Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ


ကမ်းလက်မှာ ဘာသာရေးသတင်း မရေးချင်လို့ မရေးဖြစ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့တော့ သမိုင်းဝင်နေလို့ နည်းနည်းရေးရမယ်။ ဒီနေ့ Buddhist and Pali Collage ဒစ်ပလိုမာ သင်တန်းခွဲအသစ် ပိုမိန်စီ မဟာယာနကျောင်းမှာ ထပ်ဖွင့်နိုင်ခဲ့ကြတယ်။ စင်္ကာပူ အနောက်ပိုင်းမှာနေကြတဲ့ ကျောင်းသားတွေ မင်္ဂလဝိဟာရအထိ အဝေးကြီး မလာရအောင် စီမံလိုက်ခြင်းမျိုးပါ။ ထေရဝါဒ၊ မဟာယာန ဘောင်မကန့်ဘဲ အမြင်ကျယ်ကျယ်နဲ့ သူတို့ စာသင်ခန်းကို အသုံးပြုခွင့်ပေးတဲ့ အဲဒီကျောင်းရဲ့ လိုက်လျောမှုကို အလွန်ကျေးဇူးတင်မိပါတယ်။ ၁၉ ရာစု နဲ့ ၂၁ ရာစု မတူတော့ဘူးလေ။ ကွဲတာတွေ လိုက်ကြည့်ရင် ရန်ဖြစ်ရ၊ တူတာတွေ ပေါင်းကြည့်တော့ ညီညွတ်ကြ၊ ချစ်ကြ၊ အပြန်အလှန် ပံ့ပိုးကြ။

Post a Comment