ခြေသလုံးကြောပေါ်စိုက်တဲ့ အပ်နှစ်ခြောင်း


ဤစာသည်မထူးခြားပါ။ အစာအိမ်ပြသနာဖြင့်
လချီပြီး တအီအီခံစားခဲ့ရ
ကွမ်းဖြတ်ပါဟု လူတိုင်းပြောကြ
ဆန်ပြုတ် သုံးပတ်ကျော်သောက်ခဲ့ရ
ကိုယ်အလေးချိန် ငါးပေါင်ခန့် ကျခဲ့ရ
အနောက်တိုင်းဆေးများ ရက်ရှည်သောက်ခဲ့ရပြီးနောက် မယုံ့တယုံဖြင့် တရုတ် ဆရာဝန်ဆီရောက်သွားခဲ့ရသည်။
သူက လက်ကောက်ဝတ်ကို စမ်းသည်။ အစာအိမ် အားနည်းတာလို့ ဆိုသည်၊ အစာအိမ်ကို အပူပေးပြီး အတွင်းက ကလီစာများကို နေသားတကျဖြစ်အောင် ပြင်ဆင်ပေးမည်ဟုဆိုကာ ဝမ်းဗိုက်ကို အနည်းငယ် နှိပ်ပေးသည်။
ထို့နောက် အပ်စိုက်မယ်ဟုဆိုက ခြေသလုံးအပြင်ကြောပေါ် အပ်လေးနှစ်ခြောင်း စိုက်ထည့်လိုက်သည်။ ထူးဆန်းသည်က ထို အပ်လေးနှစ်ခြောင်း ဝင်သွားက တည်းက ဝမ်းဗိုက်ထဲမှာ ယားကျိကျိခံစားလိုက်ရပြီး အဆင်ပြေသွားတော့သည့်။
မကြုံဖူးသဖြင့် ထူးရသည်။ ထိုအပ်လေးနှစ်ချောင်း၏အစွမ်း မသေးလှ။ ကျေးဇူးကြီးလှ၏။ ယခု ဆန်ပြုတ်သောက်စရာ မလိုတော့။


လိပ်စာ။   ။ Advance TCM Clinic. Selegie Road. B1-08. PoMo. Singapore. 188306.

Remind me!



ဘော့စ်တွန်ထောင်ထဲက ဘာဝနာသင်တန်း


TEDxBoston - Jenny Phillips - The Only Way Out is In
by TEDx Talks


"ထောင်သားတွေလည်း မလုံခြုံ၊ ထောင်ဝန်ထမ်းတွေလည်း မလုံခြုံ၊ ဒီလို အခြေအနေမျိုးမှာ ပျံ့နှံ့လာနေတဲ့ အခြေခံကျကျအယူအဆက တရား ရှုမှတ်ခြင်းအားဖြင့် အကူအညီဖြစ်စေမယ်ဆိုတာဖြစ်ပါတယ်"
ဗုဒ္ဓဘာသာရဲ့ ရှေးဟောင်းအဆုံးအမတွေဖြစ်တဲ့ သမထ ဝိပသနာသင် တန်းတွေပေးခြင်းအားဖြင့် ကိုယ့်အဇ္ဈတ္တကိုရှုမြင်နိုင်ခြင်းနဲ့ တာဝန်ယူမှု အသိစိတ်ကို တိုးပွားစေနိုင်တယ်။
Jenny Phillips (Psychotherapist)

"Nobody felt safe; the prisoners weren't safe, the staff weren't safe...A radical idea began to spread: maybe meditation could help."



Psychotherapist Jenny Phillips describes how the tranquility of ancient Buddhist meditation at a maximum-security correctional facility helps prisoners emerge from a rigorous Vipassana program with a renewed self-image and a greater sense of personal responsibility.

In the spirit of ideas worth spreading, TEDx is a program of local, self-organized events that bring people together to share a TED-like experience. At a TEDx event, TEDTalks video and live speakers combine to spark deep discussion and connection in a small group. These local, self-organized events are branded TEDx, where x = independently organized TED event. The TED Conference provides general guidance for the TEDx program, but individual TEDx events are self-organized.* (*Subject to certain rules and regulations)

စိန်ခေါ်မှုများ ပြောင်းလဲခြင်း


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

"ဒီလှုပ်ရှားမှုကြီးက “အစ္စလာမ်ဟာ ကိုယ်ကျင့်တရား၊ အိုင်ဒင်တတီ၊ ဘ၀ အဓိပ္ပါယ်နဲ့ ယုံကြည်မှု ပြဿနာတွေရဲ့ ‘အဖြေ’ ဖြစ်နေမယ့်” လူမှုရေးတရား မမျှ တမှု၊ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး နောက်ကောက်ကျမှု၊ စစ်အင်အားကျဆင်း မှု ပြဿနာတွေရဲ့ ‘အဖြေ’ မဟုတ်ဘူးဆိုတာ ပြသသွားလိမ့်မယ်။ ဒီလိုသာ ကျရှုးံ သွားရင်း နိုင်ငံရေးအမြင် မကြည်လင်မှုတွေ ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက် အဖြေ တစ်ခုကို ရှာကောင်းရှာလာနိုင်ကြလိမ့်မယ်။ ဒီလိုရှာလာရင်းနဲ့ အစ္စ လာမ်ကျရှုံးခြင်းဟာ အနောက်တိုင်းကြောင့်ဆိုပြီး အနောက်ဆန့်ကျင်ရေး (မုန်းတီးရေး)၀ါဒတွေလည်း အားကောင်းချင် ကောင်းလာနိုင်ပြန် ပါတယ်" (ဟန်တင်တန်)

img source

ဘယ်နိုင်ငံမှ ခေါက်ချိုးတက် စီးပွားရေးနှုန်းကို ထိန်းမထားနိုင်ဘူး။ အာရှ
တိုက် စီးပွားရေး တိုးတက်မှုနှုန်ဟာ ၂၁ ရာစု အဦးပိုင်း တချိန်ချိန်မှာ ညီမျှ (တန့်)သွား လိမ့်မယ်။ ဂျပန်ရဲ့ စီးပွားရေ တိုးတက် မှုနှုန်းဟာ ၁၉၇၀ ခုနှစ်ေ တွ ရောက်တော့ ရပ်တန့်သွားပြီး အဲဒီနောက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေရဲ့ စီပွားရေးတိုးတက်မှုနှုန်ထက် သိသိသာသာကြီး ကျော် တက်မသွားတော့ပါဘူး။ ဒီနောက် “စီးပွားရေးမှော်အောင်သွားတဲ့” အာရှနိုင် ငံတွေရဲ့ စီးပွားရေး ရပ်တန့်သွားမှု တစ်နိုင်ငံပြီး တစ်နိုင်ငံ ကြုံတွေ့ရပြီး ဒီနောက်မှာတော့ ပုံမှန်စီးပွားရေး ရပ်တည်နိုင်ဖို့ “ဘက်စုံစီးပွားရေး” စနစ်ကို အာရုံစိုက် ထုတ်ကြရတော့မယ်။
`
အလားတူပါပဲ၊ ဘယ် ဘာသာရေး နိုးထခြင်း၊ ဘယ် ယဉ်ကျေးမှုလှုပ်ရှားမှုမှ ထာဝရမခံနိုင်ပါဘူး။ တချိန်ချိန်မှာ တော့ အစ္စလာမ်ဘာသာနိုး ထခြင်း လည်း ပြေလျော့သွားပြီး၊ သမိုင်းထဲမှာပဲ ရှိနေပါတော့ မယ်။ ဖြစ်နိုင်ခြေ အရှိ ဆုံးကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးပွားလာတဲ့ လူဦး ရေ အားလျော့သွားချိန် ၂၁ ရာစုရဲ့ ဒုတိယနဲ့ တတိယ ဆယ်စုနှစ် တွေထဲမှာပါပဲ။ အဲဒီအချိန်ရောက်ရင် စစ်သွေးကြွရာထူး အဆင့်တွေ၊ စစ်တပ်ရာထူး အဆင့်ေ တွ၊ သူများနိုင်ငံထဲ ၀င်ရောက် နေထိုင်မှုတွေ ပျောက်ဆုံးသွားလိမ့်မယ်။ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေကြားက တင်းမာမှုတွေ (အခန်း ၁၀ မှာ ရှုပါ)လည်း လျော့ကျဟန်ရှိပါတယ်။ အစ္စလာမ်နဲ့ အနောက်ရဲ့ ဆက်ဆံရေးက ရင်းနှီးလားစရာ မရှိပေမဲ့ ပဋိပက္ခတွေတော့ လျော့သွားမယ်။ ဒီနောက် စစ်ပွဲ (အခန်း-၉ ကိုရှုပါ) ဟာ “စစ်အေး” ဒါမှမဟုတ် “အေးစက်စက်ငြိမ်းချမ်းရေး” ကိုတောင် လမ်းကြောင်း ဖွင့်ကောင်းဖွင့်ပေးလိုက်ပါလိမ့်ဦးမယ်။

အာရှရဲ့စီးပွားရေးတိုးတက်မှုက သူတို့ကို ကြွယ်ဝခြင်း အမွေအနှစ် ချန် ထားပေးခဲ့မယ်။ ပိုပြီးအရောင် အသွေး စုံလာတဲ့ ဘက်စုံစီးပွားရေး၊ နိုင်ငံ တကာကူးလူးဆက်ဆံရေး၊ ပိုပြီးချမ်းသာတဲ့ ဘူဇွာလူတန်းစား၊ ကောင်းကော င်းနေနိုင် ထိုင်နိုင်တဲ့ လူလတ်တန်းစားတွေကို အမွေပေးထားခဲ့မယ်။ ဒီအချက်တွေက ဒီထက်ပိုတဲ့ ဗဟုဝါဒနဲ့ ပိုလွတ်လပ်လာတဲ့ ဒီမိုကရေစီ စနစ် ဆီကိုလည်း ခေါ်ဆောင်ကောင်းခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အနောက်ပုံစံအတိုင်း ဖြစ်နေစရာ တော့ လိုမယ်မဟုတ်ပါဘူး။ စွမ်းအား တိုးပွားလာတာနဲ့အမျှ နိုင်ငံတကာ ရေးရာတွေမှာ အာရှရဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာ အောင် တည်ဆောက်ယူပြီး အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှုတွေနဲ့ ကမ္ဘာ့ရေစီးထဲကို ၀င်ရောက်လာနိုင်ဖို့ ကြိုးစားလာ ကြမယ်။ အနောက်ဟန် အနောက်ဓလေ့ မဟုတ်တဲ့ နိုင်ငံတကာ အင်စတီကျူးရှင်းတွေ ပုံစံအ သစ် ပြန်ဖော်လာကြ လိမ့်မယ်။

အစ္စလာမ်ဘာသာ နိုးထခြင်းကတော့ ပရိုတက်စတစ် ပြုပြင်ပြောင်းလဲရေး နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ သူတို့လည်း သမိုင်းမှာ အရေးကြီးတဲ့ အမွေ အနှစ် ချန်ထားခဲ့နိုင်မှာပါ။ သူတို့အချင်းချင်း တူညီတာတွေ၊ မွတ်စလင်မ
ဟုတ် သူတွေနဲ့ သူတို့ကြားက ခြားနားချက်တွေကို သူတို့ ပိုသဘောပေါက် လာပြီး ဒီလူငယ်ထုကြီးရဲ့ နေရာကို ဆက်ခံလာမယ့် ခေါင်းဆောင်တွေက အခုလူငယ်တွေလောက် ဘာသာရေးအစွဲကြီးနေမယ် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အစ္စလာမ်ဘာသာ အပေါ်ကိုတော့ ပိုပြီးလုပ်ဆောင်ပေးလာနိုင်စရာ ရှိပါတယ်။ ဒီအချိန်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ပိုအားကောင်းလာမယ်။ အစ္စ လာမ်လှုပ်ရှားမှုကြီးက အစ္စလာမ်မစ် လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ အပြန်အလှန်ဆက်သွယ်မှု နဲ့ သူတို့နိုင်ငံတွေထဲက နိုင်ငံရေး အဖွဲ့အ စည်းတွေ၊ ပြင်ပကမ္ဘာက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု အမွေအနှစ် ချန်ထားခဲ့နိုင်လိမ့်မယ်။

နောက်ပြီး ဒီလှုပ်ရှားမှုကြီးက “အစ္စလာမ်ဟာ ကိုယ်ကျင့်တရား၊ အိုင်ဒင် တတီ၊ ဘ၀အဓိပ္ပါယ်နဲ့ ယုံကြည်မှု ပြဿနာတွေရဲ့ ‘အဖြေ’ ဖြစ်နေမယ့်” လူ မှုရေးတရားမမျှတမှု၊ နိုင်ငံရေးဖိနှိပ်မှု၊ စီးပွားရေး နောက်ကောက်ကျမှု၊ စစ်အင်အားကျဆင်းမှု ပြဿနာတွေရဲ့ ‘အဖြေ’ မဟုတ်ဘူးဆိုတာ ပြသသွား လိမ့်မယ်။ ဒီလိုသာ ကျရှုးံသွားရင်း နိုင်ငံရေးအမြင် မကြည်လင်မှုတွေ ဖြစ်ေ ပ်ါလာပြီး ဆန့်ကျင်ဘက်အဖြေတစ်ခုကို ရှာကောင်းရှာလာနိုင်ကြလိမ့်မယ်။ ဒီလိုရှာလာရင်းနဲ့ အစ္စလာမ်ကျရှုံးခြင်းဟာ အနောက်တိုင်းကြောင့်ဆိုပြီး အေ နာက်ဆန့်ကျင်ရေး(မုန်းတီးရေး)၀ါဒတွေလည်း အားကောင်းချင် ကောင်း လာနိုင်ပြန် ပါတယ်။ နောက်တစ်ချက်ကတော့ တကယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား စီးပွားရေးက ဒီ အရှိန်အဟုန်အတိုင်းပဲ ဆက်ရှိ နေမယ်ဆိုရင် အနောက်တိုင်း မော်ဒယ်နဲ့ အာရှတိုက်မော်ဒယ်ကို ပေါင်းစပ်ပြီး အနောက် ကိုယှဉ်ပြိုင်နိုင်ဖို့ "အစ္စလာမ်မစ် မော်ဒယ်” တစ်ခု ထုတ်ပေးကောင်း ပေးနိုင် ပါလိမ့်မယ်။

ဘယ်နေရာမျိုးမှာမဆို အာရှရဲ့စီးပွားရေး တိုးတက်လာမှုကြောင့် အနောက် တိုင်း လွှမ်းမိုးထားတဲ့ နိုင်ငံတကာ ရေးရာတွေ(လာမယ့် ၁၀ စုနှစ်တွေ အတွင်း)မတည်မငြိမ်ဖြစ်စေလိမ့်မယ်။ တရုတ်စီးပွားရေးသာ ဒီနှုန်းအတိုင်းပဲ ဆက်ရှိနေ ဦးမယ်ဆိုရင် စီဗီလိုက်ဇေးရှင်းကြီးတွေရဲ့ အကြား ပါဝါအပြောင်း အလဲ အကြီးအကျယ်ဖြစ်လာနိုင်စရာရှိပါတယ်။ ဒါ့အပြင် အိန္ဒိယကလည်း စီးပွားရေး ရုတ်တရက်တိုးတက်လာပြီး နိုင်ငံတကာရေးရာတွေမှာ သြဇာ လွှမ်းနိုင်တဲ့ အဓိကယှဉ်ပြိုင်သူ တစ်ယောက်အနေနဲ့လည်း ပါဝင်လာနိုင် ပါသေးတယ်။ တစ်ချိန်ထဲမှာပဲ အစ္စလာမ်လူဦးရေတိုးပွားမှုက မွတ်စလင်နိုင် ငံတွေနဲ့ သူတို့အိမ်နီးနားချင်း နိုင်ငံတွေကြား မငြိမ်မသက်မှုတွေဖြစ်ပွားစေ ပါလိမ့်မယ်။ အလယ်တန်းပညာရေး အဆင့်သာရှိတဲ့ လူငယ်ထုကြီးက အစ္စလာမ်မစ်လှုပ်ရှားမှုကို အားကောင်းစေ၊ မွတ်စလင်စစ်သွေးကြွစစ်ဝါဒီတွေ တိုးပွားစေပြီး အခြားနိုင်ငံ ထဲ ၀င်ရောက်နေထိုင်မှုတွေလည်း ဆက်လက် တိုးပွားနေပါလိမ့်မယ်။

အကျိုးဆက်အနေနဲ့ ၂၁ ရာစု အဦးပိုင်းကာလတွေမှာ အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်းတွေရဲ့ပါဝါနဲ့ ယဉ်ကျေးမှု ဆက်လက် အားကောင်းလာနေပြီး အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှင်းတွေနဲ့ အနောက်စီဗီလိုက်ဇေးရှင်း အကြား ပဋိပက္ခတွေဖြစ်လာနိုင်သလို အနောက်မဟုတ်တဲ့ စီဗီလိုက်ဇေးရှ င်းတွေ အချင်းချင်းကြားမှာလည်း ပဋိပက္ခတွေဖြစ် လာနိုင် ဖို့ ရှိနေပါတော့ တယ်။

အခန်းငယ်(၅)ပြီးပြီ 

အစ္စလာမ်ဘာသာ နိုးထခြင်း(၄)


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

"ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့(သို့မဟုတ်)ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်"

၁၉၉၀ ခု စောစောပိုင်းနှစ်တွေမှာ ဆူဟာတို လက်ခံကျင့်သုံးလိုက်တဲ့ ပေါ် လစီက “မွတ်စလင်ပိုဆန်ရေး-More Muslim” ပေါ်လစီပါ။ ဘင်္ဂလားဒေ့(ရှ်)မှာလည်း ၁၉၇၀ ခုနှစ်တွေမှာရှိခဲ့တဲ့ အခြေခံ ဥပဒေထဲက အစ္စလာမ်မစ်ဥပဒေတွေ ဝင်ရောက် နေရာယူလာလို့ အရပ်သားဥပဒေတွေရဲ့ ထိရောက်မှု၊ အရေးပါမှုတွေလျော့ကျလာခဲ့ပြန်တယ်။ ၁၉၉၀ ခုနှစ်တွေ ရောက် လာတော့ တူရကီရဲ့ အစ္စလာမ်မဟုတ်တဲ့ (Kemalist) အာမန္တာဝါဒ အိုင်ဒင် တတီဟာ ပထမဆုံးအကြိမ်အဖြစ် အကြီး အကျယ် ခြိမ်းခြောက်မှု ခံနေရပါ တယ်။ (Note 30)
(Kemalist က ရှေ့အခန်းမှာ ပါ ပြီး၊ ခေတ်မီခြင်း၊ အနောက်တိုင်း ဆန်ခြင်း နှစ်မျိုးလုံး လက်ခံတဲ့အာမန္တာဝါဒ)

သူတို့ရဲ့ အစ္စလာမ်အပေါ် သဘောထားနဲ့ လုပ်ဆောင်ချက်ကို ထင်ရှားစေ ဖို့(အစ္စလာမစ်ခေါင်း ဆောင်တွေနဲ့ မွတ်စလင်ကမ္ဘာက သိလာစေဖို့) အစိုး ရခေါင်း ဆောင်တွေဖြစ်ကြတဲ့ အိုဇေး(လ်) (Ö zal) တို့၊ ဆူဟာတိုတို့၊ ကရီမော့(စ်) (Karimov) တို့လည်း မက္ကာဘုရားဖူးခရီးကို ခပ်သုတ် သုတ်လေး ထွက်ခဲ့ကြတော့တယ်။

မွတ်စလင်နိုင်ငံအစိုးရတွေကလည်း အစ္စလာမ်ဥပေဒတွေကို ကျင့်သုံးလာကြ တယ်။ အင်ဒိုနီးရှားမှာ အစ္စလာမ် မစ်ဥပဒေနဲ့ ကျင့်ထုံးတွေကို အရပ်သား ဥပဒေမူတွေနဲ့ရောယှက်ပြီး ကျင့်သုံးလာခဲ့သလို အထိုက်အလျောက် များပြား တဲ့ မွတ်စလင်မဟုတ်သူ လူဦးရေကိုကြည့်ပြီး မလေးရှားကလည်း အစ္စလာမ် မစ်ဥပေဒနဲ့ အစ္စလာမ်မစ်မဟုတ်တဲ့ ဥပဒေရယ် လို့ ဥပဒေနှစ်မျိုးခွဲပြီး တစ်စ ချင်းကျင့်သုံးလာတယ်။ (Note 31) ဗိုလ်ချုပ်ကြီး (Zia ul-Hag) အစိုးရ လက် ထက်မှာ ပါကစ္စတန်နိုင်ငံကလည်း တရားဥပဒေရေးရာမှာရော စီးပွားရေးရေး ရာမှာပါ အစ္စလာမ်ဘာသာနဲ့အညီဖြစ်စေဖို့ အကြီး အကျယ် အားစိုက်ထုတ် ခဲ့တယ်။
အစ္စလာမ်မစ် ပြစ်ဒဏ် စီရင်ခြင်းတွေကို စတင်ကျင့်သုံးလာခဲ့တယ်။ ရှာရီယား ဘာသာရေးတရား ဥပဒေအတိုင်း တရားခုံရုံးတွေထောင်ပြီး ရှာရီးယား (Sharia)ဥပဒေသည်သာ နိုင်ငံတော်ရဲ့ဥပဒေဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ တယ်။

