၊ ရွှေသံလွင်ကူပါလျက်
ရွှေမိုးကမကူတော့
ရူးချင်ယောင် ဆောင်နေရပါကြောင်း။
(ရွာမှာတော့ ပွဲကြီးလမ်းကြီးနဲ့ ရှင်ပြုထားတဲ့ကိုယ်တော်တွေထက် ငှက်ပြောပွဲလေးနဲ့ရှင်ပြုခဲ့တဲ့ကိုယ်တော်တွေက ခြေပိုစွာသဗျာ)

" မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ


လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကသိခဲ့တဲ့ အမေရိကန်စီတီဇင် တမီးလ်ဘုန်းကြီး ကခေါ်လို့ ဒီနေ့ သွားတွေ့ဖြစ်တယ်။ မြန်မာပြည်ကနေ အမေရိအပြန် စင်္ကာပူ ကိုဝင်လာတာ။ သူနဲ့ပြောဖြစ်တာတွေထဲမှာ နားထဲစွဲသွားတဲ့ စကားတစ်ခွန်းက
"စိတ်မကောင်းဘူး အရှင်ဘုရားရေ၊ မြန်မာလူမျိုးတွေက ကိုယ့်နိုင်ငံထဲမှာနေပြီး ရဖျူဂျီတွေဖြစ်နေရတာ" တဲ့။
သူက ကရင်ပြည်နယ်၊ ချင်းပြည်နယ်ထဲအထိသွားခဲ့တာ။ နှိမ်တာမဟုတ်၊ သရော်တာမဟုတ်၊ ကရုဏာသံနဲ့ဆိုတော့ တပည့်တော်တို့လူမျိုး အဲသလောက် မညံ့ပါဘူးလို့တောင် ပြောမထွက်ခဲ့ဘူး။
သူပြောတာက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရည်ညွှန်းပြောတာပါ။ အစိုးရ လည်းပါ၊ စည်းကမ်းလည်းပါ၊ လူအများစုရဲ့ သဘောထားလည်းပါတာပေါ့။

အချိန်ကုန်၊ ငွေကုန်၊ လူပန်း


ပညာရှင်တွေ ပြောပါတယ်။ အလုပ်ရှုပ်ခံပြီး အုပ်ချုပ်ရေးပညာ၊ စီမံခန့်ခွဲမှုပညာတွေ သင်နေ၊ သုတေသနပြုနေကြတယ်။ ဦးသိန်းစိန် အစိုးရလို တုတ်နဲ့ရိုက်ပြီး ရှင်း၊ ပြီးရင် မရိုက်ပါဘူးလို့ ပြောင်လိမ်လိုက် ပြီးတာများ။ အချိန်ကုန်၊ ငွေကုန်၊ လူပန်း လျှောက်လုပ်နေကြတယ်။

ကသောင်းကနင်းခေတ်ဆီ ဦးတည်နေတဲ့ နိုင်ငံဆိုပါလား


ဦးရဲထွဋ်က တစ်ဖက်၊ အားလုံးက တစ်ဖက်။
ရဲနဲ့အစိုးရဆီက ဘာကွန်မင့်မှ မလာ။
ပြန်ဝန်ရဲ့ ကမောက်ကမသတင်းကို စထရိတ်တိုင်းမ်ကတောင် မ၀ယ်ဘူး။ ဘီဘီစီ။ ဗွီအိုအေ အသာထား။
ကသောင်းကနင်းခေတ်ဆီ ဦးတည်နေတဲ့ နိုင်ငံဆိုပါလား။


ပြသနာအားလုံးဟာ သံချောင်း


မနေ့ကပဲ ကျော်ဝင်းဆောင်းပါးဖတ်လိုက်ရတယ်။
တစ်သက်လုံးမွေးလာတဲ့ကြက် တစ်ရက်ထဲ ရိုက်ချက်တယ်ဆိုလား။
သူ့ထက်ပိုထိတဲ့စကားကတော့ အေဗရာဟင် မတ်စလိုရဲ့စကားပါ။
"သင့်မှာ တူတစ်ချောင်းပဲ လက်နက်ရှိတယ်ဆိုရင် ပြသနာအားလုံးကို သံချောင်းတစ်ချောင်းလိုထင်ပြီး ထုရိုက်ပစ်ဖို့ပဲ စဉ်းစားတတ်တယ်" တဲ့။

