ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်


ပါမောက္ခ မဲလ်ဘန်းနဲ့တွေ့တော့ ဦးလှဆွေကြီးကို သတိရတယ်။
ပြောဖူးပါတယ်၊ အမေရိကန်မကြီး၊ ဘုန်းကြီးနဲ့ မြန်မာလို စကားပြောရာ မှာ ဝေါဟာရအသုံးအစွဲ လုံးဝမမှားတဲ့ ပါမောက္ခကြီး။
နိုင်ငံခြားတိုင်းပြည်တွေကို မြန်မာလိုခေါ်ရာမှာ မူရင်းနဲ့ ဆက်စပ်မရတာတွေ အကြောင်း ပြောကြတယ်။ ဥပမာ၊ ချိုင်းနားက တရုတ်ဖြစ်နေတာမျိုးပေါ့။
စကားဝိုင်းထဲရှိ ကိုလျှာရှည်မြန်မာက ဘာမှမသိဘဲ ဖေ့စ်ဘုတ် ကွန်မင့်ရေးသလို "ဖရန့်စ်က ပြင်သစ်" လို့လုပ်ပါလေရော။
ဒီတော့ မဲလ်ဘန်းက "ဒါက ဆက်စပ်တယ်လေ၊ ဖရန်စစ်ကနေ ပြင်သစ်၊ ရခိုင်အခေါ်အဝေါ်နဲ့ဆို ပိုတောင်နီးစပ်သေးတယ်" လုပ်ပါလေရော။

ရှက်လိုက်တာ ပြောမေဘာနဲ့ဒေါ့ ဗျာတို့ရေ။ မဲလ်ဘန်းနဲ့ စကားပြောရင်း မဆီမဆိုင် ဦးလှဆွေကြီးကို ဒိရတာ ကျော့ အပြစ် မှုတ်ပါဘုနော့။

ဒါနဲ့ မသိလို့ မေးရဦးမယ်။ အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့အထဲမှာ ဘာသာက ကိုးကွယ်မှုဘာသာ (ရီလေးဂျင်း) သက်သက်ပဲလား၊ ဘာသာစကား (လန်းဂွေ့ဂ်ျ) ရော မပါဘူးလား။ ဘာသာစကားလည်း ပါသင့်တယ်။
ဝန်ကြီးရဲ့ဝေါပေါ်မှာ မြန်မာစာခမျာ အတော်လေး အထိနာနေပြီနော်။

Post a Comment