အခြား ကမ္ဘာ့ဘာသာကြီးတွေရဲ့ ပြန်လည်ရှင်သန်ခြင်းလိုပါပဲ အစ္စလာမ် ဘာသာပြန်လည် နိုးထလာခြင်းကလည်း ခေတ်ဆန်(ခေတ်မီ)လာခြင်း(မော်ဒန်နိုက်ဇေးရှင်း)ရဲ့ထုတ်ကုန်တစ်ခုဖြစ်သလို ဒီအခွင့်အရေးကိုလည်း သူတို့ က အမိအရ ဖမ်းဆုတ်ယူနိုင်ကြတယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိက နောက် ခံအကြောင်းတရားကတော့ အနောက်မဟုတ်တဲ့ နိုင်ငံတွေရဲ့ “ယဉ်ကျေး မှုကိုယ်ပိုင်ပြုခြင်း” လမ်းကြောင်းအတိုင်း မြို့ပြစနစ် (တည်ထောင်နေထိုင်)၊ လူမှုရေးသက်ဝင်လှုပ်ရှားမှု၊ စာတတ်မြောက်မှုနှုန်းမြင့်မားလာမှုနဲ့ ပညာရေး အဆင့်မြင့်မားလာမှု၊ ထိတွေ့မှုများ လာတဲ့ ဆက်ဆံရေးနဲ့ မီဒီယာအသုံးပြုမှု၊ အနောက်တိုင်းနဲ့ အခြားယဉ်ကျေးမှုတွေကြား အပြန်အလှန် ဆက်ဆံရေး ကျယ်ပြန့်လွယ်ကူလာမှုတွေပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် မိရိုးဖလာကျေးလက်အခြေခံ လူမှုဆက်ဆံေ ရးတွေ၊ မိသားစု သံယောဇဉ်တွေ နည်းပါးလာပြီး တန်ပြန်အကျိုးဆက်အနေနဲ့ အထီးကျန်ဆန်မှု၊ ကိုယ်ပိုင်အမှတ်အသား(အိုင်ဒီတတီ) ပျောက်ဆုံးမှုတွေ ဖြစ် လာခဲ့ကြရတယ်။ အစ္စလာမ်မစ်သင်္ကေတတွေ၊ လုပ်ဆောင်မှုတွေနဲ့ အစ္စလာမ် ယုံကြည်မှုတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေကို ဖြည့်ဆည်းပေးနိုင် ပြီးအစ္စလာမ်မစ်လူမှုကူညီရေးအဖွဲ့တွေက မော်ဒန်နိုက် ဇေးရှင်းကြောင့်
ဖြစ်ပေါ်လာခဲ့ တဲ့ မွတ်စလင်တွေရဲ့လူမှုရေး၊ ယဉ်ကျေးမှုနဲ့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြတယ်။
အခုတော့ မွတ်စလင်တွေ က ခေတ်သစ် ကမ္ဘာအတွက် အစ္စလာမ်ရဲ့ လမ်းညွှန်မှုနဲ့ မောင်းနှင် အားရရှိစေဖို့အစ္စလာမ်မစ် အတွေး အခေါ်တွေ အကျင့်တွေနဲ့ စည်းကမ်းဥပဒေတွေကို ကမ္ဘာထဲ ဖြန့်ဝေပေးရမယ်လို့ ခံစား ယုံကြည်နေကြတော့တယ်။ (Note 32)
အစ္စလာမ်ဘာသာ ပြန်လည်အားကောင်းလာခြင်းဟာ ရှေ့မှာတင်ပြခဲ့သလို “အနောက်ရဲ့ ပါဝါနဲ့ ဂုဏ်သိက္ခာ" ကျဆင်းလာမှုလည်း ပါဝင်ပါတယ်။ အနောက်ရဲ့ ဂုဏ်သိက္ခာ တစချင်း ဆုတ်ယုတ်မှေးမှိန်လာတော့ သူတို့ အတွေး အခေါ်နဲ့သူတို့စည်းကမ်းတွေကလည်းဆွဲဆောင်မှု မရှိတော့ဘူး။ ဒီထက်ပိုပြီး တိကျတဲ့အကြောင်းကတော့ ၁၉၇၀ ခုနှစ် တွေမှာ ရေနံဈေးတွေ ရုတ်တရက်ထိုးတက်သွားခြင်းပါပဲ။ ဒါကြောင့် မွတ်စလင်နိုင်ငံ အများစု ဟာ ကြွယ်ဝချမ်းသာမှုရော အာဏာပါ တဟုန်ထိုး ထိုးတက်သွားပြီး တချိန်က အနောက်တိုင်းရဲ့ အလွှမ်းမိုးခံ၊ လက်အောက်ခံနိုင်ငံတွေ ဘ၀က နေ လွတ်မြောက်သွားကာ တစ်ကျော့ပြန် ခေါင်းထောင်လာနိုင်ခဲ့ကြတော့တယ်။ အဲဒီ အချိန်တုန်းက ဂျွန်ဘီကယ်လီ (John B-Kelly)က ဒီလိုကောက်ချက်ချ တယ်။
“ဆော်ဒီတွေအတွက် သူတို့ကိုဖိနှိပ်ခဲ့တဲ့ အနောက်ကို ပြန်လည်လက် စားချေလိုက် နိုင်တော့ ကျေနပ်မှုနှစ်ဆတောင်ရခဲ့ကြတယ်ဆို သံသယ ရှိစ ရာမလိုပါဘူး။ ဆောဒီအာရေးဗျရဲ့ လွတ်လပ်ရေးနဲ့ ပါဝါကို ထုတ်ဖော်ပြ လိုက်ရုံတင်မကပဲ ဆန္ဒရှိနေခဲ့တဲ့အတိုင်း ခရစ်ယန်ကိုသူတို့ အထင်မကြီးဘူး၊ အစ္စလာမ်က ဘာသာတရား အားလုံးထက်သာတယ်ဆိုတဲ့ သဘောထား ကိုလည်းထုတ်ပြနိုင်ခဲ့ကြတယ်။ ရေနံချမ်းသာတဲ့ မွတ်စလင် နိုင်ငံတွေရဲ့ အပြုအမူက “သူတို့သမိုင်း၊ သူတို့ဘာသာရေး၊ သူတို့လူမျိုးရေးနဲ့ သူတို့ ယဉ်ကျေးမှုတွေကိုကြည့်ရင် အနောက်တိုင်း ခရစ်ယန်ဟာ အရှေ့က အစ္စလာမ်အောက်မှာပဲ ရှိတယ်ဆိုတဲ့ သဘောမျိုးအထိပြသရဲလာကြတဲ့ သဘောမျိုးတွေပါ။” (Note 33)

ဆော်ဒီ၊ လစ်ဗျားနဲ့ အခြားအစိုးရတွေက ရေနံကရလာတဲ့ သူတို့ချမ်းသာကြွယ် ၀မှုတွေကို အစ္စလာမ်ဘာသာ ပြန် လည် ရှင်သန်လာရေးအတွက် အသုံးပြု ကြတယ်။ နောက်ပြီး မွတ်စလင်တွေရဲ့ ကြွယ်ဝချမ်းသာမှုဟာ အနောက်တိုင်း ယဉ် ကျေးမှုကို ကျေနပ်သာယာနေရာကနေ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ထဲ စိမ့်ဝင်သွားအောင်မွေးစားယူလိုက်ရင်း တချိန်ထဲမှာပဲ အစ္စလာမ်ဘာသာ ဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုလည်း အစ္စလာမ်မဟုတ်တဲ့ လူ့အဖွဲ့ အစည်း တွေကြားပြသဖို့ စိတ်အားထက်သန်လာကြတော့တယ်။ အရင်က အနောက်တိုင်းရဲ့ ကြွယ်ဝ ချမ်းသာမှုကြောင့် အနောက် တိုင်းယဉ်ကျေးမှုဟာ သူများယဉ်ကျေးမှုတွေထက် သာတယ်ဆိုတဲ့ သက်သေ သာဓကဖြစ်ခဲ့ သလို ရေနံကြွယ်ဝမှုကြောင့် အစ္စလာမ်ရဲ့ သာလွန်မှုကိုလည်း ပြသနေသလို ထင်လာရပါတော့တယ်။

၁၉၈၀ ခုနှစ်တွေရောက်လာတော့ ရေနံဈေးနှုန်းတွေ ငြိမ်ဆင်းသွားပြီး ရေနံ က ပေးနေတဲ့ တွန်းအားတွေလျော့ သွားတော့ လူဦးရေတိုးပွားမှုနှုန်းက အားသစ်လောင်းပေးလိုက်ပြန်တယ်။ အရှေ့အာရှ တိုးတက် လာခြင်းဟာ အထင်ကရ မြန်မြန်ဆန်ဆန်ကြီးတိုးတက်လာတဲ့ စီးပွားရေး ကြောင့်ဖြစ်သလို အစ္စလာမ်ရဲ့ နိုးထလာခြင်းကိုလည်း အထင်ကရ တိုးပွား လာတဲ့ သူတို့ လူဦးရေက အလားတူ အားသစ်ပြန်လောင်းပေးနေပြန်တယ်။ ဘော်(လ်) ကန်ဒေသတွင်း နိုင်ငံတွေ၊ မြောက် အာဖရိကနဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေ နဲ့ အခြားအစ္စလာမ်မစ် နိုင်ငံတွေမှာ တိုးပွားလာနေတဲ့ လူဦးရေက အိမ်နီးနား ချင်း နိုင်ငံတွေထက် အများကြီးပိုများနေသလို ယေဘုယျ ခြုံကြည့်ရင် ကမ္ဘာ့ လူဦးရေတိုးပွားနေပုံထက်လည်း သာနေဆဲပါပဲ။
၁၉၆၅ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း တစ်ကမ္ဘာလုံးရဲ့ လူဦးရေဟာ ၃.၃ ဘီလီ ယံကနေ ၅.၃ ဘီလီယံအထိ တိုးပွား ခဲ့ပါတယ်။ မွတ်စလင်နိုင်ငံတွေရဲ့ နှစ် စဉ် လူဦးရေတိုးပွားမှုနှုန်းက အမြဲတန်း ၂.၀ ကို ကျော်နေပြီး မကြာမကြာ ၂.၅ ကို တောင် ကျော်သွားတတ်တယ်။ တချို့အချိန်တွေမှာ ဆိုရင် ၃.၀ ရာခိုင်နှုန်း အထိရှိတယ်။ ဥပမာအားဖြင့် ၁၉၆၅ နဲ့ ၁၉၉၀ ခု အတွင်း မဂ္ဂရပ် (ဘ်)ရဲ့ နှစ် စဉ်လူဦးရေ တိုးပွားနှုန်းက ၂.၆၅ ရာခိုင်နှုန်းရှိပြီး၊ ၂၉.၈ ဗီလီယံကနေ ၅၉.၀ ဗီလီယံ အထိ ရှိလာတယ်။
(Maghreb - အရပ်ဟာ အာဖရိက အနောက်ပိုင်း (သို့မဟုတ်) အာဖရိက အနောက် မြောက်ပိုင်းနဲ့ အီဂျစ် အနောက်ပိုင်း)

အယ်(လ်)ဂျီရီးယားရဲ့ လူဦးရေတိုးပွား မှုနှုန်းက ၃.၀ ရာခိုင်နှုန်းအထိရှိတယ်။ ဒီနှစ်တွေ အတွင်းမှာပဲ အီဂျစ်က ၂.၃ ရာခိုင် နှုန်းနဲ့ ၂၉.၄ ဗီလီံယံကနေ ၅၂.၄ ဗီလီယံ။ ၁၉၇၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း အလယ်ပိုင်းအာရှရှိ တာဂျစ် ကစ် စတန်က ၂.၉ ရာခိုင်နှုန်း ဥဇဘက်ကစ္စတန်က ၂.၆ ရာခိုင်နှုန်း၊ တာ့(က်) မင် နစ္စတန်က ၂.၅ ရာခိုင်နှုန်း၊ ကာဂျစ္စတန်က ၁.၉ ရာခိုင် နှုန်း၊ ကာဇက်စတန် ကတော့ ၁.၁ ရာခိုင်နှုန်းပဲရှိတယ်။ ဒါပေမဲ့ သူတို့(ကာဇက်စတန်)ရဲ့လူဦးရေ တစ်ဝက်လောက်က ရုရှားတွေပါ။ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတွေရဲ့ လူဦးရေတိုးပွားနှုန်းက နှစ်စဉ် ၂.၅ ရာခိုင်နှုန်းကျော်ပြီး၊ အင်ဒိုနီး ရှားက ၂.၀ ရာခိုင်နှုန်းကျော်တယ်။ ရှေ့မှာဖော်ပြခဲ့သလိုပါပဲ။ ယေဘုယျ မွတ်စလင် လူဦး ရေဟာ ၁၉၈၀ မှာ ကမ္ဘာ့ လူဦးရေရဲ့ ၁၈ ရာခိုင်နှုန်းရှိပြီး သက္ကရာဇ် ၂၀၀၀ မှာ ၂၀ ရာခိုင်နှုန်း ၂၀၂၅ ခုမှာ ၃၀ ရာခိုင်နှုန်း အထိ ရှိလာနိုင် စရာ ရှိပါတယ်။(Note 34)


မဂ္ဂရပ်(ဘ်)နဲ့ အခြားနေရာတွေက လူဦးရေတိုးပွားနှုန်းဟာ ထိပ်ဆုံး(အမြင့် ဆုံး)ကို ရောက်သွားခဲ့ပြီး အခုစတင် လျော့ကျလာနေတယ်။ ဒါပေမဲ့ ကျလာ တဲ့ နှုန်းထားနဲ့ဆိုရင်ပဲ လူဦးရေဟာ သိပ်များနေ ပါလိမ့်ဦးမယ်။ ပြီးတော့ ဒီလူဦးရေ တိုးပွားမှုက ၂၁ ရာစုရဲ့ ပထမ ၂၅ နှစ်အတွင်းမှာ သက်ရောက် မှုအများကြီးရှိနေလိမ့်မယ်။ များပြားလှတဲ့ ဆယ်ကျော် သက် တွေနဲ့ ၂၀ နဲ့ ၃၀ အကြား လူငယ်ထုရဲ့ လူဦးရေ အရေအတွက်ကို ထောက်ဆရင် လာမယ့်နှ စ်တွေအတွင်း မွတ်စလင် လူဦးရေဟာ အချိုးအစားမညီမျှစွာ လူငယ်တွေပဲ အများစုဖြစ်နေပါလိမ့်မယ်။ (အညွှန်း ၅.၂ ကိုကြည့်ပါ)။ ဒါ့အပြင် ဒီ အရွယ် လူငယ်ထုအများစုက မြို့ပြတွေမှာ နေထိုင်ပြီး အနည်းဆုံး အလယ်တန်း အဆင့်ပညာရေး ရှိနေကြလိမ့်မယ်။ ဒီလူ ဦးရေပမာဏနဲ့ လူထုလှုပ်ရှားမှု ပမာဏကို ပေါင်းလိုက်ရင် နိုင်ငံရေးအရ သိသာထင်ရှားတဲ့ အကျိုးဆက် သုံးခု ရှိလာနိုင်ပါတယ်။

တစ် ။ ။ လူငယ်တွေဟာ ဆန့်ကျင်မှုလုပ်ဖို့ လက်မနှေးတတ်ဘူး၊ တည်ငြိမ် ရင့်ကျက်မှု မရှိသေး၊ ပြောင်းလဲပြုပြင်ရေး နဲ့ တော်လှန်ရေးဝါဒ ရှိကြတယ်။ သမိုင်းကြောင်းအရကြည့်ရင် ဒီလောက်များပြားတဲ့ လူငယ်တွေခေတ်မှာ လှုပ် ရှားမှု ကြီးကြီးမားမားတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ပြောပြနေတယ်။ “ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးဟာ လူငယ်ထုရဲ့ လှုပ်ရှာမှုတွေထဲက အကောင်းဆုံး ဥပမာတစ်ခုပါ။” ဂျက်ဂိုး(လ်)စတုန်း (Jack Gold stone) က စေ့စေ့စပ်စပ်နဲ့ ဒီလို ဆွေးနွေးပြတယ်။ “လူဦးရေတိုးပွားမှုဟာ ယူရေးရှာ မှာ ဖြစ်ပွားခဲ့တဲ့ ၁၇ ရာစု အလယ်ခေတ်တော်လှန်ရေးနဲ့ ၁၈ ရာစု နှောင်း ပိုင်း တော်လှန်ရေး နှစ်ခုတို့ရဲ့ အဓိကအချက်တစ်ချက် ဖြစ်ပါတယ်။”(Note 35)

အနောက်တိုင်း နိုင်ငံတွေမှာ အထင်ကရ တိုးပွားလာတဲ့ လူငယ်လူဦးရေ ဟာ (၁၈) ရာစု နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ “ဒီမိုကရေစီတော် လှန်ရေး” နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ၁၉ ရာစု ထဲမှာတော့ အောင်မြင်တဲ့ စက်မှုစီးပွားရေးနဲ့ ဥရောပ နိုင်ငံတွေအတွင်း အပြန်အလှန်ဝင်ရောက်နေထိုင်လာခြင်းတွေေ ကြာင့် ဥရောပနိုင်ငံတွေမှာ လူငယ်ထုရဲ့ နိုင်ငံရေးပေါ် သက်ရောက်မှု လျော့ ကျသွားခဲ့တယ်။ ၁၉၂၀ ခုနှစ်တွေ အတွင်းမှာ လူငယ်လူဦးရေ တက်လာ ခဲ့ပေမဲ့ ဖက်ဆစ်ဝါဒနဲ့ အခြားအစွန်းရောက်ဝါဒ လှုပ်ရှားမှုတွေရဲ့ အဖွဲ့ဝင်သစ် စုဆောင်းမှုထဲ လူငယ်တွေပါသွားပြန်တယ်။ (Note 36)
နောက်နှစ်ေ ပါင်း ၄၀ ကြာတဲ့အခါမှာတော့ ဒုတိယကမ္ဘာစစ်အပြီး မွေးဖွား ခဲ့တဲ့ လူငယ်မျိုးဆက်က ၁၉၆၀ ခုနှစ်တွေ မှာဖြစ်ပွားခဲ့တဲ့ လမ်းပေါ်တက် ဆန္ဒပြခြင်းတွေနဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခု နိုင်ငံရေးလောကထဲ ချန်ထားခဲ့ကြပြန် တယ်။

အစ္စလာမ်ရဲ့ လူငယ်ထုကလည်း “အစ္စလာမ်ဘာသာ ပြန်လည်နိုးထခြင်း” နဲ့ သူတို့အမှတ်အသားကို ပြခဲ့ပြီးဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တွေမှာ လှုပ်ရှားမှုကြီး စတင်ခဲ့ပြီး ၁၉၈၀ ခုနှစ်တွေမှာ အရှိန်အဟုန်ကောင်းလာခဲ့တယ်။ အဓိက မွတ်စလင်နိုင်ငံတွေထဲက (၁၅ နှစ်နဲ့ ၂၄ နှစ်အတွင်း) လူငယ်အရေအတွက် ဟာသိသိသာသာကြီး တိုးပွားလာပြီး စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ကို ကျော်လွန်သွားခဲ့တယ်။ မွတ်စလင်နိုင်ငံ အများစုရဲ့ လူငယ်အရေအတွက် ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း အမြင့်ဆုံးကို ရောက်ခဲ့သလို ကျန်တဲ့ မွတ်စလင်နိုင်ငံတွေရဲ့ လူငယ်ထုက လည်း ၂၁ ရာစု အဦးပိုင်းမှာ အမြင့်ဆုံး ကိုရောက်လာပါလိမ့်မယ်။ (ဇယား ၅-၁ ကိုကြည့်ပါ) ခြွင်းချက်တစ်ခုက လွဲရင် စနစ်တကျ ပြင်ဆင်ထားခဲ့တဲ့ နိုင်ငံတိုင်းရဲ့ လူငယ်လူဦးရေဟာ သူတို့နိုင် ငံတွေမှာရှိတဲ့ စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာ ခိုင်နှုန်းထက် ကျော်နေမယ်။ ခြွင်းချက်တစ်ခုဆိုတာကတော့ ဆော်ဒီအာရေးဗျရဲ့ လူငယ်လူဦးရေဟာ ၂၁ ရာစုရဲ့ ပထမဆုံး ၁၀ နှစ် မှာ အမြင့်ဆုံးရောက်မယ်ဆိုတဲ့ ခန့်မှန်း ချက်လွဲ သွားပြီး ဒီထက်စောပြီး အမြင့်ဆုံးကိုရောက်သွားခြင်းပါ။

ဒီလူငယ် ထုကြီးဟာ အစ္စလာမ်မစ်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် တစ်တပ်တစ်အား ဖြစ်ခဲ့တယ်။ အီရန်နိုင်ငံရဲ့ လူဦးရေဟာ ၁၉၇၀ ခုနှစ်တွေအတွင်းမှာ အမြင့်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ ဒီကာလတွေရဲ့ နောက်ဆုံး ၅ နှစ်အချိန်အတွင်း လူငယ်လူဦးရေက စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ချိန်နဲ့ ၁၉၇၉ ခုနှစ်က အီရန် တော် လှန်ရေး ဖြစ်ပွားချိန်ဟာ တိုက်ဆိုင်မှုသက်သက်ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အယ်(လ်)ဂျီးရီးယားနိုင်ငံ မှာလည်း ၁၉၉၀ ခုနှစ်တွေ အတွင်း လူငယ်လူဦးရေ စုစုပေါင်း ၂၀ ရာခိုင်နှုန်းကို ရောက်ချိန်နဲ့ အစ္စလာမ်မစ် (F.I.S) ပါတီက လူကြိုက်များပြီး ရွေးကောက်ပွဲနိုင်ချိန် တိုက်ဆိုင်နေခဲ့တယ်။ အထူးအားဖြင့် အဲဒီ မွတ်စလင်လူငယ်ထုရဲ့ ခေတ်ထဲမှာပဲ ဒေသတွင်း မတူညီ စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်ပွားခဲ့တာပါ။ (ဇယား ၅-၃ ကိုကြည့်ပါ)။

အချက်အလက်(ဒေတာ) တွေကိုဂရုတစိုက်နဲ့ ညှိနှိုင်းအဖြေရှာရမှာ ဖြစ်ပါတယ်။ ဘော့(စ်)နီးယာနဲ့ အယ်(လ်) ဘေး နိးယား ရဲ့ လူငယ် လူဦးရေဟာ ၂၀ ရာစုနဲ့ ၂၁ ရာစု အကူးအပြောင်းကာလအတွင်းမှာ လျော့ကျလာလိမ့်မယ်လို့ ပရောဂျက် က ညွှန်ပြနေပြီး ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ လူငယ်လူဦးရေ တိုးပွားနှုန်းကတော့ ဆက်လက်တည်ရှိ နေပါလိမ့် ဦးမယ်။ ၁၉၈၈ ခုနှစ်မှာ နန်းလျာထားခြင်းခံရတဲ့ ဆော်ဒီအာရေးဗျမင်းသား အဗ္ဗနူလာက နိုင်ငံအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက လူငယ်ထုထဲမှာ အစ္စလာမ်မစ်အယူသည်း မှုတွေ တိုးပွားလာနေခြင်းပဲလို့ ပြောခဲ့ပါတယ်။(Note 37) ဒီခန့်မှန်းခြေတွေ အတိုင်းသာဆိုရာ ဒီအန္တရာယ်ဟာ ၂၁ ရာစုထဲအထိ ကောင်းကောင်းကြီး ဆက်လက်တည်ရှိ နေပါလိမ့်ဦးမယ်။

အဓိက အာရပ်နိုင်ငံတွေရဲ့ (အယ်(လ်)ဂျီးရီးယား၊ အီဂျစ်၊ မော်ရိုကို၊ ဆီးရီး ယားနဲ့ တူနီးရှား) အသက် ၂၀ ကျော်တွေ အလုပ်ရှာဖွေမှုနှုန်းဟာ ၂၀၁၀ အထိ အများအပြား ရှိနေလိမ့်ပါမယ်။ ၁၉၉၀ ခုတွေနဲ့နှိုင်းရင် တူနိးရှားမှာ အလုပ်ခွင်ထဲ ၀င်ရောက်လာတဲ့ လူငယ်အရေအတွက်ဟာ ၃၀ ရာခိုင်နှုန်း၊ အယ်(လ်)ဂျီးရီယား၊ အီဂျစ်နဲ့ မော်ရိုကိုတို့မှာ ၅၀ ရာခိုင်နှုန်းနဲ့ ဆီရီးယားမှာ ရာနှုန်းပြည့်တိုးပွားလာပါမယ်။ အာရပ်နိုင်ငံတွေရဲ့ စာတတ်မှုနှုန်း ရုတ်တ ရက် မြင့်မားလာခြင်း ကြောင့် စာမတတ်တဲ့ ရှေ့က မျိုးဆက်နဲ့ စာတတ်တဲ့ လူငယ်မျိုးဆက်တွေကြား ကွာဟမှုကြီးတစ်ခု ဖြစ်စေပြီး ဒါကြောင့်ပဲ “"ပညာနဲ့ ပါဝါကြား ဟန်ချက်မညီ” နိုင်ငံရေးလမ်းကြောင်း ပြောင်းသွားစရာ လည်း ဖြစ်လာနိုင်ပြန်ပါတယ်။ (Note 38)

