Make sure that you are present where really matters


တစ်လလွန် ကဆုန်လပြည့်အတွက် ယနေ့ ခြေကုန်လက်ပန်းကျကုန်ပြီး သည့်နောက် မနက်ဖြန် ခြေကုန်လက်ပန်းကျနိုင်ရန် အားသစ်မွေးကြလေ ကုန်ပြီ။ သို့သာ် လူ သုံးထောင်မှ ငါးထောင်ခန့်အတွက် ချက်ပြုတ်နေကြသည့် အဘွားကြီးအုပ်စုကတော့ တစ်ညလုံး မအိပ်ရရှာ။ ခဏတဖြုတ်ဆင်းပြီး ရယ်မောစရာပြောရင်း အားပေးဖို့လောက်တော့ လုပ်ပေးရဦးမည်။
"Make sure that you are present where really matters"
(မစ္စတာ ဖို့ဒ်၊ ဖို့ဒ် ကားကုမ္ပဏီ တည်ထောင်သူ၊ ဥက္ကဋ္ဌ)


Mr China


အစိုးရက ထိန်းချုပ်ထားသည့် တစ်နိုင်ငံလုံးရှိ စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး မိတ်ဆွေများပြောသည့် စကားအချို့ကိုကြားဖူးသော်လည်း ကိုယ်တိုင် ကိုယ်ကျတော့ တရုတ်ပြည်ရောက်မှပဲသိခွင့်ရခဲ့သည်။
“ဘေဂျင်းမှာ အမြဲရုံးစိုက်နေ တဲ့ အစိုးရက နှစ်စဉ် နိုင်ငံနဲ့အ၀ှမ်း ထုတ်လုပ်နေ ရတဲ့ ဘောင်းဘီရှည်တစ်ဘီလီယံ၊ ခြေအိတ် နှစ်ဘီလီယံကို ဘယ်လိုလုပ် စီမံခန့်ခွဲ ပေးနိုင်မှာလဲ” အမှန်မူ တရုတ်ပြည်သည် ဥရောပတစ်တိုက်လုံး ပေါင်းထားတာထက်ပင် အဆများစွာ ပိုကြီးပါသည်။

လမ်းပေါ်မှာပင် အစိုးရထိန်းချုပ်သည့်စနစ်၏ လွှမ်းမိုးမှုကို တွေ့ရသည်။ “ဈေးဝယ်သူက အမြဲ မှန်တယ်” ဆိုသည့် ယဉ်ကျေးမှုနဲ့ကတော့ လုံးဝ ဆန့်ကျင် ဘက်ပင်၊ တရုတ်ပြည်မှာက ရောင်းသူက ရောင်းပေးနေတာကိုပဲ ၀ယ်သူ က ကျေးဇူးတင်မဆုံးဖြစ်နေရသည့်အနေအထားပါ။ ဘာမှမဖြစ်လောက်သည့် ကိစ္စအတွက် နာရီပေါင်း များစွာ စကားပြောယူရသည်ကိုလည်း ကြုံရတတ် သည်။ ဟော်တယ်မှာတည်းဖို့ ကျွန်တော်သွားစဉ် ကောင်တာမှာရှိသည့် ဧည့် လက်ခံ စာရေးမက “အခန်းလွတ်မရှိတော့ဘူး” ဆိုသဖြင့် ဧည့်သည် လည်း မတွေ့ရဘဲ အခန်းလွတ်မရှိခြင်း ကိစ္စကို ကျွန်တော်စဉ်းစားလို့မရ။ သူမစကားကို မယုံကြည်သဖြင့် အခန်းတွေကို လိုက်ကြည့်ရာ ဘာဧည့်သည်မှ မရှိကြောင်း အံ့သြစွာ တွေ့ကြုံလိုက်ရသည်။

“ဘာကြောင့်လဲ”

အမှန်မူ ဤသည်မှာ အစိုးရကအရာရာကို ထိန်းချုပ်ထားခြင်းကြောင့်သာ ဖြစ်ပါ သည်။ ဧည့်သည်တည်းခိုသည်ဖြစ်စေ၊ မတည်းခိုသည်ဖြစ်စေ သူမလစာက မတိုး မလျော့။ စီးပွားရေးအရှုံးအမြတ်ကိစ္စကလည်း သူမနှင့်မဆိုင်။ သူမသာ မဟုတ်ပါ။ သူမအထက်က လူကြီးတွေကလည်း ဤအတိုင်းပင်ဖြစ်သည်။ “အထက်အမိန့်” ဆိုတာကလွဲပြီး ဘာဆိုဘာမှမသိကြပါ။ ဒီတော့ ဧည့်သည် ရောက်လာ၊ အခန်းလွတ်မရှိတော့ဘူးပြော၊ ဧည့်သည်ပြန်သွားတာ နဲ့ သူတို့ သတင်းစာကိုပြန်ဖန်။ ဒါသည် တရုတ်ပြည်၏ စီးပွားရေး စနစ် ဖြစ်နေတော့သည်။

ဟိုတယ်မှာ တည်းခိုခွင့်ရဖို့ သုံးနိုင်သည့် နည်းကတော့ နောက်တစ်ေ ခါက် ပြန်သွား၊ လက်မခံမချင်း ပေကပ်ပြီး လက်ခံလာအောင် ပြောခြင်း သာဖြစ်သည်။ ဟိုတယ်မှာသာမက ကားလက်မှတ်အရောင်းဌာနတွေ၊ စားသောက်ဆိုင်တွေနဲ့ ယုတ်စွအဆုံး စက်ဘီးငှားသည့်နေရာမှာပင် ဤသဘောမျိုးတွေကို တွေ့ရတတ်သည်။ ကောင်တာမှာ ရောင်းဖို့တင်ထားသည့် ပစ္စည်းကို မြင်နေရလျက် မရှိတော့ဘူးဆိုလို့ မနည်းချော့မော့ဝယ်ခဲ့ရသည့် အဖြစ်၊ စားသောက်ဆိုင်မှာ ထမင်းဟင်းတွေရှိလျက် ကုန်သွားပြီပြောလို့ ချော့ ၀ယ်ရတဲ့အဖြစ်တွေ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ ရှီအန်းမြို့က စားသောက်ဆိုင်ဆိုလျှင် သူတို့ ထမင်းစားချိန်မို့ ဆိုင်ပိတ်ထားပြီဟု ပြောသဖြင့် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ စောင့်ပြီးလို့ ထမင်းရောင်းဖို့ ပြောတော့ ထမင်းကုန်သွားပြီ ဆိုကြပြန်သည်။ အတွေ့အကြုံရှိနေပြီဖြစ်တဲ့ ကျွန်တော်က သူတို့စကားကို မယုံကြည်ပါ။ ထို့ကြောင့် စားဖိုဆာင်ထဲကို ကိုယ်တိုင်ဝင်၊ ပန်းကန်ပြားတစ်ချပ်ယူ၊ စားချင်တဲ့ဟင်းတွေ ပုံထည့်ယူလာပြီး အလွတ်စားပွဲခုံတစ်လုံးမှာ ထိုင်စားနေ လိုက်ပါတော့သည်။

တရုတ်ပြည်မှာ သစ်သီးသစ်ရွက်ဝယ်ရတာကသည်ပင် စိန်ခေါ်မှုကြီးတစ်ခု။ မိတ်ဆွေတချို့ပြောပြသည့် ဟာသလေးကို သတိရမိသည်။ “ ဧည့်သည်တွေရောက်လာလို့ အခန်းလွတ်မရှိတော့ဘူး။ ထမင်းဟင်းကုန်ပြီ၊ ဘီယာပြတ်သွားပြီလို့ ပြောတာက ဧည့်သည်ရဲ့ စိတ်ကို အကဲစမ်းတာ ။ တကယ်လို့ ဧည့်သည်က ဘယ်မှမသွားဘဲ မရှိဘူးဆိုတဲ့ကြားက ရအောင်တည်းခိုနိုင်ရင်၊ မရှိဘူးဆိုတဲ့ ပစ္စည်းကို ရအောင်ဝယ်နိုင်ရင် သူတို့က သဘောတွေကျ ပြီး တခစ်ခစ်နဲ့ ရယ်နေတတ်ကြတယ်”

အခန်း ၇


တရားရုံးတံခါးမကြီးက ဟင်းလင်းးပွင့်နေ၏၊ သို့သော် ငွေမရှိဘဲ အမှန်တရားရှိကာမျှဖြင့် ဝင်လို့မရ
(အကျင့်ပျက် အရာရှိများကိုရည်ညွှန်းသည့် တရုတ်ရှေးဟောင်းစကားပုံ)

အမှာစာပါ ပုဂ္ဂိုလ်များ စာအုပ်လက်ဆောင် လာယူနိုင်ပါကြောင်း..........



*****

မန်း နပသ အမှတ်တရ


"ဟိုတုံးကဆို မိုင်ပေါ့၊ အခုတော့ မအိဖြစ်သွားပြီ။ အင်္ဂလိပ် အသံထွက်က မငြိမ်ဘူး ဘုရား"
ဖော်နက်တစ်တွေ သုံးလာတော အိုင်းသံကို "ai" နဲ့ပေးတာ၊ အေးသံကို "ei " နဲ့ပေးတာတွေ တွေ့လာကြရသည်။ အ-အိ အသံနှစ်သံကို ပေါင်းထွက်မည်ဆိုလျင် မြန်မာလို အနီးစပ်ဆုံး အိုင်းဖြစ်ပါသည်။ သို့သော် ဆရာသမားက နှစ်သံကိုမပေါင်းဘဲ တစ်လုံးချင်းစီ ခွဲထွက်တော my က မိုင် မဟုတ်တော့ဘဲ မအိ (mai) ဖြစ်သွားလေတော့သတည်း။

ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်


ISIS က စင်္ကာပူကိုပါ ပစ်မှတ်ထားလာတာရယ်
လှေလူတွေရယ် ပေါင်းလိုက်တော့
စင်္ကာပူထဲ အခုတလောဝင်လာတဲ့ လူတိုင်းကို တော်တော်စစ်ဆေးလိမ့်မယ်။
အထူးသဖြင့် လူငယ်ပိုင်းတွေပေါ့၊ လူကြီးပိုင်းတွေတော့ နည်းနည်းသက်သာမယ်။
ရုပ်ချောလို့စစ်တာတော့ မဟုတ်လောက်ပါဘူး။

ဘီဘီစီ အမေး သမ္မတဒကာကြီး အဖြေ


ဘီဘီစီ အမေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်တပ်က ပြုမူခဲတာတွေ အတွက် နောင်တ ရမိတယ်လို့ တောင်းပန်စကားပြောနိုင်ပါသလား
သမ္မတဒကာကြီး အဖြေ။ ။ ဒါမျိုးတွေက အခြားနိုင်ငံတွေမှာလည်း ဖြစ်ခဲ့တာပါပဲ..............။

ဘီဘီစီ အမေး။ ။အခြေခံဥပဒေကို သမ္မတကြီးတစ်ယောက်ထဲနဲ့ ပြင်လို့မရနိုင်ဘူးဆိုတာတော့ ကျွန်တော်လည်း သိပါတယ်။ သမ္မတကြီးရဲ့ တစ်ဦးတည်းအမြင်အရ အခြေခံဥပဒေကို ပြင်သင့်တယ်လို့ထင်ပါသလား။
သမ္မတဒကာကြီး အဖြေ။ ။ ဒါက ကျွန်တော့်တစ်ယောက်ထဲနဲ့ လုပ်လို့မရပါဘူး.................................။

မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်


ကမ်းလက် shared 7Day News Journal's video.
 
