၁၀ နှစ်ဆိုရင် "တောင်" ရွေ့တယ်


ကိုရီယားရောက်ခိုက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မိတ်ဆွေရဲ့ ဖုန်းနံပါတ်၊ လိပ်စာကတဆင့် ဆက်သွယ်ဖို့ကြိုးစားပေမဲ့ မအောင်မြင်တော့ဘူး။
ဒီတော့ ဂျက်စမင်းက "ဆောရီး၊ အားလုံး ဒီနေရာမှာ မရှိကြတော့ဘူး။ ထင်တော့ ထင်သား၊ ကိုရီယားစကားပုံအရ ၁၀ နှစ်ဆိုရင် "တောင်" ရွေ့တယ် တဲ့" လို့ ပြောပြတယ်။





ခဏနားခိုရာ၊ ကလေးတွေကို အင်္ဂလိပ်စာသင်ပေးခဲ့ရာ သာကေတ ၁၀ ရပ်ကွက်ကိုရောက်တော့........
လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က အိမ်ကလေးတွေကလည်း အရင်အတိုင်း
သူတို့ရှေ့က မညီမညာလမ်းသွယ်လေးတွေကလည်း... အရင်အတိုင်း၊ နှစ်စဉ်ခင်း နှစ်စဉ်ပျက်....
လမ်းပေါ်က ခွေးတွေကလည်း အရင်အတိုင်း လမ်းပေါ်အခင်းကြီးငယ်သွားကြဆဲ.
ကွမ်းယာဆိုင်၊ အိမ်ဆိုင်လေးတွေကလည်း အရင်အတိုင်း....

ထူးတာက အရင် ဆိုက်ကားနင်းသူက အခု တက္ကစီမောင်းလာတယ်။
မထူးတာက သူတို့ရဲ့ ကြပ်တည်းတဲ့ လူနေမှုဘဝ။

၁၀ နှစ်ဆိုရင် "တောင်" ရွေ့တယ်တဲ့လား ဂျက်စမင်းရယ်
ငါ ရောက်ခဲ့တဲ့ သာကေတကတော့ ဒီစကားပုံကို ကြားဖူးဟန် မတူဘူး။

Post a Comment