သူချည်းလာဟဲ့


သူချည်းလာဟဲ့။
လက်ပတ်နီလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
တာဝန်ဆိုတာလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
အထက်အမိန့်ဆိုတာလေးနဲ့ပါဘုရား။

သူချည်းလာဟဲ့။
လစ်တော့လို့ အမိန့်ပေးနေပြီ။ လစ်ပြီ။

Myanmar got talents


1) Myanmar got talents =>
ဦးသန့်လိုလူ ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
ပြည်တွင်းမှာတော့ ဦးနေဝင်းက ဦးသန့်ထက် ပိုတော်တယ် လို့ သူ့ကိုယ်သူ ထင်တယ်။

2) Myanmar got talents =>
အောင်ဆန်းလိုလူကို ကမ္ဘာအတွက် မြန်မာက မွေးထုတ်ပေးတယ်။
သူ့ကို အမှိုက်ထင်ပြီး သေနတ်နဲ့ ပစ်သတ်လိုက်တယ်။

3) Myanmar got talents =>
ဂက်စ်တွေ၊ ရေနံတွေ အလျှံပယ်ရှိတယ်။
ဒါပေမယ့် လူထုကို အမှောင်ထဲမှာ နေနိုင်အောင် စွမ်းဆောင်ပေးနိုင်တယ်။

4) Myanmar got talents =>
ရေကောင်းရေသန့် မြစ်ကြီးလေးသွယ် ရှိတယ်။
ဒါပေမယ့် လူထုကို ရေရှားပါးအောင် စွမ်းဆောင်ပေးနိုင်တယ်။

5) Myanmar got talents =>
ရွေးကောက်ပွဲ ကျင်းပပေးတယ်။
ရွေးကောက်ပွဲအပြီး အနိုင်ရသူကို ထောင်ထဲမှာ သော့ခတ်ထည့်ထားလိုက်တယ်။

6) Myanmar got talents => မက်စီလို ဘောလုံးသမား မွေးထုတ်ပေးတယ်(ဦးကဝိစကားနဲ့)။
မက်စီလေးကမ္ဘာ့ဖလားကန်ခွင့်မရအောင် အချင်းချင်း ဝိုင်းချိုးကြတယ်။

Myanmar got talents => .........
Myanmar got talents => .........

ကျွန်တော်လူဆိုးလား?


ကျော်သူကလည်း စေတနာကောင်းသလောက် ညံ့လိုက်တာ။
"အုပ်ချုပ်သူကြီးရေ. . .လူဆိုးဆိုရင်ထောင်ထဲထည့်ထားမှာပေါ့ဗျာ" တဲ့။
လူဆိုးက ထောင်ထဲနေတဲ့ခေတ်မှ မဟုတ်တာကြီး။
ဒီခေတ်မှာ လူဆိုးအများစုက အုပ်ချုပ်ရေးထဲမှာ
သူပုန်တွေက R.I.T/Y.I.T ထဲမှာ။ ဒါလေးတောင် မသိဘူး။ နည်းပညာတက္ကသိုလ် တစ်ခုလုံး သူပုန်တွေချည်းပဲ၊ အကြီးအသေးပဲ ကွာတယ်။

Kyaw Thu

"ကျွန်တော်လူဆိုးလား?


မော်လမြိုင်ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးကပြောတယ်ဗျ။
ကျော်သူ(ဒီလူ) က လူဆိုးလား လူကောင်းလားသူမသိဘူးတဲ့။
လူဆိုးလူကောင်းဆိုတာကလည်း ဂျိုမပါလို့ မသိနိုင်ပါဘူးတဲ့။
ဒါကြောင့် ဒီလူကိုဟောပြောခွင့်မပေးနိုင်ပါဘူးတဲ့။ ကျန်တဲ့
လူမသိ သူမသိ နံမယ်မရှိတဲ့သူတွေ စာပေဟောပြော
မယ်ဆိုရင်ချက်ခြင်းခွင့်ပြုမယ်တဲ့ဗျာ။
ကောင်းလေစွ. . ကောင်းလေစွ။
အုပ်ချုပ်သူကြီးရေ. . .လူဆိုးဆိုရင်ထောင်ထဲထည့်ထားမှာပေါ့ဗျာ။"