ပိုများလာတဲ့ လူဦးရေအတွက် အရင်းအမြစ်တွေလည်း ပိုလိုလာတယ်။ ဒီတော့ လူဦးရေထူထပ်တဲ့ (သို့မဟုတ်) ရုတ်တရက်ကြီး လူဦးရေတိုးလာ တဲ့နေရာက လူတွေဟာ လူဦးရေသူတို့လောက်မများတဲ့ နေရာတွေဆီ တိုးဝင်လာ တတ်တယ်။ နယ်မြေတွေ သိမ်းပိုက်လာတတ်တယ်။ လူဦးရေ တိုးမှုနှုန်း သူတို့လောက် အားမကောင်းတဲ့ လူ့အဖွဲ့ အစည်း တွေအပေါ် ဖိအားတွေ ပိုပေးလာတတ်တယ်။ ဒါကြောင့် အစ္စလာမ် ဘာသာဝင် လူဦးရေ တိုးပွားလာမှုဟာ အစ္စလာမ်နိုင်ငံ နယ်နိမိတ်တွေနဲ့ဆက်စပ်နေတဲ့ မွတ်စလင်နဲ့မွတ်စလင်မဟုတ်သူတွေကြားက ပဋိပက္ခတွေကို အဓိကမွေး ထုတ်ပေးနေတဲ့ အကြောင်း တစ်ကြောင်း ဖြစ်နေပါတယ်။ လူဦးရေထူထပ်မှုနဲ့ စီးပွားရေး အီလည်လည်ဖြစ်နေမှု နှစ်ခုပေါင်း စပ်လိုက်တော့ မွတ်စလင်ေ တွက အနောက်နိုင်ငံတွေနဲ့ မွတ်စလင်မဟုတ်တဲ့နိုင်ငံတွေထဲဝင် ရောက်ေ နထိုင်လာနှုန်းကလည်း မြင့်တက် လာတယ်။ လူဦးရေ ထူထပ်လွန်းတဲ့ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံခြားမှာ သွားရောက်နေထိုင်ရေး'မူ'ဟာ အမြဲတန်း ရှိနေလိမ့် မယ်။ ရုတ်တရက်ကြီး တိုးပွားလာနေတဲ့ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ တိုးပွားမှုနှုန်းနည်းတဲ့ (သို့မဟုတ်) လုံးဝ မတိုးသလောက် ဖြစ်နေတဲ့ လူတွေ ရဲ့ယဉ်ကျေးမှုတို့ သူသာကိုယ်သာယှဉ်ပြိုင်မှုဟာ အဖွဲ့အစည်းနှစ်ခုစလုံး အတွက် စီးပွားရေးနဲ့နိုင်ငံရေး ဟန်ချက်ပြန်ညှိယူရမယ့် အနေအထားဆီ တွန်းပို့ပေးနေတတ်ပြန်တယ်။

ဥပမာအားဖြင့် ၁၉၇၀ ခုနှစ်တွေမှာ ရုရှားလူဦးရေ တိုးပွားနှုန်းက ၆.၅ ရာခိုင်နှုန်းပဲရှိပြီး မွတ်စလင် တိုးပွားနှုန်းက ၂၄ ရာခိုင်နှုန်းအထိ ဖြစ်နေတော့ ဆိုဗီယက်ပြည်ထောင်စုလူဦးရေဇယားမှာ အပြောင်းလဲတွေ အများအပြားဖြစ် ခဲ့တယ်။ ဒါက အာရှအလယ်ပိုင်း နိုင်ငံတွေရှိ ကွန်မြူနစ် ခေါင်းဆောင်တွေ ကို ခေါင်းမီးတောက်စေခဲ့တယ်။ (Note 39) အလားတူပါပဲ ရုတ်တရက်ကြီး တိုးပွားလာတဲ့ အယ်(လ်)ဘေးနီးယားတွေကကြောင့် ဆပ်(ဗ်)တွေ ဂရိတွေနဲ့ အီတလီ လူမျိုးတွေ စိုးရိမ်မကင်း ဖြစ်ကြရတယ်။ အစ္စရေးက ပါလက်စတိုင်း လူဦး ရေတိုးပွားမှုကို ပူပန်နေရသလို စပိန်ကလည်း သူတို့လူဦးရေး တိုး ပွားနှုန်းက ၅ ပုံ ၁ ပုံသာ ရှိလေတော့ သူတို့ထက် ၁၀ ဆ ပိုမျိုးနေတဲ့ အိမ်နီးချင်း မဂ္ဂရပ်(ဘ်) နိုင်ငံတွေရဲ့ လူဦးရေကြောင့် စိတ် မအေးနိုင်ကြဘူး။

ဆက်ရန် 

ဘဝမှာ ဘာလိုသလဲ


အသဲအမဲအားလုံး ငွေကြေးနောက်ကို လိုက်နေ
အဆုံးသတ်မလား???
မင်းလည်းပြေးလွှားတုန်း အားလုံးပြေးလွှားတုန်း
ဘဝမှာ ဘာလိုသလဲ?????
အချစ်ရယ်.. ပေါင်မုန့်တစ်လုံးရယ်.. ဘဝကို ငါရောင့်ရဲတယ် (ဟယ်ရီလင်းအသံနဲ့ ဆိုပါ)

ဘဝမှာ တကယ်လိုအပ်တာက
အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်(နောက်တိုးက)
မြန်မာငွေ နှစ်ထောင်ရယ်ပါ မာယာကော့စကီးရယ်။

(အမှာ။ နောက်ကစာသားကို ဂျောက်ဂျက်အသံနဲ့ "ရပ်ပ်" ရအောင်ဆိုပါ။)

အစ္စလာမ်ဘာသာ နိုးထခြင်း(၃)


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်


၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေအတွင်း မွတ်စလင်နိုင်ငံတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားမှုတွေက လွှမ်းမိုးနေခဲ့ပြီး တစ်ခါတစ်ခါ အတိုက်ခံပါတီ တစ်ခုလုံး ကိုတောင် သူတို့က လုံးဝချုပ်ကိုင်ထားနိုင်ခဲ့တယ်။ သူတို့ အားကောင်းလာ ရခြင်းရဲ့ အကြောင်းတစ်ရပ်ကတော့ အတိုက်အခံပါတီတွေရဲ့ စည်းရုံးလှုပ် ရှားမှု အားနည်းခြင်းပါ။ အစ္စလာမ်မစ်အဖွဲ့တွေရဲ့ အောင်မြင်မှုတွေကြောင့် လက်ဝဲ၀ါဒနဲ့ ကွန်မြူနစ်ဝါဒလှုပ်ရှားမှုတွေ အရှက်တကွဲ ဖြစ်ခဲ့ရတယ်။ ဆိုဗီ ယက်ပြည်ထောင်စု ပြိုကွဲပြီး နိုင်ငံတကာကွန်မြူနစ်စနစ် ကျရှုံးသွားတဲ့နောက် မှာတော့ လုံးဝအဖတ်ဆယ်လို့ မရအောင်ဖြစ်ခဲ့ရတယ်။
လစ်ဘရယ် ဒီမိုကရက်တစ် အတိုက်အခံအဖွဲ့တွေလည်း မွတ်စလင်နိုင် ငံတွေထဲမှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ လစ်ဘရယ် ဒီမိုကရေစီကိုထောက်ခံ သူတွေက ပညာတတ် လူတန်းစား အနည်းအကျဉ်း၊ အနောက်တိုင်းမှာ နေ ထိုင်သူ (သို့မဟုတ်)အနောက်တိုင်းနဲ့ ဆက်စပ်မှုရှိသူ လူအနည်းစုလေး မျှ သာဖြစ်နေတတ်ပါတယ်။ အချို့ချွင်းချက် အနေအထား လေးတွေကလွဲရင် လစ်ဘရယ်ဒီမိုကရေစီလည်း မွတ်စလင် လူထုတွေကြားမှာ ရေရှည်လူကြိုက် များလာအောင် မရပ်တည်နိုင်ခဲ့ဘူး။ “အစ္စလာမ်မစ် လစ်ဘရယ်ဝါဒ” တောင် အမြစ်မတွယ်နိုင်ခဲ့ပါဘူး။
"မွတ်စလင်အဖွဲ့အစည်း တစ်ခုကနေ အခြား မွတ်စလင်အဖွဲ့ဆီ လစ်ဘရယ် ဒီမို ကရေစီ အကြောင်း ရေးသားခြင်း နဲ့ အမျိုးသားရေး ဘူဇွာဝါဒရေး သားခြင်းဟာ လူတစ်ယောက်ရဲ့ နာရေးသတင်းရေးတာနဲ့ အတူတူဖြစ်ပြီး၊ အသက်ပြန်ရှင်လာမှာမဟုတ်သလို ဘယ်တော့မှလည်းအောင်မြင်မှာ မဟုတ်ဘူး” လို့ ဖောက်(ဒ်) အာဂျမီ (Fouad Ajami)က သုံးသပ်တယ်။ “မွတ်စလင် နိုင်ငံတွေထဲ ဒီမိုကရေစီအမြစ်တွယ်ဖို့ကြိုးစားမှုဟာ ယခုထက် တိုင်ကျရှုံးနေဆဲပဲဖြစ်ပြီး ၁၈၀၀ ခုနှစ်ကစလို့ ရာစုနှစ် တစ်ခုလုံး ကြိုးစား တိုင်း အရာမမြောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု လည်း ဖြစ်ပါ တယ်။" (Note 27)

ကျရှုံးခြင်းမှာလည်း အကြောင်းတော့ရှိပါတယ်။ အနောက်တိုင်းလစ်ဘရယ် အ ယူအဆဟာ အစ္စလာမ်မစ်ယဉ်ကျေး မှု၊ အစ္စလာမ်မစ် လူ့အဖွဲ့အစည်းတွေရဲ့ သဘာဝနဲ့ သိပ်ပြီးအစေး မကပ်လှပါဘူး။ အတိုက်အခံ အဖွဲ့အစည်းတွေ ထဲမှာ သူတို့ (အစ္စလာမ်မစ်)က လွှမ်းမိုးထားနိုင်ခြင်း၊ သူတို့ ကိုယ်တိုင် အ တိုက်အခံပါတီဖွဲ့ခြင်းတွေကနေအစပြုရင်း အစ္စလာမ်မစ် လှုပ်ရှား မှုေ တွ အောင်မြင်မှုရလာတော့ လက်ရှိအစိုးရတွေကို အန်တုဖို့ သူတို့သာ တစ်ခု တည်းသော အဖွဲ့အစည်း ဖြစ်လာ ခဲ့တယ်။ ဒီလို ဖြစ်လာ ဖို့အတွက် လက် ရှိအစိုးရတွေ ကျင့်သုံးတဲ့ ပေါ်လစီတွေရဲ့ အကူအညီလည်း မကင်း ခဲ့ပါဘူး။ စစ်အေး တိုက်ပွဲ ကြီး အတွင်းမှာဆိုရင် အယ်(လ်)ဂျီးရီးယား၊ တူရကီ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အစ္စရေးနိုင်ငံ အပါအ၀င် အစိုးရတွေဟာ ကွန်မြူ နစ်ဝါဒကို တိုက် ဖျက်ဖို့(သို့မဟုတ်)အမျိုးသားရေးဝါဒ လှုပ်ရှားမှုတွေအားလျော့စေဖို့ တန်ပြန် အနေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေကို ထောက်ပံ့အားပေးခဲ့ကြတယ်။ ပင်လယ်ကွေ့စစ်ပွဲ မတိုင်ခင်အထိ ဆော်ဒီအာရေးဗျ အပါအ၀င် အခြားပင် လယ်ကွေနိုင်ငံတွေဟာ မွတ်စလင် ညီအကိုအဖွဲ့နဲ့ အခြားနိုင်ငံအသီးသီးက မွတ်စလင်အဖွဲ့တွေကို ငွေကြေးအမြောက်အမြား ပုံပေးထောက်ပံ့ခဲ့ကြတယ်။ အစ္စလာမ်မစ်အဖွဲ့တွေ အတိုက်အခံပါတီတွေထဲ လွှမ်းမိုးမှုရလာခြင်း ဟာ အစိုးရတွေကိုကိုယ်တိုင်က ဘာသာရေးဘက်မလိုက်ဝါဒကို ဖိနှိပ်ထားလို တဲ့ ပေါ်လစီကြောင့် လည်းဖြစ်နိုင်ပါတယ်။ အစ္စလာမ်မစ်အဖွဲ့တွေရဲ့အားက အများအားဖြင့် ဘာသာရေးဘက်မလိုက်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားရေး ပါတီ တွေရဲ့အားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတတ်ပါတယ်။

ဘာသာရေးအယူသိပ်မသည်းတဲ့ မော်ရကို၊ တူရကီလို နိုင်ငံတွေမှာဆိုရင် အတိုက်အခံပါတီတိုင်းကို နှိပ်ကွပ်ရာကနေ အတိုင်းအတာတစ်ခုအထိ ပါတီစုံ စနစ်အထိ ခွင့်ပြုလာကြတယ်။(Note 28)
ဒါပေမဲ့ ဘာသာရေးဘက်မလိုက် အတိုက်အခံပါတီက ဘာသာရေး အတိုက် အခံပါတီထက် ပြိုကွဲဖို့ ပိုများတယ်။ ဘာသာ ရေးအတိုက်အခံပါတီက ဗလီ အတွင်း၊ ဗလီအပြင် နှစ်နေရာစလုံးမှာ လှုပ်ရှားလို့ရတယ်။ လူထုအကျိုးပြု အဖွဲ့အစည်းတွေ၊ အခြား ဖောင်ဒေးရှင်းတွေနဲ့ အစိုးရက ကိုယ်တွယ်ထိန်းချုပ် ဖို့ခက်တဲ့ အစ္စလာမ် အင်စတီကျူးရှင်းတွေ ဖွဲ့စည်းပြီး လှုပ်ရှား နေလို့ရတယ်။ လစ်ဘရယ်ဒီမိုကရေစီမှာ ဒီလိုအကာအကွယ်တွေ မရှိဘူး။ ဒါကြောင့် အစိုး ရရဲ့ထိန်းချုပ်တာ၊ အစိုးရဖြိုခွဲ ခြင်း ခံရတာတွေပိုရှိနိုင်တယ်။

အစ္စလာမ်မစ်တွေ နိုင်ငံရေးထဲ မသိမသာပါဝင်လာနေမှုကို ဟန့်တားဖြေေ လျာ့ဖို့ အနေနဲ့ အစိုးရတွေက အစိုးရ စာသင်ကျောင်းတွေမှာ ဘာသာရေး သင်ခန်းစာတွေ တိုးချဲ့ပေးလာတယ်။ ဒီတော့ အစ္စလာမ်မစ် စာအုပ်ကြီး သမား ကျောင်းဆရာတွေ၊ အစ္စလာမ်မစ် အတွေးအခေါ်တွေ လွှမ်းမိုးလာပြန် တယ်။ အဲဒီနောက် ဘာသာရေး အတွက် သီးသန့်ရော ဘာသာရေးဆိုင်ရာ အင်စတီကျုတွေအတွက်ပါ အထောက်အပံ့တွေ တိုးမြှင့်ပေးလာခဲ့ကြတယ်။ ဒီ အပြုအမူ တွေဟာ တစ်ပိုင်းတစ်စအားဖြင့် အစိုးရတွေရဲ့ ဘာသာရေးအပေါ် ထားတဲ့ သဘောထားလို့ဆိုရင်ရနိုင်ပါတယ်။ ငွေကြေး အရ ထောက်ပံ့နေေ ပမယ်လို့ အစ္စလာမ်မစ်အင်စတီကျူးရှင်းတွေနဲ့ အစ္စလာမ်မစ်ပညာရေးအပေါ် ထိန်းချုပ်ကွပ်ကဲမှုကိုလည်း အစိုးတွေက တိုးမြှင့်ထားခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းသားနဲ့ လူထုထဲ အစ္စလာမ်မစ် တန်ဖိုးတွေကို (ရောက်ရှိ) ရရှိစေနိုင်တဲ့ အစ္စလာမ်မစ်ပညာရေးဆီ သူတို့အစိုးရတွေကပဲ ဦးတည်ပေး လိုက်တာပါ။ ကျောင်းသားနဲ့ လူထုတွေကလည်း အစ္စလာမ်နဲ့ ပါတ်သက်တဲ့ အခွင့်အရေးတွေကို ပိုပြီးပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြတယ်။ အဲဒီကျောင်းတွေက ဘွဲ့ရခဲ့ သူတွေဟာ အစ္စလာမ်ဗစ် ပန်းတိုင်တွေနဲ့ အလုပ်ဝင်လုပ်ကြတော့တယ်

“အစ္စလာမ်ဘာသာနိုးထခြင်း” အားအစွမ်းနဲ့ အစ္စလာမ်မစ် လှုပ်ရှားမှုတွေ ရဲ့ တောင်းဆိုမှုတွေက အစ္စလာမ်မစ် စည်းကမ်းဥပဒေတွေနဲ့ အလေ့ အ ကျင့်တွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ပေးဖို့ အစိုးရတွေကို ဖိအားပေးလိုက် တာပါ။ သူတို့ အစိုးရအဖွဲ့ထဲမှာလည်း အစ္စလာမ်မစ် သင်္ကေတတွေကို အသုံးပြုရတယ်၊ အစ္စလာမ်မစ်ကျင့်ဝတ်တွေနဲ့အညီ လိုက်နာကျင့်သုံးကြ ရ တယ်။ အကျယ်ပြန့်ဆုံးအနေနဲ့ ပြောရရင် ဒါဟာ သူတို့နိုင်ငံ၊ သူတို့ လူ့အဖွဲ့ အစည်းတွေရဲ့ အစ္စလာမ် မစ် သဘောလက္ခဏာတွေကို အစိုးရက အတည်ပြုပေးလိုက်ခြင်း(သို့မဟုတ်)အသစ်တဖန် ပြန်လည်အတည်ပြု
လိုက်ခြင်း ပဲ ဖြစ်ပါတယ်။

၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေကြား နိုင်ငံရေးခေါင်းဆောင်တွေဟာ သူတို့ကိုယ် သူတို့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ် ဆိုတာ အလောတကြီး ၀န်ခံ လာခဲ့ကြရတယ်။
ဂျော်ဒန်ရဲ့ ဘုရင်ဟူစိန်ကဆိုရင် အစ္စလာမ်မဟုတ်တဲ့ အစိုးရဟာ အစ္စလာမ် ကမ္ဘာမှာ သက်တန်းရှည်ဖို့ မလွယ်ကူဘူးလို့ “အစ္စလာမ်မစ် ဒီမိုကရေစီ” “မော်ဒန်နိုက်(ဇ) ဒီမိုကရေစီ” ဖြစ်အောင် လုပ်ဆောင်ယူရမယ်လို့ ယုံယုံ ကြည်ကြည်နဲ့ ပြောခဲ့ပါတယ်။ မော်ရိုကိုရဲ့ ဘုရင် ဟာဆန်ကလည်း သူဟာ “တမန်တော်မို ဟာမက်” မျိုးဆက်ကနေ ဆင်းသက်လာတာဖြစ်ပြီး သူတို့ တာဝန်က “မိုဟာမက်ကို ယုံကြည်သူတွေရဲ့ကွန်မန်ဒါတစ် ယောက် ဖြစ်နေ ဖို့” လို့ ကြွေးကြော်ခဲ့တယ်။ အရင်က အစ္စလာမ်ဘာသာရဲ့ ကျင့်ဝတ်တွေကို အသိအမှတ်မပြုခဲ့တဲ့ ဘရူနိုင်း ရဲ့ ဆူ(လ်)တန်ကလည်း ဘာသာရေးကို သိသိသာသာကြီး ယုံကြည်ကိုးကွယ်လာပြီး သူ့အစိုးရအဖွဲ့ကိုတောင်မှ “မလေး ပေါ်လစီ မွတ်စလင်အစိုးရ” လို့ အမည်ပေးခဲ့တယ်။ တူနီးရှားက ဘင်အလီ (Ben Ali) ကလည်း နေ့စဉ်ပုံမှန် ဘုရားဝတ် ပြုဆုတောင်းသူ ဖြစ် လာခဲ့ပြီး သူ့မိန့်ခွန်းထဲမှာတောင် “အစ္စလာမ် သံချပ်ကာဝတ်စုံကို ၀တ်ရုံပြီး အစ္စလာမ်မစ်အဖွဲ့တွေရဲ့ တောင်းဆိုလာမှုတွေကို နားစွင့်နေတယ်” လို့ပြော တယ်။(Note 29)

ဆက်ရန်

အစ္စလာမ်ဘာသာ နိုးထခြင်း(၂)


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

အစ္စလာမ်ဘာသာ နိုးထခြင်း(၂)

ဂျော်ဒန်နိုင်ငံက မွတ်စလင် ညီရင်းအကို (Muslim Brotherhood) အဖွဲ့က လည်း ၁၉၉၀ ခုနှစ် ဦးပိုင်းတွေမှာ အစ္စလာမ်နိုင်ငံတွေအတွင်း လူမှုရေးနဲ့ ယဉ်ကျေှးု အခြေခံတွေ ဖွံ့ဖြိုးရေး ပေါ်လစီကို ကိုင်ဆွဲပြီး ကြိုးစားလာ ခဲ့ကြ တယ်။ လူဦးရေ လေးသန်းသာရှိတဲ့ နိုင်ငံလေးထဲမှာ ဆေးရုံကြီး ၁ ခု ၊ စာ သင်ကျောင်း (၁၂၀) ဖွင့်ပြီး လည်ပတ်နိုင်ခဲ့ကြတယ်။ သူတို့နဲ့ ဘေးချင်း ကပ် လျက် အနောက်ဂါဇာ ကမ်းခြေမှာလည်း အစ္စလာမ်မစ်အဖွဲ့အစည်းတွေ က" ကျောင်းသား သမဂ္ဂ" "လူငယ်အစည်းအရုံး" ဘာသာရေး၊ လူမှုရေးနဲ့ ပညာရေး၊ အဖွဲ့အစည်းတွေ ဖွဲ့ ဖွဲ့ပြီးလည်ပတ်နိုင်ခဲ့ကြတယ်။ ကျောင်း တွေ ဆိုရင် မူကြိုကနေ အစ္စလာမ်မစ် တက္ကသိုလ်အထိ၊ ဆေးခန်းတွေ၊ မိဘ မဲ့ဂေဟာတွေ၊ လူကြိးဂေဟာတွေ တည်ထောင် ခဲ့ကြတယ်။ အစ္စလာမမ်စ် တရားသူကြီး ခုံသမာဓိတွေကို အစ္စလာမ်မူအတိုင်း ဖွဲ့စည်းလာကြတယ်။

၁၉၇၀ ခု နှင့် ၁၉၈၀ ခုနှစ်တွေအကြား အစ္စလာမ်မစ်အဖွဲ့အစည်းတွေနဲ သူတို့ရဲ့ လှုပ်ရှားမှုတွေ အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ ပျံနှံ့ခဲ့တယ်။ ၁၉၈၀ ခုနှစ်တွေမှာ အကြီးဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မူဟာမက်ဒီဂျာ (Muhhamat dijah) အဖွဲ့ မှာအဖွဲ့ဝင်ပေါင်း ၆ သန်းတောင် ရှိခဲ့တယ်။ “ဘက်မလိုက်နိုင်ငံထဲကဘာသာရေး စောင့်ရှောက်မှုနိုင်ငံ”ကို တည် ထောင် ပြီး နိုင်ငံနှင့်အ၀ှမ်း ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့ကြတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ် အဆင့်၊ ပညာရေးတွေ အချင်း ချင်းချိတ်ဆက်ပြီးအလုပ်လုပ်ခဲ့ကြတယ်။ နိုင်ငံရေးမလုပ်ရလို့ တားမြစ်ခံထား ရတဲ့ ဒီမွတ်စလင်အဖွဲ့တွေရဲ့ ၂၀ ရာစုဦးပိုင်း လူမျိုးရေး အကူအညီတွေ ပေး ပုံတွေဟာ အမေရိကန်မှာ (ပရိုတက်စတင့်တွေက) အကူအညီ ပေးခဲ့ တာတွေနဲ့ အလားတူပါပဲ။(Note 21)

