ဘောပင်အဖုံး


စာအုပ်ကို အဖုံးဖုံးပြီးကိုင်တတ်ခြင်း၊ စရေးပြီဆိုသည်နှင့် ဘောပင်အဖုံးကို လွှင့်ပစ်တတ်ခြင်းသည် တမူထူခြားသည့် ကျွန်ုပ်၏ ကာရိုက်တာတစ်ခုဖြစ်မည် ထင်ပါသည်။
စာအုပ်ကို အဖုံးဖုံးပြီးကိုင်ခြင်းကတော့ ခိုင်မာသောအကြောင်းပြချက် ရှိသည်။ စာသင်ခန်းနဲ့ လုံးဝမဆိုင်သောစာအုပ်များကို အမြဲဖတ်နေတတ်သဖြင့် ဘဝ ရှင်သန်ရေးအတွက် စာအုပ်ကိုဖုံးထားမှရမည်။
သာသနာ့တက္ကသိုလ် သက်တန်း (ဆယ်တန်းပြဌာန်းချက်စာအုပ်များ လက်ထဲ ရှိနေတတ်)၊ မဟာသန္တိသုခသက်တန်း (Family Album USA) တစ်လျှောက် လုံး စာအုပ်အဖုံးဖုံးခဲ့ရသဖြင့် စင်္ကာပူရောက်ရင်တော့ လွတ်ပြီဟု ထင်ခဲ့သော် လည်း မလွတ်မြောက်ခဲ့ပါ။
ဘုန်းကြီးတစ်ပါးဖြစ်နေပြီး ဘာသာရေးစာအုပ်တွေကို စိတ်မဝင်းစားဘဲ ဟန် တင်တန်တွေ၊ ကစ်ဆင်းဂျားတွေကို စိတ်ဝင်စားနေသဖြင့် နှလုံးမသွင်းတတ် သူများ အကုသိုလ်မဖြစ်စေရန် ဖုံးနေရပြန်သည်။
အထူးသဖြင့် မစ္စတာချိုင်းနားလို စာအုပ်မျိုးကိုတော့ ဖုံးမှကို ရပေလိမ့်မည်။
ဘောပင်အဖုံးလွှင့်ပစ်ပြီး စာရေးခြင်းကတော့ ကြာကြာရေးလျှင် အဖုံးက လေး လာသောကြောင့်သာဖြစ်ပါသည်။ အကြောင်းထွေထူး မရှိပါ။

Post a Comment