ဟဲဟဲဟဲ "Politically correct"


သီတဂူဆရာတော်ကြီး ဒီဇင်ဘာ ၂၉ ရက်က အီရန်ခရီးမသွားခင်
ရန်ကုန်လေဆိပ်မှာ ပြောခဲ့တဲ့ စကားလေးတွေကနေ ကောက်နှုတ်ထားတာပါ။

"လက်ရှိအနေအထားအရ လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကို အကြိုက်ဆုံးပဲ"
"အများစုရဲ့ ကျေနပ်မှုကိုရအောင်လုပ်နိုင်တဲ့ ပုဂ္ဂိုလ် ရှာကြည့်တယ်၊ ရှားတယ်၊ ဒါ့ကြောင့် လက်ရှိ သမ္မတကြီးက ဆက်လုပ်ရင်ကောင်းမယ်လို့ တွေးမိတယ်"
"ဒါမှသူ့ ရဲ့ အစွမ်းသတ္တိကို သိရမယ်လေ ၊ ဆယ်နှစ်လောက်လုပ်လို့ မှ မဖြစ်ရင်တော့ သွားပေါ့ ၊ နောက်တစ်ယောက်ပေါ့ "

အကယ်ဒမီ စန္ဒယား ဆရာတင်ဝင်းလှိုင်နဲ့ပတ်သက်လို့.....


၁။ အချိန်နည်းနည်း ပိုသွားဟန်တူပါတယ် (နှစ် ၆၀ တော့ မဟုတ်ပါ)
၂။ စကားမဆုံးခင် ပွဲသိမ်းခံလိုက်ရပါတယ် (အားလုံးကို အဲသလို ပွဲသိမ်းခွင့်ရှိရင် ကောင်းမှာ)
၃။ စကား၊ အမူအယာ လွန်သွားဟန်တူပါတယ် (ခြေထောက်ပစ်တာပါ၊ ခေါင်းတွေမှန်ကုန်တာတော့ ဘယ်တတ်နိုင်ပါ့)

ကမ်းလက်မှတ်ချက်။ ။ မြန်မာပြည်မှာ "ခဏ" ဆိုတာက နှစ် ၆၀၊ "မတော်တဆ" ဆိုတာက ဦးနှောက်ထွက်မှုမို့ ဆရာ လုံးဝ မလွန်ပါဘူး

သရော်စာကလည်း ရေးရတဲ့လူ သေတော့မယ်။


မစ္စတာ တီဗွီ (MRTV) က ၁၉၈၈ ခုမှာ မြန်မာပြည် သူ့ကျွန်ဘဝရောက်ခဲ့ရသတဲ့။
ဖဘဖင့်တွေကို ကျေးဇူးတင်ပါတယ်။ အရင်က သူများဖော်ဝါ့ဒ်လုပ်မှ ရီရတာ။
အခု မအိပ်သေးရင် ရီနေရုံပဲ။
ရှင်သစ္စာတို့ဟာသဉာဏ်ရွှင်လှပြီထင်နေတာ၊ မစ္စတာ တီဗွီကို ဘယ်မီလို့တုန်း။

ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။


အမေရိကန်လည်း တွင်း တာဝါ ပြိုကျဖူးပြီ၊ သူတို့ချင်း ဘယ်သူ့ဘယ်သူမှလက်ညှိုး မထိုးကြဘူး။ (ဒီမိုကရက်ကြောင့်၊ ရီပတ်ဘလင်ကန်ကြောင့် စသည်)
ဩစတေးလျလည်း အရှက်ခွဲ ခံလိုက်ရပြီ။ သူတို့ချင်း အပြစ်ပုံချမနေကြဘူး။ ဒါဟာ ရင့်ကျက်တဲ့ကမ္ဘာရဲ့သဘောပဲ။
မြန်မာပြည်က မိတ္ထီလာဖြစ်လည်း ဒေါ်စု၊ မန္တလေး၊ ရခိုင်ပြည်နယ်မှာဖြစ် လည်း ဒေါ်စုပဲ။
တစ်သက်လုံး အန္ဒိယ၊ အင်္ဂလန်နဲ့နေအိမ်ထဲထောင်ကျနေခဲ့ရတဲ့အမျိုးသမီးကြီးက အဲဒီမွတ်စလင်တွေကို ဘယ်လိုလုပ် ပြည်တွင်းထဲရောက်အောင် ဆွဲသွင်းလို့ရမှာ လဲ။ ဆိုင်ကော ဆိုင်ရဲ့လား။

