ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။




၁) ဒေါ်စုက အစိုးရနဲ့တပ်မတော် သွေးမခွဲပါ။
လက်ရှိအခြေအနေအားလုံး ခေါင်းခံတယ်၊ တာဝန်ယူတယ်၊ မွတ်စလင်ကမ္ဘာရဲ့ အဆဲအဆို၊ အကြိမ်းအမောင်းကို ခံယူတယ်။ အနောက်ကမ္ဘာရဲ့ ဝေဖန်သံတွေ အားလုံးကို တုန့်ပြန်တယ်။
လက်ရှိ တရုတ်ကြီးရဲ့ထောက်ခံမှု အတိအလင်းရတယ်။ အိန္ဒိယနဲ့ ရုရှားရဲ့ ထောက်ခံမှုလည်း ရနိုင်တယ်လို့ ကြိုတင်မှန်းဆကြည့်နိုင်ပါတယ်။ အနောက်က အတိအလင်း ထောက်ခံလို့ မရဘူး။ 
မွတ်စလင်ကမ္ဘာနဲ့ လူ့အခွင့်အရေး အုပ်စုကတော့ သိကြတဲ့အတိုင်းပဲ နေပါလိမ့်မယ်။
ဒါပေမဲ့ မွတ်စလင်ကမ္ဘာက ခေါင်းဖြတ်ဖို့ ကြုံးဝါးနေသူတွေ၊ လူ့အခွင့်အရေးသမားတွေက ခေါင်းအဖြတ်ခံရရင် ဝမ်းနည်းပါတယ်၊ ဒါကို ရှုံ့ချပါတယ်ဆိုတဲ့ ရုံးစာမျိုး ထုတ်ပြန်ပေးမယ့်သူတွေ။
အဆိုးထဲက အကောင်း။ အယ်လ်ခိုက်ဒါရဲ့ ခြိမ်းခြောက်သံကြောင့် အမေရိကန်နဲ့ အနောက်ကမ္ဘာရဲ့ နောက်ကွယ်က ထောက်ခံမှုတွေတောင် ရလာနိုင်ခြေ ပိုများလာပါတယ်။
သူမရဲ့ ၁၉ ရက်နေ့မိန့်ခွန်းဟာ မြန်မာပြည်သူတွေကို ပြောတယ်ဆိုတာထက် ကမ္ဘာကိုပြောပြနေတဲ့ မိန့်ခွန်းမျိုး ပိုဖြစ်နိုင်ပါလိမ့်မယ်။ မလွတ်တမ်း နားထောင်၊ လိုက်နာသင့်တဲ့ မိန့်ခွန်းဖြစ်နေပါလိမ့်မယ်။
သွေးကြောင်တာလည်း မကောင်းပါဘူး
သွေးအေးလွန်းရင်လည်း မကောင်းဘူး
အလားတူပဲ သွေးဆူလွန်ရင်လည်း မကောင်းပါဘူး။
၂) စင်္ကာပူရဲ့ နိုင်ငံရေးနောက်ခံ၊ လက်ရှိအခြေအနေကို မသိဘဲ အမျိုးသမီး မလေးလူမျိုးသမ္မတနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေဟာ လမ်းဘေးစကားမျှသာပါ။
သမ္မတဖြစ်ပြီးတဲ့နောက် သမ္မတအိမ်ကို ပြောင်းမနေဘဲ သူမရဲ့ မူလ တန်ဖိုးနည်းအိမ်လေးမှာပဲ ဆက်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ (အထူးသဖြင့်) အမျိုးသမီးထုရဲ့ နှလုံးသားတွေကို ညွတ်နူးစေပါလိမ့်မယ်။ Politically corrected အရွှေ့လေးပါပဲ။ တစ်ချိန်ထဲမှာ မိခင်စိတ်ကိုလည်း လှစ်ပြလိုက်သလိုပဲ။ လူမျိုးတွေ၊ ဘာသာရေးတွေကို ဖယ်ကြည့်လိုက်ရင် သိပ်လှတယ်၊ လေးစားစရာလည်း ကောင်းတယ်။
ဇင်ဝေသော်


Post a Comment