နော်မက်ဒစ်ရဟန်းတစ်ပါး၏ ခိုလှုံရာ အရိပ်


သမိုင်းနုနု နိုင်ငံငယ်လေးမှာ ကျောင်းတော်ရဲ့ ခရီးက ယနေ့ ၅၅ နှစ်မြောက် ခဲ့ပြီ။
၅၅ နှစ်မှာ မိမိနှင့်ဆက်စပ်မိသည့်ကာလကပင် ၁၃ နှစ်ထဲ ဝင်လာခဲ့ပြီ။ ဤမျှ ကြာလိုက်သည် မထင်မိ။
ဤကျောင်းသည် အတည်မကျ နော်မက်ဒစ်ရဟန်းတစ်ပါး၏ ခိုလှုံရာ အရိပ် လည်း ဖြစ်နေခဲ့သည်။

နိုင်ငံငယ်က ယဉ်ကျေးမှုပေါင်းစုံကို စုစပ်ပေးထာသလို ကျောင်းတော်က လည်း ထေရဝါဒအောက်မှာပင် မတူညီသော ယဉ်ကျေးမှုများကို နွေးထွေး စွာလက်ခံထားသည်။
ကိုယ်ကပေးတာတွေရှိသလို ကိုယ်ကရတာတွေလည်းရှိသည်။ ထိုအရာများစွာတို့တွင် ကိုယ်တိုင် သင်ယူလိုက်မိသည့် မတူပေမဲ့ အတူနေလို့ ရသည်ဆိုသည့် Co-exist သဘောတရားက ဘဝအတွက် တန်ဖိုးအကြီးဆုံး သင်္ခန်းစာပင် ဖြစ်ပါသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ ။


သီဟနာဒ




Post a Comment