အစ္စလာမ်လှုပ်ရှားမှုရဲ့ နိုင်ငံရေးသရုပ်သကန်က လူမှုရေးနဲ့ ယဉ်ကျေး မှုလောက်အထိတော့ ပျံ့နှံ့စီးဝင်မှု မရှိပါဘူး။ ဒါပေမဲ့ ၂၀ ရာစုရဲ့ နောက်ဆုံး ၂၅ နှစ်တာကာလထဲမှာတေ့ ဒီလှုပ်ရှားမှုဟာ မွတ်စလင်နိုင်ငံတွေအတွင်း အရေးအကြီးဆုံးနဲ့ နိုင်ငံရေးအမြင် ဖွံဖြိုးလာစေဖို့ အဓိကလှုပ်ရှားမှုကြီး တစ် ခု ဖြစ်ခဲ့ပါတယ်။ အစ္စလာမ်နိုင်ငံရေးလှုပ်ရှားမှု ရုပ်လုံးပေါ်လာဖို့ အတွက် ပေးကြတဲ့ လူတွေရဲ့ ထောက်ခံအားပေးမှုတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချွတ်စွပ် မတူညီပေမဲ့ အတိုင်းအတာ တစ်ခုအထိ တော့ တူညီမှု ရှိကြတယ်။
ကျေးလက်မှာရှိကြတဲ့ အဆင့်မြင့်လူတန်းစားတွေ၊ လယ်သမားတွေနဲ့ သက် ကြီး ရွယ်အိုတွေဆီက ထောက်ခံအားပေးမှုကိုတော့ မရရှိကြဘူး။ အခြား ဘာသာတွေထဲက စာအုပ်ကြီးသမားတွေလိုပါပဲ အစ္စလာမ် စာအုပ်ကြီး သ မားတွေကလည်း ခေတ်မှီအောင်ကြိုးစားခြင်းလမ်းစဉ်မှာ အလုံးအရင်းနဲ့ ပါဝင်ခဲ့ကြပြီး အင်အား တစ်ရပ်လည်း ဖြစ်လာခဲ့ကြတယ်။ သူတို့ဟာ လူ့အဖွဲ့ အစည်းကြီး သုံးဖွဲ့ထဲကနေ ပေါ်ထွက်လာတဲ့ လှုပ်ရှားတက် ကြွပြီး၊ ခေတ်မှီ တဲ့သူငယ်တွေပဲ ဖြစ်ကြပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုအများစုမှာ အဓိကပါဝင်နေသူတွေက ကျောင်း သားတွေနဲ့ ပညာရှင်တွေဖြစ်ကြပါတယ်။ နိုင်ငံအများစုမှာ ဘာသာရေး စာ အုပ်ကြီးသမားတွေအတွက် ကျောင်းသားသမဂ္ဂတွေနဲ့ အလားတူ အဖွဲ့ အ စည်းတွေအပေါ် အောင်မြင်မှုရလိုက်ခြင်းဟာ နိုင်ငံရေးအရ အစ္စလာမ်ဘာ သာ သွတ်သွင်းရေးရည်ရွယ်ချက် ရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ ၁၉၇၀ ခု နှစ်တွေမှာ အီဂျစ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နုင်ငံတွေမှာ တက္ကသိုလ် အဆင့်အထိ အောင်မြင်မှု ရလိုက်ပြီး နောက်ပိုင်း အခြားမွတ်စလင်နိုင်ငံတွေ ဆီပါ ပျံ့နှံ့သွားတယ်။
ကျောင်းသားတွေထဲမှာကိုပဲ အစ္စလာမ်မစ် ခေါင်းဆောင်တွေ လိုချင်တာက အဆင့်မြင့်နည်းပညာအင်စတီကျုတွေမှာ သင်ကြားနေကြတဲ့ အင်ဂျင်နီယာ နဲ့သိပ္ပံ ကျောင်း သားမျိုးတွေ ကိုပါ။ ၁၉၉၀ ခုနှစ်တွေရောက်တော့ ဆော်ဒီ အာရေးဗျ၊ အယ်(လ်) ဂျီးရီးယားနဲ့ အခြား နိုင်ငံတွေမှာ “ယဉ်ကျေးမှုကိုယ် ပိုင်ပြုခြင်း၊ ဒုတိယမျိုးဆက်” ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီ တက္ကသိုလ်ေ ကျာင်းသားတွေဟာ ပြည်တွင်းက တက္ကသိုလ် တွေမှာ အများစုက မိခင်ရင်း ဘာသာစကားတွေနဲ့ ပညာသင်ကြားခွင့် ရလာကြပါတယ်။ ဒါကြောင့် အစ္စ လာမ်ဘာသာ လွှမ်မိုးမှုကလည်း တဟုန်ထိုး အားကောင်းလာခဲ့တယ်။(Note 22)

အစ္စလာမ်မစ် လှုပ်ရှားမှုဟာ အမျိုးသမီးထုကိုလည်း စည်းရုံးနိုင်ခဲ့ပါတယ်။ တူရကီမှာဆိုရင် ယဉ်ကျေးမှု မျိုးဆက်ကွာဟမှု ပြဿနာ ကြုံတွေ့လိုက်ရတယ်။ အသက်ကြီးတဲ့ မိခင်၊ အဖွားတွေက ဘာသာရေး ဘက်မလိုက်ဝါဒ၊ သမီးမြေးမလေးတွေက အစ္စလာမ် ဘာသာအသည်းစွဲ ဆိုတာ မျိုးတွေပါ။ (Note 23)

အီဂျစ် အစ္စလာမ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို သုတေသနပြုထားတဲ့ မှတ်တမ်းရ အစ္စ လာမ်စစ်စစ် နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေမှာ တူညီနေတဲ့ အဓိကအချက် ၅ ချက်တွေ့ရတယ်လို့ ဆိုပါတယ်။ အစ္စလာမ်မစ် အဖွဲ့ ၀င်တွေဟာ ငယ်ရွယ် သူတွေ အများအားဖြင့် ၂၀ နဲ့ ၃၀ ကြားတွေဖြစ်ကြ တယ်။ သူတို့အထဲက ၈ ရာခိုင်နှုန်းဟာ တက္ကသိုလ်ဘွဲ့ရနဲ့ တက္ကသိုလ်ေ ကျာင်းသားတွေဖြစ်ကြတယ်။ တစ်ဝက်ကျော်ကျော်က နာမည်ကြီး ကော လိပ်ဆင်းတွေ(သို့မဟုတ်) အသိ ဥာဏ်ပိုပြီး လိုအပ်တဲ့ ဆေး အင်ဂျင်နီယာ စတဲ့ ဘာသာရပ်တွေကို သင်ကြားတတ်မြောက်ထားသူတွေ ဖြစ်ကြတယ်။ ၇၀ ရာခိုင်နှုန်းကျော်ကတော့ အောက်ခြေလူလတ်တန်းစားတွေပါ။ “မချမ်းသာပေမဲ့ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်း” ထဲက မဟုတ်ကြပါဘူး။ နောက်ပြီး သူတို့ဟာ သူတို့မိသားစုထဲမှာ ပထမဆုံး အဆင့်မြင့် ပညာရေးကို သင်ယူခွင့် ရရှိကြသူတေ လည်းဖြစ်တယ်။ သူတို့ ငယ်ဘ၀ကို မြို့ငယ်လေးတွေ (သို့မဟုတ်) ကျေး လက်တွေမှာ နေထိုင်ခဲ့ရပြီး၊ အရွယ်ရောက်လာမှ မြို့ပြကို တက် လာကြသူတွေ ဖြစ်ကြတယ်။ (Note 24)

ကျောင်းသားတွေနဲ့ ပညာရှင်တွေက ကေဒါအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း လိုက်တော့ အစ္စလာမ်မစ် လှုပ်ရှားမှု အဖွဲ့တွေတောင် တုန်လှုပ်သွားခဲ့ရပြီး မြို့ပေါ်ရှိ လူလတ်တန်းစားတွေ အုံနဲ့ကျင်းနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြတယ်။ ဒီလူတွေဟာ အများအားဖြင့် “မိရိုးဖလာ” အလယ်အလတ် တန်းစားတွေ ထဲကပါ။ ကုန်သည်ပွဲစားတွေ၊ အသေးစားစီးပွား ရေးလုပ်ငန်းရှင် (ဘာဇာရီ - Bazaaris) တွေ ပါဝင်ပါတယ်။ အီရန်နိုင်ငံတော်လှန်ရေးမှာ သူတို့ဟာ အဓိက အခန်း ကပါဝင်ပြီး အယ်(လ်)ဂျီးရီးယား၊ တူရကီ၊ အင်ဒိုနီးရှား နိုင်ငံတွေရဲ့ ဘာသာရေး လှုပ်ရှားမှုထဲမှာ တစ်တပ်တအား ပါဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး အရေးပါတဲ့အချက်က ဘာသာရေး စာအုပ်ကြီးသမားတွေဟာ အလယ်အလတ် လူတန်းစားထဲမှာကိုပဲ“ခေတ်မှီ”တဲ့ အုပ်စုဝင်တွေဖြစ်နေ ကြခြင်းပါ။ အစ္စလာမ်မစ် လှုပ်ရှားသူတွေထဲမှာ ယုံရခက်လောက် အောင် ပညာရေး အဆင့်အမြင့်ဆုံး၊ အသိဥာဏ်အရှိဆုံး လူငယ်တွေအများစု ပါ ၀င်နေခြင်းပါ။ သူတို့ထဲမှာ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေ၊ ကျောင်းဆရာတွေ၊ ပြည်သူ့ ၀န်ထမ်းတွေ ပါပါတယ်။ (Note 25)

အစ္စလာမ်မစ် ဖွဲ့စည်းပုံမှာ တွေ့ရတဲ့ တတိယအချက် ကတော့ ကျေးလက် ကလူတွေ မြို့ ကြီးတွေပေါ် ရွှေ့ပြောင်း နေထိုင်လာကြခြင်းပါ။ ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေ တလျောက်လုံး မြို့ ကြီးတွေပေါ်ရွှေ့ပြောင်းနေထိုင် လာ တဲ့နှုန်းက ရုတ်တရက်ကြီး မြင့်တက်လာနေခဲ့တယ်။ မြို့စွန်မြို့ဖျားတွေမှာ သူတို့နဲ့ပြည့်သိမ်နေပြီး သူတို့လို အပ်ချက်တွေကို အစ္စလာမ်မစ်အဖွဲ့တွေက ကူညီပံ့ပိုးပေးကြတယ်။ အန်းနက်ဂဲ(လ်)နား(Ernest Gellner)က ဒီလိုထောက်ပြတယ်။
“အစ္စလာမ်က ခိုကိုးရာမဲ့ဖြစ်နေ တဲ့လူထုကြီးကို ဂုဏ်ထူးဆောင် အမှတ် အသား (အိုင်ဒင်တတီ) ပေးလိုက်တယ်။”
အစ္စတန် ဘူ၊ အန်ကရက၊ ကိုင်ရိုနဲ့ အာစရွတ်တွေမှာ၊ အယ်ဂီးယားနဲ့ ဖက် (စ်)မြို့တွေမှာ နောက်ပြီး ဂါဇာကမ်းခြေတလျောက်လုံးမှာ အစ္စလာမ်မစ် အဖွဲ့တွေက အောင်အောင်မြင်မြင်စည်းရုံးလိုက်နိုင်ပြီး အဖိနှိပ်ခံ၊ ခိုကိုးရာမဲ့ သူတွေအတွက် ရှေ့ကနေ မားမား မတ်မတ်ရပ်ပြီး အခွင့်အရေးတွေ တောင်း ဆိုပေးခဲ့ကြတယ်။“
အိုလီဗာရွိုင်း (Oliver Roy) ကလည်း "အစ္စလာမ်တော်လှန်ရေးကြီးဟာ ခေတ်သစ်လူ့အဖွဲ့အစည်းကမွေး ထုတ်ပေး လိုက်တဲ့ တော်လှန်ရေးတစ်ခုပါ။ မြို့ကြီးတွေပေါ် အသစ်ရောက်လာသူတွေ၊ သန်းချီတဲ့ လယ်သမားတွေက လူဦးရေသုံးဆ တက်လာတဲ့ အရောင်အသွေး စုံ မွတ်စလင်မြို့တော်ကြီး တွေကို ဖြစ်လာစေတာပါပဲ။” (Note 26)

၁၉၉၀ ခုနှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ အစ္စလာမ်ဘာသာဝင် အစိုးရ ဆိုလို့ အီရန်နဲ့ ဆူဒန်နိုင်ငံမှာပဲ ရှိခဲ့ပါတယ်။ မွတ်စလင်နိုင်ငံတွေထဲက တူရကီ၊ ပါကစ္စတန်လို နိုင်ငံအနည်းစုက အစိုးရတွေဟာ ဒီမိုကရေစီ အစိုးရတွေလို့ တရားဝင် သတ်မှတ်လို့ရပါတယ်။ ဒီနှစ်အုပ်စုက လွဲတဲ့နိုင်ငံအစိုးရတွေ ကတော့ ဒီမိုကရေစီနဲ့ လုံးဝမဆိုင်ပါဘူး။ ဘုရင်တွေ၊ တစ်ပါတီအာဏာ ရှင်တွေ၊ စစ်အာဏာရှင်တွေ၊ တစ်ယောက်တည်းအာဏာရှင်၊ စုပေါင်း အာ ဏာရှင်တွေ အထူးသဖြင့် မိသားစု အစဉ်အဆက်၊ လူမျိုးစုံအစဉ်အဆက် အစိုးရတွေသာ ဖြစ်ကြပါတယ်။ မော်ရိုကို နဲ့ ဆော်ဒီအာရေဗျက အစိုး ရ တွေဆိုရင် အစ္စလာမ်မစ်ဥပဒေ တရားဝင်ဖြစ်ဖို့တောင် ကြိုးစားခဲ့ကြ ပါသေးတယ်။
ဒါပေမဲ့ အခြားအစိုးရတွေကတော့ အစ္စလာမ်မစ် အစိုးရလို့ရော၊ ဒီမိုကရက် တစ်အစိုးရလို့ပါ သတ်မှတ်ဖို့ ခက်ပါတယ်။ အမျိုးသားရေးဝါဒကို တန်ဖိုး ထားခြင်း လည်းမရှိကြပါဘူး။ ကလီးဗင့်ဟယ်ရီမိုး(ရဲ) (Clement Herry More) ကတော့ “သူတို့ဟာ ဘန်ကာအစိုးရ” တွေဖြစ်ကြ တယ်လို့ဆိုတယ်။ သူတို့ဟာ ဖိနှိပ်တယ်၊ တရားပျက်တယ်၊ လူထုရဲ့လိုအပ်ချက်နဲ့ အကျိုးစီးပွားကို ဂရုမစိုက်ကြဘူး။ အချိန် အတိုင်းအတာ တစ်ခုအထိ ဒီလိုအစိုးရတွေ ရပ် တည်နိုင်ကောင်း ရပ်တည်နိုင်မယ်။ ရုတ်တရက်ကြီး ပြိုလဲကျသွားမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်သစ်ကမ္ဘာကြီးထဲမှာတော့ သူတို့ပြောင်းလဲရမယ်။ ဒါမှမဟုတ်ရင် ပြိုလဲကျသွားနိုင်ခြေက သိပ် မြင့်မားတယ်။

၁၉၉၀ ခုနှစ်တွေ အလယ်ပိုင်းရောက်လာတော့ သူတို့နဲ့ ဆက်စပ်ပြီး တွေေ တာစရာ တစ်ခု ရှိလာခဲ့တယ်။ ဒါက သူတို့ကို ဆက်ခံသူက ဘယ်သူတွေဖြစ် ပြီး သူတို့ကျင့် သုံးမယ့်မူတွေက ဘယ်မူတွေ ဖြစ်လာနိုင်မလဲဆိုတာပါ။ အဲဒီ နှစ်တွေအတွင်း နိုင်ငံတိုင်းက အစိုးရတွေရဲ့ အရိုက်အရာကို ဆက်ခံ လာနိုင်စရာ ရှိသူတွေကတော့ အစ္စလာမ်မစ် အစိုးရတွေ ဖြစ်ဖို့ပဲ ပိုများပါ တယ်။
၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေအတွင်း ကမ္ဘာမှာ ဒါဇင်ပေါင်းများစွာသော နိုင် ငံတွေဟာ ဒီမိုကရေစီစနစ်ကိုလက်ခံ ကျင့်သုံးလာခဲ့ကြတယ်။ ဒီမိုကရေစီ လှိုင်းက မွတ်စလင်နိုင်ငံတွေကို ထိရိုက်မှု ရှိခဲ့ပေမဲ့ အတိုင်းအတာ တစ် ခုလောက် အထိသာပါ။ ဒီမိုကရေစီလှုပ်ရှားမှု အားကောင်းလာပြီး ဥရော ပတောင်ပိုင်း၊ လက်တင်အမေရိက၊ နေရာပြောက်ကြား အာရှနဲ့ ဥရောပ အလယ်ပိုင်းမှာ အရှိန်အဟုန်ကောင်းလာချိန် အစ္စလာမ်လှုပ်ရှားမှုကလည်း မွတ်စလင်နိုင်ငံတွေကြားမှာ အားကောင်းလာနေတယ်။ ခရစ်ယန်ဘာသာဝင် နိုင်ငံတွေထဲမှာ ဒီမိုကရေစီကို အာဏာရှင်စနစ်နဲ့ အစား ထိုးသလို အစ္စလာမ်ဘာသာ သွတ်သွင်းခြင်းဟာ အတိုက်အခံဒီမိုကရေစီကို အစားထိုးဖို့ စနစ်တကျဖန်တီးထားတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အများအားဖြင့် တော်တော်ဆင်နေပါတယ်။ လူမှုရေး သက်ဝင် လှုပ်ရှားမှု၊ အာဏာရှင် အစိုးရတွေ ထိန်းချုပ်နိုင်အား နည်းသွားမှု ၊ တရား ဥပဒေတွေ ထိရောက်ခြင်းမရှိတော့မှု နိုင်ငံတကာဆက်ဆံရေး ၀န်းကျင် ပြောင်းလဲမှု၊ ရေ နံဈေး နှုန်းတွေ မြင့်တက်မှု၊ မွတ်စလင်ကမ္ဘာထဲမှ ဒီမိုကရေစီ လမ်းစဉ်ထက် အစ္စလာမ်ဗစ်ဝါဒကိုအားပေးမှု စတာတွေဖြစ် ပါတယ်။
ဘုန်းတော်ကြီးတွေ၊ တရားဟောဆရာတွေ၊ လူပုဂ္ဂိုလ်ဘာသာရေးအဖွဲ့တွေက ခရစ်ယန် လူ့အဖွဲ့အစည်းတွေထဲမှာရှိတဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင် ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ကြသလို မွတ်စလင် အခြေစိုက်အဖွဲ့တွေ၊ အစ္စ လာမ်မစ်အဇွဲ့တွေကလည်း မွတ်စလင်နိုင်ငံတွေမှာ အလားတူပဲ လှုပ်ရှား ပါ ၀င်ခဲ့ကြတယ်။
ပိုလန်နိုင်ငံရဲ့ ကွန်မြူနစ်အစိုးရပြုတ်ကျဖို့ ပုတ်ရဟန်းမင်းကြီးက အဓိကနေ ရာမှာ ရှိခဲ့သလို အီရန်က ရှားဘုရင်ကို အယာတိုလာက နန်း ပုလ္လင် ပေါ် ကနေဆွဲချခဲ့တယ်။

(အမှာ၊ အရင်ပို့စ်မှာ အခန်း ငါး အစားအခန်း လေးလို့ မှားယွင်းဖော်ပြခဲ့ ပါတယ်။)
ဆက်ရန်

Rosa Parks Day


၁၉၅၅ ခု၊ ဒီဇင်ဘာ ၁ ရက်နေ့

မောင့်ဂိုမာရီ အလာဘားမားမှာ (Montgomery Alabama) အာဖရိကန် အမေရိကန် လူမည်းအမျိုးသမီး ရိုစာ ပါ့က် “Rosa Parks Day” ဟာ ဘတ်စ် ကားစီးလာခဲ့တယ်။ လမ်းရောက်တော့ ကားပေါ်တက်လာတဲ့ လူဖြူ အတွက် သူမရဲ့ထိုင်ခုံကနေဖယ်ပေးဖို့ ကားဆရာက အမိန့်ပေးခဲ့ပြန်တယ်။ ဒါကို သူမက ရဲရဲဝန့်ဝန့် ငြင်းဆန်ခဲ့ပါတယ်။
ဒီလို သာမန်ငြင်းဆန်မှုလေးဟာ အမေရိကရဲ့ မြို့ပြအခွင့်အရေးလှုပ်ရှားမှုမှာ အထင်ကရအဖြစ်ဆုံးဖြစ်ရပ်တစ်ခုအထိ ဖြစ်ခဲ့ရတယ်။ အမေရိကန် ကွန် ဂရက်က သူမကို "မြို့ပြအခွင့်အရေးလှုပ်ရှားမှုရဲ့ ဦးဆောင်အမျိုးသမီး" "လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ မိခင်" လို့ ညွှန်းဆိုတတ်ကြတယ်။



ကာလီဖိုးနီးယားနဲ့ အိုဟိုင်ယိုပြည်နယ်တွေမှာဆိုရင် ဒီဇင်ဘာ ၁ ရက်နေ့ကို ရိုစာ ပါ့က်နေ့ “Rosa Parks Day” လို့ သတ်မှတ်ဂုဏ်ပြုထားကြတယ်။

ရိုစာ ပါ့က်ဟာ အသက် ၉၂ နှစ်အရွယ်၊ သူမ မသေဆုံးမီ ၂၀၀၅ ခုနှစ်မှာ ဗုဒ္ဓဘာသာအဖြစ်ခံယူသွားခဲ့ပါတယ်။ လူတန်းစားခွဲခြားမှုကို ဆန့်ကျင်ခဲ့တဲ့ အမျိုးသမီး အိုက်ကွန်းကြီးတစ်ယောက် ဖိအားမပါ၊ မြှူဆွယ်မှုမလုပ်တတ်တဲ့ ဗုဒ္ဓဘာသာအဖြစ်ခံယူသွားမှုဟာ လူတန်းစားခွဲခြားမှုကို လက်မခံတဲ့ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကြောင့်လို့ ကောက်ချက်ဆွဲမယ်ဆိုရင် မှားနိုင်ခြေ သိပ်ရှိမယ်မဟုတ်ပါဘူး။

မှန်ပါတယ်လို့သက်သေပြဖို့ သာဓက


American leaders allege that the Muslims involved in the quasi war are a small minority whose use of violence is rejected by the great majority of moderate Muslims. This may be true, but evidence to support it is lacking. Protects against anti-Western violence have been totally absent in Muslim countries.
(The Clash. Chap 9. P 217)

