မဂ္ဂင်ရှစ်ပါးနဲ့ ဆိုရှယ်အက်သစ်


မဂ္ဂင်ရှစ်ပါးနဲ့ ဆိုရှယ်အက်သစ်ဆိုပြီး လေ့လာမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဆိုရှယ် လို့ဆိုလိုက်တာနဲ့ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်တွေက သိပ်မဆိုင်လှတော့ ပါဘူး။ အချင်းချင်း ဆက်ဆံရေးနဲ့ အဓိက သက်ဆိုင်တာက သီလမဂ္ဂင်တွေဖြစ်သွား ပါတော့တယ်။
သမ္မာဝါစာ၊
သမ္မာကမ္မန္တ၊
သမ္မာ အာဇီဝပေါ့။

သမ္မာဝါစာနဲ့ပတ်သက်ပြီး
မုသာဝါဒါ ဝေရမဏိကို Truth (မှန်ကန်),
reliable (လက်ခံနိုင်ဖွယ်) ,
firm (ခိုင်မာ),
trust worthy (ယုံကြည်ထိုက်).

ပိသုဏဝါစာ ဝေရမဏိကို
Rejoice in unity (ညီညွတ်မှုကို လိုလားခြင်း)
delight in unity (ညီညွတ်မှုမှာ ပျော်မွေ့ခြင်း)
speaks words that promote unity (ညီညွတ်ရေးကို အလေးထား ပြော ဆိုမှု) ဆိုတဲ့ ပါဠိတော်လာ သမဂ္ဂရတာ စတဲ့ စကားတွေနဲ့ ဆွေးနွေးကြပါတယ်။

ဖရုသဝါစာ ဝေရမဏိကိုတော့
နူးညံ့သိမ်မွေ့ ( Nela),
နားချမ်းသာ (kanna sukha)
ကြင်နာ (Pemaniya),
စိတ်နှလုံးကို ဆွဲဆောင်နိုင် (Hadayangama)
ယဉ်ကျေး (pori) စတာတွေနဲ့ ဆွေးနွေးကြပါတယ်။

သမ္မပ္ဖလာပဝါစာ ဝေရမဏိကိုတော့
Speaks at the proper time(Kala vadi) ပြောချိန်မှန်
speaks the truth(Bhutavadi) အမှန်ပြော
purposeful ရည်ရွယ်ချက်ရှိရှိပြော
profitable အကျိုးရှိရှိပြော လို့ ဆွေးနွေးကြပါတယ်။

သမ္မာကမ္မန္တကတော့ ရှင်းပါတယ်။ ဒီနေ့ပြောနေကြတဲ့ လူ့အခွင့်အရေးတွေပါ။
သူ့အသက်မသတ်ရ ဆိုတာက လွတ်လပ်စွာ ရှင်သန်ခွင့် (The right to live)
မခိုးရ ဆိုတာက တရားသဖြင့် ပိုင်ဆိုင်ခွင့် (Property right)
ကာမေသု ရှောင်ဆိုတာက လူမှူဆက်ဆံရေး ထိမ်းသိမ်းမှု (The right of relationship) ပါ။

သမ္မာ အာဇီဝကို တစ်ခွန်းတည်းနဲ့တောင် ရှင်းပြနိုင်ပါတယ်။
ဒါကတော့ အသက်မွေးမှုနဲ့ပတ်သက်တဲ့ (တနည်း) စီးပွားရေး၊ နိုင်ငံရေးစကား (Mutual interests) ပါ။ မြန်မာလို ကုသိုလ်ရ၊ ဝမ်းဝ၊
ခေတ်စကားနဲ့ နှစ်ဖက်အကျိုးစီးပွားကို ရှေးရှုခြင်းမျိုးပါ။

ဒီည လက်ချာပေါ့လေ။

Post a Comment