ဘီဘီစီဆရာက အများကြီးနှေးထားပြီး တစ်လုံးချင်း စီပြောနေတာကို သမ္မတကြီးအတွက် မြန်နေတုံး။
မေးခွန်းတွေကတိကျသလောက် အဖြေ ဝေ့လည်ကြောင်ပတ်။
နည်းနည်း လစ်စင်းနင်းကောင်းတဲ့လူဆိုရင် သမ္မတကြီးမြန်မာစကားထက် ဘီဘီစီအင်္ဂလိပ်က ပိုရှင်းလို့ အင်္ဂလိပ်လိုကိုပဲ အားပြုနားထောင်ကြဖို့ အကြံပြုပါတယ်။
 
 

Burma's Thein Sein: 'Aung San Suu Kyi could be president'
ဘီဘီစီသတင်းဌာန၏ Hardtalk အစီအစဉ်တွင် ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဖြေကြားစဉ်
Posted by 7Day News Journal on Sunday, September 30, 2012

ဖေ့စ်ဘုတ်ကစ္စည်းသဒ္ဒါ


"ဟာ" ရှေ့မှာရှိသော "ဥ" သရ၊ "အို" သရ "ဩ" သရတို့သည် တခါတရံ၌ "ဝ" အဖြစ်သို့ရောက်ကုန်၏။
ပြယုဂ်ကား ကိုယ့်ဟာကို၊ ကွကို။ သူ့ဟာသူ သွသူဟူသည်တည်း။

တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး


Ashin Kavissara။ ။ မြန်မာပြည်မှာက ပလ္လင်ပေါ်ရောက်ပြီဆိုရင် ပြောချင်ရာပြော အကုန်ုယုံကြည်တာပဲ။ ဘာသာရေးအစည်းအဝေးပွဲတိုင်းလိုလို မြန်မာပြည်က စာတမ်းဖတ်တဲ့အခါ သစ္စာတရားလေးပါအကြောင်း၊ ပရမတ္ထအကြောင်း၊ မေတ္တာအကြောင်းနဲ့ ပြီးနေတာ။ အရေးအသား၊ တင်ဆက်ပုံက BA ပထမနှစ်ကျောင်းသား အဆင့်မရှိဘူး။ ကျန်တဲ့နိုင်ငံက တက်လာတဲ့ပါမောက္ခတွေက Harvard, Cambridge, Oxford, London, Hawaii University တက္ကသိုလ်တွေက ဘွဲ့ရပြီး အဆင့်မီမီ စာတမ်းတွေဖတ်ကြတာ သွားတက်တဲ့ဆရာတော်များများကရော ကောင်းကောင်းနားမလည်ဘူးထင်တယ်။ ပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းရာရောက်အုံးမယ်။ အမီလိုက်ဖို့ အများကြီးလုပ်ယူရအုံးမယ်။ တစ်ပါး နှစ်ပါးလောက်နဲ့ အလုပ်မဖြစ်ဘူး။

ကမ်းလက်။ ။ အင်တာနေရှင်နယ်ပွဲကြီးတစ်ခုမှာ ဆရာတော်ကြီးတစ်ပါး ပြောသွားတဲ့ Speech ဆိုပြီး အွန်လိုင်းမှာတော်တော်တက်လာဖူးတယ်။ တကယ် အဲဒီပွဲကိုရာက်ပြီး နားထောင်ခဲ့သူအတွက်တော့ အဲဒီ Speech က အင်္ဂလိပ်လည်း အညံ့ဆုံး၊ လက်ခုပ်သံလည်း အနည်းဆုံးပဲ။ မပြောတော့ဘူးလို့ပါ။ ပက်လက်လှန်းရင်း တံတွေးထွေးပေါ့လေ

အရှေ့တောင်အာရှရှိ မွတ်စလင်လူငယ်တွေ


အရှေ့တောင်အာရှရှိ မွတ်စလင်လူငယ်တွေကို သွေးဆောင်၊ စစ်ပညာသင်ပေး၊ အစ္စလာမ်နိုင်ငံတော်ကို ကာကွယ်ဖို့သုံး၊ သူတို့မူရင်းနိုင်ငံကို ပြန်အတိုက်ခိုင်း။
မြန်မာပြည်က ရိုဟိန်ဂျတွေကို ဆီးရီးယားသွားကြလို့လည်း တိုက်တွန်းနေကြသတဲ့။
လူထုကို ဒုက္ခပေးမယ့်လူ၊ အဖွဲ့အစည်းအကြောင်း အစိုးရကိုအသိပေးခြင်းက အစ္စလာမ်ဘာသာနဲ့ ညီသတဲ့။



ဒီခေတ်မှာ


"သမီးရယ်၊ ဒီလူကြီးက အရက်သောက်လို့ မယူချင်ဘူးရယ်လို့၊ ဒီခေတ်မှာ အရက်သောက်တဲ့လူနဲ့ ပိုက်ဆံစုတ်က ရှောင်လို့မလွတ်ဘူး သမီးရဲ့"
(ရွာမှ မိဘတစ်ယောက်က သမီးကို နားချသည့်စကား)

ငယ်ငယ်ကများ သင်ခဲ့ရရင်


ဟိုနေ့က ဓမ္မဂင်္ဂါပြောတဲ့အထဲမှာလည်း ပါတော့သွားပါပြီ။ အခု ဓမ္မဂါးဒင်း ကလည်း အားမလို အားမရဖြစ်နေဟန်ပဲ။
အလွယ်တကူ ပြောတတ်ကြတဲ့ ဘုန်းကြီးလောကရဲ့ အကျင့်နှစ်ခု။
၁ ။ ဓမ္မာစရိယအောင်မှ အင်္ဂလိပ်စာသင်လည်း တတ်ပါတယ်။
၂။ အင်တာနေရှင်နယ် ပါဠိအသံထွက်က လွယ်ပါတယ်၊ သ နဲ့ စ၊ စ နဲ့ ကျ ပြောင်းလိုက်ရင် ပြီးပြီ။

တကယ်က အဲသလို ဟုတ်ကိုမဟုတ်ဘူး။ ဘာသာစကားတွေက အဲသလောက် မလွယ်ဘူး။
တပည့်တော်တို့အဖွဲ့ဆို (၆ ပါး ၇ ပါးလောက်ရှိမယ်) ဖောရိန်းနား ပုဂံသွားရင် ပုဂံလိုက်၊ မင်းကွန်းသွား မင်းကွန်းလိုက်။ သူတို့ပြောသမျှ အသံဖမ်း၊ ပြန်နားထောင်။ ကိုယ်ပြောသမျှ ပြန်နားထောင် အမှားရှာ၊ ပြင်ယူ။
ဒါလည်း အလုပ်ဖြစ်ကြတယ်ဆိုရုံလေးပဲ။ ငယ်ငယ်ကများ သင်ခဲ့ရရင်ကွာ ဆိုတဲ့အတွေး ဘယ်တုံးကမှ မပျောက်ခဲ့ပါ။

image source

မော်စီတုန်းကောင်လေးတွေ ဆောင်ပုဒ်


အချိန်မှီဝင်လာသည့် အရင်းရှင်ရထားထက် အချိန်နောက်ကျမှဝင်လာသည့် ဆိုရှယ်လစ်ရထားက ပို ကောင်းသည်။
(မော်စီတုန်းကောင်လေးတွေ ဆောင်ပုဒ်။ သေရော့လဟယ်)

ဒီ....ဘုန်းကြီးတွေသိမှာပဲ


ဒီ....ဘုန်းကြီးတွေသိမှာပဲ။ စမတ်ဖုန်းတွေဆိုတာ.....မှာပဲ၊ ဖေ့စ်ဘုတ်သုံးရင်.... သိမှာပဲ။ ဒီမှာ ပြောမယ် ဘုန်းကြီး၊ ဘုန်းကြီး အဲ့ ဘုန်းကြီး မပြေးနဲ့။
ဘုန်းကြီးက မပြေးပါ။ တရားရုံးချုပ်ရှေ့ကနေ လှေလှော်၍သာ ထွက်သွားလေသည်။

အရောင်အသွေးစုံခြင်းလား၊ စုပေါင်းမှု အားနည်းခြင်းလား


ပုဂံမှာ စေတီပုထိုးငယ်တွေများပြားလှ၏။ အကယ်၍ ပုဂံမှာ စေတီပုထိုး ငယ်တွေအစား စုပေါင်းပြီးစေတီကြီးတစ်ဆူ တည်ခဲ့ကြမည်ဆိုလျှင် အန်ကောဝပ်၊ ဗောဓောဗုဓ၊ မဟာစေတီ ကမ္ဘာမှာ ဘယ်စေတီပုထိုးထက်မဆို ကြီးနေနိုင်သည်။ မည်သို့ဖြစ်စေ ပုဂံက အထင်ကရ မြန်မာ့သမိုင်းဦး။
အရောင်အသွေးစုံခြင်းလား၊ စုပေါင်းမှု အားနည်းခြင်းလား။

မင်းကွန်းဖက်ရောက်သွားတော့ ပြောင်းပြန်ဖြစ်သွားသည်။ စေတီပုထိုးငယ်တွေ မများ၊ ဧရာမ ပုထိုးတော်ကြီး တစ်ဆူထဲ။ သို့သော် ထိုပုထိုးတော်ကြီးက အပြီးမသတ်။

အခြေအနေအရ


မြန်မာအစိုးရလည်း အဲဒီ "အခြေအနေအရ" နဲ့ ဒုက္ခရောက်နေတာနေမှာ။
တရုတ်ပြည်မှာ ကန်ထရိုက်စာချုပ်ကကို "အခြေအနေအရ" စာချုပ်ဆိုတာရှိနေတာ။
အမေရိကန်တွေက "အခြေအနေအရ" ဆိုတာကို လုံးဝနားမလည်နိုင်ဘူး။ စာချုပ်ကစာချုပ်ပေါ့။ ဘာအခြေအနေတွေ ထပ်ရနေရမှာလဲ၊ အဲလို။ စာချုပ်မချုပ်ခင် အကုန်ညှိ၊ စာချုပ်ပြီးရင်း ပြီးပြီ။
"အခြေအနေအရ" နဲ့ ရှုပ်နေကြတာ။
(Mr China)

စင်္ကာပူရီယန်း အဘိဓာန်

လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်လောက်က အမျိုးသမီးတွေရဲ့ အိပ်မက်က 5 Cs တဲ့။
Car,
Condo,
Credit Card,
Cash and
Career .





အခု ပြောင်းသွားတာက 5 bs တဲ့။
B - BMW
B - Body
B - Brain
B - Billionaire
B - Bungalow

စိတ်နေစရိုက်နဲ့ ပတ်သက်လို့ တော့ 5Ks

Kiasu (scared of losing)
Kiasi (scared of dying)
Kiabor (scared of wife)
Kiaboh (scared of having nothing)
Kiachenghu (scared of government)

သူတို့ လိုက်ဖ်စတိုင်လ် က (ဂဏန်းစဉ်လိုက်)

တစ် - One Wife (If more than one, LKY will go after you)
နှစ် - Two Children
သုံး- Three Bedroom Condo
လေး - Four Wheels
ငါး - Five Figure Salary .(ဂဏန်းငါးလုံး လစာ)

မပြေသေးတဲ့ ရန်ညှိုးနဲ့ မဆီမဆိုင် မလေးရှားကို လှမ်းပြီး ကလိထိုး ထား တာက။ မလေးရှားလိုက်ဖ်စတိုင်လ် (ဂဏန်းစဉ်လိုက်)
(၅) - Five Children
(၄) - Four Wives
(၃) - Three Figure Salary
(၂) - Two Wheels
(၁) - One low-cost Govt. flat.( ဈေးပေါပေါ အစိုးရတိုက်ခန်း တစ်ခန်း)


29/08/2013

ဥပဒေ

confident Vs confidential


"ဖေဖေ၊ confident နဲ့ confidential က ဘာကွာသလဲ" ကလေးက သူ့အဖေကိုမေးတော့ သူ့အဖေက
"မင်းက အဖေ့သားဖြစ်တယ်၊ ဒါက confident ပေါ့။ ဟိုနားမှာ ဆော့နေတဲ့ သားသူငယ်ချင်း ကောင်လေးကလည်း အဖေ့သားပဲ၊ ဒါပေမဲ့ ဒါကတော့ confidential ဖြစ်သွားတယ်"

"stress၊ tension နဲ့ panic တို့က ဘာကွာပါသလဲ"
အများကြီးကွာပါတယ်။ ဇနီးကိုယ်ဝန်ရတဲ့အခါ ဖြစ်တာက stress၊ ရည်းစားကိုယ်ဝန်ရသွားရင် tension ပါ၊ အဲ နှစ်ယောက်စလုံး တပြိုင်နက် ကိုယ်ဝန်ရသွားရင်တော့ အဲဒါ panic ပဲ။
(ဒီလို နောက်တောက်တောက် အီးမေးတွေ ရောက်ရောက်လာတတ်လို့ ဘာသာပြန်ပြီး မျှဝေပေးလိုက်ပါတယ်)