အမေရိကန်ခေါင်းဆောင်တွေက အရပ်သားစစ်ပွဲအကြမ်းဖက်မှုတွေထဲ ပါ ဝင်နေသူတွေဟာ မွတ်စလင်လူနည်းစုလေးသာဖြစ်ပြီး သူတို့ရဲ့ အကြမ်းဖက် မှုတွေကို သမာသမတ်ကျတဲ့ မွတ်စလင်လူအများကြီးက ကန့်ကွက်တယ် လို့ပြောဆိုတတ်ကြတယ်။ ဒီအဆိုက မှန်ကောင်းမှန်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီအဆိုကို မှန်ပါတယ်လို့သက်သေပြဖို့ သာဓကတော့မရှိပါဘူး။ အနောက် ဆန့်ကျင်ရေးအကြမ်းဖက်မှုတွေကို(သဘောမတူလို့)ကန့်ကွက်ဆန္ဒပြမှုတွေ မွတ်စလင်နိုင်ငံတွေထဲမှာ လုံးဝကို မရှိခဲ့ဘူး။

အစ္စလာမ်ဘာသာ နိုးထခြင်း


လူ့ယဉ်ကျေးမှု ပဋိပက္ခနဲ့ ကမ္ဘာသစ်တစ်ခုကို ပုံဖော်ခြင်း
အခန်း ငါး၊ ကောက်နှုတ်ချက်

အစ္စလာမ်ဘာသာ နိုးထခြင်း
********************

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အာရှရဲ့ယုံကြည်မှု ပြင်းပြခိုင်မာလာနေ သလို အရေအတွက် များပြားလွန်းလှတဲ့ မွတ်စလင် လူဦးရေကလည်း အစ္စ လာမ်ဘာသာရဲ့ အိုင်ဒင်တတီ (အမှတ်အသားလက္ခဏာ)၊ အဓိပ္ပါယ်၊ တည်ငြိမ်မှု၊ တရားဝင်မှု၊ ဖွံ့ဖြိုးမှု၊ ပါဝါနဲ့ မျှော်လင့်ချက် အားကောင်းလာဖို့ အတွက် အကြောင်းတစ်ရပ် ဖြစ်လာနေပါတယ်။
မျှော်လင့်ချက်ဆိုရမှာ သူတို့ရဲ့ ဆောင်ပုဒ်ကကို ပဲ“အစ္စလာမ်ဟာ ပြသနာရဲ့ အဖြေ Islam is the solution)”ဖြစ်နေပါတယ်။ အစ္စလာမ်ဘာသာ နိုးထလာခြင်းရဲ့ ပမာဏနဲ့ အရှိန်အဟုန်က အနောက်တိုင်း စီဗီလိုက်ဇေးရှင်းကို လှမ်းပြီးအားပြိုင်လိုက်တဲ့ နောက်ဆုံး အပြောင်းအလဲ တစ်ခု၊ ပြဿနာရဲ့အဖြေကို အနောက်တိုင်း အိုင်ဒီယော်လော်ဂျီနဲ့ အညီ ရှာမှာ မဟုတ်။ အစ္စလာမ် အဆုံး အမနဲ့အညီ ရှာဖွေယူမယ်ဆိုတဲ့ အားထုတ်မှု တစ်ခုပါ။
အစ္စလာမ်က ခေတ်မီခြင်းကိုလက်ခံတယ်။ အနောက်တိုင်း ယဉ်ကျေးမှု ကို ငြင်းဆန်တယ်။ ခေတ်သစ်ကမ္ဘာကြီးထဲမှာ နေထိုင်နိုင်ဖို့ အစ္စလာမ် ဘာသာဟာ လမ်းညွှန်ချက်ဖြစ်တယ်။ ဆော်ဒီဲရဲ့ ထိပ်တန်း အရာရှိ တစ်ယောက် ၁၉၉၄ ခုနှစ်က ရှင်းပြသလိုဆိုရင် “နိုင်ငံခြား သွင်းကုန်တွေ ဟာ ကောင်းတယ်၊ တောက် တောက်ပပရှိတယ်(သို့မဟုတ်)နည်းပညာ အဆင့်မြင့်တဲ့ ရုပ်ဝတ္ထုတွေသာဖြစ်တယ်။ ဒါပေမဲ့ ကိုင်တွယ်ထိတွေ့လို့ မရတဲ့(သိမ်မွေ့တဲ့) လူမှုရေးနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာတော့ နိုင် ငံခြားပို့ကုန် (ယဉ်ကျေးမှု) တွေဟာ သေလုမြော ပါး အန္တရာယ်ကြီးလွန်းလှ ပါတယ်.....အီရန်က ရှား(ဘုရင်)ကို မေးကြည့်ပါ … ကျွန်တော်တို့အတွက် အစ္စလာမ်ဘာသာဟာ ဘာသာရေးတင် မဟုတ်ပါဘူး ဘ၀လမ်းညွှန် လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆော်ဒီတွေလည်း ခေတ်မှီလိုကြပါတယ်။ ဒါပေမဲ့ အနောက် တိုင်းဟန်နဲ့ ခေတ်မှီစရာတော့ မလိုအပ်လှပါဘူး။” (Note 17)

အစ္စလာမ်ဘာသာ နိုးထလာခြင်းဟာ ဒီရည်ရွယ်ချက် အထမြောက်လာစေဖို့ မွတ်စလင်တွေရဲ့ အားထုတ်မှုပါ။ ဒါဟာ အစ္စလာမ်ကမ္ဘာ အနှံ့အပြား ပျံ့နှံ့စေ တဲ့ပညာရပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဆိုင်ရာ၊ လူမှုရေးရာနဲ့ နိုင်ငံရေးရာ လှုပ် ရှားမှုကြီးပါပဲ။ အစ္စလာမ်ဘာသာရေးစာအုပ်ကြီးဝါဒကို ယေဘုယျအားဖြင့်"အစ္စလာမ် နိုင်ငံရေး" အနေနဲ့ သဘောပေါက် ထားလို့ရပါတယ်။ အစ္စလာမ် အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေ ပြန်လည်ရှင်သန်လာရေးအတွက် မွတ်စလင်တွေက အစ္စလာမ်ဘာသာကို ပေးဆပ်မှုတွေထဲမှာ ဒီလှုပ်ရှားမှုဟာ တစိတ် တပိုင်းလေး တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။ အစ္စလာမ် ဘာသာ နိုးထလာခြင်းက ပင်မရေစီးကြောင်းဖြစ်ပြီး အစွန်းရောက်ဝါဒီ မဟုတ်ပါဘူး။ နေရာအနှံ့ ပျံ့နှံ့နေပြီး တသီးတသန့် ရှိနေတာလည်း မဟုတ်ပါဘူး။
ဒီလှုပ်ရှားမှုက နိုင်ငံတိုင်းမှာရှိတဲ့ မွတ်စလင်တွေကိုရိုက်ခတ်စေပြီး ဒါဟာ လူ့အဖွဲ့အစည်းတွေအတွက် လမ်းညွှန် ချက်၊ မွတ်စလင်နိုင်ငံ အများစု အတွက် နိုင်ငံရေးလည်းဖြစ်တယ်။ ဂျွန်အယ်(လ်) အက်(စ်)ပိုစီတို (John L.S Posito) “တစ်ဦးချင်း ဘ၀တွေအတွက် နိုးထလာတဲ့ အစ္စလာမ် လက်စွဲကျမ်း” မှာ ဒီလိုရေးထားတယ်။
"လမ်းညွှန်ချက်တွေ အများအပြားရှိပါတယ်။ ဘာသာရေး ကိုင်းရှိုင်းဖို့အတွက် အာရုံစိုက်ခြင်း (ဗလီတက်ခြင်း၊ ဆု တောင်းဝတ်ပြုခြင်း၊ ဥပုသ်စောင့်ခြင်း) ဘာသာရေး အစီအစဉ်တွေဖြန့်ဝေခြင်း၊ ဘာသာရေးဆိုင်ရာ ကျမ်းစာတွေ ပုံနှိပ် ဖြန့်ဝေခြင်း၊ အစ္စလာမ်ထုံးတမ်းစဉ်လာအတိုင်း ဝတ်စားဆင်ယင်ခြင်း နဲ့ အစ္စလာမ်တန်ဖိုးကို အလေး ထားခြင်း၊ စူဖီဝါဒကို ပြန်လည် အသက် သွင်းခြင်း (Sufism = mysticism) တွေ ပါဝင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆန်းသစ်လာတဲ့ အစ္စလာမ်လှုပ်ရှားမှုကို လူထု ကြီးတစ်ရပ်လုံးရဲ့ အစ္စလာမ်ဘာသာ အပေါ်ယုံကြည်သက်ဝင်မှု ပြန် လည် အားကောင်းခြင်းက ၀န်းရံပေးထားတယ်။ အစ္စလာမ်ဘာသာ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတွေ၊ အဖွဲ့ အစည်းတွေ၊ ဥပဒေတွေ၊ ဘဏ်တွေ၊ လူထု အကျိုးပြုလုပ်ငန်းတွေ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျောင်းတွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အစိုးရတွေကရော အတိုက်အခံတွေ ကပါ အစ္စလာမ်ဘာသာကို ခြေကုတ်ယူပြီး ထောက်ခံမဲတွေရအောင် ကြိုးစား ကြတယ်။ သူများထက်ပိုပြီး ဘာသာရေးဘက်မလိုက်ဝါဒဆန်တဲ့ တူရကီလို၊ တူနီးရှားလို နိုင်ငံ တွေအပါအ၀င် နိုင်ငံအစိုးရအများစုဟာ အစ္စလာမ်ရဲ့ အားကို အသိအမှတ်ပြုလာကြပြီး အစ္စလာမ်နဲ့ ပါတ်သက် တဲ့ကိစ္စ တွေမှာ စိတ်ဝင်စားမှုတွေ ပြသလာနေကြပါတယ်"

အလားတူပါပဲ နောက် ထင်ရှားတဲ့ အစ္စလာမ်ပညာရှင် အလီ အီး ဟီ လယ်ဒက်ကီး (Ali-E-Hilla Dessouki) ကတော့ အစ္စလာမ် ဘာသာ နိုးထ လာခြင်းဟာ အရင်ကရှိခဲ့တဲ့ အနောက်တိုင်းဥပဒေ နေရာမှာ အစ္စလာမ်မစ် ဥပဒေကို အစားထိုးနိုင်ရေး၊ ဘာသာတရားနဲ့ ဆိုင်တဲ့ ဘာသာစကား၊ သင်္ကေတတွေကို ပိုအသုံးပြုကြရေး၊ အစ္စလာမ် ပညာရေးတိုးချဲ့ရေး (အစ္စလာမ်မစ်ကျောင်းတွေ တိုးပွားလာရေးနဲ့ အစိုးကျောင်းတွေမှာ အစ္စလာမ် ဘာသာရေးတွေ ထည့်သွင်းပြဌာန်းရေး)၊ အစ္စလာမ်မစ် ကိုယ်ကျင့်တရားတွေ ကျင့်သုံးလာရေး (အမျိုးသမီးများ မျက်နှာဖုံးထားခြင်း၊ အရက်သေစာ ရှောင် ကြဉ်ခြင်း) ဘာသာရေး ၀န်ပြုဆုတောင်းပွဲတွေမှာ တက်ရောက်သူ ပိုမိုများပြား လာရေး၊ မွတ်စလင်နိုင်ငံတွေမှာ ရှိနေတဲ့ ဘာသာရေးဘက်မလိုက် အစိုးရေ တွရဲ့နေရာကို အစ္စလာမ်ဗ်အဖွဲ့တွေက နေရာယူနိုင်ရေး၊ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်နိုင်ငံ၊ အစ္စလာမ်လူ့အဖွဲ့အစည်းတွေကြား ဆက်ဆံရေးတွေ ပိုမို အားကောင်းခိုင်မာလာရေးတွေအတွက် (အစ္စလာမ် ဘာသာ နိုးထခြင်း လှုပ်ရှားမှုက) အားကြိုးမာန်တက် ပါဝင်ခဲ့တယ်လို့ ရှုမြင်ပါတယ်။(Note 18)

La revanche de Dieu ထာဝရဘုရားရှင်ရဲ့ပစ်ဒဏ်ခတ်ခြင်းကတော့ တစ် ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ အလ္လာ ရှင်မြတ်ရဲ့ ပြစ်ဒဏ် စီရင်ခြင်း ကတော့ နယ်ပယ်အကျယ်ဆုံး ပျံ့နှံ့နေပြီး မွတ်စလင် လူ့အဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ဖြည့် ဆည်းပေးလျက်ရှိနေပါတော့တယ်။
နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ အစ္စလာမ်လှုပ်ရှားမှုဟာ မာ့က်(စ်) ၀ါဒနဲ့ ဆင်တူပါတယ်။ လမ်းညွှန်ချက် လက်စွဲကျမ်းစာနှင့်အတူ အရာခပ်သိမ်း ပြီးပြည့်စုံတဲ့ ဘ၀အမြင်ရှိတယ်။ လိုအပ်တဲ့ အခြေခံပြောင်းလဲမှုတွေဖြစ်ဖို့ အား စိုက်ထုတ်တယ်။ ပါဝါကို ဆန့်ကျင်တယ်၊ အမျိုးသားနိုင်ငံတော်ကို ဆန့် ကျင်တယ်၊ ဒီအထဲမှာ တရားမျှတတဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ အကြမ်း ဖက်တော်လှန်ရေးဆိုတဲ့ အဆုံးအမ နှစ်ခုကွဲပြားစွာပါဝင်ပတ်သက်နေတယ်။


ဒီထက်ပိုအသုံးကျမဲ့ နှိုင်းယှဉ်မှုကတော့ အစ္စလာမ်နိုးထခြင်းဟာ ပရိုတက် စတင့် (ခရစ်ယာန်အယူဝါဒ) ပြန်လည် တည်ဆောက်ရေးနဲ့ တူပါ တယ်။ နှစ်ဖွဲ့စလုံးဟာ လက်ရှိအဖွဲ့အစည်းတွေရဲ့တက်ကြွမှုမရှိခြင်း၊ ကိုယ် ကျင့်တရားပျက်ခြင်းကို တော်လှန်ဖို့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်တယ်။ ပို့ပြီး သန့်စင်၊ ပိုပြီးတောင်းဆိုမှုများတဲ့ မူလဘာသာတရားဆီ ပြန်သွားမယ် လို့ကြွေးကြော်ကြတယ်။ အလုပ်၊ အမိန့်နဲ့ စည်းကမ်း အကြောင်းတွေ ကို ဟောပြောကြတယ်၊ အင်အားကောင်းတဲ့ လူလတ် တန်းစာတွေ ပါဝင် လာဖို့ စည်းရုံးတောင်းဆိုကြတယ်။ လှုပ်ရှားမှုအားဖြင့်လည်း နှစ်ဖွဲ့စလုံးဟာ ရှုပ်ထွေးများပြား လွန်းလှတယ်။ ရပ်တည်ချက်တွေမတူကြဘူး။ ဒါပေမဲ့ အဓိကနှစ်ချက်ကတော့ တူနေတယ်။ (ခရစ်ယန်မှာ) လူသာရင်ဝါဒနဲ့ ကာ(လ်)မင်ဝါဒရှိခဲ့သလို၊ (အစ္စလာမ်မှာ) ရှိယိုက်နဲ့ ဆွန်နီ ဘာသာရေး စာအုပ်ကြီးဝါဒတို့ရှိကြတယ်။ နောက်ပြီး ဂျွန်ကာ(လ်)မင်နဲ့ အယာ တိုလာ ခိုမေနီတို့တောင် တစ်ယောက်နဲ့တစ်ယောက် ဆင်တူနေပြီး ဘာသာရေး ဥပဒေတွေကို လူထုလိုက်နာကျင့်သုံးဖို့ ကြိုးစားခဲ့ ကြတယ်။

(Lutheranism လူသာရင်နစ်ဇင်ဆိုတာ ခရစ်ယန်ဂိုဏ်းကွဲတစ်ခု၊ ဂျာမန်ဘုန်းတော်ကြီး မာတင်လူသာ (ရ်) တို့ရဲ့ အဆုံး အမတွေကို အစွဲပြုပြီး၊ ခေါ်ဝေါ်ထားတဲ့ အမည်ဖြစ်ပြီး Calvinism ကတော့ ပရိုတက်စတင့်ဂိုဏ်း၊ John Colvin ကို အစွဲပြုပြီး၊ ခေါ်ဝေါ်တဲ့အမည်ပါ) ဘာသာပြန်သူ။)

ခရစ်ယန်ဘာသာ ပြန်လည်တည်ဆောက်ရေးနဲ့အစ္စလာမ်ဘာသာ နိုးထေ ရး နှစ်ခုလုံးရဲ့ အခြေခံ စိတ်ဓါတ်က စနစ်တကျ ပြန်လည်တည်ဆောက်ရေး ပါပဲ။
“ ပြန်လည်တည်ဆောက်ရေးဟာ ကမ္ဘာ အနှံ့အပြားမှာ ဖြစ်နေရမယ်။ နေ ရာတွေ၊ လူတွေ၊ အမည်နာမတွေ အားလုံးပြောင်းလဲရမယ်။ တရားခုံရုံးတွေ ကို ပြောင်းရမယ်၊ မျှတမှုမရှိတဲ့ တရားသူကြီးတွေကို ပြောင်းလဲ ရမယ်။ တက္ကသိုလ်တွေ၊ မြို့တော်တွေ၊ နိုင်ငံတွေကို ပြောင်းလဲရမယ်၊ ပညာရေး၊ မကောင်းတဲ့ကျောင်းတွေ၊ ဥပုဒ်ကျောင်း တွေ၊ တရားနာပရိတ်သတ်တွေ၊ ဘုရားရှိခိုးပုံတွေ ပြောင်းလဲရမယ် ” လို့ပြုပြင် ပြောင်းလဲ ရေး ခရစ်ယန် တရားဟောဆရာ တစ်ယောက်က ပြောခဲ့ဘူးပါတယ်။

သူနဲ့အလားတူပါပဲ၊ အယ်(လ်) တူရဘီ (al-Turabi) ကလည်း ဒါကိုထပ်ပြီး ခိုင်မာစေတယ်။
"အစ္စလာမ်ဘာသာ နိုးထလာမှုဟာ အဓိပ္ပါယ် အလွန်လေးနက်ပါတယ်။ ဒါဟာ တစ်ကိုယ်ရေ ဘာသာတရား ကိုင်းရှိုင်းတာမဟုတ်ပါဘူး။ အသိ ဥာဏ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ ကိုးကွယ်မှုလည်း မဟုတ်ဘူး။ အထက်က အရာတွေ အားလုံး ပါဝင်ပြီး၊ အထက်ဆုံး ကနေ အောက်ဆုံးအထိ ရှိနေတဲ့ လူတန်းစားအားလုံးကို တစ်ပေါင်း တည်း ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ကျယ်ဝန်းလေးနက်မှုမျိုးပါ။" (Note 19)

၂၀ ရာစု နှောင်းပိုင်း အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲက အစ္စလာမ် နိုး ထခြင်းရဲ့ အကျိုးသက်ရောက်မှုကို မျက်ကွယ် ပြုခြင်းဟာ ၁၆ ရာစု နှောင်းပိုင်း၊ ဥရောပနိုင်ငံရေးထဲက ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုး သက် ရောက်မှုကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပါပဲ။ အစ္စလာမ် နိုးထခြင်းက ခရစ်ယန်ပြန်လည်တည်ဆောက်ရေး ထက်ထူးခြား တာဆိုလို့ တစ်ခုပဲရှိပါတယ်။ ပရိုတက်စတင့် ပြန်လည် တည်ဆောက်ရေးရဲ့ အကျိုးသက်ရောက်မှုက ဥရောပ အနောင်တိုင်းထဲ တင်သာဖြစ်ပြီး၊ စပိန်၊ အီတလီနဲ့ ဥရောပအရှေ့ပိုင်းတွေမှာ သက်ရောက်မှု သိပ်မရှိခဲ့ဘူး။ အစ္စလာမ် ဘာသာ နိုးထခြင်းက မွတ်စလင်နိုင်ငံတိုင်းကို ပျံ့နှံ့သွားခဲ့တယ်။

၁၉၇၀ ခုနှစ်တွေကစလို့ အစ္စလာမ်မစ် သင်္ကေတတွေ၊ ယုံကြည်မှု၊ အကျင့်၊ ဖွဲ့စည်းပုံဥပဒေတွေ၊ ပေါ်လာစိတွေနဲ့ အဖွဲ့အစည်းတွေဟာ မော်ရိုကိုကနေ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားကနေ ကာဇက်စတန် (တစ်) ဘီလီယံရှိတဲ့ မွတ်စ လင်တွေရဲ့ တခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့တယ်။ ဒီလှုပ်ရှားမှုက အစမှာတော့ ယဉ်ကျေးမှုနယ်ပယ်ထဲလောက်တင်ပါ။ နောက်ပိုင်းမှာတော့ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ် တွေထဲအထိကျယ်ပြန့်သွားခဲ့တယ်။ ပညာရေး၊ နိုင်ငံရေးခေါင်းဆောင် တွေအနေနဲ့ သဘောကျသည်ဖြစ်စေ၊ မကျ သည်ဖြစ်စေ၊ အသိ အမှတ်မပြုလို့ မရသလို ရှောင်လွှဲလို့ လည်းမရတော့ ပါဘူး။ မျိုးဆက်ကြီး တစ်ခုလုံးကို သိမ်းကျုံး ခေါ်ယူသွားနိုင်ခြင်းဟာ အမြဲတမ်း အန္တရာယ်ရှိပြီး အများအားဖြင့်မှာလည်း မှားနေတတ်တယ်။ ဒါပေမဲ့ မှန်သလို လိုလည်း ထင်နေရတတ်တယ်။ ၁၉၉၅ ခုရောက်တော့ အီရန်ကလွဲရင် မွတ် စလင်လူမျိုး အများစုရှိတဲ့ နိုင်ငံတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် ယဉ်ကျေးမှု၊ လူမှုရေးနဲ့ နိုင်ငံရေးအရ ပိုပြီး အစ္စလာမ်မစ်တွေ ဖြစ်လာခဲ့ကြတော့ တယ်။(Note 20)

နိုင်ငံအများစုတွေထဲမှာ အစ္စလာမ်မစ် လှုပ်ရှားရေးသမားတွေ အဓိက လုပ်ဆောင်ကြတဲ့ အချက်က အစ္စလာမ်မစ် လူမှုရေး အဖွဲ့အစည်းတွေ တိုးတက်အားကောင်းအောင် ပြုမူခြင်းနဲ့ ရှိရင်းစွဲ လူ့အဖွဲ့အစည်းတွေကို အစ္စလာမ်မစ် အဖွဲ့တွေက သိမ်းပိုက်ယူခြင်းပါပဲ။ အစ္စလာမ်မစ်တွေ အထူး အာရုံစိုက် လုပ်ဆောင်တာက အစ္စလာမ်စာသင်ကျောင်းတွေ တည်ထောင်ခြင်းနဲ့ အစိုးရကျောင်းတွေမှာ အစ္စလာမ်အဆုံးအမတွေ လွှမ်းမိုး လာအောင် ကြိုးစားယူခြင်းပဲဖြစ်တယ်။ အကျိုးဆက် အနေနဲ့ အစ္စလာမ်မစ် အဖွဲ့တွေဟာ လူထုအဖွဲ့အစည်းထဲ တစိမ့်စိမ့် တိုးဝင် တည်ရှိ လာခဲ့ခြင်း ပဲပါတယ်။ အခြား အဖွဲ့အစည်းတွေနဲ့ အားပြိုင်တယ်၊ ဖိနှိပ်တယ်၊ ဘာသာရေး လျော့ရဲပြီး အားနည်းတဲ့ အဖွဲ့အစည်းတွေရဲ့ နေရာမှာ အရေ အတွက် ပမာဏအားဖြင့်ရော ကူညီဆောင်ရွက်ချက်တွေ အားဖြင့်ပါ နေ ရာဝင်ယူ လာကြတော့တယ်။ ၁၉၉၀ ခုနှစ်တွေရဲ့ စောစော ပိုင်းက အီဂျစ်နိုင် ငံထဲ အစ္စလာမ်မစ် အဖွဲ့အစည်း တွေ အားကောင်းလာပြီး၊ အစိုးရက ဖြည့် ဆည်းပေးဖို့ ပျက်ကွက်ခဲ့တဲ့ကွက်လပ်နေရာ(လှည့်မကြည့်နိုင်တဲ့နေရာ)တွေ ကိုသူတို့ကဖြည့်ဆည်းပေး လာခဲ့ကြ တယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး နဲ့ အခြားအကူအညီတွေ ဆင်းရဲသား အီဂျစ်တွေကို အလုံးအရင်းနဲ့ ပေးခဲ့ ကြတယ်။ ၁၉၉၂ ခုနှစ် ကိုင်ရိုမြို့မှာ ငလျင်ကြီးလှုပ်တော့ သူတို့အဖွဲ့တွေက နာရီပိုင်းအတွင်း လမ်းတွေပေါ်ရောက်လာပြီး၊ အစားအသောက်တွေဝေ ကြ၊ စောင်တွေပေးကြတော့ အစိုးရအဖွဲ့တွေက သူတို့နောက် အများ ကြီး ပြတ်ကျန်နေရစ်ခဲ့ကြ တယ်။

