Ticket please


ကီဝီသုံးယောက်နဲ့ အော်ဇီသုံးယောက် ရထားပေါ် ဆုံမိကြတယ်။
ကီဝီသုံးယောက်က လူသုံးယောက်ပေမဲ့ လက်မှတ်က တစ်စောင်ထဲ။ ဒီသုံးကောင် လက်မှတ်စစ်လာရင် ဘယ်လိုလုပ်ကြမလဲပေါ့။ အော်ဇီတွေ ဉာဏ်မမီဘူး။
လက်မှတ်စစ်လည်းလာရော ကီဝီသုံးကောင်စလုံး အိမ်သာတစ်ခုထဲ ပြိုင်တူဝင်သွားကြတယ်။
ခဏအကြာ..
လက်မှတ်စစ်က အိမ်သာတံခါးခေါက်ပြီး လက်မှတ်အပြခိုင်းတော့ လက်တစ်ချောင်း၊ လက်မှတ်တစ်စောင် ထွက်လာတယ်။ စစ်ပြီး လက်မှတ်စစ်လည်း ထွက်သွားတော့တာပဲ။
အိမ်သာတစ်ခုထဲ လူသုံးယောက်လို့ ဘယ်ထင်မလဲ။
ဟာ တယ်ဟုတ်ပါလား။ ကီဝီတွေ ဉာဏ်ပြေးလှပါလား။
တို့လည်း သူတို့လို လုပ်မှ။
အပြန်မှာ တွေ့ကြပြန်ရော။
ဒီတစ်ခါ ကီးဝီသုံးကောင်က လက်မှတ်ကို မဝယ်တော့တာ။
လက်မှတ်စစ်လာတာလည်းမြင်ရော အော်ဇီသုံးကောင်က အိမ်သာတစ်ခုထဲ ပြေးဝင်သွားကြတယ်။ အဲ့ဒီအချိန်အထိ ကီဝီတွေက မလှုပ်သေးဘူး။
ခဏနေတော့ ကီဝီတစ်ကောင်က အော်ဇီတွေဝင်သွားတဲ့ အိမ်သာတံခါးကိုခေါက်ပြီး
"Ticket please.”
အော်ဇီလက်တစ်ချောင်း ထွက်လာတယ်၊ လက်မှတ်တစ်စောင်နဲ့။
အဲ့ဒီလက်မှတ်ကိုယူပြီး ကီဝီသုံးကောင်က မျက်နှာချင်းဆိုင် အိမ်သာထဲ ပြိုင်တူဝင်သွားကြလေရဲ့....
🤣🤣🤣

1 comments:

Best Casino and Resort in North Carolina - MapyRO
This 화성 출장안마 area 인천광역 출장안마 offers a 부천 출장마사지 casino, lounges, and other entertainment venues. It 문경 출장안마 is also a short distance away from the state line and is 나주 출장샵 within a 10-minute drive of North

Reply

Post a Comment