စင်္ကာပူက မြသရဖူတစ်ဆိုင်ထဲပဲ စာအုပ်တင်ထားလို့


စင်္ကာပူက မြသရဖူတစ်ဆိုင်ထဲပဲ စာအုပ်တင်ထားလို့ အခြားဆိုင်တွေမှာ ဘာလို့ မတင်တာလဲဆိုတဲ့ အမေးတွေရှိပါတယ်။
အဓိက ကတော့ မြသရဖူဆိုင်နဲ့ စာရေးသူကြားမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေခံထားလို့ စီးပွားရေးကိစ္စတွေ မပါဝင်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
သူတို့က ရောင်းလို့ရသမျှ ဆိုင်ခမယူ အကုန်ပေးပြီး သူတို့ပေးသမျှကိုလည်း စာရေးသူဖက်က ရေဘေးအလှူအဖြစ် အားလုံးပြန်လှူခဲ့ပါတယ်။
အခြားစိတ်ရင်းကောင်းတဲ့ဆိုင်တွေ ရှိပေမဲ့ ပုဂ္ဂိုလ်ရေးမရင်းနှီးတော့ မတင်ဖြစ် တာပါ။ အဓိက,ကတော့ စီးပွားရေးလုပ်နေသလိုလို ယုန်ထင်ကြောင်ထင် အထင်ခံရမှာကို စိုးရိမ်တာပဲဖြစ်ပါတယ်။

Post a Comment