သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိ


လာမယ့် သက္ကရာဇ် ၂၀၄၀ မှာ ရေပြတ်လပ်မှု အကြီးအကျယ် ရင်ဆိုင်ရဖွယ် ရှိတဲ့ နိုင်ငံတွေကို ခန်းမှန်းဖော်ပြထားပါတယ်။ စင်္ကာပူလည်း ပါဝင်နေ တယ်။ မြန်မာ မပါလို့ တော်ပါသေးရဲ့။ တရုတ်ကြီးက ရေမဝယ်သေးသရွေ့ ဒီပြသနာ မကြီးလှသေးဘူးလို့ ဆိုရမှာပါ။ နိုင်ငံတွေစာရင်းကို ပုံ ၂ မှာ ရှုပါ။

၃ နဲ့ ၄ က ထိုင်း ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသနာပါ။ ပါကစ္စတန်အပြင် ဆီးရီးယားနဲ့ ဆိုမာလီယားတို့ကတောင် ပါနေသေးတယ်။ ဟန်တင်တန်ဟောကိန်းတွေကတော့ ကြောက်စရာကောင်းလောက်အောင် မှန်နေတယ်။

မြန်မာနဲ့ ပတ်သက်တဲ့သတင်းကတော့ ဟံသာဝတီလေဆိပ် စီမံကိန်း ရွှေ့ ဆိုင်းတဲ့ အကြောင်းပဲ ပါလာတယ်။
ဒါနဲ့ မနေ့က ခြယ်ခြယ်တို့အဖေပြောသွားတဲ့ "ရန်ကုန်ကားလမ်းပိတ်တာက လမ်းဘေးဈေးသည်လေးတွေ ဖမ်းနေရုံနဲ့တော့ မရလောက်ပါဘူး ကွယ်တို့" ဆိုတာလေး မဆိုးဘူး။




Post a Comment