အဘိဓမ္မာမိသားစုများ စုပေါင်းကျင်းပသည့် တတိယအကြိမ်မြောက် အဘိဓမ္မာဆုနှင်းသဘင် အခမ်းအနား (၂၀၁၄) ဖိတ်ကြားလွှာ


 
 
စင်္ကာပူနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ ...

စင်္ကာပူနိုင်ငံ အဘိဓမ္မာမိသားစုများမှ ညီညာပေါင်းစု၍ ၂၀၁၄ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ် ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသောကြောင့် ဓမ္မမိတ်ဆွေများအပေါင်းတို့အား မေတ္တာရှေ့ထား ကြွရောက်အားပေးကြပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

နေရာ   ။   ။ မင်္ဂလ၀ိဟာရကျောင်း (စင်္ကာပူစာဖြေဌာန)
               30 Jalan Eunos Singapore 419495
နေ့ရက် ။   ။ (၁-၁၁-၂၀၁၅) ၁၃၇၇ ခု သီတင်းကျွတ်လပြည့်ကျော် (၄) ရက် တနင်္ဂနွေနေ့
အချိန် ။   ။  ညနေ ၄း၀၀ မှ ၆း၀၀ နာရီ
အာဟာရဒါန ။   ။ ကြာဇံကြော် ၊ ဆားငံသီးဖျော်ရည်

စာမေးပွဲ အောင်မြင်သူများစာရင်း (online)
ဝိသုဒ္ဓိမဂ်ပထမဆင့်1
အဘိဓမ္မာ (ဂုဏ်ထူးဆောင်) သုံးဆင့်လုံးအောင်1
အဘိဓမ္မာ (ရိုးရိုး) သုံးဆင့်လုံးအောင်20
အဘိဓမ္မာ (ရိုးရိုး) ဒု ၊ တ အောင်9
အဘိဓမ္မာ (ရိုးရိုး) ပ ၊ ဒု အောင်2
အဘိဓမ္မာ (ရိုးရိုး) တတိယဆင့်အောင်7
အဘိဓမ္မာ (ရိုးရိုး) ဒုတိယဆင့်အောင်14
အဘိဓမ္မာ (ရိုးရိုး) ပထမဆင့်အောင်67
စုစုပေါင်း121


အဘိဓမ္မာဆုနှင်းသဘင်အတွက် ထောက်ပံ့လှူဒါန်းလိုပါက
အဘိဓမ္မာအသင်းကြီး (စင်္ကာပူ)  မမူယာနွဲ့ - 81800620ပညာပါရမီအသင်း (စင်္ကာပူ)  မမြမြမွန် - 83223535မင်္ဂလာမောင်မယ်အသင်း မခင်နေခြည်သွင် - 93843079 ၊  ထားဝယ်မိသားစုပရဟိတအသင်း(စင်္ကာပူ) ကိုကျော်ကျော်ထွေး - 9125 0701
မှတ်ချက် ။    ။ ၂၀၁၃ ခုနှစ်တွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများမှ အောက်လက်မှတ် ထုတ်ယူရန် ကျန်ရှိသေးသူများလည်း အခမ်းအနားနေ့တွင် တာဝန်ခံများထံမှ လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးအပ်ပါသည်။

--
မေတ္တာဖြင့်
လူတိုင်းအတွက် အဘိဓမ္မာအသင်းကြီး (စင်္ကာပူ)
Website  ::  Facebook

_/\_ *** _/\_ ***  _/\_ 
ဘုရားရှင်တော် မပွင့်ပေါ်လျှင် သူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရများလှ အပြစ်တွေ။
ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ပြ မြတ်ဓမ္မကြောင့် ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးတွေ။
ကျေးဇူးတော်ရင် ဘုရားရှင်ကို ဦးတင်မပြတ်ကျေးဇူးဆပ်ဖို့ အမြိုက်ရတနာ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုယ်စီစွမ်းကြိုးပမ်းကြပါလေ။
_/\_ *** _/\_ ***  _/\_ 
အင်္ဂ္ဂုတ္ထိုလာ သာသနာကွယ်ကြောင်း တရားပေါင်းကား တရားမနာ ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု ၊ ဓမ္မာနုဓမ္မပတ္တိပတ်ကွာ ဤငါးဖြာတည်း။ 
နောင်လာထို့ပြင် စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွမအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
အက္ခရာပုဒ်ပျက် လေ့ကျက်သင်ကြ၊ ဆုံးမမယူ ၊ စာချသူရှား၊ လာဘ်များအောင်ကြံ၊ ခိုက်ရန်ကွဲပြား ဤငါးပါးသည် ဘုရားသာသနာ ကွယ်ကြောင်းတည်း။

Post a Comment