ပင့်လျှောက်လွှာပါဘုရား


တပည့်တော်များရိုသေစွာ ခြေတော်စုံဦးခိုက်၍ပင့်လျှောက်အပ်ပါသည် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ဘုရား။ စင်္ကာပူနိုင်ငံ အဘိဓမ္မာ မိသားစု များမှ ညီညာပေါင်းစု၍ ၂၀၁၃ ခုနှစ် အဘိဓမ္မာ စာမေးပွဲတွင် စင်္ကာပူစာဖြေဌာန မှ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား အောင်လက်
မှတ်ပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အထက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ် မည်ဖြစ်ပါသောကြောင့် တပည့် ဒါယိကာ ၊ ဒါယိကာမများအပေါ် ချီးမြှောက်သောအားဖြင့် ကြွရောက် ပေးပါရန် ရိုသေစွာပင့်ဖိတ်အပ်ပါသည် အရှင်မြတ်တို့ဘုရား။




အချိန်။ ။ နေ့လည် ၃း၀၀ နာရီ မှ ညနေ ၆း၀၀ နာရီ
နေ့ရက်။ ။၁၉-၁၀-၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ။ ။ မင်္ဂလဝိဟာရကျောင်းတိုက် (30 Jalan Eunos, Singapore 419495)
နတ်လမ်းညွှန် ။ ။Nearest MRT Station : Eunos MRT (Bus: 21, 60, 63, 93, 854)

၂၀၁၃ ခုနှစ် အဘိဓမ္မာစာမေးပွဲတွင် စင်္ကာပူစာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့ကြသူများစာရင်း
******************************************************
အဘိဓမ္မာ(ရိုးရိုး) စာမေးပွဲ
*************************
သုံးဆင့်လုံး အောင်မြင်သူ = ၉ ဦး
ပထမဆင့် နှင့် ဒုတိယဆင့် အောင်မြင်သူ = ၁ ဦး
ဒုတိယဆင့် နှင့် တတိယဆင့် အောင်မြင်သူ = ၁ ဦး
ပထမဆင့် အောင်မြင်သူ = ၆၂ ဦး
ဒုတိယဆင့် အောင်မြင်သူ = ၁၁ ဦး

အဘိဓမ္မာ(ဂုဏ်ထူးဆောင်) စာမေးပွဲ
***************************************
သုံးဆင့်လုံး အောင်မြင်သူ = ၁ ဦး

အောင်မြင်သူစုစုပေါင်း (၈၅) ဦး

Post a Comment