ထီ နာယကာ ဝိနသ န္တိ၊ နသ န္တိ ဗဟုနာယကာ


ထီ နာယကာ အမျိုးသမီး ဦးဆေင်သောအဖွဲ့အစည်းတို့သည်၊ ဝိနသ န္တိ ပျက်စီးတတ်ကုန်၏။
ဗဟုနာယကာပိ ဆရာများသော လူ့အဖွဲ့အစည်းသည်လည်း ဝိနသ န္တိ ပျက်စီးတတ်ပြန်၏။
လောကနီတိစာပါ။ ပထမအပိုဒ်က သေချာပေါက် ဗြဟ္မဏဝါဒ။
ဒုတိယအပိုဒ်ကတော့ ဒီနေ့မှန်နေဆဲပဲ။
အကြံပေးနည်းတော့ အကြံပေးက သမ္မတထက် ဩဇာကြီး (ဥပမာ၊ ကစ်ဆင်းဂျား)၊ အကြံပေးများတော့ သမ္မတက ယောင်တောင်တောင်ဖြစ်။

ဒီနေ့ ထိပ်တန်းမှတ်သားဖွယ်


အကယ်၍ သင်ဟာ အမှောင်ကမ္ဘာထဲ ကျရောက်နေလျင် အမှောင်ကမ္ဘာမှ လွတ်မြောက် ဖို့ ထာဝရဘုရား သခင်ထံမှာ ဆုတောင်းပါ။
ဆုတောင်းပါလျက် မှောင်မြဲမှောင်နေဦးမည်ဆိုလျင်တော့ လျပ်စစ်မီတာခ ဆောင် လိုက်ပါ။

တရုတ်မြို့တော်ဝန် တည်ခင်းသည့် ညစာ


(Mr China)

ကူညီကြပါအုံးဗျို့။


ကားအိတ်စ်ပတ်တွေ၊ အင်ဂျင်နီယာတွေ လုပ်ကြ၊ ကူညီကြပါအုံးဗျို့။
"Ignition coils" ကို မြန်မာလို ဘယ်လိုခေါ်ပါသလဲ။ ဂူဂဲလ်မှာ ပုံတွေ့နေရပေမဲ့ မခေါ်တတ်လို့ပါ။

မွတ်စလင်တွေညှိမရတာက တမန်တော်မိုဟာမက် စကားမဟုတ်ဘူး


မွတ်စလင်တွေညှိမရတာက တမန်တော်မိုဟာမက် စကားမဟုတ်ဘူး၊ တမန်တော်မိုဟာမက်စကားကို ဖွင့်ဆိုပုံတွေ ညှိမရတာ ပါဠိလိုပြောရင် အဋ္ဌကထာ၊ ဋီကာတွေနဲ့ သူတို့ရှုပ်နေတာ)။ အဲဒီ သမိုင်းက မိုဟာမက်သေဆုံးစဉ်ကနေ ဒီနေ့အထိ။ အဋ္ဌကထာ၊ ဋီကာက ကျေးဇူးလည်းပြုတယ်၊ ဒုက္ခလည်းပေးတယ်။ "ဒီလို ဆိုခဲ့ဖူးတယ်" ဆိုတာအပြင် ဒါမှဒါ တရားသေစွဲတာနဲ့ အစွန်းရောက်သွားတတ်တော့တာပဲ။ ဘာရယ်မဟုတ်ပါဘူး၊ လူအများစု နားလည်အောင်ရေးတာလည်း မဟုတ်ဘူး။ အစ္စလာမ်သမိုင်းဖတ်ရင်း စိတ်ကူးပေါက်လို့ပါ။

Yes ပြောတဲ့လူ သေမှာ


အဲဒါ ရိုဟိန်ဂျာပြသနာပဲ။

မြန်မာ
အရေအတွက်ကများရတဲ့အထဲ ပြသနာပေါင်းက သောင်းခြောက်ထောင်။ ဘယ်အစိုးရတက်တက် ရိုဟိန်ဂျာကို Yes မပြောရဲဘူး။ ဒါဖြင့် အဲဒီ လူအုပ်ကြီး ကို ဘယ်လိုလုပ်ကြမှာလဲ။ လူမျိုးတုံးသတ်မလား၊ မြန်မာအစိုးရ မလုပ်လောက် ဘူး။ ဒီတော့ အဖြေလည်းမရှိတော့ဘူး။ တကယ်လို့ မဘသ အဖွဲ့က (တကယ် ပဲ) ဦးသိန်းစိန်ရဲ့ ယန္တယားတစ်ခုဆိုရင် ဗျူဟာတစ်ခု ရှိနေ မယ် (ဒါတော့ ဖေ့ဘုတ်ပေါ် မရေးအပ်ဘူး)

ဘင်္ဂလားဒေ့ရှ်
သူ့လူမျိုး၊ သူ့ဘာသာစကားပြောတွေဆိုတာ သိတယ်။ ဒါပေမဲ့ သူလည်း Yes မပြောရဲဘူး။ ကြောက်တယ်။ အဲဒီလုပ်အုပ်ကြီးကို မလိုချင်ဘူး။ ဒီတော့ သူလည်း ဘယ်အစိုးရတက်တက် နိုးပဲ။

အရှေ့တောင်အာရှနိုင်ငံတွေ
ထိုင်းကရော ဒုက္ခသည်တွေလာသမျှလက်ခံပါမယ် ပြောရဲမလား။ Yes ပြော လိုက်လို့ကတော့ သေတောင်သွားဦးမယ်။ ဒါပေမဲ့ မချစ်သော်လည်း အောင့် ကာနမ်း တတ်နိုင်သလောက်တော့ လက်ခံနေရမှာပဲ။
မလေး၊ အင်ဒို မွတ်စလင်နိုင်ငံတွေကလည်း ဘာသာတူလို့ သံယောဇဉ် ရှိတာလောက်ကလွဲရင် Yes မပြောရဲဘူး။
ဒါပေမဲ့ ထိုက်သင့်တဲ့စောင့်ရှောက်မှုတော့ Yes မပြောဘဲ ပေးလိမ့်မယ်။

ကုလသမဂ္ဂ
ကုလသမဂ္ဂကလည်း မြန်မာအစိုးအနေနဲ့ သူတို့ကိုနိုင်ငံသားအဖြစ် လက်ခံဖို့ တိုက်တွန်းတာကလွဲရင် ဘာမှလုပ်စရာမရှိဘူး။ ဒီတော့ သူ့ရှိတဲ့အလုပ် လုပ်နေမှာပဲ။
မြန်မာပြည်တွင်းရေးအနေအထားအရ ကုလသမဂ္ဂစကား နားထောင်တဲ့ ပါတီ ရွေးကောက်ပွဲမှာ(တကယ်လွတ်လပ်ခဲ့ရင်) ဝက်ဝက်ကွဲ ရှုံးမှာ။ ဒီတော့ ရိုဟိန်ဂျာ ဆိုတာဘယ်သူမှ Yes မပြောရဲတဲ့ ပြသနာကြီးပဲ။

Yes ပြောတဲ့လူ သေမှာ။

အမေရိကန်သမိုင်းကိုလည်း ဖတ်ကြည့်သင့်သည်


အမေရိကန်သမိုင်းကိုလည်း ဖတ်ကြည့်သင့်သည်၊ ကိသောကုန်ကြောင်း၊ အာဃာတကြေကြောင်းသီအိုရီများ မပါဝင်သော်လည်း ကိုယ်တိုင်တံခါးဖွင့်ပေးခဲသည့်နိုင်ငံက ကိုယ့်လာဗုန်းကြဲ၊ ကိုယ့်လာဗုံးကြဲလို့ ကိုယ်ကပြန် ဗုံးချ။ ကဲ ဖြစ်ခဲ့တာတွေ ဖြစ်ခဲ့ပြီ၊ အခု ကြေအေးပြီး လက်တွဲအတူတူလုပ်ကြရအောင်ဆိုသည့် လက်တွေ့သဘောတရားများကိုတော့ လေ့လာရနိုင်သည်။ ပါဖက်မဟုတ်သော်လည်း ထမင်းတော့မငတ်နိုင်ပါ။ ပေါင်မုန့်ကြိုက်သူက ပေါင်မုန့်စား၊ ထမင်းကြော်ကြိုက်သူက ထမင်းကြော်စား၊ အရေးကြီးသည်က ကိုယ်စားမည့် ပေါင်မုန့် (သို့) ထမင်းကြော် ရှိနေဖို့ပင်။

ပါဠိတော်နဲ့အညီ အပြစ်တင်ပြမယ်...


"ဗောဇ္ဈာင်္ဂသုတ် သုံးသုတ်ပဲကြည့်၊ အရှင်မဟာကသပနဲ့ အရှင်မဟာမောဂ္ဂ လာန်တို့ နေထိုင်မကောင်းတော့ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားပြီး အားပေးတရားချီမြှင့်ခဲ့တာ။ ဘုရားရှင်ကိုယ်တော်တိုင် နေမကောင်းဖြစ်တော့ စုန္ဒမထေရဲပဲရှိပြီး သူတို့နှစ်ပါးကို တွေ့တောင်မတွေ့ရဘူး၊ မသိလို့ပါ၊ ခရီးဝေးရောက်နေလို့ပါ ပြောမလား။ တန်ခိုးဣဒ္ဓိပါဒ်ထိပ်ခေါင် ဒီ အရှင်ဘုရားတွေအတွက် မသိဘူးဆိုတာ မရှိ၊ ခရီးဝေးဆိုတာလည်း မရှိဘူး။ သက်သက် မျက်ကွယ်ပြုတာ"
ကဲ ပြောကြေးဆို အရှင်မဟာကသပနဲ့ အရှင်မဟာမောဂ္ဂလာန်ကိုလည်း အပြစ်ပြောလို့ရတာပဲ။
(ဗောဇ္ဈာင်္ဂသုတ် ရွတ်အပြီးစဉ်းစားရင်း ပြုံးမိလို့)


ဘောပင်အဖုံး


စာအုပ်ကို အဖုံးဖုံးပြီးကိုင်တတ်ခြင်း၊ စရေးပြီဆိုသည်နှင့် ဘောပင်အဖုံးကို လွှင့်ပစ်တတ်ခြင်းသည် တမူထူခြားသည့် ကျွန်ုပ်၏ ကာရိုက်တာတစ်ခုဖြစ်မည် ထင်ပါသည်။
စာအုပ်ကို အဖုံးဖုံးပြီးကိုင်ခြင်းကတော့ ခိုင်မာသောအကြောင်းပြချက် ရှိသည်။ စာသင်ခန်းနဲ့ လုံးဝမဆိုင်သောစာအုပ်များကို အမြဲဖတ်နေတတ်သဖြင့် ဘဝ ရှင်သန်ရေးအတွက် စာအုပ်ကိုဖုံးထားမှရမည်။
သာသနာ့တက္ကသိုလ် သက်တန်း (ဆယ်တန်းပြဌာန်းချက်စာအုပ်များ လက်ထဲ ရှိနေတတ်)၊ မဟာသန္တိသုခသက်တန်း (Family Album USA) တစ်လျှောက် လုံး စာအုပ်အဖုံးဖုံးခဲ့ရသဖြင့် စင်္ကာပူရောက်ရင်တော့ လွတ်ပြီဟု ထင်ခဲ့သော် လည်း မလွတ်မြောက်ခဲ့ပါ။
ဘုန်းကြီးတစ်ပါးဖြစ်နေပြီး ဘာသာရေးစာအုပ်တွေကို စိတ်မဝင်းစားဘဲ ဟန် တင်တန်တွေ၊ ကစ်ဆင်းဂျားတွေကို စိတ်ဝင်စားနေသဖြင့် နှလုံးမသွင်းတတ် သူများ အကုသိုလ်မဖြစ်စေရန် ဖုံးနေရပြန်သည်။
အထူးသဖြင့် မစ္စတာချိုင်းနားလို စာအုပ်မျိုးကိုတော့ ဖုံးမှကို ရပေလိမ့်မည်။
ဘောပင်အဖုံးလွှင့်ပစ်ပြီး စာရေးခြင်းကတော့ ကြာကြာရေးလျှင် အဖုံးက လေး လာသောကြောင့်သာဖြစ်ပါသည်။ အကြောင်းထွေထူး မရှိပါ။

လှေစီး ဒုက္ခသည်များ


ဒေါ်စုကလည်း နိုဘယ်ဆုကိုင်ထားတော့ ဒီလောက်ပဲ ပြောလို့ရမှာပဲ။
ဒါပေမဲ့ ဟန်တင်တန်က ဒီထက်အများကြီး ပိုပြတ်သားတယ်။
မွတ်စလင်လူဦးရေကြောင့် ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အစပိုင်းမှာ ဒါတွေဖြစ်မယ်လို့ ကြိုတင်နိမိတ်ဖတ်ပြီးသား။

