ပန်းသီးစီအီးအိုနဲ့ အင်ဒီဗီကျူယယ်လစ်ဇင်


ကြာပါပြီ၊ ဖတ်ဖူးတဲ့ဆောင်းပါးပါ။ ဂျပန်ဆရာဝန်တစ်ယောက်က ဆေးပညာနဲ့ပတ်သက်တဲ့ နိုဘယ်ဆုရတော့ ငါတို့ လည်း ပညာရပ်ဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးနိုင်ပြီဆိုပြီး ဂျပန်တစ်နိုင်ငံလုံး ဂုဏ်ယူ ဝင့်ကြွားလို့မဆုံး ဖြစ်နေချိန်မှာ ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ငိုရမလို ရယ် ရမလို ဖြစ်သွားခဲ့ရတယ်။ သူပြောတာက
"အမေရိကတက္ကသိုလ်မှာ ပညာ သင်ခွင့်၊ သုတေသနပြုခွင့်မရရှိခဲ့ရင် ဒီဆုကို ရနိုင်မှာမဟုတ်ပါဘူး" တဲ့။

သူအမွှမ်းတင်သွားတာက အမေရိကလူ့အဖွှဲ့အစည်းရဲ့ အင်ဒီဗီကျူယယ်လစ် ဇင်ဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ အိမ်မက်နောက်လိုက်မှုကို လေးစားခြင်း၊ နား လည်ခြင်း၊ စိတ်ရှည်ခြင်းစတာတွေပါ။ အာရှက အခြားတစ်ယောက်ရဲ့ ကိုယ်ရေး ကိုယ်တာကို တန်ဖိုးထား လေးစားမှုနည်းသလို တစ်ခုခု ကြိုးစားလုပ်နေ ရင်း တော်တော်နဲ့ဖြစ်မလာရင် စိတ်မရှည်၊ အပြစ်တင်၊ ဝေဖန်ကဲ့ရဲ့မှုတွေတောင် ရှိတတ်တယ်။ အမေရိကမှာ ဒါမျိုးတွေ မရှိဘူးလို့ ဆိုလိုတာပါ။



အခု ပန်းသီးစီအီးအိုက သူဟာ ဂေးတစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူတယ် လို့ ပြောသွားခဲ့ပါတယ်။ အာရှမှာဆို အကြီးအကျယ်ဂယက်ရိုက်သွားနိုင်ပေမဲ့ အမေရိကမှာတော့ သတင်းထူးတစ်ပုဒ်ဖြစ်သွားတာကလွဲလို့ ဘာမှ ထူးခြားမယ့် သဘောမရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ရည်ကျမသွားရင် ကုမ္ပဏီနဲ့သူ့ရဲ့အနေ အထားကလည်း အရင်လိုပဲနေမှာပါ။ ဒါက အနောက်ရဲ့ အင်ဒီဗီကျူယယ်လစ်ဇင် အကျိုးဆက်ပါ။ သူ့ရဲ့ ပုဂ္ဂလိကရွေးချယ်မှုနဲ့ ပရော်ဖက်ရှင်နယ်ဘဝကို သီးသန့် ထား၊ လေးစားပေးနိုင်မှုပါ။

လက်ခံချင်ရင်ခံ မခံချင်ရင်နေ သူတို့က ဒီအတိုင်းပဲရှိနေမှာဖြစ်သလို အိုင်းစတိုင်း က အစ ဘီးလ်ဂိတ်တို့ မာ့က်တိုအဆုံး တကယ့်လူတွေကို မွေးထုတ်လိုက်တာ ကလည်း ဒီ အင်ဒီဗီကျူယယ်လစ်ဇင်ကပါပဲ။

အာရှမှာ လီကွမ်းယုကအစ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) ကို ကြွေးကြော်တယ်။ ဒီတော့ အုပ်စုအားပြုကြတယ်။ အုပ်စုဖွဲ့ ယှဉ်ပြိုင်ကြတယ်။ ဒါပေမဲ့ ဟို တစ်ယောက်ကလုပ်လိုက်တာနဲ့ တစ်ဖွဲ့လုံး ဒုက္ခရောက်သွားတာတွေရှိသလို ဟို တစ်ယောက်ရဲ့ တီထွင်မှုကို အုပ်စုလိုက် အသေအလဲ လိုက်ယူနေရတာတွေ လည်း ရှိနေပြန်တယ်။ သေချာတာကတော့ ဒီနေ့အထိ အင်ဒီဗီကျူယယ်လစ်ဇင် က ရှေ့ကပြေးနေဆဲဆိုတာပါပဲ။ အင်ဒီဗီကျူယယ်လစ်ဇင်ဟာ လူ့အဖွဲ့အစည်းရဲ့ အန္တရာယ်လို့ ပြောနေကြတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အသီးအပွင့်ကို စားသုံးနေကြရဆဲသာဖြစ်ပါတယ်။

ဒါဆို အနောက်ခံယူထားတဲ့ အင်ဒီဗီကျူယယ်လစ်ဇင်ရဲ့ အဓိပ္ပါယ်က ဘာဖြစ်နေ မလဲ။
အရှေ့ရဲ့ ကော်လက်တစ်ဗစ်ဇင် (သမဂ္ဂဝါဒ) အဓိပ္ပါယ်က ဘာဖြစ်နေမလဲ။
ရောထွေးယှက်တင်ကော ရှိမနေနိုင်ဘူးလား။
မေးခွန်းတွေအများကြီး ထွက်လာပါတယ်။

ဆက်ရန်

Post a Comment