မိဘပြည်သူကြီးက တောင်းဆိုရင်တော့


မိဘပြည်သူကြီးက တောင်းဆိုရင်တော့ သတ်ပုံသတ်ညွှန်းလေးတွေ ဂုစိုက်အုန်မဘာ။
ပြောသာပြောရတာ ကွကိုပြန်ဖတ်တော့ အမှား မရှိ၊ ပကတိ စင်းလုံးချောနေတာ။
လူ့ယဉ်ကျေးမှု ပထမတွဲ စာမူကြမ်းတွေ အဖတ်ခိုင်းတော့ ဦးတင်မောင်ဝင်းဆီက မှတ်ချက်နဲ့ ပြန်လာတယ်၊ "ဘာကို ဆိုလိုမှန်း မသိ၊ ပြန်ရေးပါ" တဲ့။
သူ့တွေ့မှ ပြောဖြစ်တယ်၊ "ခင်ဗျားကသာ ဘာဆိုလိုမှန်း မသိတာ၊ ကျုပ်ဘာသာကျုပ် ဖတ်တော့ ချောနေတာပဲ၊ ဝါကျကသာရှည်တာ အဓိပ္ပါယ်က ရှင်းနေတာပဲလို့တောင် ကိုယ့်ကိုယ်ကို ပြောမိသေးတယ်" ဆိုတာ့ တဟားဟားနဲ့ ရယ်ပါလေရော။

Post a Comment