အဲဒါ စင်္ကာပူလို့ခေါ်တယ်


ဆွမ်းစားအပြီး ဒကာမကြီးတစ်ယောက်ရဲ့ အရိုးပြာမျှောဖို့ ကျန်ရစ်သူမိသားစု နဲ့အတူ စင်္ကာပူပင်လယ်ထဲ ရောက်ခဲ့တယ်။

၁။ ရေတပ်နဲ့လေတပ်ပေါင်းပြီး မနက်ဖြန်အတွက် ရီဟာဆယ်တွေ လုပ်နေကြလေရဲ့။ ဒါ့အပြင် အကြမ်းဖက်မှုကို စိုးရိမ်ဟန်တူပါရဲ့ တိုက်လေ ယာဉ်တွေ ကင်းထောက်နေတာလည်း တွေ့ရတယ်။ F-16 တွေ ထင်တာပဲ ဝဲနေတာ။ (မနေ့က မြန်မာ့တပ်မတော် စစ်ရေးပြသလို လှေထမ်းပြီး ကုန်းပေါ်မှာပြေးနေတာမျိုး မတွေ့ရဘူး)။

၂။ အရိုးပြာမျှောဖို့ကိုပဲ ပင်လယ်ကမ်းခြေကနေ ၂ မိုင် ၃ မိုင်လောက် စက်လှေ နဲ့ သွားရတယ်။ သတ်မှတ်ချက် အကွာအဝေးရှိတယ်။ ပစ်ချင်ရာပစ် မရဘူး။ မဆွေးမြေ့နိုင်တဲ့ ပစ္စည်းတွေ ပင်လယ်ထဲ မပစ်ချရဘူး။

၃။ ပင်လယ်ပြင်မှာတောင် မလေးရှားပိုင်နက်နဲ့ စင်္ကာပူပိုင်နက် မတူဘူး။ စင်္ကာပူပိုင်နက်ထဲမှာ ရေသန့်ဗူးခွံ၊ ဘီယာဗူးခွံတွေ ပေါလောပေါ်နေတာ မရှိဘူး။

အဲဒါ စင်္ကာပူလို့ခေါ်တယ်။

Post a Comment