.•• ချစ်ခြင်းတရားနဲ့ သူတို့ အမြင် ••.¸


တစ်ယောက်ကို တစ်ယောက် ချစ်တယ်ဆိုတာ ဘုရားစိုက်တဲ့ ပန်းကလေး ပွင့်လာတာလို့ တာရာမင်းဝေက ပြောဖူးပါတယ်။

ဖတ်ဖူးတဲ့ နောက်ထပ် စာလေးတစ်ကြောင်းကတော့ ချစ်သူရှာတဲ့အခါ မျက်စိ မှတ်ပြီးရှာရင် နှလုံးသားနဲ့ ပိုနီးစပ်တယ် တဲ့။

လန့် မောရိုး (Lance Morrow) ကတော့ နောက်တောက်တောက်ပါ။ မစားအပ်တဲ့အသီးကို စားမိပြီး တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြလို့ ထာဝရဘုရားရှင်က ဒဏ်ခတ်တဲ့အနေနဲ့ အာဒမ် နဲ့ ဧဝ ကို အလုပ်လုပ် ခိုင်း လိုက်တယ်။ အလုပ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ ခိုင်းတာ၊ ဆုပေးတဲ့ အနေနဲ့ ခိုင်း တာမဟုတ်ဘူး။ ဒါကြောင့် ကမ္ဘာဦး ကတည်းက အလုပ်လုပ်တယ်ဆိုတာရော ချစ်တယ်ဆိုတာပါဟာ ကောင်းတဲ့အဓိပ္ပါယ် မဆောင်ဘူးလို့ (တိုင်း မဂ္ဂဇင်း မှာ) ရေးခဲ့ပြန်ပါတယ်။

ဒီတော့ ဘုရားစိုက်တဲ့ ပန်းကလေးကို မျက်စိမှိတ်ရှာမိရင် ဒဏ်ခတ်ခြင်း ခံရတော့မယ်လို့ အဓိပ္ပါယ်ရှိသွားပါသလား။ (အလုပ်လက်မဲ့ ပိုများလာတဲ့ခေတ်မို့လေ)

ဇင်ဝေသော်

Post a Comment