ဒီမှာလည်း တန်ပြန်ဆန္ဒပြမှု တဲ့


ဒီမှာလည်း တန်ပြန်ဆန္ဒပြမှု တဲ့။ ဆွီဒင်ဆိုတာအငြိမ်သက်ဆုံး၊ အအေးချမ်းဆုံး လူ့အဖွဲ့အစည်းတွေထဲမှာ ထိပ်တန်းကရှိပါတယ်။ ဒါပေမဲ့ မွတ်စလင်လူဦးရေနဲ့ ဆိုတော့ သူတို့လည်း လမ်းပေါ်ရောက်လာကြရော။
"ကျေးဇူးပြုပြီး လမ်းပေါ်မှာ လူမျိုးရေးခွဲခြားမှု ဆန္ဒမပြပါနဲ့"
ဆိုတဲ့ လူတစ်စုရဲ့ဆန္ဒပြမှုကို မကျေနပ်လို့ ဆွီဒင်လူအုပ်ကြီး လမ်းပေါ်ရောက် လာကြတာပါ။ လှည့်လည်လမ်းလျှောက်ခွင့်မရကြလို့ တစ်နေရာထဲမှာပဲ ဆန္ဒပြကြရပါသတဲ့။ လူနဲ့ဥပဒေအကြောင်း လေ့လာခွင့် ရလိုက်ပါတယ်။

ဂျမဏီမှာလည်း မွတ်စလင်ဆန့်ကျင်ရေးတွေ ရှိနေတယ်။ အားလည်းကောင်း လာတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုခေါင်းဆောင်ရဲ့ ဟစ်တလာစတိုင်လ်နဲ့ပုံ တက် လာပြီးတဲ့နောက် ထောက်ခံသူ နည်းပါးသွားပါသတဲ့။ ဆင်ခြင်စရာပေါ့လေ။ ဒီသတင်းထဲက သင်္ခန်းစာနှစ်ခု ယူကြည့်မိတာပါ။


Post a Comment