ထိုအရွယ်သည် သင့်ဦးနှောက်ကို အစွမ်းကုန်သုံးစွဲရတောမည့် အရွယ်


အဖန်အခါးအရသာများကို ပို၍ ပို၍ ခံတွင်းတွေ့လာပြီဆိုလျင်..
သင်စားတတ်သောဟင်းလျာများကို အခြားသူများက မကြိုက်သလိုလို ဟန်ဆောင်ပြီး ပို၍ ပို၍ လက်ရှောင်လာပြီဆိုလျှင်....
သင့် အပြုအမူနှင့်အပြောအဆိုကို အထူးဂရုစိုက်သင့်ပါပြီ။
ထိုအရွယ်သည် သင့်ဦးနှောက်ကို အစွမ်းကုန်သုံးစွဲရတောမည့် အရွယ်ဖြစ်သည်။
နာမက္ခန္ဓာ ဖွင့်ဖြိုးစ၊ ရူပက္ခန္ဓာ ရင့်ရော်စ။

ကမ္ဘာမှာ အတော်ဆုံးအရောင်းစာရေး


ကမ္ဘာမှာ အတော်ဆုံးအရောင်းစာရေးလို့ တင်စားရမလို၊ သူက အက်စကီမိုး လူမျိုးတစ်ယောက်ကိုတောင် ရေခဲသေတ္တာဝယ်ဖြစ်အောင် စည်းရုံးလိုက်နိုင်ခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ကာစတန်မာရဲ့ အခြေအနေကိုသိချင်တာနဲ့
"ဘယ်လိုလဲ၊ ရေခဲသေတ္တာက အဆင်ပြေရဲ့လား" မေးတော့ အက်စကီမိုးက
"အားလုံး အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရေခဲထည့်တဲ့ အိုက်ဘောက်စ်လေးတွေနဲ့ ကွက်တိကျအောင် ရေခဲတုံးကြီးတွေကနေ ခွဲခွဲထည့်ရတဲ့အလုပ်ကိုတော့ သိပ်မကျွမ်းကျင်သေးဘူး" တဲ့။
(RD, Oct, 1969)

ရှေ့မှီ၊ နောက်မှီ၊ အလယ်မှီ ဆရာဓမ္မဂင်္ဂါကို လက်ထောက်ချလိုက်သည်။


နယူးဇီလန်က Buddhism and politics (အောက်စဖို့ဒ် ထုတ်) သဘောတရားတွေရေး တဲ့ ပရော်ဖက်ဆာကြီး တစ်ယောက်က မြန်မာပြည်ရောက်တုန်း မေးချင်ဆွေးနွေးချင် တာလေးတွေ ရှိလို့ တစ်ယောက်ယောက်ကိုများ လက်ထောက်ချပေးနိုင်မလား ဆို့လို့ ရှေ့မှီ၊ နောက်မှီ၊ အလယ်မှီ ဆရာဓမ္မဂင်္ဂါကို လက်ထောက်ချလိုက်တယ်။ Buddhism and politics နဲ့ အေဒီနှစ်ထောင်ပလပ်စ်တို့ တွေကြပြီ။

ကမ်းလက်စာပေက ကနဦးအနေနဲ့ ဒါတွေ မကြာမီဖြန့်ပါမယ်


စာအုပ်တိုက် မိတ်ဆက်ပါမယ်။

စာရေးရာမှာ ပင်ကိုယ်ရေးနဲ့ဘာသာပြန် မတူဘူး။


ဘာသာပြန်ရာမှာလည်း စာလေး၊ ကျမ်းကြီးတွေပြန်ရတာနဲ့ ခပ်ပေါ့ပေါ့ ဝတ္ထု ကို ပြန်ရတာ မတူဘူး။ကိုယ်တိုင်သိပြီးပြီ။
ကျမ်းကြီးမှာ ဘာသာရပ်နဲ့အဓိပ္ပါယ် တတ်နိုင်သမျှ နီးစပ်အောင် အားစိုက်ရပြီး ဝတ္ထုက ရသမပျက်အောင် ခံစားမှုပိုအားစိုက်ရတယ်။
ဘယ်ဟာမှ မလွယ်ဘူး။ အရင်က ဝတ္ထုဘာသာပြန်ကို ခပ်လွယ်လွယ်ပါလို့ ထင်တားတဲ့ကောင်လေ.....
ဆရာကြီးမြသန်းတင့်က မျက်မှန်များ ကျော်ကြည့်နေလေမလား။ မစ္စတာချိုင်းနား။

ကျုပ်တို့ကပြည်သူတွေပါမောင်



ကျုပ်တို့ကပြည်သူတွေပါမောင်
Posted by The Villager Music on Tuesday, May 19, 2015

ဟဲဗီးဝိတ်တွေရဲ့စာအုပ်တွေထွက်ချိန်ဆိုတော့ ဒါလေးတွေကို မဖြန့်ရဲသေးဘူး


ဟဲဗီးဝိတ်တွေရဲ့စာအုပ်တွေထွက်ချိန်ဆိုတော့ ဒါလေးတွေကို မဖြန့်ရဲသေးဘူး။ ခဏ အချိန်ဆွဲထားရတယ်။


ဘူးလက်လှဆွေရဲ့ စာတွေကို အင်္ဂလိပ်လိုပြန်ပြီးလည်း ထုတ်သင့်တယ်


ကမ်းလက် shared M Zaw Moe's post.
 ဘူးလက်လှဆွေရဲ့ စာတွေကို အင်္ဂလိပ်လိုပြန်ပြီးလည်း ထုတ်သင့်တယ်။ ဒါမှ ကမ္ဘာ့စာဖတ်ပရိသတ်တွေပါ အကျိုးရှိမှာ။ ဘယ်သူပြောနိုင်တာမှတ်လို့။ ဖရီးဒမ်းဖိုက်တာတို့ကိုတောင် ကျော်သွားနိုင်တယ်။
 

 
 

Pace-maker


သီဟိုဠ်ဆရာတော်ကြီးကလည်း သမ္မတလိုပဲ Pace-maker တပ်ထားရရှာတယ်။
သူ့ကျောင်းမှာ အဆင်းအတက်ခက်လို့ ဒီကျောင်း အောက်ထပ်ကအခန်းမှာ သီတင်းသုံးနေလေရဲ့။
ဒီနေ့မနက် ဆရာဝန်ဆီသွားပြရတယ်ဆိုလို့ နေ့ခင်းက နေကောင်ပါသလား လို့ လျှောက်လိုက်တော့ ကောင်းကောင်းမကြားဘူးထင်ပါရဲ့ (၈၃နှစ်ရှိပြီ)
ဒေါ်လာ ၁၄၀၀ ပေးခဲ့ရတယ်လို့ ဖြေသွားတယ်။

ရိုဟိန်ဂျာနဲ့ပတ်သက်လို့ အမေရိကန်က တစ်ခုခုလုပ်ရမယ်ဆိုတဲ့ဆောင်းပါး ပါလာတယ်


သမိုင်းအရဆိုရင်တော့ ဘော့စ်စနီးယန်းတွေ အငိုကောင်းလို့ အမေရိကန်က စီဗီလိုက်ဇေးရှင်းလိုင်းကိုဖောက်ပြီး မွတ်စလင်ဖက်က ရပ်တည်။ အောသိုေ ဒါက်စ်နဲ့ ခရစ်ယန်တွေက ငြိုငြင်။
မွတ်စလင်တွေကိုလည်း ကတိပေးထားတဲ့အတိုင်း ဖြည့်ဆည်းမပေးနိုင်။ ဒီတော့ မွတ်စလင်တွေကလည်း မကြည်။
အဲဒီအချိန် ကုလသမဂ္ဂက တားမြစ်ထားတာကို ဂရုမစိုက်ဘဲ မွတ်စလင်နိုင် ငံတွေက လက်နက်တွေပို့ပေး။ ကတိပေးပြီး ဘာမှလုပ်မပေးနိုင်တဲ့ အမေရိ ကန်က ဒါလေးကိုတော့ မျက်ကွယ်ပြုပေးတယ်။
ဒီလိုနဲ့ အမေရိကန်ရဲ့လုပ်ရပ်ကို အောသိုဒေါက်စ်နဲ့ ခရစ်ယန်တွေကလည်း အပြစ်ဆို၊ မွတ်စလင်တွေကလည်း သူ့ကို လေလုံးထွားလို့ဆို။ အရေးအကြီးဆုံးက အရေးရယ်အကြောင်းရယ်ဆို ဘာသာတူချင်းမှ အားကိုးရ တာ ဆိုတဲ့အယူအဆ မွတ်စလင်တွေဆီရောက်သွား။
နောက်ဆုံး အော်သိုဒေါက်မြေမှာ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ပေါ်ထွက်လာရော။
(ဟန်တင်တန်ရဲ့ သုံးသပ်ချက်ပါ)

*****
သူရ ဦးရွှေမန်းက အိမ်ဖြူတော်မှာတောင် ရိုဟိန်ဂျာဆန့်ကျင်ရေးကို အသေရပ်တည်သွားသတဲ့။ အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးကတောင် မြန်မာအစိုးရနဲ့ဆက်ဆံရေးပျက်မှာစိုးလို့(အဲသလို ထင်ရ) ရိုဟိန်ဂျာအမည်ကို ရှောင်သုံးသွားတယ်ဆိုပဲ။ အဲဒီဆောင်းပါးထဲမှာ။

တရုတ်ပြည်မှာက ရီဆိုက်ကယ်ဗူးတွေပဲသုံးတယ်


ကွာလတီ ကွန်ထရိုးနဲ့ပတ်သက်လို့လား။ တချို့ဘီယာဗူးတွေက အခွံတွေ၊ အထဲမှာ ဘီယာ လက်နှစ်သစ်လောက်ပဲပါတယ်။ တရုတ်ပြည်မှာက ရီဆိုက်ကယ်ဗူးတွေပဲသုံးတယ်၊ ကျနော်ကောက်ကိုင်မိတဲ့ ဘီယားဗူးက အရင်တံဆိပ်ဟောင်း ပျက်အောင် မဖျက်တော့ ပဲငံပြာရည်ဆိုတဲ့တံဆိပ်က ထင်းလို့၊ အညိုရောင်။
နောက်တစ်ဗူးကတော့ ကြက်သွန်ဖြူချဉ်ရောင်းထားတဲ့ဗူး၊ ပြောင်အောင် မဆေးဘဲ ဘီယာထည့်ပိတ်လိုက်လိုက်တော့ ကြက်သွန်ဖြူ တွေကအထဲမှာ ကျန်နေပြန်ရော။

ကျနော်တို့ မူရင်းတံဆိပ်က ကြယ်ငါးပွင့် ဘီယာပါ။ ဒါကို မန်နေဂျင်းဒါရိုက်တာ က ဈေးကွက်ထဲဝင်ဖို့ဆိုပြီး တံဆိပ်တွေ ခွဲပါလေရော။ ကြယ်ရှစ်ပွင့်၊ ကြယ်ကိုး ပွင့်၊ ဘီယာဖြူ၊ ဘီယာပြာ၊ ဖရီးဒမ်းဘီယာ၊ နာမည်အားလုံးကို ကျနော် မမှတ် မိဘူး။ နောက်ပြီး တံဆိပ်အရောင်က ဖြူ၊ ပြာ၊ ရွှေ၊ ဖြူ ပြာ ရွှေပေါင်းစပ်။
သူ ကိုကာကိုလာသောက်နေတာနဲ့ အဲဒီ မန်နေဂျင်းဒါရိုက်တာကို
"အပြာရောင် ကိုကာကိုလာ တွေ့ဖူးသလား" မေးတော့
"မတူဘူးလေ၊ အဲဒါက အချိုရည်" လို့ ဖြေတယ်။
ဒါနဲ့ "ရွှေရောင် ဟန်နီကယ်၊ ကားလ်စ်ဘတ် ရှိလား" မေးတော့
"ဒါက နိုင်ငံခြားဘီယာပဲ၊ ဘာမှ မဆိုင်ဘူး" တဲ့။
ကျနော် ဘယ်လောက်စိတ်ပျက်ရသလဲဆိုတာ ပြောဖို့တောင် မလိုတော့ပါဘူး။
(Mr China)

