ဒီက စောင့်နေသူ


တစ်

လေယာဉ်ပေါ်မှ အဆင်း ခပ်ဝေးဝေးမှ လက်ပြနေသည့်ရဟန်းတစ်ပါးကိုတွေ့နေရသည်။ မည်သူမှန်း အတိအကျ မသိရသေး။ သို့သော် လက်ပြခြင်း၊ ပြုံးပြခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပို့စ်တင်ခြင်း လေးမျိုးစလုံး တပြိုင်နက်လိုလို လုပ်နေနိုင်သဖြင့် ဓမဂင်္ဂါသာဖြစ်ရမည်ဆိုပြီး ပြန်လည်လက်ပြလိုက်၏။ မှားနိုင်ခြေ နည်းသည်။



နှစ်

ပါဠိကောလိပ်ရောက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲ ၀င်လိုက်သည်။
ထိုစဉ် အမြင့် ငါးပေ ခြောက်လက်မအထက်မှာရှိသည့် ပိုးမျှင်လေးတစ်ခုက နဖူးကို လာနှုတ်ဆက်သည်။ တကယ်တော့ ရေချိုးခန်းက သန့်ရှင်းနေပါသည်။

သုံး

ထို့နောက် ကိုယ်တိုင်က စောင့်နေသူ ဖြစ်ခဲ့ရသည်။
ဘိက်ခု ဥာဏိန်
ဘစံ
နှစ်းပါးစလုံး နောက်ကျသည်။ နှစ်ပါးစလုံးကလည်း ကားကြပ်နေလို့ဟု ပြောကြသည်။

"အတော် အဆင်ပြေပါတယ်။ ရန်ကုန်မှာက ဘာကြောင့်ပဲ နောက်ကျနောက်ကျ၊ ကားကြပ်နေလို့ဆိုရင် အိုကေသွားတာပဲ" ဓမဂင်္ဂါက ဆိုသည်။

သူစကားကိုတော့ ဟိုနှစ်ပါးကို ပြန်မပြောဖြစ်ခဲ့ပါ။

ဆက်ရန်
(ဆက်ရန်ဆိုသော်လည်း ဆက်ဖို့က မသေချာလှပါ)

Post a Comment