ဆက်ရန်

သူ့လက်သံ


ရုပ်ရှင်မင်းသား Basil Rathbone နဲ့ စန္ဒယားဆရာ Dane တို့ Victor Borge ဟိုတယ်မှာ အတူတူ တည်းကြတော့ ဒိန်းက စန္ဒယားတစ်လုံးဟာ ဘယ်လောက် အသုံးကျကြောင်း၊ ကောင်းကောင်း တီးတတ်ရင် ဘယ်အချိန် ရှိပြီ ဆိုတာကိုပင် စန္ဒ ယားသံနဲ့ ပြောပြနိုင်ကြောင်း ရှင်းပြတယ်။



ဘာဆယ်အတွက် ယုံရခက်ခက် ဖြစ်နေတာပေါ့။ ဒါနဲ့ ဒိန်းက စန္ဒယားရှေ့မှာ ထိုင်လိုက်ပြီး လက်သံကြမ်းကြမ်း တီးကွက် နှစ်ကွက် သုံးကွက် တီးချလိုက် တယ်။
အဲဒီအချိန် ဟိုဖက်အခန်းမှာ အိပ်နေတဲ့ ဧည့်သည်က နံရံကို ထုရင်း အိပ်ချင် မူးတူး ဒေါသတကြီးနဲ့

" ခွေးမသားတွေ မအိပ်ကြသေးဘူး၊ မင်းတို့ အဖေ့အိမ်များ မှတ်နေလို့လား၊ နာရီလည်းကြည့်ဦး၊ မနက် တစ်နာရီ ခွဲနေပြီ " တဲ့။

ဒီတော့ ဒိန်းက " ကဲ ဘယ်လိုလဲ " ဆိုတဲ့ အကြည့်နဲ့ ဘာဆယ်ကို ပြုံးစိစိ လှမ်း ကြည့် လို့။
( RD, Dec, 1957 )
(16/12/2012)

ဇင်ဝေသော် 

အမေရိကန်လူမျိုးတစ်ယောက်ရေးသားသည့် ရိုဟင်ဂျာအကြောင်း ဖြစ် ရပ်မှန်များ


By Rick Heizman, San Francisco, California, U.S.A.
Translated by Ko Nay Min, Yangon, Burma

မြန်မာနိုင်ငံအနောက်ပိုင်းရှိ ရခိုင်ပြည်နယ်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှန် များနှင့်နောက်ကြောင်းရာဇ၀င်။ မြန်မာနိုင်ငံကရခိုင်ပြည် နယ်ရဲ့ အခြေ အနေတွေကို သတင်းမီဒီယာတွေပေါ်မှာကြောက်မက်ဖွယ်ရာ လုပ်ကြံ ဖန် တီးဖော်ပြထားတာတွေကို တွေ့လိုက်ရတော့ ကျွန်တော့်မှာတော်တော်ကို စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ လူတော်တော်များများကမြန်မာနိုင်ငံ အကြောင်းကိုတော်တော် သိလာကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ တကယ့်ဖြစ်ရပ်နဲ့ အမှန်တရား ကိုတော့ မသိကြပါဘူး။
ကျွန်တော်ဒီဆောင်းပါးကိုရေးတာမြန်မာပြည်အနောက်ပိုင်းက ရခိုင်ပြည်နယ် မှာဖြစ်ခဲ့ရတဲ့ဖြစ်ရပ်ရဲ့ တကယ့်အကြောင်းအရင်းတွေနဲ့ အမှန်တရားကို ရှင်းပြ ချင်လို့ဖြစ်ပါတယ်။
ဒီဆောင်းပါးဟာလည်း အဲဒီ ဒေသရဲ့သမိုင်းကြောင်းနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ တကယ့်အတွေ့အကြုံတွေအပေါ်မှာ အခြေခံထားပါတယ်။
ကျွန်တော်ဟာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ(လွန်ခဲ့တဲ့ရှစ်လတုန်းက) အဲဒီနေရာ ကို ရောက်ခဲ့ပါတယ်။


__________________________________________
ရခိုင် - (Rakhaing ဟု အသံထွက်သည်) Arakan ဟုလည်း ခေါ်ကြသည်။ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ စကားနှင့်လူမျိုးနွယ်ဖွဲ့တည်မှုရှိပြီး ကိုယ်ပိုင်ဇာတိမြေတွင် သမိုင်းအစဉ်အဆက်နေထိုင်ပေါက်ပွားလာခဲ့သော ထိုဒေသရှိဗုဒ္ဓဘာသာဝင်လူမျိုးများဖြစ်သည်။

ရိုဟင်ဂျာ - များမကြာမီကပင် နိုင်ငံကူးပြောင်းဝင်လာပြီး သူတို့ကို ယခင်တုန်း က ဘင်္ဂါလီမူဆလင် (သို့) စစ်တကောင်း မူဆလင်များဟုခေါ်သည်။ (သူ
တို့၏ ဇာတိဇာစ်မြစ်ကို ညွှန်ပြထားပြီးသားဖြစ်သည်။)

ရခိုင်ပြည်နယ် - မြန်မာနှင့် ဘင်္ဂါလားဒေ့ရှ်နိုင်ငံ နှစ်ခုကြားရှိ ပြည်နယ်ဖြစ် သည်။ မြို့တော်မှာ စစ်တွေဖြစ်သည်။ ယခင်က Akyab ဟုခေါ်သည်။ အကြီးဆုံးသော သမိုင်းဝင်ရှေးဟောင်းအကျဆုံးနေရာမှာ (မြောက်ဦးမြို့ )ဖြစ်ပြီး (၁၄၃၀ မှ ၁၇၈၄)ခုနှစ်အထိ ယခင်ကရခိုင်ပြည်နယ်၏ မြို့တော်ဖြစ် သည်။ ထိုအချိန်က အာရှတိုက်တွင် အချမ်း သာဆုံးမြို့တော်များထဲတွင် ပါဝင် ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် - ၁၉၇၁ ခုနှစ်က ဖြစ်ပေါ်လာသော နိုင်ငံအသစ်တစ်ခုဖြစ် သည်။ မူလအစက ရှေးခေတ်က အိန္ဒိယလူမျိုး ဟိန္ဒူ (သို့)ဗုဒ္ဓဘာသာဝင် မင်းဆက်အမျိုးမျိုး နန်းစိုက်စိုးစံခဲ့သော ဒေသ၏ တစ်စိတ်တစ်ပိုင်းဖြစ် သည်။ နောက်ပိုင်းတွင် မူဆလင်ဘာသာဝင်တို့စစ်နိုင်၍ အစ္စလာမ် ဘာသာ ကိုသယ်ဆောင်လာခဲ့သည်။ ဗြိတိသျှ ပိုင်အိန္ဒိယနိုင်ငံ၏ ပိုင်နက်နယ် တစ်ခုဖြစ်လာခဲ့ပြီး၊ ၁၉၄၇ ခုနှစ်တွင် အရှေ့ပါကစ္စတန်အဖြစ် အနောက် ပါကစ္စတန်နှင့် နယ်နိမိတ်မိုင်တစ်ထောင်ကျော် တွဲဆက်လျက် လွတ်လပ်ရေး ရခဲ့ပြီး ၁၉၇၁ တွင် ဘင်္ဂလားဒေ့ရှ်အမည်ဖြင့် လွတ်လပ်သော နိုင်ငံတစ်ခုဖြစ် လာခဲ့သည်။

___________________________________________

အမှန်တရား၏ ဇာစ်မြစ်

တကယ်တော့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကျနစွာ ရာ စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ မွေးရပ်ဇာတိပြည်နယ်ကြီးကို ရက်စက် လှတဲ့ အစီအစဉ်တွေချပြီး တခြားလူမျိုးနဲ့ ဘာသာတရားမမျှတမှု ရပ်တည်ရန် ခွင့်ပြုမှု မရှိဘဲအစ္စလာမ်ပြည်နယ်အဖြစ် အတင်းအဓမ္မ သိမ်းယူ ထူထောင် လိုက်ခြင်းပါပဲ။ ဒီအဖြစ်မျိုးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာပြည်နယ်ခြားမှာ ရှိတဲ့ မောင်းတောနဲ့ ဘူးသီးတောင်မြို့တွေမှာ ဖြစ်ခဲ့ဘူးပါတယ်။

ရခိုင်လူမျိုးတွေဟာတခြားနယ်မြေနိုင်ငံဒေသတွေကို ဘယ်တော့မှ ကူးသွားပြီး နယ်ချဲ့လေ့မရှိခဲ့ပါ။ ရခိုင်တွေဟာ သူတို့ရဲ့ရှေးကျလှတဲ့မွေးရပ်ဇာတိမြေမှာ သာ အစဉ်အဆက်နေထိုင်လာခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)ကျော်လောက်ကပင် ဘင်္ဂါလီတို့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနဲ့အတင်း အဓမ္မမီးရှို.ခြင်းတွေကို ရွာပေါင်းများစွာ ခံခဲ့ရဘူးပါတယ်။

ရခိုင်တို့ဟာ မူဆလင်ဘင်္ဂါလီတို့ရဲ့ ဗုဒ္ဓဘာသာနဲ့ယဉ်ကျေးမှုအပေါ် မငဲ့ကွက် ဘဲ ဗုဒ္ဓဘုရားဆင်းတုများ ဘုန်းကြီးကျောင်းများနဲ့ ဗုဒ္ဓဘာသာရေးဆိုင်ရာ နေ ရာများကို ဖျက်ဆီးဦးမှာကို ခါးသည်းလှတဲ့ ယခင်အတွေ့အကြုံအရ သိနေ ခဲ့ပါတယ်။ အခုတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပြန်လေပြီရော။

အလားတူအဖြစ်တွေက ထိုင်းနိုင်ငံတောင်ပိုင်း မှာ(လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများအပါအ၀င် ဗုဒ္ဓဘာသာဝင်လူပေါင်း ၅၀၀၀ခန့်ကို လွဲမှားသော အယူနဲ့သတ်ဖြတ်ချင်စိတ်ပြင်းပြနေတဲ့ မူဆလင် တို့က ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်ဦးရေနည်းသွားပြီးတော့၊ ထိုင်းနိုင်ငံတောင်ပိုင်းကို လွတ်လပ်သော အစ္စလာမ်ပြည်နယ် အဖြစ် ပြောင်းပစ်ဖို့ကြိုးစားခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မှာလည်းခရစ်ယာန်ဘာသာဝင် ဖိလစ်ပိုင်ပြည်သူ တို့ကို အစဉ်မပြတ်ပြန်ပေးဆွဲခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းတွေ ဆက် လုပ်ပြီး သီးခြားအစ္စလာမ် သီးသန့်နိုင်ငံဖြစ်လာအောင် ကြိုးစားနေကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မူဆလင်မရှိသော အပိုင်းတွေမှာလဲ ခရစ်ယာန် ဘုရားေ ကျာင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ခရစ်ယာန်ဘာသာဝင်ကျောင်းသူကလေး များ ကျောင်းတက်ဖို့လမ်းလျှောက်လာရာမှာ ခေါင်းတွေဖြတ်ပြီး သတ် ခဲ့ကြတယ်။ မကြာသေးခင်ကမူဆလင်ခေါင်းဆောင်တွေက မြန်မာနိုင်ငံကို ဘာသာရေးစစ်ပွဲလုပ်ရန် ပါဝင်ပေးဆပ်ကြဖို့ အင်ဒိုနီးရှား လူမျိုးများကို ခေါ်ယူ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ဟိန္ဒူဘာသာ ၀င် ၂၈% ရှိခဲ့ပါတယ်။ ဟိန္ဒူလူထုကို အတင်းမောင်းထုတ်ပြီး တဲ့နောက် မှာတော့ ဟိန္ဒူဦးရေဟာ ၉% တောင်မရှိတော့ဘဲ နည်းလာပါတော့တယ်။ ဗုဒ္ဓဘာသာဦးရေအနည်းစုကို ကြောက်စရာကောင်းလောက်အောင် မူဆ လင်များကဆက်ဆံကြပါတယ်။ ဗုဒ္ဓစေတီတော်များ၊ ဘုန်းတော်ကြီးကျောင်း များနဲ့ အိမ်များကို မီးရှို့ဖျက်ဆီးကြပါတယ်။ ရှေးဟောင်းဘုရားတွေ၊ တရား ထိုင်တဲ့ဂူတွေနဲ့ ဖျက်ဆီးခံရတဲ့အရာတွေဟာ ဗုဒ္ဓခေတ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းကဖြစ်ပြီး ယခုတော့ လုံးဝ ဖျက်ဆီးခြင်းခံခဲ့ရပါပြီ။

သမိုင်းကြောင်းရာဇ၀င်

ရခိုင်ဒေသမှာလွန်ခဲ့သောနှစ်ပေါင်း၂၀၀၀ကျော်အစောပိုင်းအေဒီရာစုနှစ်များကပင်ထီးနန်း၊ဘုရင်များနဲ့ သမိုင်းကောင်းအစဉ်အလာများ ရှိခဲ့ပါတယ်။
ဒုတိယအကြီးဆုံးမြို့နဲ့ ဘုရားကျောင်းများကို ဖျက်ဆီးခံခဲ့ကြရတာကေ တာ့ မြောက်ဦးမြို့ဖြစ်ပါတယ်။ ရခိုင်လူမျိုးစစ်စစ်တို့ရဲ့ သက်သေပြုရာ ရခိုင် စိတ်ဓာတ်ရှိရာအချက်အခြာမြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ အုပ်ချုပ် ခဲ့တဲ့ခေတ်ကိုတော့ ဖယ်လိုက်ပါတော့။အင်္ဂလိပ်တို့ကဘယ်သူသေသေ ငတေမာပီးရော စိတ်နဲ့အခုဖြစ်နေတဲ့ပြဿနာတွေကို ကူညီဖန်တီးပေး သလိုဖြစ် ခဲ့တယ်။

အင်္ဂလိပ်တို့ဟာ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် အခြားနိုင် ငံတွေကို ၀င်ရောက်စဉ်က စိုက်ပျိုးရေးနှင့် စီးပွားလုပ်ငန်းတွေမှာကူလုပ် တဲ့လူတွေအဖြစ်ခိုင်းဖို့ တရုတ်တွေ၊ ကုလားတွေကို ခေါ်သွင်းခဲ့ကြတယ်။ အင်္ဂလိပ် တွေဟာ ဘင်္ဂလားကမူဆလင်ကုလားတွေကို ရခိုင်ပြည်နယ်ထဲ ကို ခေါ်သွင်းတာများတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလား(ဘင်္ဂလားေ ဒ့ရှ်)က နီးလည်းနီးတော့အဆင်ပြေတယ်။ အဲဒီအလုပ်ကူသူ ဘင်္ဂါလီ မန်နေဂျာများက ဌာနေခံ ရခိုင်လုပ်သားတွေကို ငှားရမယ့်အစား ထောင်ပေါင်း များစွာသော မူဆလင် ဘင်္ဂါလီများကို လာပြီးအလုပ်လုပ်ဖို့ ခေါ်ယူခဲ့ကြတယ်။

အဲဒီအချိန်တုန်းက (၁၈၀၀ ခုနှစ်နှောင်းပိုင်း) ဘင်္ဂလားမှာ ဒီဘင်္ဂါလီေ တွ တော်တော်များများဟာ အာရေးဘီးယားရဲ့ ဝါဟာဗစ်အတွေးအခေါ်များ ကိုအခြေခံတဲ့ အစ္စလာမ်မစ်ဖာရာဒိုင်း လုပ်ရှားမှုရဲ့ အရှိန်အဟုန်အောက် မှာလွမ်းမိုးခြင်းခံနေရတယ်။

ဒီအာရေးဘီးယားရဲ့ ဝါဟာဗစ် အတွေးအခေါ်နဲ့ ဆော်ဒီ မျိုးနွယ်စုတွေက သူတို့ကိုသူတို့ အာရေးဘီးယားဆိုတဲ့နာမည်ပေးထားတာဖြစ်တယ်၊ အသေး စိတ်အနေနဲ့ ဘင်္ဂါလီတွေကို ညွှန်ကြားထားတာကလည်း "ရေအရင်း အမြစ်တွေ့လျှင်သူတို့ရဲ့ မူဆလင်ဘာသာဝင် တစ်မျိုးချည်း သာ နေရမယ့် ရွာတွေကို တည်ကြဖို့ဖြစ်တယ်"။

ဒါ့ကြောင့်လည်းသူတို့ဘင်္ဂါလီတွေဟာနောက်ပိုင်းမှာရေပြင်ကိုနိုင်နင်းလာပြီး ဗုဒ္ဓဘာသာဝင်တွေကို ငြင်းပယ်လာတော့တယ်။ သူတို့ရဲ့ခေါင်းဆောင်က
သူတို့တတွေအင်အားတောင့်တင်းပြီး အဆင်သင့်ဖြစ်နေပြီဟုယူဆတဲ့အခါ ဘာသာရေးစစ်ဆင်နွဲဖို့ ပြင်ဆင်ကြရန်ညွှန်ကြားခဲ့ကြတယ်။

၁၉၁၀ ၀န်းကျင်လောက်က အလုပ်ကူ မူဆလင်မန်နေဂျာ ၁၅ ယောက် ဟာ မောင်းတောမြို့တစ်မြို့တည်းသို့ ထောင်နှင့်ချီတဲ့ဘင်္ဂါလီအလုပ်သမားများကို ခေါ်သွင်းခဲ့ကြတယ်။ အစပိုင်းမှာ ကြီးမားတဲ့ လူဦးရေတိုးပွားမှု စ တင်ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုများ စတင်ခဲ့ တယ်။

၁၉၃၉ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်ဘင်္ဂါလီကုလားများရဲ့ လူဦးရေ အလျင်အမြန်တိုးပွားနေမှုကို စုံစမ်း စစ်ဆေးရန်ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ စုံစမ်းချက်တွေအရ အကြမ်းဖျင်းအားဖြင့် ၁၈၂၅ ခုနှစ်တွင် လူဦးရေ ၃၀၀၀၀ လောက်ရှိရာမှ ၁၉၃၀ခုနှစ်မှာ လူဦးရေ ၂၂၀၀၀၀ ကျော်လောက်အထိ တိုးပွားလာခဲ့တယ်။ အဲဒီ ကော်မရှင်က ကောက်ချက်ချပုံများအရ အားမလျော့စတမ်း ဆက်တိုက် နယ်ခြားနေရာမှာ လုပ်နေတဲ့ ဘင်္ဂါလီမူဆလင်လှုပ်ရှားမှုကို ရပ်တန်းက ရပ်မပစ်လျှင် (သို့) ထိန်းချုပ်မှုမရှိလျှင် မကြာမီအချိန်အတွင်း အဓိကရုန်း အကြီးအကျယ်ဖြစ်လိမ့်မည်လို့ ဖြစ်တယ်။ ကော်မရှင်ရဲ့ တွက်ဆချက်ကလည်း မှန်နေခဲ့တယ်။

ဒုတိယကမ္ဘာစစ်နေ့ရက်များ


၁၉၄၂အစောပိုင်းမှာဂျပန်တွေဟာရခိုင်ဘက်သို့ခြေဦးလှည့်လာတဲ့အခါ အင်္ဂလိပ်တို့က"ဘင်္ဂါလီဗီဖို့စ်"လို့ခေါ်တဲ့ မူဆလင်တပ်သားအဖွဲ့ကို ဖွဲ့စည်း ခဲ့တယ်။ ပြီးတော့လက်နက်တွေလည်း သူတို့ကို တပ်ဆင်ပေးခဲ့တယ်။ အင်္ဂလိပ်တွေက ဒီဘင်္ဂါလီတွေကို ရခိုင်တွေထက် တိုက်ရေးခိုက်ရေးမှာ လက်ရဲဇက်ရဲတဲ့ သူတွေအဖြစ် မြင်ခဲ့တယ်။

ဒါပေမဲ့အင်္ဂလိပ်တွေရုတ်တရက်ဆုတ်ခွာရတဲ့ အချိန်မှာတော့ဘင်္ဂါလီတွေဟာ သူတို့ကိုပေးထားတဲ့လက်နက်တွေကို အလျင်အမြန် သုံးပစ်ခဲ့ကြတယ်။ ဘယ်မှာသုံးပစ်ကြလဲဆိုရင်တော့ ဂျပန်တွေကို တိုက်ခိုက်ဖို့ မဟုတ် ဘဲ ထောင်ပေါင်း များစွာသော ဗုဒ္ဓဘာသာတွေကို သတ်ပစ်ဖို့အတွက် သုံးခဲ့ကြတယ်။ ပြီးတော့ ဘူးသီးတောင်နဲ့ မောင်းတော ဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာရွာတွေ၊ ဘုရားစေတီကျောင်းကန်တွေနဲ့ဘုန်းကြီးကျောင်းတွေကို မီးရှို့ပစ်ခဲ့ကြတယ်။ရခိုင်ဗုဒ္ဓဘာသာပေါင်း ၃၀၀၀၀ လောက်ဟာ ဒီတကယ့် လူမျိုးတုံးသတ်ဖြတ်မှုမှာ အသတ်ခံခဲ့ရပြီး သောင်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ဘိုးဘွားပိုင်မြေတွေကနေ လူမျိုးပြုတ်သကဲ့သို့ စွန့်ခွာခဲ့ရတယ်။

၁၉၄၂ ခုနှစ် နှောင်းပိုင်းမှာတော့ ဘူးသီးတောင် မောင်းတောဒေသ တစ်နေရာလုံးဟာ ဂျပန်တွေ၊ အင်္ဂလိပ်တွေ ကျန်ခဲ့တဲ့ လက်နက်တွေနဲ့ပြည့် စုံပြီး အင်အားတောင့်တင်းနေတဲ့ ဘင်္ဂါလီမူဆလင်တွေရဲ့လက်ထဲမှာ ခိုင်ခိုင်မြဲမြဲရောက်ရှိလို့နေခဲ့တယ်။ သူတို့တွေဟာ နယ်ခြားဒေသကို ချုပ် ကိုင်နိုင်ပြီဆိုတော့ မူဆလင်တွေရဲ့ရွှေ့ပြောင်းသွားလာ လှုပ်ရှားမှုများဟာ ကြီးမားစွာတိုးတက်လာခဲ့တယ်။

