ဘာကိုမှ မကြည့်၊ ဘုရားမျက်နှာပဲကြည့်တဲ့ ဗုဒ္ဓဘာသာ အစစ်ကြီးပါ


၁။ သူတို့မြင်တဲ့ မင်္ဂလဝိဟာရ ရဲ့ ပြုပြင် ပြောင်းလဲရေးလမ်းစဉ်။
တကယ်ပြန်ကြည့်တော့လည်း ၁၀ နှစ်အတွင်း အပြောင်းအလဲတွေ အများကြီးပါ။ ဒီ အပြောင်းအလဲတွေရဲ့ အဓိက အကြောင်းရင်းကတော့ စင်္ကာပူလိုနေရာမှာ ဘယ်ဘာသာစကားနဲ့ပဲ သင်သင်၊ ထေရဝါဒလမ်းစဉ်နဲ့ညီရင် လက်ခံရမယ်၊ အားပေးရမယ်ဆိုတဲ့ ယုံကြည်မှုပါ။

၂။ သူမပါရင်လည်း မပြီးပါဘူး။ သံဃာက သံဃာ၊ ဘုရားသားက ဘုရားသားပဲ။ သီဟိုဠ်တွေ မြန်မာတွေ ခွဲမနေနိုင်ဘူးဆိုပြီး သီဟိုဠ်ဘုန်းကြီးသာ ကျောင်းထိုင်ဖြစ်ရမယ်ဆိုတဲ့ ကွန်စတီကျူးရှင်းကို ရဲရဲကြီးပြင်သွားတဲ့ ဥက္ကဋ္ဌပါ။ ဘာကိုမှ မကြည့်၊ ဘုရားမျက်နှာပဲကြည့်တဲ့ ဗုဒ္ဓဘာသာ အစစ်ကြီးပါ။ သာသနာအတွက် ကျေးဇူးတင်ထိုက်လှပါတယ်။

အခု စင်္ကာပူမှာ သာသနာပြုနေတဲ့ လူပုဂ္ဂိုလ်တွေ ဒီကျောင်းရဲ့ ဗုဒ္ဓဘာသာ ပညာရေးနဲ့လွတ်တာ (ဆန်းဒေး စကူး၊ ပါဠိကောလိပ်) သိပ်မရှိပါဘူး။


Post a Comment