တရုတ်ကို လေးစားသလို ပြည်သူကိုလည်း လေးစားသင့်တယ်


ကိုးကန့်ဒေသ လေကြောင်းသုံးစွဲတာနဲ့ ဆက်စပ်ပြီး တရုတ်လူမျိုးလေးယောက် ဗုံးဒဏ်နဲ့ သေဆုံးရလို့ တရုတ်ဗိုလ်ချုပ်က တရားခံ မိအောင်ရှာ၊ အရေးယူ၊ နောက် ဒါမျိုးမဖြစ်စေနဲ့ဆိုပြီး အမိန့်လှမ်းပေးတယ်။

ရှင်ဝှာသတင်းဌာနအရ မြန်မာ့ပါဝါအရှိဆုံး ကာချုပ်က ဒီအတွက် စိတ်မကောင်းကြောင်း၊ ဒီပြသနာကို အမြန်ဖြေရှင်းပေးပါမယ်ဆိုတဲ့အကြောင်း ၀န်ခံကတိပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါက ဖြစ်သင့်ဖြစ်ထိုက်၊ ပြောသင့် ပြောထိုက်တဲ့ စကားတွေပါ။

ဒါပေမဲ့ မြန်မာလူမျိုးတွေ သေဆုံးရမှုနဲ့ပတ်သက်လို့ ဒီအစိုးရက ဘာလို့များ အဲသလို ၀န်ခံကတိပြုဖို့၊ တာဝန်ယူဖို့၊ နောက်မဖြစ်စေရအောင် လုပ်ဆောင်ပါမယ်လို့ ကတိပေးဖို့ တွန့်ဆုတ်နေရတာလဲဆိုတာက စဉ်းစားစရာ အချက်ကြီး ဖြစ်နေတယ်။

တရုတ်ကို လေးစားသလို ပြည်သူကိုလည်း လေးစားသင့်တယ်။ အမှုအမှန်ပေါ်အောင် လုပ်သင့်တယ်၊ အပြစ်ရှိသူကို အပြစ်ပေးသင့်တယ်။
ဒါမှ အစိုးရဖြစ်မှာ။ အခုတော့......။

Post a Comment