ခ်ခ် ကဗျာ


စိတ်ကောင်းလေး ဝင်တုန်း
ကိုယ့်ဘဝကို ဆယ်ဖီဆွဲလိုက်တယ်
ပြုံးပြုံးလေး
ကလစ်။

ဟင် မဟုတ်သေးပါဘူး
အက်ဒစ်ကို နှိပ်
မလိုတာတွေ ဖြတ်တောက်
ပြီးတော့
Done.



မလှသေးဘူး
အလင်းနဲ့အမှောင်
စိတ်ကြိုက် အရောင်ရအောင်
ပြင်ထည့်လိုက်တယ်
ဟဲ မဆိုးတော့ဘူး။
Done.

ကိုယ့် ဘဝ ဆယ်ဖီကို
ကိုယ့် ဝေါပေါ်တင်ထည့်လိုက်တယ်
လှနေချက်က
ကိုယ့်ဘဝကို ကိုယ်
မမှတ်မိဘူး သက်လား
ခ်ခ်။


ဇင်ဝေသော်

Post a Comment