ဒီနေရာတွေကတော့ ဟိုးအရင် ရာစုနှစ်ပေါင်းများစွာထဲက လုံးဝ နီးပါး ဗုဒ္ဓ ဘာသာချည်းဘဲနေလာခဲ့တာဖြစ်တယ်။ ရုတ်တရက်အတော်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပဲ ဗုဒ္ဓဘာသာဝင်များတော်တော်ကြီးကင်းစင်သွားပြီး လုံးဝနီးပါးမူဆလင်တွေသာရှိခဲ့ပါတော့တယ်။ ပြီးတော့ နယ်မြေချဲ့ဖို့ စီမံကိန်းတွေချပြီး အဲဒီနယ်မြေတွေကို လုံးဝ မူဆလင်ချည်းသာဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းခဲ့တယ်။

၁၉၄၂ ခုနှစ်တုန်းက အင်္ဂလိပ်အရာရှိတစ်ဦးရဲ့ မှတ်တမ်းပြုစုမှုတစ်ရပ် ထဲမှာ…"ဘူးသီးတောင်နဲ့ အနီးတ၀ိုက်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ရွာတွေမှာ ရှိတဲ့ ရခိုင်လူမျိုးတွေဟာ ရက်စက်စွာ အတုံးလိုက်အတစ်လိုက် နှိပ်စက် သတ်ဖြတ်ခြင်း ခံကြရတဲ့အကြောင်းတွေကိုကျွန်တော့် ကိုပြောပြကြပါ တယ်။ မြောက်ဦးရဲ့အနောက်ဖက်ကမ်းမှာရှိတဲ့ ရွာအများစုကို လည်း ဘင်္ဂါလီမူဆလင်တပ်က ဖျက်ဆီးကြတာတွေလည်း ပါပါတယ်။ "တကယ်တော့ ရန်သူ့ဂျပန်တပ်ဟာ ဒီရွာတွေနားကို တစ်ခါမျှ ရောက် မလာခဲ့ပါဘူး" ရာပေါင်းများစွာသော ရခိုင်ရွာသားတွေဟာ တောင် ကုန်းတောင်တန်း တွေပေါ်မှာ ပုန်းအောင်းနေခဲ့ကြရတယ်လို့ဆိုပါတယ်။

ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့ကြတဲ့ မွေးရပ်မြေကနေ ပြေးခဲ့ကြရတဲ့ ရခိုင်လူမျိုးတွေဟာ အဲဒီက မူဆလင်တွေကို နိုင်အောင်ပြန်မတိုက်ထုတ်နိုင် ရင်တော့ သူတို့ဘ၀ဟာ ကယ်တင်နိုင်မဲ့လမ်း မရှိနိုင်တော့ပါဘူး" လို့ ရေးသားထားပါတယ်။ ဂျပန်တွေကို မောင်းထုတ်ပြီးတဲ့နောက်မှာတော့ ရဲဘော်သုံးကျိပ်တွင် အဖွဲ့ဝင်ရဲဘော်တစ်ဦးဖြစ်သော ဗိုလ် ရန်အောင်ဟာ စစ်တွေဒေသမှာဖြစ်နေတဲ့ လှုပ်ရှားမှုများကို ထိန်းသိမ်းဖို့နဲ့ ဆူပူသောင်း ကျန်းသတ်ဖြတ်မှုများကို တားဆီးဖို့ အတွက် ရခိုင်ဒေသကို လွှတ်ခြင်း ခံရ တယ်။ သူဟာ သူ့ရဲ့ ရဲဘော်ကောင်းနှစ်ယောက်ဖြစ်တဲ့ ဗိုလ်ရန်နောင်နဲ့ ဗိုလ်မျိုးညွန့်တို့ကို မောင်းတောကို မူဆလင်ခေါင်းဆောင်များနဲ့ သဘော တူဆွေးနွေးဖို့ လွှတ်လိုက်တယ်။ ဒါပေမယ့် မူဆလင်ခေါင်းဆောင်တွေဟာ သူတို့နှစ်ယောက်နဲ့ ဆွေးနွေးစကားပြောမယ့်အစား နှစ်ယောက်စလုံးကို
သတ်ပစ်ခဲ့ပါတယ်။

သူတို့တွေဟာဒီနယ်မြေတွေကိုသူတို့ကိုယ်ပိုင်နယ်မြေအဖြစ်လိုချင်ခဲ့တယ်။ ပြီးတော့ "ဒါရူအစ္စလာမ်" လို့ခေါ်တဲ့အခြားနိုင်ငံတွေနဲ့ ပေါင်းစည်းသွားမယ့်
အစ္စလမ်နိုင်ငံကိုတည်ထောင်ချင်ခဲ့တယ်။ မူဆလင်တွေဟာ နေရာ အနှံ့ရှိ အခြားမူဆလင်မဟုတ်သူများကို အပြတ်ရှင်းခဲ့တာနဲ့အမျှ တဖြည်းဖြည်းနဲ့ လုံးဝ အစ္စလာမ်ကမ္ဘာတစ်ခုဖြစ်အောင် ဖန်တီး လာခဲ့တယ်။ အခု အချိန် မှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘာအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို တကယ်သိမြင်လာရပါပြီ။ အကယ်၍ဒီအဖြစ်အပျက်တွေ ဆက်ဖြစ်နေမယ် ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ အသက်တွေ၊ သူတို့ရဲယဉ်ကျေးမှု အမွေအနှစ်တွေ၊ဘိုးဘွားပိုင်မြေတွေနဲ့ သူတို့ရဲ့ သမိုင်းဟာ လုံးဝ ပျောက် ဆုံးပျောက်ကွယ်သွားတော့မယ် ဆိုတာကို မြင်လာခဲ့တယ်။

ကိုရမ်ကျမ်းက မူဆလင်မဟုတ်သူများရဲ့ မြေတွေယူခြင်းကို တရားတယ်လို့ ဆုံးဖြတ်တယ်။


ကိုရမ် ၃၃း၂၇ "And, He made you heirs to their land and their dwellings and their property, and (to) a land which you have not yet trodden, and Allah has power over all things."

ကိုရမ် ၂၁း၄၄ "Do they see Us advancing, gradually reducing the land (in their control), curtailing (reducing) its borders on all sides? It is they who will be overcome."


ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့နောက်မှာတော့  အင်္ဂလိပ်တွေဟာ ပြန် ၀င်လာပြီး ချုပ်ကိုင်ခဲ့ပြန်တယ်။ ဒါပေမဲ့ မူဆလင်တွေဟာ သူတို့မောင်း ထုတ်လိုက်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ပြန်လာပြီး မွေးရပ် ရွာတွေ မှာ ပြန်နေဖို့ကို လက်မခံခဲ့ဘူး။ သူတို့တွေဟာ အခုချိန်မှာသူတို့မှာ "ရှာရီးယားဥပဒေ"နဲ့ အုပ်ချုပ်တဲ့ ကိုယ်ပိုင်မူဆလင်ချည်း သီးသန့် နယ်မြေ ရှိနေပြီလို့ ယုံကြည်နေကြတယ်။ နောက်ပြီးတော့ သူတို့တွေဟာ မူဆလင် မဟုတ်တဲ့ အင်္ဂလိပ်တွေ သို့မဟုတ် ဗမာတွေအုပ်ချုပ်တဲ့ နိုင်ငံမှာ ရှိနေတယ် ဆိုတာကို လက်မခံခဲ့ဘူး။ ဒီလိုလက်ခံမယ့်အစား နောင်မကြာမီ အစ္စလာမ်နိုင် ငံ ဖြစ်တော့မယ့် ပါကစ္စတန်ထဲကို ပူးပေါင်းဝင်ရောက်ဖို့ စီစဉ်ခဲ့တယ်။

အင်္ဂလိပ်တွေက ဗမာတွေကို လွတ်လပ်ရေးပေးဖို့ ပြင်ဆင်လာတဲ့ အခါ မှာတော့ "ဂျာမီအာတူလ်အယ်လီမာအီအစ္စလာမ်ပါတီ"လို့အမည်ရတဲ့မူဆလင်ခေါင်းဆောင်များအဖွဲ့ဟာ မကြာမီဖြစ်ပေါ်တော့မယ့် ပါကစ္စတန်နိုင်ငံမှ မူဆ လင်ခေါင်းဆောင်များနဲ့ ဆက်သွယ်ခဲ့ပြီးသူပုန်တပ်ဖွဲ့တစ်ခု ကို ဖွဲ့စည်း ခဲ့တယ်။ အဲဒီသူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းရတဲ့အကြောင်းကတော့ ရခိုင်ပြည်နယ် ကို သိမ်းယူပြီးပါကစ္စတန်အရှေ့ပိုင်း (ယခု ဘင်္ဂလားဒေ့ရှ်)နဲ့ ပူးပေါင်းဖို့ဖြစ် တယ်။

၁၉၄၆ မှာတော့ သူတို့တွေဟာ "မူဆလင်များလွတ်မြောက်ရေးအဖွဲ့အစည်း" (အမ်အယ်လ်အို)ကို ဖွဲ့စည်းပြီး သူတို့ရဲ့ စစ်ပွဲကိုစတင်ခဲ့တယ်။ ၁၉၄၈ မှာ သူတို့တွေဟာ ပါတီရဲ့  နာမည်ကို မူဂျာဟစ်ပါတီလို့ပြောင်းလိုက်တယ်။ ပြီးတော့ "မူဂျာဟစ်သူပုန်"အဖွဲ့အဖြစ်သိလာရတယ်။ မူဂျာဟေဒင်ဆိုတာကတော့ အစ္စလာမ်ဘာသာရေးစစ်ပွဲကို ဆင်နွှဲမဲ့ မူဆလင် တိုက်ခိုက်ရေးသမားများလို့ အဓိပ္ပါယ်ရတယ်။) ဂျီဟတ် = အစ္စလာမ် ဘာသာ၏ ဘာသာရေးစစ်၁၉၄၇ ခုနှစ်၊ သြဂုတ်လမှာ ရခိုင်ပြည်နယ်၏ မင်းကြီးကသူ့ရဲ့လက်အောက်ဝန်ထမ်းတစ်ယောက် မူဆလင်များရဲ့ ရက်ရက် စက်စက်သတ်ဖြတ်မှုကို ခံရတဲ့အခါ သတင်းမှတ်တမ်းတစ်ပုဒ်ကိုရေးခဲ့တယ်။ အဆိုပါသတင်းမှတ်တမ်းမှာ သူရေးထားတာကတော့"လုပ်ကြံသတ်ဖြတ်တဲ့ လူတွေဟာ မူဆလင်ရဲတပ်ဖွဲ့က ခိုင်းစေထားတာ"လို့ သံသယ ရှိခဲ့တယ်။ ပြီးတော့ အဲဒီလူတွေမှာ ပြင်းထန်တဲ့မူဆလင်စိတ်ဓာတ်နဲ့ ဒီနယ်မြေ တစ်ခု လုံးကို နှိပ်ပစ်မယ်၊ အနိုင်ယူမယ်ဆို တဲ့ စိတ်ဓာတ်တွေရှိနေခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ဗမာအစိုးရရဲ့ဥပဒေအရ လုပ်ပိုင်ခွင့်ကို ဘူးသီးတောင် နဲ့ မောင်းတော ဒေသမှာရှိတဲ့ မူဆလင်ထုက တိုက်ရိုက်ရန်စပျိုး စိန်ခေါ်မှု တစ်ရပ်အသွင်ဖြစ်ပေါ်စေတယ်။ ဒီလိုအစိုးရအပေါ် အလွန် အကောက် အကြံများပြီး ဥပဒေ မလေးစားမှုတွေကို ဗမာအစိုးရကြပ်ကြပ် မတ်မတ်အရေး တယူမတုန့်ပြန်၊ မဆက်ဆံဘူးဆိုရင် ဒီပြောင်းရွှေ့လာတဲ့ မူဆလင်အဖွဲ့ အ စည်းထုကြီးက ဒီဒေသကို ဖြစ်ခါစပါကစ္စတန်နဲ့ပေါင်းစည်းဖို့ ကြိုးစားရလိမ့် မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါမှာမြန်မာနိုင်ငံဟာ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့မှာ လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်လာတဲ့အခါ ဒီ မူဆ လင်တွေအတွက်မဟုတ်ပြန်ပါဘူးလေ။ ဒီတော့သူတို့မှာ အစီအစဉ်တွေ ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်၊ဇန်န၀ါရီလ(၉)ရက်နေ့မှာပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအသစ်ထံ မူဂျာဟစ်ပါတီက စာတစ်စောင်ပို့ပါတယ်။ အဲဒီစာမှာတောင်းဆိုထားတဲ့ စာရင်းထဲမှာပါတာတွေကတော့--

(၁)ကုလားတန်မြစ်နဲ့နတ်မြစ်ကြားမှာရှိတဲ့နယ်မြေဧရိယာတွေကိုမြန်မာနိုင်ငံရဲ့မူဆလင်အမျိုးသားကိုယ်ပိုင်မြေဌာနေအဖြစ်သတ်မှတ်ပေးရမည်။
(အဲဒီဒေသမှာသူတို့တွေကလွန်ခဲ့သော၆နှစ်ကပင်ဗုဒ္ဓဘာသာဝင်များ အမြစ်ပြတ်ကင်းမဲ့အောင်ရှင်းလင်းထားပြီးဟုဆိုတယ်)

(၂)မူဂျာဟစ်ပါတီကိုဗမာအစိုးရအသစ်မှာ တရားဝင်အဆင့်အတန်းဝင်ရေး အတွက် ဗမာ့အစိုးရသစ်ရဲ့ နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် အသိ အမှတ်ပြုပေးရမည်။

(၃) ဗုဒ္ဓဘာသာဝင်များစွာကို သတ်ဖြတ်မှု၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုး များနှင့် ကျေးရွာကို မီးရှို့ဖျက်ဆီးမှု များကြောင့် ဖမ်းဆီးပြီးအကျဉ်းချ ခံထား ရသော မူဂျာဟေဒင်တိုက်ပွဲဝင်ခဲ့သူများကို ခြွင်းချက်မရှိလွှတ်ပေးရမည်။ တို့ ဖြစ်ပါသည်။

ဗမာနိုင်ငံဗဟိုအစိုးရသစ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်း အ တွက် မနည်းအဖတ်ဆယ်နေရတဲ့အချိန်မှာအဲဒီရာဇသံပြင်းပြင်းတောင်းဆို ချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒီတော့ မြောက်ဖက် ရခိုင်ပြည်နယ်က မူဆလင်တွေကချက်ခြင်း အမြန်ပဲဗမာနိုင်ငံကို ဂျီဟတ်လိုခေါ်တဲ့ ဘာသာရေး စစ်ကြေငြာလိုက်ပါတော့တယ်။
မူဂျာဟေဒင်တွေမှာ အတွင်းစိတ်ယုတ်ကန်းလှတဲ့စီမံကိန်းတစ်ခု ထွက်ပေါ် လာပြီး မောင်းတောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ဗုဒ္ဓဘာသာဝင်ကျေးရွာများအားလုံးကိုဖျက်ဆီးခဲ့ကြပါတယ်။ (၄င်းမြို့နယ်တောင်ပိုင်းမှာ လွန်ခဲ့သော ၆နှစ် ကပင်ဖျက်ဆီးသုတ်သင်ပြီးဖြစ်သည်။)

၁၉၄၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) မှာ ငပြုချောင်းနှင့် အနီး တ၀ိုက်မှာရှိတဲ့ ရွာတွေကို တိုက်ခိုက်ခဲ့ကြတယ်။ ပြီးတော့ နည်းလမ်းအသစ် အနေနဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ပြန်ပေးဆွဲခဲ့ကြတယ်။ သူတို့တောင်း ဆိုတဲ့ ငွေ(သို့) သူတို့တောင်းဆိုတဲ့အနေအထား၊ မရလျှင် ပြန်ပေးဆွဲထားတဲ့ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ခဲ့ကြတယ်။

အပိုင်း (၂ ) ဆက်ပါဦးမည်။

ဘာသာတရားများ၊ အပေါ့စတေစီ၊ ဘာသာကူးပြောင်းခြင်း


"ဆူဒန် အမျိုးသမီးတစ်ယောက်ဟာ ခရစ်ယန် ဘာသာဝင် အမျိုးသားကို လက်ထပ်ဖို့အတွက် အစ္စလာမ်ဘာသာကို စွန့်ခဲ့တယ် ဆိုပြီး ကြိုးမိန့်ချ ခံခဲ့ရပါတယ်။
ဒါ့အပြင် သူ့ရဲ့ လက်ထပ်ထိမ်းမြားမှုက တရားမဝင်ဘူးလို့ တရားရုံးက မှတ် ယူတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ကြိမ်ဒဏ် အချက် ၁၀၀ ကျခံစေရမယ်လို့လည်း အမိန့်ချပါတယ်" (ဘီဘီစီ)

"Apostasy"ဟူသည့်အင်္ဂလိပ်ဘာသာစကားသည် "Apostata" ဟူသော ဂရိစကားမှ ဆင်းသက်လာခြင်းဖြစ်ပြီး"ဖဲခွာထွက်ခြင်း"ဟု အဓိပ္ပါယ်ရှိသည်။ အာရပ်ဘာသာဖြင့် "Riddhah" ဖြစ်ပြီး "ကျောခိုင်းခြင်း"ဟု အဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် "Apostasy"ဟူသည် ကိုးကွယ်မှုဘာသာတစ်ခုကို စွန့်ပြီး အခြား ဘာသာထဲ ဝင်ရောက်သွားမှုကို ဆိုလိုလေသည်။ ဗုဒ္ဓဘာသာက"Apostasy" နှင့်ပတ်သက်ပြီး အယူအဆ အစွဲမရှိသလို ဒေ သနာအထောက်အထားအားဖြင်းလည်း တင်းမာမှုလုံးဝမရှိပေ။ ဘာသာ ကူးပြောင်းမှုဟူသည် ဗုဒ္ဓကိုယ်တော်တိုင်ကပင် လုံးဝလွတ်လပ်ခွင့်ပေး ထားသည့် ပုဂ္ဂလိကရွေးချယ်မှုတစ်ခုသာဖြစ်ပြီး ယင်းနှင့်ဆက်စပ်သည့် အထင်ရှားဆုးသာဓကမှာ သုနက္ခတ္တအကြောင်းပင်ဖြစ်သည်။

ဓမ္မနှင့်ဗုဒ္ဓအပေါ် ကျေနပ်မှုမရှိတော့သည့် သုနက္ခတ္တက ဗုဒ္ဓဘာသာကို စွန့်ခွာလိုကြောင်းလာရောက်လျှောက်ထားရာ ဘုရားရှင်က
"သုနက္ခတ္တ၊ လာလှည့်၊ ငါ့ တရားနဲ့အညီနေလှည့်လို့ သင့်ကို ငါ ဘုရားရှင်က ဖိတ်ခေါ်ခဲ့ဖူးသလား"
"မဖိတ်ခေါ်ခဲ့ပါ"
"ဒါဆို သင်ကိုယ်တိုင်ကရော ဘုရားအဆုံးအမနဲ့အညီ နေခွင့်ပြုပါလို့တောင်း ခံခဲ့ဖူးသလား"
"မတောင်းခံဖူးပါ"
"မောဃပုရိသ၊ သို့ဖြစ်လျင် သင်က ဘာကိုစွန့်ခွာစရာလိုနေလို့လဲ။ အရင် ကကို သင့်မှာ မရှိခဲ့" ဟု မိန့်ကြားခဲ့သည်။

မိမိဘာသာကို စ္ပန့်လွှတ်သ္ပားသည့်အတ္ပက် ပစ်ဒဏ်ပေးရမည်၊ ငရဲရောက် သ္ပားလိမ့်မည်လို့ ဘုရားရှင် ဘယ်တုန်းကမှ မမိန့်ခဲ့ဖူး ပေ။
ဘာသာကူးပြောင်းသ္ပားခြင်းကြောင် တရားစွဲအရေးယူခြင်း၊ သေဒဏ် ချမှတ်ခြင်း၊ ကျောက်ခဲဖြင့် နံရိုး အချောင်းချောင်းကျိုးအောင် ထုရိုက်ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းမျိုးစသည် ဘယ် ဗုဒ္ဓဘာသာနိုင်ငံမှာမှ မရှိခဲ့သလို အခြားဘာသာတွေမှာလည်း ရှိဟန်မတူ(သို့)မကြားသိရပေ။

သီဟနာဒ
Ref: A Guide to Buddhism by S. Dhammika.

ဒွိဟကာရန်(ဖြတ်၊ ညှပ်၊ ပြန်ကပ်၊ စပ်ထည်)


မျက်နှာအဆီပြန်နေတဲ့ ကောင်းကင်တစ်ခုကို ပိုင်ဆိုင်ရုံနဲ့
ကျနော့်ဘဝထဲက မော့သောက်ခွင့်မရခဲ့တဲ့ စိတ်ကူးယဉ်မှုတစ်ချို့ဟာ
အပျိုရည်ပျက်မသွားခဲ့ပါဘူး။ တကယ်တော့ ဒါတွေဟာ အခွင့်သင့်တဲ့
ညတစ်ညမှာ မက်ဖို့ဆိုပြီး ထုပ်ပိုးသိမ်းဆည်းထားတဲ့ အိပ်မက်တစ်ချို့ပါ။

ကျနော် အိပ်မက် မမက်တာကြပေါ့ ဝေနှင်းရေ။
ခုတလော ဝေနှင်းရော အိပ်မက်တွေ ပုံမှန်မက်ဖြစ်သေးလား။
ခြေလက်ဆင်းထိုင်နေတဲ့ ကံကြမ္မာကို ဆွဲမထူဖြစ်ခဲ့တာကလွဲရင်
ကျနော့် ပခုံးပေါ်က ဝတ်ကြီးဝတ်ငယ်တွေကလည်း ကျားကိုးစီးစားလို့ မကုန်ပါဘူး။


ကျနော်ကြားဖူးတာက နောက်ဆုံးက လူဟာ
နောက်က ချောင်းရိုက်တာ မခံရဘူး တဲ့။
ဝေနှင်းလည်း ဝေစရာ ရှိရင်တောင် နောက်ဆုံးမှ
ဝေကြည့်ပါလား။ နှင်းတွေက လူတွေလို နောက်က
ချောင်းရိုက်တာ ရှိသလားတော့ မသိဘူးပေါ့လေ။
ယုံကြည်မှုဆိုတာ ရှေ့က ပန်းဝင်ရင်တောင်
ဆုမရ တတ်ဘူးမဟုတ်လား။
ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။

အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ
မေ့နေရင် မေးလို့ ဘယ်ရမလဲနော်။
ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား။
မမေးဘဲ ဖြေလို့ရတာတွေရှိနေတတ်တော့
မေးခွန်းဆိုတာ အမှန်တကယ်လိုအပ်တဲ့ အရာ
ဟုတ်မဟုတ် မသေချာပြန်တော့ဘူး။
ကျနော့်ယုံကြည်မူတွေ နောက်ကျနေတတ်လို့
ကျနော့်ကို ချန်ထားခဲ့ပါ။




ကျနော်တို့ နိုင်ငံက ပူတော့
ကျနော့် အိပ်မက်တွေကလည်း ချွေးတွေနဲ့။
ဒါနဲ့ ရေဆင်းသောက်မိတာပါ။
ဆားငန်ရေ ဖြစ်နေတော့ ဟော်တယ်ခက တစ်ညကို
ခြောက်သောင်း တဲ့။
ကျနော့်မိတ်ဆွေ ချိန်းထားတဲ့ သမင်ကို
ပီဠိယက္ခက အရင် ပစ်ယူသွားလို့ အဲဒီနေ့က
သုဝဏ္ဏသာမ မြားဒဏ် မထိခဲ့ဘူး။
ဒီတစ်ခါ ပီဠိယက္ခက သုဝဏ္ဏသာမ
လူဆိုတာ ခွဲခြားတတ်တယ်
အရင် ပီဠိယက္ခထက် လူကဲခတ် သာတာပေါ့နော်။

ဟုတ်တယ် ဝေနှင်း ရေ၊
ဒီခေတ် လူတွေက လူကဲခတ် ပိုကောင်းတယ်။
ယုံအောင် မလိမ်တတ်ရင် အမှန်အတိုင်းပြောတာက ကုသိုလ်ရတာပေါ့။
မြားဒဏ် မထိလည်း သူတို့မိသားစုကတော့ ချစ်ချစ် ခင်ခင်ပါပဲ တဲ့။
ဒါနဲ့ပဲ ချစ်ခြင်းမေတ္တာဆိုတာ
မြားဒဏ်နဲ့ မဆိုင်သလို ဟဲမင်ဝေး ပြောသလို သေခြင်းတရားနဲ့လည်း မဆိုင်ပြန်ဘူး။
(ဟဲမင်ဝေးက မာက်တွိုင်းကို အကြောင်းသုံးချက်ကြောင့် ကြိုက်တယ်တဲ့။
တစ်က စာရေးကောင်းလို့။ နှစ်က သူ့ကို ဖျော်ဖြေမှု ပေးနိုင်လို့။ သုံးကတော့
မာက်တွိုင်းက သေသွားပြီ မို့ တဲ့)
သူပြောသလိုဆိုရင် တစ်ယောက်ကို တစ်ယောက် ချစ်ဖို့
သေပေးဖို့ များ လိုသလားလို့ စဉ်းစားစရာပဲပေါ့။ ကျနော့်ကို ထားခဲ့ပါ ဝေနှင်းရေ။
ဟဲမင်ဝေး ကြိုက်အောင် ကျနော် ဖျော်ဖြေမှု မပေးနိုင်ခဲ့ဘူး။


ဒါနဲ့ ကျနော်မေးတာကို ဝေနှင်းမဖြေသေးဘူးနော်။
အဲ....ကျနော် မေးဖို့မေ့နေတာလည်း ဖြစ်နိုင်ပြန်ရော။
မေးဖို့မေ့မနေဘူး ဆိုရင်တောင် ဘာမေးရမယ်ဆိုတာ မေ့နေရင်
မေးလို့ ဘယ်ရမလဲနော်။

ကျနော် ဝေနှင်းကို တစ်ခုခု မေးမိသလား!

