တစ်ကိုယ်ရေဘ၀ (ထွက်သွားဖို့ အသင့် ဖြစ်နေပြီ) - ၁


ကိုယ့်ရဲ့အမြင်ကို ကျယ်ပြန့်စေချင်တယ်ဆိုရင် လူတွေနဲ့ အဆက်အသွယ် ပြတ်လို့လည်းမရပါဘူး။
(LKY)

---------------------------------------------------------
ကျွန်တော့် နေ့စဉ်လုပ်ငန်းတွေက ပုံမှန်အတိုင်းရှိပါတယ်။ အိပ်ရာထပြီးရင် အီးမေးတွေ စစ်တယ်၊ သတင်း စာဖတ်တယ်၊ လေ့ကျင့်ခန်းလုပ်တယ်၊ နေ့လည်စာစားတယ်။ ပြီးရင် အစ္စတန်နာက ကျွန်တော့်ရုံးခန်းကို သွားတယ်။ ရောက်လာတဲ့စာတွေကိုဖတ်တယ်။ ဆောင်းပါး(သို့)ပြောစရာရှိ တာတွေရေးမှတ်တယ်။ နေ့ခင်းနဲ့ ညနေခင်းတွေမှာ(တစ်ခါတစ်ခါ) ဂျာနယ်လစ် တွေနဲ့အင်တာဗျူးရှိ တယ်။ အဲဒီနောက် တရုတ်ဆရာနဲ့ တစ်နာရီနှစ်နာရီလောက် တရုတ်စာသင်တယ်။
နေ့တိုင်းလေ့ကျင့်ခန်းလုပ်တဲ့ အကျင့်လုပ်ထားပါတယ်။ ဒါ့ကြောင့် အသက် ၈၉ နှစ်မှာ အကူ မပါဘဲ အထိုင်အထလုပ်နိုင်ပါတယ်။ အသက် ၃၀ ကျော်ကျော်တုန်းကတော့ ဆေးလိပ်နဲ့ဘီယာ သောက်ခဲ့ပါတယ်၊ မဲဆွယ်စည်းရုံးရေးပွဲတွေမှာစကားပြောရင် အသံဝင်ဝင်သွားတတ်လို့ ဆေးလိပ်ကို တော့ ဖြတ်လိုက်ပါတယ်။ ဆေးလိပ်သောက်တယ်ဆိုတာက ဆေးလိပ်ဟာ၊ အဆုပ်ရောဂါ၊ လည် ချောင်းကင်ဆာနဲ့၊ အခြားရောဂါတွေကို ဖြစ်ပွားစေတယ်လို့ ဆေးပညာအရ မသိရခင်တုန်း သောက်ခဲ့ တာပါ။ ဒါဟာ အမှန်ပါပဲ၊ နောက်ပိုင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဟိုက်ပါအလာဂျစ် ခံစားခဲ့ ရပါတယ်။ ဘီယာသောက်တော့ ဘီယာဗိုက်ဖြစ်လာတယ်၊ သတင်းစာတွေထဲက ဓာတ်ပုံတွေထဲမှာ ကိုယ့်ဘီယာဗိုက်ကို ပြန်မြင်ရတယ်။ ဒီတော့ ဂေါ့(ဖ်) ပိုရိုက်ပေးရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အချိန်တိုတိုနဲ့ လိုအပ်တဲ့လေ့ကျင့်ခန်းပြီးအောင် ပြေးခြင်းနဲ့ရေကူးခြင်းကို ပြောင်းလုပ်ခဲ့ပါတယ်။ အခုတော့ တစ်နေ့သုံးကြိမ် လမ်းလျှောက်တဲ့ စက်ပေါမှာ လျှောက်ပါတယ်၊ မနက်ပိုင်းမှာ (၁၂ )မိနစ် နေ့လည်စာစားပြီး (၁၅) မိနစ်၊ ညစာစားပြီး ( ၁၅) မိနစ်ပါ။ ညစာမစားခင် ( ၂၀-၂၅ )မိနစ်ကြာအောင် ရေကူးတတ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေမလုပ်ပဲ ကျွန်တော့်ရဲ့ ခန္ဒာကိုယ်ဟာ၊ ဒီအနေအထား အတိုင်း ရှိနေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းပါ။





