လိုက်ခ်မှာလည်း သမ္မာအာဇီဝဆိုတာ ရှိတယ်


အရင်အစိုးရခေတ်က ဦးရဲထွဋ်တို့၊ အန်ကယ်ဘူးလက်တို့ကို ခပ်နာနာလေး ဝေဖန်လိုက်ပြီဆိုရင် လိုက်ခ်တွေ တအားရတာ။ ကိုယ်က ဒါကို သမ္မာအာဇီဝလိုက်ခ်လို့ မထင်ဘူး။ သူများကို ဝေဖန်မှ ရတာမို့လို့။ (ပုတ်ခတ်တာမျိုးတော့ ကိုယ်သိသလောက် မလုပ်ဖူးဘူး)



မနက်ကပို့စ်ကတော့ သမ္မာအာဇီဝလို့ ယုံကြည်တယ်။ ဘယ်သူ့မှ မဝေဖန်ဘူး။
သမ္မာအာဇီဝနဲ့ လိုက်ခ်တစ်ထောင်ရအောင်က မနည်း ရေးယူရတာ။ မလွယ်ဘူး။ ရင်ဘတ်ပါကို ပါနေမှ။ 😍😍😍

Post a Comment