ပဉ္စမအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ


ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့...
ကျွန်တော်/မတို့ အဘိဓမ္မာအသင်းကြီးမှ လူပုဂ္ဂိုလ်များသာလျှင် စုပေါင်းရွတ်ဆို ပူဇော်ကြသည့် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ပဉ္စမအကြိမ်သို့ပင် တိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ယမန်နှစ်များနည်းတူ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက် ကာလတွင် အစဉ်အလာမပျက် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ သို့ပါ၍ အဆုံးမရှိ ကုန်အောင်သိသည့်မြတ်ဗုဒ္ဓ၏ ဉာဏ်တော်ဖြင့်သာ ကျက်စားရာဖြစ်တော်မူသော ကြီးကျယ် မြင့်မော် ဤပဋ္ဌာန်းကျမ်းတော်ကြီးအား တစ်သက်တစ်ခါ ကြုံရသည့်အခိုက်အခါတွင် ကျွန်တော်/မတို့နှင့်အတူ ပါဝင်ကုသိုလ်ယူ ပူဇော်နိုင်ကြစေရန်အလို့ငှာ နိဗ္ဗာန်ကို အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


နေ့ရက်။ ။ ၁၈-၀၂-၂၀၁၅ ခုနှစ် ဗုဒ္ဓဟူးနေ့ မှ ၂၂-၀၂-၂၀၁၅ ခုနှစ် တနင်္ဂနွေနေ့ အထိ။
ဖွင့်ပွဲအချိန်။ ။ ၁၈-၀၂-၂၀၁၅ ခုနှစ် ဗုဒ္ဓဟူးနေ့ ညနေ ၈း၀၀ နာရီ။
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် ၊ တတိယထပ် (30 Jalan Eunos, Singapore) 419495
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)
အကျိုးတော်ဆောင်များ
Phone : 92770249 (မသန်းလဲ့ခိုင်) ၊ ကိုဇော်ကြီး (96926165) ၊ မမူယာနွဲ့ (81800620) ၊ မခင်စန်းယု (82986297)
Email : contact@abhidhammasociety.com
ပါဝင်ပူဇော်လိုသူများအနေဖြင့် ဖော်ပြပါ အကျိုးဆောင်များထံ ဖုန်းဆက်၍ သော်လည်းကောင်း၊ SMSပို့၍ သော်လည်းကောင်း၊ အီးမေးဖြင့်သော်လည်းကောင်း စာရင်းပေးသွင်းနိုင်ကြပါသည်။
မဟာပဋ္ဌာန်းရွတ်ဆိုပူဇော်လိုပါက ဤနေရာတွင်မိမိပူဇော်နိုင်မည့်အချိန်ကို ကြည့်ရှုနိုင်ပါသည်။

မဟာပဋ္ဌာန်း ( ၅ ) ကျမ်းရွတ်ဖတ်ပူဇော်ရန် လေ့ကျင့်ခန်းများ (အရှင်စက္ကပါလ ၊ အရှင်ဝိလာသဂ္ဂ (ပျော်ဘွယ်) )
မဟာပဋ္ဌာန်း(၅)ကျမ်း စာမျက်နှာအလိုက် အသံဖိုင်များ
သံဃာတော်များ : ပထမတွဲဒုတိယတွဲတတိယတွဲစတုတ္ထတွဲပဉ္စမတွဲ
ဦးလေးဦးခင်မြင့် : ပထမတွဲဒုတိယတွဲတတိယတွဲစတုတ္ထတွဲပဉ္စမတွဲ
တိုက်ရိုက်ထုတ်လွှင့်ခြင်း
မဟာပဋ္ဌာန်း(၅)ကျမ်း ပါဠိတော်စာအုပ်များ
Version 1 (ဖိုင်ဆိုဒ်ကြီးသည်။ Source: dhammadownload)
ပထမတွဲ (1.34 MB) ၊ ဒုတိယတဲ (47.7 MB) ၊ တတိယတွဲ (24.1 MB) ၊ စတုတ္ထတွဲ (21.8 MB) ၊ ပဉ္စမတွဲ (41.7 MB)
Version 2 (ဖိုင်ဆိုဒ်သေးသည်၊ အညွှန်း ကိန်းဂဏန်းများပါရှိသည်။)
ပထမတွဲ (1.54 MB) ၊ ဒုတိယတွဲ (1.71 MB) ၊ တတိယတွဲ (2.10 MB) ၊ စတုတ္ထတွဲ (2.14 MB) ၊ ပဉ္စမတွဲ (1.34 MB)

 source: www.abhidhammafoundation.org

Post a Comment