Reading between the lines


၁။ ချစ်သားတို့ ခရီးထွက်ကြ၊ တစ်ကြောင်းတည်းသောခရီးမှာ နှစ်ပါးမသွားနဲ့။
၂။ ဝါတွင်း သုံးလကာလအတွင်း ခွင့်ပြုထားသောအကြောင်းမျာမှလွဲ၍ ခရီးမထွက်ရ။

ဘုရားဖြစ်စ၊ သံဃာထောင်စမှာ သာသနာပြန့်ပွားဖိုအတွက် (၁) ကို မိန့်ခဲ့ပြီး (ထိုစကားကို အကြိမ်ကြိမ်မိန့်ခဲ့သည်မဟုတ်၊ အနေအထားကိုကြည့်၍ မိန့်သည်ဟု ပညာရှင်တို့ ယူဆကြသည်)။သံဃာအရေအတွက်များ၊ ခရီးထွက်များလာသည့်အခါ မသိမသာပင် ပြန်ပိတ်ခဲ့ရသည် "Open and close policy" (၂) ဟု ယူဆနိုင်ပါသည်။ ခရီးထွက်ခြင်းကို ဘုရားအားပေး၊ မပေးကိစ္စက ဘာအတွက် ခရီးထွက်သလဲနဲ့သာ သက်ဆိုင်ပါလိမ့်မည်။

သူဟာ လစ်ဗင်း လဲဂျင့်ပါ


ကလပ်အပေါ် သစ္စာစောင့်သိခြင်းလား၊ ခေတ်သစ်ဘောလုံးလောကကို နားမလည်ခြင်းလား။ ပြောချင်ရာ ပြောပေါ့။
ဖာဂူဆန်ခေါ်ချိန်က သွားခဲ့ရင် စတိဗ်ဂျီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု အနည်းဆုံး ငါးဆု (ဟောလီးဝုဒ်၊ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ သင်္ချိုင်း) မသွားခင် ရနိုင်လိမ့်မယ်။
မော်ရင်ညိုကဆို သူ့နေညိုချိန်မှာတောင် တသသလွမ်းဆဲ...
ဘယ်လိုပဲဆိုဆို ပရော်ဖက်ရှင်နယ် အဆန်းဆုံး၊ လူသားအဆန်ဆုံးနဲ့ ကြားနေပရိသတ်တိုင်းရဲ့ လက်ခုပ်သံအရဆုံးတွေထဲမှာ စတိဗ်ဂျီရဲ့နာမည် ထာဝရရှိနေလိမ့်မယ်။ သူဟာ လစ်ဗင်း လဲဂျင့်ပါ။

ရွာသားရဲ့ ရှင်၅၀၀၀


ရွာသားရဲ့ ရှင်၅၀၀၀ အလှူကိစ္စကို
သမ္မတကူ၊ သာအေးကူ၊ ရွှေသံလွင်ကူပါလျက်
ရွှေမိုးကမကူတော့
ရူးချင်ယောင် ဆောင်နေရပါကြောင်း။
(ရွာမှာတော့ ပွဲကြီးလမ်းကြီးနဲ့ ရှင်ပြုထားတဲ့ကိုယ်တော်တွေထက် ငှက်ပြောပွဲလေးနဲ့ရှင်ပြုခဲ့တဲ့ကိုယ်တော်တွေက ခြေပိုစွာသဗျာ)

ဂန့်ဆိုတော့လည်း ဂန့်ပေါ့လေ၊ နားလည်လို့တော့ ရပါတယ်။

အမေရိကနဲ့တရုတ်တို့ကြားက စနစ်မတူညီပုံ ကမောက်ကမတွေ


ဝေါစထရိတ်က ဘော့စ်တွေကလည်း အလုပ်သမားဦးရေများလွန်း တယ် လျှော့ချပဲ။ ဒါနဲ့ တရုတ်ဒါရိုက်တာက ကြိုးစားကြည့်တာပေါ့။ ညနေ သူတို့မိသားစုထမင်းစားချိန်ရောက်တော့ အလုပ်သမားတစ်ယောက်က ဗုံးကိုခါးပတ် ဝင်လာပြီး အလုပ်ပြန်မခန့်ရင် ဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ရော။ အဲဒီကိစ္စသူတို့ချင်းဆွေးနွေးတာ လေးနာရီကြာတယ်။ ရဲက အပြင်မှာစောင့်နေ တာ၊ အလုပ်သမားကို အရေးယူတာ၊ ဝင်ရောက်ဖြန်ဖြေတာ မရှိဘူး။ (အနောက်ဥပဒေအရ အလုပ်သမားကို အရေးယူရမှာ၊ ဒါပေမဲ့ အဲဒီစက်ရုံမှာ အလုပ်မလုပ်ရရင် အလုပ်သမားအနေနဲ့ကလည်း ဘယ်မှ သွားလုပ်စရာမရှိ ဘူး)။ ဒါနဲ့ တရုတ်ပြည်မှာ အလုပ်သမားဦးရေလျှော့ချဖို့အထိ လုပ်လို့ မရဘူးပေါ့။ စာရေးသူက အမေရိကနဲ့တရုတ်တို့ကြားက စနစ်မတူညီပုံ ကမောက်ကမတွေကိုပြောတာပါ။
နောက်တစ်ခါ ငွေအလွဲသုံးစားလုပ်လို့ တရုတ်ဒါရိုက်တာတစ်ယောက် ကို ဖြုတ်တယ်။ ဟိုလူက မထွက်ဘူး၊ ပေနေတာ။ သူ့ကို ဘာမှလုပ်လို့မရဘူး။
(Mr China)

We must learn something from this video.



We must learn something from this video.Must watch.
Posted by Malik Tajamul Hayat Khan on Sunday, October 26, 2014

ရုပ်လုံးပေါ်လာတဲ့ ရိုဟိန်ဂျာကိစ္စ


မြန်မာကရော ဘင်္ဂလားဒေ့ရှ်ကပါ ကိုးကွယ်မှုတူ၊ ဘာသာစကားတူ၊ လူမျိုး တူတွေ မလေး၊ အင်ဒိုဆီ တစ်လှေထဲစီး တစ်ခရီးထဲ အသက်စွန့်သွားကြ။ ဒီအုပ်စုကြီးဟာ ဘယ်နည်းနဲ့မှ မြန်မာမဖြစ်နိုင်ဘူး။ ဒါတောင် မြန်မာတိုင်းရင်း သားစာရင်းထဲ ပါချင်သေး။

ဘာကြောင့် ဒီလိုဖြစ်နေရသလဲ
၁။ အဓိကအကြောင်းက ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး။ ဒါတွေ မကောင်းတော့ သမိုင်းနဲချီပြီး မြန်မာပြည်ထဲ ခိုးဝင်၊ ပြန်မထွက်။
၂။ အခု မြန်မာပြည်ထဲမှာ အခြေအနေမဟန်တော့ နောက်ဝင်မယ့်လူလည်း မဝင်ရဲ၊ ရောက်ပြီးသားလူတွေကလည်း ထွက်ပြေးဖို့ကြိုးစား။
၃။ သူတို့ ပြည်တွင်းမှာကိုက တစ်နှစ်ကို လုပ်(လူငယ်အင်အား) အား နှစ်သန်း ထွက်၊ ၆၀ ရာခိုင်နှုန်းက မဖြစ်သလောက် လစာနဲ့အလုပ်ရ။ ၄၀ ရာခိုင်နှုန်း က နှစ်စဉ် အလုပ်လက်မဲ့။
၎။ ပြည်ပထွက်အလုပ်လုပ်မယ်လုပ်ပြန်တော့ သူတို့ကိုအများဆုံးလက်ခံနေတဲ့
(က) ဆော်ဒီက ၂၀၀၈
(ခ) ယူအေအီးက ၂၀၁၂
(ဂ) ကူဝိတ်က ၂၀၀၆ ကစလို့ အရှုပ်အရှင်းတွေကြောင့် သူတို့ကို အရင်လို လက်မခံတော့။

ဒါနဲ့ မလေး၊ အင်ဒို (ဘယ်ရောက်ရောက်) လှေစီးထွက်။ ဝမ်းနည်းစရာတော့ အကောင်းသား။
စီးပွားရေး မစွံ။ လူဦးရေ မလျော့၊ အလုပ်လက်မဲ့တွေ မွေးထုတ်၊ အိမ်နီးချင်းနိုင် ငံတွေထဲ ခိုးဝင်၊ (တချို့က အကြမ်းဖက်အုပ်စုထဲရောက်)၊ ရောက်တဲ့နိုင်ငံ မှာလည်း ကိုးကွယ်မှုဘာသာတွေရဲ့အခြေခံက သိပ်ကွာတော့ အဆင်မပြေ၊ အင်အားကောင်းလာရင် သူတို့ကပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေတောင်း၊ စိုးရိမ်စရာတော့ အကောင်းသား။



သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး


နိုင်ငံခေါင်းဆောင်တွေဟာ သမိုင်းအဆိုး အကောင်းကို ရေးခွင့်ရှိပေမဲ့ သူတို့ရေးတဲ့ သမိုင်းကနေ ထွက်ပြေးလို့တော့မရဘူး။
နိုင်ငံ့ခေါင်းဆောင်အချို့ဟာ ယဉ်ကျေးမှုအစဉ်အလာတွေကို ဖျက်ဆီးခြင်းအားဖြင့် သူတို့နိုင်ငံကို ယဉ်ကျေးမှုတစ်ပတ်နွမ်း (အပျိုရည်ပျက်) အောင် လုပ်မိတတ်ကြတယ်။

(ဟန်တင်တန်)

ကိုလိုနီကိုအပြစ်တင်ရုံနဲ့လည်း မပြည့်စုံ


ရိုဟိန်ဂျာရယ်မှ မဟုတ်ပါဘူး၊ ဘာပြသနာမှမရှိတဲ့ အာဖရိကန်လူမည်းတွေလည်း ဥရောပထဲ လှေနဲ့ဝင်ဖို့ကြိုးစားနေကြတာပါ။ ဘယ်နိုင်ငံကမှ လက်မခံချင်လို့ ဥရောပမှာလည်း ပြသနာတက်လျက်။ အဓိကကတော့ ဘာသာရေးကပြောတဲ့အတိုင်း ကလေးတွေနင်းကန်မွေးပြီး အစဉ်အဆက်အလိုက် မနိုင်မနင်းဖြစ်သွားတာ၊ ဆင်းရဲတွင်း နက်သွားတာပါ။ ကိုလိုနီကိုအပြစ်တင်ရုံနဲ့လည်း မပြည့်စုံပါဘူး။

အဆင်မပြေ၍ လွဲချင်သောအခါ


တရားဥပဒေ စိုးမိုးသောနိုင်ငံမှာဖြစ်စေ
တရားဥပဒေ မစိုးမိုးသောနိုင်ငံမှာဖြစ်စေ
အဆင်မပြေ၍ လွဲချင်သောအခါ
POLICE ကား အစီး နှစ်ရာ
NAVY ဟယ်လီကော်ပတာ အစီးနှစ်ဆယ်ဖြင့်
ကယ်ဆယ်ဖို့ကြိုးစားသော်လည်း အရာမထင်ဖြစ်တတ်၏

ဧရာမပြသနာကြီးတစ်ခုကို မင်းသားက
တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတိုင်း
ရဲကားသည် (FBI လည်း ဖြစ်နိုင်)
ရထားဆိုက်ချိန် နောက်ကျခဲ့၏။

ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်


ဂေါ်ဖီထုပ်က အအေးဒဏ်ခံနိုင်တယ်၊ အသားပတ်တာတွေလည်း ကာကွယ်နိုင်တယ်လို့ ယုံကြည်ပြီး ဆောင်းတွင်းဆို ပီကင်းသားတွေက ဂေါ်ဖီ ထုပ်တွေစားကြတယ်။ စောစောပိုင်းနှစ်တွေကဆိုရင် အစိုးရကိုယ်တိုင်က တောင်သူတွေဆီကဝယ်ပြီး ပီကင်းသားတွေကို အခမဲ့ဝေတယ်။ တစ်နှစ်မှာတော့ ဂေါ်ဖီထုပ်ဈေးကောင်းလို့ဆိုပြီး တောင်သူတွေကဘာမှမစိုက်ဘဲ ဂေါ်ဖီထုပ်တွေပဲစိုက်ကြလို့ ပီကင်းမှာဂေါ်ဖီထုပ်တွေ တောင်လိုပုံ သွာတယ်၊ ကုန်အောင်မစားနိုင်တော့ဘူး။ ဂေါ်ဖီရွက်တွေက နေရာအနှံ့မို့ တက်နင်းမိပြီး လူတွေချော်လဲ၊ စက်ဘီးတွေချော်လဲ၊ ကားတာယာတွေချော်၊ ကားချင်ဝင်နမ်းတွေဖြစ်ကုန်ရော။
ဒီတော့ပီကင်းမြို့တော်ဝန်က ရေဒီယိုကနေ မိန့်ခွန်းပြောတယ် "ဂေါ်ဖီထုပ်စားခြင်းဟာ နိုင်ငံအပေါ်သစ္စာရှိသူတိုင်းရဲ့ တာဝန်" ဖြစ်တယ်တဲ့။

ဂလိုဘယ်ကမ္ဘာမှာ


အိန္ဒိယ နာမည်ကြီးဂုရုကြီးတစ်ယောက်က အမျိုးသားရေးတွေဟောပြော၊ ပြည် တွင်းဖြစ်ပဲ သုံးရမယ်လို့ ကြွေးကြော်ပြီး၊ သူကတော့ အမေရိကန်ဖြစ် ပရိုက်ဘိတ်ဂျက်ကြီး စီးလာလို့ လူတွေကပြုံးကြတယ်။ လွန်ခဲ့တဲ့သုံးလေးနှစ်ကသတင်းပါ။ သတိရလို့။ ဂလိုဘယ်ကမ္ဘာမှာ ကိုးယို့ကားယာ ပြောရင်၊ လုပ်ရင် ချက်ချင်းပေါ်တာပဲ။

new generations


Generally new generations are more educated but not more intelligent.