အခု လတ်တလောကိစ္စက ပြောရတော့ခက်ပါတယ်။ ဒါ့ကြောင့် ဘာမှ မပြောလို ပါဘူး။
ဒေါ်စုတက်လာလည်း နိုင်ငံရေး စီးပွားရေးအရ တရုတ်နဲ့မကင်းနိုင်သလို မွတ်စ လင်နဲ့လည်းကင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုင်တွယ်ပုံ ပိုရင့်ကျက်လာလိမ့်မယ့်။ လူထုဆန္ဒကို နားပိုထောင်လာမယ်။
နောက်ဆုံး ရုပ်ပျက်ဆင်းပျက်မှားသွားရင် နှုတ်ထွက်ပေးလိမ့်မယ်။ မသထာရေစာ အဏာကို တွယ်ဖက်နေမယ့်အစား မဟုတ်ဘူးလို့ သူမ သမိုင်းအရ သိရတယ်။
ဒါကလည်း ပုဂ္ဂိုလ်ရေးနဲ့မဆိုင်ဘူး၊ သမိုင်းနဲ့ဘဲဆိုင်တယ်။ သမိုင်းနည်းနည်းပဲ သိရင်ကို ဒီအဖြေထွက်တယ်။
ဦးနေဝင်း၊ ဦးသန်းရွှေနဲ့ဒေါ်စု။ ဘယ်သူက လူစိတ် ပိုရှိမလဲ။

တဖြည်းဖြည်းနဲ့တော့ အာဖဂန်နဲ့ တူလာပြီ။


ဒါ(တက်တူး)က တားမရဘူး၊ တစ်ဦးချင်းကိစ္စ၊ မိတ်ကပ်အထူအပါး၊ နှုတ်ခမ်းနီ အထူအပါး၊ ဘောင်းဘီအတိုအရှည်ကိစ္စမျိုးပဲ။ ဘာသာရေး၊ ယဉ်ကျေးမှု၊ အလုပ် အကိုင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက သူတို့ပိုင်နက်ထဲမှာ တားမြစ်နိုင်ပါ တယ်။ လမ်းပေါ်လျှောက်သွားနေတဲ့ လူငယ်ကို တားမြစ်လို့မရသလို အစိုးရ လုပ်ရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကပဲ ဘီးလ်ဂိတ်ပုံ ခြေသလုံးမှာ ထိုးထားတဲ့ကောင်လေး တစ်ယောက်တွေ့ရတယ်။ ဒါမျိုးကို သူ့မိဘတွေကလည်း သဘောမတူနိုင်ပါဘူး။ ဘာတတ်နိုင်မှာလဲ။ (လီကွမ်းယုလေသံနဲ့ ငါက ကုမ္ပဏီ ပိုင်ရှင်ဆိုရင်တော့ သူတို့ကို မခန့်ဘူး ပေါ့။ ဒါပဲရမှာပေါ့) အောက်က စာက တို လွန်းသွားလို့ပါ။
ဟိုဟာတားချင်၊ ဒီဟာတားချင်နဲ့ မွတ်စလင်အစွန်းရောက်နဲ့ သိပ်မကွာတော့ဘူး လို့ ပြောချင်တာ။
(12/22/2014 at 5:58 pm)

ဒါ အနောက်ယဉ်ကျေးမှုမဟုတ်ပါဘူး၊ လူငယ်ယဉ်ကျေးမှု (သို့) တစ်ခေတ်ပြန်ဆန်းယဉ်ကျေးမှုပါ။
အစွန်းရောက်အုပ်စုသိရင် လက်ဖြတ်ခံရမှာသိလျက်နဲ့ တက်တူးထိုးနေကြတာ တဲ့။
(12/22/2014 at 5:01 pm)