သီဟနာဒ သံရုံးရှေ့ ရောက်သွားခြင်း


"အာစီယံဆီက ဘာတွေ မျှော်လင့်သလဲ"
"ရေကူးနည်းစာအုပ်တွေ မျှော်လင့်ပါတယ်"

(သံရုံးဟူသည် ရန်ကုန်က တရုတ်သံရုံးမဟုတ်၊ စင်္ကာပူက မြန်မာသံရုံးကို ဆိုလို သည်။ ထို့ကြောင့် တရုတ်သံရုံးကို ကာကွယ်ရန်မဟုတ်၊ မြန်မာ လူငယ် ထုကို သွေးအေးသွားစေရန်ဖြစ်သည်။ ဒီခေတ်ကြီးမှာ ရောထွေးစရာတွေက လည်း များလိုက်တာ၊ အမှာတွေ ထည့်ထည့်နေရ)
၂၀၀၇၊ ရွှေဝါရောင်အပြီး မြန်မာ အစိုးရက လူထုဆန္ဒခံယူပွဲလုပ်သည်။ သံရုံးရှေ့ မှာ မြန်မာလူငယ်ထုက ထောင်ချီ၊ လူတစ်ယောက် မဲထည့်ချိန် ၁၅ မိနစ်ခန့်ကြာ၊ ဆန္ဒခံယူပွဲက တနင်္ဂနွေတစ်ရက်ထဲ။ အဲသလို။ ကဲ လူဦးရေ ဘယ်လောက် မဲပေးခွင့်ရကြမလဲ(စစ်အစိုးရက အဲသလို ပညာရှိသည်)။ လူငယ်ထုက မကျေ မနပ်တွေဖြစ်၊ ဆူမလို၊ ပူမလိုတွေဖြစ်။ အဲသလိုနဲ့ မိတ်ဆွေတွေက လှမ်းခေါ်လို့ ရောက်သွားရခြင်း ဖြစ်ပါသည်။

***********************************************************************
တချို့ မီဒီယာတွေရဲ့ အီးလိုမေးခွန်းတွေကို (ကိုယ့်ဖက်တွန်းပို့ကြသဖြင့်) ဖြေ လိုက်ရသည်၊ ထို့ကြောင့် စင်္ကာပူမှာတော့ နေ့ချင်းညချင်း စတားဖြစ်သွားသည်။ ဘရိုက်စတားတော့ မဟုတ်၊ ဘလက်စတား။
မကြာပါ။ M.O.M က ခေါ်ပါတော့သည်။ မေးပါတော့သည်။
"ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ"
ဒီကလည်း ဖြေပါတော့သည်
"စင်္ကာပူရဲလည်း ခေါင်းမကွဲစေလို၊ ငါ့လူမျိုးလည်း ထောင်မကျစေလို"
(အရင်တစ်ရက်က ဂျပန်သံရုံးရှေ့မှာ မြန်မာလူငယ်ထုနဲ့ဂျပန်ရဲတွေကြား ပြသ နာဖြစ်၊ ဂျပန်ရဲတွေခေါင်းကွဲ၊ မြန်မာတချို့ ထောင်ကျ)

*******************************************************************

"အောင်ဆန်းစုကြည်ကို ကြိုက်သလား"
"ကြိုက်တယ်"
"သူ့ပါတီကို မဲပေးမှာလား"
"အရူးနဲ့ဘုန်းကြီး မဲပေးခွင့် မရှိ"
(M.O.M အရာရှိတွေ ရယ်ကြသည်)

*******************************************************************

"အာစီယံဆီက ဘာတွေ မျှော်လင့်သလဲ"
"ရေကူးနည်းစာအုပ်တွေ မျှော်လင့်ပါတယ်"
( M.O.M အရာရှိတွေမရယ်ကြ၊ မရယ်ဟူသည် အဓိပ္ပါယ်ကို နားမလည်ခြင်းကြောင့်ဖြစ်သည်၊ ဒါနဲ့ ဆက်ပြောရသည်)
စလိုဗေးနီးယားနိုင်ငံ ရေနစ်တော့ ဝါစောခေါင်းဆောင် ဆိုဗီယက်ဆီက အကူ အညီတွေ မျှော်ကြသည်။ အကူအညီတွေလည်း လေယာဉ်နဲ့ ရောက်လာပါ သည်။ စားစရာဝတ်စရာတွေတော့ မဟုတ်၊ ရေကူးနည်း စာအုပ်များသာ)
( M.O.M အရာရှိများ ခွက်ထိုးခွက်လှန် ရယ်ကြသည်။ အင်တာဗျူးက သုံးနာရီခွဲ ကြာသည်။ အဖြေကောင်းသဖြင့် သီဟနာဒလည်း အထောင်း မခံရတော့ပေ။ အခုတော့ ဆရာကြီးလီ၏ နားဝင်မချို ပါင်ကူးတံတားကြောင့် ရွှေရည်ငွေရည် တန်းပါလို့။)

ဘာမှမဟုတ်ပါ။ ရဟန်းနဲ့သံရုံး အကြောင်းတိုက်ဆိုင်သွားသဖြင့် "တို့လည်း သံရုံးရှေ့ ရောက်ဖူးပါဗျာ" လို့ ဓမ္မဂင်္ဂါဆရာတော်လို ကိုယ်တိုင်ကြွား မင်မွားလေး ရေးမိကြောင်းပါ။

Post a Comment