It is Kamma that differentiates beings( Kammam satte vibhajjhati)


"Neither of his parents could read or write.He grew up in a small and ignorant village."
Of Shakespeare, Col. Ingersol

"Human inequality springs from two sources, nature and nurture."
J.B.S. Haldane.The inequality of Mankind" p.23.

According to Buddhism this inequality is due not only to heredity, environment, nature and nurture, but also to the operation of the law of Kamma or ,in another words, to the result of our own inherited past actions and our present doing.

Perplexed by the seemingly inexplicable, a young truth-seeker named subha approached the Buddha and questioned him regarding it.
The Buddha's reply was
"All living beings have actions as their own, their inheritance, their congenital cause, their kinsman, their refuge. It is Kamma that differentiates beings into low and high state.
The problems posed by Subha
1) Short-lived and Long-lived
2) The diseased and the healthy
3) The ugly and the beautiful
4) The powerless and powerful
5) The poor and the rich
6) The low-born and the high-born
7) The ignorant and the wise

1) "If a person destroy life, is a hunter.....as a result of his killing when born amongst mankind, will be shorted-lived."
"If a person avoids killing.......as a result of his non-killing when born amongst mankind, will be long-lived.
2) "Harming. As a result of harmfulness,........he will suffer from various diseases."
"Not harming.................will enjoy good health."
3) "Is wrathful, turbulent, irritated......as a result of irritability,.......will become ugly."
"Is not wrathful..............................as a result of amiability,.......will be beauty."
4) "Is jealous, envies, stores jealousy in his heart. As a result of his jealousy,............,will be powerless."
"Is not jealous, does not envy,.........................as a result of his absence of jealousy,.......,will be powerful.
5) "Does not give any anything for charity, as a result of his greediness,....will be poor."
"Is bent on charitable giving, as a result of his generosity,.....,will be rich."
6) "Is stubborn, haughty, honors not those who are worthy of honor, as a result of his arrogance and irreverence,.....,will be of low-birth.
"Is not stubborn...................................will be of high-birth.
7) "Does not approach the learned and the virtuous and inquire what is good and what is evil, what is right and what is wrong, what should be practiced and what should not be practiced, what should be done and what should not be done, what conduces to one's welfare and what to one's ruin,....as a result of his non-inquiring spirit,...will be ignorant.
"Does approach the learned..........will be intelligent."
(Cullakammavibhanga Sutta)

It is obvious that kammic tendencies could not only influence our physical organism, but also nullify the potentiality of the parental cells and genes-hence the significant of the Buddha's enigmatic statement "We are the heirs of our own actions."
Depending on this difference in Kamma, appears the difference in the birth of beings, high and low, base and exalted, happy and miserable.
Depending on this difference in Kamma, appears the difference in the individual features of beings, as beautiful and ugly, high-born and low-born, well-built and deformed.
Depending on this difference in Kamma, appears the difference in the worldly condition of beings, as gain and loss, fame and disgrace, blame and praise, happiness and misery.
(Atthasalini)
From a Buddhist standpoint, our present mental, moral, intellectual, and temperamental differences are preponderantly due to our own actions and tendencies, both past and present.

Further more info.
Kamma is the law of moral causation. Rebirth is its corollary. Both Kamma and rebirth are interrelated.
What is the cause of the inequality of mankind?
How do we account for the unevenness in this ill-balanced world?
Either there is a definite cause for this inequality or there is not. If there is not, the inequality is purely accidental.
The majority of mankind attribute this inequality to a single cause such as the will of a Creator Now, how do modern scientists account for the inequality of mankind?
Confining themselves purely to sense-data, they attribute this inequality to chemico-physical causes, heredity, and environment.
-chemico-physical phenomena are vital but Why should identical twins who are physically alike, inheriting like genes, enjoying the same privileges of upbringing, be temperamentally, intellectually and morally different?
-Heredity. Heredity alone cannot account for these vast differences. Strictly speaking, it accounts more plausibly for some of the similarities than for most of the differences.
-The theory of heredity cannot satisfactorily account for the birth of a criminal in a long line of honorable ancestors, for the birth of a Saint in a family of evil of genius and great spiritual teachers.

Ref:The Buddha and His teaching. Naradathera.P.333-343

ဗဟုမဏ္ဍိုင်စနစ်ထွန်းကားဖို့


ကိုယ့်နိုင်ငံကိုများ ပြောနေသလားလို့၊ အရှေ့အလယ်ပိုင်းတဲ့......
"အဲဒီအချိန် အရှေ့အလယ်ပိုင်းမှာရှိတဲ့ စစ်အစိုးရ၊ ဘုရင်၊ အာဏာရှင်တွေက သဘောထားကွဲလွဲမှုကိုပဲ အစိုးရကိုအကြည်ညိုပျက်အောင်လုပ်မှုလို့ ယူဆ တုန့်ပြန်ခဲ့တော့ ဖွံ့ဖြိုးတဲ့လူ့အဖွဲ့အစည်း (သို့) ဗဟုမဏ္ဍိုင်စနစ်ထွန်းကားဖို့ အခွင့်မသာဘူးဖြစ်သွားတယ်" တဲ့။

တရားမမှားဘူး၊ နေရာမှားတယ်


ငွေကြေးအပါအဝင် ရုပ်ဝတ္ထုတွေအားလုံးသေရင် အကုန်ထားခဲ့ရမှာလို့ ပြော ကြသလို (သားသမီး၊ ဆွေမျိုး၊ တစ်စုံတစ်ယောက်အတွက်ချန်ထားခဲ့ရတာ ကုသိုလ်မဟုတ်လား) ငါတို့ကိုယ်တိုင် ရှေးရှေးလူတွေ တည်ထောင်၊ စုဆောင်း ထားတဲ့ ရုပ်ဝတ္ထုတွေအပေါ် (နည်းပညာအပါအဝင်) မှီခို၊ သုံးစွဲနေရတာလို့ ပါပြောရင် ပိုပြီးပြည့်စုံမယ်။
ဘုရား အသုဘမှာဟောတဲ့တရားက မင်္ဂလာဆောင်ထဲရောက်နေရင် တရားမမှားဘူး၊ နေရာမှားတယ်။

"အာ့နဲ့ ဘုန်းက happy ရောလား?"


အောက်ကပို့စ်ကို မေးထားတာပါ။ ပြောရဦးမယ်။ လူတွေမတူတဲ့အကြောင်း။
တလောက ဒကာကြီးတစ်ယောက်က ဒေါ်လာ ၅၀၀ လှူတယ်၊ လုပ်ချင်ရာလုပ်ဖို့တဲ့။ ရှင်းတယ်။
ဘေးက ဒကာမတွေကအံ့ဩလို့။ ဘယ်ဘုန်းကြီးမှ လှူတာမဟုတ်ဘူး၊ လူ့ဂွစာကြီး တဲ့။
ဒါနဲ့ "ဒကာကြီးက ကျုပ်ကိုဘာကြည့်ပြီးကြည်ညိုတာလဲ" ဆိုတော့
"ဆွမ်းစားပြီး ဘာစကားမှမပြောဘဲ အပေါ်တက်တက်သွားလို့" တဲ့။ အံမယ် "မင်းကွန်းတိပိဋကဆရာတော်ကြီးအတိုင်းပဲ" က ပါသေးတယ်။ မီကြိုးတွေများ ပစ်ကုန်မှ

မသိဘူးမပြောဘဲ ခပ်တည်တည်နဲ့


ကမ်းလက် feeling happy
 မြန်မာအဘိဓာန်က မရိုးသားဘူး။ Porte ကိုမသိလို့ ရိုက်ထည့်လိုက်တာ မသိဘူးမပြောဘဲ ခပ်တည်တည်နဲ့ Ardent အဓိပ္ပါယ်ကိုလာပေးသွားတယ်။

ကျူပီအာ နဲ့ ကြာပီအူ


မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကလည်း ကျူပီအာပွဲ ကြည့်ရသလိုပဲ။ အားပေးလို့မှမပြီးကြသေးဘူး အတန်းဆင်းလက်မှတ် တစ်ဂိုးပေးလိုက်ရပြီ။
သူတို့က "ကျူပီအာ" ဆို ကိုယ်တို့က "ကြာပီအူ" ပေါ့လေ။

အမေနေ့၊ အမေသို့......................(ရဟန်းတစ်ပါးရေးသည့်) ဆော့ဝဲလ် ပရိုဂရမ်းမင်းဝတ္ထု


 (၁)
 “သင့်ရဲ့လွတ်လပ်မှုတွေအားလုံးဟာ အခုထိငါ့ရဲ့ လက်ထဲမှာပဲ ရှိနေဆဲပါ” ဟု မပစ်လွှတ်မီ လေးညှို့က မြားတံလေးကို တိုးတိုးလေးဆို၏။(တဂိုလ်း)

မှန်ပါတယ်အရှင်၊ ဒါပေမယ့် သင့်ရင်ခွင်မှာ ထာဝရထွေးပိုက်မထားနိုင်တော့ သင်ထိမှန် စေချင်တဲ့အရာကို ထိမှန်ဖို့က ကျွန်တော်မျိုးရဲ့ တာဝန်တစ်ခုပါ” ဟု မြှားတံကလေးက လေးညှို့ကို စကားပြန်ဆို၏။( သီဟနာဒ)

          အမေကို ဘာနဲ့မှ မတိုင်းတာနဲ့ဟုဆိုခဲ့သည့် သူငယ်ချင်းကဗျာဆရာကတော့ သဘောတူ လိမ့်မည်မထင်။ သူရေးခဲ့သည့် “ အမေ” ကဗျာလေးကို ပြန်လည်လက်ယပ်ခေါ်မိ၏။ စကားလုံး လေးတွေက သူတို့ကို မေ့ရပါ့မလားဆိုပြီး စိတ်ကောက်နေဟန်တူ၏။ ရှောရှောရှူရှူ မလာကြတော့။ ဝမ်းနည်းမိ၏။ မေ့လျော့သူ၏ အပြစ်သာ။

          “အမေဟာ “လ” မဟုတ်၊
          ဆန်း၊ ဆုတ်သည် မရှိ။
          အမေဟာ “ပန်း” မဟုတ်၊
          နွမ်းပုပ်သည် မရှိ။
          အမေဟာ “စမ်း” မဟုတ်၊
          ခမ်း၊ ယုတ်သည် မရှိ။

မရတော့။ စကားလုံးလေးတွေ အမှန်ပင် စိတ်ကောက်နေကြပြီ ဖြစ်၏။ ခွင့်လွှတ်တော့ စကားလုံးလေးတွေနဲ့ မောင်သစ်ဝေ (မြင်းခြံ) ရေ။
         
