စာဖတ်သူသို့ ပြန်ကြားချက်


ကမ်းလက်ရဲ့ ရပ်တည်ချက်ဟာ မိမိတင်ထားတဲ့ပို့စ်ကို မိမိတာဝန်ယူရမယ် ဆိုတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ပို့စ်ကို တင်ပြီးရင် ကွန့်မင့် ဘာညာကိုလည်း အချိန်ရတာနဲ့ စစ်ဆေးတတ်ပါတယ်။
တကယ်လို့ ကွန်မင့်က ပို့စ်ရဲ ဦးတည်ချက်ကို လမ်းလွဲစေမယ်ဆိုရင် ချက်ချင်း တုန့်ပြန်ပါတယ်။
အမှားကို စနစ်တကျထောက်ပြနိုင်ရင်လည်း တောင်းပန်ပါ တယ်( တောင်းပန် ခဲ့ဖူးပါတယ်)။
ဒါဟာ ကမ်းလက်နဲ့ သူရဲ့ လက်တစ်ဆုပ်စာ လူနည်းစုစာဖတ်ပရိသတ်ကြား ယုံကြည်မှုတည်ဆောက်ခြင်းလို့ ခံယူပါတယ်။

Post a Comment