သူ့လက်မှတ်နဲ့စာ


၁။ ဂျာနယ်ရဲ့သတင်းဖော်ပြပုံက မြန်မာတွေ မူးပြီးရမ်းတတ်လို့ မြန်မာတွေ အ တွက်ပဲ စင်္ကာပူရှိ မြန်မာသံရုံးက ဥပဒေထုတ်ထားသလိုလိုပဲ။ (Cho Cherry Myint က ဒီအာဘော်အတိုင်းပဲ ရေးထားပါတယ်)
၂။ သံရုံးက တရားဝင်ထုတ်ပြန်ထားတဲ့စာကျပြန်တော့ မြန်မာစာ အရေးအသား က ညံ့လွန်းတယ်။

"စင်ကာပူနိုင်ငံ၌ အရက်သေစာ (သောက်သုံးခြင်းအား) အများပြည်သူ သက်ဆိုင် ရာ နေရာများ၌ (သောက်သုံးခြင်းကို) ည ၁၀၃၀ နာရီမှ နံနက်၀၇၀၀ နာရီအထိ (ပိတ်ပင်ကန့်သတ်) ထားမည်ဖြစ်ကြောင်း သိရှိရပါ သဖြင့်" တဲ့။

အမြန်ရေး၊ အမြန်တင် ဖေ့စ်ဘုတ်စတေးတပ်ဆို ပြောစရာမလိုပေမဲ့ အစိုးရရဲ့ တရားဝင်ထုတ်ပြန်စာမို့ ပြောရဦးမယ်။ ဝါကျတိုတိုလေးထဲမှာ သောက်သုံးခြင်းနှစ်ခါထပ်ရေးပြီး ရှုပ်နေတယ်။ " ည ၁၀၃၀ နာရီမှ နံနက်၀၇၀၀ နာရီအတွင်း စင်ကာပူနိုင်ငံ အများပြည်သူ သက်ဆိုင်ရာ နေ ရာများ၌ အရက်သေစာ သောက်သုံးခြင်းကို" ဆိုရင် ပိုရှင်းမယ်။

နောက်ပြီး "ပိတ်ပင်ကန့်သတ်" တဲ့။ ပိတ်ပင်ပြီးမှတော့ ကန့်သတ်ဖို့ လိုသေးသ လား။ ဖြစ်သင့်တာက "ကန့်သတ်ပိတ်ပင်" ပါ။ လုံးဝပိတ်ပင်တာမျိုး မဟုတ်၊ အကန့်အသတ်နဲ့ပိတ်ပင်လိုက်တဲ့သဘော။
(ဓာတ်ပုံတွေက Ashin Ponnyavamsa နဲ့ Cho Cherry Myint ဝေါပေါ်က ယူထားတာပါ။)
*************************************************************************

ဒါနဲ့ စကားမစပ် ကော်မတီအစည်းအဝေးက ဆုံးဖြတ်တဲ့အတိုင်း အလုပ်ပြီးရင် ဒီနေ့ ဘယ်နေရာတွေမှာ သန့်ရှင်းရေးလုပ်ဖြစ်တယ်ဆိုတာကို အမှန်ခြစ်ပေးပြီး လက်မှတ်ပါထိုးခဲ့ဖို့ ဂါးဒင်းနားကိုပြောတော့ လက်မှတ်ထိုးဆို သူ ထိုးပေးမယ်၊ သူစာမဖတ်တတ်လို့ ဘာမှတော့ မသိဘူးလို့ ပြောရှာတယ်။ သူက စလုံး စီတီဇင် ပဲ။ စိတ်မကောင်းတောင် ဖြစ်ရတယ်။
ဘာမှန်းမသိဘဲ လက်မှတ်အထိုးခိုင်းရတာကလည်း အူကြောင်ကြောင်မို့လား။ ဒါဆိုလည်း လက်မှတ်ထိုးမနေပါနဲ့လို့ပဲ ပြောလိုက်ရတယ်။ သူ့လက်မှတ်နဲ့စာ သူတော့နားလည်မှပေါ့။

Post a Comment