မစ္စတာချိုင်းနား - မိတ်ဆက်


ဦးရဲထွဋ် ညွှန်းမယ်ဆို ညွှန်းလောက်ပါတယ်။ တေလာက ဦးနေဝင်းအပေါ် အကောင်းမြင်တာတွေရှိတယ်။ စာအုပ်လက်ဆောင်ပေးသွားတဲ့ ပါမောက္ခ ကတော့ "တေလာက အကောင်းမြင်တာများလွန်းတယ်၊ ဖတ်ပြီးရင် အမြင်ပြောပြပါအုံး၊ ဆွေးနွေးကြည့်ရအောင်" မှာထားခဲ့တယ်။
မစ္စတာချိုင်းနား မပြတ်သေးလို့ သေသေချာချာ မကိုင်နိုင်သေးပါဘူး။ ထူထဲ လွန်းတာကြောင့် ဘာသာပြန်ဖို့ထက် ထုတ်နှုတ် ဝေဖန်ဖို့ကောင်းမယ့် စာအုပ်မျိုးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ဦးနေဝင်း ငယ်ဘဝအကြောင်းနဲ့ပတ်သက်လို့ ရေရာတဲ့ အထောက်အထား ဘာမှ မရှိခြင်းပဲ။ တစ်မျိုးစီ ဆော်နေကြတယ်။
(June 27, 2015)

 သူမက ကျွန်တော့် ဖြေရှင်းချက်ကို လက်မခံ။ ယခု ပြဿနာ ပြေလည်သွားလိုလျှင် စက်ရုံနံပါတ်သုံး မြေနေရာအစား အလုပ်သမားဆောင် အဟောင်းများကို ယူရမည်ဟု ဆိုလာသည်။ သူမ ကမ်းလှမ်းချက်က ဘယ်လိုမှ မဖြစ်နိုင်။
''အလုပ်သမားဆောင် အဟောင်းအဆွေးကြီးကို ယူပြီး ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံး ကျွန်တော်တို့နဲ့ မစ္စတာဇူအကြားမှာ ပြောခဲ့၊ သဘောတူခဲ့ပြီးပါပြီ''
''ကောင်းပြီ၊ ဒါဆို ကလေးမူကြိုကျောင်းကိုရော ဘယ်လိုလုပ်မလဲ၊ စက်ရုံနံပါတ်နှစ်ရဲ့ နောက်ကျောဘက်မှာ မူကြိုကျောင်း ရှိတယ်''
''ကလေးမူကြိုကျောင်း ဟုတ်လား။ ကျွန်တော်တို့က ဘီယာချက် မှာလေ။ အဲဒီ ကလေး မူကြိုကျောင်းနဲ့ ဘာသွားလုပ်ရမှာလဲ''
ကလေးမူကြိုကျောင်းကို လက်မခံပြန်တော့ ရေသန့်စင် စက်ရုံဆီ သူမက ဦးတည် သွားပြန်သည်။
''ရေသန့်စင်စက်ဆိုရင်ကော ဘယ်လိုလဲ၊ ဒါကတော့ ရှင်တို့အတွက် အသုံးကျနိုင်ပါတယ်''
ထို့နောက် စကားအခြေအတင် ပြောကြရင်းအချိန်တွေသာကုန်သွားသည် ဆွေးနွေးပွဲက ဘယ်ဆီကိုမှ မရောက်။ ထိုနောက် သူမက အဆီအငေါ်မတည့်လှသော ယုတ္တိတစ်ခု ချပြ လာပြန်သည်။
''ရေနွေးကြမ်း ပန်းကန်လုံးတွေကို ဝယ်ပြီးဆိုရင် ပန်းကန်တွေမှာ အကွဲအအက်တွေ ပါ၊ မပါ စစ်ဆေးရမှာက ရှင်တို့ ဝယ်သူရဲ့ တာဝန်ပဲလေ''
''ဒါက မှန်ပါတယ်၊ အခုဟာက ဝယ်ထားတဲ့ ပန်းကန်တွေ ရောက်မလာတာလေ၊ ပန်းကန်လုံးတွေ ရောက်မလာရင်တော့ ရောင်းသူက အလျော်ပေးရမှာပေါ့''
''ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ကျွန်မက ဆန်ဝယ်ဖို့ထားတဲ့ ငွေနဲ့ ဆီမဝယ်နိုင်ဘူး။ ဒီကိစ္စအတွက် ကျွန်မဆီမှာ ငွေတစ်ပြားမှ မရှိဘူး''
ကျွန်တော်တို့ အခြေအတင် စကားတွေက မုန့်လုံးစက္ကူကပ်၊ ဘာ အဖြေမှလည်း ထွက်မလာ၊ စားပွဲတစ်ဖက်ခြမ်းစီမှာ ထိုင်ရင်း တစ်ယောက် ကို တစ်ယောက်ပဲ ရှုတည်တည်ပဲ ကြည့်နေကြသည်။ (July 27, 2016)

မြို့တော်ဝန်နှင့် တွေ့ဆုံ၊ နောက်ဆုံး ရုပ်မြင်သံကြားသတင်း အရိုက်ခံရသည်အထိ စောင့်လိုက်ရသည့်အချိန်က ဆယ်ရက်သာ ကြာခဲ့သည်။ သာမန် အားဖြင့်ဆိုလျှင် မြို့တော်ဝန်အဆင့်ကို အသာထား လက်ထောက်ဒါရိုက်တာ တစ်ယောက်နှင့် တွေ့ခွင့်ရဖို့ပင် လပေါင်းများစွာ ကြာမြင့်နေတတ်သည်။ မြို့တော်ဝန်ကတော့ အပြင်လူတစ်ယောက်အနေဖြင့် တွေ့ခွင့်ပင် မရှိ။ နိုင်ငံတော်ကောင်စီက အမေရိကန် ရင်းနှီးမြှုပ်နှံသူများနှင့် ပတ်သက်သည့် သတင်းကိုသာ ကြားနေရပြီး တိုးတက်မှု တစ်စုံတစ်ရာ မတွေ့မြင်ရဟု ဖိအားပေးလာသဖြင့် ဒုတိယမြို့တော်ဝန်က ကျွန်တော်တို့နှင့် အမြန်တွေ့ဆုံပြီး ရုပ်မြင်သံကြားသတင်း ရိုက်ကူးလိုက်ခြင်းသာ ဖြစ်ကြောင်း နောက်မှ ကျွန်တော်တို့သိလိုက်ရသည်။ အစိုးရအရာရှိများ နိုင်ငံရေးသဘော အရ ရုတ်တရက် လာရောက်တွေ့ဆုံပြီး မကြာမီ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခြင်းမျိုးက တရုတ်ပြည်မှာ အထူးအဆန်းတော့ မဟုတ်။ သို့သော် ကျွန်တော်တို့အတွက် အမြတ်ရလိုက်ပါသည်။ ထိုအရာက Five star ဘီယာချက် စက်ရုံကို သွားရောက်ကြည့်ရှုခွင့် ရလိုက်ခြင်းပင်။
(July 26, 2016)

Post a Comment