          အမေ့အသားသည် ညိုညက်၏။ အမေ့ပါးသည် မနီထွေး၊ အမေ့လက်မောင်းများသည် သေးပိန်၏။ အမေ့ပါးစပ်သည် စကားလုံးများဖြင့် ရှုပ်ပွမနေ။ အမေ့ခန္ဓာကိုယ်သည် ပါးလျ၏။ အမေသည် စာမဖတ်တတ်၊ အမေသည် ဆုံးမစကားမပြောတတ်။ ထိုအမေသည် သူမ၏သားကို စင်္ကြာမင်းထင်၏။ သူမသားနှင့် လက်ဆက်နိုင်လောက်သည့် မိန်းကလေး ကမ္ဘာပေါ်တွင်မရှိဟုထင်၏။ အမေ့နားသည် ထောင်ရန်အသင့်ရှိနေတတ်၏။


          “ ကိုရင် အိမ်ကြွခဲ့ဦး”
          ရွာရောက်ခိုက် ထိုစကားမပါလည်း မနက်တစ်ခေါက်၊ ညတစ်ခေါက် အိမ်ကိုကြွ၏။ သို့သော် တစ်ခါတစ်ခါ မှာတတ်၏။ “ ကိုရင် အိမ်ကြွခဲ့ဦး”

          “ ဘာဖြစ်လို့ အိမ်ကြွခဲ့ဖို့ မှာတာလဲ”
          “ မကြွမှာစိုးလို့” ဟုသာ ဖြေ၏။

          ထူးခြားမှုတစ်ခုခု ရှိလေမလားဟု စဉ်းစား၏။ ဘာအဖြေမှ မရ။ ဘာထူးခြားမှုမှ မရှိ။ တစ်ခုတော့ ရှိ၏။ အမေမှာ၍ အိမ်ကြွသွားသောအခါတိုင်း အိမ်နီးနားချင်းလင်မယား တစ်တွဲမဟုတ် တစ်တွဲ  ရန်ဖြစ်နေသည်နှင့် ကြုံတွေ့ရမြဲဖြစ်၏။ သူတို့ လင်မယားရန်ဖြစ်တာနှင့် သာမဏေကို အိမ်ကြွဖို့ ပင့်ခြင်းကလည်း နည်းနည်းလေးမှ ဆက်စပ်၍မရ။

          မေးလွန်းမက မေးတော့မှ အမေကဖြေသည်။
          “ကိုရင်၊ နားထောင်။ ဟိုလင်မယား ရန်ဖြစ်ပြန်ပြီ။ လူ့ဘဝဆိုတာ အဲဒါပဲ”
          ဒါသည် ပညာမတတ်သောအမေ မသိမသာခေါ်ခေါ်ပြသည့် မက်ဆေ့တစ်ခုဖြစ်သည်။ သူမသိ၏။ သူမသားကို သူမတစ်သက်လုံး ထွေးပိုက်ထား၍မရ။ သူမ သိ၏။ သူမ၏သား ကို ထိမှန်စေချင်သော ပစ်မှတ်။

          ထို့နောက် ကိုရင် သဘောပေါက်သွားသည်။ ကိုရင် အိမ်ကြွခဲ့ဦးဆိုလျှင် လင်မယားတစ်တွဲတွဲ ရန်ဖြစ်နေပြီဟု။ ထို့အတူ ကိုရင်သိလိုက်၏။ အမေဟူသော လေးညှို့သည် သားဟူသော မြားတံကို အဘယ်ရပ်ဝန်းကို ဦးတည်ထားသည်ဆိုသည်ကို။
         
(၂)
 ဖြစ်နိုင်ခြေတို့ကို ပျက်ရယ်ပြုတတ်သောအရာသည် ဘဝဖြစ်သည်။ ထို “ဘဝ” ကို ဘာဘာ ညာညာစသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုလျှင် ထိုဘဝ၏ ပျက်ရယ်ပြုခြင်းကို ခံရမည်။
          ထိုကိုရင်သည် ဝါဆိုလပြည့်နေ့၌ ရဟန်းဖြစ်၏။

          ကျန်းမာရေး မကောင်းသဖြင့်၊ ဘဝ၏ နောက်ဆုံးအချိန်ကို ရောက်နေသည်ဟုထင်ရသောမိတ်ဆွေတစ်ယောက်က ရဟန်းသစ်ကို ဖူးတွေ့လို၍ ကြွခဲ့ပါဟုဆို၏။ သို့သော် ဝါဆိုရတော့မည်ဖြစ်သဖြင့် ဆရာတော်က မလွှတ်။ ရဟန်း၏ ခမည်းတော်တစ်ယောက်တည်းသွားရန်သာ ဆရာတော်က မိန့်သည်။

          ထို့ကြောင့် အဖေတစ်ယောက်တည်း မတ္တရာသို့ ခရီးသွား၏။

          ထိုလူနာက ပြန်လည်ကျန်းမာသွားပြီး ငှက်ဖျားရောဂါ အပြင်းအထန်ဖြင့် အဖေပြန် ရောက်လာ၏။ အကောင်းဆုံးဟုဆိုသော အပြင်ဆေးခန်း၌ ဆေးကု၏။ အဖေ့ အသက်ကို ကယ်နိုင်တော့ မလို၊ မကယ်နိုင်တော့သလို ဖြစ်နေ၏။ နောက်ဆုံး ဆရာဝန်ကြီးက လက်လျှော့သည်ဟု မပြော၊ ရွာပြန်ခေါ်သွားရန်သာ ပြော၏။

          အဖေ ရွာရောက်၍ (၃) ရက်ခန့်ကြာသောအခါ ယောက်ဖတစ်ယောက် ရောက်လာပြီး အကြောက်လန့်ဆုံး သတင်းကိုပေး၏။

          “ကိုရင့် ဒကာကြီး ဆုံးပြီ”
          ရဟန်းငို၏။ ယောက်ဖကို ပြန်နှင့်၊ မနက်ဖြန်မှ လိုက်ခဲ့မည်ဟု ဆိုလိုက်၏။ ရဟန်းဖြစ်၍ (၂၇) ရက်မြောက်နေ့တွင် ရဟန်းခမည်းတော်(အဖေ) ဆုံးပါးရှာ၏။

          အဖေ ဆုံးပြီ။ သူဘာလုပ်ရမည်ဆိုတာကို ရဟန်းငယ်သိ၏။ သူ့မိသားစုသည် မိဘနှစ်ပါး၊အစ်မခြောက်ယောက် ရဟန်းဟူသော သားတစ်ယောက်ဖြင့် ဖွဲ့စည်းထားသော မိသားစု ဖြစ်သည်။ ယခု အဖေမရှိတော့။ ရဟန်း ဆုံးဖြတ်ချက်ချ၏။ အင်္ကျီနှစ်ထည်ဝယ်ပြီး ရွာပြန်ခဲ့၏။

          ထိုရဟန်း အိမ်ရောက်သောအခါ ထိုအိမ်သည် ဘာမှမဖြစ်သောအိမ်ကဲ့သို့ ဖြစ်နေ၏။ ငိုကြွေးနေသူမရှိ၊ အော်ကြီးဟစ်ကျယ် ဝမ်းနည်းနေသူမရှိ။ ပကတိမှ တကယ့် ပကတိ အိမ်ဖြစ်၏။ တစ်ခုခုများ မှားယွင်းလေသလား။ အမေက ခရီးဦးကြို၏။ အမေ့မျက်နှာ၌ အပူရုပ်မရှိ၊ မျက်ရည်မရှိ။ အစ်မတွေက ခရီးဦးကြို၏။ သူတို့မျက်နှာ၌လည်း မျက်ရည်မရှိ၊ အပူရုပ်မရှိ။

          မှားတော့ မမှားယွင်း။ အသက်မဲ့နေသော အဖေ့ခန္ဓာကိုယ်သည် မလှုပ်ယှက်တော့။ ဒါဆို အမေနှင့်အစ်မတို့က အဖေ့ကိုတကယ်မချစ်တာလား။ မဖြစ်နိုင်။ သို့သော် သူတို့ငိုမနေသဖြင့် ရဟန်းလည်းငို၍ မရတော့။ အေးအေးဆေးဆေးဖြင့်ပင် အဖေ့ဈာပန ပြီးသွားသည်။

          သူ့ဆုံးဖြတ်ချက်ကို ပြောသောအခါ အမေကခါးခါးတူးတူး ငြင်း၏။ ဦးဇင်းဒကာကြီး ရှိတုန်း ကလည်း သူ့အသက် သူ့အရွယ်နှင့် အိမ်အတွက်ဘာမှ မယ်မယ်ရရ မလုပ်ပေးနိုင် တော့။ အဖေမရှိ တော့ခြင်းသည်ဘာမှအရေးကြီးသောကိစ္စမဟုတ်။ အစ်မများကလည်း အမေနှင့်တသံတည်းထွက် နေ၏။ ဦးဇင်းဘာမှ ပူနေစရာမလို။ တပည့်တော်တို့ဝမ်း တပည့်တော်တို့ကျောင်းနိုင်သည်ဟု ဆိုကြ၏။

          မည်သို့ဆိုစေ ရဟန်းငယ်ရင်၌ တာဝန်ပေါ့သွားသည်။

          ထို့ကြောင့် ရဟန်းငယ်သည် အင်္ကျီင်္ီနှစ်ထည်ကိုပေးကာ မန္တလေးသို့ ပြန်သွားတော့သည်။ အဖေဆုံးပါးပြီး ကာလအတန်ကြာသည့်အခါ ရွာမှဆရာ ရဟန်းမန္တလေးသို့ကြွလာ၏။

          “ မင်းအမေက ခန္ဓာကိုယ်ကသာသေးသေး၊ စိတ်ဓာတ်တော်တော်မာတာကွဲ့”
          “ ဘာဖြစ်လို့လဲဘုရား”
          “ မင်းဒကာကြီးဆုံးလို့ မင်းပြန်လာတော့ သူကအိမ်သားတွေကို တစ်ချက်လွှတ်အမိန့်ထုတ်ထားတာ။ မင်းရှေ့မှာ ဘယ်သူမှမငိုရဘူးတဲ့။ သူတို့ငိုနေရင်သူ့သားရဲ့ဘဝ သေချာပေါက်ယိမ်းယိုင်လိမ့်မယ်တဲ့။ ငိုတဲ့သူ သူ့သမီးမဟုတ်။ ဒီမောင်ရဟန်းရဲ့အစ်မလည်းမဟုတ်တဲ့။ သူကိုယ်တိုင်လည်း တစ်ချက်မှ ငိုမသွားဘူး။ မင်းပြန်မှ ငိုကြတာကွဲ့။ မိဘကျေးဇူးဆပ်ပေါ့ကွယ်။

          ဤသည်မှာ စာမဖတ်သောအမေ၊ ပိန်သေးသေးအမေ၏ နှလုံးသားစွမ်းအင်များ ဖြစ်သည်။ ညိုသောအမေ့အသားအရေသည် ဖြူစင်သောမေတ္တာရုပ်ကြွင်းတည်း။


          အမေသည် စကားများများမပြောတတ်။ သို့သော် ထိုအမေပေးလိုက်သော မက်ဆေ့ကား ရဟန်းငယ်၏ရင်၌ သံမှိုဖြင့်ရိုက်ထားသလို မြဲလျှက်ရှိနေလေ၏။
(၃)
          အားလုံးကြည်ကြည်လင်လင်ဖြစ်၍ ရဟန်းအိမ်ပြန်သောအခါ ရဟန်းက သူ့အမေကိုစ၏။
          “ စိတ်မကောင်းဘူးအမေရာ၊ အမေ့ဘဝရဲ့တစ်ခုတည်းသော လိုအပ်ချက်ကို ဖြည့်မပေးနိုင်ဘူး”
          “ ဘာကို ပြောတာလဲ ဦးဇင်း”

          “ ချွေးမလေ။ သားတစ်ယောက်ရှိ၊ ရှိတဲ့သားက ရဟန်းဝတ်။ ဒီတော့ အမေ့ဘဝမှာ ချွေးမဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး”

          “ မလိုချင်ပါဘူး ဦးဇင်း၊ ဦးဇင်းက ချွေးမရှာလာမလို့လား။ နှစ်ယောက်စလုံးကို အိမ်ထဲကို အဝင်မခံဘူး” ဟု ဆို၏။

          သို့သော်-
          “ ငါ့သားများ မပျော်လို့လူထွက်ရင် အဖေ့ဆီကအမွေရတဲ့ ဘုရားယာက ငါ့သားကို လက်ဖွဲ့ဖို့။ နင်တို့ သမီးတွေနဲ့ မဆိုင်” ဟု အစ်မတို့ကို ပြောခဲ့သည်ဟူသတတ်။

          သို့သော်ထိုစကား ထိုရဟန်းငယ်ကို မပြော၊ အစ်မတို့ကိုသာ ပြောခဲ့သဖြင့် ထိုရဟန်းငယ်သည် ယနေ့အထိ ရဟန်းဝတ်ဖြင့် ရှိနေဆဲပင်ဖြစ်၏။

          အမေကား မရှိတော့။

  အမေ ဒေါ်သိန်းညွှန့်သို့ အမှတ်တရ







 သားရဟန်း

သီဟနာဒ
 




01/02/2012










Copyright © 2011 ကမ်းလက်. All rights reserved.

