နိုး မိုး(ရ်) ဗိုင်အိုလင့်စ် ပလိစ်


လေဒီးစ် အင်ဒ် ဂျင်တဲလ်မဲန်း
အကြမ်းဖက်ခြင်း မိုခါးက
ကမ္ဘာ့ ဘယ်နေရာမှာပဲ ရွာရွာ
တစ်ကမ္ဘာလုံးရှိ စာနာတဲ့ နှလုံးသားတိုင်းကို
အကြီးအကျယ် စွတ်စို ထိခိုက်စေတယ်။

ဒီလိုပါပဲဗျာ
သူတို့ရဲ့ မခြောက်သေးတဲ့ မျက်ရည်နဲ့
No violence စာတန်းကို
ဆီမီးလေးတွေနဲ့ရေးဆွဲပြီး
ဘုရားရှေ့မှာ
No more please လို့ ဆုတောင်းကြတယ်။

ဟင့်အင်း
မကြီးကျယ်ပါဘူး
မခန်းနားပါဘူး
အရိုးသားဆုံး ပြပွဲလေးတစ်ခုမျှသာပါ။






"ဘုန်းဘုန်းလည်း လာလေ" တဲ့
အဟိံသတရားက တို့ဘုရား လက်ကိုင်ပေါ်လစီလေ
ရဟန်းနဲ့ အကြမ်းဖက်မှု
ဘယ်လိုသမုဒယနဲ့မှ ဆွေမျိုးစပ်လို့ မရဘူး။

ဒါနဲ့
သူတို့ဘေးမှာ
ကိုယ်လည်း ဝင်ရပ်လိုက်တယ်။
နိုး မိုးရ် ဗိုင်အိုလင့်စ် ပလိစ်
ဂျင်နရေးရှင်းအဆက်ဆက်က
ငြိမ်းချမ်းရေးတွေ ငတ်မွတ်လို့။ ။

ဇင်ဝေသော်

Post a Comment