ဘာတွေကို ရွေးမလဲ


မသိမှုတွေနဲ့ ပျော်နေတဲ့ကျနော်တို့ဘဝထဲကို ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သတ္တဝါကြီးတစ်ကောင် မီးတုတ်ကိုင်ပြီး ခုန်ဆင်းလာခဲ့တယ်။ သိတော့တာပေါ့၊ ကျနော်တို့ရဲ့ မပြည့်စုံမှုတွေ၊ ချိနဲ့မှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ နောက်ကျကျန်မှုတွေ။ ဂလိုဘယ်လိုက်ဇေးရှင်းအလင်းဟာ မပြည့်စုံမှုတွေကို မီးမောင်းထိုးပြလိုက်နိုင်ေ ပမဲ့ လမ်းလျှောက်ဖို့ကျတော့ ကျနော်တို့အတွက် ဖျော့တော့လွန်းနေပြန်ရော။
(စောနေလတ်၊ လူလားမမြောက်သေးတဲ့ အတွေးများ၊ ကမ်းကြည့်ငှက်မှ)

ရဲရဲဝံ့ဝံ့ပြောင်းရဲမှကိုရမယ်၊ "မိဘပြည်သူများခင်ဗျား" လေချိုသွေး ဆေးမြီးတိုနဲ့ နိုင်ငံရဲ့ရောဂါ ပျောက်ကို မပျောက်နိုင်ဘူး။
ဟစ်တလာသေလို့ပျော်တာက ဂျူးတွေ၊ ဦးသန်းရွှေသေပြီဆိုတဲ့ မတိမကျ သတင်းကြောင့် တိတိကျကျကြီးပျော်နေကြတာက မြန်မာစစ်စစ်တွေ။ ကုန်ကုန်ပြောမယ်၊ မန္တလေးတိုင်း၊ ကျောက်ဆည်သားတွေ အမျာကြီး။ မပြည့်စုံမှုတွေ၊ ချိနဲ့မှုတွေ၊ ဖိနှိပ်ခံရမှုတွေ၊ နောက်ကျကျန်မှုတွေကြောင့် အထားအသိုလွဲသွားတဲ့ ဒီနိုင်ငံရဲ့ စိတ်ဓာတ်ကို ရှော့မတွက်သင့်ဘူး။

မယုံရင် ဒီသတင်းဓာတ်ပုံကိုဆက်ကြည့်။ ပါကစ္စကိုကယ်ဖို့ တာလီဘန်ကို ချေ မှုန်းရမယ် တဲ့။
ဒါ အမှန်တရားပဲ။ မွတ်စလင်တွေအချင်းချင်း ဒီလိုအကွဲအပြဲဆိုတာ မနှစ်ကအထိ ကြားရခဲပါဘိ။
မရဘူး၊ သူတို့ဘဝထဲလည်း "ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သတ္တဝါကြီး တစ်ကောင် မီးတုတ်ကိုင်ပြီး ခုန်ဆင်း" လာနေပြီ။

ဦးနှောက်နဲ့မပြောင်းလဲနိုင်ရင် သွေးထွက်သံယိုတွေရှိတတ်သတဲ့။ လက်ရှိပြသနာကိုင်တွယ်ပုံတွေကိုကြည့်ရတာကတော့ ဦးနှောက်အရင်းအမြစ် အတော်အားနည်းဟန်တူတယ်။ ထားပါတော့။

"ပါကစ္စကိုကယ်ဖို့ တာလီဘန်ကို ချေမှုန်းရမယ်" ဆိုသလို မြန်မာကိုကယ်ဖို့ လူကြီးမင်းတို့က ဘာကို ချေမှုန်းကြမှာလဲ။
မကျေနပ်တဲ့ လူထုကို ပစ်သတ်မှာလား။
အဲဒါ တောရိုင်းတိရစ္ဆာန် အုပ်ချုပ်ရေး။

Post a Comment