စလုံးအစိုးရကခြေသွက်တယ်


စလုံးအစိုးရကခြေသွက်တယ်၊ တရုတ်ကပြည်ပြေးသတ်မှတ်တာနဲ့ ပြန်ပို့ လိုက်တာပဲ။ တရုတ်ပြည်ပြန်၊ တရားရင်ဆိုင်ပေါ့လေ။
အစိုးရချင်းမျက်နှာအပျက်မခံဘူး။ စောင့်ကြည့်ရမှာပဲ။ မြန်မာပြည်က အဲသလောက်မာတဲ့ အစိုးရတက်လာလေမလား။

ပညာရေးမင်္ဂလာများ (ပျိုမြစ်နုနယ်မင်္ဂလာ)


တတိယဂါထာမှာတော့ ကလေးတစ်ယောက်ဟာ အတော်အတန် အရွယ်ေ ရာက်လာပြီလို့ ယူဆရပါတယ်။ ဗာဟုဿစ္စဉ္စကို အကြားအမြင်ဗဟုသုတ များခြင်း၊ ဗဟုသုတရှာမှီးခြင်းလို့ ဘာသာပြန်ကြတာ များပါတယ်။ တကယ်လို့ ဒီမင်္ဂလာ တရားတွေဟာ ပညာရေးအတွက် ရည်စူးတယ်ဆိုရင် ဗာဟုဿစ္စဉ္စ ကို အထက် တန်း ပညာရေးလို့ယူဆချင်ပါတယ်။ ကလေးရဲ့ အသက်ကိုလည်း အလယ် တန်းနဲ့ အထက်တန်း ကျောင်းသား အရွယ်လို့သတ်မှတ်ကြည့်ချင်ပါတယ်။

ဘာဖြစ်လို့ အထက်တန်းပညာရေးလဲဆိုရင် အထက်တန်းပညာရေးမှာ ကလေးတစ်ယောက်ဟာ ဘာသာရပ် များစွာကို သင်ကြားနေရလို့ပါပဲ။
ဒါကိုပဲ မြေစမ်းခရမ်းပျိုးပညာရေးလို့ ဆိုရင်ရကောင်းရနိုင်ပါလိမ့်မယ်။ ကလေး တစ်ယောက်ဟာ (မြန်မာပြည် ပညာရေးအရဆိုရင်) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံဘာသာရပ် စတာတွေကို နည်းနည်းစီ အခြေခံ သင်ယူကြရပါတယ်။ ဒါကိုပဲ ဗဟုသုတ (သို့) ဗာဟုဿစ္စဉ္စ လို့ ခေါ်ချင်ပါတယ်။

ဘာကြောင့်လဲ။
၁။ ဘာသာရပ်တွေ များပြားနေခြင်း
၂။ တစ်ခုခုကို အားစိုက်လေ့လာမှု မရှိသေးခြင်း
၃။ သူဟာ ဘယ်ဘာသာရပ်မှာ ပိုပြီး ထက်မြတ်တယ်ဆိုတာကို ရွေးချယ်စီစစ် ကြည့်နေခြင်းတို့ကြောင့် ဖြစ်ပါတယ်။
နောက်ပြီး ဒီမင်္ဂလာဟာ သိပ္ပဉ္စ မင်္ဂလာဆီကို သွားဖို့ ခရီးစတင်နေခြင်းလည်း ဖြစ်ပါတယ်။

သိပ္ပဉ္စ

သိပ္ပဉ္စကိုတော့ အသက်မွေးဝမ်းကြောင်းပညာလို့ ခေါ်ကြပါတယ်။ လက်ရှိ ပညာရေး စနစ်တွေနဲ့ တိုင်းတာကြည့်ရင် သိပ္ပဉ္စကို တက္ကသိုလ်ပညာရေး လို့ ယေဘုယျကို ခြုံကြည့်ပြီး သတ်မှတ်ချင်ပါတယ်။ ကလေးရဲ့ အသက်ဟာ လည်း (၁၇) နှစ်သားကနေ (၂၃) (၂၄) ဝန်းကျင် ဖြစ်တန်ရာ ကောင်းပါတယ်။ တက္ကသိုလ်ပညာရပ်မှာ ကလေးဟာ ဘာသာရပ်အားလုံးကို သင်ကြားနေလို့ မရနိုင်တော့ပါဘူး။ အထက် တန်းမှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေထဲ ကနေပြီး သူထူးချွန်တဲ့၊ သူစိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခုကို ရွေးချယ်ပြီး အထူးပြု လေ့လာရပါတော့တယ်။
ဒါကိုပဲ “မေဂျာ” ရွေးတယ်၊ “မေဂျာ” ချမှတ်ပေးတယ်လို့ ဆိုနိုင်ပါတယ်။



တစ်နည်းဆိုရင် သူရွေးခြယ်ခဲ့တဲ့ မေဂျာရပ်ဆိုင်ရာမှာ ဘယ်လောက် နားလည် မှုရှိသလဲ ဆိုတာအပေါ်မူတည်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု အဆင်ပြေ၊ မပြေလည်း ကွဲပြားသွားပါတော့တယ်။ ဗာဟုဿစ္စဉ္စ အားကောင်းလို့ (အထက် တန်း ပညာရေး အမှတ်ကောင်းလို့) သိပ္ပဉ္စ (တက္ကသိုလ်က အဓိကဘာသာရပ်) ကို အဆင့်မြင့်မြင့် အောင်မြင်ခဲ့မယ်ဆိုရင် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကိစ္စက အလွန်းအမင်း မခက်ခဲတော့ဘူး ဆိုတာမျိုးပါ။
ဒီနေရာမှာ မြန်မာ့ပညာရေးနဲ့ ပတ်သက်ပြီး ရယ်စရာ ကောင်းနေတဲ့ အချက် က ရှေ့နေပညာရပ်၊ သမိုင်းပညာရပ်တွေမှာ ပေါ့တော့တော့ သဘောထားခြင်း ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် ကမ္ဘာ့ပညာရေးတွေမှာ ဒီပညာရပ်တွေကို တလေး တစား ရှိကြပါတယ်။
ဥပဒေပညာရပ်က ဥပဒေရေးဆွဲသူတွေကို မွေးဖွားပေးပြီး သမိုင်းပညာရှင်တွေ က ရှေ့ဖြစ်နောက်ဖြစ်တွေကို တွက်ချက်မှန်းဆပြီး နိုင်ငံရေးပေါ်လစီ၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး ပေါ်လစီတွေကို ချမှတ်ပါတယ်။

ဒီပညာရပ်တွေကို တလေးတစားမထားတဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဘယ် ဆီများ ဦးတည် နေလေဦးမလဲ။
ဒီထက်ပိုပြီး ဝမ်းနည်းစရာ၊ ရယ်စရာ ကောင်းတာက စင်ကာပူကိုလာပြီး အိမ်ဖော်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ဥပဒေနဲ့ ဘွဲ့ရသူ၊ သမိုင်းနဲ့ ဘွဲ့ရ သူတွေ ရှိပါတယ်။ တော်တော်ကြီး ကမောက်ကမ နိုင်တဲ့ ပညာရေးစနစ်ပါ။ စင်ကာပူကို ပုံစံပြောင်းပေးလိုက်တဲ့ ရှေ့နေဟောင်းကြီး လီကွမ်းယု (ဥပဒေ ပညာရှင်)၊ ကမ္ဘာ့နိုင်ငံရေး အစီအမံတွေကို ရေးဆွဲပေးတဲ့ ကစ်ဆင်းဂျားနဲ့ ဟန်တင်တန် (သမိုင်း၊ နိုင်ငံရေးသိပ္ပံ ပညာရှင်) တို့ကို အားနာစရာ ကောင်း လှပါတယ်။

ထားပါတော့၊ တတိယမင်္ဂလာကို ဆက်ကြည့်တော့ ဝိနယော စ သုသိက္ခိတော ကို တွေ့ရပါတယ်။ ဒါဆိုရင် ဝိနည်းဆိုတာ ဘာလဲ၊ ရှေးဟောင်းအမွေအနှစ် စာပေတွေအရ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်၊ လူ့စည်းကမ်း၊ ရဟန်းစည်းကမ်း လို့ ဆိုပါတယ်။ ဒီမှာ လူ့ဝိနည်းရဲ့အဓိပ္ပါယ်ကို ပြောင်းလဲသတ်မှတ်တာမျိုး မဟုတ်ရင်တောင် ဖြည့်စွက်သတ် မှတ်ဖို့တော့ လိုလာပါတော့မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကမ္ဘာဟာ ပိုပြီး ရောထွေးယှက်တင် ဖြစ်လာနေလို့ပါ။ အလွန်သေး ငယ်တဲ့ ကမ္ဘာကြီးထဲမှာ ယုံကြည်မှု၊ ကိုယ်ကျင့်တန်ဖိုး သတ်မှတ်မှု မတူညီတဲ့ များစွာသော လူသားတွေဟာ အတူတူ ညှပ်ပူးညှပ်ပိတ် နေနေကြရပါတယ်။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက်မသိဘူး။ တစ်ယောက် ကိုယ် ကျင့်ကို တစ်ယောက်က နားလည်မပေးနိုင်ဘူး ဆိုရင် နေရထိုင်ရတာ အဆင် မပြေသလို ပြဿနာတွေလည်း အများကြီး တက်လာနိုင်ပါတယ်။
ဒါကြောင့် ဝိနယ ကို လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်အပြင် ယဉ်ကျေးမှုဓလေ့ ထုံးစံ၊ အကျဉ်းချုပ်ပြောရင် စီဗီလိုက်ဇေးရှင်း တန်ဖိုးကို သိနားလည်မှုလို့ ဘာသာပြန်ကြည့်ချင်ပါတယ်။

ဆက်ရန်
ဇင်ဝေသော်

၂၀၀၀ ၀န်းကျင်က တရုတ်ပြည်ရဲ့ အနေအထားက ဒီနေ့ မြန်ပြည်အတိုင်းပဲ


စာအုပ်အညွှန်းက ရယ်စရာတွေပါတယ်ဆိုပေမဲ့ မြန်မာလူမျိုးတစ်ယောက်အတွက်တော့ ရယ်စရာထက် ရင်မောစရာ ပိုများပါတယ်။
"ကျနော်သိလိုက်ရတာက ကျနော်တို့ ဆက်ဆံနေရတဲ့နိုင်ငံဟာ ဥပဒေမရှိတဲ့နိုင်ငံ၊ ပိုပြီးတိတိကျကျပြောရရင် ဥပဒေတွေများပြီး တစ်ခုမှ အသက်မ၀င်တဲ့နိုင်ငံ ဆိုတာပါ။

တရုတ်ပြည်မှာ အာဏာလက်ကိုင်ထားတဲ့ အဖွဲ့အစည်းနှစ်ခုရှိတယ်။ ဒါက အစိုးရနဲ့ပါတီ။ ရည်ရွယ်ချက်က check and balance လုပ်ဖို့ပါ။ ဒါပေမဲ့ အစိုးရထဲမှာ အကောင်က ပါတီထဲမှာလည်း အကောင်။ ပါတီထဲကအကောင်က အစိုးရထဲမှာလည်း အကောင်ပဲဖြစ်နေတော့ တကယ် အာဏာရှိသူက ဌာနမဟုတ်တော့ဘဲ လူပဲဖြစ်နေတယ်" တဲ့။
တရုတ်ကို အတုခိုးကြရင်လည်း လမ်းဆိုးကိုမှ ဘာလို့ခိုးနေကြတာလဲ။