လူတွေနဲ့တော့ အတွေ့အဆုံ မပြတ်ပါဘူး။ ကိုယ့်ရဲ့အမြင်ကို ကျယ်ပြန့်စေချင်တယ်ဆိုရင် လူတွေနဲ့ အဆက်အသွယ် ပြတ်လို့လည်းမရပါဘူး။ စင်္ကာပူမှာရှိနေတဲ့ လူတွေအပြင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တစ်ခါတစ်ခါ တရုတ်ပြည်၊ ဥရောပနဲ့ အမေရိကားက လူတွေနဲ့လည်း တွေ့ဆုံပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့သာမက ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်က လူတွေ၊ ဂျာနယ်လစ်တွေ၊ သာမာန်လူတွေနဲ့လည်း တွေ့ဆုံနိုင်ဖို့ကြိုးစားပါတယ်။ လေယဉ်အကြာကြီးစီးရင် ခြေထောက်ယောင် တတ်လို့ နိုင်ငံခြားခရီးစဉ်တွေကိုတော့ လျော့ချလိုက်ပါတယ်။ အထူးသဖြင့် အမေရိကန် ခရီးစဉ်မျိုး ပေါ့။ ၂၀၁၂ ခုနှစ်အထိ အာရှရဲ့ အနာဂတ် ကွန်ဖရင့် (The Future Of Asia Comference )မှာ တက်ရောက်စကားပြောဖို့ တစ်နှစ်တစ်ကြိမ် ဂျပန်ကိုပုံမှန် သွားခဲ့ပါတယ်။ ဒီကွန်ဖရင့်ကို ဂျပန်မီဒီယာ တစ်ခုဖြစ်တဲ့ Nikkei (Nihon Keizai Shimbun )က ဦးဆောင် ကျင်းပတာဖြစ်ပြီး အခုဆိုရင် ၁၉ ကြိမ် မြောက်ရှိပါပြီ၊ တရုတ်ပြည်ကိုလည်း တစ်နှစ်တစ်ကြိမ်တော့ ပုံမှန်သွားဖြစ်ပါတယ်။ ဘေကျင်းကိုတော့ လေထုညစ်ညမ်းမှုကြောင့် သိပ်မသွားချင်ပါဘူး၊ ဒါပေမဲ့ နိုင်ငံခေါင်းဆောင်တွေက ဘေကျင်းမှာ ဆိုတော့ သူတို့နဲ့တွေ့ဖို့ဆိုရင် သွားကိုသွားရတယ်။ ဂျေပီမော်ဂန် အပြည်ပြည်ဆိုင်ရာ ကောင်စီ ကတော့ ကျွန်တော့်ကိုဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်နှစ်ပတ်လည် အစီးအဝေးကို စင်္ကာပူမှာ ကျင်းပ ပေးခဲ့ပါတယ်။ တိုတယ်(လ်)အကြံပေးအဖွဲ့ အစီးအဝေးကလည်းအလားတုပါဘဲ။ ပြင်သစ်ကို သွားရတာမျိုးကတော့ ပြသနာမရှိပါဘူး၊ ၁၂ နာရီကြာ ဒါရိုက်လေယဉ်အဲယားဘတ်(စ်)၃၈၀ နဲ့ဆိုတော့ အဆင်ပြေပါတယ်။ အသွားအပြန် အတူတူပါပဲ။ ဒါပေမဲ့နယူးယောက်ကို သွားဖို့ကတော့ အတော်ကြီး ပင်ပန်းလွန်းပါတယ်။ အဓိကကတော့ အချိန်ကွဲပြားနေမှုကြောင့်ပါ။ နိုင်ငံခြားခရီးတွေထွက်ခြင်းကြောင့် ကျွန်တော့်အမြင်တွေလဲ ပိုကျယ်လာပါတယ်။ အခြားနိုင်ငံတွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်လာတယ်ဆိုတာ တွေ့မြင်ရတယ်။ ဘယ်နိုင်ငံမှ တစ်သမှတ်တည်းရှိမနေပါဘူး။ လန်ဒန်နဲ့ပဲရစ်(စ်) မြို့တော်တွေမှာ လည်း အပြောင်းလဲတွေ အမြဲတစေတွေမြင်ရပါတယ်။ အစိုးရအဖွဲ့ထဲမှာ မပါဝင်တော့ဘူးဆိုတော့ သတင်းမေးခံရမှုတွေ နည်းပါးသွားသလို အပြောင်းအလဲလုပ်ဖို့ ဖိအားတွေလည်း လျော့ပါးသွား ပါတယ်။ ဒါကြောင့် ၀န်ကြီးအများစုက သဘောတူရင် ကျွန်တော့်အနေနဲ့လည်း သဘောတူပေးလိုက် တာများပါတယ်။ သူတို့နဲ့ဆန့်ကျင်တဲ့ အယူအဆကို အခု ပြောခဲပါတယ်။ အနည်းဆုံးတော့ ကျွန်တော် ကိုယ်တိုင် အစိုးရအဖွဲ့ထဲပါဝင်ပြီး စီးဝေးပွဲတွေ တက်စဉ်တုန်းကထက် အများကြီး လျော့နည်းသွားတာ အမှန်ပါ။ အဲဒီ အချိန်တွေ တုန်းကတော့ ငြင်းခုံဆွေးနွေးမှုတွေထဲမှာ အင်ပြည့်အားပြည့် ပါဝင်ခဲ့ ပါတယ်။

ဆက်ရန်

Post a Comment