ဘာဝနာပွားများအားထုတ်ခြင်း သင်တန်း



 
တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား

" အကျိုးတရား၊ အလွန်များသဖြင့်၊
ဖြစ်ပွားစေအပ် တရားမြတ်
မှတ်လေ ဘာဝနာ"

ဟု မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ မိန့်ဆိုခဲ့သည့်အတိုင်း
သံသာကမ်းရပ် မြတ်နိဗ္ဗာန်ကို ရရှိရန်
ကြိုးပမ်းအားထုတ်ရာ၌ အကျိုးများစေရန် အလို့ငှာ
ဘာဝနာပွားများအားထုတ်ခြင်း သင်တန်းကို
မင်္ဂလဝိဟာရကျောင်း ကျောင်းထိုင်ဆရာတော် ဦးစိတ္တရမှ
ဟောကြား ပို့ချပေးမည်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းအစီအစဉ်
=============
- ဟောကြားပို့ချမည့်ဆရာတော်
ဆရာတော် ဦးစိတ္တရ(မင်္ဂလဝိဟာရကျောင်း)

- သင်တန်းစတင်မည့်ရက်
မတ်လ ၇ ရက်၊ ၂၀၁၅ (စနေနေ့)

- သင်တန်းကာလ
ရက်သတ္တပါတ် ၆ ပါတ်

- သင်တန်းအချိန်
ညနေ ၃ နာရီမှ ၆ နာရီအထိ (အပါတ်စဉ် စနေနေ့တိုင်း)
တရားထိုင်ခြင်းအစီအစဉ် အချိန် ၁ နာရီနှင့် မိနစ် ၃၀ ပါဝင်ပါသည်။

- သင်တန်းနေရာ
ဒုတိယထပ် Chew Quee Neo Hall၊ မင်္ဂလဝိဟာရကျောင်း (စင်္ကာပူ)

* မှတ်ချက်
အပါတ်စဉ် စနေနေ့တိုင်း ၅ ပါတ်ကြာ ဟောကြား ပို့ချတော်မူပြီးနောက်
နောက်ဆုံးအပါတ်(၆ ပါတ်မြောက်)တွင် မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ တရားထိုင်ခြင်းအစီအစဉ် ပါဝင်ပါသည်။
သင်တန်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောကြားမည်ဖြစ်ပါသည်။
— at Mangala Vihara Buddhist Temple.


 

Post a Comment