ဆင်းရဲနေသေးလို့ပါ


ရှေးစကားက တရုတ်လိုရှာ၊ ကုလားလိုစု၊ မြန်မာလို မဖြုန်းနဲ့ တဲ့။
တရုတ်လို စွတ်ရှာနေရင် အိမ်နီးချင်းနိုင်ငံတွေက မုန်းတယ်။
ကုလားလိုစွတ်စုနေတော့ ပြည်တွင်း ဝယ်ယူစားသုံးမှုနှုန်းသေသွားပြီး
နိုင်ငံစီးပွားရေး အီသွားတယ်။
ဆင်းရဲနေသေးလို့ပါ။ ချမ်းသာလာရင် အသုံးအဖြုန်းကြီးတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးက ပိုပြီးသက်ဝင်လှုပ်ရှားတယ်။
(ဥပမာ အမေရိကန်၊ ဂျပန်၊ လက်ရှိ တရုတ်။)
ကာရင်စီ(Currency)ဆိုတဲ့စကားကကို စီးဆင်းမှု၊ စီးမြောမှု အဓိပ္ပါယ် ရှိပါတယ်။
ကုလားလိုစု(ဝင်သွားရင် ထွက်လမ်းမရှိ)က ဒီခေတ်မှာ အလုပ်ကို မဖြစ်နိုင်တော့ဘူး။
တရုတ်လိုရှာနိုင်ပြီး မြန်မာလိုဖြုန်းရင် မဆိုးလောက်ဘူး။

လေးနိုင်ငံက ကဆုန်လပြည့်ပွဲတော်


လေးနိုင်ငံက ကဆုန်လပြည့်ပွဲတော်အကြောင်း စထရိတ်တိုင်း က ဖော်ပြထားပုံပါ။
မြန်မာပြည်က ရွှေတိဂုံကျက်သရေတော်နဲ့ ယောဂီဝတ်စုံညီတွေက ကြည်ညို ကြည်နူးဖွယ်ပါ။
မစ်သီကယ်ဘတ်က (ဂဠုန်ထင်ရဲ့) ပါလာသေးတယ်။
နဂါးကိုနိုင်အောင်လို့လား မသိ။ ဒါမှမဟုတ်ရင်
တနင်္ဂနွေထောင့်ကပုံ(သို့)တနင်္ဂနွေ ဝတ်အသင်းဖြစ်မယ်။

အ ငါးလုံး


Food for thought(အတွေး အခေါ် အတွက် အစား အစာ။ "အ ငါးလုံး" တချို့က နှလုံးသား အဟာရလို့ ဘာသာပြန်ကြ။

ကဆုန်လပြည့်


ကဆုန်လပြည့်၊ မင်္ဂလဝိဟာရကျောင်း၊ တရုတ်၊ သီဟိုဠ်၊ မြန်မာ၊ စပ်ထည်။
ဘုရားဆွမ်းကပ်။
နေ့လယ်စာ ကျွေး။
ဓမ္မသင်တန်း ပရိုမိုးရှင်းလုပ်ကြ။(နံက် ၉ မှ နေ့လယ် ၃ နာရီ။
ရတဲ့အလှူငွေ ပရဟိတ ၃၂ ဖွဲ့ကို ခွဲလှူ။






ကိုရင့်အဖြေ


ဆရာတော်။ ။ ကိုရင်၊ အိန္ဒိယကနေ ဗုဒ္ဓဘာသာကွယ်သွားရတာ ဘာကြောင့်လဲ။
ကိုရင်     ။ ။ "စိမ်းစိုသော မြက်သစ်ပင်ရှိရာအရပ်၌ ကျဉ်ကြီးကျဉ်ငယ်မစွန့်ရ (အခင်းကြီး အခင်းငယ်မသွားရ)၊ တံတွေးမထွေးရ" ဆိုတဲ့ သေခိယကြောင့်ပါဘုရား။ ဒါကို သူတို့ (၉၉ ရာခိုင်နှုန်း)က လုံးဝ သဘောမတူကြဘူးလို့ သိရပါတယ်ဘုရား။


(ဆရာတော်က "ဟေ" လို့ မမိန့်ပါ။ သူဖတ်နေသည့် စာအုပ်ထူထူကြီးတွေ ထဲက ပညာရှင်တွေသုံးသပ်ပုံနှင့်မတူသည့် ကိုရင့်အဖြေကို မဆိုးဘူးဟု ကွမ်းမြုံ့ရင်းသာ ပြုံးနေလေသတည်း။)

တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ...


လယ် တစ်ဧကခွဲကို တရုတ်က သိန်းနှစ်ထောင်ကျာ်ပေးဝယ်တော့ လယ် သမားကရောင်းလိုက်တယ်။
ရောင်းရမှာပေါ့၊ သူလည်း လယ်စိုက်၊ ပျိုးနှုတ်ဖို့လူကခေါ်လို့မရတော့ဘူး။ အလုပ်သမားတွေက လစာပိုကောင်းတဲ့ ရသန့်ဗူးစက်ရုံနဲ့ အခြားနေရာတွေ မှာ သွား အလုပ်လုပ်ကြတယ်။
ဒီအထိက အိုကေတယ်။ စက်မှုစီးပွားစတင်ချိန် မလွှဲမသွေကြုံရမယ့် ပြသနာ။

ဒီထက် ကြီးတဲ့ ပြသနာက သိန်းထောင်ချီရသွားတဲ့ လယ်သမားက ပါဂျဲရိုး၊ ပါရာဒို ဝယ် စီးတယ်။ ဆင်၊ မြင်းတွေငှား၊ ဝက်စတူးကျွေးပြီး အလှူပေးတယ်၊ ညနေပိုင်း ခေါင်းငိုက်ငိုက်နဲ့ အိမ်ပြန်တယ်။
လာမယ့် ဆယ်နှစ်မှာတော့ ပါဂျဲရိုးတွေ ပါရာဒိုတွေက ဖွတ်ဖွတ် ညက် ညက်ကျေပြီး လယ်ကွက်ထဲရှိ တိုက်မြင့်မြင့်တွေဆီကထွက်လာမယ့် ကိုယ် နားမလည်တဲ့ ဘာသာစကားတွေ။
မန္တလေးက ဆရာသမားယူလာတဲ့ မန္တလေး(ပုသိမ်ကြီးဝန်းကျင်)က သတင်းပါ။

တရုတ်လူဦးရေက ရှရှားတောင် အသေအလဲ ကြောက်နေရတာ။ မတည် မငြိမ် ဥပဒေ၊ ခရိုနီ လက်ခမောင်း ထတဲ့ခေတ်၊ အကျင့်ပျက် အရာရှိတွေ နဲ့ မြန်မာကတော့ ပြောမနေနဲ့တော့။
ကြားကောင်းတဲ့
အိုပင်းမားကက်
ဒီမိုကရက်တိုက်ဇေးရှင်း
မော်ဒန်နိုက်ဇေးရှင်းတွေရဲ့ဒဏ်ကို အစိုးရော လူထုပါ ပညာပါမှ သက်သာမယ်။
ဒါက အထူးအဆန်းကြီးလည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတိုင်း ဒီဖြစ်စဉ် ကို ဖြတ်သန်းရတယ်။ ရှောလို့ မရဘူး။
ဘယ်လိုဖြတ်သလဲဆိုတာကသာ အရေးကြီးတာပါ။
photo source

(ဟဲ ဟဲ)


ဆရာမကိုလည်း မချစ်နဲ့၊ အနာဝကိုလည်း မညှစ်နဲ့။
ဆရာမကိုချစ်က ဩဇာပြတတ်သည်၊ အနာဝကိုညှစ်က ရောဂါထတတ်သည်။(ရှေးစာဆို)

ဆုံးရှုံးလို့လည်း မလန့်နဲ့၊ ဘုန်းဘုန်းပို့စ်လည်း မမန့်နဲ့။
ဆုံးရှုံးလို့လန့်က အောင်မြင်မှုနဲ့ဝေးတတ်သည်၊
ဘုန်းဘုန်းပို့စ်မန့်က ဘာကောင်ထင်လဲ မေးတတ်သည်။ (ဟဲ ဟဲ)

အာကျယ်သူနဲ့ အငြင်းမများနဲ့၊ လာလယ်သူနဲ့ အတင်းမပွားနဲ့။
အာကျယ်သူနဲ့ အငြင်းများက မှန်သော်လည်း အရှုံးပေးရတတ်သည်။
လာလယ်သူနဲ့ အတင်းပွားက မပြန်သမို့ ထမင်းကျွေးရတတ်သည်။ (နယူးမော်ဒီဖိုင်း)


ဧည့်သည်


နေ့ခင်းပိုင်း မိုးသည်းထန်စွာရွာပြီးနောက် ကျောင်းဝင်းအတွင်း လမ်းလျှောက် ကြည့်မိစဉ်မပျံသန်းနိုင်သည့် ဤ ငှက်ငယ်ကို တွေ့လိုက် ရပါသည်။
သူလား၊ သူမလား ခွဲခြားမသိပါ။ သူ့မိဘတွေကရောဘယ်သူတွေလဲ။ မသိပါ။
သိတာ တစ်ခုတော့ရှိသည်။ ဤနေရာမှာ ကြောင်များအလွန်ပေါသည်။
ကြောင်စာကို လုယူခြင်းလား၊ ဖတဆိုး မိတဆိုးလေးကို ကယ်တင်ခြင်းလား မရေရာပါ။ ရေရာစရာလည်း မလိုပါ။
သူ(သို့)သူမသည် ကျွန်ုပ်အခန်းထဲက သတင်းစာပေါ်မှာ ဒီ တစ်ည တည်းခိုပါ လိမ့်မည်။ (အပြင်မှာ ကြောင် စိတ်မချရ)
သူ(သို့)သူမက ဘာကို စားသလဲမေးကြည့်ရာ မြန်မာတွေက ထမင်းစေ့ လို့ပြောပြီး တရုတ်တွေက ပေါင်မုန့်လို့ ပြောကြသည်။
ဘာကိုယုံရမှန်း မသိသဖြင့် နှစ်မျိုးစလုံးကျွေးကြည့်ရာ မြန်မာရော တရုတ်ပါ လွဲသွားပါသည်။ သူ(သို့)သူမက ဘာကိုမှ မစားပါ။
ရေအနည်းအငယ်သာ သောက်ပါသည်။ ဝမ်းနည်းနေသောကြောင့် ထင်ပါသည်။
သူ(သို့)သူမရိုနေသဖြင့် အိပ်စက်ချိန် အနည်းငယ် နောက်ကျသွားနိုင်ပါသည်။
မည်သို့ဆိုစေ ခိုကိုးရာမဲ့ အသက်တစ်ချောင်း ကျွန်ုပ် ကုဋင်အောက်မှာ လဲလျောင်းနေသဖြင့် ပီတိဖြစ်ရပါသည်။

အိုင်ဒင်တတီ


ရေကုန်ရေခန်းအထိတော့ လိုက်ရပေမည်။ နိုင်ငံပေါင်းများစွာတွေ့ ရသော် လည်း ရွှေနိုင်ငံတော်ကြီးရဲ့ အိုင်ဒင်တတီကား ကမ္ဘာ့ရေစီးမှာ ပျောက်နေဆဲ။

Dear U Cittara:

Thank you for your inquiry into the rights for CLASH OF CIVILIZATIONS. Unfortunately, we do not control translation rights for this book, they are with Georges Borchardt:

http://gbagency.com/

yours

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ


img source
ဒီထက် ဂလိုဘယ်ဆန်တဲ့ရွာ
ဘယ်မှာရှိနိုင်ဦးမလဲ
ကဲ ပြောကြ။

ပထမ လေးအိမ်စုရွာ(၁)
ရွှံ့ဗွက်ကထူထူ
အနံ့အသက်ကအူအူ
အိမ်နာမည်တွေက ခွေးသားရေပုရဗိုက်ပေါ်မှာ
မှင်နက်နက်နဲ့ ရေးထားလေရဲ့။

သူ့နောက်က ခွန်နှစ်အိမ်စုရွာ(၂)
မာယာကတချို့တဝက်
ကဗျာကယာကတချို့တဝက်
အိုင်ဒီယော်လော်ဂျီတွေက လက်ခမောင်း ခတ်
အိမ်နံပါတ်တွေက
(တတ်နိုင်ရင် တတ်နိုင်သလို)
ရွှေအိုရောင် ဖောင်းကြွစာလုံးတွေနဲ့။   

နောက်ဆုံးက အိမ်နှစ်ဆယ်စု ရွာကြီး(၃)
ကိန်းဂဏန်းကြီးတယ်
အနံကြီးကွင်းကျယ်
တော်တော့်ကောင်ကို ဟုတ်တယ်မထင်
(မသိရင်)
ခြေမချရဲလောက်စရာ
တကယ်ကို ထည်ထည်ဝါဝါပဲ
အိမ်နာမည်တွေကတော့
ငွေမှင်ရောင် ဖောင်းကြွပေါ့

ဒါပေမဲ့
သူသိတယ် ဒါတွေက
ခန်းနားတဲ့ နာရေးကြော်ငြာမျှသာ။

မထမယာမ်မှာ ပထမဉာဏ်ပွင့်တော့
မချင့်မရဲနဲ့ အရှင်က
ဒီရွာတွေရဲ့ အာခီတက်က ဘာလဲ
ဒီအိမ်တွေရဲ့ အာခီတက်ချာက ဘယ်သူလဲ
စေ့စေ့ငုငုကြည့်မိတော့
ရွာတိုင်းမှာ
သူ့ခြေရာတွေ ပြန်တွေ့ရလေရဲ့။

ဒီိတော့မှ
တို့ အရှင်ရဲ့ ဥဒါန်းသံ ညှင်းညှင်းက
"ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုနံ" တဲ့။


၁။ အပါယ်လေးဘုံ
၂။ ကာမသုဂတိ ၇ ဘုံ
၃။ ဗြာဟ္မဘုံ ၂၀။

It's amazing


Recession ဆိုတာ အိမ်နီးချင်းအလုပ်ပြုတ်တာကိုခေါ်တယ်။ ကိုယ်တိုင်အလုပ်ပြုတ်ရင်တော့ Depression လို့ခေါ်တယ်။
ရော်နယ် ရီဂန်
Recession is when a neighbor loses his job. Depression is when you lose yours.
Ronald Reagan


အံ့ဩစရာကောင်းလိုက်တာ၊ ကမ္ဘာမှာ နေတိုင်းဖြစ်ပျက်နေတာတွေက သတင်းစာ စာမျက်နှာတွေနဲ့ ကွက်တိချည်းပဲ။
ဂျယ်ရီ စိန်းဖီးလ်
It's amazing that the amount of news that happens in the world every day always just exactly fits the newspaper.
Jerry Seinfeld


စာအုပ်တစ်အုပ်ကောက်မရေးသေးရင် အားလုံးလူတော်တွေချည်းပါ။
ဘင်ဂျမင် ဂျိုးဝက်တ်
One man is as good as another until he has written a book.
Benjamin Jowett

ဒီနှစ်ပတ် စနေ၊ တနင်္ဂနွေပုံရိပ်များ(ပရီးမီးယား လိဂ်)



 




အယ်ဗာတန်ဂိုးရတော့ လီဗာပူးလ်ပရိသတ်က လက်ခုပ်တီးတယ်။
မန်စီးတီးဂိုးရတော့ မန်ယူပရိသတ်က လက်ခုပ်တီးတယ်။ What a mess!
ပုံ ၁။ ကပ္ပတိန်ရဲ့ လေးဖက်ထောက်အမှား
ပုံ ၂။ ဖာဂူဆံရဲ့ သရဖူလက်လွှဲ၊ (လုပ်ပါ စတိဗ်ရ၊ မှီတော့မယ်)
ပုံ ၃။ ဝင်းဂါးလည်းဆုတံဆိပ်ရလိုက်တယ်။ ၄ ဆု။
ပုံ ၄။ မေမေရယ် ရွှတ်ရွှတ်
ပုံ ၅။ တို့လည်း အကောင်းဆုံးကြိုးစားခဲ့ပါတယ် ခွိ ခွိ။
ပုံများကို ယာဟူး Early Doors မှ ယူထားပါတယ်

"သန္ဓာဝိသံ အနိဗ္ဗိသံ"


ခြေရာတွေများရင် ခြေရာမထင်တော့ဘူး
မျက်လုံးပိတ်ထားစဉ်
ဥဒဟိုပြေး ခြေသံများ(ဖွင့်မကြည့်ရဲခဲ့)
တွားသွားသတ္တဝါရဲ့ခြေရာ
လူရဲ့ခြေရာ
လေးဖက်သွားခြေရာ
လိပ်ပြာတစ်ကောင် ယင်တစ်ကောင်ရဲ့ ခြေရာ
ခြေရာမထင် ဝိနိပါတခြေရာ
များ....များ...များလှချည့်

တတိယယာမ်မှာ တတိယဉာဏ်ပွင့်လို့ သိလိုက်တာက
ဒီခြေရာတွေ အာလုံးဟာ
သူ့ခြေရာတွေခြည်းပဲ။

ဒီတောာ့မှ အရှင့်ဥဒါန်းက
"သန္ဓာဝိသံ အနိဗ္ဗိသံ"

***************

ကမ္ဘာကြီးက ကျယ်ပေမဲ့
ဝပ်ကျင်းက ကျဉ်းကျဉ်းလေး(လူတိုင်း)
အက်ကိုးသံကို စိန်ခေါ်သံထင်ပြီးလိုက်နေရင်
ကမ္ဘာဟာ(သို့)သံသရာဟာ ကျယ်သထက် ကျယ်မယ်။
"အနေကဇာတိ သံသာရံ"





ကဆုန်လပြည့်မတိုင်မှီ ပထမဗုဒ္ဓဝစန(အနေကဇာတိ)ဂါထာကို တစ်ပိုဒ်ချင်း ခံစားရေးဖွဲ့၊ ပူဇော်မှုပါ။

ဒီထက်စောလို့ ရပါသည်


"အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်" စသဖြင့် ကလေးတစ်ယောက်ကို ငယ်စဉ် ကတည်းက ပုံသွင်းပေးသင့်ကြောင်း အဆုံးအမများစွာရှိပါသည်။ သိပ္မံပညာတွေ့ရှိချက်အရ ဒီထက်စောပြီး ပုံသွင်းပေးနိုင်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များအပေါ် စိတ်ဖိအားကျရောက်မှုများလျင်
၁။ ကလေးအရပ်ပုတတ်ကြောင်း(ပုခြင်း ရှည်ခြင်းက ပြသနာမဟုတ်သော် လည်း)
၂။ ကလေးရဲ့ အိုင်ကျူ အဆင့်လည်း နိမ့်ကျသွားတတ်ကြောင်း စထရိတ် တိုင်းမ်မှာ မနေ့ကဖတ်လိုက်ရသည်။




ဤအဆိုက ဘာသာရေးယုံကြည်မှုအချို့နဲ့လည်းကိုက်ညီနေသည်။
မိခင်များ ကိုယ်ဝန်ဆောင်စဉ် ဘုရားကျောင်းကန်များ မကြာမကြာ သွားရောက်ပေးခြင်း၊ မေတ္တာပို့သံများနားထောင်ပေးခြင်း(စိတ်ကြည်နူးဖွယ်အားလုံး)တို့သည် မိခင်ကို တိုက်ရိုက် စိတ်ကြည်နူးစေပြီး သွယ်ဝိုက်သော နည်းအားဖြင့် ကလေးငယ်ကိုလည်း အကျိုးရှိစေလိမ့်မည်ဟု ယူဆလို့ရနိုင် ပါသည်။
တရုတ် ဗုဒ္ဓဘာသာအချို့မှာ ဤ ယုံကြည်မှုရှိကြသည်။ ထို့ကြောင့် ကျောင်းကို အချိန်ပေးပြီးပုံမှန်လာတတ်ကြသည်။
ဝမ်းတွင်းက ကလေးငယ်သည် သူကိုင်တိုင်ကြီးကြီးမားမား မလုပ်ဆောင်နိုင်၊ လုပ်ခွင့်မရသေးသော်လည်း ခန္ဓာငါးပါးလုံးစုံနေပြီဖြစ်သဖြင့် လက်ခံမှု သဘောကတော့ (သညက္ခန္ဓာအပါအဝင်)အပြည့်အဝရှိနေပြီဟုဆိုနိုင်ပါသည်။
ကလေးတစ်ယောက်ကို ငယ်စဉ်က ပုံသွင်းပေးခြင်းဟာ အရေးကြီးတယ် ဟု ဆိုလျင် မမွေးဖွားခင်ကတည်းက ပုံသွင်းပေးခြင်းသည် ထိုထက်ပင် အရေး ကြီးနေဟန် ရှိပေတော့သည်။
သင့်အိုးသည် သင်လုပ်၊ သင်ဖုတ်၊ သင်ပုံသွင်းသည့်အတိုင်းဖြစ်လာဖို့ ရာနှုန်း များပါသည်။
ပုဗ္ဗာစရိယ မိနှင့်ဖ