မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်


၁။ မြန်မာပြည်က တက္ကသိုလ်တက်မယ့် ကျောင်းသူ၊ ကျောင်းသားတွေအတွက် အားတက် စရာပါ။ မင်းတို့က တတ်တာ၊ မတတ်တာ အပထား၊ မေဂျာတော့ မဲနှိုက်ပြီး မရွေးရဘူး ထင်ပါတယ်။ ကွန်ဖျူးရှပ်ကြီးတို့နိုင်ငံက မဲချပြီး ဆော်ထည့်လိုက် သတဲ့။ ကျချင်ရာ ကျစေလဟယ်။

၂။ ဒါက သတင်းနဲ့တော့ တိုက်ရိုက်မဆိုင်ဘူး၊ သတိရလို့ပါ။ အမေရိကန် အိုင်တီ ဂုရုကြီးတစ်ယောက် တရုတ်ပြည် ဘေဂျင်းတက္ကသိုလ် ထဲမှာ နည်းပညာနဲ့ပတ်သက်လို့ ဟောပြောနေရင်း
"နည်းပညာနဲ့ ပတ်သက်လို့တော့ တရုတ်ပြည်က ၆၅ ရာခိုင်နှုန်းလောက် တရားမဝင် ခိုးယူထားတာ" မှတ်ချက်ပေးတော့ တရုတ်ပါမောက္ခတွေ၊ ဆရာတွေက တခွိခွိနဲ့ ရယ်ကြသတဲ့။
ဘာဖြစ်လို့ ဒီလောက် ရယ်နေကြတာလဲမေးတော့မှ "၆၅ ရာခိုင်နှုန်းပဲလား၊ မကလောက်ပါဘူး။ ၉၀ ကျော်ရမှာပါ" လို့ ဆရာတစ်ယောက်က ဖြေသတဲ့။




Post a Comment