နေပြည်တော်က ဒကာကြီး သို့


ဒီမနက် သမ္မတကြီးဦးသိန်းစိန်နဲ့ အင်တာဗျူးဆောင်းပါး အရှည်ကြီး စထရိတ်တိုင်းမ်းမှာ ပါလာတယ်။
အကြောင်းအရာလည်း တော်တော်စုံတယ်။ ဘာသာရေး သည်းခံစိတ်နည်းမှုကို ခပ်ဖိဖိပြောသွားတယ်။
ရွာကပြန်ရောက်စမို့ အမှတ်တရရှိနေဆဲ မိုဗိုင်းဖုန်းကိစ္စလေးကိုပဲ ဆွဲထုတ်လိုက် ပါတယ်။
သူတို့ တာဝန်ယူစဉ်က မိုဗိုင်းဖုန်းသုံးစွဲသူ သုံးရာခိုင်နှုန်း၊ အခု သုံးဆယ် ရာခိုင်နှုန်း။ နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲ လာနိုင်၊ အဲလို။

တကယ်က ဖုန်းကတ် သူများဝယ်ပေးလို့ အိုင်ပက်လေးထဲထည့်ပြီး ဖေ့စ်ဘုတ်သုံး တယ်။ သုံးရက်အကြာ ပို့စ်တိုနံ့နံ့ နည်းနည်းတင်အပြီး ငါးထောင်ဖိုးချောသွား တယ်။ အဝိုင်းလည်ခက ဈေးကြီးတာကိုး။
"နယ်စွန်နယ်ဖျား ကျေးလက်ကလူတွေအထိ အခု မိုဗိုင်းဖုန်း သုံးစွဲလာနိုင်" သုံးနိုင်တာက ဟုတ်တယ်။ ရွာမှာ ဘယ်လိုင်းမှ မတက်ဘူး။ ဖုန်းကတ်အလှူရှင်တွေက စိတ်ပူလို့။
ဒါနဲ့ ရန်ကုန်ပြန်ရောက်တော့ တစ်သောင်းဖိုး ထပ်ထည့်တယ်။ ခါးတောင်းကျိုက်ပြီးတင်တော့ ပုံတချို့လည်း တက်သွားတယ်။ ရွာမှာတက်သွားတဲ့ပို့စ်လေးတွေက တစ်သောင်းခွဲဖိုး။

စတက်တစ်စတစ်ကို ကွာလတီနဲ့ကပ်ထားမှ အဆင်ပြေမယ် ထင်တယ် နေပြည်တော်က ဒကာကြီးရယ်။

Post a Comment