(Estadio Maracana မှ သတင်းပေးပို့သည်)


မိဘပြည်သူများ ခင်ဗျား..
သမ္မတကြီးကို အားပေးနေရတာဟာ မန်ယူနဲ့ စပိန်ကို အားပေးနေရသလိုပဲ ဆိုတာ ဒီနေ့မနက်ဆိုရင် အားလုံးသိကြပြီးဖြစ်ပါလိမ့်မယ်။
ဟော်လန်က အာရှဆိုလို့သာ ရှလိုက်ရတဲ့ အာရှမျက်နှာနဲ့ တစ်စက်မှ မတူ၊ (လီကွမ်းယုစကားနဲ့) အမှိုက်ဖြူ အော်ဇီကို ကံကောင်းပြီး နိုင်လိုက်တဲ့နောက် ငရုပ်သီး(ချီလီ)ကိုနိုင်ရင် အမှိုက်ဖြူကိုတော့ အေးဆေးဆိုပြီး အိပ်ယာဝင်လိုက်တာ မနက်ရောက်တော့ ငရုပ်သီးကို နှစ်ဂိုး ဂိုးမရှိနဲ့ ရှုံးသွားကြောင်း သိလိုက်ရပါတယ်။ သမိုင်းဝင်၊ နှစ်ပွဲ၊ ၇ ဂိုး ၁ ဂိုး၊ ရမှတ်မရှိ၊ ပထမအုပ်စုထွက် နွားရိုင်းသတ် သမားတွေရဲ့ အခန်းကဏ္ဍက ၁၉ ရက် မနက်မှာ ဆုံးသွားခဲ့ပါပြီ။ လက်ရှိခြေနဲ့ဆိုရင် သိက္ခာဆယ် အမှိုက်ဖြူ အော်ဇီကိုတောင် နိုင်ဖို့ မလွယ်တော့ ပါဘူး။
မိဘပြည်သူများ သိပြီးသားမို့ အကျယ်မပြောတော့ပါဘူး။ ဒီနှစ်ကတော့ စပိန်၊ မန်ယူနဲ့ ဦးသိန်းစိန်ပရိသတ်တွေ ကံမကောင်းတဲ့ နှစ်ပါခင်ဗျား။


Post a Comment